← Chapters

အခန်း (၇၃)

Vol. 5 Ch. 73

အခန်း (၇၃)

Vol. 5 Ch. 73

"အစ်ကို မနက်စာစားပြီးရင် ခေါက်ဆွဲဆိုင်သွားမလို့လား?"

ရှောင်းကော သူ့ဆန်ပြုတ်ကို အမြန်စားနေတဲ့ ချင်းအန့်မင်အား ကြည့်လိုက်သည်။ မနက်တုန်းက သူအစောကြီးနိုးနေကာ မြက်ခုတ်ဖို့ အပြင်ထွက်သွား‌သေးသည်။ ရှောင်းကော သူ့အား မနက်စာစားဖို့ လာပြောမှသာ သူပြန်လာခဲ့သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ အစ်ကို ဒီနေ့နေ့လည်စောစောပြန်လာမယ်။ အစ်ကိုပြန်ရောက်လာရင် အုပ်ကြွပ်ပြားခင်းမယ်"

ချင်းအန့်မင်က ရှောင်းကောအား သူ မနက်စောစော သွားကာ နေ့လည်စောစော ပြန်လာမယ်လို့ ပြောလိုက်သည်။

ရှောင်းကောလည်း ခေါင်းညိတ်ပြလိုက်သည်။ ဒီနေ့ ခေါက်ဆွဲဆိုင်တွင် လုပ်စရာတွေ သိပ်အများကြီး ရှိတော့မှာ မဟုတ်ဘူးဆိုတာ သူမ ပြောလိုက်သည်။ သူသာ ဆိုင်ရှိလုပ်ငန်းဆောင်တာများနှင့် ရင်းနှီးကျွမ်းဝင်သွားပါက ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် ကူညီပေးနိုင်သည်။ သူနည်းနည်းနောက်ကျပြီးမှ သွားရင်တောင် အဆင်ပြေသည်။ သို့သော် သူဘယ်လောက် စိတ်အားထက်သန်နေလဲဆိုတာမြင်တော့ သူမ ဘာမှမပြောလိုက်တော့ပေ။ သူ့အတွက် နောက်ထပ် ကြက်ဥကြော်တစ်ခုကို သူမထည့်ပေးလိုက်သည်။

ချင်းအန့်မင် ထမင်းစားပြီးသည့်အခါ သူ့ပန်းကန်ကိုချပြီး မြည်းလှည်းနဲ့ ထွက်သွားတော့သည်။ ရှောင်းကော စိတ်အားထက်သန်မှု အပြည့်ရှိနေတဲ့ သူ့ရဲ့နောက်ကျောကိုကြည့်ကာ စောစောပြန်လာရန် သတိပေးလိုက်သည်။ ချင်းအန့်မင်လည်း လက်ကိုယမ်းပြကာ ထွက်သွားတော့သည်။

ရှောင်းကောလည်း ကျွမ်းကျွမ်းနှင့်အတူ ဆက်စားရန် ပြန်သွားလိုက်သည်။ သူ့ပန်ကန်လုံးထဲက ဆန်ပြုတ်ကုန်သွားတဲ့အခါ အိုးထဲတွင် အနည်းငယ် ကျန်နေသေးသဖြင့် ခပ်ကာ သူ့အတွက် ချန်ထားလိုက်သည်။

“မေမေ မစားနိုင်တော့ဘူး…”

ကျွမ်းကျွမ်းမှာ တစ်ဝက်ပြည့်နေတဲ့ ဆန်ပြုတ်ပန်းကန်ကို ကြည့်ကာ မျက်ရည်ဝဲတဲတဲဖြင့် ရှောင်းကောအားကြည့်လိုက်သည်။

ရှောင်းကောသည် ယနေ့တွင် အစားအသောက် နည်းနည်းများများ ပြင်ဆင်ထားသည်။ ကျွမ်းကျွမ်း ဗိုက်သိပ်မပြည့်သေးတာကို မြင်သဖြင့် သူနှင့် မျှစားရန် သူမဆုံးဖြတ်လိုက်သည်။

"ကျွမ်းကျွမ်း၊ ဒီဆန်ပြုတ်ကို ဝေစားကြရအောင်"

ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ!”

