← Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

နောက်နေ့ မိုးမလင်းခင်မှာ အမျိုးသမီးယန်က လက်ကိုင်ပုဝါတစ်ထုပ်နဲ့ အတူ ရှောင်းကောတို့အိမ်တံခါးကို လာခေါက်ခဲ့သည်။ "လာပြီ!" ရှောင်းကော ပြန်ဖြေလိုက်ပြီး လှည့်ကာ ကျွမ်းကျွမ်းကိုသွားတိုက်ဖို့ တိုက်တွန်းလိုက်သည်။ သူမ တံခါးသွားဖွင့်လိုက်သည်။ “အမျိုးသမီးယန် ခဏလောက်ဝင်စောင့်ပေးပါဦး၊ ကျွန်မ မြည်းလှည်းပြင်လိုက်ဦးမယ်"

“ဟေး၊ သေချာပေါက်၊ အတူတူလုပ်ရအောင်"

အမျိုးသမီးယန်ရဲ့အကူအညီနဲ့ မြည်းလှည်းကို အမြန်တပ်ဆင်လိုက်သည်။ ရှောင်းကောသည် မြည်းလှည်းကို တံခါးဝဆီ တွန်းလိုက်ပြီး ကျွမ်းကျွမ်းကို အော်ခေါ်လိုက်သည်။ "ကျွမ်းကျွမ်း ရေသွားကြစို့!"

"ဟုတ် သားလာပြီ!" ကျွမ်းကျွမ်းလည်း အိမ်ထဲကနေ ပြန်ဖြေလိုက်သည်။

အမျိုးသမီးယန်က ရှောင်းကောကို တားလိုက်သည်။ "ရှောင်းကော၊ ကျွမ်းကျွမ်းကိုပါ ခေါ်သွားမလို့လား?" အမျိုးသမီးယန်က ကလေးကို ခေါ်သွားတာကအန္တရာယ်ရှိတယ်လို့ထင်သည်။ ဘာပဲဖြစ်ဖြစ် စျေးထဲဆွင် လူတော်တော်များသည်။

ရှောင်းကောလည်း အမျိုးသမီးယန် စိတ်ပူနေသည်ကို သိတာကြောင့် သူမဘက်လှည့်ကာ နှစ်သိမ့်ပေးသည်။ “အဆင်ပြေပါတယ်။ ကျွန်မ သူ့ကို အရင်တစ်ခေါက်ကလည်း ခေါ်သွားသေးတယ်။ အဲ့ဒါကအဆင်ပြေတယ်လေ။ ကျွန်မ သူ့ကို လမ်းတစ်လျှောက် ချီထားလိုက်တယ်"

“ကောင်းပါပြီ” အမျိုးသမီးယန်က ခဏလောက်စဉ်းစားလိုက်ပေမယ့် နည်းနည်းတော့ စိုးရိမ်နေသေးသည်။ သူမက ရှောင်းကောကို သတိပေးလိုက်သည်။ "သူ့ကို အနီးကပ်စောင့်ကြည့်ပြီး လက်မလွှတ်လိုက်နဲ့နော်!"

"ကောင်းပါပြီ! ကျွန်မ နားလည်ပါတယ်။ စိတ်မပူပါနဲ့!" ရှောင်းကောက အမျိုးသမီးယန်ကို နှစ်သိမ့်သည့်အပြုံး ပြုံးပြလိုက်သည်။

ကျွမ်းကျွမ်းလည်း ပြေးထွက်လာသည်။ သူက တံခါးကို ကျွမ်းကျွမ်းကျင်ကျင် သော့ခတ်လိုက်ပြီး သော့ကိုရှောင်းကောဆီ ပေးလိုက်သည်။ ရှောင်းကောလည်း သော့ကိုယူကာ အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူမကုန်းကာ ကျွမ်းကျွမ်းကို ချီလိုက်သည်။ "အစ်မ၊ ကောင်းကောင်းထိုင်နော်၊ သွားကြရအောင်!"

