အခန်း (၆၆)
Vol. 5 Ch. 66
ပါဝင်ပစ္စည်းများအား လှီးချွတ်ပြီးသည့်နောက် ရှောင်းကောသည် အသီးအရွက်တွေကို ချက်ချင်းမွှေ မကြော်လိုက်ပေ။ ဘာပဲဖြစ်ဖြစ် အရိုးစွတ်ပြုတ်က နည်းနည်းတော့ကြာသည်။ တရုတ်တိုင်းရင်းဆေးကျိုဖို့ ဒီအချိန်ကို သူမသုံးနိုင်သည်။
တရုတ်တိုင်းရင်းဆေးကို ကျိုရန်မှာ နှစ်နာရီလောက်ကြာသည်။ ညစာစားပြီး ခဏနားပြီးပါက အစာလည်းကြေသွားလောက်ပြီ။ အဲ့ဒီအခါကျ သူမရဲ့အစ်ကိုလည်း ဆေးသောက်ပြီး အိပ်ရာဝင်လို့ရပြီဖြစ်သည်။
ရှောင်းကော ဆေးမီးဖိုအား ခြံဝင်းထဲ ယူလာကာ ဆေးကျိုရန် မီးညှိလိုက်သည်။ သူမမီးကိုစောင့်ကြည့်နေသည်။ မီးက အရမ်းလည်း ပြင်းလို့်မရသလို နည်းသွားလို့လည်းမရပေ —အပူချိန်က မှန်မှန်ကန်ကန်ရှိရမည်။ တစ်ချိန်တည်းမှာဘဲ မီးမကျွမ်းသွားအောင်လည်းလုပ်ရမည်။
ရှောင်းကော ဆေးအားကျိုထားလိုက်ကာ မုန်လာဥနီပန်ကိတ်လုပ်ရန်အတွက် မုန့်နှစ်ပြုလုပ်ရန် မီးဖိုချောင်ဆီ ပြန်လာလိုက်သည်။
မုန်လာဥနီကို နုတ်နုတ်စဉ်းပြီးနောက် ဂျုံမှုန့်ဖြူ ဆားနှင့် ရောမွှေလိုက်သည်။ မုန့်နှစ်အား ခပ်ထူထူနှင့်စေးကပ်ကပ်ဖြစ်စေရန် ခပ်မှန်မှန်မွှေလိုက်သည်။
သူမက အိုးထဲသို့ ဝက်ဆီအနေတော် လောင်းထည့်လိုက်သည်။ ထို့နောက် ဆီပူပူထဲ မုန့်နှစ်တစ်ဇွန်းထည့်လိုက်သည်။ တစ်ဖက် ရွှေညိုရောင်ပြောင်းသွားတဲ့အခါ တစ်ဖက်ကို လှန်လိုက်ပြီး အရောင်ပြောင်းသွားတဲ့အထိ ကြော်လိုက်သည်။
ပန်ကိတ်လုပ်နေရင်း လမ်းတစ်ဝက်တွက် ရှောင်းကော ဆေးမီးဖိုအား စစ်ရန် သွားလိုက်သေးသည်။ သူမပြန်လာသည့်အခါ ပန်ကိတ်တွေက ကျက်နေပြီဖြစ်သည်။ ရှောင်းကော ပန်ကိတ်တွေအား ပန်းကန်ပြားတစ်ခုထဲ ထည့်လိုက်သည်။ ဝက်ဆီပူပူက ပန်ကိတ်တွေကို ကောင်းမွန်သည့် ရွှေညိုရောင်ရစေကာ တစ်ချပ်စီတိုင်းကို ကြွပ်ရွပြီး မွှေးကြိုင်သည့် အရနံ့တို့ဖြင့် ရောစပ်ထားသည်။
ရှောင်းကော ပန်ကိတ်များအားလုံးကို ပန်းကန်ပြားတစ်ခုပေါ် ထည့်လိုက်သည်။ အဲ့ဒီအချိန် ကျွမ်းကျွမ်း ရောက်လာသည်။
