← Chapters

The great dao of chaos

Vol. 68 Ch. 978

The great dao of chaos

Vol. 68 Ch. 978

" ကြောက်တယ် ဟုတ်လား ... မသေမျိုးဧကရာဇ်ကြီးက ‌ကြောက်သေးတာလား "

ရှီလုံ တအံ့တဩပြောလိုက်သည်။

သူ့အတွက်မူ အရှုပ်အ‌ထွေး မသေမျိုးဧကရာဇ်ကြီးက ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက်လိုပါပင် ။

သူ့လိုလူတစ်ယောက်က ကြောက်သတဲ့လား ။

အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီးက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောပါ၏ ။

" ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ကံကို ယှဉ်ပြီး တိုက်ရတဲ့ပွဲပဲကွ။ အမြင့်ကို ရောက်လေလေ ၊ အကြောက်တရားကို ပိုခံစားမိလာလေပဲ။ ပြီးတော့ ဒီနတ်ဘုရားအစွမ်းကနေ ငါ ခံစားရတဲ့ အကြောက်တရားကလဲ ပိုကြီးလေပဲကွ "

ထိုစကားကိုကြားပြီး ရှီလုံတစ်ယောက် စိတ်ဓာတ်ကျသွား၏။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ကျုပ်သိထားသလောက်ဆို နတ်ဘုရားအစွမ်းက ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် အဓိကသော့ချက်ပဲလေ ။ နောက်ပိုင်းတက်လာတဲ့ မသေမျိုးဧကရာဇ်‌တွေ နတ်ဘုရားလမ်းစဉ်ကို နားလည်ဖို့ကြိုးစားတဲ့အချိန်မှာတောင် ဒီနတ်ဘုရားအစွမ်းကပဲ လမ်းပြပေးခဲ့သေးတာ မဟုတ်လား ..... "

အရှုပ်အ‌ထွေး မသေမျိုးဧကရာဇ်က ရယ်ပါသည်။

" မင်း မသေမျိုးဧကရာဇ်အဆင့်ကို ရောက်သွားရင်တော့ နတ်ဘုရားအစွမ်းနဲ့ ကြုံရတဲ့အချိန်မှာ ခံစားရတဲ့အကြောက်တရားကို နားလည်လာပါလိမ့်မယ်ကွာ ။ နောက်ဆုံးမှာတော့ သူတို့ရဲ့ဇာတ်သိမ်း‌တွေက သူတို့ကိုယ်တ်ုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်တာ။ မင်းနဲ့ ဘာမှမဆိုင်ဘူး "

တဖက်မှလောထျန်းက မျက်ဝောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောလာသည်။

" ကျုပ်လဲ နတ်ဘုရားအစွမ်းကို ကျွမ်းကျင်ထားပြီးပြီ "

သူ ပြောပြီး လက်ဖျောက်တစ်ချက်တီးလိုက်၏။

ဝုန်း ‌...

သူ့လက်မှ အားပြင်းလှသည့် အစွမ်းတစ်ခု ထွက်လာသည်။

၎င်းမှာ နတ်ဘုရားအစွမ်းပါပင် .....

" မင်း အဲ့အစွမ်းကို ဘယ်ကနေ ရလာတာလဲ "

အရှုပ်အထွေး မသေမျိုးဧကရာဇ် အံ့အားသင့်သွားကာ မျက်မှောင်ကြုံ့၍ မေး၏။

ကျုပ်ကိုယ်တိုင် လေ့လာခဲ့တာ

လောထျန်းက အူကြောင်ကြောင် ပြန်ပြောသည်။

တလက်စတည်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကိုလည်း သူ ရှင်းပြလိုက်၏။

သူ့စကားကို နားထောင်နေရင်း အရှုပ်အထွေး မသေမျိုးဧကရာဇ် မျက်နှာထားပြောင်းသွားကာ လောထျန်းအား ဘီလူးတစ်ကောင်လို ကြည့်လာသည်။

" ဒါဆို ... ပုံမှန်မဟုတ်တဲ့ တစ်ခုကိုမင်း ခံစားမိခဲ့သေးလား .... "

သူ မေး၏။

" မခံစားမိခဲ့ဘူးဗျ "

လောထျန်း ခေါင်းယမ်းလိုက်သည်။

အရှုပ်အထွေး မသေမျိုးဧကရာဇ် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" အဲ့နတ်ဘုရားအစွမ်းက ထူးဝောာ့ထူးခြားတယ်ကွ ။ ဒါပေမယ့် မင်းရဲ့ အခြေအနေကို ပေါင်းစပ်မှုတစ်ခုလို့ သတ်မှတ်လို့ရပါ့မလား ငါ မသိဘူး "

