← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ရှောင်းကောလည်း မူပိုင်ရှင်၏ အတွေ့အကြုံအသေးစိတ်များမှ အတတ်နိုင်ဆုံး အသေးစိတ်ဖြစ်အောင်ကြိုးစားကာ အမှန်အတိုင်း ပြောပြလိုက်သည်။ သို့ပေမယ့် ဒီလိုနဲ့ ချင်းအန့်မင်ရဲ့ မျက်လုံးတွေမှာ တဖြည်းဖြည်း နီရဲလာသည်။ ဖြူဖျော့နေပြီဖြစ်တဲ့ သူ့မျက်နှာက ပိုပြီးတော့တောင် ဖြူဖျော့သွားသည်။ သူ့မျက်နှာတွင် သွေးတွေ လုံးဝဆုတ်သွားသည်။

“အစ်ကို…”

ရှောင်းကော သူ့ကို ဒီလိုမျိုးမမြင်ချင်ပေ။ သူမရဲ့ဝမ်းနည်းစရာကောင်းမှုကြောင့် ပိုပြီးထိလွယ်ရှလွယ်ဖြစ်နေတဲ့ သူမရှေ့မှ အမျိုးသားကို ကြည့်လိုက်မိသည်။

ရှောင်းကောရဲ့မျက်လုံးတွေထဲ အကြံတစ်ခုဖြတ်ခနဲဝင်လာသည်။

ယခုသူမအရာအားလုံးကို ပြောပြလိုက်တာကြောင့် ချင်းအန့်မင် အနေနှင့် သူမနှင့်အတူလိုက်သွားရန် လုံးဝသဘောမတူလောက်တော့ပေ။ ကြည့်ရတာ သူမအနေဖြင့်ပိုပြီးတော့ ဆိုးရွားအောင် လုပ်ရမည်ပုံပင်။ ဒီလိုဆိုလျှင် ချင်းအန့်မင် အနေဖြင့် သူမကို တစ်ယောက်တည်း ပြန်လွှတ်လိုက်ရမှာအတွက် စိတ်မကောင်းဖြစ်နေလိမ့်မည်ပင်။

ချင်းအန့်မင် သူမကိုကြည့်လိုက်တော့ ရှောင်းကောရဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျနေသည်။ သူမသူ့ကိုကြည့်လိုက်ပြီး သူမရဲ့ သစ်ခေါက်တွေကိုစား မြက်ရိုင်းတွေကို စားခဲ့ရတဲ့အတွေ့အကြုံတွေအကြောင်း ပြောပြလိုက်သည်။

ချင်းအန့်မင်၏ စိတ်မသက်မသာဖြစ်သည့် အကြည့်ကို ကြည့်ရင်း ရှောင်းကောက နောက်ဆုံးလှိုင်းလုံးကိုမှုတ်ထုတ်လိုက်သည်။

“ညီမရဲ့သနားစရာကျွမ်းကျွမ်းလေး…”

ရှောင်းကော ချင်းအန့်မင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပင်၊ ကျွမ်းကျွမ်း အကြောင်းကို ပြောလိုက်သည့်အခါ သူပိုလို့တောင် ခံစားရလိမ့်မယ်ဆိုတာ သူမ ပြောနိုင်သည်။ ချင်းအန့်မင်သည် ငိုပြီးနောက် အိပ်ပျော်သွားသည့် ကျွမ်းကျွမ်းကို ဂရုဏာသက်စွာဖြင့်ကြည့်လိုက်သည်။

"ညီမက ကျွမ်းကျွမ်းနဲ့ နှစ်ယောက်ထဲနေရတော့ သူ့ကို ပြုစုရတယ်။ အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကိုလည်း ပေါင်းသတ်ရဦးမယ်။ ပြီးရင် ရိတ်သိမ်းရမယ့် သီးနှံတွေလည်းရှိသေးတယ် ညီမမှာလုပ်စရာတွေ တကယ်ပြည့်နေတာ…”

