← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

ရှောင်းကောသည် ကျေနပ်အားရစွာဖြင့် လက်ထဲတွင် စာရွက်နှစ်ရွက်ကိုင်ကာ အိမ်ပြန်လာသည်။ ဘာလို့စာရွက်နှစ်ရွက်ဖြစ်နေရတာလဲ? တစ်ခုက စာချုပ်ဖြစ်ကာ နောက်တစ်ခုကတော့ ရှုရူယီထံမှ အာမခံချက်ဖြစ်သည်။

အာမခံချက်မှာ အောက်ပါအတိုင်းဖြစ်သည်- ရှုရူယီသည် စာချုပ်ကို ချိုးဖောက်ပါက ရူယီခေါက်ဆွဲဆိုင်ကို လျော်ကြေးအဖြစ် ချင်းရှောင်းကောအား လွှဲပြောင်းပေးရပါမည်။

လက်မှတ် - ရှုရူယီ၊ တံဆိပ်တုံး

ရှောင်းကောတွင် စဉ်းစားထားတာတွေရှိသည်။ ပထမဆုံးအနေနှင့် အာလူးမှုန့်ခေါက်ဆွဲပြုလုပ်ရန်အတွက် အလွန်ကြိုးစားအားထုတ်ရသည်။ ဒုတိယအချက်မှာ ပါဝင်ပစ္စည်းများသည် ရေရှည်တွင် အမြဲရရှိနိုင်မည်ဟု အာမ မခံနိုင်ပါချေ။ တကယ်တော့ တောင်တွေမှရရှိသည့် အာလူးတွေဟာလည်း အကန့်အသတ်ရှိသည်။ ငါးတွေလည်း ထို့နည်း၎င်းပင်။ ဒီဟာတွေကို သူမဘာသာဝယ်ရပါက ပိုက်ဆံအများကြီးရှာနိုင်မှာမဟုတ်ပေ။

တတိယ အကြောင်းရင်းကတော့ အာလူးမှုန့်ခေါက်ဆွဲကို တစ်ယောက်တည်း လုပ်ရသည်မှာ အချိန်ကုန်တာ‌ေကြာင့်ပင်။ ပါဝင်ပစ္စည်းများကို တစ်နေ့တာလုံးပြင်ဆင်ရန်လိုအပ်သည်။ ထို့ကြောင့် သူမသည် နှစ်ရက်လျှင် တစ်ကြိမ်သာ ဆိုင်ဆိုင်ဖွင့်နိုင်တာဖြစ်သည်။ ယနေ့ သူမအာလူးခေါက်ဆွဲရောင်းနေစဉ် နှစ်ရက်လျှင် တစ်ကြိမ်သာသူမဆိုင်ဖွင့်သည်ကို တစ်စုံတစ်ယောက်က မကျေမနပ်ပြောနေသည်ကို သူမကြားခဲ့ရသည်။

ဟုတ်သည်၊ အရေးကြီးဆုံး အကြောင်းရင်းကတော့ ကျွမ်းကျွမ်းဖြစ်သည်။

ကျွမ်းကျွမ်းနှင့် အတူနေရသည်မှာ သူမအတွက်အရေးကြီးဆုံးအရာလို့ အခုချိန်ထိ သူမ ခံစားမိတုန်းပင်။ ထို့ကြောင့် ခေါက်ဆွဲဆိုင်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်သည်။ သူမအနေဖြင့် အချိန်နှင့်ခွန်အားစိုက်ထုတ်ရန် မလိုတော့ဘဲ လစဉ်လတိုင်း စားသောက်ဆိုင်မှ ၀င်ငွေကို ရရှိနိုင်သည်။ ထို့ကြောင့် သူမ ဒါကို လုံးဝ လုပ်သင့်သည်။

သူမသည် မြည်းလှည်းဖြင့်ရွာသို့ပြန်လာခဲ့သည်။ ရွာဝင်ပေါက်ကို ဖြတ်သွားသည့်အခါ တခြားအမျိုးသမီးအနည်းငယ်နှင့် လီကျောက်ဒီတို့နှင့် တိုးသည်။ သူတို့တွေက ဝိုင်းထိုင်ကာ စကားစမြည်ပြောနေကြသည်။

ရှောင်းကောကတော့ သူတို့ကို နှုတ်ဆက်မနေပေ။ သူမသည် မြည်းလှည်းကို သူတို့ကိုဖြတ်ကာ မောင်းသွားလိုက်ပေမယ့် အမျိုးသမီးအုပ်စုကတော့ သူမကို လွယ်လွယ်ကူကူဖြင့် လွှတ်မပေးပါချေ။