" ငါ မင်းကို အကြံပေးချင်တာ နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ အခုချက်ချင်း ကျင့်ကြံတာကို ရပ်ပြီးတော့ မင်းရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး ဒီကျင့်ကြံခြင်းအဆင့်မှာပဲနေ‌ ။ အဲ့ နတ်ဘုရားအစွမ်း နောက်ကွယ်မှာ ဘာပဲရှိရှိ မင်းရဲ့ ကျင့်ကြံခြင်အဆင့်က မလုံလောက်သေးဘူးဆိုရင် တဖက်လူ ဘာမှလုပ်မှာ မဟုတ်ဘူး "

လောထျန်း စိတ်ထဲမှ ချက်ချင်းငြင်းလိုက်ပါသည်။

ကျင့်ကြံတာကို ရပ်လိုက်ရမယ်တဲ့လား

ဖြစ်နိုင်ပါမည်လား ....

အရှုပ်အထွေး မသေမျိုးဧကရာဇ်က လောထျန်း၏အတွေးကို သိနေသည့်အလား စကားဆက်၏။

" ဒီ ပထမတစ်ခုကို မကြိုက်ဘူးဆိုရင်တော့ မင်း မဟာတာအို အရှုပ်အထွေးကိုရဖို့ အစွမ်းကုန်သာ ကြိုးစားကျင့်ကြံပေဝောာ့ "

" မဟာတာအိုအရှုပ်အထွေး .. ဟုတ်လား "

လောထျန်း မေးလိုက်သည်။

‌အရှုပ်အထွေး မသေမျိုးဧကရာဇ် ခေါင်းညိတ်ပြ၏။

" မဟာတာအိုအရှုပ်အထွေး ဆိုတာ ဒီကမ္ဘာကြီးရဲ့ အ‌ခြေခံ အကျဆုံး တာအိုအစွမ်းပေါ့ကွာ ။ ဒီတာအိုအစွမ်းကိုသာ မင်း အမှန်တကယ် လေ့လာလိုက်နိုင်ရင် ဟိုနတ်ဘုရားအစွမ်းရဲ့ နောက်ကွယ်ကသူက မင်းကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး "

လောထျန်း ခေါင်းကုတ်လိုက်သည်။

" သခင်ကြီးအခုပြောမှပဲ .... အဲ့လိုထူးထူးဆန်းဆန်း ကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ကျုပ် တကယ်သိချင်သွားပြီ "

" အရှုပ်အထွေး မသေမျိုးဧကရာဇ် .........."

ဝီ ......

ထိုစဉ်မှာပင် အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ ပုံရိပ်ယောင်က အရောင်ပိုမှိန်လာပါသည်။

အရှုပ်အထွေး မသေမျိုးဧကရာဇ် အံ့အားသင့်သွားပြီးမှ တစ်ချက်ရယ်၏။

" ထားပါလေ ... ဒီ စိတ်ဝိဉာဉ်အရိပ်က လုံးဝ ပျောက်ကွယ်သွားတော့မယ် "

တဖက်မှ ရှီလုံက ရုတ်တရက်ပြော၏။

" အရှုပ်အထွေး မသေမျိုးဧကရာဇ်ကြီး ... သခင်ကြီး .. တကယ်သေသွားပြီလား "

သူ ထိုမေးခွန်းကို မေးချင်နေသည်မှာ ကြာလှလေပြီ။

သို့သော် အစောပိုင်းကထိ သူ ထုတ်မမေးရဲခဲ့ပါချေ။

ယခု အရှုပ်အထွေး မသေမျိုးဧကရာဇ် ပျောက်ကွယ်သွားတော့မည်ကို မြင်ချိန်တွင်ကား သူ မနေနိုင်တော့ပါ ။

တဖက်မှ အရှုပ်အထွေး မမသေမျိုးဧကရာဇ်မှာ သူ့စကားကိုကြားပြီး အနည်းငယ် အ့သြသွားပုံပေါ်သော်လည်း ရယ်ရင်း ပြန်ပြောပါ၏။

" မဟာတာအိုဆိုတာ မတည်မြဲခြင်းပဲကွ ။ အသက်ရှင်ခြင်းဆိုတာ ဘာလဲ .. သေခြင်းတရားကရော ဘာလဲ .. ဘယ်သူက အဲ့ဒါတွေကို တိတိကျကျ ဖြေနိုင်လို့လဲကွာ "

ထိုစကားများ ပြောပြီးချိန်မှာပင် သူ့စိတ်ဝိဉာဉ်အရိပ် လုံးဝ ပျောက်ကွယ်သွားပါတာ့၏။

" အရှုပ်အထွေး မသေမျိုးဧကရာဇ် ..... "

ပျောက်ကွယ်သွားသော အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ ပုံရိပ်ကိုကြည့်ကာ ရှီလုံတစ်ယောက် မျက်နှာကြီး အိုသွားတော့သည်။

