အခန်း (၇၀)
Vol. 5 Ch. 70
ဗိုက်ပြည့်အောင် စားသောက်ပြီးတဲ့နောက် ရှောင်းကောသည် ကျွမ်းကျွမ်းအား ပန်းကန်ဆေးရန် ချန်ထားလိုက်ပြီး ချင်းအန့်မင်နောက်ကနေ ခြံဝင်းထဲလိုက်သွားလိုက်သည်။
"အစ်ကို၊ ဘာလို့ ခဏလောက် အနားမယူတာလဲ? အခုလေးတင် ထမင်းစားထားတာ"
ရှောင်းကောမှာ ချင်းအန့်မင်အား တွင်းတူးတာကို ရပ်စေချင်သော်လည်း သူက လက်ယမ်းကာ လျစ်လျူရှုလိုက်သည်။ သူ့ဘာသာသူ လုပ်နိုင်သည်။
ရှောင်းကောလည်း မပင်ပန်းပါချေ။ သူမ အိပ်လို့မရသည့်အတွက် သူနှင့်အတူ တွင်းတူးရာတွင် ကူပေးနိုင်သည်။
နွားတင်းကုပ်အား ကြက်နှင့်ဘဲတွေရဲ့လှောင်အိမ်၏ မျက်နှာချင်းဆိုင်တွင် ဆောက်မည်ဖြစ်သည်။ ဤရှုထောင့်မှဆိုလျှင် နွားတင်းကုပ်မှာ နံနက်ခင်းနေအလင်းရောင်ကို ရနိုင်မည်ဖြစ်ကာ နေ့ခင်းနေအလင်းရောင်မှ အရိပ်ရနိုင်သည်။ ၎င်းဟာ နွားများ၏ နေထိုင်မှု အလေ့အထအတွက် ကောင်းမွန်သင့်လျော်သည်။
ရှောင်းကောသည် ဂေါ်ပြားကိုယူကာ ချင်းအန့်မင် အမှတ်အသား ပြုထားသည့်နေရာသို့ သွားလိုက်သည်။ ထို့နောက် သူမလည်း တွင်းစတင်တူးတော့သည်။
မီတာဝက်အနက်ခန့် တူးပြီးသည့်နောက် ချင်းအန့်မင်က ရှောင်းကောကို ရပ်ခိုင်းလိုက်သည်။ အဲဒါက အနေတော်ဘဲဖြစ်သည်။
သူတို့နှစ်ယောက် သစ်လုံးတစ်လုံးအား ထမ်းကာ တွင်းထဲသို့ ထောင်ထည့်လိုက်သည်။ ချင်းအန့်မင်က တွင်းထဲသို့ မြေကြီးအား ပေါက်တူးဖြင့် ဖြည့်နေချိန်တွင် ရှောင်းကောက အပေါ်မှ သစ်လုံးကို ကိုင်ထားပေးသည်။
သူပြီးခါနီးတော့ ရှောင်းကောသစ်လုံးကို လွှတ်လိုက်ပြီး တွန်းကြည့်လိုက်သည်။ လုံးဝမလှုပ်ပေ။
အပေါ်ယံမြေသားတွေကို နင်းလိုက်ပြီးသည့်နောက် ကျန်သည့်တွင်းတွေမှာလည်း စလုပ်ကြသည်။
သူတို့နှစ်ယောက် အတူတူအလုပ်လုပ်ရင်း တွင်းလေးတွင်းတွင် ထင်ရှူးသစ်တွေ အမြန်စိုက်ထူပြီးသွားသည်။ နောက်တစ်ဆင့်ကတော့ အပေါ်တွင် ရက်မ ဆောက်ရမည်။
သစ်လေးတိုင်၏ အပေါ်ဘက်တွင် သစ်လုံးအား အစုံလိုက် မျက်နှာချင်းဆိုင်ထားရမည်။ သစ်လုံးများကို ကြိုးဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်ပြီး ပေါ့သည့်သစ်လုံးအပိုင်းအား အပေါ်တွင်အညီအညာ ထားလိုက်သည်။
