← Chapters

အခန်း (၆၉)

Vol. 5 Ch. 69

အခန်း (၆၉)

Vol. 5 Ch. 69

အဲဒါနဲ့ ရှောင်းကောရော သူ့သားရော ရယ်လိုက်သည်။

ချင်းအန့်မင်ရဲ့ အသံက အရှေ့မှ ထွက်ပေါ်လာသည်။

"ဘာတွေပြောပြီး ရယ်နေကြတာလဲ?"

ကျွမ်းကျွမ်း သူ့ကိုမြင်တဲ့အခါ သူ့ရင်ခွင်ထဲကခွေးကလေးကို ချက်ချင်းဖက်ပြီး အဖြစ်အပျက်ကို ပြောပြသည်။

ချင်းအန့်မင်သည် မြည်းတွေချည်ထားသည့် ကြိုးကို ယူရင်း ဂရုတစိုက် နားထောင်သည်။ ကျွမ်းကျွမ်းက သူ့ဦးလေးအား ရင်ထိတ်အောင် ကြိုးပမ်းသည့်အခါ ချင်းအန့်မင်လည်း မသိဟန်ဆောင်ကာ မေးခွန်း ဆက်မေးလိုက်သည်။

ကျွမ်းကျွမ်း ခြံဝင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူသည် ခွေးလေးတွေအား တိရစ္ဆာန်တွေအားလုံးနှင့် မိတ်ဆက်ပေးခဲ့သည်။

အိမ်အပြန်လမ်းတွင် ကျွမ်းကျွမ်းက ခွေးပေါက်လေးနှစ်ကောင်ကို နာမည်ပေးထားပြီးပြီဖြစ်သည်။

ကျွမ်းကျွမ်း ရင်ခွင်ထဲမှ အဝါရောင် အကောင်လေးကို ပမ်းပမ်း ဟုခေါ်သည်။

ရှောင်းကောရင်ခွင်ထဲမှ အဖြူရောင်အကောင်လေးကိုတော့ ဖေးဖေး လို့ ခေါ်သည်။

မိတ်ဆက်တာပြီးတဲ့အခါ ရှောင်းကောသည် ရေနည်းနည်းသယ်လာကာ သူ့အားလက်ဆေးပြီး ညစာစားရန် တိုက်တွန်းလိုက်သည်။

နောက်တစ်နေ့တွင် ရှောင်းကောသည် မြည်းလှည်းပေါ်တက်ကာ ချင်းအန့်မင်နှင့်အတူ တောင်ပေါ်သို့သွားသည်။

နွားတင်းကုပ်ဆောက်ရန် လိုအပ်သည့်သစ်သည် ထူလည်းထူ၊ ဖြောင့်လည်းဖြောင့်ကာ၊ ရှည်လည်းရှည်ရမည်။ ရှောင်းကောနှင့် ချင်းအန့်မင်တို့ ဆွေးနွေးခဲ့ကြပြီး၊ ထင်းရှူးပင်များသာ ထိုစံနှုန်းများကို ဖြည့်ဆည်းပေးနိုင်သည့်ပုံရသည်။

တိုက်ဆိုင်စွာပင်၊ ရှောင်းကော ယခင်တောင်ပေါ်တက်တုန်းက ထင်းရှူးပင်တစ်စုကို တွေ့ခဲ့သည်။

သူတို့သွားခါနီးတွင် ကျွမ်းကျွမ်းတစ်ယောက် အိမ်အပြင်သို့ ပြေးထွက်လာသည်။ သူလည်း သူတို့နောက်ကို လိုက်ချင်သည်။ ရှောင်းကောလည်း သဘောတူလိုက်ပြီး တံခါးကို သော့ခတ်ကာ သုံးယောက်သားသွားကြတော့သည်။

လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းက ထင်းရှူးပင်အကြောင်း သိချင်စွာဖြင့် ရှောင်းကောအားမေးသည်။ ရှောင်းကော၏ ကျွမ်းကျင်မှုကြောင့် သူမတွင် ကျွမ်းကျွမ်းအား မျှဝေစရာတွေအများကြီးရှိကာ သူမသိသမျှ ပြောပြသည်။

