← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

နေ့လည်စာစားပြီးတဲ့နောက် ရှောင်းကော ပန်းကန်ဆေးရန်သွားနေတုန်း ကျွမ်းကျွမ်းအား သူ့ဦးလေးကို အနားယူဖို့ အိမ်ထဲပြန်ခေါ်သွားခိုင်းလိုက်သည်။

ကျွမ်းကျွမ်းက နာနာခံခံဖြင့်ထရပ်လိုက်ပြီး ချင်းအန့်မင်အား သူ့အခန်းထဲ ပြန်ပို့ပေးလိုက်သည်။

ရှောင်းကောကတော့ မနားရသေးပေ။ နေ့လယ်ဘက်၌ သူမတွင် လုပ်စရာတွေ အများကြီးရှိသေးသည်။

အရင်ဆုံး သူမ အခန်းအားရန် နွားများအားခြံဝင်းထဲတွင် ချည်ထားရမည်။

ထို့နောက် ခရိုင်သို့ သူမသွားရမည်။ ချင်းအန့်မင်မှာ နေမကောင်းသေးသည့်အတွက် သူမ သူ့အတွက် ဆေးသွားယူပေးရမည်။ ထို့နောက် ကုတင်လုပ်ရန် ကုတင်ပျဉ်နှစ်ချပ်ကိုလည်း ဝယ်ရဦးမည်။ ဒါ့အပြင် ဗီရိုတစ်လုံအပြင် တခြားနေ့စဉ်သုံး ပစ္စည်းတွေကိုလည်း ဝယ်ရမည်ဖြစ်သည်။

ထပ်၍ သူမ အထည်တွေကိုလည်း ဝယ်ရမည်။ သူ့အဝတ်အစားတွေကို ထပ်ဝတ်လို့မရတော့ပေ။ အဖာအစပ်တွေနှင့် ဟောင်းနွမ်းလုနီးပါးဖြစ်နေသည်။ သူအတွက် ဖိနပ်အသစ်လည်းလိုသည်။

ဒါကိုစဉ်းစားလိုက်ကြည့်တော့ အချိန်ကအရမ်းကျပ်နေသလို ရှောင်းကော ခံစားလိုက်ရသည်။ သူမ နှစ်ကိုယ်ခွဲမိချင်သွားသည်။ ဒီအခိုက်အတန့်မှာ သူမစွန်းဝူခုန်းကိုအရမ်းအားကျမိသည်။ သူဟာ ဆံပင်မွှေးတစ်ချောင်းနှုတ်ကာ အသာလေးမှုတ်လိုက်ရုံနဲ့ မျောက်တစ်ကောင်ကိုဖန်တီးနိုင်သည်။ သူမသာ အဲ့ဒီလိုအစွမ်းတွေရှိရင်တော့!

သူမရဲ့ အတွေးတွေကို ရုတ်ကာ ရှောင်းကောအလုပ်ဆက် လုပ်သည်။ နွားနဲ့ မြည်းတွေကို ကြိုးချည်ပြီးနောက် ရှောင်းကော ပေါက်တူးကို အိမ်ထဲယူလာလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမနှင့် ကျွမ်းကျွမ်းတို့ အားထုတ်ကာ နွားချေးတွေကြုံးခဲ့ကြတာကြောင့် အခန်းတွင်းတွင် အနံ့အသက်မဆိုးပေ။ သူတို့အခန်းကို မကြာခဏ သန့်ရှင်းရေးလုပ်ကာ ပြတင်းပေါက်တွေ အမြဲဖွင့်ထားတဲ့အပြင် နွားတွေကလည်းအိမ်ထဲမှာ သိပ်ပြီးဝမ်းမသွားကြပေ။

နေ့ခင်းဘက်တွင် ကျွမ်းကျွမ်းသည် တစ်ခါတစ်ရံ နွားများအားမြက်စားရန် အပြင်သို့ ခေါ်သွားတတ်သည်။ တစ်ခါတစ်ရံ ခြံဝင်းထဲ နေပူပူထဲတွင်လွှတ်ထားတတ်သည်။ နွားတွေပြန်ဝင်တဲ့အချိန်က ညအချိန်ရောက်နေပြီဖြစ်သည်။