ရှောင်းကောက မနက်ဖြန် ခရိုင်သို့ သွားရန် တွေးတော့နေသည်။ သူမ ဆီစိမ်စက္ကူနှင့် အုပ်ကြွပ်ပြားတချို့ ဝယ်ရမည်။ မိုးမထိစေရန် ၎င်းတို့အား ရက်မအပေါ်တွင် ကပ်ရမည်။
ကျောက်စားကျင်းလုပ်ရန် ထုံးအုတ်တချို့လည်း ဝယ်ရဦးမည်။
ကျွမ်းကျွမ်း နိုးလာပြီးနောက် နွားများနှင့် ဆော့ကစားရန် အပြင်သို့ ခေါ်ဆောင်သွားသည်။
နွားများသည် နေ့စဉ် လုံလောက်သည့် လေ့ကျင့်ခန်း ပမာဏရှိရန် လိုအပ်သည်ကြောင့် ကျွမ်းကျွမ်းတွင် ၎င်းတို့အား နေ့စဥ် အပြင်ခေါ်ထုတ်ရန် တာဝန်ကျသည်။
ရှောင်းကော လက်တွေကို ဆေးကြောပြီးနောက် သူမကိုယ်အား သန့်စင်လိုက်သည်။ အခုချိန်တွင် လုပ်စရာအများကြီးမရှိတော့ပေ။ စောနေသေးသည်ဟု ထင်မိကာ ရှောင်းကော ကျွမ်းကျွမ်းအား လိုက်ရှာရန်လှည့်ထွက်သွားသည်။
ချင်းအန့်မင်ကတော့ အိမ်မှာဘဲနေခဲ့ကာ နွားတင်းကုပ်အားဆက်လုပ်သည်။
ပမ်းပမ်းနှင့် ဖေးဖေးတို့မှာ ရှောင်းကော၏ ခြေထောက်နားတွင် လိုက်ပါ အော်ဟစ်လာကြသည်။ သူတို့လေးတွေလည်း အပြင်ထွက်ချင်မယ်လို့ ထင်မိတဲ့အတွက် ရှောင်းကောလည်း ကျွမ်းကျွမ်းကိုရှာရန် ခွေးပေါက်လေးတွေကိုပါ ခေါ်သွားလိုက်သည်။
သူနွားတွေနဲ့ ဘယ်သွားလဲဆိုတာ ရှောင်းကောသိသည်။ ရှောင်းကောမှာ သူမအနောက်တွင် ခွေးပေါက်လေးနှစ်ကောင်ပါတာကြောင့် လမ်းအမြန်မလျှောက်ရဲပေ။ သူတို့လေးတွေက ငယ်သေးကာ သူမ၏ ခြေလှမ်းတစ်လှမ်းက သူတို့အတွက်တော့ ငါးလှမ်းခြောက်လှမ်းစာနှင့်ညီမျှသည်။
ရှောင်းကောက ရှေ့မှနေ ဖြည်းဖြည်ချင်း လျှောက်ကာ ခွေး ပေါက်လေးနှစ်ကောင်က သူမနောက်ကနေ လိုက်လာသည်။
လမ်းတစ်လျှောက်မှာ သူမ ဘယ်သူကိုမှ မတွေ့ပေ။ သို့သော် သူမ လယ်ထဲမှထွက်လာသည့် လီကျောက်ဒီကို တွေ့လိုက်ရသည်။ သူမသည် လျှောက်ရင်း ခါးပေါ် လက်တစ်ဖက်တင်ထားကာ ကျန်လက်တစ်ဖက်တွင်တော့ ပေါက်ပြားတစ်လက်ရှိနေသည်။ သူမလယ်လုပ်တာ ပြီးသွားတဲ့ပုံပင်။
ရှောင်းကောက သူမအား ထပ်ပြီး နှောင့်ယှက်ချင်တာကြောင့် သူမ မျက်လုံးတွေကိုလှိမ့်ကာ သမ်းလိုက်သည်။ သူမက အကျောဆန့်ရင်းပြောလိုက်သည်။ “အိုး ဘုရားရေ၊ ငါ ကောင်းကောင်း အိပ်ပျော်ခဲ့တာဘဲ!"
