← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ရှောင်းကောက အိုးခွက်တွေကိုဆေးဖို့ အလျင်မလိုပါချေ။ မည်သို့ပင်ဆိုစေကာမူ သူမအနေနှင့် အာလူးမှုန့်ခေါက်ဆွဲပြုလုပ်ရန်အတွက် ပြင်ဆင်စရာမလိုတော့ပေ။ သူမတွင် အချိန်အများကြီးရှိသည်။ မနေ့ညက ညစာစားအပြီးတွင် သူမ ကျွမ်းကျွမ်းအား စကားလုံးအသစ်တွေ သင်ပေးထားသည်။ ဒီနေ့ သူမပြန်လာရင် သူ့ကိုစာစစ်ပေးမယ်လို့ ကတိပေးထားသည်။

ရှောင်းကောက ကျွမ်းကျွမ်းဘေးတွင်ထိုင်ကာ နှုတ်မှစကားလုံးတွေကို ရွတ်ပေးနေပြီး ကျွမ်းကျွမ်းကတော့ တိတ်ဆိတ်ချရေးသည်။ အရင်တုန်းက သင်ထားတဲ့ စကားလုံးတွေကို ကျွမ်းကျွမ်း မေ့သွားမှာစိုးတာကြောင့် ရှောင်းကောသည် စကားလုံးအသစ်တွေကို သင်ပေးရင်းဖြင့် စကားလုံးအဟောင်းတွေကိုလည်းပြန်ပြောပေးသည်။

ကျွမ်းကျွမ်းက ရှောင်းကောကို စိတ်ပျက်ရအောင်မလုပ်ပေ။ သူ အားလုံးမှန်အောင် ရေးနိုင်သေးသည်။ ရှောင်းကောက သူ့ကို နမ်းကာ ဆုချသည်။ ကျွမ်းကျွမ်းမှာ ဝမ်းသာသွားတော့သည်။ နောက်တစ်ခေါက်ကျလျှင် သူမ သူ့ကိုဆုပေးမယ်လို့ ကတိပေးလိုက်သည်။ ရွှင်မြူးစွာဖြင့် ရှောင်းကော သူ့ကို တစ်ချက်ပုတ်လိုက်ကာ သူ့အား စာအုပ်တွေကို သွားထားခိုင်းလိုက်သည်။ ထို့နောက် ထမင်းချက်ရန် မီးဖိုချောင်သို့ သွားကြသည်။ အနီးအနားရှိအိမ်တွေ၏ မီးခိုးခေါင်းတိုင်များမှ မီးခိုးတွေ ထွက်နေပြီဖြစ်သည်။

ရှောင်းကော မီးဖိုချောင်ထဲဝင်လိုက်သည်။ ဟင်းသီး ဟင်းရွက်ခြင်းတောင်းထဲမှာ စားစရာတွေသိပ်မကျန်တော့သလို စိုက်ခင်းထဲက အသီးအရွက်တွေလည်း အညှောက်ပေါက်တုန်း ဖြစ်သည်။ သူမ မနက်ဖြန် ဈေးသွားတဲ့အခါ တစ်ချို့တလေဝယ်ရမယ့်ပုံပင်။

သူမ ခေါင်းထဲတွင် အစီအစဉ်ဆွဲကာ အလုပ်ရှုပ်နေချိန် သူမရဲ့လက်‌တွေကတော့ မရပ်သွားပါ‌ချေ။ ခြင်းတောင်းထဲတွင် အာလူး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်မြိတ်စည်းတချို့ ရှိနေသေးသည်။ ရှောင်းကော ခရမ်းချဉ်သီးခေါက်ဆွဲပြုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမသည် ဂျုံမှုန့် ပန်းကန်လုံးတစ်ဝက်လောက် ခပ်ယူလိုက်ကာ ဇလုံတစ်ခုထဲ ထည့်လိုက်သည်။ ဒီပမာဏဟာ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့အတွက် ကွက်တိပင်။ သူမ ရေထည့်ကာ မုန့်ညက်ရအောင် စတင်ရောမွှေလိုက်သည်။ မုန့်ညက်ကိုနှယ်ပြီးသွားတော့ ဘေးနားတွင်ထားလိုက်သည်။ ထို့နောက် ခရမ်းချဉ်သီးများကို ရေဆေးကာလှီးလိုက်သည်။ ဝက်ဗိုက်သားလိုတာကြောင့် ရှောင်းကော နေရာလွတ်ဆီ သွားလိုက်ကာ ရေခဲသေတ္တာထဲရှိ အသားတစ်ပိုင်းကို ထုတ်လိုက်သည်။ သူမ အပြင်ကိုပြန်ရောက်တော့ အသားကို အတုံးလေးတွေဖြစ်အောင် လှီးလိုက်သည်။ ထိုအချိန်တွင်၊ ကျွမ်းကျွမ်းက တိရိစ္ဆာန်တွေကို အစာကျွေးပြီးပြီဖြစ်တာကြောင့် မီးဖိုချောင်ထဲ ဝင်လာသည်။ သူသည်ခွေးခြေခုံတွင်ထိုင်ကာ မီးစမွှေးလိုက်သည်။