ထင်းရှူးပင်များသည် အေးမြပြီး စိုစွတ်သည့် ရာသီဥတုအား သဘောကျကြသည်။ ၎င်းတို့သည် မြေသြဇာကောင်းကာ၊ ရေကောင်းစွာရပြီး အက်ဆစ်အနည်းငယ်ရှိသည့် သဲမြေတွင် ရှင်သန်ပေါက်ရောက်ကြသည်။ ၎င်းသည် ကြီးထွားမှုနှေးကွေးသောအပင်ဖြစ်ကာ အမြစ်တိမ်သည့်မျိုးစိတ်ဖြစ်သည်။

ရှောင်းကောထံမှ ဤအရာအားလုံးကို ကြားလိုက်ရသည့်အခါ ချင်းအန့်မင် အံ့အားသင့်သွားသည်။ သူ့ညီမ ဘယ်လိုလုပ်သိတာလဲလို့ သူတွေးလိုက်မိသည်။

ရှောင်းကောက သူ့အား သူမသည် သစ်ပင်မျိုးစိတ်များအကြောင်း စာအုပ်တစ်အုပ်ကို ဖတ်ဖူးတာကြောင့်ဟု ရှင်းပြသည်။

ချင်းအန့်မင်က သဘောကျအားရစွာ ခေါင်းညိတ်သည်။ စာအုပ်တွေက တကယ်ကို အံ့သြစရာကောင်းသည်။ အထဲတွင် အရာအားလုံးရှိသည်။ သူလည်း စာကောင်းကောင်းဖတ်ဖို့သင်ယူကာ သူ့ညီမလိုဖြစ်လာရမည်!

သူတို့ သုံးယောက်သား ထင်းရှူးပင်တွေဆီ ဦးတည်သွားကြသည်။ တောထဲသို့ ပိုပိုနက်လာသည့်အခါ ချင်းအန့်မင် အနည်းငယ် စိတ်မသက်မသာ ခံစားလာရသည်။

"ရှောင်းကော၊ ဒီနေရာမှာ အန္တရာယ်တစ်ခုခုရှိနိုင်လောက်မလား? အစ်ကိုတစ်ယောက်ထဲ လာခဲ့သင့်တာ"

ချင်းအန့်မင်မှာ ရှောင်းကောနှင့်ကျွမ်းကျွမ်းတို့ကိုပါ ခေါ်လာမိသည့်အတွက် တကယ်နောင်တရမိသည်။ သူတစ်ယောက်တည်းလာလျှင် အန္တရာယ်ကြုံရင်တောင် မကြောက်ပေ။ သို့သော် ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ကတော့ ဘာမှမဖြစ်သင့်ပေ။

"အဆင်ပြေပါတယ် အစ်ကို"

သူ စိတ်မသက်မသာဖြစ်နေသည်ကို ခံစားမိရင်း ရှောင်းကောက သူ့အား နှစ်သိမ့်ပေးသည်။ “ကျွမ်းကျွမ်းနဲ့ညီမတို့ ဒီကို အကြိမ်ကြိမ် ရောက်ဖူးပါတယ်။ အန္တရာယ် လုံးဝမရှိပါဘူး"

"ဘာ?!"

ချင်းအန့်မင်သည် ထိုစကားကိုကြားသည့်အခါ ပေါက်ကွဲထွက်လာသည်။ ရှောင်းကောက တကယ်ကြီးသူ့ဘာသာသူ လာပြီး ကျွမ်းကျွမ်းကိုပါ ခေါ်လာခဲ့သေးတယ်တဲ့။

သူတို့နှစ်ယောက် ဘာအန္တရာယ်ကိုမှ အာရုံမခံစားနိုင်တာကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲတွင် ပြင်းထန်သည့် စိုးရိမ်ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ ရှောင်းကောကို စပြီးဆူတော့သည်။

