← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

"အင်း ငါ မင်းရဲ့ ဟင်းချက်နည်းကိုဝယ်ချင်လို့"

"ဖွီ!" ရှောင်းကော သီးသွားရသည်။ ဒီတစ်ယောက် ဘာဖြစ်တာလဲ? ဘာလို့ ဒီလောက်ထိတည့်တိုးနိုင်ရတာလဲ?

“ဒီလိုပါ။ အရမ်းစိတ်လှုပ်ရှားမပါနဲ့။ ငါပြောတာကို နားထောင်ပါဦး…” ရှုရူယီသည် သူမကြုံတွေ့ခဲ့ရတာကို ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။

ဒါက ကိုးရိုးကားရားနိုင်တယ်လို့ထင်မိတာကြောင့် ရှောင်းကောအနေနဲ့ အဲ့ဒီအမျိုးသမီးပြောတာကိုနားထောင်လိုက်သည်။ သူမ ပြောပြီးသွားသည့်အခါ ရှောင်းကောခေါင်းညိတ်လိုက်သည်။ သူမ အခုမှ သဘောပေါက်သွားတော့သည်။

အခြေအနေက ဒီလို။ ခေါက်ဆွဲဆိုင်ကို သူမအဖေက ရှုရူယီလို့ နာမည်ပေးခဲ့တာဖြစ်သည်။ ရှုရူယီ မွေးလာသည့်အခါ သူမ၏မိခင်မှာဆုံးပါးသွားတော့သည်။ အဲဒီကတည်းက အဖေနဲ့သမီးဟာ တစ်ယောက်ကိုတစ်ယောက် အားကိုးအားထားပြုကာ နေခဲ့ရသည်။ သူတို့ဟာ ခေါက်ဆွဲဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကြောင်းပြုကြသည်။ စီးပွားရေးက ကောင်းခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်ဝက်လောက်က အဖေရှုဟာ ဆုံးပါးသွားခဲ့သည်။ နောက်ပိုင်းတွင် မိသားစုစီးပွားရေးဟာလည်း ကျဆင်းလာတော့သည်။

ယနေ့ထိတိုင် လူတွေက ဒီနေရာကို ဖြတ်သွားကြသည့်အခါ ရပ်တောင်မကြည့်လာကြတော့ပေ။ ရှုရူယီမှာ သူမအဖေရဲ့ နည်းစနစ်တွေကိုသုံးကာ ခေါက်ဆွဲလုပ်နည်းကို အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ခေါက်ဆွဲကတော့ ကောင်းကောင်းမထွက်လာပေ။ ဒီပုံစံအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် သူမတို့‌တွေ မကြာခင်မှာ ဆိုင်ပိတ်လိုက်ရမှာကို စိုးရိမ်မိသည်။

သို့သော်လည်း ရှုရူယီဟာ သူမ၏ ဖခင်ကြိုးကြိုးစားစားတည်ထောင်ခဲ့သည့်လုပ်ငန်းကို မစွန့်လွှတ်ချင်ပေ။ သူမဆီမှာ ပိုက်ဆံမရှိတာကြောင့် ဝန်ထမ်းတွေကို လစာမပေးနိုင်တော့ပေ။ ဆိုင်စဖွင့်ကတည်းက လုပ်ခဲ့တဲ့အလုပ်သမားတစ်ယောက်ကလွဲလျှင် ကျန်အလုပ်သမားများအားလုံးက ထွက်ခွာသွားကြသည်။ ဒါပေမယ့် အခုတော့ သူမတို့ နှစ်ယောက်လုံးမှာ ဗိုက်ဖြည့်ဖို့ ပြဿနာတွေရှိလာသည်။

တစ်နေ့ရှုရူယီ စိတ်ဓာတ်ကျနေချိန်တွင် ရှောင်းကောတစ်ယောက် အာလူးမှုန့်မုန့်ခေါက်ဆွဲရောင်းနေသည်ကို တွေ့လိုက်ရသည်။ မွှေးပျံ့သည့်ရနံ့ကြောင့်ရူယီသည် ခေါက်ဆွဲတစ်ပွဲဝယ်ရန် ကျန်နေသည့်ကြေးဒင်္ဂါးဆယ်ပြားလုံးကို သုံးစွဲလိုက်သည်။ သူမစားပြီးတာနဲ့ ရပ်လို့မရတော့ပေ။ ထို့ကြောင့် သူမသည် ရူယီခေါက်ဆွဲဆိုင် ပြန်လည်ဖြစ်ထွန်းလာစေရန်အတွက် ရှောင်းကောဆီမှ ချက်နည်းကို ဝယ်ယူဖို့ စိတ်ကူးရလိုက်သည်။

ရှုရူယီသည် သူမရဲ့ဆိုင်ကို လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။ ‌ရှောင်းကောသည် ခေါက်ဆွဲတစ်ပွဲကို ကြေးဒင်္ဂါးဆယ်ပြားသတ်မှတ်ထားသည်။ ဝယ်သူတိုင်းသည် တစ်ကြိမ်လျှင် အနည်းဆုံး နှစ်ပွဲစီမှာကြသည်။ ဒီလိုတစ်ခေါက်ရောင်းရာမှ သူမအနေဖြင့် အနည်းဆုံး ငွေကျပ်အနည်းငယ်လောက် ရှာနိုင်လိမ့်မည်ပင်။

