← Chapters

အခန်း (၇၂)

Vol. 5 Ch. 72

အခန်း (၇၂)

Vol. 5 Ch. 72

ရူယီခေါက်ဆွဲဆိုင်အား ရက်အနည်းငယ်ကြာတွင် ပိတ်မည်။ ရူယီခေါက်ဆွဲဆိုင်ကို ယာယီပိတ်ထားကာ ခုနစ်ရက်အတွင်း ပြန်ဖွင့်မယ်ဆိုတဲ့အကြောင်း ဦးလေးရှုအား အကြောင်းကြားစာ ရေးခိုင်းလိုက်သည်။

ဆိုင်ပိတ်ချိန်တွင် သူမသည် လူတိုင်းအား အနားပေးရန်စီစဉ်ထားသည်။ သူမသည်လည်း ဤရက်များတွင် အလုပ်များလွန်းသဖြင့် အနားယူရန် အချိန်မရှိခဲ့ပေ။ သူမသည် ဒီနားရက်ကို အခွင့်ကောင်းယူကာ အလုပ်သမားအသစ်ရှာရန်နှင့် မာလာထန်အတွက် ပါဝင်ပစ္စည်းတွေကို ပြင်ဆင်မည်။

ရှောင်းကောသည် သူမနှင့် အချိန်အတော်ကြာ စကားစမြည်ပြောခဲ့သည်။ သူမတွင် ဝယ်စရာတစ်ခုရှိသေးမှန်း သတိရသွားကာ အပြင်ထွက်ရန်ပြင်လိုက်သည်။

ရူယီသည် နေ့ခင်းပိုင်းတွင် အားနေသည်ကြောင့် ရှောင်းကောအား ဘာဝယ်ချင်လို့လဲလို့ မေးလိုက်သည်။ သူမအုတ်ကြွပ်သွားဝယ်မယ်ဆိုတာကြားတော့ ရူယီကရင်ဘတ်ကို ပုတ်ကာရယ်လိုက်ပြီး ၎င်းအား သူမဆီလွှဲထားလိုက်ဟုပြောလာသည်။

သူမသည် ခရိုင်တွင် ကြီးပြင်းတာဖြစ်သည်။ သူမသည် ဤနေရာတစ်ဝိုက်ရှိ ဆိုင်များကိုသိကာ ဈေးကောင်းကောင်းဖြင့် ဘယ်မှာရနိုင်သလဲဆိုတာကိုလည်း သိသည်။

ရှောင်းကော တွေးကြည့်လိုက်သည်။ ဒါကကောင်းတာပဲ။ ဒါက တစ်ဝင်ဆိုင် တစ်ဆိုင်ထွက်ကာ ဈေးယှဉ်ကြည့်ရမည့်အခက်အခဲကို သက်သာစေလိမ့်မည်ပင်။

ရူယီသည် ချင်းအန့်မင်၏ အကူအညီဖြင့် မြည်းလှည်းပေါ်တက်ကာ ရှောင်းကောအနားတွင် အသေအချာထိုင်လိုက်သည်။ ကျွမ်းကျွမ်းက ချင်းအန့်မင်ဘေးတွင်ထိုင်သည်။

ရူယီနှင့် ရှောင်းကောတို့သည် သူတို့သွားမည့်နေရာနှင့် ထုတ်ကုန်များ ကောင်းစွာပြုလုပ်ပုံ၊ တာရှည်ခံပုံအကြောင်း ဆွေးနွေးကြသည်။

ရှောင်းကောက လှည်းမောင်းကာ ရူယီ ပြသည့်တည်နေရာဆီ မောင်းနှင်လိုက်သည်။

လမ်းတွင် ရူယီသည် အလုပ်အားသွားတာကြောင့် တလျှောက်လုံးပြုံးနေကာ သူမ၏ အစီအစဥ်များနှင့် ပြင်ဆင်မည့်အရာများအကြောင်း ရှောင်းကောနဲ့ပြောကြသည်။

ရှောင်းကော မျက်လုံးတွေက လမ်းကိုကြည့်နေကာ ရူယီပြောတာတွေအား နားကနေ နားထောင်နေသည်။ သူမနှင့် စကားစမြည်ပြောရင်း တစ်စုံတစ်ခု စိတ်ထဲပေါ်လာတိုင်း အကြံဥာဏ်အချို့ပေးသည်။

သူတို့စကားစမြည်ပြောနေရင်းနဲ့ ရူယီက ရုတ်တရက် စကားရပ်သွားသည်။ တစ်ခုခု လွဲနေတာကို ခံစားမိသည့်အတွက် သူမလှည့်ကြည့်လိုက်သည်။

