← Chapters

A strike that lasts forever

Vol. 68 Ch. 975

A strike that lasts forever

Vol. 68 Ch. 975

လောထျန်း အူကြောင်ကြောင်နိုင်စွာ ခေါင်းကုတ်လိုက်သည်။

" ကျုပ်က စိတ်ဝင်စားလို့ပါ "

ထို့နောက်တွင် အရိုးတံခါးဆီမှ အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံကို လောထျန်း ကြားလိုက်ရသည်။

အချိန်အတန်ကြာမှ အရိုးတံခါး နှာခေါင်းရှုံ့၏။

" ကောင်လေး ၊ မင်းဆီကနေ အရှုပ်အထွေးအစွမ်းကို ငါ အာရုံခံမိတယ် ။ မင်းက အရှုပ်အထွေးခန္ဓာကိုယ် ရှိတာလား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် "

အရိုးတံခါး ဆက်ပြော၏။

" ကောင်းတယ်ကွာ.. ငါ မင်းနဲ့ အပေးအယူတစ်ခု လုပ်မယ် ။ မင်းက ငါ့အတွက် အဲ့အရှုပ်အထွေးဓားကို ဆွဲထုတ်ပေး ။ အဲ့ကျရင် မင်းကို နတ်ဘုရားသွေး

ပေးပြီးတော့ နတ်ဘုရားမျိုးဆက် ဖြစ်လာအောင်လုပ်ပေးမယ် "

ထိုသို့ပြောနေရင်း လောထျန်း ငြင်းလိုက်မည်ကို စိုးရိမ်သည့်အလား သူ ဆက်ပြော၏။

" နတ်ဘုရားအစွမ်းဆိုတာ သဘာဝအစွမ်းတစ်ခုပဲကွ ။ မင်းသာ နတ်ဘုရားမျိုးဆက် ဖြစ်သွားရင် ဟို အဆင့်နိမ့် မသေမျိုးဧကရာဇ် ဖြစ်လာဖို့ နည်းနည်းလေးပဲ ကျင့်ကြံရမှာ "

" ပြီးတော့.. မင်းသာ ငါ့ရဲ့ နတ်ဘုရားကျေးကျွန် လုပ်မယ်ဆိုရင် မသေမျိုးဧကရာဇ်ထက် ပိုတဲ့အစွမ်းကိုတောင် ရဦးမှာ "

ထိုသို့ ပြောပြီးနောက်မှ သူ လေသံမာမာဖြင့် မေး၏။

" ဘယ်လိုလဲ.. ငါပြောတဲ့အတိုင်း လုပ်ဖို့ ဆန္ဒရှိရဲ့လား "

သူ့အသံထဲတွင် ငြင်းဆိုရန်ခက်လှသော အစွမ်းတစ်ခုလည်း ပါဝင်နေသေးသည်။

မည်သူကမှ သူ့အဆိုကို ငြင်းလိမ့်မည်မဟုတ်ဟု

လည်း ယုံကြည်ချက် အပြည့်ရှိနေသလို..

သို့သော်...

" ကျုပ် မလုပ်ချင်ဘူး "

လောထျန်းက ခေါင်းယမ်းကာ ပြန်ပြော၏။

" မင်း ဘာပြောလိုက်တယ် "

အရိုးတံခါး မှင်သက်မိသွားတော့သည်။

" မလုပ်ချင်ဘူးလို့ ပြောလိုက်တာလေ "

လောထျန်း ထပ်ပြောလိုက်သည်။

အချိန်အတန်ငယ်ကြာ ငြိမ်သွားပြီးနောက်မှ အရိုးတံခါး လှောင်သံဖြင့် ပြော၏။

" မင်း လုပ်ချင်ချင် ၊ မလုပ်ချင်ချင်.. မင်းမှာ ဆုံးဖြတ်ခွင့်မရှိဘူး "

ဝုန်း..

သူ့စကား ဆုံးချိန်မှာပင် အရိုးတံခါးထက်၌ တလက်လက်တောက်နေသော နတ်ဘုရားအလင်းတန်း

တစ်ခု ထွက်လာသည်။

ဝီ....

ထို့နောက် အရိုးတံခါးရှေ့တွင် ကြည်လင်တောက်နေသော နတ်ဘုရားသွေးစက်တစ်စက် ပေါ်လာ၏။

ထို နတ်ဘုရားသွေးစက် ပေါ်လာသည်နှင့် သွေးပင်လယ်ဆီမှ အော်ဟစ်ငြီးတွားသံများ ထွက်လာသည်။

၎င်းသွေးပင်လယ်မှ မရေမတွက်နိုင်သော စိတ်ဝိဥာဥ်အရိပ်များလည်း ထွက်လာကြပြီး နတ်ဘုရားသွေးစက်အား အသည်းအသန် စိုက်ကြည့်လာ၏။

" ကောင်လေး ၊ မင်းကို ငါ့ရဲ့ နတ်ဘုရားကျေးကျွန်အဖြစ် ခန့်အပ်လိုက်ပြီ "

အရိုးတံခါးက အေးစက်စက် ပြောသည်။

ဝီ..