သူမ၏ဇာတ်လမ်းကို နားထောင်ပြီးတဲ့နောက် ရှောင်းကော၏ အမူအရာမှာ မပြောင်းလဲကာ သူမကတိတ်တဆိတ် စဉ်းစားလိုက်သည်။ ထို့နောက် သူမကအလျင်မလိုစွာနှင့် မေးခွန်းတစ်ခုမေးလိုက်သည်။ "ရှင့်မှာ ပိုက်ဆံတွေမရှိတော့ဘူးဆိုတော့ ကျွန်မရဲ့ဟင်းချက်နည်းကို ဘယ်လိုဝယ်မှာလဲ?" ပြောပြီးသွားတာနဲ့ ရှောင်းကောက ရှုရူယီရဲ့မျက်လုံးတည့်တည့်ကိုကြည့်လိုက်သည်။

ရှုရူယီသည် ထိုစကားကိုကြားသည့်အခါ သူမရဲ့မျက်လုံးတွေက တဖျပ်ဖျပ်ခတ်သွားသည်။ ထို့နောက် ရုတ်တရက် သူမမျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ချလိုက်တဲ့အကြည့်‌ပေါ်လာသည်။ "ငါ မင်းကို ပိုင်ဆိုင်မှုစာချုပ်ပေးမယ်!"

သူမသည် စာရွက်စာတမ်းကိုထုတ်လိုက်ပြီး ရှောင်းကောအား ပေးလိုက်သည်။ ရှောင်းကောက အဲဒါကိုယူလိုက်ပြီး စားပွဲပေါ်မတင်ခင် ကြည့်လိုက်သည်။ "ရှင့်ရဲ့ စာချုပ်ကို ကျွန်မမလိုဘူး"

ရှုရူယီရင်ထဲတွက် ဒိတ်ခနဲဖြစ်သွားပြီး သူမ၏မျက်နှာတွင်လည်း စိတ်ပျက်မှုတွေဖြင့် ပြည့်နှက်သွားသည်။ ဒါက သူမပေးနိုင်တဲ့ တန်ဖိုးအရှိဆုံးအရာပင်၊ ဒါပေမယ့်... အဲဒါက မလုံလောက်သေးဘူးလား?

ရှောင်းကောက ဆက်ပြောလာသည်။ "ကျွန်မ ရှင့်ကို ဟင်းချက်နည်းပေးနိုင်တယ်" ဒါကိုကြားတော့ ရှုရူယီမှာချက်ခြင်း အသက်ပြန်ဝင်လာသည်။ သူမရှောင်းကောကို မျှော်လင့်ချက်တွေဖြင့် ကြည့်လိုက်သည်။ ခဏအကြာ ရှောင်းကောကထပ်ပြောလာသည်။ "ဒါပေမယ့် ကျွန်မက ရှယ်ယာရှင်ဖြစ်ချင်တယ်"

"ရှယ်ယာရှင်?" ရှုရူယီက နားမလည်သည့်အတွက် ရှောင်းကောအား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။

ရှောင်းကောက ခွက်ကိုချလိုက်ပြီး သူမကိုပြောလာသည်။ "ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်မ ရှင့်ကို ဟင်းချက်နည်းပေးမယ်။ ရှင်က လတိုင်းအာလူးခေါက်ဆွဲရောင်းရငွေကနေ ကျွန်မကို ခွဲပေးရမယ်"

သူမပြောသည်ကို ရှုရူယီနားလည်လိုက်သည်။ သူမက တံတွေးမျိုချလိုက်ပြီး သတိကြီးကြီးထားကာ မေးလိုက်သည်။ “မင်းက အစုရှယ်ယာကို ဘယ်လောက်လိုချင်တာလဲ?"

ရှောင်းကောက နှုတ်ဆိတ်နေသည်။ ခဏအကြာ သူမကပြောလာသည်။ "လေးဆယ်ရာခိုင်နှုန်း" ဘာပဲဖြစ်ဖြစ် သူမကဘာမှလုပ်စရာမလိုဘူးလေ။ တစ်ဖက်လူတွင်တော့ ပိုပြီးတာဝန်ရှိသည်။ လေးဆယ်ရာခိုင်နှုန်းဆိုသည်က ညီမျှသည်။

ရှုရူယီက ဘာမှမပြောလာဘဲ ပေသီးခုံဖြင့် ခဏလောက် တွက်ချက်လိုက်သည်။ အဆုံးတွင် သူမပေသီးခုံကို ချကာပြောလိုက်သည်။ "သဘောတူတယ်!”