ရှောင်းကော မြေပြင်ကိုရှင်းလင်းရန် ဂေါ်ပြားကိုသုံးကာ မစင်တွေကို ထောင့်နားတွင် စုထားလိုက်သည်။ ရှောင်းကော ဒုတိယအကြိမ် ဟင်းသီးဟင်းရွက်စိုက်ရန် ကြိုးစားနေတာကြောင့် ယခင်က နွားချေးတွေကို မြေဩဇာအဖြစ် သုံးခဲ့သည်။ ယခု သူမတွင်ရှိသည့် နောက်ထပ် နွားချေးတစ်ပုံအား ဆောင်းရာသီတွင် အာလူးနှင့် ဂေါ်ဖီစိုက်ရန်အတွက် ဖယ်ထားရမည်။

မကြာခင်မှာဘဲ ရှောင်းကော ကြမ်းပြင်ကို ရှင်းလင်းလိုက်သည်။ သူမ ရေတွင်းထဲရှိ ရေတစ်ပုံးကို ယူလာကာကြမ်းပြင်ပေါ် လောင်းချလိုက်သည်။ ထို့နောက် တံမြက်စည်းဖြင့် ကြမ်းပြင်အား ဆက်လှဲလိုက်သည်။ ပြီးသည်နှင့် သူမရေများအား ဂေါ်ပြားဖြင့်ခပ်ကာ သွန်ပစ်လိုက်သည်။

ရေများမရှိတော့သည့်အခါ ရှောင်းကော ကြမ်းပြင်ပေါ်သို့ ရေထပ်လောင်းလိုက်ပြီး အရှေ့ကအတိုင်း နောက်ထပ် သုံးကြိမ်လောက် ထပ်လုပ်လိုက်သည်။ အခန်းထဲတွင် အနံ့အသက်တွေမရှိတော့သည့်အခါ ရှောင်းကော ဆေးကြောတာကို ရပ်လိုက်သည်။

ရှောင်းကော တံမြက်စည်းသုံးကာ အခန်းထောင့်ရှိ ပင့်ကူမျှင်များနှင့် ဖုန်မှုန့်များအား ရှင်းလင်းလိုက်သည်။ အခန်းတစ်ခုလုံး သန့်ရှင်းသွားသည့်အခါ ရှောင်းကော လက်တွေကို ဆေးကြောလိုက်ပြီး ခန္ဓာကိုယ်မှ ဖုန်မှုန့်များအား သန့်စင်ရန် ထွက်လာလိုက်သည်။

သူမအပြင်သွားမယ့်အ‌ကြောင်း ကျွမ်းကျွမ်းနှင့် ချင်းအန့်မင် အား ပြောပြပေမယ့် သူမအခန်းထဲ ပြန်ရောက်သည့်အခါ နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် သူမ တံခါးကို တိတ်တဆိတ်ဖွင့်ကာ မြည်းလှည်းဖြင့် ထွက်လာလိုက်သည်။ သူမ မထွက်သွားခင်မှာ တစ်ယောက်ယောက် ခိုးဝင်မလာနိုင်စေရန် တံခါးအား တင်းတင်းစေ့ကာ ပိတ်လိုက်သည်။

ရှောင်းကော မြည်းလှည်းအား ခရိုင်သို့ မောင်းသွားလိုက်သည်။ သူမအနေဖြင့် ထိုနေရာနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ မကြာမီတွင်ဘဲ အရည်အသွေးကောင်းမွန်သော ပစ္စည်းမျိုးစုံကို ရောင်းချသည့် ဆေးဆိုင်တစ်ဆိုင်သို့ သူမရောက်ရှိလာသည်။

ရှောင်းကော ဝင်လာတာနဲ့ ဆိုင်ဝန်ထမ်းက သူမကို လှမ်း‌ပြောလိုက်သည်။

"ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမလို့လား ဒါမှမဟုတ် ဆေးဝယ်မလို့ပါလား?"

