← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

သူတို့သမီးကို လက်ထပ်ပေးပြီးသည့်နောက် ချင်းမိသားစုလည်း အရမ်းဝမ်းနည်းခဲ့ရသည်။ ကျန်းတန်းဟယ်က လက်ထပ်ပြီးချင်းချင်း စစ်တပ်ထဲဝင်ဖို့ ခေါ်သွားခံရကြောင်း သူတို့လည်း ကြားသိခဲ့ရသည်။ သူ့ဘဝရဲ့ သေခြင်းရှင်ခြင်းဟာ ကံတရားလက်တွင်းမှာသာ ရှိတော့သည်။ နောက်တော့ သူတို့သမီးမှာ မုဆိုးမတစ်ယောက်နီးပါးဖြစ်လာခဲ့သည်။

လူအိုစုံတွဲက သူတို့ရဲ့ဆုံးဖြတ်ချက်ကို မုန်းတီး နောင်တရခဲ့ကြသည်။ သူတို့သမီးက သူတို့ကို အပြစ်တင်မှာ စိုးတာကြောင့် သူတို့တွေက သူမအရှေ့ကိုမပေါ်လာရဲခဲ့ပေ။

ရှောင်းကောအား လွမ်းဆွတ်သတိရသည့်အခါ သူတို့သည် မက်မွန်ပွင့်ရွာသို့သွားကာ သူမဆီ တိတ်တဆိတ် သွားရောက်လည်ပတ်ကြသည်။

ရှောင်းကော လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့သမီးလေးကို စပြီးလွမ်းဆွတ်လာမိသည်။ သူတို့တွင် မြည်းလှည်းဒါမှမဟုတ် ရထားလုံးမရှိသဖြင့် ရှောင်းကောဆီသွားရန် မက်မွန်ပွင့်ရွာသို့ လမ်းလျှောက်သာ သွားနိုင်ခဲ့သည်။ သူတို့ရောက်သွားတော့ သူမဗိုက်ကြီးနေတာကို တွေ့လိုက်ရသည့်အခါ သူတို့သမီးလေးဟာ မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုတာ သိလိုက်ရသည်။ လင်မယား နှစ်ယောက်လုံး ဝမ်းသာသွားကြသည်။ သူတို့သမီးလေးအတွက် အစားအသောက်နဲ့ အဝတ်အစားတွေဝယ်ဖို့ ချင်းအိမ်သို့ သူတို့ အမြန်ပြန်လာကြသည်။ သူတို့ပေးနိုင်တဲ့အရာက ဈေးကြီးတဲ့ပစ္စည်းတွေ မဟုတ်ပေမယ့် သူတို့တတ်နိုင်သမျှ အကောင်းဆုံးတွေဖြစ်သည်။

အဲ့ဒီအချိန် ရှောင်းကော တစ်ခုခုကို သတိရသွားသည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူမမှတ်မိနေသည့် ထူးခြားတဲ့အရာတစ်ခုရှိသည်။

အဲ့ဒီအချိန်တုန်းက သူမသည် ကိုယ်ဝန်အစောပိုင်းကာလတွင်ရှိနေကာ အချဉ်တစ်ခုခုကို အမြဲတောင့်တနေတတ်သည်။ အမျိုးသမီးကျန်းသည် သူမတောင့်တနေသည့် အရာကိုမဝယ်ရသေးခင် တံခါးအပြင်ဘက်တွင် အိတ်တစ်လုံးကို တွေ့ရှိခဲ့သည်။ အမျိုးသမီးကျန်း အဲဒါကို ယူလာတဲ့အခါ ဘယ်သူ ပို့လိုက်သလဲဆိုတာကို သူမ သိချင်ခဲ့သည်။ အဲ့ဒါတွေက သူမအကြိုက်အစားအစာတွေအပြည့်ဖြစ်နေမှန်း မူလပိုင်ရှင် သိလိုက်ရသည့်အခါ သူ့မိဘတွေက ပြင်ဆင်ထားပေးတယ်ဆိုတာ သူမမှန်းဆမိခဲ့သည်။ သို့သော် သူတို့တွေက သူမကိုလာ‌တောင်မတွေ့ကြဘူးဆိုတဲ့အကြောင်းနဲ့ သူမကိုယ်သူမ ပြန်သတိပေးလိုက်သည်။ ဒီလိုဆိုမှတော့ သူမအတွက် သူတို့ဘာလို့ ဒါတွေကို ပြင်ဆင်ပေးမှာတဲ့လဲ?