ရှောင်းကောက ကျွမ်းကျွမ်းအား ကြက်ဥကို ပေးလိုက်ကာ ဆန်ပြုတ်နှင့်စားခိုင်းလိုက်သည်။

ထမင်းစားပြီးနောက် ကျွမ်းကျွမ်းသည် ထုံးစံအတိုင်း ပန်းကန်ဆေးရန် သွားလိုက်သည်။ ရှောင်းကောလည်း အိမ်တွင် ဘာမှလုပ်စရာမရှိတာကြောင့် အုပ်ကြွပ်ပြားတွေ ခင်းဖို့ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် မခက်ပါချေ။ သူမကိုယ်တိုင် ကိုင်တွယ်နိုင်သည်။

ကျွမ်းကျွမ်းလည်း ကူညီချင်ကြောင်း သိရသည့်အခါ ရှောင်းကောက သူ့အား လုပ်ရလွယ်သည့် အလုပ်တစ်ခု ပေးလိုက်သည်။ သူမ လှေခါးပေါ်ခါနီး သူ့အား အုပ်ကြွပ်ပြားတွေကို ကူယူခိုင်းပေးလိုက်သည်။

ကျွမ်းကျွမ်းမှာ အုပ်ကြွပ်ပြားများကို သယ်ပေးရန် အရမ်း စိတ်အားထက်သန်နေသည်။ ရှောင်းကော ဆီစိမ်စက္ကူ ခင်းနေချိန် လှေခါးအောက်တွင် အုပ်ကြွပ်ပြားခြောက်ပြား ခုနစ်ပြားလောက် ချထားပြီးပြီဖြစ်သည်။

ရှောင်းကောသည် သူမ ခေါင်မိုးပေါ်တွင် နေရာချဖို့ လုပ်ကြည့်နေစဉ် ကျွမ်းကျွမ်းအား အုပ်ကြွပ်ပြားများကို တစ်ခုပြီးတစ်ခု ကမ်းပေးခိုင်းသည်။ ကျွမ်းကျွမ်း၏ အကူအညီဖြင့် ရှောင်းကောလည်း အချိန်အများကြီး သက်သာခဲ့ကာ အချိန်တိုအတွင်းမှာပင် အမိုးတစ်ခုလုံးပြီးသွားခဲ့သည်။

ရှောင်းကော လှေခါးမှ ဖြည်းဖြည်းချင်း ဆင်းလာကာရလဒ်တွေကို ကြည့်လိုက်သည်။ မဆိုးဘူး!

ဒီတစ်ခါတော့ သူမ ဝယ်ထားသည့် အုပ်ကြွပ်ပြားတွေ အကုန်မသုံးလိုက်ပေ။ အသုံးမပြုရသေးသည့် အုပ်ကြွပ်ပြား ငါးချပ် ခြောက်ချပ်လောက်ရှိသည်။ ကျွမ်းကျွမ်းက ၎င်းတို့အား နံရံထောင့်ကို ရွှေ့လိုက်သည်။ နောက်တစ်ခုကတော့ စားခွက် လုပ်ရမည်ပင်။

ကျွမ်းကျွမ်းက ထုံးဖျော်တာကို ကူညီပေးချင်သော်လည်း ရှောင်းကောက သူ့အား မထိခိုင်းရဲပေ။ သူမရေတွင်းတွင် ရေသွားခပ်တုန်း သူ့အား အုတ်တွေကိုရွှေ့ခိုင်းလိုက်သည်။ နောက်တော့ သူမထုံးစဖျော်တော့သည်။

ထုံးတစ်ထုပ်လုံး မလိုပေ။ အမှုန့်အား အိတ်တစ်ဝက်ခန့်ထည့်လိုက်ပြီး အလယ်တွင် အပေါက်တစ်ခုလုပ်ကာ ရေကို ဖြည်းဖြည်းချင်းထည့်လိုက်သည်။

ကျွမ်းကျွမ်း အုတ်တွေကို နွားတင်ကုပ်ထဲတွင် ချထားပြီးပြီဖြစ်သည်။ ရှောင်းကောသည် အခုတင်ဖျော်ထားသည့် ထုံးတွေအား မသုံးတော့သည့် ဇလုံတစ်ခုတွင်ထည့်ကာ နွားတင်းကုပ်ဆီယူလာသည်။