ရှောင်းကောသည် သူမ၏ အခြေအနေကို ပြောပြရင်း ငိုရှိုက်လိုက်သည်။ ချင်းအန့်မင်၏ ပြောင်းလဲသွားသည့် အမူအရာကိုကြည့်ကာ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီမှန်း သူမ သိလိုက်သည်။

ရယ်မိသွားမှာစိုးတာကြောင့် ရှောင်းကောတစ်ဖက်ကို အမြန်လှည့်ကာ ငိုနေတာကို ရပ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် သူမသည် ရိုးသားတဲ့လူတစ်ယောက်ကို လှည့်စားနေသလို ခံစားလိုက်ရသည်။

“ကောင်းပြီ၊ ကောင်းပြီ။ ရှောင်းကော၊ မငိုနဲ့တော့။ အစ်ကို... မင်းနဲ့အတူ လိုက်မယ်။ အစ်ကို ကျွမ်းကျွမ်းကို ကူပြီးဂရုစိုက်ပေးမယ်၊ စိတ်မပူနဲ့!"

ချင်းအန့်မင် သူ့မျက်ရည်တွေကို သုတ်ကာ ရှောင်းကောကို ကြည့်ရင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

ရှောင်းကော၏ အမူအရာကလည်း ချက်ချင်းပြောင်းသွားပြီး ပြုံးကာ ထရပ်လိုက်သည်။

"ဒါဆို ပြောင်းကြရအောင်!"

ဒီစကားတွေနဲ့အတူ သူမသည် ချင်းအန့်မင်၏ အဝတ်အစားတွေကို ချက်ချင်းထုပ်ပိုးလိုက်သည်။ ချင်းအန့်မင် အံ့အားသင့်သွားသည်။ ခုနလေးကတင် ငိုနေတဲ့သူက စက္ကန့်ပိုင်းလေးအတွင်းမှာဘဲ ဘယ်လိုလုပ် ပြောင်းလဲသွားရတာလဲ?

ရှောင်းကောကတော့ ချင်းအန့်မင်၏ မျက်နှာပေါ်က အရိပ်အယောင်တွေကို သတိမထားမိပေ။ သူမသည် ဗီရိုထဲမှ အဝတ်အားလုံးကို ထုတ်ယူလိုက်သည်။ တကယ်တော့ ယူစရာသိပ်မရှိပေ။ ထို့နောက် ဗီရိုထောင့်မှ အဝတ်စပိုင်းကြီးတစ်စကိုထုတ်လာကာ အဝတ်အစားတွေကို အဲ့ဒီအစပေါ်တွင် ထားလိုက်သည်။ ထို့နောကို အဝတ်စ၏ ထောင့်လေးထောင့်ကိုယူလိုက်ကာ အစတွေကိုချည်လိုက်သည်။

အဝတ်ထုပ်ကို ဘေးပို့လိုက်ကာ သူမသည် ချင်းအန့်မင်ကို ဖြတ်ပြီး သူ့ဘေးတွင် အိပ်နေသည့် ကျွမ်းကျွမ်းဆီ ရောက်လာသည်။ သူမ သူ့ကို အသာလှုပ်ကာ နှိုးလိုက်သည်။

"ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း၊ ထတော့။ မေမေတို့ပြန်ကြမယ်”

ကျွမ်းကျွမ်း အိပ်ပျော်ရာမှ ဖြည်းဖြည်းချင်း နိုးလာကာ မျက်လုံးတွေကို လက်ဖြင့်ပွတ်လိုက်သည်။ ရှောင်းကောက သူ့လက်တွေကို အသာလေးဖယ်လိုက်ကာ သူ့မျက်လုံးတွေကို သူမလက်ဖြင့် နှိပ်နယ်ပေးလိုက်သည်။

"ကျွမ်းကျွမ်း၊ ဦးလေးက မေမေတို့နဲ့အတူ လိုက်လာမှာ။ သူ့ပစ္စည်းတွေကို မေမေတို့ကူရွှေ့ပေးကြမလား?"