“မေမေ၊ ဒီနေ့ ကြက်နဲ့ဘဲတွေ ဥငါးလုံး ထပ်ဥတယ်”
ကျွမ်းကျွမ်းသည် ဥများကို ခြင်းတောင်းထဲသို့ ကျွမ်းကျွမ်းကျင် ထည့်ထားသည်။ ရှောင်းကော လှည့်ကြည့်လိုက်သည်။ ဒီအတောတွင်း ကြက်နှင့် ဘဲတွေဟာ ဥတွေအများကြီး ဥခဲ့သည်။ ခြင်းနှစ်ခြင်းပြည့်လုနီးနီးပင်။
ရှောင်းကော ကျွမ်းကျွမ်းအား ပန်ကိတ်ပန်းကန်ကို ပေးလိုက်ပြီး အိမ်ထဲယူသွားခိုင်းလိုက်သည်။ ကျွမ်းကျွမ်းက လက်တွေကို ဆေးကြောကာ တူတချို့နှင့် ပန်းကန်လုံးတချို့နှင့်အတူ အိမ်ထဲပြန်ဝင်လာသည်။
ရှောင်းကောသည် ဝက်ဗိုက်သားတစ်ပိုင်းအား အပိုင်းပိုင်းလှီးလိုက်သည်။ ထို့နောက် တရုတ်နံနံပင်အား အပိုင်းပိုင်းလှီးကာ ရေနွေးဖြောလိုက်သည်။ အပူပေးထားသည့်အိုးထဲတွင် ဝက်သား ဆီထွက်လာသည်အထိ မွှေကြော်လိုက်သည်။ အနံ့မွှေးစေရန်အတွက် ကြက်သွန်နီနှင့် ဂျင်းတချို့ကိုပါ ထည့်လိုက်သည်။တရုတ်နံနံကိုလည်း ထည့်လိုက်ကာမွှေကြော်လိုက်သည်။ ပန်းကန်ထဲမထည့်ခင် ဆားထည့်လိုက်သည်။
ကျွမ်းကျွမ်း ရောက်လာပြီး ပန်းကန်တွေကို အိမ်ထဲ ယူသွားသည်။ အရိုးစွတ်ပြုတ်က ကျွမ်းကျွမ်းအတွက် လေးလွန်းသည့်အတွက် ရှောင်းကော ကိုယ်တိုင်သယ်သွားလိုက်သည်။
ရှောင်းကော မီးဖိုချောင်ပြန်ဝင်လာသည်။ သူမတို့တွင် ကြက်ဥတွေ အများကြီးရှိတာကြောင့် ညစာအတွက် နောက်ထပ် ကြက်ဥဟင်းတစ်ပန်းကန် ထပ်ထည့်လို့ရသည်။ အဲ့ဒီလိုစဉ်းစားမိရင်း၊ ရှောင်းကော ကြက်ဥသုံးလုံးနှင့် ဘဲဥနှစ်လုံးယူကာ ရောမွှေလိုက်ပြီး အိုးထဲထည့်မွှေကြော်လိုက်သည်။
ကျွမ်းကျွမ်းက ကြက်ဥမွှေကြော်ပန်းကန်ကို အိမ်ထဲသယ်သွားပြီး ချင်းအန့်မင်အား သွားကူတွဲလာသည်။
"ထမင်းစားရအောင်"
ရှောင်းကော ချင်းအန့်မင်အတွက် စွတ်ပြုတ်တစ်ပန်းကန် ခပ်ထည့်ပေးလိုက်သည်။ "အစ်ကို ထမင်းမစားခင် စွတ်ပြုတ်အရင်သောက်လိုက်ဦး!"
ချင်းအန့်မင် စွတ်ပြုတ်ပန်းကန်အားယူကာ အသာလေး မှုတ်လိုက်သည်။ နည်းနည်းအေးလာတဲ့အခါ တစ်ငုံသောက်လိုက်သည်။ ချင်းအန့်မင် မျက်လုံးတွေ တောက်ပလာသည်။
"ဒီစွတ်ပြုတ်က အနံ့အရမ်းကောင်းတာပဲ!"