ထိုစဉ် လောထျန်းက သက်ပြင်းချ၍ ရှီလုံအား မေးပါ၏။

" သခင်ကြီး အခု ဘာတွေဆက်လုပ်မလဲ တွေးပြီးပြီလား "

ရှီလုံ အချိန်အတန်ကြာ စဉ်းစားနေပြီးမှ ပြန်ပြောသည်။

" မသိဘူးကွ ။ ငါ အသိဉာဏ် ရတဲ့အချိန်ကစပြီးတော့ ဒီနေရာကိုပဲ ‌စောင့်ကြပ်လာတာ ။ အခု ... ဘယ်ကိုသွားရမလဲ ငါမသိဘူး"

လောထျန်း ပြောသည်။

" ဘယ်မှ သွားစရာမရှိဘူးဆိုရင် ကျုပ်နဲ့ လိုက်ခဲ့ပါလားဗျ "

"မင်းနဲ့ .. ဟုတ်လား "

ရှီလုံ လောထျန်းကိုကြည့်ကာ ခေတ္တမျှ ြငိမ်သွားပြီးမှ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ ၊ မင်း ဟိုထူးဆန်းတဲ့အရာရဲ့ ရန်စတာကို ခံခဲ့ရတာ ငါ့အပြစ်မကင်းဘူး ။ ဒီတော့ မင်းအနားမှာပဲနေပြီး ငါ တတ်နိုင်သမျှ ကူညီပါ့မယ် "

လောထျန်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်ကြီး "

ထို့နောက် သူ ရှီလုံကို ခေါ်ပြီး နေရာမှ ရုတ်တရက် ပျောက်ကွယ်သွား၏။

ဝုန်း ....

မကြာခင်မှာပင် မသေမျိုး‌ပြောင်းလဲရေကန် အပေါ်ဘက်၌ ရှီလုံကိုခေါ်လာသော လောထျန်းတစ်ယောက် ရေထဲမှ ဘွားခနဲ ထွက်လာသည်။

" ဘာလဲဟ ...."

ထိုစဉ်တွင် မသေမျိုးပြောင်းလဲရေကန်ဘေး၌ လူများစွာ စုဝေးနေကြပါ၏။

အားလုံးက သတိကြီးကြီးဖြင့် မသေမျိုးပြောင်းလဲရေကန်မှ ရေကို သန့်စင်နေချိန်လည်း ဖြစ်ပါသည်။

အများစုဆိုလျှင် ရေကန်မှအစွမ်းကို မခံနိုင်ကြသဖြင့် လဲကျနေပါသေးသာည်။

ထို့ကြောင့်လည်း လောထျန်းတစ်ယောက် ရေအောက်ဘက်မှ ရုတ်တရက်ပေါ်လာချိန်တွင် အားလုံး အလန့်တကြား ဖြစ်ကုန်ကြတော့၏။

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးသည်ပင် လန့်သွားပါသည်။

" သူ .... တကယ်ကြီးကို အသက်ရှင်ရက် ပြန်ထွက်လာနိုင်တာပဲ ။ ငါ သူ့လူတွေကို ဘာဒုက္ခမှ မပေးရသေးတာ တော်သေးတာပေါ့ "

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး ကြောက်ရွံ့စွာ ပြောလိုက်၏။

ထိုစဉ် လောထျန်းဘေးတွင် ရှိနေသော ရှီလုံက ရုတ်တရက် တအံ့တဩ ရေရွတ်သည်။

" ဟင် ... တစ်ခုခုတော့ လွဲနေပြီ။ ဒီနေရာမှာ နတ်ဘုရားတောအုပ်က သူတွေရဲ့ အရောင်အဝါ ဘာလို့ရှိနေရတာလဲ "

ထို့နောက်တွင် သူ့ စိတ်ဝိဥာဉ်အစွမ်းက စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး‌ထံ ရောက်သွား၏။

" မင်းကိုး .... မိစ္ဆာဝိဉာဉ်ကောင် ... သေစမ်း "

ဝုန်း

ချက်ချင်းမှာပင် သူ့ စိတ်ဝိဉာဉ် ပေါက်ကွဲထွက်သွားကာ စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးထံ တိုးဝင်သွား၏။

" အား ... မလုပ်ပါနဲ့ "

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးသည် စစချင်းတွင် အထင်သေးသည့် မျက်နှာထားဖြင့် ဖြစ်နေခဲ့သော်လည်း ရှီလုံ၏ စိတ်ဝိဉာဉ်အစွမ်းကို တွေ့ချိန်တွင်မူ လုံးဝ ကြောက်ရွံ့တုန်လှုပ်သွားပါသည်။