ကျွမ်းကျွမ်း အခုမှသေချာနိုးလာကာ ရှောင်းကောပြောတာကို ကြားလိုက်ရသည်။ သူ့မျက်လုံးတွေပြူးကျယ်လာကာ အဲ့ဒါက ဟုတ်လားမဟုတ်ဘူးလားဆိုတာ ထပ်မေးလိုက်သည်။

"မေမေ! တကယ်ပြောနေတာလား?"

ကျွမ်းကျွမ်းက သူ့ဦးလေးကို အရမ်းသဘောကျသည်။ ဒါက သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်ပေမယ့် သူ့နှလုံးသားအောက်ခြေအထိ သူ့ကိုသဘောကျသည်။ သူ့ဦးလေးသာ လိုက်လာရင် ကောင်းမှာပဲ!

"တကယ်ပြောတာ! မြန်မြန်၊ ဒီအထုပ်ကို မြည်းလှည်းပေါ် တင်လိုက်"

ရှောင်းကောက ကျွမ်းကျွမ်းရဲ့ ခေါင်းကို ပုတ်လိုက်သည်။ “သွားလေ"

ကျွမ်းကျွမ်း သက်ပြင်းချလိုက်ကာ အထုပ်ကို ဝမ်းသာအားရ ဆွဲယူလိုက်သည်။

ဒီတော့မှ ချင်းအန့်မင်လည်း ဖြစ်ပျက်နေတာတွေကို သဘောပေါက်သွားသည်။ ရှောင်းကော အပြေးအလွှားနဲ့ ဝင်လိုက်ထွက်လိုက် လုပ်နေတာကို မြင်လိုက်ရတော့ သူရင်ထဲထိသွားကာ ချီတုံချတုံ ဖြစ်လာတော့သည်။

“ရှောင်းကော…”

"ပြောလေ?"

ရှောင်းကော ရပ်သွားပြီး ကုတင်ပေါ်ရှိ ချင်းအန့်မင်အားကြည့်လိုက်သည်။

"အစ်ကို မသွားတော့ရင် ပိုကောင်းမယ်ထင်တယ်..."

ရှောင်းကော စိတ်ဆိုးတော့မှာကိုမြင်တော့ ချင်းအန့်မင်က အမြန်ပြောလိုက်သည်။ "အစ်ကိုသာသွားရင် မင်းတို့ကို အရမ်းဒုက္ခပေးမိလိမ့်မယ်လို့ ထင်တယ်..."

ရှောင်းကောမှာ သူတုံ့ဆိုင်းနေတဲ့ဟာကို ချက်ချင်းသိလိုက်သည်။ သူမ အခုစဉ်းစားကြည့်လိုက်မှ ဒါက အဓိပ္ပါယ်ရှိတယ်လို့ ထင်သည်။ သူမမှာ ပိုက်ဆံရှိတယ်ဆိုတာ သူ့ကို မပြောပြရသေးပေ။

"အစ်ကို၊ စိတ်မပူပါနဲ့ ညီမနဲ့လိုက်လာခဲ့ပါ။ ညီမ အခုခရိုင်က ခေါက်ဆွဲဆိုင်မှာ အလုပ်လုပ်နေတာ။ ညီမက သူတို့ကို ဟင်းချက်နည်းတွေပြောပြပြီး သူတို့က ညီမကိုလတိုင်းပိုက်ဆံပေးတယ်။ ဒါကြောင့် စိတ်မပူပါနဲ့ ညီမမှာ ပိုက်ဆံရှိတယ်!”