ချင်းအန့်မင်က စွတ်ပြုတ်ကို လက်မထောင်ပြလိုက်သည်။ ဘယ်လိုဖော်ပြရမလဲ? အနံ့လည်းမွှေး၊ အရသာလည်းရှိပြီး ပျစ်ပျစ်လေး။ ဒီစကားလုံးသုံးလုံးဖြင့် စွတ်ပြုတ်ကို ပြည့်ပြည့်စုံစုံ အကျဉ်းချုပ်ဖော်ပြနိုင်သည်။
ကျွမ်းကျွမ်းလည်း ရှောင်းကောသူ့အတွက် ထည့်ထားပေးသည့် စွတ်ပြုတ်ပန်းကန်အား ယူလိုက်သည်။ သူက စွတ်ပြုတ်အား မှုတ်ကာ တစ်ငုံသောက်လိုက်သည်။ သူ့ဦးလေးလိုဘဲ သူလည်မျက်လုံးတွေ တောက်ပလာကာ အပြည့်အဝကို ချီးကျူးလာသည်။
“ကောင်းတယ်ဆိုရင်တောင် အများကြီးသောက်လို့မရဘူး။ ညစာလည်း အများကြီးမစားသင့်ဘူး"
ရှောင်းကော သူတို့နှစ်ယောက်အား ပြောလိုက်တော့ သူတို့က အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူတို့က ရှောင်းကောကို မော့တောင်မကြည့်ပါချေ။ ရှောင်းကော ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည် — သူမက သူတို့ကို လွှတ်ထားလိုက်ပါတော့မယ်။
ညစာစားပြီးနောက် ကျွမ်းကျွမ်းက ပန်းကန်များအား ဆေးကြောရန် သွားလိုက်သည်။ ရှောင်းကောက ဆေးမီးဖိုအား သွားစစ်ကြည့်သည်။ ပြီးသွားသည့်အခါ သူမအိမ်ထဲသို့ပြန်ဝင်လာပြီး ထမင်းစားခန်းထဲတွင် ထိုင်နေဆဲဖြစ်သည့် ချင်းအန့်မင်ကို ကြည့်လိုက်သည်။
“အစ်ကို၊ ခဏစောင့်ဦး။ အစ်ကို့အတွက် အိပ်ရာခင်းပေးမယ်"
ချင်းအန့်မင် ခေါင်းညိတ်လိုက်သည်။ "အစ်ကိုလည်း ကူပေးမယ်"
ရှောင်းကောက သူ့အားတားလိုက်ပြီး ပြန်ဆွဲကာ ထိုင်ခိုင်းလိုက်သည်။ “အစ်ကိုကထိုင်နေပါ။ ညီမ ခဏလေးလုပ်ရမှာ"
ချင်းအန့်မင် ကူကယ်ရာမဲ့စွာနဲ့ ပြန်ထိုင်လိုက်ပြီး ရှောင်းကောသူ့အတွက် အိပ်ရာခင်းပေးနေတာကို ကြည့်နေလိုက်သည်။ သူ့ရင်ထဲ ရောထွေးနေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်းကောဟာ တကယ် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
သူ သူမအား လက်ဆေးပေး၊ မျက်နှာသုတ်ပေးခဲ့တာကို မှတ်မိနေသေးသည်။ ထိုအချိန်က ကလေးလေးဟာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာသည်ဟု ထင်မိသည်။ ယနေ့တွင် သူရှောင်းကောအား တစ်နေကုန် ကြည့်နေခဲ့တာဖြစ်သည်။ သူမသည် တစ်နေ့တာလုံး အလုပ်ရှုပ်နေပုံရကာ အရာအားလုံးကို စည်းစနစ်တကျ လုပ်နေပုံအား သူ တွေ့ခဲ့ရသည်။ သူမဟာ လိမ္မာသည့်ကလေးလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ အဲဒီတုန်းက ကလေးလေးဟာ အခုတော့ မိသားစုကိုထောက်ပံ့ပေးနိုင်နေပြီဆိုတာ သူသိလာရသည်...
