← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

"ဟုတ်တယ် ဟုတ်တယ်! မေမေက အံ့သြစရာပဲ!”

သူမ ဘဲတွေကြက်တွေကို ပထမဆုံးယူလာတုန်းက ကျွမ်းကျွမ်းဟာ သူတို့တွေဥဥထားလားလို့ အမြဲတမ်းသိချင်နေခဲ့တာဖြစ်သည်။ သို့သော် သုံးရက်ဆက်တိုက် စောင့်ကြည့်ပြီးတဲ့နောက် သူ အရမ်းစိတ်ပျက်သွားသည်။

ဒါကြောင့် သူ ရှောင်းကောဆီသွားကာ သူတို့တွေက ရှောင်းဟွားနှင့် ရှောင်းဟူတို့အိမ်ရှိ ကြက်တွေလိုမျိုး ဥမဥရသလဲဆိုတာကို မေးခဲ့သည်။ ဒါကိုကြားတဲ့အခါ ရှောင်းကောက ပြုံးပြီး ကျွမ်းကျွမ်းအား ဒါဟာ ပုံမှန်ပဲလို့ ပြောခဲ့သည်။ ကြက်တွေက မရင်းနှီးသေးသည့်နေရာများတွင် ဥမပေါက်ပေ။ ရက်အနည်းငယ်ကြာ သူတို့နေရာနှင့် အသားကျသွားကာမှ ဥများဥတတ်သည်။

ထိုနေ့တွင် ရှောင်းကော၏ စကားကိုကြားပြီးနောက် ကျွမ်းကျွမ်းသည် ကြက်တွေ ဘဲတွေအား အနီးကပ်စောင့်ကြည့်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်တွင် သူသည် ခရိုင်ကိုသွားလိုက် စာကျက်လိုက်ဖြင့် အလုပ်များနေကာ ဥတွေကို စစ်ဆေးဖို့ မေ့နေခဲ့တာဖြစ်သည်။ ဒီနေ့ သူသတိရသွားပြီး စစ်ကြည့်လိုက်တော့ တကယ်ကြီး ကြက်ဥဥထားတာကို တွေ့လိုက်ရသည်။

"မေမေ၊ သား မေမေ့ကို အရမ်းလေးစားတာဘဲ!" အခုချိန်မှာ ကျွမ်းကျွမ်းအနေနဲ့ သူ့အမေက ရှောက်နိုင်ငံရဲ့ သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်လို့ ခံစားရသည်။ သူမဟာ ဒီနေရာတွင် ပညာအတတ်ဆုံးလူဖြစ်ရမည်။

ဒါကိုကြားတော့ ရှောင်းကော နည်းနည်းရှက်သွားမိသည်။ သူမ မျက်လုံးတွေ မှေးကျဉ်းသွားအောင် ပြုံးလိုက်သည်။ “သားလည်း အသက်ကြီးလာရင် အများကြီး သိလာလိမ့်မယ်။ မေမေသိသမျှ သားကိုပြောပြပေးမယ်"

"ပြီးရင် သားက စွမ်းအားကြီးတဲ့သူဖြစ်လာမှာလား?" နောက်တော့ သူ ဆက်ပြောခဲ့သည်။ "မေမေ့လိုလေ"

"ကျွမ်းကျွမ်းက မေ့မေ့မျက်လုံးထဲမှာ စွမ်းအားကြီးပြီးသား!" ရှောင်းကောက ကျွမ်းကျွမ်းကို အလေးအနက်ပြောကာ သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း ရိုးရိုးသားသားကြည့်လိုက်သည်။

ကျွမ်းကျွမ်းမှာ အရမ်းစိတ်လှုပ်ရှားသွားပြီး စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ “မေမေ၊ စိတ်မပူပါနဲ့! သား သေချာပေါက် စွမ်းအားကြီးတဲ့လူဖြစ်လာမှာ!”

