အခန်း (၅၄)
Vol. 4 Ch. 54
လီရှို့ကျီသည် အဝေးမှ မြည်းလှည်းကို လှမ်းကြည့်ကာ လေးလေးနက်နက် တွေးတောနေမိသည်။ ဒီကလေးက ဗိုလ်ချုပ်နဲ့တူလိုက်တာ။ ဒါကိုတွေးမိပြီး၊ သူပြန်ပြင်လိုက်သည်။ “မဖြစ်နိုင်တာ" လီရှို့ကျီ သူ့ပေါင်သူရိုက်လိုက်ကာ သူ့အတွေးတွေက ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ ဒါက ဒီတိုင်းတိုက်ဆိုင်သွားရုံဘဲ။
လီရှို့ကျီ ဒီကိစ္စကို စိတ်ထဲမထားတော့ပေ။ သူ လှည့်ပတ်ကြည့်လိုက်ပေမယ့် သူရှာနေတဲ့ အာလူးခေါက်ဆွဲဆိုင်ကို ရှာမတွေ့ပေ။ သူ စိတ်ပျက်လက်ပျက်နဲ့ တံငါရွာကို ပြန်လာလိုက်သည်။
အခန်းထဲတွင် နည်းနည်း စိတ်ဓာတ်ကျနေတဲ့ပုံပေါက်ကာရပ်နေတဲ့ လီရှို့ကျီကို ကျန်းတန်းဟယ်ကြည့်လိုက်သည်။ ရယ်စရာကောင်းတယ်လို့သူ ခံစားလိုက်ရသည်။ "ဆိုင်ကို မရှာတွေ့ဘူးလား?"
“ဟုတ်တယ်…”
မနေ့က လီရှို့ကျီ မြို့ကနေ အာလူးခေါက်ဆွဲနှစ်ပွဲ ဝယ်လာပေးသည်။ ခေါက်ဆွဲက အရသာကောင်းမွန်ပြီး ပါဝင်ပစ္စည်းများကလည်း ဆန်းသစ်လှသည်။ ဒီမနက်တော့ သူနောက်ထပ်ဝယ်ဖို့ကြံကာ မြို့ကိုထပ်သွားသည်။ ဒါပေမယ့် အရင်ကရှိနေတဲ့ဆိုင်ကို သူ မတွေ့ခဲ့ရသလို အနီးနားက ဈေးတွေမှာလည်း ရှာမတွေ့ခဲ့ပေ။ ချင်းရှောင်းကောက ဈေးဖွင့်သည့်နေ့မှသာ ဆိုင်ဖွင့်တယ်ဆိုတာကို သူ မသိပါချေ။ ဒါကြောင့် သူ့မှာ ပြန်လာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ကျန်းတန်းဟယ် ကျွတ်စ် သပ်လိုက်သည်။ အမှန်တော့ သူလည်း နည်းနည်း စိတ်ပျက်သွားတာဖြစ်သည်။ အာလူးခေါက်ဆွဲက တကယ်အရသာရှိသည်။ နောင်ကျ အဲ့ဒါတွေကို သူထပ်စားလို့ရပါ့ဦးမလားဆိုတာ တွေးတောမိသည်။ ဘာပဲဖြစ်ဖြစ် သူ့အနေနှင့် ဒီနေရာကနေ ထွက်သွားရတော့မည်ဖြစ်သည်။
“ထုပ်ပိုးလိုက်တော့။ မနက်ကျရင် ငါတို့ထွက်သွားကြမယ်"
လီရှို့ကျီလည်း ပြန်ပြီးလေးနက်သွားသည်။ “ဟုတ်ကဲ့!”
