← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

ဝက်ခြေထောက်လည်း ဆူနေပြီ ဖြစ်သည်။ အသားကအရမ်းနူးညံ့နေကာ ဟင်းရည်ကလည်း အရသာရှိလှသည်။ တစ်ဖက်တွင်ဆီနှင့် ကြော်ထားသည့် အသီးအရွက်ပန်းကန်ဟာလည်း ကြွပ်ဆတ်လတ်ဆတ်နေသည်။ ကျွမ်းကျွမ်းသည် စားပွဲပေါ်မှ သင်းပျံ့တဲ့ ရနံ့ကို ရှူရှိုက်လိုက်သည်။ "အရမ်းမွှေးတာပဲ"

ရှောင်းကောက သူ့ပန်းကန်လုံးထဲ ဝက်ခြေထောက်တစ်ပိုင်း ထည့်ပေးလိုက်သည်။ "အရမ်းမွှေးရင် များများစား"

ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်သည်။ “မေမေချက်တာကို ကြိုက်တယ်။ သေချာပေါက်သား ပိုစားမယ်"

သားအမိနှစ်ယောက် စကားစမြည်ပြောနေကြကာ ဖယောင်းတိုင်မီးက သူတို့မျက်နှာပေါ်တွင် ဖြာကျနေသည်။ မြင်ကွင်းက အရမ်းကိုနွေးထွေးလှသည်။

ထမင်းစားပြီးနောက် ကျွမ်းကျွမ်းသည် ပန်းကန်ဆေးရန် ထလိုက်သည်။ ရှောင်းကောက စားပွဲပေါ် တခြားဖယောင်းတိုင် မတင်ခင် မကာ စားပွဲကို သုတ်လိုက်သည်။ အခန်းက အခုဆို ပိုလို့တောင် လင်းလာသည်။ ရှောင်းကောသည် မနက်က သူမဝယ်ခဲ့သည့် စာအုပ်များကို ထုတ်ကာ ရှေးအက္ခရာတစ်ထောင်စာအုပ်ဖြင့် စတင်ဖို့ ပြင်ဆင်လိုက်သည်။ သူမ ကတ်ကြေးတစ်လက်ကို ထုတ်ကာ ဆန်စက္ကူကိုဆယ်ရွက်ပိုင်း ဖြတ်လိုက်သည်။

ထို့နောက် စာရွက်ကို ဘေးဖယ်ကာ မင်သွေးရန်အတွက်မက်သွေးကျောက်ကို ထုတ်လိုက်သည်။ ဆိုင်က‌ပြောခဲ့တဲ့အတိုင်း သူမစုတ်တံကိုထုတ်ကာ ဘေးမှာထားလိုက်သည်။ အခုတော့ သူမကျွမ်းကျွမ်းကို စောင့်နေလိုက်သည်။

ကျွမ်းကျွမ်းက ဒီည စာလုပ်ရမယ်ဆိုတာ သိတဲ့အတွက် ပန်းကန်တွေကို အမြန်ဆေးလိုက်သည်။ သူမ အိမ်ထဲဝင်လာတဲ့အခါ သူ့အမေကစားပွဲမှာ ထိုင်စောင့်နေတာ တွေ့လိုက်ရသည်။

ရှောင်းကောက ကျွမ်းကျွမ်းရဲ့နာမည်ကို စာရွက်တစ်ရွက်ပေါ် ရေးလိုက်သည်။ "လာ၊ သားနာမည်ကို အရင်ရေးတတ်အောင် မေမေသင်ပေးမယ်"

"ကျန်း၊ ချင်းဝမ်" ရှောင်းကောက ကျွမ်းကျွမ်းကိုပြဖို့ စကားလုံးတွေကို တစ်လုံးချင်းစီ ထောက်ပြခဲ့သည်။

ကျွမ်းကျွမ်းက သူမနောက်ကနေလိုက်ဆိုကာ စုတ်တံဖြင့် စုတ်ချက်တစ်ချက်ချင်းစီ စရေးသည်။ ရှောင်းကောသည် ရှေးအက္ခရာတစ်ထောင်စာအုပ်ကိုဖွင့်ကာ ပထမစကားလုံးမှစ၍ စိတ်ရှည်လက်ရှည် သင်ပေးသည်။ ရှောင်းကောမှာ မရဲဘဲနှင့်ကျွဲပြဲစီးသည် ဟူသည့်အဓိပ္ပါယ်ကို နားလည်သည်။

ထို့ကြောင့် သူမသည် တစ်နေ့လျှင် စကားလုံးငါးလုံးသာ သင်ပေးရန် စီစဉ်ထားသည်။ ကောင်လေးကလည်း အရမ်းဉာဏ်‌ကောင်းသည်။ ရှောင်းကော သင်ပေးသည့် စကားလုံးတိုင်းကို သူ မှတ်နိုင်သည်။ စုတ်တံဖြင့်ရေးသော အက္ခရာများဟာလည်း ညီညာကာ သပ်ရပ်လီသည်။ ရှောင်းကောရဲ့လက်ရေးထက်တောင်ပိုလှသည်။