ရှောင်းကော၏ ပျင်းရိပျင်းတွဲပုံစံဟာ လီကျောက်ဒီ၏ ဖရိုဖရဲပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ပင်။
ဒါကို လီကျောက်ဒီ ကြားလည်းကြားသလို မြင်လည်းမြင်လိုက်သည်။
ရှောင်းကောအား စိုက်ကြည့်ရင်း သူမက မသဲမကွဲခပ်တိုးတိုးပြောလိုက်သည်။
သူမ ထပ်ပြီးကြိမ်းမောင်းနေတယ်ဆိုတာ ရှောင်းကောကြားဖို့တောင်မလိုပေ။ သို့ပေမယ့် သူမ ဒေါသမထွက်ပါချေ။ လီကျောက်ဒီသာ ဘာမှမပြောခဲ့လျှင် ရှောင်းကောအနေနှင့်ရန်ဖြစ်စရာ အကြောင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဒေါသထွက်ရတဲ့သူက သူမ မဟုတ်ပါချေ။
ရှောင်းကော၏ ခြေထောက်နားရှိ ခွေးပေါက်လေးနှစ်ကောင်က လီကျောက်ဒီအား ဟောင်ကြသည်။
လီကျောက်ဒီ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ သူမ ခွေးကြောက်တတ်တယ်ဆိုတာ သိသာလှသည်။ ရှောင်းကော လီကျောက်ဒီအား ဘဝင်ခိုက်သလိုကြည့်ကာ ခွေးပေါက်လေးတွေအား မတားဘဲ၊ တမင်ခပ်ဖြည်းဖြည်းသွားလိုက်သည်။ လီကျောက်ဒီ ရင်ထဲတွင် အမုန်းတရားများနှင့် ကြောက်ရွံ့မှုတွေဖြင့် ပြည့်နှက်နေသော်လည်း သူမ မလှုပ်ရဲပေ။
လုံလုံလောက်လောက် ပျော်ပြီးသည့်နောက် ရှောင်းကော ခွေးပေါက်လေးနှစ်ကောင်နှင့်အတူ ဆက်လျှောက်လာလိုက်သည်။
ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ သူမကို မမေးနဲ့။ အရင်တုန်းက လီကျောက်ဒီတစ်ယောက် ရှောင်းကောကို တစေ့တစောင်း မြင်လိုက်တိုင်း သူမကို နာရီပေါင်းများစွာ ကြိမ်းမောင်းတတ်သည်။ ထိုအချိန်တုန်းက ရှောင်းကော ဂရုမစိုက်ခဲ့ပါချေ။ ယင်ကောင်တွေဆီမှ တစ်ကြိမ်၊ နှစ်ကြိမ်လောက် အနှောင့်အယှက်ခံရသည်မှာ အဆင်ပြေသော်လည်း အချိန်အကြာကြီး ဆက်ဖြစ်နေပါက နောက်ဆုံးတွင် စိတ်အနှောင့်အယှက် ဖြစ်လာလိမ့်မည်ပင်။
သူမ မြစ်ကမ်းဘေးသို့ ရောက်သည့်အခါ မြစ်ကမ်းနံဘေးရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်နေသည့် ကျွမ်းကျွမ်းကို တွေ့လိုက်ရသည်။ နွားနှစ်ကောင်က အနီးနားရှိ မြက်ခင်းပြင်တွင် ကျက်စားနေ၏။ နွားတွေက ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည်။
ကျွမ်းကျွမ်းက ခေါင်းငုံ့ထားကာ သူ့လက်ထဲရှိ ပစ္စည်းတွေပေါ် နစ်ဝင်နေသည်။ ရှောင်းကော သူ့အနောက်မှနေ တိတ်တဆိတ် ချဉ်းကပ်လာတာကို သူ သတိမထားမိပေ။
ကျွမ်းကျွမ်း ဘာလုပ်နေလဲဆိုတာကို ရှောင်းကောသိချင်သည့်အတွက် သူ့အနောက်မှ တိတ်တဆိတ် လျှောက်လာပြီး သူ့ပုခုံးမှနေကျော်ကာ ချောင်းကြည့်လိုက်သည်။
သူ့လက်လေးတစ်ဖက်တွင် ပန်းတစ်စည်းကိုင်ထားကာ ကျန်လက်လေးတစ်ဖြင့်နှင့် စည်းဖို့ကြိုးစားနေသည်။ သူက နွယ်ပင်နှင့်ချည်ရမည့်နေရာတွင် ပြဿနာတက်နေသည်။ အားနေသည့် လက်တစ်ဖက်တည်းကို သုံးကာ အစွန်းနှစ်ဖက်လုံးနှင့် ချည်လို့မရပါချေ။
ရှောင်းကောက ကျီစယ်သလိုပြုံးကာ အသံမထွက်ပေ။ သူမ အနောက်ကနေလှမ်းကာ ချည်ရခက်သည့် နွယ်ပင်အဆုံးတစ်ဖက်အား ထိန်းထားပေးလိုက်သည်။
တစ်စုံတစ်ယောက်က နွယ်ပင်ကိုကူကိုင်ပေးလိုက်တာ မြင်တော့ ကျွမ်းကျွမ်းတစ်ယောက် ကျေးဇူးတင်စကားပြောလိုက်ကာ ပန်းတွေကို အပြုံးနှင့် ဆက်စည်းလိုက်သည်။
သူ ကြိုးချည်လို့ပြီးခါနီးနေပေမယ့် အနောက်တွင် သူမရှိနေသည်အား အခုထိ မသိသေးတာကြောင့် ရှောင်းကောရယ်ချင်သွားသည်။ သူ့အနောက်မှာ သူမ ရှိနေမှန်း သူဘယ်တော့မှ သိလောက်မလဲဆိုတာ ကြည့်ဖို့ ရှောင်းကောဆက်ပြီး အသက်အောင့်ထားလိုက်သည်။
သူမအား နောက်ကျောပေးထားသည့်အတွက် ကျွမ်းကျွမ်း၏ အကြည့်တွေကို သူမ မမြင်ရပါချေ။
တကယ်တော့ ကျွမ်းကျွမ်းတစ်ယောက် အနောက်ဘက်ကို စွေကြည့်ကာ တိတ်တိတ်လေးပြုံးနေသည်။ သူ့မေမေ ဘာလို့ ဒါကိုသတိမထားမိတာလဲ?