ရှောင်းကောက သူ့အနောက်မှ သူ အဆက်မပြတ် တကျည်ကျည် ဆူပူနေသည်အား နားထောင်နေသည်။ သူမ တကယ် ရှက်မိသည်။ ချင်းအန့်မင်က တကျည်ကျည် ဆူပူတဲ့နေရာမှာ အရမ်းတော်မယ်လို့ ဘယ်သူထင်မှာလဲ? သူပြောနေတာကြာပြီ။ သူရေများဆာနေမလားလို့ သူမသိချင်မိသည်။

ရှောင်းကော သူ့ကို မချေပနိုင်ပေ။ သူမ၏ အမြင်တွင်တော့ ချင်းအန့်မင်ဟာ သူမရဲ့အစ်ကိုတစ်ယောက်သာမက ဖခင်တစ်ယောက်လည်းဖြစ်သည်။ ဒီရက်တွေမှာ ရှောင်းကောတွင် ချက်ပြုတ်တာကလွဲလျှင် အိမ်တွင်အခြားဘာမှ လုပ်စရာမလိုပေ။ ချင်းအန့်မင်က သူမအားတခြားဝေယျာဝစ္စတွေ လုပ်ခွင့်မပေးချေ။ သူဟာ ဖခင်တစ်ဦးဆိုသည့် အခန်းကဏ္ဍကို ခံယူထားသည့်ပုံပင်။

ရှောင်းကောမှာ သူ၏ဆူပူသံအား ဆက်လက် နားထောင်လိုက်သည်။ သူမ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု လုံးဝမခံစားရပါချေ။ သူမ ရင်ထဲတွင် နွေးထွေးမှုကိုသာ ခံစားမိသည် — ဘာပဲဖြစ်ဖြစ် ဒီလိုဆူပူတာက ချစ်ခြင်းမေတ္တာကို ဖော်ပြတာဘဲလေ။

သို့သော် ချင်းအန့်မင်၏ အသံအတွက် ရှောင်းကော သူ့အားဖြတ်ပြောလိုက်သည်။

“ကြည့်ပါအုံး! ထင်းရှူးပင်တွေ!"

ချင်းအန့်မင် လည်ချောင်းကိုရှင်းကာ ရှောင်းကော ညွှန်ပြသည့်ဘက်ဆီ ကြည့်လိုက်သည်။

ဖြောင့်စင်းပြီး ထူထဲသည့် ထင်းရှူးပင်သည် တောထဲတွင် ဖြောင့်ဖြောင့်စင်းစင်း ရှိနေသည်။ ၎င်းတွင်အဆုံးမသတ်နိုင်သည့် ဆိတ်ငြိမ်မှုရှိသည်။ ပတ်ပတ်လည်တွင် ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် အကိုင်းအခက်များနှင့်ယှဥ်ကြည့်ပါက ၎င်းဟာ ပို၍ပင်စိမ်းလန်းကာ ခမ်းနားလှသည်။

ကျွမ်းကျွမ်းက ချက်ချင်းရေရွတ်လာသည်။ "ဝိုး"

"မေမေ၊ အဲ့ဒီအပင်တွေ ဘယ်လိုတောင် ဖြောင့်တန်းနေလဲ ကြည့်ပါအုံး!"

ကျွမ်းကျွမ်းက အံ့ဩတကြီးဖြင့် အပင်အား လှည့်ပတ်ကြည့်သည်။ ရှောင်းကောသည် ပုဆိန်ဖြင့် လှည်းပေါ်မှ ဆင်းလာပြီး သစ်ပင်ဆီလျှောက်လာသည်။ သစ်ပင်အား သူမလက်နဲ့ထိကြည့်ပြီး ခုတ်ပစ်ဖို့မအောင့်နိုင်တော့ပေ။

သစ်ပင်၏ ပင်စည်က တကယ့်ကို ထူထဲပြီး သန်မာလှသည်။ ခုတ်ဖို့ဆိုတာ မလွယ်ပေ။

ချင်းအန့်မင်သည် ပုဆိန်ကိုယူကာ သစ်ပင်တွေအား ပတ်ကြည့်လိုက်သည်။ သူလုံလောက်အောင် မြင်လိုက်ရပြီးသည့်အခါ ရှောင်းကောအား ပြောလိုက်သည်။ "ဒီနေရာက ထင်းရှူးပင်တွေအပြည့်ပဲ။ အားလုံးက အရမ်းသန်မာတဲ့ပုံဘဲ!”