ကျွမ်းကျွမ်းမှာ စာသင်ရတာကို အရမ်းပျော်မွေ့နေသည်။ အဆုံးတွင်ရှောင်းကော သူ့ကို အနားယူဖို့ပြောမှသာ မကျေမနပ်နဲ့ ရပ်သွားသည်။ သူသည် စာအုပ်များကို ဂရုတစိုက်ထားကာ စာအုပ်ပြားချပ်နေအောင် ဂရုတစိုက်ဖိသည်။ ထို့နောက် သူအိပ်ရာဝင်ကာ ရှောင်းကောအနားတွင် အိပ်လိုက်သည်။

ရှောင်းကောက သူ့ကိုခပ်တင်းတင်းဖက်ကာ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို ပုံမှန်အတိုင်း ပြောပြသည်။ ကျွမ်းကျွမ်းတစ်ယောက် ပုံပြင် နားထောင်ရင်း အိပ်ပျော်သွားသည်။ ရှောင်းကော ဖယောင်းတိုင်မီးကိုမှုတ်ကာ ငြိမ်းလိုက်သည်။

နောက်နေ့မနက်တွင် ကြက်တွေ တွန်လာသည်။ ရှောင်းကော အိပ်ယာမှထကာ မနက်စာပြင်ဆင်တော့သည်။ စားသောက်ပြီးလျှင် အာလူးမှုန့်ခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများနှင့် ဟင်းချိုကို စပြင်ဆင်ရမည်။ မနက်ဖြန်က ဈေးရောင်းမည့်နေ့ပင်။ ခေါက်ဆွဲရောင်းဖို့ အဲ့ဒီကိုသူမထပ်သွားရမည်။

သူမထကာ မီးဖိုချောင်ထဲသွားလိုက်သည်။ အရင်ဆုံး၊ သူမလက်စွပ်ကိုသုံးကာ တစ်ဖက်ရှိ မီးဖိုချောင်‌ဆီသွားပြီး အဆီနည်းသည့် အသားတစ်ပိုင်းကို ထုတ်လိုက်သည်။ ထို့နောက် ဒီဘက်ကိုပြန်လာကာ ဝက်ဆီဖြင့်မကြော်ခင် အသားတွေကို လှီးလိုက်သည်။

ထို့နောက် အိုးထဲသို့ ထမင်းတစ်ပန်းကန်နှင့် ပွက်ပွက်ဆူနေသောရေကို ထည့်လိုက်သည်။ ဆားအနည်းငယ်ထည့်ကာ အဖုံးမဖုံးခင် အမြန်မွှေလိုက်သည်။ အိုးကို မီးအေးအေးဖြင့် ဆူအောင်တည်ထားလိုက်သည်။

ဆန်ပြုတ်ကို စောင့်နေတုန်းမှာ ရှောင်းကောက မုန်ညင်းအသေးလေးကို ထုတ်ကာ အပိုင်းပိုင်းလှီးဖြတ်ပြီး ရေဆေးလိုက်သည်။ ထို့နောက် ဇလုံတစ်ခုထဲတွင် ထည့်ကာ ဂျုံမှုန့်ဖြူနှင့် ရေပမာဏအတော်အသင့်ထည့်ကာ ရောစလိုက်သည်။

ထို့နောက် အိုးကြီးတစ်လုံးကို အပူပေးကာ ဆီအနည်းငယ်ထည့်လိုက်သည်။ ဆီပူလာသည့်အခါ ပန်ကိတ်မုန့်နှစ်ကို အိုးထဲလောင်းထည့်လိုက်ပြီး ကျက်တဲ့အထိ စောင့်လိုက်သည်။ သူမသည် စုစုပေါင်းပန်ကိတ်သုံးခုလုပ်ခဲ့ပြီး အားလုံးကို ထမင်းစားစားပွဲပေါ်တွင် တင်ထားလိုက်သည်။

ဒီအချိန်မှာ ဆန်ပြုတ်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ လှီးထားသည့် ကြက်သွန်မြိတ်တချို့ကို ဆန်ပြုတ်ထဲ ထည့်လိုက်သည်။ ဆန်ပြုတ်ကို ခပ်ပြီးရင်တော့ စားဖို့အချိန်ကျပြီဖြစ်သည်။

ဒီအချိန် ကျွမ်းကျွမ်းလည်း နွားတွေ၊ မြည်းတွေ၊ ကြက်တွေဘဲတွေကို အစာကျွေးတာပြီးသွားပြီဖြစ်သည်။ သူ့အမေရဲ့ စကားကို သတိရသွားပြီး သတိပေးစရာမလိုဘဲ လက်ဆေးဖို့ သွားလိုက်သည်။ သူပြန်လာတဲ့အခါ ရှောင်းကောက ပန်းကန်လုံးတွေထဲ ဆန်ပြုတ်ထည့်ပြီးသွားပြီဖြစ်သည်။ သူရောက်လာတာ အချိန်ကိုက်ပင်။