တစ်ဖက်သား၏ ယဉ်ကျေးသည့်လေသံကိုကြားတော့ ရှောင်းကော အနည်းငယ် စိတ်သက်သာရာရသွားသည်။

"ဆေးဝယ်ဖို့ပါ"

ရှောင်းကော လာရတဲ့ ရည်ရွယ်ချက်ကို ကြားပြီးတဲ့နောက် ဆိုင်အကူက သူမအားကောင်တာဆီ ခေါ်သွားသည်။ မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီးတစ်ယောက်က ရှောင်းကောလိုတာတွေကို မေးလိုက်သည်။

“ကျွန်မ အစ်ကို မိုးမိပြီး အအေးမိသွားတယ် ပြီးတော့ ချောင်းလည်းဆိုးနေတယ်။ အာဟာရချို့တဲ့လို့ သူ့ကိုယ်က အတော်လေး အားနည်းနေတာ။ သူ့အတွက် ကျိုချက်ပေးလို့ရတဲ့ ဆေးတချို့ လိုချင်ပါတယ်”

သူကနားထောင်ရင်းနဲ့ သူ့လက်မှာကိုင်ထားတဲ့ စုတ်တံကိုကိုင်ကာ လိုက်မှတ်ရေးလိုက်သည်။ နောက်ဆုံးပါဝင်ပစ္စည်းကို ချရေးပြီးသည့်အခါ သူက စာရွက်အား ဆေးဗီရိုဆီ ယူသွားလိုက်သည်။ အဘိုးအိုက ကျွမ်းကျင်စွာဖြင့် ဆေးဖက်ဝင်အပင်များအား ယူလိုက်က ချိန်လိုက်သည်။ နောက်တော့ သူက ဆေးဖက်ဝင်အပင်တွေအား ထုပ်ကာ ရှောင်းကောကို ပေးလိုက်သည်။

“စုစုပေါင်း ဆေးငါးထုပ်ပါတယ်။ တစ်နေ့ကို တစ်ထုပ်‌တိုက်ပေး။ အဲ့ဒါတွေကို နှစ်နာရီလောက် ဖြည်းဖြည်းချင်း ကျိုရမယ်။ အိပ်ရာမဝင်ခင်သောက်ပေးရမယ်"

ရှောင်းကောမှတ်ထားလိုက်ပြီး ပိုက်ဆံကို လွှဲပေးလိုက်သည်။ ဟင်းချိုချက်ရန် အသုံးပြုနိုင်သည့် ဆေးဖက်ဝင်အပင်အချို့ကိုလည်း သူမမေးခဲ့သေးသည်။ ဂိုဂျီဘယ်ရီ၊ လီလီ၊ တရုတ်ဂျင်ဆင်း၊ ကြာစေ့နှင့် ကျောက်စိမ်းဝါးခွံများလည်း ပါသည်။

ရှောင်းကောသည် ဆိုင်ထောင့်တွင် ဆေးမီးဖိုတစ်ခုရှိသည်ကို တွေ့လိုက်ရသည်။ သူမ မေးကြည့်တဲ့အခါ ဆိုင်လက်ထောက်က ရောင်းဖို့ ရှိတယ်လို့ ပြောသည်။ ရှောင်းကော စဉ်းစားကြည့်လိုက်ပြီး ဒါမှ အိမ်တွင် ဆေးကျိုရန် အိုးတစ်လုံးထပ်သုံးစရာ မလိုလောက်တော့ပေ။

ရှောင်းကော တရုတ်ဆေးထုပ်တွေကို ဆိုင်ထဲမှသယ်လာပြီး ဝက်သားဆိုင်သို့ သွားလိုက်သည်။ ဟင်းချိုချက်ဖို့အတွက် သူမဝက်သားအရိုးတွေ အများကြီးဝယ်လိုက်သည်။

သူမ မြည်းလှည်းကို ခရိုင်နယ်နိမိတ်ဆီ မောင်းလာရင်းနှင့် သစ်သားပရိဘောဂများ ပြုလုပ်သည့် မိသားစုတစ်စုရှိကြောင်း ရှောင်းကောသိလိုက်သည်။

ရှောင်းကော တံခါးခေါက်လိုက်သည်။ ငါးနှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်က တံခါးကိုဖွင့်ကာ သူမအား ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။

"သစ်သားဝယ်ဖို့လား?"

