← Chapters

Hunting Luon Tian

Vol. 68 Ch. 979

Hunting Luon Tian

Vol. 68 Ch. 979

အရှုပ်အထွေးနတ်ဘုရားမြို့တော် ထဲတွင် ရှိနေသော ဂူတစ်ခုရှေ့၌ ....

ဝုန်း

အသံကျယ် တစ်သံနှင့်အတူ လူတစ်ယောက် ဂူနံရံနှင့် ခပ်ပြင်းပြင်း ဆောင့်မိသွားပါသည်။

အွတ် ...

ထိုလူ၏ ခန္ဓာကိုယ်ထဲမှ အရိုးပေါင်းများစွာ ကျိုးသွားကာ ဒဏ်ရာအပြင်းအထန်ရပြီး သွေးအန်သွားသည်။

" အကိုချင်း "

" အကို ချင်းရှောင်ရှန် "

ဝူလျန်နန်းတော်မှ ဂိုဏ်းသားများစွာပင် အလန့်တကြား အော်လိုက်ကြ၏။

ချင်းရှောင်ရှန်မှာကား မျက်နှာဆိုးရွားစွာ ပျက်နေကာ တစ်ခခုခုပြန်ပြောရန် ကြိုးစားလိုက်သော်လည်း မပြောနိုင်ဘဲ သွေးသာ အန်သွားပြန်သည်။

တဖက်မှ ချင်းရှောင်ရန်ကို တိုက်ခိုက်ခဲ့သူက အေးစက်စက် ပြော၏။

" မင်းလို ဘာမဟုတ်တဲ့ သေမျိုးတစ်ယောက်ကများ ခုခံဖို့ ကြိုးစားရဲနေသေးတယ်ပေါ့ ။ မင်းကို ငါ နောက်ဆုံးတစ်ကြိမ် အခွင့်ရေးပေးလိုက်မယ်။ အခုချက်ချင်း လောထျန်းကို သတင်းပို့ပြီးတော့ ဒီမှာလာသေဖို့ပြောလိုက် "

ချင်းရှောင်ရှန်က ဒဏ်ရာများအား အံကြိတ်ခံ၍သာ ပြန်ပြောသည်။

သခင်လေးလောထျန်း ဒီနေရာကို မလာစေရဘူး "

" မင်းက သေချင်နေတာပဲ "

ဝုန်း

တဖက်လူက ကြောက်မက်ဖွယ် အရောင်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ချင်းရှောင်ရှန်ကြောင့် သူ ဒေါသူပုန်ထသွားမှန်း သိသာပါ၏။

ထိုတခဏ၌ သူ့ကိုယ်မှထွက်နေသည့် လူသတ်အရိပ်အငွေ့မှာလည်း သိပ်သည်းလွန်း၍ အစိုင်အခဲအဖြစ်ပင် ပြောင်းတော့မလို ....

" အကိုချင်း ၊ သခင်လေးလောထျန်းကို သတင်းပို့ပြီးတော့ လာကယ်ခိုင်းလိုက်ပါလားဗျာ "

ဝူလျန်နန်းတော် ဂိုဏ်းသားတစ်ယောက်က ချင်းရှောင်ရှန် သေရတော့မည်ကို ကြည့်ပြီး မနေနိုင်တော့ဘဲ ဝင်ပြော၏။

သို့သော် ချင်းရှောင်ရှန်က အံကြိတ်၍သာ ပြန်ပြောပါသည်။

" မဖြစ်ဘူးကွ ။ ထောင်ချောက်တစ်ခုမှန်း သိနေရဲ့သားနဲ့ ငါက ဘယ်လိုလုပ်ပြီးတေယ့ သခင်လေးလောထျန်းကို အသက်စွန့်ပြီး လာကယ်ခိုင်းနိုင်မှာလဲ ။ သခင်လေးလောထျန်းရဲ့ ကျေးဇူးကြွေးတွေ ငါတို့အားလုံးအပေါ်မှာ အများကြီးရှိနေတာ မမေ့ကြနဲ့ဦိး ။ အဲ့ကျေးဇူးတွေကို ဒီလိုလုပ်ရပ်မျိုးနဲ့ ပြန်ကျေးဇူးဆပ်ရမယ့်အစား ငာ သေပဲသေလိုက်မယ် "

တဖက်လူက မျက်မှောင်ကြုံ့သည်။

" မင်း ဒီလောက် သစ္စာစောင့်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး ....."