ကျန်းတန်းဟယ် မင်းသားကျန့်ဆီမှ စာကိုထုတ်ကာ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ သူ့မျက်လုံးတွေထဲတွင် ပြင်းထန်သည့် ဆန္ဒတွေဖြင့် ပြည့်နှက်နေသည်။ သူ့ဘာသာသူ တွေးလိုက်သည်။ “မကြာတော့ဘူး။ သိပ်မကြာခင် ငါအိမ်ပြန်လို့ရပြီ…”
သူ မီးခြစ်ထုတ်လိုက်ပြီး စာကိုမီးရှို့လိုက်သည်။ မီးတောက်တွေက လျင်မြန်စွာ ထွက်ပေါ်လာကာ အားလုံးမှာ ပြာအဖြစ်သာကျန်ခဲ့တော့သည်။
နောက်တစ်နေ့ မိုးမလင်းခင် တစ်ရွာလုံး အိပ်ပျော်နေတုန်းအချိန်မှာ ကျန်းတန်းဟယ်နဲ့ လီရှို့ကျီတို့ နှစ်ယောက်စလုံး သူတို့ရဲ့ ချပ်ဝတ်တန်ဆာတွေကိုဝတ်ကာ အိမ်ထဲမှထွက်လာကြပြီး သူတို့မြင်းတွေကိုထုတ်လာလိုက်သည်။
"ပိုက်ဆံတွေ ထားခဲ့လား" ကျန်းတန်းဟယ် လှည့်ကာမေးလိုက်သည်။
“စိတ်မပူပါနဲ့ ဗိုလ်ချုပ်။ ထားထားပါတယ်!”
"သွားကြရအောင်"
ကျန်းတန်းဟယ်က အညိုရောင်မြင်းပေါ်တက်လိုက်သည်။ သူ့ခြေဖနောင့်ဖြင့် မြင်းအားတစ်ချက်ပေါက်လိုက်ကာ နောက်ပြန်မလှည့်စတမ်း ဒုန်းစိုင်းစီးထွက်သွားသည်။ လီရှို့ကျီလည်း သူ့နောက်ကနေ နီးနီးကပ်ကပ်လိုက်လာသည်။
လွန်ခဲ့သည့် တစ်လခွဲခန့်က မစ်ရှင်တစ်ခုအတွင်း ကျန်းတန်းဟယ်သည် ပြေးလွှားရင်း ချောက်ကမ်းပါးမှ ကျသွားခဲ့သည်။ သူ့ကို ကယ်ရန်အတွက် လီရှို့ကျီက သူကျသွားသည့် ချောက်ကမ်းပါးမှ ခုန်ချခဲ့သည်။ ချောက်ကမ်းပါးက မနက်သလို အောက်ခြေတွင် ရေများစီးဆင်းနေသည်ကို သူသိသည်။ ပြုတ်ကျခဲ့ရင်တောင် အသက်ဆုံးရှုံးမှာ မဟုတ်ပေ။ ဤအရာအားလုံးဟာ သူတို့ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
သူတို့နှစ်ယောက်စလုံး တံငါရွာလေးတစ်ရွာ၏ ကမ်းစပ်တွင် သောင်တင်နေကာ ငါးဖမ်းနေသည့် ဆရာကြီးယုဆီမှ ကယ်တင်ခြင်းခံခဲ့ရသည်။ ဆရာကြီးယုဟာ ရွာသူကြီးဖြစ်သည်။ လီရှို့ကျီသည် ဒဏ်ရာအပြင်းအထန် မရခဲ့သော်လည်း ကျန်းတန်းဟယ်၏ ဒဏ်ရာများမှာတော့ ဓားဒဏ်ရာတွေဖြစ်သည်။ သူ့ကို အိမ်ပြန်ခေါ်လာတဲ့ ဆရာကြီးယုကြောင့်သာ မဟုတ်ရင် သူအသက်အန္တရာယ်ရှိနိုင်သည်။
မသွားခင် ကျန်းတန်းဟယ်က လီရှို့ကျီအား ဒီအတောတွင်း သူ့အားဂရုစိုက်ပေးခဲ့သည်များအတွက် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ငွေဆယ်တုံး ချန်ထားခိုင်းလိုက်သည်။
ကောင်းကင် မှောင်နေသေးသည့်အချိန်မှာဘဲ မင်းသားကျန့်၏ နေအိမ်သို့် သူတို့ ရောက်သွားကြသည်။ စာဖတ်ခန်းထဲဝင်သွားတော့ မင်းသားကျန့်ကအထဲတွင် စောင့်နေသည်။ ကျန်းတန်းဟယ်ကိုမြင်သည့်အခါ သူက ချက်ချင်းထရပ်ကာ သူ့ကိုကြိုသည်။ သူက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ "မင်း နေလို့ကောင်းရဲ့လား?"