နတ်ဘုရားသွေးစက်က လောထျန်းဆီသို့ တည့်တည့်

မတ်မတ် တိုးဝင်သွား၏။

လောထျန်း ရုတ်တရ​က်လန့်သွားကာ အခြားနေရာသို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။

သို့သော် အရိုးတံခါးက လှောင်သံဖြင့် ပြောပါ၏။

" တည်နေရာရွှေ့ပြောင်း အကွက်က အထင်ကြီးစရာပါလားကွ။ ဒါပေမယ့်.. ငါနဲ့ရင်ဆိုင်ရရင်တော့ အဲ့လောက်နဲ့ အသုံးမဝင်ဘူး "

ဝီ..

ထိုတခဏမှာပင် နတ်ဘုရားသွေးစက် ပြန်ပျောက်ကွယ်သွားကာ....

သွေးပင်လယ်တစ်ခုလုံး ဝုန်းဒိုင်းကြဲလာ၏။

" ဟင်... "

လောထျန်း အနည်းငယ် အံ့သြသွားပြီး သူ့ခြေထောက်အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူ မသိလိုက်ခင်မှာပင် သူ့အဝတ်စားများ သွေးစွန်း

နေပြီကို တွေ့လိုက်ရပါ၏.

" ငါ မင်းကိုပြောဖို့ကျန်ခဲ့တယ်ကွ ။ ဒီ သွေးပင်လယ်တစ်ခုလုံးက ငါ့ရဲ့ နတ်ဘုရားသွေးတွေပဲ ။ အဲ့တော့ မင်း ဒီနေရာကို ခြေချလိုက်ကတည်းက ငါ့ နတ်ဘုရားသွေးရဲ့ ပိုင်နက်ထဲ ရောက်နေခဲ့ပြီ "

" ခုချိန်ကစပြီးတော့ မင်း ငါ့ရဲ့နတ်ဘုရားကျေးကျွန် ဖြစ်တော့မှာ "

အရိုးတံခါးက လူယုတ်မာရယ်သံကြီးဖြင့် ပြောပါသည်။

" ဒါ... "

ရှီလုံတစ်ယောက် ကူကယ်ရာမဲ့ ခံစားလိုက်ရ၏။

" ဒါတွေအားလုံးက.. မင်းအကြံတွေပေါ့ ။ မင်းက ငါတို့ကို ဒီနေရာရောက်အောင် တမင်ခေါ်ခဲ့တာပဲ "

ရှီလုံ တအံ့တသြ ပြောလိုက်သည်။

" မင်းက အခုမှ ရိပ်မိတာလားကွ "

အရိုးတံခါးက ရယ်ရင်း ပြန်ပြော၏။

ရှီလုံတစ်ယောက် လုံးဝ စိတ်ဓာတ်ကျသွား

တော့သည်။

" ငါ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်တောင် တုံးရတာလဲကွာ ။ နတ်ဘုရားတစ်ယောက်ရဲ့ သွေးက ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံးပဲလို့ အရှုပ်အထွေးမသေမျိုးဧကရာဇ် ပြောခဲ့သေးတယ်လေ ။ အဲ့တုန်းက အရှုပ်အထွေးမသေမျိုးဧကရာဇ်ကတောင် တားနိုင်ခဲ့တာ မဟုတ်ဘူး "

ရှီလုံ ပြောနေရင်း အသံတိမ်ဝင်သွားသည်။

အရှုပ်အထွေးမသေမျိုးဧကရာဇ် သေဆုံးသွားရခြင်းမှာ ထို နတ်ဘုရားသွေးများကြောင့် ဆိုသည်ကို သူ သိထားပြီးသားပင် ။

ယခု သူ ကြိုတင်ဟောကိန်းထုတ်ထားခဲ့သည့် သူနှင့် တွေ့ချိန်မှ... နတ်ဘုရားသွေးကြောင့် သေရတော့မယ်တဲ့လား ။

အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်၏ အဆုံးသတ်က ထိုသို့တဲ့လား...

ဝီ...