ရှောင်းကော ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ညအချိန်ဖြစ်သည့်အတွက် အိမ်တိုင်း ဖယောင်းတိုင်မီးတွေ ထွန်းထားကြသည်။ ညစာစားပြီးတဲ့နောက် ရှောင်းကော စားပွဲတွင်ထိုင်ကာ မီးအလင်းရောင်အောက်တွင်အဝတ်အစားတချို့ ချုပ်နေလိုက်သည်။ ကျွမ်းကျွမ်းက နံဘေးတွင်ထိုင်ကာ စာရေးနေသည်။ ရှောင်းကောက အဝတ်အစားချုပ်နေရင်း အချိန်နဲ့အမျှ ကျွမ်းကျွမ်းကိုလည်းကြည့်နေပေးသည်။

ညစာစားပြီးသွားတုန်းက ရှောင်းကော ကျွမ်းကျွမ်းရဲ့ကိုယ်အတိုင်းကို ယူခဲ့သေးသည်။ သူမအရင်တစ်ခေါက်ဝယ်ခဲ့တဲ့အထည်က အဝတ်နှစ်စုံချုပ်ဖို့ လုံလောက်သည်။ ရှောင်းကောအနေဖြင့် ဆန်းပြားသည့်အဝတ်အစား ချုပ်နည်းတွေကိုတော့ မသိပါချေ။ သူမသည် ခေတ်မီသည့်ရိုးရိုးရှင်းရှင်း ဘောင်းဘီအပွစတိုင်များကိုသာ ချုပ်တတ်သည်။ သူမချုပ်တတ်တဲ့ အပေါ်ဝတ်ပုံစံကတော့ ကြုံ့နိုင်ဆန့်နိုင်သည့် လက်စက ပုံစံမျိုးဖြစ်သည်။ အဲ့ဒီအဝတ်အစားတွေက ကြည့်ကောင်းရုံတင်မက၊ လုပ်ရတာလည်း လွယ်ကူသည်။

ကျွမ်းကျွမ်းက စကားလုံးတွေကို စုတ်ချက်တစ်ချက်ချင်းရေးသည်။ သူအမှားလုပ်မိတိုင်း ရှောင်းကောက သူ့ကိုသတိပေးသည်။ ကျွမ်းကျွမ်းက အရမ်းဉာဏ်ကောင်းသည်။ သူမပြောသမျှကို သူနားလည်ပြီး တစ်ကြိမ်သာ သင်ပေးရသည်။ သူဟာ အရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်သည်။

ရှောင်းကော နောက်ဆုံး ချုပ်ရိုးကို ချုပ်ပြီးသွားတော့ အပ်ချည်ကိုသွားနဲ့ ကိုက်ဖြတ်လိုက်သည်။ ကျွမ်းကျွမ်းက ရှောင်းကောလုပ်နေတာတွေကို မြင်တော့ စိတ်လှုပ်တရှားနဲ့ မေးလိုက်သည်။ "မေမေ၊ ပြီးပြီလား?"

ရွှင်မြူးစွာနဲ့ ရှောင်းကောက ခေါင်းညိတ်လိုက်ပြသည်။ "သိပ်မမြန်ဘူး၊ မေမေအပေါ်ဝတ်ကို အပြီးသတ်ပြီးပြီ"

"ဒါဆို သား စမ်းဝတ်ကြည့်လို့ရမလား?" ကျွမ်းကျွမ်း မျက်လုံးတွေက တောက်ပနေသည်။

"ရတာပေါ့၊ ဒါပေမယ့် စာရေးပြီးသွားပြီလား?" ရှောင်းကောက ကျွမ်းကျွမ်းကို သတိပေးလိုက်သည်။ သူ့မှတ်ဉာဏ်ကို မြှင့်တင်ရန်အတွက် သူမသည် စကားလုံးတိုင်းကို အကြိမ်နှစ်ဆယ်လောက် ရေးခိုင်းကာ ကျက်ခိုင်းသည်။ ဒါကို ညတိုင်း လုပ်ရတာဖြစ်သည်။ ကျွမ်းကျွမ်းကတော့ ရှောင်းကောပေးသည့် အိမ်စာကို ဝမ်းမြောက်ဝမ်းသာ လက်ခံသည်။

"ဟုတ်! ပြီးသွားပြီ!" သူက သူမကိုချဉ်းကပ်ရန် ကြယ်တလက်လက်တောက်နေတဲ့ မျက်ဝန်းလေးတွေကို ဆက်အသုံးချခဲ့သည်။

ရှောင်းကောမှာ ကူကယ်ရာမဲ့စွာဖြင့် သူမမျက်လုံးတွေကိုကွယ်ကာ ပြုံးရင်း သက်ပြင်းချလိုက်သည်။ ကျွမ်းကျွမ်းကတော့ သူ့နည်းလမ်း‌တွေက ပိုပိုကောင်းလာတာဘဲ။ သူမ တကယ်ကို မခံနိုင်တော့ပေ။ "လာ၊ စာအုပ်ကိုထားလိုက်တော့၊ လာစမ်းဝတ်ကြည့်!"