တကယ်တော့ ရှောင်းကော သူ့နားကပ်လာကတည်းက သူမကို သူသတိထားမိပြီးသားပင်။ သူလှည့်ကြည့်တော့မယ့်အချိန် သူ့အရှေ့ရှိ မြစ်ရေပြင်ပေါ်တွင် ရှောင်းကောမျက်နှာထင်ဟပ်လာတာကို သူတွေ့လိုက်ရသည်။
ထို့ကြောင့် ကျွမ်းကျွမ်းသည် ကျောပေးထိုင်လိုက်ကာ ရှောင်းကောအား သတိမထားမိ ဟန်ဆောင်လိုက်သည်။
ကျွမ်းကျွမ်းပန်းတွေကို ရှောင်းကောဆီ မပေးခင်အထိ သားအမိနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖုံးကွယ်ထားကြသည်။ "မေမေ၊ ဒါက မေမေ့အတွက်"
ရှောင်းကော အံ့သြသွားသည်။ သူမ ကျွမ်းကျွမ်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "မေမေမှန်း သားဘယ်လိုလုပ်သိတာလဲ?"
ကျွမ်းကျွမ်းက ရယ်မောလိုက်ပြီး မြစ်ထဲတွင် ထင်ဟပ်နေသည့် ရှောင်းကောပုံအား ပြလိုက်သည်။
ရှောင်းကော သူပြသည့်နေရာကို ကြည့်လိုက်ရာ မြစ်ထဲတွင် သူမပုံထင်ဟပ်နေသည်အား တွေ့လိုက်ရသည်။ သူမကတော့ နားမလည်သည့် အမူအရာအား တပ်ဆင်ထားဆဲပင်။
ရှောင်းကောမှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူမက ကျွမ်းကျွမ်းကို စချင်တာဖြစ်ပေမယ့် အဲ့ဒီအစား နောက်ဆုံးတော့ သူက သူမကို စလိုက်တာနှင့် အဆုံးသတ်သွားသည်။
"ကောင်းပြီ လူဆိုးလေး။ မင်းရဲ့မေမေကို ဘယ်လိုလုပ် စနောက်ရဲရတာလဲ? မေမေ မင်းကို ဘယ်လိုလုပ်မလဲစောင့်ကြည့်နေ!"
ရှောင်းကောက သူမ၏ မကောင်းဆိုးဝါးလက်တွေအား ကျွမ်းကျွမ်း၏ ချိုင်းကြားဆီ ဆန့်ထုတ်လာသည်။ ကျွမ်းကျွမ်းက ယားတတ်သည်။
ကျွမ်းကျွမ်းမှာ ရှောင်းကောလက်မှ ထွက်ပြေးရန် ကြိုးစားလိုက်ပေမယ့် သူမဆီကနေ မလွတ်လိုက်ပေ။ သူ သတိမထားမိခင်မှာဘဲ ရှောင်းကောက အခွင့်ကောင်းယူကာ ကလိထိုးလိုက်သည်။
“မေမေ…မေမေ ဟားဟားဟား…”
ကျွမ်းကျွမ်းမှာ ရှောင်းကော၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် အကြာကြီးမခံနိုင်ပေ။ ခဏအကြာ သူလက်နက်ချလိုက်တော့သည်။
ရှောင်းကောက ကျွမ်းကျွမ်းကို လွှတ်ပေးလိုက်ပြီး ပန်းစည်းကို သူ့မနှာခေါင်းဆီ ကပ်လိုက်သည်။ မွှေးရနံ့က ချစ်စရာပင်။
"ဒါက မေမေ့အတွက် လုပ်ထားပေးတာလား?"
