← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

လီရှို့ကျီ လိပ်စာအတိုင်းလိုက်ကာ လမ်းအ၀င်ဝသို့ ရောက်လာသည်။ သူ တည်နေရာအတိအကျကို မသိပေမယ့် လူအုပ်ကြီးဆီ လျှောက်သွားတဲ့အခါ ဆိုင်ကိုသူတွေ့လိုက်ရသည်။

လီရှို့ကျီမြင်းပေါ်မှဆင်းကာ သူ့မြင်းကို ထောင့်တစ်နေရာတွက် ချည်လိုက်သည်။ ထို့နောက် ထမင်းဗူးကို ကိုင်ကာ ဆိုင်ဆီသွားလိုက်သည်။

လူအုပ်ကြားထဲ တိုးဝင်ဖို့အချိန်အတော်ကြာသွားသည်။ လီရှို့ကျီ မတ်မတ်ရပ်လိုက်တော့ ခေါက်ဆွဲရောင်းနေသည့် လှပတဲ့ အမျိုးသမီးငယ်လေးကို တွေ့လိုက်ရသည်။ သူ အနည်းငယ် အံ့သြသွားသည်။ သူ လည်ချောင်းကို ရှင်းကာ ပြောလိုက်သည်။ “နှစ်ပွဲ"

တစ်စုံတစ်ယောက်က မပြည့်မစုံနဲ့ မှာလာတာကိုကြားတဲ့အချိန် ရှောင်းကောမှာ ခေါက်ဆွဲလုပ်ရင်း အလုပ်ရှုပ်နေသည်။ သူမအဲ့ဒီလူကို သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။ သူ့တွင် မည်းနက်သည့် အသားအရေနှင့် လေးထောင့်ပုံစံ မျက်နှာကျရှိသည်။ သူ၏ ကြီးမားကြည်လင်သည့် မျက်လုံးများအထက်တွင်ထူထဲသည့် မျက်ခုံးတစ်စုံရှိသည်။ သူ့တွင် ဖြောင့်မတ်သည့်အရောင်အဝါက ထင်ရှားနေသည်။ သူမ သူ့ကိုတစ်ချက်ကြည့်ပြီးတဲ့နောက် ပြောလိုက်သည်။ "ခဏလောက်တော့စောင့်ရမယ်"

လီရှို့ကျီက ရှက်ရွံ့စွာဖြင့် ချောင်းဆိုးလိုက်ပြီး သူမိန်းမောနေမိတာကို စိတ််မကောင်းဖြစ်သွားသည်။ ဒီမိန်းကလေးမော့ကြည့်လိုက်တော့ ပိုချောတယ်ဟ။

မကြာခင်မှာဘဲ သူဘာတွေ‌တွေးနေမိလဲဆိုတာကို သသဘောပေါက်သွားပြီး၊ လီရှို့ကျီမှာ တခြားသူတွေရဲ့အသွင်အပြင်ကို လိုက်ဝေဖန်မိသည့် သူ့ကိုယ်သူအပြစ်တင်လိုက်မိသည်။

ရှောင်းကောက အရှိန်မြှင့်ကာ ခေါက်ဆွဲတစ်ပန်းကန်ပြီးတစ်ပန်းကန်လုံးလုပ်သည်။ သူမရဲ့ ဟင်းရည်ကုန်ခါနီးမှာ လီရှို့ကျီရဲ့အလှည့်ရောက်လာသည်။

ပါဝင်ပစ္စည်းတွေ များများစားစား မကျန်တော့တာကို မြင်လိုက်ရတော့ ရှောင်းကောသည် တန်းစီနေကြတဲ့သူတွေကို တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်။ ဒီနေ့အတွက် ခေါက်ဆွဲတွေ ရောင်းကုန်သွားပါပြီ။ ကျေးဇူးပြုပြီး သဘက်ခါကျမှ ပြန်လာကြပေးပါလား။ ကျွန်မဒီမှာ အစောကြီးရှိနေပါမယ်။ တကယ်တောင်းပန်ပါတယ်"

လူအုပ်ကြီးမှာ မပျော်မရွှင်ဖြင့် လူစုခွဲလိုက်ကြတဲ့အခါလီရှို့ကျီလည်း ထွက်သွားဖို့ပြင်လိုက်သည်။ သူ မနေနိုင်ဘဲ အနည်းငယ် စိတ်ပျက်သွားသည်။ လီရှို့ကျီထွက်သွားဖို့လုပ်နေတာကိုမြင်တော့ ရှောင်းကော သူ့ကိုအမြန်တားလိုက်သည်။ "ရှင်မှာထားတာကို မလိုချင်တော့ဘူးလား?"