"ကောင်းပြီ သွားကြစို့!" အမျိုးသမီးယန်က ပျဉ်ချပ်ကိုကိုင်ကာ ရယ်မောလိုက်သည်။ "သွားကြစို့!"

ကျွမ်းကျွမ်းက အဲ့ဒီစကားကိုကြားတဲ့အခါ ရယ်မောလိုက်သည်။ သူကညာလက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်သည်။ "သွားကြစို့!"

ရှောင်းကောလည်း ထိုစကားကိုကြားတော့ ပြုံးလိုက်သည်။ "ဟိုင်းယား!"

ရှောင်းကောရဲ့ ညွှန်ကြားချက်အရ မြည်းလှည်းဟာ ရှေ့ကိုတဟုန်ထိုး ပြေးသွားပြီး ခရိုင်မြို့ဆီဦးတည်သွားတော့သည်။

မြည်းလှည်းသည် ချင်းရှီလမ်းသို့ ဦးစွာရောက်လာသည်။ အမျိုးသမီးယန်သည် လမ်းဆုံတွင် လှည်းပေါ်မှ ဆင်းလိုက်သည်။ ရှောင်းကောသည် လက်ကိုင်ပုဝါအိတ်အား အမျိုးသမီးယန်အား ပေးလိုက်သည်။ “အမျိုးသမီးယန် ကျွန်မ ရှင့်ကိုဘယ်အချိန်လာကြိုရမလဲ?"

အမျိုးသမီးယန်က ခဏလောက်စဉ်းစားလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နံနက် ၇ နာရီမထိုးခင် နေက ထွက်လာတတ်သည်။ “ အနည်းဆုံး မွန်းတည့်ပြီးမတ်တင်းလောက် ငါဒီမှာရှိနေလောက်မယ်။ ငါ ဒီမှာနေ့လယ်လောက်စောင့်နေလိုက်မယ်"

ရှောင်းကော အချိန်ကို အကြမ်းဖျင်း တွက်လိုက်သည်။ အဲ့ဒါက အမှန်ပင် "ကောင်းပြီ! ကျွန်မ အစ်မကို နေ့လယ်လောက်ဒီမှာစောင့်နေလိုက်မယ်!"

ရှောင်းကော ချင်းရှီလမ်းမှထွက်လာကာ လမ်းသုံးလမ်းကို ဖြတ်လိုက်ပြီး မကြာခင်တွင်ဘဲ ရူယီခေါက်ဆွဲဆိုင်ဆီရောက်လာသည်။ အဝေးကနေ တန်းစီနေတဲ့ လူတွေအများကြီးကို သူမ မြင်နေရသည်။ ရှောင်းကောသည် လူအုပ်ကြီးကို ရှောင်ကာ မြည်းလှည်းအား တစ်ဖက်တွင် ရပ်လိုက်သည်။ အထဲကနေ သူမမြည်းလှည်းကို မြင်ရတာကြောင့် ပျောက်သွားမည်ကို စိုးရိမ်စရာမလိုပါချေ။

လူတွေအများကြီး ရှိနေတာကိုမြင်တော့ ရှောင်းကော ကျွမ်းကျွမ်းကို အောက်မချတော့ပေ။ သူ့ကို ခေါက်ဆွဲဆိုင်ထဲ ခေါ်သွားလိုက်သည်။ သူမ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က တားလိုက်သည်။

"မင်္ဂလာပါ၊ မှာစားမှာလား ဆိုင်မှာပဲ စားမှာလားရှင့်?" ပြောရင်းဖြင့် သူမသည်တံခါးနားရှိ ဆိုင်းဘုတ်ကြီးတစ်ခုကို ညွှန်ပြလိုက်သည်။ သူမသည် ဆယ်နှစ်အရွယ်ခန့်ကလေးမလေးတစ်ဦးဖြစ်သည်။ သူမ၏ ဆံပင်ကို အထုံးနှစ်ထုံး ထုံးထားကာ အနီရောင်ဖဲကြိုးဖြင့် စည်းထားသည်။ သူမ၏ ငယ်ရွယ်ပြီးနူးညံ့သည့်မျက်နှာပေါ်တွင် ချိုသာသည့်အပြုံးတစ်ခုရှိသည်။

