← Chapters

Evenly matched

Vol. 68 Ch. 980

Evenly matched

Vol. 68 Ch. 980

အောက်ကမ္ဘာက လောက်ကောင်တွေ ၊ သေကြစမ်းကွာ

နျဲ့လင် ဒေါသတကြီးအော်ကာ ထပ်တိုက်ခိုက်လိုက်၏။

တဖက်မှ ကောင်လေးမှာလည်း ပြိုင်ဘက်၏အစွမ်းကို သတိထားမိကာ ဒေါသထွက်သွားဟန် တူပါသည်။

ချွှင်

သူ့လက်ကို တစ်ချက်ယမ်းလိုက်ရာ ခပ်ကောက်ကောက် တုတ်တစ်ချောင်း ပေါ်လာ၏။

ဟင် ... ဘယ်လိုအမှိုက်လဲကွာ

နျဲ့လင် အထင်သေးစွာ ဆိုသည်။

တဖက်မှ လူငယ်လေးက တုတ်ချာင်းကို သေချာကိုင်၍ လွှဲရြိက်ချလိုက်၏။

ထို့နောက်တွင် ကောင်လေး၏ တုတ်ချောင်းနှင့် နျဲ့လင်၏ လက်ဝါးချက်တို့ ခပ်ပြင်းပြင်း တွေ့သွားတော့၏။

ဝုန်း ....

အားနှစ်ခု တိုက်မိရာမှ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ထွက်လာကာ နေရာအနှံ့ တိုးဝင်သွားသည်။

သတိထား

ပြေးကြဟေ့

ထိုတခဏ၌ အနီးနားတွင် ရှိနေသူများအားလုံး အသက်ဘေးမှလွတ်ရန် အသည်းအသန် ထွက်ပြေးကုန်ကြသည်။

အချိန်အတန်ကြာမှသာ စွမ်းအင်လှိုင်းလုံးကြီး ပြန်တည်ငြိမ်သွား၏။

ချင်းရှောင်ရှန်တစ်ယောက် အပျက်အစီးများကြားမှ ကုန်းရုန်းထလာသည်။

သခင်လေး ၊ အဆင်ပြေရဲ့လား

သူ့အနားတွင် ရှိနေသော ဝူလျန်နန်းတော်မှ အဘိုးအိုတစ်ယောက်က ခက်ခက်ခဲခဲ ထရပ်ရင်း မေး၏။

အစောပိုင်းက စွမ်းအင်လှိုင်းလုံးကြီး ရောက်လာချိန်၌ ထိုအဘိုးအိုက အသက်စွန့်၍ ကယ်တင်ပေးခဲ့သော‌ကြောင့်သာ ချင်းရှောင်ရှန်တစ်ယောက် အသက်ဘေးမှ လွတ်ခဲ့ရခြင်းပါပင်။

သို့မဟုတ်ပါက ချင်းရှောင်ရှန် သေနေလောက်လေပြီ။

ကျုပ် အဆင်ပြေပါတယ် ၊ အကြီးအကဲရော

ချင်းရှောင်ရှန် ပြန်မေးလိုက်၏။

ငါ ရထားတဲ့ဒဏ်ရာတွေက ပြင်းလွန်းတယ်ကွ ။ အသက် ဆုံးတဲ့အထိတော့ မဆိုးဘူးဆိုပေမယ့် အနည်းဆုံးတော့ ဒုက္ခိတ ဖြစ်သွားနိုင်တယ်

အဘိုးအိုက အောင့်သက်သက်အပြုံးဖြင့် ပြန်ဖြေပါသည်။

ချင်းရှောင်ရှန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

အမှန်တွင်မူ သူတို့မှာ စွမ်းအင်လှိုင်းလုံး၏ဒဏ်ကို အဖျားခတ်ရုံလောက်သာ ခံစားခဲ့ရခြင်း ဖြစ်ပါသည်။သို့တိုင် ဒဏ်ရာက ဤမျှဆိုးသတဲ့လား ။

ဘယ်လိုတိုက်ပွဲမျိုးနှင့် သူတို့ ကြုံနေရပါသလဲ ....