ရှောင်းကော သူ့ကိုမြင်တဲ့အခါ ကျွမ်းကျွမ်းကို သတိရသွားသည်။ သူမလည်း ညင်ညင်သာသာပြောလိုက်သည်။ "ဟုတ်တယ်!"

ကောင်လေးက ရှောင်းကောအား ခြံဝင်းဆီခေါ်သွားသည်။ အပြင်ဘက်ကနေ ပြောရခက်ပေမယ့် သူတို့ဝင်သွားတဲ့အခါ အိမ်ဝင်းထဲတွင် သစ်တွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရသည်။ ထောင့်တွေမှာတောင် သစ်သားအပိုင်းအစတွေဖြင့် ပြည့်နေသည်။

ရှောင်းကောမှာ ဘယ်နေရာကနေ လျှောက်ရမလဲဆိုတာ မသိပါ‌ချေ။ ကောင်လေးက သူမအရှေ့မှ သစ်တုံးတွေကြား နေရာလွတ်တွေကနေ သွက်သွက်လက်လက် လျှောက်သွားသည်။ ရှောင်းကောမှာ သစ်ပုံတွေကိုဖြတ်မသွားနိုင်သည့်အတွက် ခြံအ၀င်ဝတွင်သာ ရပ်လိုက်ပြီး ကောင်လေးထွက်သွားသည်ကို ကြည့်နေလိုက်သည်။

"ဖေဖေ! ဖေဖေ! တစ်ယောက်ယောက် သစ်လာဝယ်တယ်! ဖေဖေ!”

ရှောင်းကောသည် နေရာမှာဘဲရှိနေကာ တစ်ယောက်ယောက် ထွက်လာမည်ကို စောင့်နေသည်။

ကောင်လေးရဲ့ အော်သံကြောင့် ခဏအကြာတွင် ဆိုင်ပိုင်ရှင် ထွက်လာခဲ့သည်။

"ဘာဝယ်ချင်လို့ပါလဲ?"

အိမ်ထဲမှ မိန်းမချောလေးတစ်ယောက် ထွက်လာသည်။ သူမက ရှောင်းကောအားကြည့်ကာ မေးလိုက်သည်။

“ကျွန်မ ကုတင်တစ်လုံး၊ ဗီရိုတစ်လုံး၊ စာကြည့်စားပွဲနဲ့ ထိုင်ခုံတစ်လုံးလိုချင်လို့ပါ"

ရှောင်းကောက သူမလိုအပ်သည့် ပရိဘောဂတွေကို ပြောပြလိုက်သည်။ ကုတင်နှင့်ဗီရိုက ချင်းအန့်မင် အတွက်ဖြစ်ပြီး၊ စာကြည့်စားပွဲနှင့်ထိုင်ခုံကတော့ ကျွမ်းကျွမ်း အတွက်ဖြစ်သည်။

ဒါကိုကြားပြီးနောက် အမျိုးသမီးက သူမအိမ်ထဲ တစ်ယောက်ယောက်ကို ခေါ်ဖို့ သွားတုန်းမှာ ရှောင်းကောအား ခဏစောင့်ခိုင်းလိုက်သည်။ ရှောင်းကောက သူမ၏ ခင်ပွန်းဖြစ်မည်ဟု မှန်းကြည့်လိုက်သည်။

သေချာပေါက်ပင်၊ ခန္ဓာကိုယ်အချိုးအစား ပြေပြေပျစ်ပျစ်ရှိလှသည့် လူတစ်ယောက် အိမ်ထဲကနေ ထွက်လာသည်။ သူ့ဆံပင်နှင့် ခန္ဓာကိုယ်ပေါ်တွင် လွှစာတွေ လွှမ်းနေသည်။ ဇနီးဖြစ်သူထံမှ တစ်ယောက်ယောက်က ပရိဘောဂတွေ လိုချင်ကြောင်း ကြားသိရတဲ့နောက် သူထွက်လာကာ ရှောင်းကောအား ပရိဘောဂကြည့်ရန် ခေါ်သွားသည်။