သူ ပြောကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။

ဇွပ်

ချင်းရှောင်ရှန်၏ လက်တစ်ဖက် လေထဲလွင့်သွားသည်။

" သခင်လေး "

" အကိုကြီး "

ဝူလျန်နန်းတော် ဂိုဏ်းသားများထံမှ အလန့်တကြား ရေရွတ်သံများ ထပ်ထွက်လာပြန်၏။

တဖက်လူက ချင်းရှောင်ရှန်အား အေးစက်စက်ကြည့်ကာ ဆက်ပြောသည်။

" လောထျန်းကို သတင်းပို့ပြီးတော့ မင်းကိုလာကယ်ဖို့ ပြောလိုက် ။ မဟုတ်ရင်တော့ ... "

သို့သော် ချင်းရှောင်ရှန်က အံကြိတ်၍သာ သူ့အား ဖျက်တောင်မခတ် ပြန်ကြည့်၏။

၎င်းကိုမြင်သော ဝူလျန်နန်းတော်မှ ဂိုဏ်းသူတစ်ယောက် မနေနိုင်တော့ဘဲ မျက်ရည်အရွှဲသားဖြင့် ဆိုသည်။

" အကိုကြီး ၊ ကျေးဇူးပြုပြီးတော့ သတင်းပို့လိုက်ပါရှင်။ သခင်လေးလောထျန်းက သူတို့ကို အနိုင်ယူနိုင်မှာ သေချာပါတယ် "

ချင်းရှာင်ရှန်တစ်ယောက် သူ့စကားအတိုင်း လိုက်လုပ်ချင်စိတ် အနည်းငယ်ပေါက်သွားဟန် တူပါသည်။

သို့သော် တဖက်မှ တိုက်ခိုက်ခဲ့သူက ရုတ်တရက် လှောင်ပြုံးဖြင့် ပြောလာ၏။

" ငါတို့ကို အနိုင်ယူမယ် ဟုတ်လား ။ ဒီနေ့ ငါ ကြားသမျှစကားတွေထဲမှာ ဒီစကားက အရယ်ရဆုံးပဲ "

" မင်း ဘာပြောလိုက်တယ် "

ချင်းရှောင်ရှန် ထိုသူအား စိုက်ကြည့်လိုက်သည်။

ထိုလူက လှောင်ပြုံးဖြင့် ဆက်ပြော၏။

" ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ ငါက ကောင်းကင်ဘုံသားတော်ရဲ့ လက်အောက်ခံ စစ်သူကြီးလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ၊ နျဲ့လင် ပဲကွ "

ချင်းရှောင်ရှန်တို့ လူစုက သူ့စကားကို မည်သို့မှ မတုန့်ပြန်ကြသည့်အတွက် နျဲ့လင် မျက်ခုံးပင့်သွားပြီး ဆက်ပြောသည်။

" ငါဆိုတဲ့ နျဲ့လင်က ချင်းယွမ်ပါရမီရှင်စာရင်းမှာ ထိပ်ဆုံးအဆင့်ငါးထဲ ဝင်တဲ့သူကွ "

" ချင်းယွမ်ပါရမီရှင်စာရင်း ... "

