The treasure of chaos god city
Vol. 68 Ch. 977
" ကျုပ်ကို တွန်းအားပေးမယ်... ဟုတ်လား "
လောထျန်း နားမလည်ဘဲ ပြန်မေးလိုက်သည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းညိတ်ပြီးနောက် မြေပြင်တွင် စိုက်နေသည့် အရှုပ်အထွေးဓားအား လက်ညိုးထိုးပြလိုက်၏။
ချွှင် ...
ရှေးဟောင်းဓားက လေထဲမျောလွင့်လာပြီး လောထျန်းရှေ့သို့ တမဟုတ်ချင်း ရောက်လာသည်။
" ဒါက... "
လောထျန်း အရှုပ်အထွေး မသေမျိုးဧကရာဇ်အား ကြည့်လိုက်သည်။
" ဒီဓားက အချုပ်အနှောင်တစ်ခု ဖြစ်သလို ၊ သော့တစ်ခုဆိုလဲ ဟုတ်တယ် "
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ပြောသည်။
" သော့.. ဟုတ်လား ၊ ဘယ်လိုသော့မျိုးလဲ "
ဘေးတွင်ရပ်နေသော ရှီလုံသည်လည်း အံ့အားသင့်သွား၏။
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းညိတ်ပြပါသည်။
" အဲ့ဒါက အရှုပ်အထွေးနတ်ဘုရားမြို့တော်အစစ် ရဲ့ သော့ပဲ "
" အရှုပ်အထွေး နတ်ဘုရားမြို့တော်အစစ် ဆိုတာ ဘာလဲ "
လောထျန်း နားမလည်နိုင်သေးဘဲ မေးလိုက်သည်။
အရှုပ်အထွေး နတ်ဘုရားမြို့တော်အစစ် ဆိုပါက အရှုပ်အထွေး နတ်ဘုရားမြို့တော်အတု ရှိပါသေးသလား...
ထို့နောက်တွင် အရှုပ်အထွေး မသေမျိုးဧကရာဇ်က ပြောပါသည်။
" ဒီကမ္ဘာငယ်ကို အပြင်ကမ္ဘာကသူတွေက အရှုပ်အထွေး နတ်ဘုရားမြို့တော်လို့ ခေါ်ကြပေမ
ယ့်.. တကယ်တမ်း နာမည်အစစ်က အရှုပ်အထွေး နတ်ဘုရားမြို့တော်ငယ် ပဲ ဖြစ်သင့်တာ "
" တကယ့် အရှုပ်အထွေး နတ်ဘုရားမြို့တော်အစစ်က မြို့အကြီးကြီးတစ်ခုကွ ။ ဒါပေမယ့် အဲ့မြို့ကိုပုံမှန် ပိတ်ထားလေ့ရှိပြီးတော့ သော့ရှိတဲ့သူမှပဲ ဖွင့်နိုင်ကြတာ "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ဆိုသည်။
လောထျန်း တအံ့တသြ ထပ်မေး၏။
" အဲ့လိုလား.. ဒီ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို သခင်ကြီး တည်ထောင်ခဲ့တာလား "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းယမ်းပြ၏။
" မဟုတ်ဘူးကွ "
" ဘယ်လို.. သခင်ကြီး မဟုတ်ဘူးလား "
လောထျန်း အံ့သြသွားရသည်။
ရှီလုံသည်ပင် အံ့သြမှင်သက်မိနေ၏။
အရှုပ်အထွေး နတ်ဘုရားမြို့တော်မှာ အရှုပ်အထွေး
မသေမျိုးဧကရာဇ် တည်ထောင်ထားခဲ့သည့် ကမ္ဘာငယ်တစ်ခုသာ ဖြစ်သည်ဟု သူသိထားခဲ့သည် မဟုတ်ပါလား ။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က စကားဆက်ပါသည်။