ထိုအချိန်တွင် နတ်ဘုရားသွေးစက်က လောထျန်းကိုယ်ပေါ် ရောက်လာပြီး သူ့အရေပြားမှတဆင့် သူ့ကိုယ်ထဲ ဝင်သွားခဲ့လေပြီ ။

" ကောင်လေး ၊ နတ်ဘုရားတွေရဲ့ ကမ္ဘာကနေ ကြိုဆိုပါတယ် ။ ငါ့ရဲ့ ကျေးကျွန်ဖြစ်ကြကွာ "

အရိုးတံခါးမှ အသံက ပြောရင်း ရယ်နေပြန်၏။

ဝီ...

အရိုးတံခါးပေါ်၌လည်း နတ်ဘုရားအလင်းတန်း လက်သွားသည်။

သို့သော် ထိုစဥ်..

" ဟင်.. "

အရိုးတံခါးပေါ်မှ ၎င်းနတ်ဘုရားအလင်းတန်းက ရုတ်တရက် ပျောက်သွားပါ၏။

ထို့နောက်... အရိုးတံခါးထဲမှ စူးစူးဝါးဝါး အော်သံကျယ်ကြီး ထွက်လာသည်။

" မင်း... မင်း ဘာလုပ်လိုက်တာလဲ "

အရိုးတံခါးက လောထျန်းအား အလန့်တကြား မေးသည်။

တဖက်မှ လောထျန်းက အရိုးတံခါးအား နားမလည်နိုင်စွာကြည့်ရင်း ပြန်မေး၏။

" ကျုပ်လား.. ဘာမှမလုပ်ဘူးလေ "

" မဖြစ်နိုင်ဘူး.. လုံးဝ မဖြစ်နိုင်ဘူး ။ မင်း ဘယ်သူလဲ ။ မင်းက ငါ့ရဲ့ နတ်ဘုရားသွေးနဲ့ ထိထားတာတောင် ငါ့ရဲ့ ကျေးကျွန်ဖြစ်မလာသေးဘူး ။ ပြီးတော့... "

အရိုးတံခါးမှ အသံ အနည်းငယ်တုန်သွားသည်။

ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည့် ရှီလုံလည်း အသိပြန်ဝင်လာ၏။

သူ အရိုးတံခါးအား တအံ့တသြ ကြည့်လိုက်ရာ ၎င်းမှထွက်နေသည့် အရောင်အဝါက တဖြည်းဖြည်း အားနည်းလာသည်ကို တွေ့လိုက်ရသည်။

အစွမ်းတစ်ခုခုက ၎င်းအရိုးများအား ကျူးကျော်ထွင်းဖောက်နေသလို...

" ဘာ... ဘာတွေဖြစ်နေတာလဲ... လောထျန်းက နတ်ဘုရားသွေးစက်နဲ့ ထိမိသွားပြီ မဟုတ်ဘူးလား ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့... "

ရှီလုံ တအံ့တသြ မေးလိုက်သည်။

လောထျန်းက တအံ့တသြပင် ပြန်မေးပါ၏။

" အဲ့ကောင်က ဘာဖြစ်နေတာလဲ "

ရှီလုံ အတန်ငယ်ကြာ တိတ်နေပြီးမှ ပြန်ပြောသည်။

" ကြည့်ရတာ အဲ့အရိုးတံခါးက မင်းကြောင့် ထိခိုက်သွားတာနဲ့တူတယ် "

" ဟင်.. ကျုပ်က သူ့ကို ထိခိုက်အောင်လုပ်ခဲ့တာ.. ဟုတ်လား "

လောထျန်း မှင်သက်သွားရသည်။

ထိုစဥ်တွင် အရိုးတံခါးမှ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်လာ၏။

" ခွေးကောင်.. မင်းလို အစွမ်းနိမ့်တဲ့ သူတစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ကြောက်စရာကောင်းတဲ့ သွေးအစွမ်း ရှိနေရတာလဲ ။ မင်း ဘယ်သူလဲ.. "

အရိုးတံခါးက အလန့်တကြား အော်လိုက်သည်။

လောထျန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် အမှန်တိုင်းပြန်ပြောရှာ၏။

" ကျုပ်က လောထျန်း "

အရိုးတံခါး ........

ဝီ...

ထိုစဥ်မှာပင် အရိုးတံခါးမှာ အစွမ်းထက် အားတစ်ခု၏ တိုက်စားခြင်းကို ခံလိုက်ရဟန်တူကာ အရောင်အဝါ အလွန်အားနည်းသွားသည်။

ထို့နောက်တွင် အရိုးတံခါးက ဒေါသတကြီးအော်၏။

" ခွေးကောင်လေး ၊ ဒီအကွက်က ဟိုမျိုးမစစ်ကောင် ရှန့်ဟွမ်အတွက် ရည်ရွယ်ထားတာကွ။ ဒါပေမယ့် အခုတော့ မင်းအပေါ်မှာပဲ သုံးရတော့မယ် "

ဝီ...