သူက ပစ္စည်းများစွာကို မိတ်ဆက်ပေးသော်လည်း ရှောင်းကောမှာ နည်းနည်းဝိရောဓိဖြစ်နေသည်။ အကြောင်းမှာ သူလုပ်ထားသည့် ပရိဘောဂတွေဟာ အရမ်းလက်ရာမြောက်လှသည်ကြောင့်ပင်။ ရှောင်းကောမှာ အဲ့ဒီထဲက တစ်ခုစီတိုင်းဟာ သင့်တော်တယ်လို့ ခံစားရသည်။

“အရမ်းလေးရင်တော့ ကျွန်မ အားလုံးကို မသယ်သွားနိုင်ဘူး။ အားလုံး…”

ရှောင်းကော မဆုံးဖြတ်နိုင်တော့ပေ။ ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး သူမ သူ့ကိုမေးကာ အကြံပေးခိုင်းရုံသာ တတ်နိုင်တော့သည်။

အဲ့ဒီလူက ဒါကိုကြားတော့ တစ်ခဏလောက်တွေးကာ သင့်တော်ကာ သိပ်မလေးသည့် ပရိဘောဂအစုံကို အကြံပြုလိုက်သည်။

ရှောင်းကောလည်း အဆင်သင့်ပိုက်ဆံတွေကို ပေးချေလိုက်သည်။ အဲ့ဒီလူက မြည်းလှည်းပေါ် ပစ္စည်းတွေသယ်ပေးရန် ဇနီးဖြစ်သူအား အကူအညီတောင်းလိုက်သည်။ စုစုပေါင်း ပရိဘောဂ လေးခုဖြစ်ကာ စုစုပေါင်း ငွေတုံးခြောက်တုံး ကုန်ကျခဲ့သည်။ ပရိဘောဂဖိုး ပေးချေပြီးတဲ့နောက် ရှောင်းကောလည်း မြည်းလှည်းအား ခရိုင်အလယ်သို့ ဦးတည်လိုက်သည်။ သူမ ချင်းအန့်မင်အတွက် အထည်တွေ ဝယ်ရဦးမည်။

မြည်းလှည်းပေါ်တွင်ထိုင်ရင်း ရှောင်းကော သူမဝယ်ထားသည့် ပရိဘောဂတွေကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ တကယ် တန်သည်။ စျေးလည်း အရမ်းသက်သာသည်။ ဒါ့အပြင်၊ လက်ရာနှင့် ပစ္စည်းကလည်း ထိပ်တန်းအရည်အသွေးဖြစ်ကြောင်း ရှောင်းကော ခံစားရသည်။

ရှောင်းကော စျေးသို့ရောက်လာသည်။ ဈေးနေ့မဟုတ်တာကြောင့် အနီးနားတွင် လူသိပ်မရှိပေ။ ဆိုင်တွေဘဲဖွင့်သည်။ ရှောင်းကော ယခင်က သူမ သွားခဲ့သည့် အထည်ဆိုင်နေရာသို့ သွားလိုက်သည်။

ရှောင်းကော ဆိုင်ထဲဝင်လိုက်သည်နှင့် ယခင်တစ်ခေါက်က အမျိုးသမီးပဲ သူမကို ကြိုဆိုခဲ့သည်။ သူမက ရှောင်းကောကိုလည်း သူမမှတ်မိတာကြောင့် နောက်ဆုံးထွက်အထည်တွေအား ကြည့်ရန် ခေါ်လာသည်။ ထုံးစံအတိုင်း ရှောင်းကောသည် အညစ်ပေခံနိုင်သည့် အထည်နှစ်စကို ရွေးထုတ်လိုက်သည်။ ချင်းအန့်မင်အတွက် အဝတ်အစားချုပ်ရန် အထည်မည်မျှလိုအပ်သည်ကို သူမ မသိတာကြောင့် ချင်းအန့်မင် ၏အရပ်နှင့် အလေးချိန်ကို ပြောပြလိုက်ကာ လိုအပ်သည့် ကိုက်အတိုင်းအတာအား ကူတွက်ချက်ပေးရန် ဆိုင်အကူအား တောင်းဆိုလိုက်သည်။