ချင်းအန့်မင် ထိုစကားကိုကြားသည့်အခါ စိတ်အေးသွားသလို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူက သူမတို့အတွက် ဝန်ထုပ်ဝန်ပိုး ကြီးကြီးမားမား မဖြစ်တော့ပေ။ သူမကို သူထပ်မေးချင်ပေမယ့် အခုကအချိန်မရှိတော့ဘူးဆိုတာ သူ သိသည်။ သူလမ်းမှာ ထပ်မေးရမည်ပင်။

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့၏ လှုပ်ရှားမှုအားလုံးကို ကြည့်ရင်း ချင်းအန့်မင်မှာ စိတ်မကောင်းဖြစ်မိသည်။ သူ့တွင် အားသိပ်မရှိသည့်အတွက် ကြည့်နေရုံကလွဲပြီး ဘာမှမလုပ်နိုင်ပါချေ။ ထို့ကြောင့် သူ သေးသေမွှားမွားအရာတွေကိုသာ ကူညီပေးနိုင်သည်။

သူတို့ သုံးယောက်သည် အားလုံးကို လျင်မြန်စွာဖြင့်ထုပ်ပိုးတာ ပြီးမြောက်သွားကြသည်။ သူတို့တွေကပစ္စည်းတွေ အများကြီး မယူခဲ့ကြပေ။ အများစုက သူနေ့စဉ်လိုအပ်တဲ့ အရာတွေသာဖြစ်သည်။ ကျန်သည့် ကြီးကြီးမားမား ပစ္စည်းတွေကိုတော့ မရွေ့နိုင်တာကြောင့် ချန်ထားရသည်။

ချင်းအန့်မင်သည် လှည့်းပေါ်တွင် ကျွမ်းကျွမ်းနှင့်အတူ‌ဘေးကပ်ရပ်ထိုင်လိုက်သည်။ ရှောင်းကောက သော့အား သိမ်းထားလိုက်သည်။ သူမသည် မြည်းလှည်းဆီ ပြန်လာကာ သူမနောက်ကျောရှိတောင်းထဲမှ ဝက်သားကို ထုတ်လိုက်သည်။

"မေမေ၊ အသားနဲ့ ဘာလုပ်နေတာလဲ?"

ကျွမ်းကျွမ်းမှာ သူ့အမေ ဘာလို့ အသားကိုထုတ်လိုက်လဲဆိုတာကို သိချင်နေသည်။ ဒီအသားက သူ့ဦးလေးအတွက် မဟုတ်ဘူးလား? ဒါပေမယ့် သူ့ဦးလေးက သူတို့နဲ့အတူလိုက်လာပြီလေ။ သူ့အမေက အသားနဲ့ဘာလုပ်မလို့လဲ?

“ခဏစောင့်။ အသားကို အနားက အိမ်နီးချင်းဆီ သွားပို့မလို့"

အဲ့ဒါနဲ့ဘဲ သူမသည် မျက်နှာချင်းဆိုင်ရှိ အိမ်နီးနားချင်း အိမ်တံခါးကို သွားခေါက်လိုက်သည်။ အိမ်နီးနားချင်း ထွက်လာသည့်အခါ ရှောင်းကောသည် သူမအားတစ်ခုခုပြောလိုက်ကာ မသွားခင် အသားကိုပေးလိုက်သည်။

ကျွမ်းကျွမ်းသည် မြည်းလှည်းပေါ်တွင်ထိုင်ကာ ရှောင်းကောဘက်ကိုစောင်းကြည့်လိုက်သည်။ သူက သူမရှိသည့်နေရာနှင့် မနီးတာကြောင့် သူမပြောတာကို မကြားရပါ‌ချေ။ သူ့အမေရဲ့ ခေါင်းအနောက်ဘက်နဲ့ သူမနဲ့ စကားပြောနေတဲ့သူရဲ့ ပါးစပ်ကိုသာ သူမြင်ရသည်။

ကျွမ်းကျွမ်းက ဘာဖြစ်နေလဲဆိုတာကို နားမလည်တာကြောင့် ချင်းအန့်မင်အား မေးလိုက်သည်။

“ဦးလေး၊‌ မေမေက ဘာလို့ အိမ်နီးနားချင်းကို အသားတွေ ပေးလိုက်တာလဲဆိုတာ သိလား?"

