← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

သူမအိုးထဲကို ဆီလောင်းထည့်လိုက်သည်။ ဆီစပူလာတဲ့နောက် ငါးဦးနဲ့အမြီးကို လက်တစ်ဖက်စီကိုင်လိုက်ကာ ရှောင်းကောက ငါးကို ဆီထဲထည့်လိုက်သည်။ ငါးကို မီးအေးအေးဖြင့် ခပ်ဖြည်းဖြည်းချင်းကြော်သည်။ ခဏကြာတော့ ငါးကိုတစ်ဖက်လှန်ကာ ထပ်ကြော်သည်။ ရွှေရောင်သန်းလာပြီး ကြွပ်လာသည့်အခါ ရှောင်းကောသည် ငါးကိုအိုးထဲမှ ဆယ်လိုက်သည်။

နောက်တစ်ကြိမ် မီးပြန်ထည့်ကာ ငါးကိုဆီထဲနှစ်ပြီးထပ်ကြော်သည်။ အချိန်စေ့သောအခါ ရှောင်းကော ငါးကို ဆယ်လိုက်သည်။ အိုးထဲက ဆီကိုလည်း ဖယ်ကာ အအေးခံထားလိုက်သည်။ ချိုချဉ်ဆော့လုပ်ရန်အတွက် သူမအလျင်မလိုပါ‌ချေ။ ငါးက ကြော်ထားတာမို့ ခပ်မြန်မြန် မပျော့သွားလောက်ပေ။ ထမင်းကျက်ခါနီးမှ ချိုချဉ်ဆော့ကို လုပ်ရမည်။

ထို့နောက် သူမသည် ကျွမ်းကျွမ်းကို အိမ်ထဲကနေခေါ်ထုတ်လာကာ အသစ်ခူးထားသည့် မှိုများကို ရေဖြင့်ဆေးကြောလိုက်သည်။

ကျွမ်းကျွမ်းသည် ရှောင်းကောနံဘေးတွင်ထိုင်ကာ သူမလုပ်သမျှကို လိုက်ကြည့်နေသည်။ မကြာခင်မှာဘဲ မှိုတွေကို ဆေးကြောလို့ပြီးသွားသည်။

ထို့နောက် ရှောင်းကောသည် မီးဖိုချောင်ထဲသို့ဝင်ကာ မှိုများကို စဉ့်တီတုံးပေါ်တင်ကာ ခပ်ထူထူလှီးလိုက်သည်။ ထို့နောက် ကြက်သွန်နီအချို့ကို လှီးကာ အိုးထဲသို့ ဝက်ဆီကို ထည့်လိုက်သည်။ ဝက်ဆီပူလာသောအခါ ရှောင်းကောသည် ကြက်သွန်နီထည့်ကာ ဆီသတ်လိုက်သည်။ သိပ်မကြာခင်မှာ မှိုတွေကို အမြန်မွှေကြော်ဖို့ ထည့်လိုက်သည်။ မှိုများပျော့လာသည့်အခါ ရှောင်းကောက ဆားအနည်းငယ်ထည့်လိုက်ပြီး မတည်ခင်းမီ နောက်ဆုံးအချက်နည်းနည်းလောက် မွှေ‌လိုက်သည်။

ကျွမ်းကျွမ်းတစ်ယောက် အိမ်ထဲကို မှိုကြော်ယူသွားတုန်းမှာ ရှောင်းကောက ချိုချဉ်ဆော့မလုပ်ခင် အိုးကိုဆေးကြောလိုက်သည်။ သူမသည် အိုးထဲသို့ ဝက်ဆီ၊ သကြားဖြူ လက်တစ်ဆုပ်စာနှင့် ရှာလကာရည် ဇွန်းတစ်ဝက်တို့ကို ထည့်လိုက်သည်။ ဒီဟာတွေကိုမီးပြင်းပြင်းဖြင့် အရည်ပျစ်လာသည်အထိ အဆက်မပြတ်မွှေရသည်။

ချိုချဉ်ဆော့ပြီးသွားသောအခါ ရှောင်းကောသည် ငါးကြော်ကို ပန်းကန်ပြားတစ်ခုပေါ်တွင် ထည့်လိုက်ပြီး ချိုချဉ်ဆော့ကို အပေါ်မှဆမ်းလိုက်သည်။