ရူယီတစ်ယောက် အနောက်ဘက်ကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေတာကို သူမတွေ့လိုက်ရသည်။ ရှောင်းကော သူမ ဘာကိုကြည့်နေတာလဲဆိုတာ သိချင်သွားပြီး သူမအကြည့်နောက်ကို လိုက်ကာကြည့်သည်။ ကျွမ်းကျွမ်းနှင့် စကားပြောနေသည့် ချင်းအန့်မင်ကို သူမ ကြည့်နေတာဖြစ်သည်။

ရူယီမိန်းမောနေရာကနေ သတိပြန်ဝင်လာဖို့ ရှောင်းကောနှစ်ခါလောက် ခေါ်လိုက်ရသည်။

"ဟမ်? အိုး၊ ငါ တစ်ခုခု တွေးနေတာ။ ဟီးဟီး”

နည်းနည်းရှက်သွားကာ ရူယီ ရှက်သွေးဖြာစွာဖြင့် ရှောင်းကောအား လှမ်းကြည့်လိုက်သည်။

ရှောင်းကော သူမကို ဆက်ပြီး မေးခွန်းထုတ်မှာကို စိုးတာကြောင့် ရူယီ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ ရူယီတစ်ယောက် သူမအစ်ကိုကို ကြည့်နေတာဖြစ်မှန်း ရှောင်းကော သဘောပေါက်သွားသည်။

တကယ်ပဲ! သူမအစ်ကိုက အရပ်ရှည်ပြီး ရုပ်ရည်လည်း ကြည့်ကောင်းသည်။ သူဟာ ပိန်ပိန်ပါးပါး အားနည်းသည့် ပုံစံမျိုးမဟုတ်ပေ။

ထိုအတွေးတွေ သူမစိတ်ထဲ ပြေးဝင်လာသည်နှင့်အမျှ သူမ ရူယီအား တံတောင်ဖြင့် တစ်ချက်တွက်လိုက်သည်။

“အိုး ဟုတ်သားဘဲ၊ ရူယီ ကျွန်မ အစ်မကို မိတ်ဆက်ပေးဖို့ အခွင့်အရေး မရလိုက်ဘူး။ ဒါက ကျွန်မရဲ့အစ်ကိုအရင်း ချင်းအန့်မင်။ ဒီနှစ်ထဲမှာ ၂၃ နှစ်ရှိပြီ၊ အိမ်ထောင်မပြုရသေးဘူး"

သူ့နာမည်ကို ကြားတော့ ချင်းအန့်မင် ရှောင်းကောအား နားမလည်သလို မော့ကြည့်လိုက်သည်။ သူတို့ဘာတွေပြောနေတာလဲ?

ရှောင်းကောဆီမှ ထူးဆန်းသည့်အကြည့်ကို ရပြီးတဲ့နောက် ချင်းအန့်မင်မှာ ပိုလို့တောင် စိတ်ရှုပ်ထွေးသွားသည်။ သူ့မှာ ရူယီအား ‌ရှင်းပြပေးရန်ပန်ကြားသလို လှည့်ကြည့်ရုံသာ တတ်နိုင်တော့သည်။

မထင်မှတ်ပဲ ရူယီရဲ့မျက်နှာက ပိုနီရဲလာသည်။ သူမမှာ သူ့ကိုတောင် မကြည့်ရဲ‌တော့ပေ။ သူ သူမအား ကြည့်နေတာကိုမြင်တော့ သူမအကြည့်တွေကို ရှောင်းကောဆီ ချက်ချင်းလှည့်လိုက်သည်။ သူမ၏ နှလုံးမှာ ပြင်းပြင်းထန်ထန်ကို ခုန်ပေါက်နေသည်။

ရှောင်းကောရဲ့အစ်ကိုက တကယ်ချောသည်။ မနက်တုန်းက သူမ အလုပ်များနေသဖြင့် သူ့ကို တစ်ချက်သာကြည့်လိုက်မိသည်။ ထိုအချိန်တုန်းက သူမ၏ ပထမဆုံး အတွေးမှာ သူက ကြည့်ကောင်းလိုက်တာ ဆိုတာဘဲဖြစ်သည်။ နေ့လယ်စာစားချိန်မှာတော့ ရှောင်းကောပြောခဲ့တဲ့ မာလာထန်အကြောင်း တွေးရင်း နစ်မွန်းနေတော့ သူ့ကို သူမ သိပ်သတိမထားမိခဲ့ပေ။ အခု သူမတွက်အချိန်ရလာတော့ သူမကိုယ်သူမ မထိန်းနိုင်တော့ပေ။ သူ့မျက်လုံးတွေက သူ့ဘက်ကိုဘဲ လှမ်းကြည့်နေမိသည်။ သူမ ရူးသွားတာလား?