ကျွမ်းကျွမ်း စာအုပ်ကို အမြန်ဖယ်ကာ စက္ကန့်ပိုင်းအတွင်းမှာဘဲ ရှောင်းကောဘေးနား လာရပ်သည်။ သူ့အင်္ကျီကို အမြန်ချွတ်လိုက်ပြီး ရှောင်းကောကို မျက်လုံးကြီးကြီးတွေနဲ့ လှမ်းကြည့်လိုက်သည်။ ရှောင်းကောသည် သူမလက်ထဲရှိ အပေါ်ဝတ်ကို မြှောက်ကာ ကျွမ်းကျွမ်းအား ဝတ်ထည့်ပေးလိုက်သည်။ ကျွမ်းကျွမ်းက ကိုယ်ကို လှုပ်လှုပ်ရှားရှားလုပ်ကာ အင်္ကျီဝတ်ရာတွင် ပူးပေါင်းဆောင်ရွက် ပေးသည်။ သိပ်မကြာခင်မှာပဲ သူဝတ်ပြီးသွားသည်။

ကျွမ်းကျွမ်း ခေါင်းငုံ့ကာ သူ့ကိုယ်ကို ဘယ်ညာလှည့်လိုက်သည်။ "မေမေ၊ သားကြည့်လို့ကောင်းလား?"

"ကြည့်ကောင်းတယ်!" ရှောင်းကောလည်း ချီးကျူးလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် ကျွမ်းကျွမ်းက ကြီးလာသည်နှင့်အမျှ ပိုကြည့်ကောင်းလာသည်။ သူမ ဒီနေရာကို ပထမဆုံး ကူးပြောင်းလာတုန်းက သူဟာ ပိန်ပိန်မည်းမည်း‌လေးသာရှိသည်။ ယခုတွင်တော့ သူဟာ ခပ်ပြည့်ပြည့်ဖြူဖြူလေးဖြစ်လာသည်။ သေချာပေါက်ကို ဒါက ဒီတိုင်းနှိုင်းယှဥ်‌ပြောလိုက်တာဖြစ်သည်။ အခု သူ့ရဲ့ ကိုယ်အလေးချိန်က တကယ်ပုံမှန်ဖြစ်နေပြီဖြစ်သည်။

သူက အရပ်ပိုရှည်လာပုံရကာ သူ့မျက်နှာသွင်ပြင်ကလည်း ပိုပြီးထင်ရှားလာသည်။ အစကတော့ ကျွမ်းကျွမ်းဟာ သူမနဲ့ တော်တော်လေးတူတာ အမှန်ပင်။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့မျက်နှာအသွင်အပြင်က အနည်းငယ် ပြောင်းလဲလာသည်။ သူ့နှာတံကပိုမြင့်လာပြီး သူ့နှာခေါင်းက ပိုဖြောင့်လာသည်။ သူမရဲ့နှာတံသေးသေးကွေးကွေးလေးနှင့် မတူ‌ပေ။ တစ်ဖက်တွင် သူ့ရဲ့နှာခေါင်းဟာ လျှောပုံသဏ္ဍာန် အသေးလေးနှင့်တူကာ ထိပ်ဖျားအထိ ခပ်မြင့်မြင့်နှင့် ရှည်သည်။

ယခင်က ကျွမ်းကျွမ်း၏ မျက်လုံးနှင့် နှုတ်ခမ်းတွေဟာ သူမနှင့်တူသည်။ ယခုမူ သူ၏ ပါးချိုင့်များသည်သာ သူမနှင့် အလွန်ဆင်တူသည့် တစ်ခုတည်းသော အင်္ဂါရပ်ဖြစ်လာသည့်ပုံပင်။ သူမတို့နှစ်ယောက်စလုံး ပြုံးလိုက်သည့်အခါ ပါးချိုင့်လေးတွေ ပေါ်လာတတ်သည်။