" အဲ့တုန်းက ငါ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို မတော်တဆ တွေ့သွားခဲ့တာကွ ။ ဒီ အရှုပ်အထွေး နတ်ဘုရားမြို့တော်က ဟိုးအရင်တည်းက ရှိလာခဲ့ပြီးသား ။ ဒါပေမယ့် အပြင်သူတွေဆီကနေ ဖုန်းကွယ်ထားလို့သာ အချိန်ကြာတဲ့အထိ ဘယ်သူမှမဝင်နိုင်ဘဲ ဖြစ်နေခဲ့တာ "
" ဒါပေမယ့် ငါ့လက်ထက်တုန်းကတော့ အဲ့အချုပ်အနှောင်က ပြေလျော့သွားခဲ့တဲ့အတွက် ငါ အထဲဝင်ပြီး အရှုပ်အထွေးမဟာတာအိုအစွမ်းကို ရနိုင်ခဲ့တာ "
ဤတစ်ကြိမ် လောထျန်း ဝင်မပြောနိုင်ခင်မှာပင် ရှီလုံက တအံ့တသြ ပြော၏။
" ဘယ်သူက အဲ့နေရာကို ချုပ်နှောင်ထားခဲ့တာလဲဗျ ။ ဘာကြောင့်မို့လို့ အဲ့လို ချုပ်နှောင်ထားခဲ့တာလဲ "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းယမ်းလိုက်သည်။
" ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ချုပ်နှောင်ထားခဲ့တာလဲ ဆိုတာကိုတော့ ငါလဲမသိဘူးကွ။ ဒါပေမယ့် အချုပ်အနှောင်မှာ ကျန်ခဲ့တဲ့ အရောင်အဝါကိုကြည့်ပြီး ငါ တွက်ကြည့်ရသလောက်ကတော့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ချုပ်နှောင်ခဲ့တဲ့သူက ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ "
" ဒါ... "
ရှီလုံ အတွေးနက်နေပုံဖြင့် ငြိမ်သွားသည်။
ထိုစဥ် လောထျန်းက မေး၏။
" ကျုပ် မေးပါရစေ သခင်ကြီး ၊ အဲ့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ ဘာရှိတာလဲ "
သူ့ထံတွင် သော့ကို ရထားပြီးသည့်တိုင် သေသေချာချာသိရအောင် မေးထားခြင်းက ပိုကောင်းသည် မဟုတ်ပါလား ။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ပွင့်ပွင့်လင်း
လင်းပင် ပြန်ဖြေပါသည်။
" အရှုပ်အထွေး နတ်ဘုရားမြို့တော်က အခွင့်ကောင်းတွေ အင်မတန်ပေါတယ်ကွ။ အဲ့မှာ အရှုပ်အထွေးအစွမ်းတွေလဲ အများကြီးရှိတယ် ။ အဲ့ဟာတွေအပြင်... တခြား အဖိုးအတန်ဆုံး နှစ်ခုလဲရှိသေးတယ် "
" ဟုတ်လား. အဲ့ဒါ ဘာတွေလဲ "
လောထျန်း စိတ်ဝင်တစား ထပ်မေးလိုက်သည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ် စကားဆက်၏။
" ပထမတစ်ခုကတော့ အရှုပ်အထွေး မဟာတာအိုကို မှတ်တမ်းတင်ထားတဲ့ နတ်ဘုရားကျမ်းစာတွေပဲ "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲ၌ နတ်ဘုရားကျမ်းစာ ရှိသည်ကို သူ ကြားဖူးထားပြီးသားပင် ။
ယခု ထိုစကားက အမှန်ဖြစ်နေပါ၏။
ထိုနတ်ဘုရားကျမ်းစာ၌ အရှုပ်အထွေး မဟာတာအိုကိုပင် မှတ်တမ်းတင်ထားသေးသတဲ့.. ။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က စကားဆက်ပါသည်။