ရှောင်းကော ရူယီကိုကြည့်ရင်း သူမဘာတွေးနေလဲဆိုတာ ပြောပြနိုင်သည်။ သို့သော် သူမရဲ့ ကြောင်တောင်တောင်အစ်ကိုကို ပြန်ကြည့်မိတဲ့အခါ သူမနည်းနည်း စိတ်တိုမိသည်။ မိန်းကလေးက အရမ်းကိုရှက်သွေးဖြာနေတာကို သူက လုံးဝသတိမထားမိဘဲ ကျွမ်းကျွမ်းနဲ့တောင် စနောက်နေသေးသည်။

ရှောင်းကော သူမအစ်ကိုအကြောင်း တွေးလိုက်မိသည်။ သူက လက်ထပ်ရမည့်အရွယ် ကျော်လွန်နေပြီဖြစ်သော်လည်း သူ့အနာဂတ်အတွက် အစီအစဉ်မရှိသေးပေ။

ထိုအတွေးဖြင့် ရှောင်းကော ရူယီအား လှည့်ကြည့်လိုက်သည်။ ဒီမိန်းကလေးဟာ ကြင်နာပြီး ချောမောသည်။ သူမအနေဖြင့် အိမ်ထောင်ပြုဖို့ သင့်တော်လှသည်။ ဖြစ်နိုင်ရင် သူမ သူတို့ကို ကူညီသင့်လား?

သို့သော် ဒုတိယမြောက်အတွေးတွင်တော့၊ ၎င်းက သူတို့နှစ်ဦးကြားက ဆက်ဆံရေးဖြစ်သည်။ သူမ ဝင်ပါလို့မရချေ။ သူမ အစပျိုးပေးရန်သာ ကြိုးစားပေးလို့ရသည်။

"စကားမစပ် ရူယီ ရှင် ကျွန်မကို ကူညီပေးစေချင်တယ် မဟုတ်လား?"

ရူယီ ရုတ်တရက်သတိပြန်ဝင်လာပြီး ရှောင်းကောပြောလိုက်သည်ကို တွေးလိုက်သည်။

မာလာထန်ကြောင့် ရှောင်းကောဆိုင်တွင် ကြည့်ပေးရန် ရူယီ အနေဖြင့် ကူညီပေးစေလိုသည်။ ဒီလိုမှမဟုတ်ရင် သူမတစ်ယောက်တည်းသာဆိုရင် ယုံကြည်မှုရှိမှာမဟုတ်ပေ။

"အင်း၊ ညီမရော သဘောတူလား?"

ရူယီချက်ခြင်း သူမရဲ့ အတွေးတွေကို ဘေးဖယ်လိုက်ကာ ရှောင်းကော ပြောတာကို အာရုံစိုက်လိုက်သည်။ ရှောင်းကောက သူမကိုကူညီဖို့ ဆန္ဒရှိနေတော့အရမ်းကောင်းသည်။

ရှောင်းကော ခေါင်းခါလိုက်သည်။ “ကျွန်မ ဒီမှာတော့ နေလို့မရဘူး။ ကျွန်မမှာ ကျွမ်းကျွမ်းက ရှိသေးတယ်လေ။ နှစ်ကုန်ပြီးရင် ကျွမ်းကျွမ်းက ကျောင်းတက်ရတော့မှာ။ ကျောင်းမစခင် ပြင်ဆင်စရာတွေ သူ့ကိုကူပြင်ပေးရဦးမှာ"

ရူယီ စိတ်ပျက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ကျွမ်းကျွမ်းက သူမ၏ ဦးစားပေးဖြစ်သည်ကို ရှောင်းကောအရင်က ပြောခဲ့သေးသည်။

“ဒါပေမယ့် ကျွန်မရဲ့ အစ်ကိုကိုတော့ လာခိုင်းလို့ရတယ်။ ကျွန်မရဲ့ ရှယ်ယာတစ်ဝက် သူ့ကိုပေးလိုက်မယ်။ တစ်ယောက်ကို နှစ်ဆယ်ရာခိုင်နှုန်းစီယူလိုက်မယ်လေ"

အဲဒါနဲ့ ရှောင်းကော ရူယီအား ကြည့်လိုက်သည်။ "ဒီလိုဆိုရင်‌ရော ဘယ်လိုလဲ?"