"အစ်ကို! အစ်ကို!”
ရှောင်းကော အိပ်ရာပြင်ပြီးတာနဲ့ ထွက်လာတော့ ချင်းအန့်မင်က ခွေးခြေခုံပေါ်တွင် ငေးငိုင်ငိုင်ဖြင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမလက်ထုတ်ကာ သူ့မျက်လုံးရှေ့ လက်ယမ်းပြလိုက်သည်။
ချင်းအန့်မင် သတိပြန်ဝင်လာပြီး ရှောင်းကော၏ နားမလည်ဖြစ်နေသည့် အကြည့်ကိုမြင်လိုက်ရသည်။ သူခေါင်းငုံ့ကာ ရယ်လိုက်သည်။
"အစ်ကိုတော့ တကယ်အသက်ကြီးနေပြီထင်တယ်၊ အတိတ်ကို ပြန်သတိရနေတာ"
"ဘာလဲ! အစ်ကိုက ၂၃ နှစ်ပဲ ရှိသေးတာ! ငယ်သေးတာကို!”
ရှောင်းကောက နှာမှုတ်လိုက်ပြီး သူမအသံက လျစ်လျူရှုမှုအပြည့်ပင်။ သို့သော် ရှေးခေတ်က မိန်းကလေးများသည် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်သို့ရောက်သည့်အခါ မိဘများက သူတို့အတွက် သင့်တော်သည့် ခင်ပွန်းများ ရှာဖွေကြသည်အား သူမ သတိရသွားမိသည်။ အသက် ၁၅ နှစ်ပြည့်သည်နှင့် အရွယ်ရောက်ပြီးသူလို့ သတ်မှတ်ကြပြီး မိန်းကလေးအများစုက အဲဒီ့အချိန်တွင်လက်ထပ်ကြရသည်။
ယောက်ျားလေးတွေလည်း ထို့နည်းတူပင်။ ချင်းအန့်မင်အရွယ် အမျိုးသားအများစုသည် အသက်ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတွေတောင် ရနေကြပြီဖြစ်သည်။
ရှောင်းကောလည်း အလားတူပင်။ သူမအရွယ်ရောက်ခါစတွက် ကျန်းတန်းဟယ်နှင့် လက်ထပ်ခဲ့သည်။ သူမ ကိုယ်ဝန်ရှိလာသည့်အရွယ်မှာ ၁၆ နှစ်သာ ရှိသေးသည်။
ရှောင်းကော ဘာပြောရမှန်းမသိတော့ပေ။ သူမ ရှက်ရွံ့စွာဖြင့် လျှာထုတ်လိုက်မိသည်။
ရှောင်းကော၏ စကားကို ချင်းအန့်မင် ကြားသည့်အခါ ရယ်မောပြီး ခေါင်းယမ်းလိုက်သည်။ "အစ်ကိုက အရွယ်ကောင်းပဲ ရှိသေးတယ်!"