ရှောင်းကော အိုးကို အပူပေးကာ ဝက်ဆီထည့်လိုက်သည်။ ပါးပါးလှီးထားသည့် ကြက်သွန်နီနှင့် ဂျင်းအချို့ကို အိုးထဲထည့်ကာ ရနံ့မွှေးလာသည်အထိ မွှေကြော်လိုက်သည်။ ထို့နောက် ခရမ်းချဉ်သီးနှင့် မွှေကြော်ရန် ဟင်းခတ်အမွှေးအကြိုင်တွေနှင့် ရှာလကာရည်ကိုထည့်သည်။ ခရမ်းချဉ်သီးအရည်များ ထွက်လာသည့်အခါ ဆားအနည်းငယ်ထည့်ပြီး ပန်းကန်ထဲ ထည့်လိုက်သည်။ ကျွမ်းကျွမ်းက အဲ့ဒီပန်းကန်ကို အိမ်ထဲသယ်သွားလိုက်သည်။

ထို့နောက် ရှောင်းကော အိုးကိုဆေးလိုက်ကာ ရေထပ်ထည့်လိုက်သည်။ ရေဆူအောင်စောင့်နေရင်း သူမခေါက်ဆွဲ လှီးလိုက်သည်။ ကျန်သည့်မုန့်ညက်ကို ထပ်ပြီးပြားသွာအောင် လှိမ့်လိုက်သည်။ ထို့နောက် အလွှာများအဖြစ် အညီအမျှခွဲကာသုံးစင်တီမီတာလောက် အမြောင်းလေးတွေလှီးလိုက်သည်။ သူမတို့တွေက ခေါက်ဆွဲရှည်ရှည်ကို ကြိုက်တာကြောင့် ခပ်ရှည်ရှည်လုပ်လိုက်သည်။

ရေပွက်ပွက်ဆူလာသည့်အခါ ခေါက်ဆွဲကိုအိုးထဲထည့်လိုက်သည်။ ခဏအတွင်းမှာပဲ ခေါက်ဆွဲကျက်သွားသည်။ ရှောင်းကော ခေါက်ဆွဲကို အိမ်ထဲယူသွားလိုက်သည်။ ကျွမ်းကျွမ်းလည်း လက်ထဲတွင် ပန်းကန်တွေ၊ တူတွေဖြင့် သူမနောက်ကနေလိုက်သွားသည်။ သူတို့ လက်ဆေးကာ စားသောက်ကြသည်။

နေ့လည်စာစားပြီးတဲ့နောက် ပန်းကန်တွေကို ဆေးကြောသည်။ ရှောင်းကောက စားပွဲကို သန့်ရှင်းသွားအောင်သုတ်လိုက်ပြီး မီးဖိုချောင်ထဲပြန်သွားလိုက်သည်။ သူမ ကျွမ်းကျွမ်းချထားသည့် ပန်းကန်ဆေးရည်ကိုယူကာ ရေတွင်းဆီသွားလိုက်သည်။ အခုတော့ သူမခေါက်ဆွဲဆိုင်ရဲ့ အိုးခွက်တွေကိုဆေးဖို့အချိန်ကျပြီဖြစ်သည်။

ပန်းကန်ဆေးပြီးသွားတော့ ကျွမ်းကျွမ်းက ရှောင်းကောကို ကူဆေးပေးဖို့ ထွက်လာသည်။ နောက်ဆုံးကျန်တဲ့ဆပ်ပြာတစ်စက်ကို ညှစ်ထုတ်ပြီးတဲ့နောက် ကျွမ်းကျွမ်း ရှောင်းကောကို ပြောလိုက်သည်။ "မေမေ၊ ဒါမရှိတော့ဘူး"