တကယ်တော့ သူတို့က သူမဆီကို တကယ်ပို့ခဲ့တာဖြစ်သည်။ ရှောင်းကော ထိုစကားကိုကြားလိုက်ရသည့်အခါ မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ စီးကျလာပြန်သည်။

ချင်းအန့်မင်က ဆက်ပြောပြသည်...

ထိုအချိန်မှစ၍ ချင်းစုံတွဲသည် ရှောင်းကောကလေးမမွေးမီအချိန်အထိ သူမဆီ အခါအားလျော်စွာ သွားရောက်လည်ပတ်ခဲ့ကြသည်။ သူမကလေးမွေးတဲ့နေ့တွင် သူ့မိဘတွေမှာ စိတ်ပူရလွန်းလို့ မစားနိုင်မအိပ်နိုင် ဖြစ်ကြရသည်။ ကလေးလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားခဲ့ပြီး ရှောင်းကောလည်း ဘေးကင်းကြောင်းကြားမှ သူတို့စိုးရိမ်နေတာတွေ ရပ်တော့သည်။

သို့သော် အစားအစာခေါင်းပါးမှုအချိန်သို့ ရောက်လာသည့်အခါ ချင်းဇနီးမောင်နှံတို့သည် အာဟာရချို့တဲ့မှုနှင့်အတူ အလုပ်ပိုလုပ်ခြင်းကြောင့် ကျန်းမာရေးမကောင်းဖြစ်ကြတော့သည်။ မကြာခင်မှာပဲ သူတို့ ဆုံးပါးသွားခဲ့ကြသည်...

အဲဒီနောက်မှာတော့ သူ့မိဘတွေကို သင့်တော်သလို သင်္ဂြိုဟ်ဖို့အတွက် ချင်းအန့်မင်သည် သူတို့ပိုင်ဆိုင်သည့်မြေကို ရောင်းချခဲ့ကာ ခေါင်းတလားနှင့် သင်္ဂြိုဟ်သည့်အဝတ်အစားတွေ ဝယ်ဖို့ရန်အတွက် ထိုပိုက်ဆံကိုသုံးခဲ့သည်။ ထို့နောက် ဇနီးမောင်နှံနှစ်ဦးအား တောင်နောက်ဘက်တွင် မြှုပ်နှံခဲ့သည်။ သူတို့တွေဟာငြိမ်သက်တိတ်ဆိတ်မှုကို သဘောကျကြတာကြောင့် ယင်းနေရာသည် သူတို့အားမြုပ်ရန်အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ သူတို့မသေခင်မှာတောင် ရှောင်းကောနဲ့ သူမကလေးအကြောင်း တွေးနေခဲ့ကြသေးသည်...

ချင်းအန့်မင်၏ စကားကိုကြားပြီးသည့်နောက် ရှောင်းကောသည် ထိန်းမနိုင်သိမ်းမရ ငိုကြွေးမိကာ မူးမေ့လုမတတ်ပင်။

ဒီတော့ ဒါကအမှန်တရား ဖြစ်သည်။ သူမမိဘတွေက သူမကိုချစ်ကြပေမယ့် ဒါကတော့ သူမ အမှားပင်။ သူမဟာ သူမရဲ့ အတွေးတွေဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ သူမ၏ မိဘများနှင့် နောက်ဆုံးအကြိမ်တွေ့ခွင့်ကို လွတ်သွားခဲ့ရသည်။ သူမဒီလောက်ထိ အတည်မမှတ်ယူခဲ့သင့်ပေ!

ဒီအချိန်တွင်တော့ ရှောင်းကောတွင် ဝမ်းနည်း၊ ဒေါသနှင့် နောင်တရမှုတွေဖြင့်သာ ပြည့်နှက်နေတော့သည်။

ရှောင်းကောရဲ့ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။ သူမအနေဖြင့် မျက်ရည်တွေကို သုတ်ဖို့စိတ်မဝင်စားအားပေ။ သူမ၏ နာကျင်နေသည့် နှလုံးသားကိုသာ ဆုပ်ကိုင်ထားမိသည်။

ချင်းအန့်မင်လည်း ဘေးနားတွင် ငိုနေမိသည်။ သူလည်း သူ့မိဘတွေကို သတိရသည်။

ရှောင်းကော သူမကိုယ်သူမ တဖြည်းဖြည်းချင်း စိတ်ငြိမ်အောင်လုပ်လိုက်သည်။ ချင်းအန့်မင်၏ လက်ရှိအခြေအနေကိုကြည့်ကာ သူ့တွင်ဘာဖြစ်ခဲ့လဲဆိုတာကို သူမ မေးလိုက်သည်။