ရှောင်းကောသည် အသားတွေနှင့်အတူ မျက်နှာချင်းဆိုင်အိမ်ဆီ လျှောက်သွားသည်ကို ချင်းအန့်မင် မြင်လိုက်ရသည့်အခါ သူ မနေနိုင်ဘဲ ဝမ်းသာမိသလိုခံစားလိုက်ရသည်။ ရှောင်းကော တကယ်ကြီးပြင်းလာပြီဘဲ။

ချင်းအန့်မင် ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။ သူက ကျွမ်းကျွမ်းရဲ့ ခေါင်းကိုပွတ်ကာ ရှင်းပြလိုက်သည်။ "သားရဲ့အမေက အိမ်ကိုကြည့်ပေးဖို့ သူ့အကူအညီလိုလို့ အသားသွားပေးတာလေ။ ဦးလေးက သားတို့နဲ့အတူ မက်မွန်ပွင့်ရွာကို လိုက်သွားတော့မှာဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိတော့ဘူးလေ။ အိမ်ထဲကျူးကျော်လာတဲ့သူတွေကို သတိထားပေးဖို့ အကူအညီသွားတောင်းတာ"

ကျွမ်းကျွမ်းဟာ ဉာဏ်ကောင်းသည့် ကလေးဖြစ်သည်။ ချင်းအန့်မင်၏ ဆိုလိုရင်းကို သူနားလည်လိုက်သည်။

သူက ချင်းအန့်မင်အား ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "သားအမေက တော်တယ်မဟုတ်လား?"

ကျွမ်းကျွမ်း ခေါင်းစောင်းလိုက်ကာ သူ့မျက်လုံးတွေထဲတွင် ရှောင်းကောအား လေးစားသဘောကျမှုအပြည့်ပင်။

"ဟုတ်တယ် သားအမေက အတော်ဆုံးပဲ"

ချင်းအန့်မင်လည်း ကျွမ်းကျွမ်းပြောတာကို သဘောတူကာ ရိုးရိုးသားသားပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကျွမ်းကျွမ်း ထိုစကားကိုကြားသည့်အခါ အရမ်းဝမ်းသာသွားသည်။ သူက တခစ်ခစ်ရယ်လိုက်သည်။

အဲ့ဒီအချိန် ရှောင်းကော ပြန်ရောက်လာသည်။ ကျွမ်းကျွမ်း ပြုံးနေတာကိုမြင်တော့ သူတို့ဘာတွေပြောနေကြသလဲဆိုတာကို သူမ သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျွမ်းကျွမ်းက ဘာမှမပြောပေ။ ချင်းအန့်မင်က ရှောင်းကောအား အလိုလိုက်သလိုကြည့်လိုက်သည်။

“သိပ်အများကြီးမ‌ပြောပါဘူး။ ဒါပေမယ့် အစ်ကိုတို့အိမ်က ကလေးမလေးက တကယ်ကြီးလာပြီဘဲ"

ချင်းအန့်မင်၏ အသံထဲတွင် လွမ်းဆွတ်မှု စိတ်သက်သာရာရမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ရှောင်းကောအား ချစ်ခင်စွာဖြင့် ကြည့်လိုက်သည်။

ရှောင်းကော ရှက်ပြုံးလေး ပြုံးလိုက်သည်။ "ညီမဘယ်လောက်ဘဲ အသက်ကြီးကြီး အစ်ကို့ရဲ့ညီမလေးဖြစ်နေတုန်းပါဘဲ"