ရှောင်းကော၏ မျက်လုံးတွေ တစ်ခဏလောက် တဖျပ်ဖျပ်ဖြစ်သွားသော်လည်း အဆုံးတွင် သူမစိတ်အားပြင်ဆင်လိုက်သည်။ "ခုတ်လိုက်ပါ!"

ရှောင်းကောက ကျွမ်းကျွမ်းကို သစ်ပင်နှင့် ခပ်ဝေးဝေးတွင်နေခိုင်းလိုက်သည်။ သစ်ပင်လဲကျမည့် အကွာအဝေးလောက်တွင် သူမ ရှိတာသေချာမှ ရှောင်းကောသည် ချင်းအန့်မင်နှင့်အတူ ပုဆိန်အား လွှဲခုတ်လိုက်သည်။ သူတို့၏ ပုဆိန်တွေနှင့် တလှည့်စီခုတ် တာကြောင့် သစ်ပင်တစ်ပင်က အမြန်မြေပြင်ပေါ် လဲကျလာသည်။

သူတို့နှစ်ဦးသည် သစ်ပင်များအား ဆက်လက်ခုတ်လှဲကြသည်။ သူတို့ဒီကိုမလာခင်ကတည်းက စဉ်းစားထားသည်။ နွားတင်းကုပ်ဆောက်ရန် ဘောင်အတွက် ထင်းရှူးပင် ရှစ်ပင်လောက်လိုသည်။ ခေါင်မိုးအတွက်တော့၊ သစ်ပင်အပါးတွေသာ လိုသည်။ အဲ့ဒါတွေက သူတို့လိုတာအားလုံးပင်။

သစ်ပင်ခုတ်လှဲခြင်းသည် ပြင်းထန်သည့်အလုပ်ဖြစ်သည်။ သူတို့နှစ်ယောက် တစ်မနက်လုံး သစ်ပင်ခုတ်ခဲ့ကြကာ ကြားထဲတွင် ခဏလောက် အနားယူကြသည်။ နေ့ခင်းတွင်တော့ ခုတ်ထားသည့် သစ်တွေအားလုံးအား မြည်းလှည်းပေါ် တင်လိုက်နိုင်သည်။

ရှောင်းကောသည် အပင်တစ်ပင်ကို ခုတ်လှဲလိုက်တိုင်း သူမသည် ရှိနေသည့် အရွက်များနှင့် အကိုင်းအခက်များအား ခုတ်ဖြတ်ပစ်သည်။ ထင်းရှူးပင်တစ်ပင်၏ အရှည်သည် သစ်လုံးနှစ်လုံးစာလောက် ကောင်းကောင်းရှိသည်မို့ သူတို့လေးပင်သာခုန်ခဲ့သည်။

သစ်ပင်တွေကို မြည်းလှည်းပေါ်တင်ပြီး တောင်ပေါ်ကနေ လမ်းလျှောက်ဆင်းဖို့ကလွဲလို့ သူတို့ သုံးယောက်တွင် ရွေးချယ်စရာမရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့်၊ သူတို့အိမ်သို့ ဦးတည်သည့်လမ်းမှာ လျှောက်ရတာမခက်လှပေ။ တောင်ပေါ်မှ လုံခြုံစွာ ဆင်းသက်လာပြီးသည့်နောက် မြည်းလှည်းအား အိမ်တည့်တည့် ဦးတည်လိုက်သည်။

သစ်လုံးများအား ချပြီးသည့်နောက် ရှောင်းကောသည် မြည်းကိုလက်ဖြင့် ပုတ်လိုက်သည်။ သူက တကယ် အလုပ်ကြိုးစားသည်။ သူမသည် မြည်းအား ဆုအဖြစ် မြက်တစ်စည်း ကျွေးလိုက်သည်။

နေ့ခင်းဘက်တွင် ကာယအားဖြင့် လုပ်ရမည့်အလုပ်တွေရှိသေးသည်ကြောင့် ရှောင်းကောသည် နေ့လည်စာတချို့ချက်ရန် ဆုံးဖြတ်လိုက်သည်။