ရှောင်းကောလည်း သူမပြသည့်ဘက်ကို ကြည့်လိုက်သည်။ သူမသည် တန်းစီနေသည့် လူအုပ်ကိုဘဲ အာရုံစိုက်ကြည့်နေမိတာကြာင့် တံခါးဝရှိဆိုင်းဘုတ်ကြီးကို မတွေ့လိုက်ပေ။ ရှောင်းကော ဆိုင်းဘုတ်ပေါ်ရှိ စကားလုံးများကို ဖြည်းဖြည်းချင်း ဖတ်လိုက်သည် - “ရူယီခေါက်ဆွဲဆိုင်မှ အထူးအကြံပြုချက်၊ ငါးအသားလုံးနဲ့အာလူးခေါက်ဆွဲ၊ မှိုဟင်းချို ဒါမှမဟုတ် ဝက်ရိုးစွပ်ပြုတ်နဲ့ တစ်ပွဲကို ကြေးနီဒင်္ဂါး ၁၀ ပြားပါ။ မှာစားမယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ကိုယ့်ပန်းကန်တွေကိုယ် ယူလာပေးကြပါ!"

ကောင်းတယ်၊ ကောင်းတယ်။ ရှောင်းကောသည် သူမအရှေ့က ကောင်မလေးကို ပြုံးပြလိုက်သည်။ "မှိုဟင်းချိုနဲ့နှစ်ပွဲပေးပါ! ဒီမှာဘဲစားပါ့မယ်!"

ကောင်မလေးက အဲ့ဒါကိုကြားတဲ့အခါ ရှောင်းကောကိုခေါ်လာလိုက်သည်။ အဲ့ဒီအချိန် ဦးလေးရှုက ရှောင်းကောကိုတွေ့သွားပြီး အမြန်နှုတ်ဆက်လာသည် "ဆိုင်ရှင်ချင်း!"

ရှောင်းကောမှာ သူက သူမကို ခေါ်နေမှန်းမသိတဲ့အတွက် သူမကြားပေမယ့် လှည့်မကြည့်မိပေ။ အဲဒီအစား ကျွမ်းကျွမ်းက ဦးလေးရှုကို မြင်သွားသည်။ "မေမေ၊ ဖိုးဖိုးရှု!" ကျွမ်းကျွမ်းက ငွေရှင်းကောင်တာစားပွဲကို ညွှန်ပြကာ ရှောင်းကောကို ကြည့်ခိုင်းသည်။

ကောင်မလေးလည်း ကြားလိုက်သည်။ ဦးလေးရှုက ဆိုင်ရှင်ချင်းလို့ ခေါ်လိုက်တာကို ကြားလိုက်သည့်အခါ သူမသည် ဇဝေဇဝါဖြင့် မြေပြင်ပေါ်အမြစ်တွယ်သလိုရပ်သွားသည်။

ရှောင်းကော ကျွမ်းကျွမ်းပြောတာကို ကြားပြီး ဦးလေးရှု က သူမကို ခေါ်နေတာမှန်း သဘောပေါက်သွားသည် 'သူမကိုဘယ်လိုခေါ်လိုက်တာ? ဆိုင်ရှင်ချင်း?' ရှောင်းကော ရယ်ချင်သွားသည်။ သူမ လှည့်လိုက်ပြီး သူမဘေးနားရှိ ကလေးမလေးအား ပြောလိုက်သည်။ “ငါ မင်းကို မစတော့ပါဘူး။ ခေါက်ဆွဲနှစ်ပွဲက မယူဘူးနော်၊ ကျေးဇူးဘဲ!"