အမျိုးသမီးတစ်ဦးက အရင်ဆုံး လှောင်ပြောင်သည့်လေသံဖြင့် ပြောလာသည်။ “ကျွတ်စ် ကျွတ်စ် ကျွတ်စ်… ကြည့်ပါဦး၊ သူ့ ယောက်ျားဆုံးသွားတာတောင်မှ သူက အရမ်းကြီးကျယ်နေသေးတယ်။ ကံကောင်းလို့ ငါတို့ရွာက ယောက်ျားတွေအားလုံး စစ်တပ်ထဲရောက်သွားကြတာ။ မဟုတ်ရင်တော့ အင်းး…”

"အမှန်ပဲ! သူနေ့တိုင်း ဘယ်သူအတွက်များဝတ်စား‌နေလဲဆိုတာ ငါလည်းသိချင်မိတယ်” တခြားအမျိုးသမီးတစ်ယောက်ကလည်း ပြောလာသည်။ ရှောင်းကောဟာ ကလေးမွေးထားသည့် လူတစ်ယောက်နှင့် လုံးဝမတူပါချေ။ သူမက နုပျိုကာလန်းဆန်းနေသေးသည်။

"ဘယ်သူမှ မကြည့်ဘူးလို့ ဘယ်သူပြောလဲ? နင့်အိမ်မှာ အဘိုးကြီး မရှိဘူးလား? အိပ်ရာက မထနိုင်ပေမယ့် ယောက်ျားဖြစ်နေတုန်းပဲလေ" လီကျောက်ဒီလည်း စကားဝိုင်းထဲဝင်လာသည်။ အဲ့ဒီစကားအပြီးတွင် အမျိုးသမီးအုပ်စုက ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ကြသည်။

လီကျောက်ဒီက ရယ်မောရင်း မျက်ရည်စတွေကို သုတ်လိုက်ပြီး သူ့မဘေးနားရှိအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ “ငါ့အထင်တော့ နင်အချိန်ရရင် သူ့ကိုနင့်အိမ်ခေါ်သွားသင့်တယ်။ ဘာပဲဖြစ်ဖြစ် နင့်ယောက္ခမကလည်းဆုံးသွားပြီပဲ။ ကောင်းတာတစ်ခုခုဖြစ်လာမလားဆိုတာ ဘယ်သူသိမှာလဲ။ ဟားဟားဟား"

သူတို့ရဲ့ ပုံရိပ်တွေကို ဂရုမစိုက်ဘဲ သစ်ပင်အောက်တွက် ထိုင်နေကြသည့် အမျိုးသမီးတစ်စုက ရယ်မောလိုက်ကြသည်။ ရှောင်းကောအနေဖြင့် သူတို့၏ ပုတ်ခတ်ပြောဆိုသည့်စကားများကို ကြားနေရပေမယ့် ဒေါသမထွက်ပေ။ သူတို့က နာမည်တပ်မပြောတာကြောင့် သူမကိုပြောတယ်လို့ မမှတ်ယူနိုင်ပေ။ အဲဒါက သူတို့ရဲ့ တစ်ကိုယ်တော်ဇာတ်လမ်း ဖြစ်သည်။

သို့ပေမယ့် ရှောင်းကောအနေနှင့် သူတို့အားလက်တုံ့မပြန်ရဘဲနဲ့ မလွှတ်ပေးနိုင်ပါချေ။ သူမက ခါးပတ်ကို ဆွဲထုတ်လိုက်ပြီး မြည်းဖင်ကို အသာရိုက်လိုက်သည်။ “ဘုတ်၊ အပျင်းကြီးတဲ့မြည်း။ စားဘဲစားပြီး အလုပ်ကျမလုပ်ဘူး။ အသက်ကလည်းကြီးနေပြီ ဘာကောင်းကျိုးမှလည်းမပေးဘူး။ အသုံးကိုမကျဘူး။ ငါက နင့်ကို မြည်းအထီးလို့ ထင်နေတာ။ နောက်ဆုံးတော့ နင်က ဥမဥနိုင်တဲ့ကြက်မဘဲ ဘုတ်!”