ကျန်းတန်းဟယ်က အရိုအသေပေးသည့်လက်ပုံစံလုပ်လိုက်သည်။ "စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသားကျန့်။ ကျွန်တော်ပြန်သက်သာလာပါပြီ"
မင်းသားကျန့် သက်ပြင်းချလိုက်သည်။ ကျန်းတန်းဟယ်ဟာ သူ၏ ညာလက်ရုံးနှင့်တူသည်။ သူ့ကိုလည်း အစ်ကိုတစ်ယောက်လို သဘောထားသည်။ ဒီမစ်ရှင်ဟာ အရမ်းအန္တရာယ်များသည်။ သူ အသက်ရှင်နေသေးတာ အရမ်းကံကောင်းသည်။
မင်းသားကျန့်မှ ကျန်းတန်းဟယ်အား အနောက်ဘက်ရှိအခန်းထဲ ခေါ်သွားသည့်အချိန် လီရှို့ကျီက စာဖတ်ခန်းထဲတွင်နေခဲ့သည်။ စာအုပ်စင်နားရှိ ပန်းအိုးတစ်အိုးဆီ လက်လှမ်းကာ လှည့်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင် လျှို့ဝှက်တံခါးတစ်ချပ် ပွင့်လာသည်။ မင်းသားကျန့်က ဖယောင်းတိုင်မီးဖြင့် ရှေ့မှသွားကာ ကျန်းတန်းဟယ်က သူ့အနောက်ကနေ နီးကပ်စွာလိုက်ပါသွားသည်။
ရှည်လျားသော လှေကားထစ်တွေဟာ အမှောင်ထုထဲ ဦးတည်နေသည်။ သူတို့ရဲ ခြေသံနှင့် အသက်ရှုသံတို့သာ အလုံပိတ်နေရာတွင် ပဲ့တင်ထပ်နေသည်။ ဖယောင်းတိုင်မီးဖြင့် အတွင်းထဲရှိ အပြင်အဆင်ကို မြင်နိုင်သည်။ သူတို့လှေကားအဆုံးကို ရောက်တော့ ပြန့်ပြူးသည့်နေရာပေါ်ခြေချလိုက်သည့်အခါ မင်းသားကျန့်က ဖယောင်းတိုင်မီးအား ချလိုက်သည်။ ထို့နောက် ကျန်းတန်းဟယ်သည် ပတ်ပတ်လည်ရှိ မီးခွက်များအား ကျွမ်းကျင်စွာ ထွန်းညှိလိုက်သည်။ တစ်ခဏအတွင်း အခန်းတစ်ခုလုံး လင်းထိန်သွားသည်။
အခန်းအကျယ်မှာ သုံးဆယ်စတုရန်းမီတာရှိသည်။ အလယ်တွင် ငါးမီတာရှည်သည့် သဲမြေပုံတစ်ခုရှိသည်။ မြေပုံပေါ်ရှိ အပြာရောင်အလံသည် နေရာတစ်ခုကို ကိုယ်စားပြုသည်။ အလယ်တွင် နန်းတော်ရှိသည်။ ထိုနေရာ၌ ထင်ရှားပေါ်လွင်နေသည့် အနီရောင်အလံတစ်ခုရှိသည်။
မင်းသားကျန့်သည် အနီရောင်အလံအား တောက်လောင်သည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ဤသည်မှာ သူစောင့်မျှော်နေသည့် အခိုက်အတန့်ဖြစ်သည်။ နောက်ဆုံးတော့ သူ ဒီနေရာကနေ ထွက်သွားလို့ရပြီ!