အဲဒါနဲ့ သူမ ကျွမ်းကျွမ်းအား ချီကာ ငွေကိုင်စားပွဲဆီ လျှောက်သွားလိုက်သည်။ ကောင်မလေးက ဘာတွေဖြစ်နေလဲ ဆိုတာနားလည်သွားသည်။ သူမက ရှောင်းကောကိုပြုံးပြလိုက်ပြီး တံခါးဝတွင် တခြားဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ သွားလိုက်သည်။

“ဦးလေးရှု၊ ကျွန်မကို ဆိုင်ရှင်ချင်းလို့ မခေါ်ပါနဲ့။ ရူယီ က ဆိုင်ရှင်ပါ!” ရှောင်းကောအနေဖြင့် သူမကိုယ်သူမ သူဌေးလို့ မသတ်မှတ်လိုပေ။ အများဆုံးအနေနှင့်၊ သူမဟာ ဟင်းချက်နည်းပြောပြထားသည့် ရှယ်ယာရှင်ငယ်လေးသာဖြစ်သည်။

"ဦးလေးတို့ရဲ့ ဆိုင်ရှင်ရှုက ဦးလေးတို့ကို ဒီလိုခေါ်ဖို့ အထူးတလည်ညွှန်ကြားထားတာ" တခြားသူတွေရှေ့မှာတော့ ဦးလေးရှုက ရူယီကို ဆိုင်ရှင်ရှုလို့ ခေါ်ပေမယ့် အပြင်မှာတော့ ရူယီလို့သာ ခေါ်သည်။

ထိုအချိန်တွင် ရှုရူယီသည် ပန်းကန်လုံးကြီးသုံးလုံးပါသည့် ဗန်းတစ်ဗန်းဖြင့် မီးဖိုချောင်မှ ထွက်လာသည်။ သူမ ဒယိမ်းဒယိုင်ဖြစ်နေသည်ကို မြင်လိုက်ရတဲ့အတွက် ရှောင်းကောသည် ငွေရှင်းကောင်တာမှ အမြန်ထွက်ကာ ကျွမ်းကျွမ်းအား ချလိုက်သည်။ သူ့အား အပြင်မထွက်ဘဲ ထိုနေရာတွင်သာ လိမ်လိမ်မာမာနေရန် ပြောလိုက်သည်။ ကျွမ်းကျွမ်းက ခေါင်းညိတ်ပြလိုက်တော့ ရှောင်းကောက ဦးလေးရှုအား ပြောလိုက်သည်။ " ဦးလေးရှု ကျေးဇူးပြုပြီး သူ့ကိုကူကြည့်ပေးထားပါနော်"

ဦးလေးရှုက သဘောတူကြောင်းပြရန်ခေါင်းညိတ်ပြပြီးသည့်နောက် ရှောင်းကောသည် ရှုယီထံမှ ဗန်းကို သက်သာရာရစွာ ယူလိုက်သည်။ ရုတ်တရက် ရှုရူယီလက်ထဲရှိ ဝန်မှာပေါ့သွားသည်။ သူမ ပဟေဠိဖြစ်နေတုန်းမှာဘဲ ရှောင်းကောအား မြင်လိုက်ရသည်။ "မင်းရောက်နေတာပဲ!" သူမက အံ့သြစွာဖြင့်ပြောလိုက်သည်။ သူမတို့နောက်ဆုံးတွေ့ခဲ့တာ တော်တော်ကြာပြီဖြစ်သည်။ အရင်တစ်ခေါက်က တွေ့တာနှင့်ဆိုလျှင် ဆယ်ရက်ကျော်နေပြီဖြစ်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်! ဒါကဘယ်စားပွဲကိုလဲ?" ဒီအချိန်ဟာ စကားပြောဖို့အချိန်မဟုတ်ကြောင်း ရှုရူယီ သိသည်။ ရှောင်းကော၏ မေးခွန်းကိုကြားတော့ သူမကစားပွဲနံပါတ်ကို အမြန်ပြောလိုက်သည်။

ရှောင်းကောလည်း ဘယ်စားပွဲလဲဆိုတာ သိပြီးနောက် ဗန်းအားသယ်သွားလိုက်သည်။ ရှုရူယီလည်း မီးဖိုချောင်ဆီပြန်လာကာ သူမအလုပ်ဆက်လုပ်သည်။