အဲ့ဒီလိုပြောပြီးတဲ့နောက် ရှောင်းကောသည် သစ်ပင်အောက်ရှိ အမျိုးသမီးတစ်စုကို စောင်းကြည့်လိုက်သည်။ သူတို့မျက်နှာတွေအားလုံး မည်းမှောင်သွားကြသည်။ ရှောင်းကောကတော့ သူတို့ကိုအဲ့ဒီလိုမြင်ရတာဝမ်းသာသည်။ လီကျောက်ဒီ၏ အမျိုးသားဟာ အရာရှိတစ်ယောက်ဖြစ်တာကြောင့် ထိုအမျိုးသမီးအုပ်စုသည်သူမအား အမြဲလိုလို ဖော်လန်ဖားနေကြမှန်း သူမသိသည်။ နောက်တချက်ကတော့ သူတို့အားလုံး၏ဘုံရန်သူမှာ ချောင်းရှောင်းကောဖြစ်နေတာကြောင့်ပင်။

သူတို့တွေ သူမကိုဘာလို့ ဒီလောက်မုန်းနေကြတာလဲ? ပထမအချက်ကတော့ သူမရဲ့ ရုပ်ရည်ကြောင့်ပင်။ ဒုတိယအချက်မှာ သူမသည် ရုပ်ရည်ကြည့်ကောင်းသည့် ကျန်းတန်းဟယ်နှင့် လက်ထပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးနှင့် အရေးကြီးဆုံးအချက်မှာ စောစောက မြည်းကိုငေါက်သလိုဖြင့် ရှောင်းကောပြောခဲ့သည့်စကားကြောင့် ဖြစ်သည်။

လီကျောက်ဒီနှင့် ထိုအမျိုးသမီးတစ်စုတွင် ကလေးမရှိကြပေ။ တချို့က အိမ်ထောင်သက် သုံးနှစ်၊ လေးနှစ်ရှိနေပေမယ့် ကိုယ်ဝန်မဆောင်ဖူးကြပေ။ ထို့ကြောင့် သူတို့သည် မင်္ဂလာဆောင်ပြီး တစ်ညအကြာတွင် ကိုယ်ဝန်ရခဲ့သည့် ရှောင်းကောအား အရမ်းမနာလိုဝန်တိုကြသည်။ ရှောင်းကောရဲ့ စကားတွေက သူတို့ကို ဘယ်လောက်ထိ အထိနာစေလဲဆိုတာ သိသာလှသည်။

သူတို့ရဲ့ ယောက္ခမတွေက ရှောင်းကောအကြောင်း မကြာခဏ ပြောပြောတတ်ကြသည်။ “သူဘယ်လောက်ကြိုးစားပြီး အရည်အချင်းရှိလိုက်သလဲ ကြည့်ပါဦး။ ပြီးတော့ နင့်ကိုလည်း ကြည့်ဦး…” ဒီလိုမှတ်ချက်မျိုးတွေက တစ်နေ့ကို နှစ်ခါလောက် ထပ်ခါထပ်ခါကြားနေရသည်။ ထိုသို့သော ဝေဖန်မှုတွေကို အချိန်အတော်ကြာ နားထောင်ရပြီးတဲ့နောက် ရှောင်းကောနှင့် ပတ်သက်၍ မလိုလားသူများက သူမကို မုန်းတီးလာကြသည်။ ထို့ကြောင့် လီကျောက်ဒီ မရှိရင်တောင်၊ ရှောင်းကောကို မုန်းကြသည့်အဖွဲ့တွေက အတူတူစုနေကြမှာပင်။

ရှောင်းကော သူတို့ရဲ့မျက်နှာတွေကိုကြည့်ကာ မြည်းလှည်းကို အိမ်ဘက်ဆီ ပျော်ပျော်ရွှင်ရွှင် မောင်းလာခဲ့သည်။ သူမက သူတို့ကို အနှောင့်အယှက်ပေးရန် သီချင်းတောင်ညည်းလိုက်သေးသည်။

ရှောင်းကောမှာ အိမ်ရောက်သည်အထိ သီချင်းညည်းနေဆဲပင်။ ကျွမ်းကျွမ်းသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာ ခြံဝင်းထဲတွင် ထိုင်နေသည်။ ရှောင်းကော အိမ်ထဲကို ဝင်လိုက်တာနဲ့ သူက သူမကိုပစ္စည်းတွေ ကူချ‌ပေးဖို့ပြေးလာသည်။ ရှောင်းကောက သူ့ကို ကူညီပေးတဲ့အတွက် ဝမ်းသာအားရ ချီးကျူးလိုက်သည်။ သူမ ခေါက်ဆွဲဆိုင်ဖွင့်စရာ မလိုတော့တဲ့အတွက် ရှောင်းကောသည် အိုးတွေနှင့်ခြင်းတောင်းအားလုံးကို ရေတွင်းဘက်ဆီ‌ ရွေ့လိုက်သည်။ ခဏနေကျရင် သူမအဲ့ဒါတွေကို ဆေးကြောပြီး သိမ်းထားမည် ဖြစ်သည်။

All Chapters