ကျန်းတန်းဟယ်လည်း သူဘာကြောင့် အရမ်းစိတ်လှုပ်ရှားနေရလဲဆိုတာကို နားလည်သည်။
မင်းသားကျန့်၏ အမည်ရင်းမှာ ရှောက်ကျန့် ဖြစ်သည်။ ဘီစီ ၄၂ တွင် သူက ရှောက်နိုင်ငံ၏ မင်းသားကျန့် ဖြစ်ခဲ့သည်။ သို့သော်လည်း တစ်ဖက်နိုင်ငံမှ ရန်သူ့စစ်တပ်များက ဘုရင့်နိုင်ငံကို သိမ်းပိုက်ခဲ့သည်။ သူတို့သည် နန်းတော်၏ ရာဇပလ္လင်ကို သိမ်းပိုက်ခဲ့ရုံသာမက၊ ထိုအချိန်က မင်းသား ကျန့်၏ ဖခင်ဖြစ်သော ဧကရာဇ်မင်းကိုလည်း သတ်ဖြတ်ခဲ့ကြသည်။ မင်းသားကျန့် မှလွဲ၍ နန်းတော်တစ်ခုလုံးရှိ လူတိုင်း အသတ်ခံခဲ့ရသည်။ သူတို့သည် ဧကရာဇ်မင်းမြတ်နှင့် နန်းတော်အတွင်း နေထိုင်လုပ်ကိုင်ကြသူအားလုံးအား သတ်ဖြတ်ခဲ့ကြသည်။ တစ်ယောက်တစ်လေမှပင် မလွတ်မြောက်ခဲ့ပေ။
သူ၏ကြင်နာမှုကိုပြသရန်အတွက် ဧကရာဇ်အသစ်သည် ငါးနှစ်သား အိမ်ရှေ့မင်းသားရှောက်ကျန့်၏ အသက်ကို ချမ်းသာပေးခဲ့သည်။ ထို့နောက် မင်းသားဘွဲ့ ပေးအပ်ခဲ့ကာ ယုံဟိုင်ခရိုင်တွင် တပ်စွဲစေခဲ့သည်။
ဧကရာဇ်၏ ကိုယ်ရေးကိုယ်တာခွင့်ပြုချက်မရှိပါက သူတို့သေဆုံးသွားသည့်တိုင် မြို့တော်အတွင်း မည်သူမျှဝင်ရောက်နိုင်မည်မဟုတ်ပေ။ အမိန့်ကို လွန်ဆန်ရဲသူ မည်သူမဆို ကရုဏာသက်ခြင်းမရှိ အသေသတ်ခြင်းခံရမည်ပင်။
အသက်ငါးနှစ်အရွယ် ရှောက်ကျန့်သည် ယခု အသက် ၃၀ ရှိပြီဖြစ်သည်။ သူ ဤခရိုင်ထဲမှ မထွက်ရတာ၂၅ နှစ်ရှိပြီဖြစ်သည်။ ဧကရာဇ်အသစ်သည် မင်းသားငယ်ကျန့်အား စောင့်ရှောက်ရန် လူများစွာကိုပင် စေလွှတ်ပေးခဲ့သည်။ တကယ်တော့ ဒါက စောင့်ကြည့်ထားသည့်ပုံစံတစ်ခုသာ ဖြစ်သည်။ ကြင်ယာတော်မင်းသမီးကိုပင် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်သည်။
ရှောက်ကျန့်သည် ဤအရာအားလုံးအား သည်းခံခဲ့သည်။ ဧကရာဇ်သစ်၏ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများအောက်တွင် ပြည်သူများသည် မကျေနပ်မှုများဖြင့်ပြည့်နှက်ခဲ့သည်။ သို့ပေမယ့် ကျန်းတန်းဟယ်နှင့် သိကျွမ်းလာရသည့်အခါ သူ့ဆီ အခွင့်အရေးရောက်လာပြီမှန်း သူသိလိုက်သည်!