" ဒုတိယတစ်ခုကတော့ ထူးဆန်းတဲ့ ကျောက်ပြားတစ်ခုပဲ "
" ကျောက်ပြား.. ဟုတ်လား "
လောထျန်း အံ့အားသင့်သွားကာ အရှုပ်အထွေး မသေမျိုးဧကရာဇ်အား မော့ကြည့်လိုက်သည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ကွ ၊ ဒါပေမယ့် အဲ့ကျောက်ပြားက ဘယ်မှာရှိတယ်ဆိုတာကိုတော့ ငါ တစ်ခါမှ ရှာမတွေ့ခဲ့ဘူး ။ ဒါသိတာတော့ အဲ့ကျောက်ပြားက အင်မတန်ထူးခြားတယ် ဆိုတာပဲ ။ ငါ ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးမှာ ရှိနေတဲ့အချိန် ၊ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ရင်တောင် နည်းနည်းလေးမှ ဖျက်ဆီးနိုင်မှာ မဟုတ်တာသေချာတယ် "
" ဒါ... "
ရှီလုံ အံ့သြတုန်လှုပ်သွားသည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်လို ကြောက်မက်ဖွယ်အစွမ်း ပိုင်ဆိုင်ထားသူက အစွမ်းပြည့် ထုတ်သုံးလျှင်ပင် ၎င်းကို နည်းနည်းလေးမှ မဖျက်ဆီးနိုင်ဘူးတဲ့လား ။
ထိုစဥ် လောထျန်းက တစ်ခုကို နားလည်သွားသည့်အလား ပြောလာ၏။
" အဲ့ကျောက်ပြားက အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ ရှိနေတုန်းလား "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းယမ်းလိုက်သည်။
" ဒီမှာ မရှိတော့ဘူးကွ။ အဲ့ကျောက်တုံးကို ငါ့ရဲ့ အသွင်အစစ်က ယူသွားခဲ့ပြီ "
" ဘယ်လို.. ယူသွားတယ် ၊ ဘယ်ကိုယူသွားတာလဲ "
လောထျန်း ထပ်မေးလိုက်၏။
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခဏတာစဥ်းစားပြီးမှ ပြန်ဖြေသည်။
" အင်းလေ.. မင်းတို့ကိုပြောလို့လဲ ကိစ္စမရှိပါဘူး ။
ငါက ကောင်းကင်ဘုံကန္တာရ ဝင်ပေါက်ကို ဖိနှိပ်ဖို့အတွက် အဲ့ကျောက်ပြားကို ယူသွားခဲ့တာကွ "
" ကောင်းကင်ဘုံကန္တာရ ဟုတ်လား "
ရှီလုံတစ်ယောက် မျက်လုံးပြုးသွားပါ၏။
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းညိတ်လိုက်သည်။
" ကောင်းကင်ဘုံကန္တာရက ကောင်တွေက အပေါ်ကမ္ဘာကို ကျူးကျော်ဖို့အတွက် အမြဲတမ်းပြင်နေခဲ့ကြတာ ။ သူတို့ အောင်မြင်တော့မလို ဖြစ်ခဲ့တဲ့အကြိိမ်ရေလဲ မနည်းလှဘူး ။ ငါ ကောင်းကင်ဘုံကန္တာရ ဝင်ပေါက်ကို ချုပ်နှောင်ဖို့ တစ်ခါကြိုးစားခဲ့ဖူးသေးပေမယ့် အလုပ်မဖြစ်ခဲ့ဘူးကွ ။ အဲ့နောက်ပိုင်းတော့ ငါ ကျောက်ပြားကထူးခြားတာကို တွေ့ပြီး အဲ့ဒါနဲ့ ကောင်းကင်ဘုံကန္တာရကို ဖိနှိပ်ဖို့ လုပ်ခဲ့တယ် "