ပထမဦးစွာ သူမသည် ဖျော်ထားသည့်ထုံးအား မြေပြင်ပေါ်တွင် အလွှာခပ်ထူထူဖြန့်လိုက်သည်။ ထို့နောက် ၎င်းအ‌ပေါ်တွင် အုတ်ခဲများအား စီလိုက်သည်။ အလွှာအလိုက် အုတ်များအား ထုံးများအပေါ်မှ ထောင့်မှန်စတုဂံပုံစံ ဖြစ်လာသည်အထိ ထပ်စီလိုက်သည်။ ထို့နောက် အတွင်းပိုင်းနှင့် အပြင်ပိုင်း မျက်နှာပြင်များပေါ်တွင် ဖျော်ထားသည့်ထုံးဖြင့် ထပ်အုပ်လိုက်သည်။ ဤနည်းအားဖြင့် အတွင်းနှင့် အပြင်နံရံ နှစ်ခုလုံး အချိုးညီသွားလိမ့်မည်။

သူမသည် ကျန်သည့်အုတ်များဖြင့် စတုဂံပုံအ‌ကွက်အသေးတစ်ခုလုပ်လိုက်သည်။ ယခင်နည်းအတိုင်း၊ ပုံစံအတွက် နောက်ဆုံးအုတ်ကို စီပြီးသည့်နောက် ထုံးအလွှာဖြင့်အကုန်လုံးကို အုပ်လိုက်သည်။

ကျွမ်းကျွမ်းသည် စူးစမ်းလိုစိတ်ဖြင့် ဖျော်ထားသည့်ထုံးရည်ကိုထိရန် လက်လှမ်းလိုက်သည်။ ပထမတော့ သူဘာမှမခံစားရပေ။ သို့ပေမယ့် တဖြည်းဖြည်းနဲ့ သူ့လက်ချောင်းတွေပေါ်က ထုံးတွေက တဖြည်းဖြည်းပူလာသလို ခံစားလိုက်ရသည်။ ကျွမ်းကျွမ်း အံ့အားသင့်စွာဖြင့် အော်လိုက်သည်။ ရှောင်းကောမှာ ဖျော်ထားသည့်ထုံးတွေအား ထည့်နေတာကြောင့် ကောင်လေး ဘာလုပ်နေလဲဆိုတာကို သတိမထားမိလိုက်ပေ။ အော်သံကိုကြားတော့ သူမအလိုလို လှည့်ကြည့်လိုက်သည့်အခါ ကျွမ်းကျွမ်းက သူ့လက်ကိုကိုင်ထားကာ သူ့လက်ချောင်းတွေပေါ်က ထုံးရည်ကို မျက်လုံးကြီးကြီးတွေနှင့် စေ့စေ့စပ်စပ်ကြည့်နေတာကို သူမတွေ့လိုက်ရသည်။

ဒါကို ရှောင်းကော မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။ ထုံးအား ရေဖြင့်ရောလိုက်သည့်အခါ ပူလာသော်လည်း လက်ပေါ်ရှိ ပမာဏအနည်းငယ်ကတော့ မလောင်နိုင်ပေ။

"မေမေ၊ ဒါက ဘာလို့ပူနေတာလဲ?"

ကျွမ်းကျွမ်းသည် သူ့အမေဆီမှ ၎င်းကို ထုံးဟုခေါ်ကြောင်း သိခဲ့ရသော်လည်း ပူလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားပေ။

“ဘာလို့လဲဆိုတော့ ထုံးမှုန့်က ရေနဲ့တွေ့ရင် ကျက်သွားရော။ ဒါကရေနွေးတည်တဲ့ သဘောတရားနဲ့ အတူတူပဲ"

ရှောင်းကောသည် သူမ၏ အရင်က စာသင်ခန်းတွင်းဗဟုသုတတွေကို ကျွမ်းကျွမ်းအား ရှင်းပြရန်ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ဇလုံထဲရှိ နောက်ဆုံးကျန်သည့် ထုံးဖျော်ရည်အား သုတ်လိုက်သည်။

ကျွမ်းကျွမ်းမှာ ‌ ယောင်ဝါးဝါးသာ နားလည်သည့်ပုံပင်။ သူ ရှောင်းကောနောက်ကနေ လိုက်လာကာ သူမကျောအား မှီလိုက်သည်။ "ဒါဆို ထုံးကရေနဲ့ထိရင် ဘာလို့ပူတာလဲ?"

