Bone gate shatters. God's curtain falls
Vol. 68 Ch. 976
ဝုန်း...
ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု တိုက်ခတ်လာပြီးနောက်.. ကူကယ်ရာမဲ့နေသော ရှီလုံတစ်ယောက် လောထျန်းဘက်သို့ပင် မကြည့်နိုင်တော့ပါ ။
အရိုးတံခါးမှ ထွက်လာမည့် နှစ်ပေါင်းများစွာကြာ စုစည်းထားသော အစွမ်းကြီးတစ်ခုကို လူသားအစွမ်းဖြင့် မည်သို့ တားနိုင်ပါမည်နည်း ။
လက်ရှိတွင် လောထျန်းတစ်ယောက် ၎င်းအစွမ်းကြောင့် သေဆုံးသွားရတော့ပါမည်။
သို့သော်.. ရှီလုံ အချိန်အတန်ကြာ စောင့်ပြီးသွားသည်အထိ မည်သို့သော တိုက်ခိုက်မှုမျိုးမှ ရောက်မလာခဲ့ပါချေ။
" ဟင်.. ဘာတွေဖြစ်နေတာလဲ "
ရှီလုံ အသိပြန်ဝင်ကာ လောထျန်းဆီ ကြည့်လိုက်
သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်သက်မိသွားပါ၏။
တဖက်မှ လောထျန်းမှာကား သူ့ဘေးတွင် ပါးစပ်ဟလျက်သား ရပ်နေပြီး..
အရိုးတံခါးမှ အဆုံးမဲ့အစွမ်းကို သူ့ကိုယ်ထဲသို့ စုပ်ယူနေပါ၏။
ဝီ....
၎င်းအစွမ်းက သူ့ကိုယ်ထဲ ရောက်သွားသည်နှင့် သူ့ကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု ထွက်လာသည်။
သူ ကျင့်ကြံခြင်း အဆင့်တက်သွားခဲ့လေပြီ ။
" ဘယ်လိုဖြစ်ပြီး.. "
ရှီလုံ တုန်လှုပ်သွား၏။
ဘာတွေဖြစ်နေပါသလဲ ...
လောထျန်းက ထိုကြောက်မက်ဖွယ် အစွမ်းကြီးကို စုပ်ယူခဲ့ပါသလား...
၎င်းက ဖြစ်ရော ဖြစ်နိုင်ပါရဲ့လား...
လောထျန်းတစ်ယောက် ပြီးခဲ့သည့်တစ်ကြိမ် ကောင်းကင်ဘုံအဆင့်သို့ ရောက်ခဲ့စဥ်၌ မိုင်ပေါင်းများစွာသော ကုန်းမြေနှင့် ပင်လယ်ပြင်များအား ခမ်းခြောက်သွားအောင် လုပ်ခဲ့သည်ကို ရှီလုံ မည်သို့သိနိုင်ပါမည်နည်း ။
ထိုသို့ သွေးချောင်းစီးရမည့် အဖြစ်မျိုး မဖြစ်ချင်သောကြောင့်လည်း လောထျန်းမှာ သူ့အစွမ်းသူ ထိန်းချုပ်ပြီး ကျင့်ကြံခြင်းအဆင့်ကို လွယ်လွယ်မတက်အောင် ထိန်းချုပ်နေခဲ့ရခြင်းပင် ။
သို့သော် လက်ရှိတွင် တဖက်ရန်သူက အားပြင်းလှသောအစွမ်းကြီးကို ထုတ်လွှတ်နေသည်ဖြစ်ရာ ယခုချိန်မှ ကျင့်ကြံခြင်းအဆင့်မတက်လျှင် ၎င်းအစွမ်းများ အလဟသ ဖြစ်သွားပေမည်။
ဝီ...