ရှီလုံ၏ စိတ်ဝိဉာဉ်အစွမ်းက မသေမျိုးဧကရာဇ် တစ်ယောက်အဆင့်တွင် ရှိနေသည် မဟုတ်ပါလား ။

သူ ထိုအစွမ်းကို လုံးဝ မခုခံနိုင်ပါချေ ။

" သို့သော် ကံကောင်းစွာပင် ထိုစဉ်၌ လောထျန်းက ဝင်ပြောပါ၏။

သခင်ကြီး ... ခဏနေပါဦးဗျာ "

"ဟင် "

ရှီလုံ အံ့ဩသွားရသည် ။

လောထျန်းက အေးဆေးပင် ဆက်ပြော၏။

"အဲ့လူက ကျုပ်အတွက် အသုံးဝင်တယ်ဗျ "

သူ တဆက်တည်း အစောက ဖြစ်ပျက်ခဲ့သမျှကိုပါ ပြောပြလိုက်သည်။

ရှီလုံတစ်ယောက် သူ့စကားကို နားထောင်ပြီး အချိန်အတန်ကြာ ငြိမ်သွားပြီးမှ ပြန်ပြော၏။

"လောထျန်း ၊ ငါ မင်းကို တစ်ခုတော့ အကြံပေးမယ်နော် ။ အဲ့ နတ်ဘုရားတောအုပ်ထဲက ဘယ်သူကမှ မယုံရဘူးကွ ။ သူတို့အားလုံးက လူသတ်ဖို့ပဲသိတဲ့ ဘီလူးကောင်တွေပဲ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

"ကျုပ် သိပါတယ် "

ထို့နောက်တွင်ကား ရှီလုံ သူ့စိတ်ဝိဉာဉ်အစွမ်းကို ပြန်ရုတ်သိမ်းလိုက်သည်။

"ကောင်းပြီ "

ပြီးနောက် စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးဘေးသို့ သူ သွား၏။

" မင်းခေါင်းထဲမှာ ဘယ်လိုတွေ ကြံစည်နေလဲဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် .. ငါပြောတာ သေချာနားထောင် ၊ မင်း အကွက်ရွှေ့တယ်လို့ ငါသိတာနဲ့ မင်းရဲ့ စိတ်ဝိဉာဉ်ကို ဖျက်ဆီးပစ်မှာနော် "

" ကျုပ် ဘာမှ မလုပ်ဝံ့ပါဘူးဗျာ "

စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး အလွန်စိတ်ဓာတ်ကျသွားသည်။

သူ ဤနေရာ၌ ချုပ်နှောင်ခံထားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်လွတ်လပ်ခွင့် ရခဲ့ခြင်းပါပင် ။

သို့သော် ယခုလို ကြောက်စရာဘီလူးများနှင့် တစ်ယောက်ပြီးတစ်ယောက်ကို ကြုံခဲ့ရသတဲ့ ...

ယခုလို ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့ပါက အချုပ်အနှောင်ထဲ ဆက်နေရန်ပင် ရွေးမိပါမည်။

ထိုစဉ် ယောင်ချီဂိုဏ်းသူတစ်ယောက်က ရုတ်တရက်ပြောလာ၏။

"သခင်လေးလောထျန်း ၊ လောလောဆယ် အဲ့ကိစ္စတွေကို ခဏထားလိုက်ပါဦးရှင် ။ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပြီရှင့် "

" ဟင် ၊ ဘာဖြစ်လို့လဲ"

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ယောင်ချီဂိုဏ်းသူက ချက်ချင်းပြန်ပြော၏။

" ခုနက သခင်လေး မသေမျိုးပြောင်းလဲရေကန်ထဲကို ဝင်သွားတဲ့အချိန်မှာ ဒီကို လူတစ်ယောက် ရောက်လာခဲ့သေးတယ်။ သူပြောတာတော့ ကျွန်မတို့ ထျန်းယွမ်ကမ္ဘာသားတွေ အမဲလိုက်ခံနေရတယ်တဲ့ "

လောထျန်း အံ့အားသင့်သွားသည်။

" ဘယ်လို ၊ ဘယ်ကောင်က အဲ့လိုလုပ်တာလဲ "

" အဲ့လူတွေက ကောင်းကင်ဘုံသားတော်ရဲ့ လူတွေတဲ့ ။ သူတို့က ထျန်းယွမ်ကမ္ဘာသားတွေ အားလုံးကို သတ်ပစ်မယ်လို့လဲ ပြောတယ်တဲ့ "

ယောင်ချီဂိုဏ်းသူ ပြောနေရင်း အသံများပင် တုန်လာသည်။

" ကောင်းကင်ဘုံသားတော် ... ဟုတ်လား "

ထိုစကားကို ကြားသည်နှင့် လောထျန်းတစ်ယောက် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" ငါက မင်းကို နည်းနည်းပိုပြီး အသက်ဆက်ရှင်ခိုင်းဦးမလို့ ။ ဒါပေမယ့် မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ပေးရတော့မှာပေါ့ "

All Chapters