ရှောင်းကောအ‌နေဖြင့် ကျွမ်းကျွမ်း သူမကို ပြုံးပြတာကို သဘောကျသည်။ အခုလိုမျိုးပင်၊ သူဟာ မျက်လုံးတွေပျောက်ကာ ပါးချိုင့်တွေပေါ်အောင် ပြုံးနေသည်။ သူမ ဘယ်လောက်တောင်ပျော်နေလဲဆိုတာ မပြောနိုင်ပေ။ ဒီအတွေးနဲ့အတူ ရှောင်းကော ကျွမ်းကျွမ်းကိုဖက်ကာ မျက်ခုံးပင့်လိုက်သည်။ သူမက ဂုဏ်ယူသလိုပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် မေ့မေ့သားက ချောတယ်"

ကျွမ်းကျွမ်းက ရှက်ရွံ့စွာဖြင့် တခစ်ခစ်ရယ်ကာ ရှောင်းကော၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ "မေမေ၊ ဒီည ပုံပြင်ပြောပြမှာလား?"

သူမ ကျွမ်းကျွမ်းအား ပုံပြင်မပြောပြရတာကြာပြီမှန်း သိလိုက်ရပြီး ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ "ဒီည သားကိုပြောပြမယ်!"

သူမက ကျွမ်းကျွမ်းရဲ အင်္ကျီကို ချွတ်ပေးလိုက်ပြီး ဘေးမှာ ထားလိုက်သည်။ အဝတ်အစားအသစ်မဝတ်ခင် အရင်လျှော်တာက ပိုကောင်းသည်။ တစ်စုံလုံးပြီးသွားမှ အတူတူလျှော်ရမည်။

ရှောင်းကော ကျွမ်းကျွမ်းနှင့်အတူ အိပ်ရာဝင်ကာ သူ့ကို ပုတ်သိပ်ခဲ့သည်။ "ဒီည သားကိုပြောပြရမယ့် ဇာတ်လမ်းကို စဉ်းစားကြည့်ရအောင်..." ရှောင်းကော သူမဘာသာသူမ တွေးလိုက်သည်... ယခင်က သူမသည်သူ့အား ပညာ‌ပေးဇာတ်လမ်းများကိုသာ ပြောပြဖူးသည်။ ဒီတစ်ခါတော့ သူမ သူ့အား အိပ်ရာဝင်ပုံပြင်လေးပြောပြမည်။ အဲ့ဒါက ပညာလည်းရသည်။ " အလှလေးနဲ့သားရဲကြီး အကြောင်း ပုံပြင်လေး ပြောပြမယ်"

ကျွမ်းကျွမ်း ချက်ချင်းထထိုင်လိုက်သည်။ "အလှလေးနဲ့သားရဲကြီး?" ကျွမ်းကျွမ်းက သူ့အမေလို လှပသည့် အလှလေးနှင့် အစိမ်းရောင်မျက်နှာနဲ့ အစွယ်တွေပါတဲ့ သားရဲတစ်ကောင်ကို တွေးမိသွားသည်။ သူ ကျောချမ်းသွားသည်။ ဒီနှစ်ခုက ဘယ်လိုလုပ်ဆက်စပ်နေမှာလဲ?

ရှောင်းကောက ထူးထူးဆန်းဆန်းပုံစံ ပြုံးလိုက်ကာ သူမပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ “ဟိုးရှေးရှေးတုန်းက မင်းသားလေးတစ်ပါးဟာ ခမ်းနားထည်ဝါတဲ့ ရွှေနန်းတော်ကြီးထဲမှာ နေတယ်တဲ့။ သူကမာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်။ ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ သူတောင်းစားအဘွားအိုကြီးက နန်းတော်ကို ရောက်လာပြီး ခဏအနားယူခွင့်ပေးဖို့ မင်းသားလေးကို နှင်းဆီပန်းစည်းတစ်စည်းနဲ့ အလဲအလှယ်လုပ်ခဲ့တယ်။ အဖွားအိုက ရုပ်ဆိုးပြီး ထူးဆန်းတာကို မြင်လိုက်ရတော့ မင်းသားလေးက သူ့ကိုထွက်သွားခိုင်း‌တော့တယ်။ အဲ့ဒါနဲ့အဘွားအိုကြီးက မင်းသားလေးကို ပြောလိုက်တယ်"