ကျွမ်းကျွမ်း မီးဖိုချောင်ထဲ ပြန်ရောက်တဲ့အခါ ငါးကြော်ကို ပြောင်လက်နေသည့် အဆီအနှစ်အလွှာဖြင့် အုပ်ထားသည်ကို တွေ့လိုက်ရသည်။ သူက အဲ့ဒီပန်းကန်ကိုအိမ်ထဲသို့ ဂရုတစိုက် ယူသွားလိုက်သည်။ သူ့နှာခေါင်းထဲတွင် အဆုံးမရှိသည့် ချိုချဉ်နံ့တွေဖြင့် ပြည့်နှက်သွားသည်။

ကျွမ်းကျွမ်းသည် ခပ်ပြင်းပြင်းလေး အသက်ရှူသွင်းလိုက်သည်။ ရှောင်းကောက သူ့ကို ကြောင်တောင်တောင် လုပ်နေတယ်လို့ ဆူလာသည့်တိုင်အောင် သူ မရပ်သေးပေ။

ထမင်းကို စားပွဲပေါ်ယူလာပြီးတဲ့နောက် သားအမိနှစ်ယောက် လက်ဆေးရန် အပြင်သို့ ထွက်လာကြသည်။ ထို့နောက် အိမ်ထဲပြန်ဝင်ကာ ထမင်းစားကြတော့သည်။

ကျွမ်းကျွမ်း ပထမဆုံးလုပ်ချင်တာကတော့ ငါးကိုတစ်ကိုက် ကိုက်ဖို့ပင်။ ငါးကအရမ်းကြွပ်ရွနေကာ အသားကိုလည်းတူဖြင့် အလွယ်တကူ ယူလို့ရသည်။ အရသာရှိသည့်ချိုချဉ်အရသာပင်။ ငါးအရေခွံကို ကြွပ်ရွအောင်ကြော်ထားပြီး အတွင်းသားကတော့ နူးညံ့လှသည်။ ပထမဆုံး တစ်ကိုက်ကိုက်ပြီးတဲ့နောက် သူ မရပ်နိုင်တော့ပေ။

ရှောင်းကောက သူ့ကို အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှမျှတတ စားစေချင်သည်။ သူ ငါးစားနေတာကို သူမကြည့်ရင်း သူ့အတွက် ပန်းကန်လုံးထဲကို မှိုထည့်ပေးလိုက်သည်။

နှစ်ယောက်သား ထမင်းနဲ့ ဟင်းတွေကိုအပြောင်သိမ်းလိုက်သည်။ ရှောင်းကောသည် ဟင်းချက်သည့်အခါတိုင်း ခွဲတမ်းတွေကိုခန့်မှန်းနိုင်သူဖြစ်သည်။ များသောအားဖြင့် အလေအလွင့်မရှိသလို ပမာဏဟာလည်း သူတို့ဗိုက်ပြည့်ရလောက်အောင် အမြဲလုံလောက်သည်။

ထုံးစံအတိုင်း ကျွမ်းကျွမ်းသည် ပန်းကန်တွေဆေးရန် မီးဖိုချောင်ထဲ ယူသွားလိုက်သည်။ ရှောင်းကောလည်း ဟင်းချိုကို စစ်ဆေးရန် သူ့နောက်ကနေလိုက်သွားလိုက်သည်။

သူမ အိုးအဖုံးကို ဖွင့်လိုက်သည်။ ဝက်ရိုးစွပ်ပြုတ်မှာ ဖြူပျစ်ပျစ်ဟင်းရည်အဖြစ် ဆူနေပြီး ဝက်ခြေထောက်တွေဟာလည်း ပြီးပြည့်စုံစွာ ကျက်နေပြီဖြစ်သည်။ အသာလေးထိလိုက်တာနဲ့ အရိုးတွေထဲရှိ နူးညံ့သည့်အသားတွေက အလွယ်တကူ ထွက်လာသည်။ မှိုဟင်းချိုကတော့ ပိုလို့တောင်မွှေးလှသည်။ ရှောင်းကော မီးထဲမှထင်းအချို့ကို ဖယ်လိုက်ပြီး မီးနည်းနည်းဖြင့်သာ ဟင်းချိုကိုနွှေးထားလိုက်သည်။

ထို့နောက် သူမသည် ကျွမ်းကျွမ်းအား တိရိစ္ဆာန်တွေကို အစာကျွေးခိုင်းလိုက်ပြီး ပြီးလျှင် နေ့ခင်းတစ်ရေးအိပ်ရန်ပြောလိုက်သည်။