သူမအနားမှာမရှိသည့်အချိန် ရှောင်းကောတွင် ကူလုပ်‌ပေးစရာဘာမှမရှိနေပေ။ သို့ပေမယ့် သူမဒီမှာရှိနေတာမို့ သူမအနေဖြင့် ဘေးနားတွင် ဒီတိုင်းရပ်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် ရှောင်းကောလည်း အတတ်နိုင်ဆုံး ကူညီရန် ကြိုးစားသည်။

သူမတို့ပြီးသွားသည့်အချိန်က မွန်းတည့်ချိန်နီးနေပြီဖြစ်သည်။ ရှုရူယီလည်း နောက်ဆုံးတော့ ရှောင်းကောနှင့် စကားပြောရန် အချိန်ရလိုက်သည်။ သူမသည် ဆိုင်ရှိမိန်းကလေးနှစ်ယောက်ကို ရှောင်းကောနှင့် မိတ်ဆက်ပေးလိုက်သည်။ စောစောက ရှောင်းကောကို ကြိုဆိုခဲ့သည့် မိန်းကလေးက လင်လုံ လို့ခေါ်သည်။ မီးဖိုချောင်ထဲတွက် ခေါက်ဆွဲပြုတ်ရင်း အလုပ်ရှုပ်နေသည့် ကောင်မလေးကိုတော့ ဖူအာ လို့ခေါ်သည်။

ရှုရူယီက သူတို့ရဲ့ နောက်ခံအကြောင်းတွေကို ရှောင်းကောအား ပြောပြလိုက်သည်။ ရှောင်းကော ဂရုတစိုက်နားထောင်ပြီးသည့်နောက် ရှုရူယီဟာ စီးပွားရေးလုပ်ရာတွင် တကယ်တော်တယ်လို့ သူမ ခံစားလိုက်ရသည်။ “ရူယီ ရှင်က တကယ်အံ့သြစရာကောင်းတာပဲ။ ရှင့်ရဲ့လုပ်အားခွဲဝေတဲ့ပုံစံက ရှင်းရှင်းလင်းလင်းနဲ့ စည်းစနစ်ကျတယ်။ ရှင်က တကယ်အံ့ဩစရာကောင်းတာ!"

ရှုရူယီက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ “မဟုတ်ပါဘူး…” သူမရဲ့မျက်နှာက နီရဲလာသည်။

ရှောင်းကောက သူမကို စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်တာဖြစ်သည်။ ရှုရူယီက ပြောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ မပြောနဲ့တော့။ ငါ အရမ်းရှက်လာပြီ"

ရှုရူယီက ရှောင်းကော ချီးကျူးနေတာတွေကို တားလိုက်ပြီး စာရင်းဇယားများ ရေးဆွဲထားခြင်း ရှိ၊ မရှိ ဦးလေးရှု အား မေးလိုက်သည်။ ဦးလေးရှုက ငွေစာရင်းစာအုပ်ကို ထုတ်ကာ ဖွင့်ပြလိုက်သည်။ ရှောင်းကော သူမရှေ့ရှိနေ့စဉ်စာရင်းကို တွေ့လိုက်ရသည်။ ရှောင်းကောက သူမပြောသည့်အတိုင်း အသေးစိတ်မကြည့်ပေ။ "ကျွန်မ ရှင်တို့ကို ယုံပါတယ်။ စုစုပေါင်း ပမာဏကိုပဲ ပေးပါ"

ရှုရူယီသည် သူမကို အပြင်လူတစ်ယောက်လို မဆက်ဆံပါချေ။ သူမက အရမ်းတည့်တိုးဆန်သည်ကို မြင်လိုက်ရသည့်အတွက် သူမအနေဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် အကြောင်းမရှိပေ။ သူမသည် ဦးလေးရှုအား စုစုပေါင်းပမာဏကို ပြောပြခိုင်းလိုက်သည်။

ဦးလေးရှုသည် ပေသီးခုံကို ယူလိုက်ပြီး ရှောင်းကောအား ကမ်းပေးလိုက်သည်။ "စုစုပေါင်းငွေတုံး ၃၀ နဲ့ ကြေးဒင်္ဂါးပြား ၆၀ !"