စကားဆုံးချိန်တွင် အရိုးတံခါးထဲမှ အချုပ်အနှောင်တစ်ခု ကျိုးပျက်သွားဟန်တူပြီး...

ဝုန်း...

ကြောက်မက်ဖွယ် ဖိအားတစ်ခု စုစည်းလာ၏။

" ဒါ... "

၎င်းအစွမ်းကို အာရုံခံမိသည်နှင့် ရှီလုံတစ်ယောက် လန့်သွားသည်။

အရိုးတံခါးက အေးစက်စက်အသံဖြင့် ရယ်၏။

" ကောင်လေး ၊ ဒီအစွမ်းက လွန်ခဲ့တဲ့ နှစ်သန်းချီကာလအတွင်းမှာ အရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ အကူအညီနဲ့ ငါ စုဆောင်းထားခဲ့တဲ့ အစွမ်းတွေပဲ ။ အဲ့ထဲမှာ နတ်ဘုရားမျိုးဆက်တွေရဲ့ အစွမ်းရော ၊ လူသား မသေမျိုးဧကရာဇ်တွေရဲ့ အစွမ်းရော အကုန်လုံးပါတယ် "

" ဒီသိုင်းကွက်ကို ထုတ်သုံးလိုက်တာနဲ့ မင်းတို့တင်မကဘူး ၊ အပေါ်ကမ္ဘာတစ်ခုလုံးနီးပါး ဖျက်ဆီးခံရမှာကွ "

" ငါ ဒီသိုင်းကွက်ကို မင်းအတွက်ရည်ရွယ်ပြီး လုပ်ထားခဲ့တာ မဟုတ်ပေမယ့် မင်းက ထုတ်သုံးလာအောင် အတင်းလုပ်တာကိုးကွ "

" သေစမ်း... အဆုံးမဲ့ သိုင်းကွက် ... "

ဝုန်း...

တမဟုတ်ချင်းမှာပင် အရိုးတံခါးထဲမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ပေါ်လာကာ လောထျန်းဆီ တိုးဝင်သွားသည်။

" မဖြစ်ဘူး.... "

ရှီလုံ ကြောက်လန့်တကြား အော်လိုက်၏။

သူ အပေါ်ကမ္ဘာကို ကာကွယ်ရန်အတွက် မသေမျိုးပြောင်းလဲရေကန်အောက်၌ နှစ်ပေါင်းများစွာကြာ အချိန်ကုန်နေခဲ့ရပါသည်။

ယခုလို အဆုံးသတ်မျိုးနှင့် ကြုံရမည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပါ ။

သူ့ အားထုတ်မှုများအားလုံး အချည်းနှီး ဖြစ်ရလေပြီ ။

သူ မည်သို့ လက်ခံရပါမည်လဲ ။

သို့သော် သူ ဘာမှလည်း မတတ်နိုင်ပြန်ပါ ။

၎င်းအစွမ်းမှာ ကြောက်စရာကောင်းလှသည် မဟုတ်ပါလား ။

အားပြင်းလွန်း၍ ၎င်းကို ခုခံရန်ပင် မဖြစ်နိုင်ပါ ။

ထိုတခဏ၌ ရှီလုံတစ်ယောက် လွန်စွာ ကူကယ်ရာမဲ့နေပါတော့သည်။

သို့သော်.. ထိုစဥ် လောထျန်း၏ မျက်လုံးများထဲ စူးရှရှ အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ ထိုသိုင်းကွက်အား ခုခံလိုက်သည်။

" ဟင်... လောထျန်း.... "

၎င်းကိုမြင်ပြီး ရှီလုံတစ်ယောက် တုန်လှုပ်သွား၏။

လောထျန်းက သူ့ခန္ဓာကိုယ်ကိုသုံး၍ ထိုသိုင်းကွက်ကို ခုခံရန် ကြိုးစားနေပါသလား ။

အပေါ်ကမ္ဘာမှ သက်ရှိများအားလုံးအတွက် သူ့အသက်ကို စတေးတော့မလို့လား...

" ဒီကောင်လေးက လမ်းမှန်ကို တကယ်နားလည်တဲ့သူလား "

ရှီလုံ၏ နှလုံးသား ကွဲကျေသွားတော့မလိုပါပင်...

ထိုစဥ်မှာပင် လောထျန်းရှေ့၌ အလင်းတန်းတစ်ခု လက်သွားသည်။

လောထျန်း၏ အသံလည်း ထွက်လာ၏။

" ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ် .... "

All Chapters