ချင်းအန့်မင် သက်ပြင်းချလိုက်ကာ ဖြည်းဖြည်းချင်း ရှင်းပြလာသည်။

သူ့မိဘတွေရဲ့ ဈာပနကို ကိုင်တွယ်ပြီးသည့်နောက် အငတ်ဘေးက ဆက်ပြီးဖြစ်နေသေးကာ မိသားစုပိုင်မြေတွေလည်း မရှိတော့ပေ။ ချင်းအန့်မင်သည် အသက်ဆက်ရန်အတွက် တောရိုင်းဟင်းသီးဟင်းရွက်များ တူးရန် တောင်ပေါ်သို့သွားသည်။ ရံဖန်ရံခါ သူသည် တောကြက်များကို ရှာတွေ့ခဲ့ပြီး အဲ့ဒါတွေက သူ့ရဲ့အစာဖြစ်လာသည်။ သို့သော် အဲ့ဒီလိုအခြေအနေမျိုးက အရမ်းရှားပါးသည်။

တခါတရံမှာ လူတွေကိုအပင်စိုက်၊ ရိတ်သိမ်းပေးဖို့ ကူညီပေးသည်။ သူ့လုပ်အားနှင့် လဲလှယ်ကာ သူတို့က သူ့အားထမင်းကျွေးသည်။ သို့ပေမယ့် ဒါတွေဟာလည်း ရှားရှားပါးပါး အချိန်အခါတွေပင်။

ဒီအချိန်မှာတော့ သူသည်မိသားစုတစ်စုအား စပါးရိတ်သိမ်းရန်အတွက် ကူညီပေးနေခဲ့သည်။ သို့သော် မိုးက ရုတ်တရက် ရွာချလာကာ သူလည်းမိုးရေထဲမှ အချိန်မီမလွတ်လိုက်ပေ။ မိုးရေတွေလည်းရွှဲရွှဲစိုကာ ဆာလောင်မှုကြောင့် သူနေမကောင်းဖြစ်နေပြီး နောက်ဆုံးတော့ မူးလဲကျသွားတော့သည်။

ရှောင်းကော နားထောင်နေရင်း သူမရင်ထဲမှာ နာကျင်သွားရသည်။ "သမားတော်နဲ့ပြထားလား?"

ချင်းအန့်မင် နည်းနည်းရှက်သွားမိသည်။ “ဟင့်အင်း…”

ပိုက်ဆံမရှိမှတော့ ဆရာဝန်နဲ့ ဘယ်လိုလုပ်ပြနိုင်မှာတဲ့လဲ?

ရှောင်းကောက နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ပတ်ပတ်လည်ကို ကြည့်ရင်း သူမစိတ်ထဲကနေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ချင်းအန့်မင် သဘောတူပါ့မလားလို့တော့ သူမ တွေးမိသည်။

ဒီလိုအတွေးနဲ့အတူ ရှောင်းကောသည် မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်တွေနှင့် သူ့ကိုကြည့်လိုက်သည်။ လောလောဆယ်တော့ အဲ့ဒီအကြောင်း သူမ မပြောသေးဖို့ ဆုံးဖြတ်လိုက်သည်။ ဘယ်လိုဘဲဆိုဆို သူသဘောတူလိမ့်မည် မဟုတ်ပေ။ သူမအနေဖြင့် နည်းလမ်းတစ်ခုတော့ စဉ်းစားထားရသည်။

ချင်းအန့်မင်မှာ သူ့ညီမက သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေတယ်လို့ ခံစားမိပေမယ့် ဒီအကြောင်းကို သူသိပ်ပြီး မစဉ်းစားလိုက်ပေ။ ဒီနေ့ ရှောင်းကော ရုတ်တရတ် လာလည်တာကို တွေးမိပြီး သူမနေနိုင်ဘဲ နည်းနည်းစိုးရိမ်သွားမိသည်။ "စကားမစပ် ညီမလေးဒီနေ့ဘာလို့ဒီကိုလာတာလဲ? တစ်ခုခုဖြစ်သွားလို့လား?"

ဒါကိုကြားတော့ ရှောင်းကော စိတ်ထဲမှာ မျက်ရည်ကျမိသည်။ သူက တကယ်ကို သူမရဲ့မိသားစုဘဲ။ သူတွေးသမျှတွေက သူမအတွက်ကြီးပဲ။ ရှောင်းကောမှာ ထပ်ပြီး ငိုမိလုမတတ်ပင်။ “ညီမ အစ်ကိုတို့ကို အရမ်းသတိရခဲ့တယ် ဒါပေမယ့် အစ်ကိုတို့က ညီမကို လာမခေါ်ကြဘူး။ အစ်ကိုတို့က ညီမကို မလိုချင်တော့ဘူးလို့ထင်ခဲ့တာ"

"သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ!"