" အဲ့ချိန်ကစလို့ ကောင်းကင်ဘုံကန္တာရက အစွမ်းထက် ကျင့်ကြံသူတွေ ငါတို့အပေါ်ကမ္ဘာကို ခြေမချနိုင်ကြတော့တာပဲ "
ရှီလုံ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
" နတ်ဘုရားတောအုပ်ရော ၊ ကောင်းကင်ဘုံကန္တာရရောက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နေရာနှစ်ခုပဲ ။ ဒါပေမယ့် ဟိုးအရင်တည်းက နတ်ဘုရားတောအုပ်ရဲ့ ကျူးကျော်တာကို ကြိမ်ပေါင်းများစွာ ခံခဲ့ရလို့လဲ အပေါ်ကမ္ဘာမှာ သက်ရှိတားမြစ်နယ်မြေတွေ ပေါ်လာခဲ့ရတာလေ ။ ဒါပေမယ့် အဲ့ချိန်မှာ ကောင်းကင်ဘုံကန္တာရက ထူးထူးခြားခြားကြီးကို ငြိမ်နေခဲ့တာ ။ အဲ့တုန်းကတော့ ကောင်းကင်ဘုံကန္တာရက အစွမ်းနိမ့်လာလို့သာ အဲ့လိုဖြစ်တာလို့ ကျုပ်ထင်နေခဲ့တာ ။ တကယ့် အကြောင်းရင်းအစစ်က ဒီလိုတဲ့လား "
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ခြောက်ကပ်ကပ်ပြုံးသည်။
" တကယ်တော့ ကောင်းကင်ဘုံကန္တာရက နတ်ဘုရားတောအုပ်ထက်တောင် ပိုအန္တရာယ်များသေးတယ် ။ ငါတို့တွေ သတိလက်လွတ် နေလို့မဖြစ်ဘူး "
ရှီလုံ ချက်ချင်း ခေါင်းငုံ့သွားသည်။
" ဟုတ်ကဲ့ "
ထိုစဥ်မှာပင် အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ စိတ်ဝိဥာဥ်အရိပ်က မှုန်ဝါးစ ပြုလာပါသည်။
သူ မျက်မှောင်ကြုံ့၍ ဆို၏။
" ငါ့ရဲ့ စိတ်ဝိဥာဥ်အရိပ် ပျောက်တော့မယ် ။ မင်းတို့မှာ မေးချင်တာရှိသေးရင် မြန်မြန်မေးကြ "
လောထျန်း ခေတ္တမျှ မှင်သက်သွားပြီးမှ မေးပါ၏။
" ကျုပ် မေးပါရစေ သခင်ကြီး ။ ရှေးဟောင်းနတ်ဘုရား ဆိုတာတွေက ဘယ်လိုတွေလဲ ။ ပြီးရင် နတ်ဘုရားအစွမ်း ဆိုတာကရော ။ အဲ့ဒါ မသေမျိုးဧကရာဇ်အဆင့်ရဲ့ အပေါ်က အဆင့်လား "
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းယမ်းပြပါသည်။
" မဟုတ်ဘူးကွ ။ရှေးဟောင်းနတ်ဘုရားတွေရော ၊ နတ်ဘုရားအစွမ်းရော ၊ နတ်ဘုရားလမ်းစဥ်ရောက ကျင့်ကြံခြင်းအဆင့်တွေ မဟုတ်ဘူး ။ ထူးခြားတဲ့ အစွမ်းတွေပဲ "
" အဲ့လိုလား "
ရှီလုံထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာသည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က ဆက်ရှင်းပြ၏။
" တိတိကျကျ ပြောရရင်တော့ အဲ့ ရှေးဟောင်းနတ်ဘုရားတွေဆိုတာ မျိုးနွယ်စုတစ်ခုလို့ ပြောလို့ရတယ် "
" မျိုးနွယ်စု... ဟုတ်လား "
လောထျန်းကလည်း အံ့သြတကြီး မေးသည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းညိတ်လိုက်၏။