ထိုစဥ်မှာပင် လောထျန်းတစ်ယောက် ကျင့်ကြံခြင်းအဆင့်ငယ် နောက်တစ်ဆင့်သို့ တက်သွားပြန်၏။
အရိုးတံခါးမှာလည်း တစ်စုံတစ်ခု လွဲနေပြီမှန်း ခံစားမိသွားပါသည်။
" ဘာတွေဖြစ်နေတာလဲ .. ဒါ ဘာလဲ.. ရပ်လိုက် ၊ အခုရပ်လိုက်စမ်း "
သူ ထုတ်လွှတ်လက်စအစွမ်းအား ရပ်တန့်ရန် ကြိုးစားလိုက်၏။
သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ကြောက်စရာ စုပ်အားတစ်ခုက သူ့အစွမ်းများအားလုံးကို ရုတ်ချည်း စုတ်ယူသွားပါသည်။
" ဒါ... "
သူ ဆုံးရှုံးသွားရသည့်အစွမ်းကို ထိန်းချုပ်၍လည်း မ
ရနေသဖြင့် အရိုးတံခါး အလွန်တုန်လှုပ်သွားတော့သည်။
ဝီ...
ထိုစဥ်တွင် တဖက်မှ လောထျန်းက ကျင့်ကြံခြင်း အဆင့်ငယ် နောက်တစ်ဆင့် တက်သွားပြန်သဖြင့် အရိုးတံခါး လုံးဝ ဆွံ့အသွားရပြန်၏။
ဘာတွေဖြစ်နေပါသလဲ ...
သူ နှစ်ပေါင်းများစွာကြာ စုဆောင်းလာခဲ့သည့် အစွမ်းက တဖက်လူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် ဖြစ်နေသတဲ့လား...
ထို့ထက်ပိုဆိုးသည်မှာ လောထျန်း၏ အစွမ်းတိုးလာသည်နှင့်အမျှ သူ တိုက်စားခံနေရသည့် နှုန်းက ပိုဆိုးလာသည်ကို အရိုးတံခါး သတိထားမိလိုက်ခြင်းပင် ။
" %##$$% ဒေါသထွက်လိုက်တာကွာ "
အရိုးတံခါး ဒေါသတကြီး အော်လိုက်သော်လည်း အခြေအနေကို တားဆီးရန် မည်သို့မှ မတတ်နိုင်နေ
ပါ ။
ဝီ...
သူ ကြည့်နေစဥ်မှာပင်.. တဖက်မှ လောထျန်းက ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု ထပ်တက်သွားပြန်သည်။
အရိုးတံခါး အလွန်ဒေါသထွက်သွားရပြန်၏။
ဝီ...
လောထျန်းတစ်ယောက် နောက်တစ်ကြိမ် အဆင့်ထပ်တက်ပြီးသွားချိန်တွင်ကား အရိုးတံခါးအတွင်းမှ အစွမ်းက သိသိသာသာပင် လျော့နည်းသွားခဲ့လေပြီ ။
အရိုးများကလည်း ပုံပျက်ပန်းပျက် ဖြစ်စပြုလာ၏။
များစွာသော အရိုးများလည်း ခြောက်ကပ်လာကြသည်။
အရိုးတံခါးဆီမှ အသံမှာလည်း အလွန်အားနည်း
လာ၏။
" မျိုးမစစ်ကောင် ... စောင့်ကြည့်လိုက်စမ်းပါကွာ ။ မင်း ဘယ်တုန်းကမှ မွေးမလာမိခဲ့ဖို့တောင် ဆုတောင်းသွားစေရမယ် ။ နတ်ဘုရားတောအုပ် လမ်းကြောင်း ဖွင့်စေ.. "
အရိုးတံခါး ဒေါသတကြီး အော်လိုက်သည်။
အရိုးတံခါးအတွင်းမှ လေထု ချက်ချင်းပြောင်းလဲလာ၏။
ဝီ....