ကျွမ်းကျွမ်းတွင် မေးခွန်းတွေ ပြည့်နေသည်။ သူ့တွင် အရာအားလုံးကို အောက်ခြေအထိ သိချင်တတ်သည့် အလေ့အကျင့်ရှိသည်။

ကျွမ်းကျွမ်းက အရာရာတိုင်းကို စူးစမ်းလိုသည့် အရွယ်ရောက်နေပြီမှန်း ရှောင်းကောသိသည်။ ဒီလိုအချိန်မျိုးတွင် သူ သိချင်သမျှကို သူမဖြေပေးလိမ့်မည်။ မိဘတစ်ယောက်အနေနှင့် သူမ မသိတဲ့အရာတစ်ခုနှင့် ကြုံတွေ့ရရင်တောင် စိတ်မရှည်ဖြစ်တာ၊ ဒါမှမဟုတ် ကလေးကို လိမ်ညာပြောမယ့်အစား သူမ မသိကြောင်း ရိုးသားစွာပြောလိမ့်မည်ပင်။

ကျွမ်းကျွမ်း မေးခွန်း၏ အဖြေကို ရှောင်းကော သိသည်။ ဤအခိုက်အတန့်တွင်၊ ကျွမ်းကျွမ်း နားလည်နိုင်စေရန် သရိုးရှင်းသည့် အသုံးအနှုန်းများဖြင့် ရှင်းပြရန် စဉ်းစားလိုက်သည်။

“ဒီထုံးကို ရေမထည့်ခင်က ဒီတိုင်းထုံးမှုန့်ပဲ။ ထုံးမှုန့်ကို ကယ်လ်ဆီယမ်အောက်ဆိုဒ်လို့ခေါ်တဲ့ အရာတစ်မျိုးနဲ့ လုပ်ထားတာ။ ဒီဟာက ရေနဲ့ထိတာနဲ့ တပြိုင်နက် ဆူပွက်လာမှာ။ ဒီလိုဖြစ်လာတာနဲ့ ရေဓာတ်ပြည့်ဝတဲ့ သံပရာသီးအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ရေပွက်ပွက်ဆူတဲ့ အခါမျိုးပေါ့။ ရေအေးကို အပူပေးလိုက်ရင် ရေနွေးအဖြစ် ပြောင်းသွားလိမ့်မယ်”

ကျွမ်းကျွမ်း ရှောင်းကောကို လေးစားသလိုကြည့်လိုက်သည်။ " မေမေက တကယ် အံ့သြစရာပဲ!"

ရှောင်းကော အဲ့ဒီစကားကိုကြားလိုက်ရသည့်အတွက် အပြစ်ရှိသလို ခံစားရသော်လည်း ပြုံးလိုက်ကာ ကျွမ်းကျွမ်း သူမမျက်နှာပေါ် အနမ်းတွေ ကြဲတာကိုခံယူလိုက်သည်။ ကံကောင်းထောက်မစွာနှင့် ကျွမ်းကျွမ်းက သူမအား ကယ်လ်ဆီယမ်အောက်ဆိုဒ်က ဘာလဲဆိုတာ မမေးခဲ့ပါချေ။ သူသာ မေးခဲ့လျှင် ဓာတုဗေဒပေါင်းစပ်မှုတွေဟာ သူမအတွက် ပြဿနာဖြစ်လိမ့်မည်ပင်။

အသစ်လုပ်ထားသည့် စားခွက်များအား ခြောက်အောင်ထားလိုက်သည်။ ဇလုံထဲရှိ ထုံးဖျော်ရည်ကို အသုံးပြုပြီးပြီဖြစ်သော်လည်း ခြံဝင်းထဲတွင် တချို့တ‌လေကျန်နေသေးသည်။ ကျန်ရှိသည့် ထုံးဖျော်ရည်တွေအား ဇလုံထဲသို့ထည့်ကာ ရှောင်းကောသည် ၎င်းအား အိမ်တစ်ဝိုက် ထောင့်တိုင်း ရှိနေသည့်နေရာတွေအား ဖာထေးရန်သုံးလိုက်သည်။ သူမသည် ထုံးဖျော်ရည်အား တစ်စိတ်တစ်ပိုင်းတောင် မဖြုန်းတီးခဲ့ပါချေ။