ကျွမ်းကျွမ်းက ခေါင်းညိတ်လိုက်ကာ မီးဖိုချောင်ကနေ ထွက်လာလိုက်သည်။ ရှောင်းကောသည် ငါးများကို သန့်ရှင်းလိုက်ကာ အဲ့ဒါတွေနဲ့ ငါးအသားလုံးတွေလုပ်လိုက်သည်။

သူမသည် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ငါးအသားလုံးများကို တစ်ဖက်တွင်ထားကာ ပိတ်အပါးလေးဖြင့် အုပ်ထားလိုက်သည်။ ထို့နောက် ကျန်သည့်မုန့်နှစ်နှင့် အာလူးမှုန့်ဖြင့် ခေါက်ဆွဲလုပ်လိုက်သည်။ အဲဒါတွေကို ဘေးဖယ်ကာ အုပ်ထားလိုက်သည်။

ထို့နောက် ရှောင်းကော ဟင်းသီးဟင်းရွက်ခြင်းတောင်းကို လှမ်းကြည့်လိုက်ရာ ဟင်းသီးဟင်းရွက်များ မကျန်တော့ကြောင်း သိလိုက်ရသည်။ သူမညလိုအပ်တာကို ထုတ်ယူပြီးနောက် ခြင်းတောင်းလည်း အလွတ်ဖြစ်သွားသည်။ သူမစိုက်ထားသည့် ဟင်းသီးဟင်းရွက်တွေဟာ အခုမှ အညှောက်ပေါက်တာဖြစ်သည်။ အပင်တွေကြီးလာဖို့ဆို အချိန်တစ်ခု ယူရမည်ဖြစ်သည်။

ရှောင်းကော အသီးအရွက်တွေကို ဆေးကြောပြီးနောက် ခြင်းတောင်းထဲ ထည့်လိုက်သည်။ ငရုတ်ဆီကြော် အလုံအလောက် ရှိသေးသည်မို့ အပိုထပ်လုပ်ရန် မလိုပေ။ ရှောင်းကောသည် မည်သည့်အရာမှ မကျန်တော့ကြောင်း သေချာစေရန်အတွက် ပါဝင်ပစ္စည်းများကို စစ်ဆေးလိုက်သည်။ ပြင်ဆင်မှုကတော့ ပြီးသွားပြီဖြစ်သည်။

အချိန်စောနေသေးသည်မို့ သူမအတွက်ဘအာလူးမှုန့်တွေလုပ်ဖို့အချိန်ရသေးသည်။ ရှောင်းကောသည် ခြင်းတောင်းထဲမှ အာလူးများနှင့် ဆပ်ပြာအသီးတောင့်များကိုသွန်ချကာ ခွဲလိုက်သည်။ သူမ အာလူးတွေကို ဇလုံထဲထည့်ကာ ဆပ်ပြာအသီးတောင့်များကိုတော့ ဖယ်ထားလိုက်သည်။ သူမတွင် ဆပ်ပြာလုပ်ရန် အချိန်မလောက်တော့ပေ။သူမအားမှဘဲ လုပ်ရမည်။

အာလူးတွေကို ရေဆေးပြီးနောက် အခွံခွာထားလိုက်သည်။ ထို့နောက် ကြိတ်ချေ ဆေးကြောလိုက်သည်။ အားလုံးပြီးသွားသည့်အခါ ရှောင်းကောသည် အာလူးနှစ်အိုးကြီးနှစ်အိုး ရလိုက်သည်။ သူမ အဲ့ဒါတွေကို ဘေးပို့လိုက်ကာ အနယ်ကျမှာကိုစောင့်နေလိုက်သည်။

အနည်ကျတာတွေ လုံးဝပြီးသွားသည့်အခါ ကျန်နေသည့်ရေများကို သွန်လိုက်ပြီး အခြောက်ခံဖို့ တန်းပေါ်တွင်အနှစ်တွေကို ဖြန့်လိုက်သည်။

အားလုံးပြီးသွားတဲ့နောက် ရှောင်းကောလည်း နည်းနည်းမောလာတဲ့အတွက် ကျောက်ကြိတ်ဆုံဘေးတွင်ထိုင်ကာ အနားယူလိုက်သည်။

ခဏအကြာ သူမနည်းနည်းသက်သာလာသည်။ သူမ၏ စူပါပါဝါကြောင့် သူမရဲ့ခါးနှင့်လက်တွေမှာ မနာတော့ပေ။ ဘာပဲဖြစ်ဖြစ် ဒီစူပါပါဝါက တော်တော်အသုံးဝင်တယ်လို့ သူမဘာသာတွေးလိုက်မိသည်။

All Chapters