ပထမဆုံး သူဟာ ကြင်ယာတော်မင်းသမီး၏မိသားစုအား သူ့လူဖြစ်လာစေရန် လှုံ့ဆော်ခဲ့သည်။ ထို့နောက် သူ့အပေါ်သစ္စာစောင့်သိသည့် စစ်တပ်ကို တိတ်တဆိတ် တည်ထောင်ခဲ့သည်။ ကျန်းတန်းဟယ်သည် သူ့စစ်တပ်၏ ခေါင်းဆောင်ဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း၊ ကျန်းတန်းဟယ်၏ ခေါင်းဆောင်မှုအောက်တွင်၊ သူ၏စစ်တပ်သည် တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ အထိတိုးချဲ့နိုင်ခဲ့သည်။ ဘက်ပြောင်းရန် လှုံ့ဆော်နိုင်ခဲ့သည် တပ်သားတွေပါ ထည့်ပေါင်းပါက တပ်ဖွဲ့ဝင်တပ်ဖွဲ့ဝင် ၅၀၀,၀၀၀ ခန့်ရှိပြီဖြစ်သည်။
ယုံဟိုင်ခရိုင်ငယ်လေးက ရှောက်ကျန့်အား မထိန်းချုပ်နိုင်တော့သည်မှာ ကြာပြီဖြစ်သည်။ မကြာသေးမီကပင် ကျန်းတန်းဟယ်သည် ဧကရာဇ်မင်းမြတ်ပိုင်သည့် ဗဟိုတပ်သားအများအပြားကို သတ်ဖြတ်ခဲ့သည်။ ဒါဟာ ကျားတစ်ကောင်အား အတောင်တပ်ပေးလိုက်သလိုပင်။ ရှောက်ကျန့်အနေဖြင့် ဤခရိုင်မြို့မှထောင်ထောင်လွှားလွှား ထွက်လာခဲ့လျှင်တောင် ဧကရာဇ်မင်း မသိနိုင်ပေ။
ဧကရာဇ်နန်းတွင်းရှိ အရာရှိများပင်လျှင် အများစုကို သူလျှိအဖြစ် ထည့်ထားတာဖြစ်သည်။ ဧကရာဇ်သည် အမှောင်ထဲတွင်သာ ရှိနေဆဲဖြစ်သည်။ ရှောက်ကျန့်၏ လူများက သူ့အတွက် ဖုံးထားသဖြင့် ဧကရာဇ်အနေဖြင့် သူ၏လှုပ်ရှားမှုများအား လုံးဝမသိရပေ။ ဒါက သူ့အတွက် ပိုလွယ်ကူစေသည်။ သူ့အနေဖြင့် သူတို့အား တစ်ရှိန်ထိုး ထိုးချပစ်နိုင်သည်! သူနန်းတော်ကိုပြန်မသွားခင် အချိန်တစ်ခုသာလိုသည်!
အခေါင်းပေါက်ဖြစ်နေတဲ့ မိုးထိမြင့်တဲ့သစ်ပင်တစ်ပင်ဟာ ဘယ်လောက်ဘဲမြင့်မားနေပါစေ ခပ်သာသာလေးတွန်းလိုက်ရုံဖြင့် တုံးလုံးလဲသွားလိမ့်မည်ပင်။
လျှို့ဝှက်ခန်းမှ ထွက်လာပြီးနောက် ကျန်းတန်းဟယ်သည် နှုတ်ဆက်ထွက်ခွာလိုက်သည်။ သူနှင့် လီရှို့ကျီ တို့မှာ စစ်တပ်အား မြို့တော်သို့ တိတ်တဆိတ် ခေါ်သွားရဦးမည်ပင်။ ရန်သူများ သတိမမူမိစေရန်အတွက် အုပ်စုငယ်များဖြင့်သာ ထွက်ခွာနိုင်သည်။ အချိန်ကြပ်သည့်အတွက် သူတို့အနေဖြင့်ပြင်ဆင်မှုများအား အခုချိန်တွင်လုပ်ရမည်ပင်။
မင်းသားကျန့်သည် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် သူတို့နှစ်ဦးအား ပြန်လွှတ်လိုက်သည်။ ဒီတစ်ခါတော့ သေချာတဲ့အလောင်းအစားပဲ!