ရှောင်းကော အော်ပြောလိုက်သည်။ "ဟုတ်တယ်။ အစ်ကိုက အရွယ်ကောင်းဘဲရှိသေးတာ!"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ရှောင်းကော ချင်းအန့်မင်အား အခန်းထဲသွားရန် ကူညီပေးလိုက်သည်။
နွေးထွေးသည့် အိပ်ရာခင်းပေါ်တွင် ထိုင်လိုက်တော့ ချင်းအန့်မင်မှာ နေရောင်အောက်တွင် ထိုင်လိုက်ရသလို ခံစားလိုက်ရသည်။ ဒီအနံ့မျိုး သူ ရဖူးတာ ကြာခဲ့ပြီဖြစ်သည်။ သူဟာ နေ့တိုင်း သူ့အစားအသောက်အတွက် စိတ်ပူနေရကာ အိမ်အားကြည့်ဖို့ အချိန်မရခဲ့ပေ။ သူ့အိမ်ရှိ အိပ်ရာခင်းတွေဟာ နေမထိတာ ကြာလှပြီဖြစ်ကာ စိုထိုင်းထိုင်း အနံ့တွေသာရသည်။
ချင်းအန့်မင် ခေါင်းငုံ့ကာ မျက်ရည်များဖြင့် ပြည့်နေသည့် မျက်လုံးများကို ဖုံးကွယ်လိုက်သည်။
"အစ်ကို့အတွက် ဆေးကိုသွားကြည့်လိုက်ဦးမယ်"
ရှောင်းကောကတော့ ချင်းအန့်မင် အမူအရာ ပြောင်းသွားသည်ကို သတိမထားမိဘဲ ထွက်သွားသည်။
ချင်းအန့်မင် သူ့မျက်ရည်တွေကို သုတ်လိုက်ကာ ကုတင်ပေါ်လှဲချလိုက်သည်။ သူတစ်ယောက်တည်း အသက်ကြီးလာလိမ့်မယ်လို့ ထင်ခဲ့တာ။ မဟုတ်ဘူး! သူ အဲ့ဒီလောက်ထိ အကြာကြီး အသက်မရှင်နိုင်လောက်ဘူး။
သူ့မိသားစုဝင်နဲ့ ပြန်ဆုံတွေ့လိမ့်မယ်လို့ သူအမှန်တကယ် မမျှော်လင့်ခဲ့မိပေ။ အရမ်းကောင်းတယ်!
ခဏအကြာ ရှောင်းကောသည် ဆေးအား အခန်းထဲသို့ယူလာခဲ့သည်။ ခါးမှာစိုးတာကြောင့် သူမသည် ကျွမ်းကျွမ်းအား မီးဖိုချောင်ထဲက သကြားဖြူနည်းနည်းယူလာခိုင်းလိုက်သည်။
ပထမတော့ ချင်းအန့်မင်မှာ ရှောင်းကော သူ့ကိုအထင်သေးတယ်လို့ ထင်ခဲ့မိသည်။ ယောက်ျားတစ်ယောက်အနေနှင့် အခက်အခဲတွေကို သူ မကြောက်ပေ!
ဤအတွေးဖြင့် ချင်းအန့်မင်သည် လက်မြှောက်ကာ ဆေးကို တစ်ကျိုက်တည်းဖြင့် သောက်လိုက်သည်။ သူ ပန်းကန်လုံးကို ချကာ ရှောင်းကောအားပေပြီး ကြည့်လိုက်သည်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
ကျွမ်းကျွမ်းက ဘေးနားတွင် ရပ်နေသည်။ တစ်ခုခု ဖြစ်နေတာကို မြင်လိုက်ရတော့ သူက အချိန်ကိုက် ချင်းအန့်မင်ရဲ့ ပါးစပ်ထဲသို့ သကြားထည့်ပေးလိုက်သည်။
ရှောင်းကောက ဘေးမှကြည့်နေသည်။ အစပိုင်းတွင်၊ ချင်းအန့်မင်သည် ဘာမှသက်ရောက်သည့်ပုံမပေါ်ပေ။ သို့ပေမယ့် သုံးစက္ကန့်ကြာတော့ ဆေးက ခါးလွန်းတာကြောင့် သူ့ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာသည်။ သို့ပေမယ့် ကျွမ်းကျွမ်းရဲ့ ရဲရင့်သည့် လုပ်ရပ်ကို မြင်လိုက်ရတော့ သူအော်ရယ်မိသည်။
ဒီကလေး! ဘယ်လိုတောင် ချစ်စရာကောင်းလိုက်သလဲ!