"ဒါဆို ညီမတို့မိဘတွေ ဆုံးသွားပြီး‌တဲ့နောက်ပိုင်းမှာ အစ်ကိုဘာလို့ ညီမဆီမလာတာလဲ?"

ချင်းအန့်မင်မှာ ရှင်းပြဖို့ စိတ်အားထက်သန်နေသော်လည်း သူက စိုးရိမ်တကြီးနဲ့ ပြောလာတာကြောင့် အဲ့ဒီအစား ချောင်းဆိုးတော့သည်။

ရှောင်းကော အမြန်ထကာ သူသက်သာအောင် နောက်ကျောကို ပွတ်ပေးလိုက်သည်။ သူ သက်သာသွားတဲ့အခါမှ ထိုင်ကာ သူ့စကားကို ဆက်နားထောင်သည်။

“ညီမလေး လက်ထပ်ပြီးသွားတော့ အဖေနဲ့အမေက ညီမလေးအကြောင်းတွေကိုဘဲ တစ်ချိန်လုံး တွေးနေခဲ့ကြတာ။ သူတို့ဆုံးသွားတော့ အစ်ကိုတစ်ယောက်တည်းကျန်ခဲ့တဲ့အချိန် ညီမလေးကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်လို့ပါ။ မင်းက တစ်လကို ငွေတစ်တုံး ရတယ်လေ။ ညီမလေးရဲ့ယောက္ခမနဲ့ ကျွမ်းကျွမ်းတို့နဲ့အတူ ညီမလေးက အရမ်းကောင်းကောင်းမွန်မွန် မနေနိုင်ပေမယ် စားဖို့သောက်ဖို့ အတွက်တော့ လုံလောက်တယ်လေ"

ဒီအချိန်ဟာ ကပ်ဘေးကာလဖြစ်တာကြောင့် သူ့အနေနဲ့ ရှောင်းကောအတွက် ဘယ်လိုလုပ် ဝန်ထုပ်ဝန်ပိုး ဖြစ်ခွင့်ပေးရမှာလဲလို့ ချင်းအန့်မင် ဆိုလိုတာပင်။ သူ့အနေဖြင့် သည်းခံကာ ရှင်သန်ဖို့ ကြိုးစားရုံပင်။

ရှောင်းကော မျက်မှောင်ကြုတ်လိုက်သည်။ အမျိုးသမီးကျန်းသေဆုံးမှုနှင့် တိုက်ပွဲတွင် ကျန်းတန်းဟယ် သေဆုံးသွားသည့်အကြောင်း သူ မသိသေးတဲ့ပုံပင်။

အဲဒါက အဓိပ္ပာယ်ရှိသည်။ ချင်းအန့်မင်သာ ချင်းရှောင်းကော၏ အခြေအနေကိုသိပါက၊ သူမနှင့်ကလေးအား နှစ်ယောက်တည်း နေခိုင်းမည်မဟုတ်ပေ။ သူ့အနေဖြင့် သူမတို့အား ချင်းမိသားစုဆီ ပြန်ခေါ်လာမှာ ကြာပြီဖြစ်သည်။ သူတို့အနေဖြင့် တစ်နေ့ကို ထမင်းသုံးနပ် အပြည့်စားရဖို့ မသေချာသော်လည်း သူငတ်အောင်တော့ ထားမှာ မဟုတ်ပေ။

ရှောင်းကောသည် ချင်းအန့်မင်ချောင်းဆိုးကာ သူ့ဘာသာသူ ရေတစ်ခွက်ထည့်ချင်နေတာကိုမြင်လိုက်သည်။ သို့သော် ရေပုံးထဲတွက် အလွတ်ဖြစ်နေကြောင်း သူမတွေ့လိုက်ရသည်။ သူမ ခြံဝန်းထဲသွားလိုက်ပေမယ့် ရေတွင်းကို မတွေ့ပေ။

"ရေဘယ်ကနေယူတာလဲ?" ရှောင်းကောက ရေပုံးကို လက်လှမ်းလိုက်သည်။

ချင်းအန့်မင်က သူမကို အမြန်တားလိုက်သည်။ “မသွားနဲ့။ ဝေးလွန်းတယ်။ ရွာမှာ ရေတွင်းတစ်တွင်းပဲရှိတာ။ ဒီနေရာနဲ့ အရမ်းဝေးတယ်”