၎င်းထံမှ ကျောချမ်းဖွယ် အရောင်အဝါတစ်ခုလည်း ထွက်လာသည်။
" မဖြစ်ဘူး... နတ်ဘုရားတောအုပ်လမ်းကြောင်းကို မဖွင့်စေနဲ့ "
ရှီလုံ တစ်ခုကို ချက်ချင်းသတိထားမိကာ ကျယ်လောင်စွာ အော်လိုက်၏။
ကျင့်ကြံခြင်းအဆင့်တက်ရန် လုပ်နေဆဲဖြစ်သော လောထျန်းသည်လည်း အံ့သြသွားကာ လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင်..
ခွပ်....
သူတို့ရှေ့ရှိ အရိုးတံခါးပေါ်၌ အက်ရာများစွာ ရုတ်တရက် ပေါ်လာ၏။
ထို့နောက်..
ဝုန်း...
ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ အရိုးတံခါး လုံးဝ ကွဲကြေသွားတော့သည်။
ဝီ...
အစောပိုင်းလေးတွင် ပေါ်လာခဲ့သော လေထုပြောင်းလဲမှုကလည်း တမဟုတ်ချင်း ပြန်ပျောက်
သွား၏။
သို့သော်.. ထိုအက်ရာ ပြန်ပျောက်မသွားခင်၌.. အက်ရာ၏ တဖက်ခြမ်းမှ မျက်လုံးတစ်စုံက သူ့အား စူးစိုက်၍ ကြည့်နေသည်ကို လောထျန်း မြင်မိလိုက်ပါသည်။
ဝုန်း...
အရိုးတံခါး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်နှင့် အနားမှ သွေးပင်လယ်ကလည်း ဝုန်းဒိုင်းကြဲလာ၏။
သွေးပင်လယ်ထဲ ရှိနေကြသည့် မြောက်များစွာသော စိတ်ဝိဥာဥ်များနှင့် ထူးဆန်းသားရဲများမှာလည်း အားကိုးရာ မဲ့သွားကြသည့်အလား မြန်မြန် ပျောက်ကွယ်သွားကြသည်။
အချိန်အတန်ငယ်ကြာမှ အရာအားလုံး ပြန်ငြိမ်သက်သွား၏။
ရှီလုံတစ်ယောက်မှာ နေရာစုံ၌ ပြန့်ကျဲနေသည့် အရိုးစများကိုကြည့်ရင်း ခေတ္တမျှ တွေဝေမှင်သက်မိ
နေသည်။
" ပြဿနာက.. ပြီးသွားပြီလား "
လူပေါင်းများစွာကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခပေးနေခဲ့သည့် ပြဿနာကြီးက ထိုသို့ ပြီးသွားခဲ့ပြီတဲ့လား ။
ထိုတခဏ၌ ဖြစ်နေသော အဖြစ်ပျက်များက အမှန်တကယ် မဟုတ်သလို သူ ခံစားလိုက်ရပါသည်။
အရာအားလုံးက အိမ်မက်တစ်ခုလိုပါပင်...
ထိုစဥ်.. လောထျန်းက အရှုပ်အထွေးဓား နားသို့ ရောက်သွားကာ... ခေတ္တမျှ စဥ်းစားနေပြီးနောက် ဓားကို ဆွဲထုတ်လိုက်၏။
ချွှင်...
သန့်စင်လှသော အရှုပ်အထွေး အရောင်အဝါတစ်ခု ထွက်လာသည်။
ထို့နောက်တွင် လောထျန်းရှေ့၌ စိတ်ဝိဥာဥ်အရိပ်တစ်ခု ပေါ်လာ၏။
" အရှုပ်အထွေး မသေမျိုးဧကရာဇ်လား "
၎င်းကိုမြင်သည်နှင့် ရှီလုံ အလွန်စိတ်လှုပ်ရှားသွားသည်။
ထို စိတ်ဝိဥာဥ်အရိပ်မှာ အရှုပ်အထွေး မသေမျိုးဧကရာဇ် ပင်...