ဆေး၏ အာနိသင်ကြောင့် ခဏအကြာတွင် ချင်းအန့်မင်ငိုက်မျဉ်းစပြုလာသည်။ ရှောင်းကော သူ့အားစောင်တစ်ထည်ခြုံပေးလိုက်ကာ ပြတင်းပေါက်တွေကို အသာလေး ပိတ်လိုက်ပြီး လေဝင်ပေါက် အသေးလေးသာ ချန်ခဲ့လိုက်သည်။ အအေးမိခြင်းမှ သက်သာစေရန် ချွေးထွက်ရမည်ပင်။ ချွေးထွက်နေစဉ် အအေးမိခြင်းမှ ကာကွယ်ရန် ပြတင်းပေါက်များအား အနည်းငယ်ပိတ်လိုက်သည်။
ရှောင်းကော ကျွမ်းကျွမ်းအား အိမ်ထဲပြန်ခေါ်လာကာ ရေတစ်ခွက် လောင်းထည့်လိုက်သည်။ ၎င်းအား ကျွမ်းကျွမ်းကို သူ့ဦးလေးရဲ့ အိပ်ရာရှေ့တွင် ချခိုင်းထားလိုက်သည်။ သူမအခန်းထဲကမထွက်ခင် ရှောင်းကောသည် ကုတင်ရှေ့တွင် ခွေးခြေတစ်လုံးချထားလိုက်သည်။ ချင်းအန့်မင် ညဉ့်နက်သန်းခေါင်တွက် ရေငတ်ပါက ခွေးခြေခုံမှရေကို လှမ်းယူနိုင်သည်။
ကျွမ်းကျွမ်းသည် နာနာခံခံဖြင့် ရေခွက်အားသယ်သွားသည်။ ရှောင်းကောက ကုတင်ပေါ်ရှိ စောင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။
ကျွမ်းကျွမ်း ပြန်ရောက်လာသည့်အခါ ရှောင်းကောသည် စာအုပ်တစ်အုပ်ကိုထုတ်ကာ စာကျက်ချင်သေးလားဟု မေးလိုက်သည်။ ရှောင်းကောသည် ယနေ့တွင် အချိန်မရှိသဖြင့် ကျွမ်းကျွမ်းကသာ တစ်နေ့လုံး သူမအနောက်ကို လိုက်နေခဲ့သည်။ သူ့မှာ အနားယူဖို့ အချိန်မရှိသလို စာဖတ်ချိနိလည်း မရှိခဲ့ပေ။
ကျွမ်းကျွမ်း ခေါင်းညိတ်တာကိုမြင်တော့ ရှောင်းကော တိတ်တဆိတ် ဝမ်းသာသွားသည်။ 'ဒီကလေးက စာတော်တော်ကြိုးစားတာပဲ! ဟုတ်တယ်! ငါနဲ့ကို မတူဘူး!'
“ဒါဆို အချိန်မလောက်လို့ ဒီနေ့ညမှာ စကားလုံးအသစ်တွေ မသင်ပေးတော့ဘူး။ အရင်က သင်ထားတဲ့စကားလုံးတွေကိုပဲ ပြန်နွေးမယ်"
ကျွမ်းကျွမ်းက စုတ်တံနှင့် စာရွက်ကို ဂရုတစိုက်ထုတ်လိုက်သည်။ ရှောင်းကောသည် စာအုပ်တွင် အမှတ်အသားပြုထားသည့် စာမျက်နှာမှ ပထမအခန်းသို ပြန်လှန်လိုက်သည်။ ရှောင်းကော အရမ်းအံ့သြသွားသည်။ ကျွမ်းကျွမ်းတစ်ယောက် အများကြီး သင်ယူပြီးပြီဆိုတာ သူမ သတိမထားမိခဲ့ပေ။
သူမလက်ထဲက စာမျက်နှာရဲ့ ထူထဲမှုက တော်တော်လေးကို ကြီးသည်။ အချိန်တွေကုန်တာ တကယ်မြန်တာပဲ!
ရှောင်းကော သက်ပြင်းချလိုက်သည်။ သူမ ကျွမ်းကျွမ်း၏ လေးနက်တဲ့ မျက်လုံးတွေကို ကြည့်ကာ မေးခွန်းတွေ စမေးလိုက်သည်...