သူသည် ရှောင်းကော၏ ပိန်သွယ်လှသည့် လက်နှင့် ခြေထောက်တွေကို ကြည့်လိုက်သည်။ သူမအရပ်ရဲ့တစ်ဝက်လောက်ရှိတဲ့ ရေပုံးကို သူမသယ်ထားတဲ့ပုံကိုတွေးကြည့်လိုက်တော့ သူ့စိုးရိမ်သွားမိသည်။ သူမ လဲသွားမှာ သူစိုးသည်။

ရှောင်းကော ကူကယ်ရာမဲ့စွာဖြင့် ထိုင်ချလိုက်သည်။ ချင်းအန့်မင် နေနေသည့် ပတ်ဝန်းကျင်ဟာ သူမပထမဆုံးရောက်သည့်အချိန်ထက်တောင် ပိုဆိုးသေးသည်။

"အစ်ကို!"

ရှောင်းကော ချင်းအန့်မင်ကို အကျယ်ကြီး အော်လိုက်တော့ သူ့လန့်သွားသည်။

သူ့မှာ အခုလေးတင် ရှက်ရွံ့မှုတွေထဲနစ်မြုပ်နေတာဖြစ်သည်။ အကယ်၍ သူ့ညီမသာ သူဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းနေရမှန်း သိသွားပါက သူတကယ် ရှက်မိမှာပင်။

ရှောင်းကော သူ့ကို လှမ်းအော်လိုက်တော့ သူ လန့်သွားသည်။ သူမရဲ့ လေးနက်နေတဲ့လေသံကို ကြားပြီး သူ့ကိုကြည့်ရတာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည့်ပုံပင်။

"ဘာ - ဘာဖြစ်လို့လဲ?"

သူ့အစ်ကို လန့်သွားတာကိုမြင်တော့ ရှောင်းကောက လေသံခပ်ပျော့ပျော့နဲ့ ပြောလိုက်သည်။ "ညီမနဲ့အတူ မက်မွန်ပွင့်ရွာကိုလိုက်ခဲ့ပါ"

"ဘာ?!"

ချင်းအန့်မင်က သူနားကြားမှားတယ်လို့ထင်ကာ သူမကို ထပ်မေးလိုက်သည်။

“အိမ်မှာ ညီမနဲ့ကျွမ်းကျွမ်းပဲ ကျန်ခဲ့တယ်။ ညီမတို့မိဘတွေ ဆုံးသွားပြီး သိပ်မကြာဘူး ညီမယောက္ခမလည်း ဆုံးသွားတယ်”

ရှောင်းကောက ချင်းအန့်မင်ကိုအားလုံး ရှင်းပြလိုက်သည်။

"ဘယ်လို?!"

ကျန်းမာနေတဲ့ အမျိုးသမီးအိုကြီးက ရုတ်တရက်ဆုံးသွားလိမ့်မည်ဟု ချင်းအန့်မင် မမျှော်လင့်ထားပါချေ။

ရှောင်းကောက သူ့အား ရှင်းပြလိုက်သည်။ " ကျန်းတန်းဟယ်ဆုံးသွားတဲ့အကြောင်း သူကြားခဲ့ရလို့လေ။ ပြီးတော့ အဲ့ဒီတုန်းက အစားအစာတွေ ရှားပါးတဲ့အချိန်လေ။ သူလည်း လဲသွားပြီး မထနိုင်တော့ဘူး။ သိပ်မကြာခင်မှာပဲ သူဆုံးသွားတော့တယ်"

ချင်းအန့်မင်မှာ မယုံနိုင်စွာဖြင့် ကြည့်နေမိသည်။ သူ့မျက်ခုံးတွေက ကြွတက်သွားကာ မျက်လုံးနှင့် ပါးစပ်တွေလည်း ခပ်ကျယ်ကျယ် ပွင့်သွားသည်။ "ဒါ! ဒါက!”

ချင်းအန့်မင်မှာ အံ့အားသင့်နေမိသည်။ ဒါတွေအားလုံးကို သူ မသိခဲ့ပေ။ အဲဒီတုန်းက သူရှောင်းကောကို ဘာလို့သွားမတွေ့မိခဲ့ရတာလဲ?

"ဒီနောက်ပိုင်း ညီမလေး ဘယ်လိုနေနေရလဲ?"

ချင်းအန့်မင်က ခက်ခက်ခဲခဲနဲ့ မေးလိုက်သည်။ သူ့နှုတ်ခမ်းတွေက တုန်ရီနေကာ သူ့အသံတွေလည်း တုန်ခါနေသည်။

All Chapters