ချင်းရှာင်ရှန်တို့ လူစုမှာ ထိုစကားအား နားလည်ကြပုံ မပေါ်ပါ။

နျဲ့လင်က ဆက်ပြောသည်။

" ချင်းယွမ်ပါရမီရှင်စာရင်း ဆိုတာ ချင်းယွမ်ဒေသ တစ်ခုလုံးမှာ ရှိကြတဲ့ လူတွေထဲကမှ အသက်ငါးထောင်အောက် သူတွေကို အစွမ်းအပေါ်မူတည်ပြီး လုပ်ထားတဲ့စာရင်းပဲ ။ နောက်တစ်နည်း ပြောရရင်တော့ ချင်းယွမ်ဒေသ တစ်ခုလုံးမှာရှိတဲ့ အသက်ငါးထာင်အောက် သူ‌တွေထဲမှာ ငါက ထိပ်ဆုံးအဆင့်ငါး ထဲ ပါတယ် "

" ဘယ်လို ... ထိပ်ဆုံး အဆင့်ငါး .. "

" ချင်းယွမ်ဒေသ တစ်ခုလုံးရံ့ ထိပ်ဆုံးအဆင့်ငါး တဲ့ ၊ သူ ဒီလောက်အစွမ်းထက်နေတာ မထူးတော့ပါဘူးကွာ "

" ငါတို့ကလဲ ဘယ်လိုကြောင့်မို့ အဲ့လိုအစွမ်းထက်တဲ့ သူမျိုးနဲ့မှ လာတွေ့ရတာလဲ "

ဝူလျန်နန်းဝောာ်မှ လူများ မျက်နှာဖြူရော်သွားကြတော့သည်။

ထိုလူက သူတို့၏ အစွမ်းအထက်ဆုံး အကြီးအကဲနှစ်ယောက်အား သတ်နိုင်ခဲ့သည်မှာ မဆန်းတော့ပါချေ။

ထိုသူက ဤမျှ ကြောက်မက်ဖွယ်အစွမ်းမျိုး ရှိထားမည်ဟု သူတို့ ဘယ်သိခဲ့ပါ့မလဲ

ထိုစဉ် ချင်းရှောင်ရှန်သည်လည်း အလန့်တကြား မျက်နှာထားဖြင့် ဖြစ်နေပါ၏။

" ဒါဆို .. သခင်လေးလောထျန်းရဲ့ အစွမ်းကရော ချင်းယွမ်ပါရမီရှင် စာရင်းထဲမှာ အဆင့်ဘယ်လောက် ရထားလဲ "

ဝူလျန်နန်းဝော်မှ ဂိုဏ်းသားတစ်ယောက်က အသံတုန်တုန်ဖြင့် မေးရှာသည်။

ကျန်လူများလည်း နျဲ့လင်အား လှမ်းကြည့်လိုက်ကြ၏။

နျဲ့လင်က လှောင်ပြုံးဖြင့် ပြန်ပြောပါသည်။

" လောထျန်း ဟုတ်လား ၊ ဒီကောင်က ချင်းယွမ်ပါရမီရှင် စာရင်းထဲပါဖို့တောင် အရည်ချင်းမပြည့်ပါဘူးကွာ "

" ဘယ်လို "

တဖက်လူများ မျက်နှာဖြူရော်သွားကြပြန်၏။

သူတို့အတွက် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သော လောထျန်းက စာရင်းထဲပါဖို့တောင် အရည်အချင်း မပြည့်ဘူးတဲ့လား

၎င်းမှာ အအပေါ်ကမ္ဘာ၏ အစွမ်းပေလား

ထိုတခဏ၌ အားလုံး စိတ်ဓာတ်ကျကုန်တော့၏။

ထိုစဉ် နျဲ့လင်က အပြုံးဖြင့် ဆက်ပြောသည်။

" ပြီးတော့ မင်းတို့ကို သတင်းတစ်ခုလဲ ပြောပြရဦးမယ်။ အဲ့ဒီ လောထျန်းဆိုတဲ့ကောင်က သခင်ကြီး ထျန်းရှန့်ကျီကို စော်ကားခဲ့တာကွ။ ဒါ့ကြောင့်မို့လဲ သခင်ကြီး ထျန်းရှန့်ကျီက ငါတို့ စစ်သူကြီးလေးယောက်ကို အဲ့ကောင်ကိုသတ်ဖို့အတွက် လွှတ်ခဲ့တာ "