ကျွမ်းကျွမ်းက အမောတကောဖြင့် ရှောင်းကောအား ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ် မေမေ။ ဒီနေ့ မြစ်ကမ်းနားမှာ ပန်းလှလှလေးတွေကို တွေ့ခဲ့လို့၊ အဲ့ဒါနဲ့ မေ့မေ့အတွက် ပန်းစည်းလေး လုပ်လိုက်တာ"
ရှောင်းကောက လက်ဆန့်ကာ ကျွမ်းကျွမ်းအား ပွေ့ဖက်လိုက်သည်။ သူမ မျက်လုံးတွေက နီရဲလာသည်။
"ကျေးဇူးတင်ပါတယ် ကျွမ်းကျွမ်း။ မေမေ အရမ်းကျေးဇူးတင်တယ်။ မေမေ အရမ်းပျော်တာပဲ! မေမေကြိုက်တယ်!"
ရှောင်းကောမှာ မတူညီသည့်ပုံစံသုံးမျိုးဖြင့် သူ့အား ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
ကျွမ်းကျွမ်းက ရှောင်းကောရဲ့ ပခုံးပေါ်မှီလိုက်ပြီး သူမ သူ့အားလုပ်ပေးတတ်သည့်ပုံစံအတိုင်း ပုတ်ပေးလိုက်သည်။
" မေမေပျော်ရင် သား ဝမ်းသာပါတယ်"
"ကျွမ်းကျွမ်းပျော်ရင် မေမေလဲပျော်တယ်"
ရှောင်းကောက ကောင်လေး၏ မျက်နှာကို ပွတ်သပ်ကာပြောလိုက်သည်။
ညနေအိမ်ပြန်ရောက်သည့်အခါ၊ ချင်းအန့်မင်၏ နွားတင်းကုပ်ကလည်း ပြီးသွားလေပြီ။ သူမ အပြင်မထွက်သွားခင်ကထက်တောင် ပိုပြီး သပ်ရပ်သွားသည့်ပုံပင်။
ရှောင်းကော အိမ်ပြန်ရောက်သည်နှင့် ညစာစတင်ပြင်ဆင်လိုက်သည်။ စားသောက်ပြီးသည့်နောက် ကျွမ်းကျွမ်းက စားပွဲခုံတွင်ထိုင်ကာ ချင်းအန့်မင်အား စာဘယ်လိုရေးရမလဲဆိုတာ သင်ပေးသည်။ ချင်းအန့်မင်ကလည်း သူ့ဆရာပြောတာကို သေချာအာရုံစိုက်သည်။
ရှောင်းကောက သူတို့နှင့် မလှမ်းမကမ်းတွင် ထိုင်နေသည်။ သူမဘေးတွင်တော့ ဒီနေ့ ကျွမ်းကျွမ်းပေးခဲ့သည့် ပန်းတွေရှိနေသည်။ အစောပိုင်း အိမ်ပြန်ရောက်တော့ သူမ ပန်းတွေအား စီလိုက်ကာ အိုးထဲထည့်လိုက်သည်။
စားပွဲပေါ်မှအလင်းရောင်ကိုသုံးကာ ရှောင်းကောသည် သူမလက်ထဲရှိ အဝတ်များကို ချုပ်နေသည်။ ဒီအတောတွင်း ရှောင်းကော အဝတ်အစားတွေချုပ်တာ ပြီးလုနီးပြီဖြစ်သည်။
သူမကိုယ်တိုင်အတွက် ဝတ်စုံနှစ်စုံနှင့် ချင်းအန့်မင်အတွက် နှစ်ခုကို ချုပ်ခဲ့သည်။ ဒီဇိုင်းတွေကတော့ ကျွမ်းကျွမ်းအတွက် သူမချုပ်ပေးခဲ့သည့် ပုံစံများနှင့် ဆင်တူသည်။ ဒီထက်ပိုရှုပ်ထွေးတာတွေအား ဘယ်လိုချုပ်ရမလဲတာ ရှောင်းကောမသိပေ။
“ဒီည ချုပ်တာပြီးတော့မယ်။ မနက်ဖြန်ကျ လျှော်ဖို့ရာသီဥတု ကောင်းလိမ့်မယ်ထင်တယ်"