သူမက ပြောရင်းနဲ့ မြည်းလှည်းကို စထွက်လိုက်သည်။ ချင်းအန့်မင်သည့် သူတို့နှင့် ပိုပိုပြီးဝေးသွားသည့် အိမ်အား ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် တွန့်ဆုတ်မှုနှင့် အနာဂတ်အတွက် မျှော်လင့်နေမှုဖြင့် ပြည့်နေသည်။

လမ်းတစ်လျှောက်တွင် ရှောင်းကောသည် ခရိုင်ရှိခေါက်ဆွဲဆိုင်နှင့် ဘယ်လိုစာချုပ်ချုပ်ခဲ့သည့်အကြောင်း ကျွမ်းကျွမ်းနှင့် သူမတို့အကြောင်းပြောပြသည်။

သူတို့နှစ်ယောက်တွင် မရေမတွက်နိုင်သည့် ပြောစရာတွေ ရှိနေသည်။ သူတို့နှစ်ယောက်ရဲ့ သွေးသားဆက်ဆံရေးကြောင့် တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပေမယ့် မစိမ်းသက်သွားပါချေ။ ယင်းအစား၊ သူတို့သည် ယခုအချိန်အား အမှန်တကယ် ရင်ဝယ်ပိုက်ထားကြသည်။

မကြာခင်မှာဘဲ မြည်းလှည်းသည် မက်မွန်ပွင့်ရွာသို့ မောင်းဝင်လာသည်။ ရွာထဲ လမ်းတစ်ဝက်တွင် လယ်ကွင်းထဲမှ ပြန်လာသည့် ရွာသူရွာသားတစ်စုနှင့် ဝင်တိုးသည်။

သူတို့လည်း ရှောင်းကောကိုမြင်သည်။ လှည်းသူတို့နားနီးကပ်လာသည့်အခါ သူမနောက်တွင် ထိုင်နေသည့် ချင်းအန့်မင်အား တွေ့လိုက်ကြသည်။

ထိုအချိန်တွင် လူတိုင်းသည် ထိုယောက်ျားက မည်သူမည်ဝါဖြစ်ကြောင်း စဥ်းစားလိုက်ကြသည်။

ရှောင်းကောက သူတို့အားလျစ်လျူရှုကာ ဖြတ်ကျော်သွားသည်။ ထိုအချိန်တွင် အမျိုးသမီးယန်သည် မဝေးလှသည့် လယ်ကွင်တစ်နေရာမှ ထွက်လာသည်။ သူမလက်ထဲတွင် ပေါက်ပြားတစ်လက်ကို ကိုင်ထားကာလမ်းဘေးတွင် မြေသားတွေကို ဆွလိုက်သည်။

ရှောင်းကောက သူမကိုအရင်ဆုံးတွေ့ကာ နှုတ်ဆက်လိုက်သည်။

"အစ်မ!"

အမျိုးသမီးယန်လည်း အသံကိုကြားတော့ ရှောင်းကောကိုကြည့်လိုက်သည်။ “ဟေး! ရှောင်းကော!"

ရှောင်းကော မြည်းလှည်းကို ရပ်လိုက်ပြီး အမျိုးသမီးယန်နှင့် စကားစမြည် ပြောလိုက်သည် ။ အဲ့ဒီအချိန် အမျိုးသမီးယန်သည် သူမအနောက်ရှိ ချင်းအန့်မင်အားတွေ့လိုက်သည်။

သူမကအံ့သြသွားကာ ရှောင်းကောအား မေးလိုက်သည်။ "ရှောင်းကော၊ ဒါက ဘယ်သူလဲ?"

ရှောင်းကောသည် ချင်းအန့်မင် ပေါ်လာစေရန် သူမကိုယ်အား တစ်ဖက်ကို ရွှေ့လိုက်သည်။ “ဒါက ကျွန်မမိသားစုက ကျွန်မရဲ့အစ်ကိုလေ။ သူဖျားနေတော့ သူ့ကိုယ်သူ ဂရုမစိုက်နိုင်လို့ ဒီကို ခေါ်လာလိုက်တာ”

All Chapters