" ငါတို့ကလဲ ဒီတိုင်းကြီး လိုက်သတ်ရမှာ ပျင်းလို့ အမဲလိုက်စကားပွဲလေးတစ်ခု လုပ်ခဲ့တာကွ။ အခု ငါတို့လေးယောက် လူစုခွဲပြီးတော့ လောထျန်းကို ဘယ်သူအရင် သတ်နိုင်မလဲဆိုတာ ပြိုင်ထားတယ်။ ငါ ဟိုသုံးကောင် နိုင်သွားမှာကို မလိုချင်ဘူး ၊ အဲ့တော့ မင်းတို့ကို စိတ်ရှည်ရှည်နဲ့ ကိုင်တွယ်ဖို့ ငါ့မှာ အချိန်ရှိမနေဘူးကွ "

နျဲ့လင်ပြောကာ ထပ်လှုပ်ရှားလိုက်ပြန်သည်။

ဝှစ် ....

ချင်းရှောင်ရှန်၏ နောက်လက်တစ်ဖက် ထပ်ပြုတ်ထွက်သွားပြန်၏။

" အခု လောထျန်းကို သတင်းပို့လိုက်ပါ၊ မင်းတို့ကို လာကယ်ပါလို့ ပြောလိုက် "

နျဲ့လင်က အေးစက်စက်အသံဖြင့် ထပ်ပြောသည်။

သို့သော် ဤတစ်ကြိမ်တွင် ချင်းရှောင်ရှန်တစ်ယောက် ဘာအသံမှမထွက်ဘဲ ပါးစပ်ပိတ်၍သာ နေနေပါ၏။

" သခင်လေးလောထျန်းကို သစ္စာဖောက်မယ့်အစား သေပဲသေလိုက်မယ်လို့ ငါ ပြောပြီးပြီလေ "

သူ အံကြိတ်နေသည့်ကြားမှ ထိုစကားအား ပြောလိုက်သေး၏။

နျဲ့လင်တစ်ယောက် ၎င်းကိုမြင်ပြီး သည်းခံနိုင်စွမ်း ကုန်ဆုံးသွားဟန် တူပါသည်။

သူ လက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ တစ်လုံးချင်း အေးစက်စက်ပြောလိုက်၏။

" အဲ့လိုဆိုမှတော့လဲ သေလိုက်တော့ကွာ။ ဒါပေမယ့် မင်း သေသွားပြီးရင်လဲ ငါ လောထျန်းကို ရှာတွေ့မှာပါပဲ "

သူ ပြောပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုစဉ်တွင် ....

" ငါ့ကိုရှာနေတာ ဘယ်ကောင်လဲကွ ဟမ်.. "

မလှမ်းမကမ်းမှ အသံတစ်သံ ရုတ်တရက်ထွက်လာသည်။

အားလုံး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

ထို့နောက်တွင် လူငယ်တစ်ယောက် ပျံသန်းရောက်ရှိလာကာ ... မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩသွားဟန် တူပါသည်။

" ဟင် ချင်းရှောင်ရှန် ၊ ဘာတွေဖြစ်နေတာလဲ "

ထိုလူငယ် တအံ့တဩ မေး၏။

ထိုသူကို မြင်သည်နှင့် ချင်းရှောင်ရှန် အလန့်တကြား အော်၏။

" အကိုလော .. သတိထားနော် "

အကိုလော ဆိုသည့်စကားကို ကြားသည်နှင့် နျဲ့လင်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