သူမ နေရာလွတ်သို့သွားလိုက်ကာ အစောပိုင်းက သူမဝယ်ခဲ့သည့် ဝက်အူများအား ထုတ်ယူလိုက်သည်။

ချင်းအန့်မင် မီးဖိုချောင်သို့ ဝင်လာသည့်အခါ ရှောင်းကောသည် အမည်မသိအရာများအား ဇလုံတစ်လုံးဖြင့် ဆေးကြောနေသည်ကို တွေ့လိုက်ရသည်။ ရေဟာ ဖြူနောက်နောက်ဖြစ်နေကာ ဇလုံထဲရှိအရာမှာ ကြည့်ရတာမနှစ်မြို့စရာကောင်းလှသည်။

အဲ့ဒါ‌က ဘာလဲလို့ ချင်းအန့်မင် မေးချင်ပေမယ့် သူနီးကပ်လာသည့်အခါ အနံ့ဆိုးဖြင့် တိုက်ခိုက်ခံလိုက်ရသည်။

သူနှာခေါင်းပိတ်ကာ ခပ်ဝေးဝေး ခုန်လိုက်သည်။ "ရှောင်းကော ဘာတွေဆေးနေတာလဲ? နံလိုက်တာ!"

ရှောင်းကောကတော့ အနံ့အား ခံနိုင်ရည်ရှိသည်။ သူ့တုံ့ပြန်မှုကို မြင်တော့ သူမက ရယ်လိုက်သည်။

“ဒါတွေက ဝက်အူတွေပါ။ အနံ့ဆိုးပေမယ့် အရသာတော့တကယ်ရှိတယ်"

ရှောင်းကောမှာ တွေးရင်း သေရည်ပါယိုမတတ်ပင်။ ချင်းအန့်မင်၏ ခုခံသည့်အကြည့်နှင့် အယုံကြည်နိုင်သည့်မျက်နှာအား မြင်လိုက်ရသဖြင့် ရှောင်းကောသည် တခြားဘာမှ မပြောတော့ပေ။ ခဏနေကျရင် သူမချက်ပြုတ်မည်ပင်။

"ထမင်းအရင်ချက်ရအောင်"

ရှောင်းကောက ချင်းအန့်မင်အား ထမင်းတည်ခိုင်းလိုက်ပြီး သူမကတော့ အူတွေအားဆေးရန် အပြင်ရွှေ့လာလိုက်သည်။

သူမသည် အတွေအား ဆား၊ ဂျုံမှုန့်တွေဖြင့် အကြိမ်ပေါင်းများစွာ ဆေးကြောသည်။ အနံ့လုံးဝပျောက်သွားသည့်အခါ သူမနောက်ဆုံးတစ်ကြိမ် ရေသန့်သန့်ဖြင့် ဆေးကြောလိုက်သည်။

သူမသည် ဝက်အူများကို အိုးထဲထည့်ကာ တစ်စိတ်တစ်‌ဒေသ ကျက်သည်အထိ ပြုတ်လိုက်သည်။ ထို့နောက် အူများအား ထုတ်ကာ တြိဂံပုံစံအပိုင်းလေးတွေ လှီးဖြတ်လိုက်သည်။ ထို့နောက် ရှောင်းကောသည် တခြားပါဝင်ပစ္စည်းများအား ပြင်ဆင်လိုက်သည်။

အရင်က ဝယ်ထားသည့် ပန်းငရုတ်စိမ်း ၃ တောင့်ရှိသေးသည်။ သူမ အဲ့ဒါတွေကို ထုတ်ယူလိုက်ပြီး နောက်ကျသုံးရန် တြိဂံပုံစံအပိုင်းလေးတွေလှီးလိုက်သည်။

ရှောင်းကောသည် ဟင်းသီး ဟင်းရွက်တချို့အား မွှေကြော်ပြီး အအီ‌ပြေစေရန် သပွတ်သီးဟင်းချိုချက်မည်။