ရှောင်းကော ခေါင်းညိတ်လိုက်ပြီး အရမ်းအံ့သြသွားမိသည်။ သူမမှာ ဝင်ငွေဒီလောက်ထိ ရလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ ရှုရူယီက ရယ်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "မင်းဘယ်လိုထင်လဲ?"

ရှောင်းကော - "ကျွန်မ အရမ်းအထင်ကြီးမိတယ်!"

ရှုရူယီ အကျယ်ကြီး ရယ်မောလိုက်သည်။ ရှောင်းကောလည်း ပြုံးလိုက်သည်။ သူမ အမျိုးသမီးယန်အား သွားကြိုရဦးမည်ဖြစ်ကာ အချိန်သိပ်မရှိတော့မှန်း တွေ့လိုက်ရသည့်အတွက် စာရင်းရှင်းစရာအပြင် သူမတွင် တခြားကိစ္စရှိသေးကြောင်း ရှုရူယီအားပြောလိုက်သည်။

ရှောင်းကောက စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ရှုရူယီအား ပေးလိုက်သည်။

"ဒါကဘာလဲ?" ရှုရူယီလည်း စိတ်ဝင်တစားဖြင့် ဖွင့်ကြည့်လိုက်သည်... ထို့နောက် သူမမျက်လုံးတွေ ပြူးကျယ်သွားတော့သည်။ "ဒါ... ဒါက... အခြေခံဟင်းရည်အသစ်ပဲ!"

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ "ရှင်က ကျွန်မကို ရှင့်လို ပိုင်ရှင်လို ဆက်ဆံတယ်။ ကျွန်မအနေနဲ့လည်းမျှဝေဖို့ ဝန်မလေးပါဘူး။ အဲ့ဒီထဲမှာအားလုံးကို အသေးစိတ် ရေးထားတယ်။ အဆင့်တွေအတိုင်းလိုက်လုပ်ရင် မှားစရာမရှိဘူး!"

မနေ့ညက သူမသည် အခြေခံဟင်းချိုအတွက် ချက်နည်းအသစ်ရေးရန် ကျွမ်းကျွမ်း၏ စုတ်တံနှင့် စာရွက်ကို အသုံးပြုခဲ့သည်။ ခရမ်းချဉ်သီးချိုချဥ်ဟင်းချိုဖြစ်သည်။

ရှုရူယီမှာ ငိုမိတော့မည်။ “ညီမ ရှောင်းကော…”

"ရှင်က ကျွန်မကို မိသားစုလို ဆက်ဆံပြီး ညီမလို့ခေါ်မှတော့ ကျွန်မလည်း ရှင့်ကို စိတ်ပျက်စေလို့ မဖြစ်ဘူးလေ" သူမ ရူယီလက်ကို ကိုင်လိုက်သည်။

ရှောင်းကောက သူမအား အသေးစိတ်ရှင်းပြသည်။ အချိန်အလုံအလောက် မရှိသဖြင့် ရှောင်းကောလည်း နေ့လယ်စာစားရန် သူမ၏ ကမ်းလှမ်းချက်ကို ယဉ်ကျေးစွာဖြင့် ငြင်းဆိုလိုက်သည်။ သူမ ပိုက်ဆံတွေကိုသိမ်းလိုက်ပြီး ကျွမ်းကျွမ်းနှင့်အတူ ချင်းရှီလမ်းဆီသို့ ဦးတည်လိုက်သည်။

ရှောင်းကော ရောက်လာသည့်အချိန်တွင် အမျိုးသမီးယန်လည်း လမ်းပေါ် ထွက်လာပြီဖြစ်သည်။ အမျိုးသမီးယန်က ပြုံးပျော်နေပြီး သူမ၏ အိတ်အလွတ်ကို မြင်လိုက်ရသဖြင့် အားလုံးရောင်းကုန်သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။ အမျိုးသမီးယန်သည် လမ်းတစ်လျှောက် ရှောင်းကောနှင့် စကားစမြည်ပြောလာကာ မကြာမီတွင်ဘဲ သူတို့အိမ်သို့ ရောက်လာသည်။

All Chapters