သူတို့ မင်းသားစံအိမ်မှ ထွက်လာသည့်အခါ သူတို့၏ ချပ်ဝတ်တန်ဆာတွေအား ပြောင်းလဲကာ အရပ်ဝတ်တွေကို ပြောင်းလဲ၀တ်ဆင်လိုက်ကြသည်။ အခုချိန်မှာ လမ်းပေါ်တွင် လူတွေ ပိုများလာပြီဖြစ်သည်။ နှစ်ယောက်သားက အရမ်းရိုးရိုးရှင်းရှင်းသာ ဝတ်ထားကြသည်။ ဈေးနေ့ဖြစ်သည်ကြောင့် မြင်းလှည်းများဖြင့် ကုန်ပစ္စည်းများ လာဝယ်ကြသူ အများအပြားရှိသဖြင့် မြင်းဖြင့် သူတို့နှစ်ဦးမှာ မထင်ရှားလှပေ။ မြင်းစီးရန် လမ်းကပြည့်ကျပ်နေသည့်အတွက် သူတို့ မြင်းတွေနှင့်အတူ ခရိုင်ဂိတ်အထိ လမ်းလျှောက်သွားလိုက်သည်။
တစ်ဖက်တွင် ရှောင်းကောသည် ကျွမ်းကျွမ်းအား ပွေ့ချီလျက် ခရိုင်ဆီလျှောက်လာနေသည်။ ကျွမ်းကျွမ်းသည် သူမ ရင်ခွင်ထဲ၌ အိပ်ချင်မူးတူးဖြင့် သမ်းဝေနေခဲ့သည်။
အဝေးက "ယုံဟိုင်ခရိုင်" ဆိုသည့် စကားလုံးကို မြင်လိုက်ရတော့ ရှောင်းကောက ကျွမ်းကျွမ်းအား အသာပုတ်နှိုးလိုက်သည်။ "ကျွမ်းကျွမ်း၊ မေမေတို့ရောက်ခါနီးပြီ။ ထတော့"
သူတို့ ခရိုင်ဂိတ်ကို ရောက်ခါနီးမှာ ကျွမ်းကျွမ်းက အိပ်ချင်မူးတူးဖြစ်နေဆဲပင်။
"ဟင်?" ကျွမ်းကျွမ်းသည် သူ့မျက်လုံးများကို ပွတ်လိုက်ကာ လှည့်ကြည့်လိုက်သည်။ သူ ဖြည်းဖြည်းချင်းထထိုင်လိုက်ပြီး ရှောင်းကောရဲ့ပခုံးပေါ်တွင် သမ်းလိုက်သည်။
ရှောင်းကောက ကျွမ်းကျွမ်းရဲ့ကျောကို ပုတ်လိုက်ပြီး သူမတို့ရှေ့တွင် မြင်းစီးသွားနေသည့်လူကို တွေ့လိုက်ရသည်။ ထို့နောက် သူမလည်း မြည်းလှည်းအားသူတို့သွားရာလမ်းအတိုင်းဦးတည်လိုက်သည်။
မြင်းစီးနေသည့်သူမှာ ကျန်းတန်းဟယ် ဖြစ်သည်။ ခရိုင်အဝင်ဝတွင် လူနည်းသည်ဟု ထင်မိတာကြောင့် သူမြင်းပေါ်တက်လိုက်သည်။ မြည်းလှည်းအား ဖြတ်သွားသည့်အချိန် ကျန်းတန်းဟယ် သူ့မျက်လုံးထောင့်မှတစ်ချက်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသည့် ဝိုးတိုးဝါးတား ပုံရိပ်အား တွေ့လိုက်ရသည်။ သူ့ရင်ထဲ ဒိတ်ခနဲ ခုန်သွားသည်။ သူမက.…
နောက်တော့ သူအမြန်လှည့်ကြည့်လိုက်ရာ သူမ၏ နောက်ကျောကိုသာ မြင်လိုက်ရသည်။ သို့သော် သူမ၏ပခုံးပေါ်တွင် ခေါင်းသေးသေးလေးတစ်လုံးကို သူမြင်လိုက်ရသည်။ ကလေးက ပါးစပ်ကို ကျယ်ကျယ်ဟကာ သမ်းနေသည်။ သူ့နှလုံးက ဒိတ်ခနဲခုန်ပေါက်သွားသည်။ မြင်းသွားတာက အရမ်းမြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ကြားက အကွာအဝေးတော်တော်ကွာဟသွားသည်။ ကျန်းတန်းဟယ်မှာ မှုန်ဝါးဝါးအရိပ်ကိုသာ မြင်ရတော့သည်။ သူဘာကိုမှမမြင်ရလောက်အောင် ဝေးကွာသွားသည့်အခါတွင်မှ သူလက်လျော့လိုက်သည်။
သူအကြည့်တွေကို ပြန်ရုတ်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူ့ဇနီးများ ဖြစ်နေမလား?? ထို့နောက် သူငြင်းလိုက်ကာ သူ့ခုန်ပေါက်နေသည့် နှလုံးသားကိုဖိနှိပ်လိုက်သည်။ မဟုတ်ဘူး၊ မဟုတ်လောက်ဘူး၊ သူမက ဘယ်လိုလုပ်ခရိုင်ထဲမှာ ရှိနေမှာလဲ? တိုက်ဆိုင်တာဘဲနေမှာ ..… ဒါပေမယ့် တကယ်ဘဲ သူမ ဖြစ်နေရင်ရော? သူမ ချီထားတဲ့ကလေးက သူ့ကလေးများဖြစ်...