ထမင်း ကျက်ခါနီးပြီဖြစ်ကာ ပါဝင်ပစ္စည်းတွေလည်း အဆင်သင့်ဖြစ်နေသည်ကို တွေ့ရသဖြင့် သူမစတင်ချက်ပြုတ် တော့သည်။

သူမသည် အိုးထဲသို့ ဆီထည့်ကာ ပန်းငရုတ်စိမ်းများအား ဆီပူပူတွင် မွှေကြော်လိုက်သည်။ ထို့နောက် ဝက်အူကိုထည့်ကာ ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ထည့်ပြီး အားလုံးကို မွှေကြော်လိုက်သည်။

ဒီနေ့ ကျွမ်းကျွမ်းက ဟင်းပန်းကန်တွေအား ချပေးသည်။ ဝက်အူကို သူအနံ့ခံကြည့်သည်။ အနံ့ကလုံးဝမဆိုးပေ။ အနံ့က တကယ်မွှေးကာ ဦးလေးပြောသလို မနံပေ။

ကျွမ်းကျွမ်းသည် ပန်းကန်များကို ပျော်ပျော်ရွှင်ရွှင်ဖြင့် အိမ်ထဲသို့ ယူသွားသည်။ ကျန်ရှိသည့် အသီးအရွက်များမှာ ကကြော်ရတာမြန်သည်။ ၎င်းတို့ကို ဝက်ဆီပူပူဖြင့် ခပ်မြန်မြန်ချက်ကာ ကျန်သည့် သပွတ်သီးဟင်းချိုကိုဖြင့် ကြက်ဥနှစ်လုံးဖောက်ထည့်ကာ ဆားအနည်းငယ်ဖြင့် ချက်လိုက်သည်။

ထမင်းလည်း ကျက်ပြီ။ ချင်းအန့်မင်က ထမင်းကို အိမ်ထဲသို့ ပြန်သယ်လာသည်။ ရှောင်းကောက သူ့အနောက်မှနေ သပွတ်သီးကြက်ဥဟင်းချိုနှင့်အတူ လိုက်လာသည်။

ချင်းအန့်မင်သည် ပန်းကန်ပြားပေါ်ရှိ ဝက်အူတွေအား

တုံ့ဆိုင်းစွာဖြင့် စိုက်ကြည့်နေသည်။ အနံ့ကကောင်းပေမယ့် အဲ့ဒါတွေက ဝက်ရဲ့အနောက်ဘက်ကနေ ထွက်လာတာဖြစ်သည်။ အဲ့ဒါတွေကို ပါးစပ်ထဲ ထည့်ထားရမှာက ထူးဆန်းသလို ခံစားရသည်။

ချင်းအန့်မင် တုံ့ဆိုင်းနေချိန်မှာ ရှောင်းကောကတော့ ရယ်မောရင်း ကျွမ်းကျွမ်းရဲ့ပန်းကန်ထဲ ဝက်အူတွေကို ထည့်ပေးလိုက်သည်။ ကျွမ်းကျွမ်းက ဝက်အူအား ထမင်းနဲ့ တွဲစားလိုက်သည်။

ဒါက ချင်းအန့်မင် ပါးစပ်ထဲက ထွက်လာတော့မယ့် စကားလုံးတွေကို ရပ်ပစ်လိုက်သည်။

ကျွမ်းကျွမ်းတစ်ယောက် ပျော်ရွှင်စွာဖြင့် စားသောက်နေသည်ကို မြင်လိုက်ရသဖြင့် အဆုံးတွင် လွန်ဆဲနေတာကို သူ စွန့်လွှတ်လိုက်သည်။ ချင်းအန့်မင်သည် ဝက်အူတစ်ဖက်အား ညှပ်ယူကာ ရှုံ့တွနေသည့် မျက်နှာဖြင့် စားလိုက်သည်။

ပထမဆုံးတစ်ပိုင်း စားကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေ တောက်ပလာသည်။ ပန်းကန်ပေါ်က ဝက်အူအများစုကို သူကုန်အောင်စားပစ်လိုက်တာနှင့် အပြီးသတ်သွားသည်။

All Chapters