အမျိုးသမီးက အတိုင်းအတာအား ကျွမ်းကျင်စွာဖြင့် ခန့်မှန်း ပေးသည်။ ရှောင်းကော ငွေရှင်းကာ ထွက်လာလိုက်သည်။ အရင်တစ်ခေါက်ကဲ့သို့ပင် ထိုအမျိုးသမီးက ရှောင်းကောအား အပ်များနှင့် ရောင်စုံချည်လုံးအချို့ကို လက်ဆောင်ပေးခဲ့သည်။

ရှောင်းကော သူမအားကျေးဇူးတင်ကြောင်းပြောပြီး မြည်းလှည်းပေါ် တက်လိုက်သည်။ သူမသည် ဖိနပ်အထူးပြုလုပ်သည့်ဆိုင်သို့သွားကာ ချင်းအန့်မင်အတွက် သုံးရံရွေးလိုက်သည်။ မနက်တုန်းက သူမအဝတ်အစားတချို့ ထုပ်ပိုးနေတုန်း ရှောင်းကော ချင်းအန့်မင်၏ဖိနပ်ဆိုဒ်ကို တွေ့လိုက်တာကြောင့် သူမရှာနေတဲ့ ဖိနပ်ဆိုဒ်အား ဆိုင်ပိုင်ရှင်ကို ပြောပြလိုက်သည်။

နောက်ဆုံးတော့ ဆိုင်ပိုင်ရှင်၏ ဆွဲဆောင်မှုအောက်တွင် သူမကိုယ်တိုင်အတွက် ဖိနပ်နှစ်ရံကိုလည်း ဝယ်လိုက်သည်။ ရှောင်းကောက အရမ်းနှစ်သက်ဖွယ်ကောင်းတာကို တွေ့လိုက်ရသဖြင့် ဆိုင်ပိုင်ရှင်က သူမအား ဖိနပ်ခုံနှစ်စုံကို ပေးလိုက်သည်။ ရှောင်းကော ငွေရှင်းကာဖိနပ်တွေဖြင့် ထွက်လာလိုက်သည်။

ရှောင်းကောစျေးဝယ်အပြီးမှာ သူမထပ်ပြီးဈေးမဝယ်ရဲတော့ပေ။ သူမ ပြန်ရောက်တဲ့အခါကျ ပရိဘောဂတွေအား ဆင်ရဦးမည်ပင်။ သူမ မြည်းလှည်းအား အိမ်သို့ဦးတည်လိုက်သည်။

သူမအိမ်သို့ရောက်သည့်အခါ၊ ကျွမ်းကျွမ်းတစ်ယောက်တံခါးဝတွင် ငုတ်တုတ်ထိုင်ရင်း ငုံ့ကာမြေကြီးပေါ် ရေးခြစ်နေတာကို ရှောင်းကော တွေ့လိုက်ရသည်။

"ကျွမ်းကျွမ်း၊ ဘာလို့ အိမ်ထဲမှာ ဦးလေးနဲ့အတူမကစားတာလဲ?"

ကျွမ်းကျွမ်း ရှောင်းကောရဲ့အသံကို ကြားတော့ ရုတ်တရက် ခေါင်းမော့လာသည်။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်နေသည်။

“စိတ်မပူပါနဲ့ မေမေ။ ဦးလေးကို သားခဏခဏ စစ်ကြည့်ထားပါတယ်။ သား မပစ်ထားပါဘူး"

ကျွမ်းကျွမ်းက သူ့ရင်ဘတ်ကို ခပ်ဖွဖွပုတ်ရင်း ရှောင်းကောကို ပြုံးပြလိုက်သည်။

ရှောင်းကော အရိပ်အမြွက်ရလိုက်ပြီး ချက်ချင်းသဘောပေါက်လိုက်သည်။ "အိုး၊ မေ့မေ့ရဲ့ ကျွမ်းကျွမ်းက ဘယ်လိုတောင် ဥာဏ်ကောင်းလိုက်သလဲ! မေမေအရမ်းဝမ်းသာတာပဲ။ ကျွမ်းကျွမ်းသာရှိရင် မေမေစိတ်အေးရပါပြီ!"

ကျွမ်းကျွမ်း ရယ်လိုက်သည်။ မေမေက အကောင်းဆုံးပဲ!

All Chapters