ရူယီ အံ့သြသွားသည်။ သူမ ချင်းအန့်မင်အား လှည့်ကြည့်လိုက်တော့ သူ့ရဲ့ စိတ်ရှုပ်ထွေးနေသည့် အမူအရာကို မြင်လိုက်ရသည်။ သူတို့ရဲ့ ဆွေးနွေးမှုထဲမှာ သူက ဘယ်လိုလုပ် ပါသွားတာလဲ?

ဒါက အစီအစဉ်ကောင်းတစ်ခုဟု ရူယီ သဘာဝအလျောက် ခံစားမိသော်လည်း ချင်းအန့်မင် လက်ခံလား လက်မခံလားဆိုသည့်အပေါ်လည်း မူတည်သေးသည်။

ရှောင်းကောနှင့် ရူယီတို့သည် စားသောက်ဆိုင်အတွက် ဘာလုပ်မလို့ ပြင်နေလဲဆိုတာ ချင်းအန့်မင်လည်း သိသည်။ လမ်းတစ်လျှောက်လုံး သူ ရှင်းရှင်းလင်းလင်းကို ကြားခဲ့ရတာဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် သူလည်း သွေးဆောင်ခံလိုက်ရသည်။ သူ့တွင်လည်း လုပ်စရာတစ်ခုရှိချင်သည်။ ရှောင်းကောနှင့် အတူနေရသည်မှာ ကောင်းသော်လည်း သူ့တွင် နေ့တိုင်း လုပ်စရာအများကြီး မရှိပါချေ။ သူ့တွင်အချိန်ရှိတိုင်း ခေါက်ဆွဲဆိုင်တွင် လာကူပေးနိုင်ပါက အကောင်းဆုံးဖြစ်မည်ပင်။

ရူယီက သူမသဘောတူကြောင်း ဖော်ပြလိုက်သည်။ ကျန်တာကတော့ ချင်းအန့်မင်အပိုင်းပင်။

ချင်းအန့်မင် ရှောင်းကောအား လှမ်းကြည့်လိုက်ရာ သူမထံမှ အားပေးသည့် အကြည့်ကို ရလိုက်သည်။ သူလည်း ရှုရူယီအား ကြည့်ကာ ပြောလိုက်သည်။ "ကောင်းပြီလေ!"

ရူယီမှာ ရှောင်းကောထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေသည်။ သူမရဲ့ ကျယ်ကျယ်လောင်လောင် ရွှင်မြူးသွားသည့်အသံက လှည်းပေါ်ရှိလူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

ထို့နောက် ရှက်ရွံ့စွာဖြင့် သူမပါးစပ်ကို အုပ်လိုက်သည်။ "ငါ့အမှားပါ တောင်းပန်ပါတယ်...တောင်းပန်ပါတယ်"

“ညီမရှောင်းကော၊ အစ်ကိုအန့်မင်သာ လာကူပေးရင် ညီမဘက်က ၂၀% ဘဲယူဖို့ မလိုပါဘူး။ ၄၀% ပဲ ဆက်ယူလို့ရပါတယ်။ အစ်ကိုအန့်မင်ကို သီးသန့် ၁၀% ပေးမယ်။ နောက်ပြီးတော့ လတိုင်းလည်း လစာ ပေးမယ်"

ရှောင်းကော ခေါင်းကို အထပ်ထပ်အခါခါ ခါလိုက်ပြီး သူမရဲ့ အမူအရာမှာ လေးနက်နေသည်။ “ဟင့်အင်း၊ အဲဒါက မမှန်ဘူး။ ကျွန်မရဲ့ ရှယ်ယာတစ်ဝက်ကိုဘဲ သူ့ကိုပေးပါ့မယ်"

စီးပွားရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ရှင်းရှင်းလင်းလင်း ခွဲခြားထားသင့်သည်။ ရူယီကတော့ ဘာမှသိပ်မဟုတ်ပေမယ့် သူမကိုတော့ အခွင့်ကောင်းမယူနိုင်ပါချေ။

“မှန်တယ်! ညီမရှောင်းကော!"

ရူယီက ရှောင်းကောအား ဖြတ်ပြောလာသည်။ "အစ်ကိုအန့်မင်က ဒီမှာအလုပ်လာလုပ်တာ မဟုတ်ဘူး‌လေ။ သူလည်း ဒီမှာ ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ရှိနေတာ။ သူလည်း အကျိုးအမြတ်ရသင့်တယ်!"