သူ အသစ်ရောက်လာသူ လူငယ်အားကြည့်ကာ ရယ်ရင်းပြော၏။

" ဟား ဟား ငါ့ကံကလဲ ဒီလောက်တောင် ကောင်းတာလားကွာ။ ငါတို့လေးယောက်ထဲမှာ အနိုင်ရတဲ့သူက ငါဖြစ်မယ်လို့ မထင်ထားမိဘူး "

ထို့နောက် သူ တဖက်မှကောင်လေးကို စိုက်ကြည့်ရင်း ဆက်ပြောပါသည်။

" ကောင်လေး ၊ ငါက မင်းကိုသတ်ဖို့အတွက် ဒီနေရာကိုရောက်နေတာပဲ။ သေဖို့သာပြင် "

ဝုန်း

စကားဆုံးချိန်တွင် သူ့အရောင်အဝါ ပေါက်ထွက်လာ၏။

တဖက်မှ ကောင်လေးကမူ သူ့စကားကြောင့် အံ့ဩသွားဟန် တူပါသည်။

" ငါ့ကို သတ်ချင်တယ် ဟုတ်လား ...ငါ မင်းကိုလဲ မသိပါလား "

နျဲ့လင်က အေးစက်စက် ပြန်ပြော၏။

" မင်း ငါ့ကို သိစရာမလိုပါဘူး။ သေလိုက်တော့ "

ဝုန်း

ကမ္ဘာတစ်ခုလုံး ပျက်စီးသွားစေနိုင်သည့် အစွမ်းပါဝင်သော လက်ဝါးချက်ကြီးတစ်ခုက တဖက်လူငယ်ထံ တိုးဝင်သွားသည်။

လူငယ်မှာလည်း ၎င်းကိုမြင်ပြီး လန့်သွားပုံရကာ မှင်သက်သွားပါ၏။

ဝုန်း

အသံကျယ် တစ်သံနှင့်အတူ သူ လွင့်ထွက်သွားကာ မလှမ်းမကမ်းမှ တောင်တစ်လုံးနှင့် ရိုက်မိသွားတော့သည်။

ဝုန်း

ထိုတောင်တစ်ခုလုံး ပြာမှုန့်အဖြစ် တမဟုတ်ချင်း ပြောင်းသွား၏။

" သနားစရာကောင်းလိုက်တာကွာ "

နျဲ့လင်က ၎င်းကိုကြည့်ပြီး အထင်သေးသည့် မျက်နှာထားဖြင့် ဆိုသည်။

အခြားသူများ မျက်နှာဖြူရော်ကုန်ကြ၏။

သို့သော် ထို့နောက်တွင် ....

ဝုန်း

အပျက်အစီးများကြားမှ အစွမ်းထက် အရောင်အဝါတစ်ခု ရုတ်ချည်း ထွက်လာပါသည်။

" မျိုးမစစ်ကောင် ၊ ငါ့ကို အလစ်တိုက်ခိုက်ရဲတာ ဘယ်ကောင်လဲကွ "

အသံပိုင်ရှင်ဖြစ်သော အစောက လူငယ်က ဒေါသတကြီးအော်သည်။

" ဟင် "

ထိုအသံကြောင့် နျဲ့လင် အနည်းငယ် အံ့ဩသွား၏။

သူ အသံလာရာဘက် လှည့်ကြည့်လိုက်ရာ သူ သေသွားပြီဟု ထင်သောလူငယ်က မသေသေးဘဲ ကပိုကရိုပုံဖြင့် သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

" ဟင် .. မင်းမှာ အစွမ်းတချို့တော့ ရှိထားသားပဲကွ။ အဲ့လိုဆိုတော့လဲ ပျော်စရာကောင်းသွားတာပေါ့ "

နျဲ့လင် ဒေါသထွက်ရမည့်အစား အပြုံးဖြင့် ပြောလိုက်သည်။

All Chapters