အဲ့ဒါက ဘာလဲဆိုတာ သူ မသိပေမယ့် အရမ်းအသုံးဝင်တာတော့ သိသည်။ အဲ့ဒါကပန်းကန်နဲ့ တူတွေပေါ်က အဆီနှင့်အညစ်အကြေးအားလုံးကို ဖယ်ရှားပေးနိုင်တဲ့အပြင် အနံ့လည်းကောင်းသည်။ အဲ့ဒါကိုသုံးရတာ သူတကယ် သဘောကျသည်။

ရှောင်းကောဗူးကိုယူကာ ဖွင့်လိုက်သည်။ နောက်ဆုံးတစ်စက်က သုံးဖို့ဖြစ်သည်။ “ရတယ်။ နေ့လည်ကျရင် မေမေဆပ်ပြာလုပ်မလို့။ တကယ်တော့ အဲ့ဒါက အတူတူဘဲ။ ဆပ်ပြာလုပ်တဲ့ အသီးတောင့်‌တွေ မေမေ ဘယ်နှစ်တောင့်ခူးခဲ့လဲဆိုတာ ကြည့်ကြည့်လိုက်ဦး" ရှောင်းကောက ကျွမ်းကျွမ်းကို လက်ညိုးထိုးပြလိုက်သည်။ သူကြည့်လိုက်ပြီး အဲဒါတွေကို ဆပ်ပြာအသီးတောင့်တွေလို့ခေါ်မှန်း သဘောပေါက်သွားသည်။ သူ နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။

ရှောင်းကောက သန့်သွားတဲ့ဇလုံတွေကို မီးဖိုချောင်ဆီ ပြန်ယူလာလိုက်သည်။ တစ်ခုပြီးတစ်ခုထားပြီးနောက် သူမမီးဖိုချောင်ထဲရှိ ဗီရိုကိုကြည့်လိုက်ရာ ဝက်ခေါက်ကင်တချို့ရှိနေတာကို တွေ့လိုက်ရသည်။ သူမအဲ့ဒါကို မေ့လုနီးပါးပင်။ ရှောင်းကောထွက်လာပြီး ခြင်းတောင်းထဲက ဂေါ်ဖီထုပ်ကို ကြည့်လိုက်သည်။ “ မေမေတို့ညစာအတွက် ဝက်ခေါက်နဲ့ဂေါ်ဖီထုပ်ချက်ကြရင်ရော?"

ကျွမ်းကျွမ်းဆီမှ ထောက်ခံမှုကို ရပြီးသည့်နောက် ရှောင်းကောလုပ်ငန်းစတော့သည်။ မကြာခင် နေဝင်တော့မည်။ ရှောင်းကော မုန့်ညက်ကို ပြင်ဆင်ကာ နေရောင်အောက်တွင် ထားလိုက်သည်။ ရာသီဥတုက ပူသည့်အတွက် မုန့်ညက်က မြန်မြန် ပွလာမှာပင်။ သူမ အာလုံးနှစ်တွေ အခြောက်ခံထားသည့်နေရာဆီ လှည့်လိုက်သည်။ သူမ ခြောက်သွားတဲ့ အာလူးနှစ်တွေကို ကျောက်ကြိတ်ဆုံဆီယူကာ အမှုန့်ကြိတ်ဖို့ပြင်လိုက်သည်။

ကျွမ်းကျွမ်းက ကူညီချင်တာကြောင့် သေချာပေါက် ရှောင်းကောလည်း မငြင်းပါချေ။ သူက သူမအား မီးဖိုချောင်တွင် ကူညီပေးရသည်ကို သဘောကျကြောင်း သူမ သိသည်။ သူမ၏ ယခင်အတွေ့အကြုံအပေါ်အခြေခံရလျှင် ကျွမ်းကျွမ်းက သူ့လက်နှင့်ကိုယ်တိုင် အမှုန့်ကြိတ်ရသည့်ခံစားချက်ကို သဘောကျသည်။ ထို့ကြောင့် ရှောင်းကောအနေဖြင့် သူ့ကို တားမည်မဟုတ်ပေ။

All Chapters