ရှောင်းကောက လည်ချောင်းကို ရှင်းကာ အဘွားကြီးအသံပြောင်းလိုက်သည်။ "လူတစ်ယောက်ကို သူ့ရဲ့အသွင်အပြင်နဲ့ဘဲ မကြည့်ပါနဲ့"

နောက်တော့ သူမက မူရင်းအသံပြန်ပြောင်းလိုက်သည်။ “ဒါပေမယ့် မင်းသားလေးက သူ့ကိုနေခွင့်ပေးဖို့ ငြင်းနေတုန်းဘဲ။ အဲ့ဒီအချိန်မှာဘဲ သူတောင်းစား အဘွားအိုကြီးက အရမ်းလှတဲ့ စုန်းမတစ်ယောက် ဖြစ်သွားတယ်။ သူက မင်းသားလေးကို ကျိန်စာတိုက်ပြီး သူ့ကို ရုပ်ဆိုးတဲ့ သားရဲကြီးအဖြစ် ပြောင်းလဲပစ်လိုက်တယ်။ အဲ့ဒီစုန်းမက မင်းသား‌လေးရဲ့အစေခံတွေကိုလည်း အသုံးအဆောင်ပစ္စည်း အမျိုးမျိုးဖြစ်အောင် ပြောင်းလိုက်တယ်။ အဲ့ဒီအချိန်ကနေစပြီး မင်းသားလေးက သူ့ကိုယ်သူ ရဲတိုက်ထဲမှာ သော့ပိတ်နေပြီး အပြင်လောကကို မှော်မှန်ကနေပဲ ကြည့်နိုင်တော့တယ်။ စုန်းမကြီးက နှင်းဆီပန်းစည်းကို သူ့အတွက်ထားခဲ့လိုက်တယ်။ နှင်းဆီပန်းတွေအားလုံး မညှိုးသွားခင် မင်းသားလေးသာ သူ့ရဲ့အသွင်အပြင်ကို ဂရုမစိုက်တဲ့မိန်းကလေးတစ်ယောက်ကို ရှာတွေ့နိုင်ရင် သူ့ရဲ့မူလအသွင်အပြင်ကို ပြန်ရနိုင်လိမ့်မယ် မဟုတ်ရင်တော့ သူက တစ်သက်လုံး သားရဲကြီး ဖြစ်သွားတော့မှာ…”

“နန်းတော်နဲ့ မနီးမဝေးက ရွာတစ်ရွာမှာ ကြင်နာပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် နေတယ်။ သူမနာမည်က ဘဲလ်တဲ့…”

ရှောင်းကောက ဇာတ်လမ်းကို အသက်ဝင်လာအောင် အသံကိုမြှင့်လိုက်သည်။ " အဲ့ဒီမှာ ဘဲလ် ကို သဘောကျနေတဲ့ ဟုလ် လို့ ခေါ်တဲ့ စစ်သည်တော်တစ်ယောက်ရှိတယ်။ ဒါပေမယ့် ဘဲလ်က သူ့ကို မကြိုက်ဘူး။ တစ်နေ့မှာ ဘဲလ်က သူမအဖေကို ရှာလိုက်ရှာရင်းနဲ့ နန်းတော်ထဲကို မှားဝင်ရောက်လာတယ်။ ဘဲလ်က မင်းသားလေးကိုကယ်ဖို့ ရဲတိုက်မှာနေဖို့ စေတနာ့ဝန်ထမ်းလုပ်ခဲ့တယ်…”

ကျွမ်းကျွမ်းမှာ ဘဲလ်ရဲ့ကြင်နာမှုကြောင့် ထိရှသွားတော့သည်။ ရှောင်းကောက ဇာတ်လမ်းကို ဆက်ပြောပြသည်။ "တစ်ယောက်နဲ့တစ်ယောက် အတူတူ‌ရှိပြီးတဲ့နောက်မှာ နှစ်ယောက်ကြားမှာ သဘောထားကွဲလွဲမှုတွေပ ရှိနေတုန်းဘဲ၊ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သတိမထားမိဘဲ တဖြည်းဖြည်းနဲ့ ရင်းနှီးလာကြတယ်..."