" ဟင်... အရိုးတံခါးက လုံးဝကြီး ပျောက်သွားပြီလား "
ရှေ့မှ အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ စိတ်ဝိဥာဥ်က တအံ့တသြ ပြောပါသည်။
" ဟုတ်ပါတယ် အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီး ၊ အရိုးတံခါးက လုံးဝပျက်စီးသွားပါပြီ။ အဲ့ထဲက ရှေးဟောင်းနတ်ဘုရားတွေလဲ ပျောက်ကုန်ကြပြီဗျ "
ရှီလုံ ပြန်ပြောလိုက်သည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က သူ့ကိုလှမ်းကြည့်ပြီး တအံ့တသြ ပြော၏။
" မင်းက ကောင်းကင်ဘုံနဂါး ... မဟုတ်သေးဘူး ၊ မင်းက သူ့အရိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ "
ရှီလုံ ချက်ချင်း ဦးညွှတ်လိုက်သည်။
" အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီးက တကယ်ကို ဉာဏ်အမြော်အမြင် ကြီးလှပါတယ် "
ထိုစဥ် အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ မျက်နှာထား အနည်းငယ် သုန်မှုန်သွားပါသည်။
" ဒီလောက်နှစ်တွေ ကြာမှတော့ ငါ့မိတ်ဆွေအားလုံး မရှိလောက်တော့ဘူးပေါ့ "
ရှီလုံ ဘာမှပြန်မပြောဘဲ အသံတိတ်နေ၏။
ထိုစဥ် အရှုပ်အထွေး မသေမျိုးဧကရာဇ်က လောထျန်းဘက် လှည့်ကြည့်ကာ အနည်းငယ် မှင်သက်သွားဟန်တူသည်။
" မင်း
အစွမ်းထက်လိုက်တဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပါလား "
သူ လောထျန်းကိုကြည့်ရင်း မနေနိုင်ဘဲ တအံ့တသြ ရေရွတ်မိ၏။
လောထျန်းက ရှက်သွားဟန်ဖြင့် ပြန်ပြောသည်။
" ခုလို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီး "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းညိတ်လိုက်သည်။
" ဒါဆို.. အရိုးတံခါးကိစ္စကို ဖြေရှင်းခဲ့တာ မင်းလား ။ မင်း ဘယ်လိုလုပ်လိုက်တာလဲ "
လောထျန်းက အိုးတို့အမ်းတမ်း ပြန်ပြော၏။
" တကယ်တော့ ကျုပ် ဘာမှမလုပ်ခဲ့ရဘူးဗျ ။ ကျုပ်ကို ဟိုကောင်က လေး၊ငါးကြိမ်လောက် အလစ်တိုက်ခိုက်ခဲ့ပြီးတဲ့အချိန်မှာ သူ သေသွားခဲ့တာပဲ "
အရှုပ်အထွေး မသေမျိုးဧကရာဇ် အံ့သြသွားပြီး နားလည်ဟန်မတူဘဲ ရှီလုံဘက် လှမ်းကြည့်လိုက်သည်။
ရှီလုံက ရှက်နေသည့် မျက်နှာဖြင့် ပြော၏။
" ဟို.. သူပြောတာက အဓိပ္ပါယ်ရှိတယ်ဆိုတော့.. အဲ့လို တကယ်ဖြစ်သွားခဲ့တာနဲ့ တူတယ် "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ပို၍ နားမလည်နိုင် ဖြစ်သွားပါသည်။
သို့သော် သူ အပြုံးဖြင့် ပြန်ပြောပါ၏။
" ကိစ္စမရှိပါဘူးကွာ.. ဘယ်လိုနည်းပဲသုံးသုံး ၊ အရိုးတံခါးကိစ္စ ဖြေရှင်းပြီးသွားပြီဆိုတော့ ကောင်းတဲ့ကိစ္စပဲပေါ့ "
" မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ငါ မင်းတို့ကို လက်ဆောင်ပေးမယ် "
လောထျန်း၏မျက်လုံးများ အရောင်လက်သွားကာ မေးလိုက်သည်။
" လက်ဆောင်.. ဟုတ်လား ၊ ဘယ်လိုလက်ဆောင်လဲ ။ အမွေအနှစ်လား "
ရှီလုံ ဆွံ့အသွားရ၏။
ဒီအချိန်ထိ အမွေအနှစ်ကို မက်နေတုန်းပဲတဲ့လား..