“အလျင်မလိုပါဘူး။ စာချုပ်အရင်ချုပ်ရအောင်" ရှောင်းကောမှာ ဟင်းချက်နည်းကိုဘဲ လိုချင်စိတ်ပြင်းပျနေတဲ့ ရှုရူယီကို တားလိုက်သည်။ စီးပွားရေးလုပ်တဲ့အခါ သတိထားရပေမည်။

ရှောင်းကောသည် စာချုပ်နှစ်စောင်ရေးပြီးသည်နှင့် စစ်ဆေးရန်အတွက် တစ်ဖက်ကို အပ်လိုက်သည်။ ရှုရူယီသည် စာချုပ်တွေကို ဂရုတစိုက်ကြည့်ကာ သူ့မနာမည်ကို ရေးထိုးလိုက်သည်။ ရှုရူယီက ချုပ်ဆိုထားသည့် စာချုပ်များကို ကမ်းပေးလာတော့မည်ကို မြင်လိုက်ရသဖြင့် ရှောင်းကောက သူမကို သတိပေးလိုက်သည်။ "ရှင့်ရဲ့ ကိုယ်ပိုင်တံဆိပ်တုံးကို မထုရသေးဘူးလေ"

ရှုရူယီလည်း ရှက်သွားပြီး သူမတွင်ကိုယ်ပိုင်တံဆိပ်တုံးတစ်ခုရှိနေသေးကြောင်း သတိရလိုက်သည်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ အဲဒါကို မေ့သွားတာ။ လတိုင်းငွေစာရင်းတွေမှာ တံဆိပ်တုံးထုဖို့လိုတာ။ ဒါပေမယ့် ငါ့မှာ အခုထိ တံဆိပ်တုံးထုစရာ တစ်ခုမှမရှိသေးလို့…” ပြောပြီးသည်နှင့် သူမသည်ငွေရှင်းကောင်တာဆီ အမြန်သွားကာ တံဆိပ်ကို ထုတ်လိုက်သည်။ သူမက စာချုပ်နှစ်ခုကို အခိုင်အမာ တံဆိပ်တုံးထုလိုက်သည်။

ရှောင်းကောကလည်း အဆင်ပြေကြောင်း အခိုင်အမာပြောသည်။ သူမသည် ရှုရူယီဆီမှ စာချုပ်များကိုယူကာ နောက်ဆုံးအနေဖြင့် စစ်ဆေးလိုက်သည်။ ပြဿနာမရှိဟုသေချာသွားသည့်အခါ သူမ၏အမည်ကို ရေးထိုးလိုက်ပြီး ရှုရူယီ၏ မင်ကိုသုံးကာလက်ဗွေနှိပ်လိုက်သည်။

တစ်ယောက်ကို စာချုပ်တစ်ခုစီ ယူထားလိုက်သည်။ ရှောင်းကောသည် စာချုပ်ကိုသိမ်းထားလိုက်ပြီး ချက်ပြုတ်နည်းအဆင့်တိုင်းကို အသေးစိတ်ရေးရန်အတွက် စုတ်တံနှင့် စာရွက်ကို ငှားလိုက်သည်။ အာလူးမှုန့်နှင့် ငါးအသားလုံး ပြင်ဆင်ပုံကို သူမရေးလိုက်သည်။

မှတ်ထားရမည့် အချက်များကိုလည်း ရှင်းရှင်းလင်းလင်း ရေးထားပေးသည်။ တခြားစာရွက်တစ်ရွက်ပေါ်တွင်တော့ သူမသည် ဟင်းချိုတွေအတွက် ချက်ပြုတ်နည်းများကို ချရေးလိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ၎င်းတို့တစ်ခုစီအတွက် လိုအပ်သည့် ပမာဏကို စာရင်းပြုစုရုံနှင့်တင် စာရွက်တစ်ဝက်လောက်ပြည့်သွားပြီဖြစ်သည်။

သူမသည် စာရွက်တွေကို ရှုရူယီ အား ပေးလိုက်သည် “ဒါတွေကို အရင်လေ့လာပြီး လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ထားပါ။ ငါးအသာလုံးနဲ့ အာလူးမှုန့်လုပ်နည်းကို သင်ပေးဖို့ ကျွန်မ မနက်ဖြန်မနက် လာခဲ့မယ်"

ရှုရူယီမှာ ရွှေချောင်းကို ကိုင်ထားသလိုမျိုး စာရွက်ကို ဂရုတစိုက်ကိုင်ထားသည်။ ရှောင်းကော၏ စကားကို သူမက အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။ “ကောင်းပြီ၊ ကောင်းပြီ။ ချက်ချင်းပြင်ဆင်လိုက်မယ်။ မင်း မနက်ဖြန်လာတဲ့အခါ အားလုံးအဆင်သင့်ဖြစ်စေရမယ်လို့ ကတိပေးတယ်"

ရှောင်းကောလည်း ခေါင်းညိတ်ပြကာ လှည့်ထွက်သွားလိုက်သည်။ ကျွမ်းကျွမ်းတော့ သူမကိုစိုးရိမ်တကြီးဖြင့် စောင့်နေပေတော့မည်။ သူမသားကို တွေးမိလိုက်တော့ ရှောင်းကောလည်း အချိန်မဆိုင်းဘဲ မက်မွန်ပွင့်ရွာသို့ အမြန်ခရီးနှင်လိုက်သည်။

All Chapters