ကျွမ်းကျွမ်းက ငယ်သေးပေမယ့် ရှက်နေသေးသည်။

“ဘဲလ်ကို ကယ်တင်ဖို့ သားရဲကြီးက ဝံပုလွေအကိုက်ခံလိုက်ရပြီး ဒဏ်ရာရသွားတယ်။ ဘဲလ်လည်း ရင်ထဲအရမ်းထိသွားတယ်။ အဲ့ဒီအချိန်ကနေစပြီး သူတို့နှစ်ယောက်က တဖြည်းဖြည်း ရင်းနှီးလာကြတယ်... ဟုလ်က နန်းတော်ထဲမှာ သားရဲကြီးနေကြောင်း သိသွားတော့ သူ့ကိုတိုက်ခိုက်ဖို့ လူတွေကိုခေါ်လာတော့တယ်။ သူက နန်းတော်ကိုရောက်လာပြီး သားရဲကြီးကို သေတဲ့အထိတိုက်ခိုက်ကြဖို့ စိန်ခေါ်တယ်....."

ကျွမ်းကျွမ်းလည်း သားရဲအတွက် စိတ်ပူသွားမိသည်။ တိုက်ခိုက်ကြရင် သူနိုင်ပါ့မလားလို့တွေးမိသွားသည် "သားရဲကြီး ဟုလ် ကိုအနိုင်ယူနိုင်အောင် ဘဲလ်က သားရဲကြီးကို အစွမ်းသတ္တိတွေပေးဖို့ နန်းတော်ကိုအပြေးသွားတယ်။ ဒါပေမယ့် အဲဒီအချိန်မှာဘဲ နှင်းဆီပန်းရဲ့နောက်ဆုံးပွင့်ချပ်က ညှိုးသွားပြီး သားရဲကြီးလည်း ဒဏ်ရာရပြီးမြေပြင်ပေါ် လဲကျသွားတော့တယ်"

ကျွမ်းကျွမ်းက ဝမ်းနည်းသွားတဲ့ပုံပင်။ "မင်းသားလေး၊ တောင့်ခံထားရမယ်လေ"

ရှောင်းကောရဲ့ အသံက ဆက်ထွက်လာသည်။ “ဘဲလ်က မင်းသားလေးဆီ ပြေးသွားပြီး သူ့ဘေးမှာ ဒူးထောက်ငိုယိုပြီး သူအသက်ပြန်ရှင်လာဖို့ တောင်းပန်တော့တယ်။ လူအများစုဟာ သာမန်လူမဖြစ်နိုင်တဲ့အခါကျရင် ငိုတတ်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာဘဲ ဘဲလ် ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရိုးသားမှုက စုန်းမကြီးရဲ့ ကျိန်စာ အနိုင်ယူနိုင်လိုက်တယ်။ ရွှေရောင်အလင်းတန်းတွေက ပေါက်ကွဲထွက်လာပြီး မြေပြင်ပေါ်က သားရဲကြီးကို ပတ်ဝိုင်းသွားတယ်။ ရွှေရောင်အလင်းတန်းတွေမှိန်ဖျော့လာတော့ မင်းသားလေးလည်း သူ့ရဲ့မူလပုံစံကို ပြန်ရလာတော့တယ်။ သူက အရင်အတိုင်းပြန် ချောမောလာပြီး နန်းတော်ကလည်း ရွှေရောင်ပြန်ပြောင်းသွားတယ်။ အစေခံတွေလည်း သူတို့ရဲ့ မူလပုံစံကို ပြန်ပြောင်းသွားကြတယ်။ အဲ့ဒီအချိန်ကနေစပြီး မင်းသားလေးနဲ့ဘဲလ် တို့လည်း ပျော်ရွှင် လှပတဲ့ဘဝကို ပိုင်ဆိုင်သွားကြတော့တယ်"

ကျွမ်းကျွမ်း အဲ့ဒီစကားကိုကြားတဲ့အခါ မနေနိုင်ဘဲ သူတို့အတွက် ဝမ်းသာသွားမိသည်။ ရှောင်းကောက ကျွမ်းကျွမ်းကို ဖျတ်ခနဲ နမ်းလိုက်ပြီး ညင်ညင်သာသာပြောလိုက်သည်။ "ကောင်းပြီ အိပ်တော့"

ကျွမ်းကျွမ်းက မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့အတူ အိပ်ပျော်သွားတော့သည်။ သူ မအိပ်ခင်မှာ ရှောင်းကောပြောခဲ့တဲ့ ဇာတ်လမ်းကို တွေးနေသေးသည်။

All Chapters