လီရှို့ကျီအံ့အားသင့်စွာဖြင့် ရပ်သွားသည်။ "မရှိတော့ဘူးလို့ မင်းပြောလိုက်တယ် မဟုတ်ဘူးလား?"

ရှောင်းကောက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "နောက်ဆုံးကျန်တဲ့နှစ်ပွဲက ရှင့်အတွက်ပါ"

လီရှို့ကျီလည်း သူမ ဘာကိုဆိုလိုလဲဆိုတာကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူက ဝမ်းသာအားရဖြင့် ထမင်းဗူးကိုဖွင့်ကာ ရှောင်းကောကို ပေးလိုက်သည်။ ရှောင်းကောက သူ့ကို ဘာဟင်းရည်နဲ့လိုချင်လဲလို့ မေးလိုက်သည်။

လီရှို့ကျီ ခဏလောက် စဉ်းစားလိုက်ပြီး သူဒီမနက်စားခဲ့ရတဲ့ အရိုးစွတ်ပြုတ်က အရသာပိုရှိတယ်လို့ခံစားရသည်။ အဲ့ဒါနဲ့ သူလည်း အရိုးစွတ်ပြုတ်နဲ့နှစ်ပွဲမှာလိုက်သည်။

ရှောင်းကောလည်း ဝမ်းသာသွားသည်။ အရိုးစွတ်ပြုတ်က လောက်ရုံဘဲကျန်တော့တာဖြစ်သည်။ မှိုဟင်းချိုကတော့ စောစောကတည်းက ကုန်သွားပြီဖြစ်သည်။ သူမ ခြင်းတောင်းကို ဖွင့်လိုက်ပြီး ကျန်သည့်ပါဝင်ပစ္စည်းများအားလုံးကို ထုတ်လိုက်သည်။ ထို့နောက် အားလုံးကို အိုးထဲထည့်လိုက်သည်။ နှစ်ပွဲစာအတွက် ကွက်တိပင်။

ရှောင်းကောသည် အာလူးခေါက်ဆွဲကို ဇလုံတစ်ခုထဲထည့်လိုက်ပြီး ပါဝင်ပစ္စည်းတွေ နည်းနည်းလိုသွားတယ်လို့ ခံစားလိုက်ရသည်။ သူမရဲ့ဝယ်သူကို နည်းနည်းလေးဘဲမပေးချင်တာကြောင့် ရှောင်းကောသည် ဟင်းချိုထဲမှ ဝက်ရိုးနှစ်တုံးကို ထည့်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။

လီရှို့ကျီက သူ့စကားကို အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်သည်။ ရှောင်းကောက မူရင်းဈေးအတိုင်း သူ့အားကြေးဒင်္ဂါးနှစ်ဆယ်သာတောင်းလိုက်သည်။ ဝက်ရိုးနှစ်ချောင်းထည့်ထားတာကြောင့်နှင့် သူမပိုက်ဆံပိုမတောင်းပါချေ။ လီရှို့ကျီလည်း ထမင်းဗူးကို ကျေနပ်စွာဖြင့် ယူကာ တံငါရွာဆီသို့ မြင်းစီးကာပြန်သွားလိုက်သည်။

ရှောင်းကောသည် အိုးအလွတ်ကို လှည်းပေါ်ပြန်တင်ကာ အားလုံးကို ထုပ်ပိုးလိုက်သည်။ သူမ၏လေးနစ်နေသည့် ပိုက်ဆံအိတ်ကိုကိုင်ကာ ဝမ်းသာအားရဖြင့် အိမ်သို့ခရီးဆက်လိုက်သည်။

ရှောင်းကောမှာ အရမ်းပျော်နေတဲ့အတွက် ပြုံးနေတာမရပ်နိုင်တော့ပေ။ ဒီတစ်ခေါက် သူမ ရှာနိုင်ခဲ့တဲ့ စုစုပေါင်းပမာဏဟာ ယခင်အကြိမ်ကထက် ထက်ဝက်ကျော်လောက် ပိုများသည်။ သူမအင်္ကျီအောက်က အိတ်ကပ်ထဲတွင် ပိုက်ဆံကို သေသေချာချာ သိမ်းထားလိုက်သည်။ ရှောင်းကောလမ်းကြားထဲကနေ ထွက်လာတုန်းမှာ သူမနောက်မှ အော်သံကိုကြားလိုက်ရသည်။