မနက်စာစားပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းအား စကားလုံးအသစ်တွေကို သင်ပေးသည်။ စကားလုံးအသစ် စမသင်ခင် မနေ့ညက သူမသင်ပေးခဲ့သည့် စကားလုံးအဟောင်းတချို့ကို ပြန်နွှေးပေးသည်။ ရှောင်းကောက စာအုပ်ကိုယူကာ ကျွမ်းကျွမ်းကို စာရွက်အသစ်တစ်ရွက် ပေးလိုက်သည်။ သူမ ခေါ်လိုက်တဲ့စကားလုံးတိုင်းကို ကျွမ်းကျွမ်းက ချရေးရသည်။ စကားလုံးငါးလုံးစလုံး ချရေးပြီးသောအခါ သူက တစ်လုံးမှကိုမမှားတဲ့အတွက် ရှောင်းကောမှာအံ့ဩသွားရသည်။ သူမ မျက်လုံးပြူးကာ ကျွမ်းကျွမ်းကိုကြည့်လိုက်သည်။ "သား၊ သားက ဒဏ္ဍာရီလာပါရမီရှင်များလား?"

ကျွမ်းကျွမ်းက ခေါင်းစောင်းကာနားမလည်သလိုပြောလာသည်။ "ပါရမီရှင်လား?" သူ့မျက်လုံးတွေမှာ သံသယတွေနဲ့ ပြည့်နှက်နေသည်။ ပါရမီရှင်ဆိုတာ ဘာကိုပြောတာလဲ?

ရှောင်းကောက ကျွမ်းကျွမ်းပါးကို နမ်းလိုက်ပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ဆက်သာကြိုးစား။ မေမေအသက်ကြီးလာလို့ သားမေမေ့ကို ထောက်ပံ့ပေးမှာကိုစောင့်နေမယ်"

ကျွမ်းကျွမ်းက သူမ ဆိုလိုရင်းကို နားလည်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊ ဟုတ်ကဲ့” ထို့နောက်တွင်၊ သူ့ကို စကားလုံးအသစ်တွေသင်ပေးဖို့ ရှောင်းကောကို လောဆော်သည်။ ကျွမ်းကျွမ်းသည် မနေ့က စကားလုံးငါးလုံးကို မှတ်မိနေပြီဖြစ်သဖြင့် ရှောင်းကောလည်း သူ့အား နောက်ထပ်ငါးလုံးသင်ပေးလိုက်သည်။

ကျွမ်းကျွမ်း စာရေးလေ့ကျင့်နေတုန်းမှာ ရှောင်းကောက ဟင်းချိုပြင်ဆင်ရန်အတွက် မီးဖိုချောင်ဆီသွားလိုက်သည်။ ယခင်ကလိုပင် မတူညီသောဟင်းချိုနှစ်ခုပြုလုပ်ရန် ဝက်ရိုးနှင့် မှိုများကို သူမသုံးလိုက်သည်။ သူမဝယ်ထားသည့် ဝက်အရိုးတွေနှင့် အရင်က နေလှန်းထားသည့်မှိုတွေကို ထုတ်လိုက်သည်။ ထို့နောက် ပါဝင်ပစ္စည်းများကို အိုးထဲသို့ထည့်ကာ မီးအေးအေးဖြင့် ဆူအောင်တည်လိုက်သည်။

အာလူးမှုန့်အတွက်ကတော့ နောက်ဆုံးတစ်ခေါက်လုပ်ထားသည့် အာလူးမှုန့်တချို့ ကျန်နေသေးသည်။ ဒီတစ်ခါတော့ သူမအဲ့ဒါကို ခေါက်ဆွဲလုပ်ဖို့အတွက် သုံးတော့မည်။ ရှောင်းကောသည် အာလူးမှုန့်တချို့ကို ငါးအသားလုံးအတွက် ဖယ်ထားလိုက်သည်။ ကျန်တာတွေကို ဇလုံတစ်လုံးထဲ လောင်းထည့်လိုက်သည်။ ဒီလိုလုပ်ရင်းနဲ့ သူမ နောက်ပိုင်း၌ အာလူးများများစိုက်ဖို့ တွေးလိုက်သည်။

အာလူးမှုန့်နဲ့ ခေါက်ဆွဲတွေကို လုပ်ပြီးသွားတော့ သူမဘေးဖယ်ထားလိုက်ကာ ကျောပေါ်တွင်ခြင်းတောင်းတစ်ခုနှင့်အတူ တောင်ပေါ်သို့ ခရီးဆက်လိုက်သည်။

All Chapters