" ဟုတ်တယ်ကွ ။ သူတို့အပြောအရဆိုရင် ရှေးဟောင်းနတ်ဘုရားတွေဆိုတာ သဘာဝအတိုင်း မွေးဖွားလာတဲ့ မျိုးနွယ်စုတစ်ခုပဲ ။ သူတို့ရဲ့ အရေအတွက်က နည်းပေမယ့် သူတို့ရဲ့ အစွမ်းရော ၊ ပါရမီရောက အင်မတန်ကို ကောင်းကြတယ် "
" သူတို့ မွေးလာကတည်းကလဲ နတ်ဘုရားအစွမ်း ပါလာခဲ့ပြီးသား ။ ပြီးရင် သူတို့ အရွယ်ရောက်လာတာနဲ့အမျှ ကျင့်ကြံစရာ မလိုဘဲနဲ့တောင် မသေမျိုးဧကရာဇ်နဲ့ ယှဥ်နိုင်တဲ့အစွမ်းကို အလိုလိုရကြတယ် "
" အဲ့ထဲက ထူးခြားတဲ့သူတချို့ဆိုရင် မသေမျိုးဧကရာဇ်ထက် အများကြီး ပိုသာတဲ့အစွမ်းမျိုးကို ရ
ကြတာပေါ့ ။ ဒါပေမယ့်.. ရှေးဟောင်းနတ်ဘုရားတွေထဲမှာတောင် အဲ့လိုလူမျိုးက တော်တော်ရှားတယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထိုစဥ် အရှုပ်အထွေး မသေမျိုးဧကရာဇ်က ရုတ်တရက်ပြော၏။
"ဒါပေမယ့်.. ငါ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှေးဟောင်းနတ်ဘုရားတွေကို လေ့လာခဲ့သလောက်တော့ နတ်ဘုရားအစွမ်းကို ကျွမ်းကျင်သွားက မသေမျိုးဧကရာဇ်အဆင့်ကို ကျော်နိုင်တဲ့ နည်းတစ်ခု ဖြစ်နိုင်တယ် "
" အဲ့လိုလား "
လောထျန်း၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားကြသည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်က စကားဆက်၏။
" အဲ့တုန်းက ငါ လျှို့ဝှက်ဒေသတစ်ခုထဲမှာ ရှေးဟောင်းနတ်ဘုရားတစ်ယောက်နဲ့ တိုက်ခိုက်ရင်း
သူ့ကို သတ်နိုင်ခဲ့တယ်ကွ ။ သူ့ကို သတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ နတ်ဘုရားအစွမ်းကိုလဲ ငါ ရသွားခဲ့တယ် ။ အဲ့ချိန်မှာ အဲ့ နတ်ဘုရားအစွမ်းကို ငါ့ကိုယ်ထဲ ပေါင်းထည့်လိုက်နိုင်တာနဲ့ ပိုမြင့်တဲ့အဆင့်ကို ရောက်တော့မလိုလဲ ခံစားခဲ့ရတယ် "
သူ့စကားကြောင့် ရှီလုံတစ်ယောက် တုန်လှုပ်သွားသည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ်တွင် ထိုသို့သော လျှို့ဝှက်ချက်မျိုး ရှိနေမည်ဟု သူ လုံးဝ ထင်မထားခဲ့ဖူးပါ ။
" ဒါဆို.. အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီးက ဘာလို့ အဆင့်မတက်သွားခဲ့တာလဲ "
ရှီလုံ မေးလိုက်သည်။
အရှုပ်အထွေး မသေမျိုးဧကရာဇ် သက်ပြင်းချလိုက်၏။
" အကြောင်းရင်းက နှစ်ချက်ရှိတယ်ကွ ။ ပထမတစ်ခုကတော့ ငါ အရှုပ်အထွေး မဟာတာအိုကို ကောင်းကောင်းကြီး မကျွမ်းကျင်သေးတဲ့အတွက်
ကျင့်ကြံခြင်းအဆင့်တက်ဖို့ အကောင်းဆုံးအချိန်မဟုတ်ဘူးလေ "
" ဒုတိယအချက်ကတော့ ကြောက်လို့ပဲ "