ထုံးမှုန့်တစ်ဝက်လောက်ကျန်နေသေးတာကို မြင်လိုက်ရတော့ ရှောင်းကောသည် အိတ်ကို သေချာချည်လိုက်သည်။ ထုံးမှုန့်ဟာ အစိုဓာတ်နှင့် ထိတွေ့မိပါက မာလာလိမ့်မည်ပင်။ ထို့ကြောင့် သူမအိတ်အား ခပ်တင်းတင်းချည်လိုက်သည်။

ရှောင်းကောသည် ထုံးအိတ်အား မီးဖိုချောင်ဆီ သယ်သွားကာ ထားရန် နေရာရှာလိုက်သည်။ နောက်ဆုံးတော့ မီးဖိုချောင်ထဲရှိ ကွယ်နေသည့်ထောင့်တစ်ခုဆီ ယူသွားလိုက်သည်။

သူမမီးဖိုချောင်ထဲတွင် ထားပြီးသည်နှင့် ရေတွင်းမှ ရေတစ်ပုံးခပ်လိုက်ကာ ကျွမ်းကျွမ်းအား လက်ဆေးဖို့ခေါ်လိုက်သည်။

ကျွမ်းကျွမ်း သူ့လက်တွေကို ဇလုံထဲထည့်လိုက်သည်။ သူ့လက်တွေကို သေသေချာချာ မဆေးတတ်မှာ စိုးတာကြောင့် ရှောင်းကောငုံ့ကာ သူ့ကို ဆေးပေးလိုက်သည်။ သူမက လက်ချောင်းတိုင်း၊ လက်သည်းတိုင်းကို ဂရုတစိုက် ဆေးပေးသည်။

"ဒီ‌လောက်ဆို ရပြီ!"

ရှောင်းကော ကျွမ်းကျွမ်းရဲ့လက်တွေ သန့်သွားကြောင်း သေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် သူမ သူ့လက်တွေကို အခြောက်ခံခိုင်းလိုက်သည်။ ညစ်ပတ်သွားသည့်ရေတွေကို သွန်လိုက်ပြီး ရေသန့်သန့်တစ်ပုံးဖြင့် အစားထိုးလိုက်သည်။ သူမလက်ကိုလည်း ဆပ်ပြာအနည်းငယ်ဖြင့် သေချာဆေးကြောလိုက်သည်။ ထုံးဟာ အရေပြားပေါ်တွင် အကြာကြီးထားပါက အန္တရာယ်ဖြစ်နိုင်သည်။ ထုံးဖျော်ရည်နှင့် ထိတွေ့ပြီးနောက် သေချာဆေးကြောဖို့ အရေးကြီးသည်။

သူမလက်ကို ဆေးကြောပြီးနောက် ရှောင်းကောသည် အိမ်ထဲသို့ပြန်ဝင်လာကာ လွန်ခဲ့သည့်နှစ်ရက်က သူမချုပ်ခဲ့သည့် အ၀တ်အစားတွေကို တွေးမိလိုက်သည်။ မနေ့က ရာသီဥတုကောင်းပါက လျှော်ရန်လုပ်ထားခဲ့သည်။ သို့ပေမယ့် သူမတွင် အချိန်မရှိတာကြောင့် ဒီနေ့မှ လျှော်ရမည်ပင်။ ရာသီဥတုက ကောင်းပုံရကာ နေရောင်ကတောက်ပနေသည်။

ရှောင်းကော အဝတ်လျှော်ရန် သွားတာကိုမြင်လိုက်ရသည့်အခါ သူမ လျှော်မည့်အဝတ်အစားတွေသွားယူနေတုန်းမှာ ကျွမ်းကျွမ်းက ဇလုံနှင့် ဆပ်ပြာကိုယူကာ ရေတွင်းနား အမြန်ရွှေ့ပေးလိုက်သည်။ သူမထွက်လာသည်နှင့် ကျွမ်းကျွမ်းသည် ထိုပစ္စည်းများအား ရေတွင်းဆီ ရွှေ့နေသည်ကို တွေ့လိုက်ရသည်။