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ရယ်ရင်း ပြန်ပြောသည်။
" ဟုတ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူးလဲ ပြောလို့ရတယ် "
ထို့နောက် သူ ရှီလုံဘက်လှည့်ကာ ဆက်ပြော၏။
" မင်းက ကောင်းကင်ဘုံနဂါးရဲ့ အရိုးကနေ မွေးဖွားလာတဲ့ စိတ်ဝိဥာဥ်တစ်ယောက်ပဲ ။ ဒါပေမယ့် မင်းရဲ့အသွင်က ပြစ်ချက်ရှိနေတဲ့အတွက် ဒီတိုင်းသာဆက်သွားမယ်ဆို မင်း လူသားတစ်ယောက်အသွင် ပြောင်းနိုင်မှာမဟုတ်ဘူး "
ရှီလုံက စကားဖြတ်မေး၏။
" အရှုပ်အထွေး မသေမျိုးဧကရာဇ်မှာ အဲ့ဒါကို ဖြေရှင်းနိုင်မယ့်နည်း ရှိတာလား "
၎င်းက အမှန်တွင်လည်း သူ အစိုးရိမ်ရဆုံး ကိစ္စကြီးပါပင် ။
သူ အသိဉာဏ်ရပြီး စိတ်ဝိဥာဥ်အဖြစ် မွေးဖွားလာချိန်မှစ၍ ကိုယ်ပိုင်ခန္ဓာကိုယ် လုံးဝ မပိုင်ဆိုင်ခဲ့ရဖူး
သလို ၎င်းက သူ့အလိုချင်ဆုံး ဆန္ဒဟုလည်း ပြောနိုင်ပါသည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ပြုံး၍ ပြန်ပြော၏။
" ဒါပေါ့ကွာ.. ရှိတာပေါ့ "
သူ ပြောပြီး ရှေ့သို့ လက်ညိုးဖြင့်ညွှန်လိုက်သည်။
ဝီ...
ရှီလုံပေါ်သို့ အလင်းတန်းတစ်ခု ကျလာ၏။
ရှီလုံတစ်ယောက် လှိုင်းလုံးကြီးတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလား တုန်သွားသည်။
" ကဲ.. မင်းကို အသွင်ပြောင်းနည်း သင်ပေးပြီးသွားပြီ ။ တစ်ခုမှတ်ထားကွ.. ကောင်းကင်ဘုံနဂါးအရိုးက မင်းအတွက် အခွင့်ကောင်းပဲ. အချုပ်အနှောင် မဟုတ်ဘူး ။ အဲ့ဒါကို သေချာအသုံးချပြီးတော့ ကိုယ့်အတွက် အချုပ်အနှောင်တစ်ခု ဖြစ်မလာအောင် ဂရုစိုက်ရမယ် "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ပြောလိုက်သည်။
" ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ် အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီး "
ရှီလုံက ဝမ်းမြောက်စွာ ပြန်ပြော၏။
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းတစ်ချက်ညိတ်ပြီး လောထျန်းဘက်လှည့်၍ ဆိုသည်။
" မင်းအတွက်တော့ တိုက်ရိုက်ပေးစရာ ဘာမှမရှိဘူးကွ ။ ဒါပေမယ့်.. မဟာတာအို အရှုပ်အထွေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး တွန်းအားပေးနိုင်မလား မသိဘူး ။ အရှုပ်အထွေး မဟာတာအိုကို အမှန်တကယ် ပြည့်စုံအောင် လုပ်နိုင်မလားဆိုတာတော့ မင်းအပေါ်မှာပဲ မူတည်တယ် "