ရှောင်းကော ရူယီကိုကြည့်လိုက်တော့ သူမ စနောက်နေတာမဟုတ်မှန်း တွေ့လိုက်ရသည်။ သေသေချာချာ တွေးကြည့်ပြီးတဲ့နောက် သူမပြောသည့်စကားမှာ မှန်ကြောင်း သူမ သိလိုက်သည်။

ချင်းအန့်မင် ခေါက်ဆွဲဆိုင်မှာရှိတုန်းက ရှောင်းကော၏ တာဝန်တွေကို သူတကယ်ယူခဲ့သည်။ သူလည်း တူညီတဲ့အလုပ်တွေကို လုပ်ခဲ့သည့်အတွက် သူလည်းအမြတ်ဝေစုရဖို့ဆိုတာ သင့်တော်သည်။

သို့သော် သူ့ရှယ်ယာအတွက်ကိုတော့ ရူယီအား မပေးစေချင်ပေ?

ရှောင်းကောနှင့် ရူယီတို့မှာ အချိန်အတော်ကြာ ပြောနေခဲ့ကြသော်လည်း ရူယီမှာ နောက်ပြန်ဆုတ်ရန် ငြင်းဆိုနေဆဲပင်။ သူမက ချင်းအန့်မင်အား အမြတ်၏ ၁၀% ပေးမည်လို့ ပြောသည်။ ရှောင်းကောအနေဖြင့် သူအားခွဲပေးဖို့မလိုချေ!

ရူယီက ဒီကိစ္စတွင် တော်တော်ခေါင်းမာသည်။ ရှောင်းကောနှင့် ချင်းအန့်မင်တို့မှာ သူမအား ဖျောင်းဖျရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကူကယ်ရာမဲ့စွာဖြင့်၊ သူတို့ အရှုံးပေးရုံသာ ရှိတော့သည်။ အနာဂတ်တွင် သူတို့အနေဖြင့် သူမအား တခြားနည်းဖြင့် ပြန်ဆပ်ပေးရုံသာရှိတော့သည့်ပုံပင်။

ချင်းအန့်မင်သည်လည်း စိတ်အားထက်သန်မှုအပြည့်ရှိနေသည်။ သူသည် နောက်ပိုင်းရက်တွေတွင် အလုပ်နှင့် ပါဝင်ပစ္စည်းများနှင့် ရင်းနှီးစေရန် ရူယီနှင့် အချိန်စီစဉ်လိုက်သည်။

သူတို့နှစ်ဦး ပျော်ရွှင်စွာ စကားစမြည်ပြောနေကြသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကောက ကျွမ်းကျွမ်းအား သူမဆီသို့ လာရန် လက်ပြလိုက်သည်။ ကျွမ်းကျွမ်းလည်း ရှောင်းကော၏ ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။

မြည်းလှည်းက ရူယီညွှန်သည့် ဆိုင်တွင်ရပ်သွားခဲ့သည်။ သူတို့ဝင်သွားတဲ့အခါ လက်ရာက တကယ်ကို စေ့စပ်သေချာပြီး သုံးတဲ့ပစ္စည်းတွေက အရမ်းခိုင်မာကြောင်း သူတို့သိလိုက်ရသည်။

ရှောင်းကောသည် အုတ်ကြွပ်ပြားငါးရာနှင့် အုတ်တစ်ရာအပြင် ထုံးတစ်အိတ်ကိုလည်း မှာလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုင်တွင် ဆီစိမ်စာရွက်တွေလည်း ရှိသဖြင့် ရှောင်းကောသည် စာရွက်ခပ်ကြီးကြီးတစ်ရွက် ဝယ်လိုက်သည်။

သူတို့ဈေးဝယ်ပြီးသည့်အချိန်မှာ နောက်ကျနေပြီဖြစ်သည်။ ရှောင်းကော ရူယီအား အိမ်ပြန်လိုက်ပို့ပေးလိုက်ကာ သူမအိမ်ထဲ ဝင်သွားတာကိုတွေ့ပြီးသည်နှင့် သူမတို့လည်း အိမ်သို့ဦးတည်လိုက်သည်။

မက်မွန်ပွင့်ရွာသို့ သူမတို့ အပြေးအလွှား ပြန်လာကာ ကျွမ်းကျွမ်းမှာ အရမ်းပင်ပန်းသဖြင့် မျက်လုံးမဖွင့်နိုင်တော့ပေ။ ချင်းအန့်မင်က ကျွမ်းကျွမ်းအား ဖက်ထားကာ သူ အိပ်မပျော်သွားစေရန် စကားဆက်ပြောနေသည်။ သူသာ အခုချိန်အိပ်လိုက်ပါက ညစာမစားနိုင်တော့သလို အိပ်ရာဝင်ချိန်မှာလည်း အိပ်ပျော်ရန်ဒုက္ခရောက်လိမ့်မည်။

All Chapters