ရှောင်းကော မြည်းလှည်းကိုရပ်လိုက်ပြီး သူမထံချဉ်းကပ်လာသူကို လှည့်ကြည့်လိုက်သည်။

အသက်လေးဆယ်အရွယ်လောက်ရှိသည့် မီးခိုးရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦးသည် ရှောင်းကော၏ မြည်းလှည်းကို လှမ်းဆွဲလိုက်သည်။ သူ့မှာ ပြင်းပြင်းထန်ထန်ကို မောဟိုက်နေသည်။ “ခဏနေပါဦး။ ငါတို့… ငါတို့သူဌေးက မင်းနဲ့ သဘောတူညီချက်တစ်ခုလုပ်ချင်လို့တဲ့"

ရှောင်းကော ပြင်းပြင်းထန်ထန် မောဟိုက်နေသည့်လူကို ကြည့်လိုက်သည်။ သူညွှန်ပြနေသည့်ဘက်ကို သူမလှည့်ကြည့်လိုက်သည်။ သူ့အနောက်ဘက် မနီးမဝေးတွင် ရှေးဟောင်းအလှဆင်ပစ္စည်းများဖြင့် ပြည့်နေသောခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိကာ ဖောက်သည်တစ်ဦးမျှမရှိနေပေ။

ရှောင်းကောသည် ကျောက်ပြားပေါ်ရှိ ဖှုန်များတင်နေသည့် စကားလုံးများကို ခက်ခက်ခဲခဲ စူးစိုက်ကြည့်လိုက်သည် — ရူယီခေါက်ဆွဲဆိုင်

"သူမနဲ့ စီးပွားရေးလုပ်မလို့လား? ဘယ်လိုလုပ်ငန်းမျိုးလဲ?”

လမ်းမှာ လူတွေနဲ့ စည်ကားနေတာကြောင့် ရှောင်းကောအနေနှင့် သူတို့ဆီကနေ လှည့်စားခံရမှာကို မစိုးရိမ်ပါချေ။ သူမသည် မြည်းလှည်းကိုရပ်လိုက်ပြီး ဆိုင်အကူနှင့်အတူ စားသောက်ဆိုင်ထဲသို့ လိုက်သွားသည်။ ခေါက်ဆွဲဆိုင်ထဲရှိ အမျိုးသမီးတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်သွားနေသည်။ ရှောင်းကောဝင်လာတာကို သူမမြင်တော့ ဝမ်းသာအားရဖြင့် သူမဆီ လျှောက်လာသည်။

"မင်္ဂလာပါ၊ ငါက ရူယီခေါက်ဆွဲဆိုင်ပိုင်ရှင် ရှုရူယီပါ"

ရှောင်းကောမှာ ထိုအမျိုးသမီးက စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်နေသည်ကိုမြင်လိုက်သဖြင့် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။ "မင်္ဂလာပါ"

ခုနတုန်းက ရှောင်းကောကို ဖိတ်ခေါ်ခဲ့တဲ့ စားပွဲထိုးက စားသောက်ဆိုင်နောက်ဖေးကနေ လက်ဖက်ရည်နှစ်ခွက် ယူလာပေးသည်။ နေရာတွင် မိန်းမောစွာဖြင့်ရပ်နေသည့် ရှုရူယီကို သတိပေးသည့်အနေဖြင့် သူက ချောင်းဟန့်လိုက်သည်။ ရှုရူယီက သူ့အသံကိုကြားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမကဘာလုပ်ရမှန်းမသိစွာဖြင့် ပြောလိုက်သည်။ “မြန်မြန်၊ မြန်မြန်၊ ကျေးဇူးပြုပြီးထိုင်ပါ”

ရှောင်းကောလည်း ထိုင်လိုက်ပြီး အလျင်လိုနေပုံရတဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။ သူမ တိတ်တဆိတ်ထိုင်ကာ အဲ့ဒီအမျိုးသမီး စကားပြောလာမှာကို စောင့်နေလိုက်သည်။

All Chapters