ကျွမ်းကျွမ်းတစ်ယောက် ဘယ်သူနဲ့တူလို့လဲဆိုတာ ရှောင်းကောမသိပေ။ နေ့တိုင်း သူမကိုယ်သူမ ဒီမေးခွန်းကို မေးကြည့်သည်။ ကောင်လေးက တစ်နေ့တစ်နေ့ သူ့အရွယ်ထက် နှစ်ဆလောက် ပိုကြီးတဲ့ ပစ္စည်းတွေကို အမြဲတမ်း သယ်သည်။ ကြက်တွေ၊ ဘဲတွေကို အစာကျွေးသည့်အခါတိုင်းလည်း မြက်တစ်ထုပ်ကြီးကို သူသယ်သွားတတ်သည်။ မြက်ထုပ်ကြီးကို သူရွှေ့နေတဲ့အချိန်ဆို သူ့ခေါင်းကိုတောင် မမြင်ရချေ။ ဒါတောင်မှ သူ့လိုရာခရီးကို လုံခြုံစွာဖြင့် ရောက်နိုင်သေးသည်။ ၎င်းက အံ့သြစရာကောင်းလွန်းလှသည်။

ရှောင်းကောသည် ထိုင်ခုံပေါ်တွင်ထိုင်ကာ အဝတ်များကို စတင်လျှော်ဖွပ်လိုက်သည်။ ကျွမ်းကျွမ်းက သူမနောက်တွင်ထိုင်ကာ သူမကျောတစ်လျှောက် သူ၏ လက်သီးလေးများဖြင့် စည်းချက်ညီညီ အဆက်မပြတ်ရွေ့လျားကာ အားကြိုးမာန်တက် နှိပ်နယ်ပေးသည်။ ရှောင်းကောမှာ ကျွမ်းကျွမ်းနှိပ်ပေးတာကို အရမ်းသဘောကျသည်။ ကျွမ်းကျွမ်း သူမကျောကို နှိပ်ပေးနေသည်ကြောင့် ရှောင်းကောမှာ အဝတ်လျှော်ရန် အားအင်ပိုရှိလာသည်ဟု ခံစားရသည်။

နေ့ခင်းဘက်မှာတော့ ရှောင်းကောက ကျွမ်းကျွမ်းအား နွားကျောင်းဖို့ ခေါ်လာလိုက်သည်။ အိမ်ပြန်ချိန်နီးလာသည့်အခါ၊ ကျွမ်းကျွမ်း၏ စူးရှသည့်မျက်လုံးတွေက ချင်းအန့်မင် မြည်းလှည်းဖြင့် ပြန်လာသည်ကို ချက်ချင်းတွေ့လိုက်သည်။

"ဦးလေး! ဦးလေး!”

အဝေးမှ ချင်းအန့်မင်လည်း ကျွမ်းကျွမ်း၏ အော်သံကို ကြားလိုက်ရသည်။ သူက လက်ကိုမြှောက်ကာဝှေ့ယမ်းပြလိုက်သည်။

သူတို့ရှေ့ကို သူရောက်တဲ့အခါ မြည်းလှည်းကို ရပ်လိုက်ပြီး ဆင်းလာသည်။ သူက ကျွမ်းကျွမ်းကို ချီလိုက်သည်။ သူ့မျက်နှာတွင် အကန့်အသတ်မရှိ ပျော်ရွှင်မှုတွေဖြင့် ပြည့်နေသည်။

ကျွမ်းကျွမ်းက ချင်းအန့်မင် ရင်ခွင်ထဲတွင် ပျော်ရွှင်စွာဖြင့် လဲလိုက်သည်။ "ဦးလေး ဘာလို့နောက်ကျတာလဲ?"

သူ့ဦးလေးကို တစ်နေ့လုံးမတွေ့ရတော့ သူသတိရနေသည်။

"ဟားဟား၊ ကျွမ်းကျွမ်း၊ ဦးလေးကို လွမ်းနေတာလား?"

ချင်းအန့်မင်၏ ရွှင်မြူးသည့်ရယ်မောသံ ထွက်ပေါ်လာပြီး သူ့အသံတွင် တက်ကြွမှုအပြည့်ရှိနေသည်။

သူ့ပြောပုံဆိုပုံအရ ဒီနေ့ကောင်းတဲ့‌နေ့တစ်နေ့ ဖြစ်လာမှန်း ရှောင်းကောပြောနိုင်သည်။ သူ့အတွက် အသီးအပွင့်တွေ ဝေဆာသည့် နေ့တစ်နေ့ဖြစ်လိမ့်မည်ပင်။

All Chapters