ထိုစဉ် ဖုန်မှုန့်လုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ နျဲ့လင်နှင့် သူ့ပြိုင်ဘက်၏ပုံရိပ် ပေါ်လာသည်။

သူတို့နှစ်ယောက်လုံးမှာ လက်ရည်တူဖြစ်နေကာ တစ်ယောက်ကိုတစ်ယောက် မျက်နှာတည်ဖြင့် ရပ်ကြည့်နေကြ၏။

နျဲ့လင်မှာလည်း မျက်မှောင်ကြီးကြုံ့နေသည်။

ဒီလောထျန်းဆိုတဲ့ကောင်က အဲ့လိုအစွမ်းမျိုး ပိုင်ဆိုင်ထားတာလား ။ ဒီကောင် အဲ့လောက်မောက်မာနေတာ မဆန်းတော့ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ၊ ဒီကောင် ဒီနေ့ သေကိုသေရမယ်

ဝုန်း

နျဲ့လင်ပြောပြီူ တဖက်လူထံ ပြေးဝင်သွားပြန်သည်။

၎င်းကိုမြင်သော တဖက်မှ ကောင်လေးကလည်း စတိလက်လွတ် မနေဝံ့ဘဲ လက်ထဲမှတုတ်ချောင်းကို ယမ်းကာ ပြန်တိုက်ခိုက်လိုက်၏။

ဤသို့ဖြင့် မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် သူတိုနှစ်ဦးသား သိုင်းကွက်ဆယ်ကွက်ကျော်စီ တိုက်ခိုက်လိုက်ကြပါသည်။

သိုင်းကွက် တစ်ခုစီတိုင်းတွင်လည်း ကြောက်မက်ဖွယ်အစွမ်း ပါဝင်နေသည့်အတွက် လူများ အနားပင် မကပ်နိုင်ကြပါ။

နျဲ့လင်က တကယ်ကို အစွမ်းထက်တာပဲ။ သူ့အစွမ်းက သာမာန်အစွမ်းနိမ့်တဲ့ မသေမျိုးဘုရင် တစ်ယောက်ထက်တောင် သာနိုင်တယ်

ဟုတ်တယ်ကွ ။ အင်းလေ ချင်းယွမ်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးနားမှာ ရှိနေတဲ့ သူ့လိုလူတစ်ယောက်က ဒီလောက်အစွမ်းထက်တာ သဘာဝကျပါတယ်

သူ မသေမျိုးဘုရင်အဆင့်ကိုသာ ရောက်သွားရင် ဘယ်လောက်အစွမ်းထက်သွားမလဲ မသိဘူး။ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တောင် ဖြစ်နိုင်မယ်ထင်တယ်

ဒါနဲ့ သူနဲ့ယှဉ်တိုက်နေတဲ့ကောင်က အဲ့လိုအစွမ်းမျိုးကို တောင့်ခံနိုင်နေတာ အထင်ကြီးစရာတော့ ကောင်းတယ်ကွ

အမှန်ပဲ ၊အဲ့တစ်ယောက်က ဘယ်သူလဲ။ ချင်းယွမ်ဒေသမှာ အဲ့လိုလူမျိုး ဘယ်တုန်းက ပေါ်လာခဲ့ပါလိမ့်

နျဲ့လင်တို့နှစ်ယောက်ကြားမှ တိုက်ပွဲကိုကြည့်ရင်း လူများ ထင်ရာပြောနေကြပါ၏။

သို့သော် သူတို့အားလုံး အနားမကပ်ရဲဘဲ ခပ်ဝေးဝေးမှသာ ကြည့်နေကြခြင်း ဖြစ်ပါသည်။

သိုင်းကွက် လေး၊ငါးဆယ်မျှ တိုက်ခိုက်ပြီးနောက်တွင်ကား နျဲ့လင်တစ်ယောက် တစ်ခုကို သတိထားမိသွား၏။

အဲ့လိုကိုး ... တကယ်တော့ လောထျန်းရဲ့အစွမ်းက သာမာန်လောက်ပဲ။ ဒါပေမယ့် သူ့လက်ထဲကတုတ်က မူလမသေမျိုးလက်နက်တစ်ခု

သူ တဖက်လူလက်ထဲမှအရာကို ကြည့်ရင်း တွေးလိုက်သည်။

ထို့နောက် သူ ဆက်တိုက်ခိုက်ရင်း လှောင်သံဖြင့် ပြောလိုက်၏။

မင်းတို့ အောက်ကမ္ဘာက အမှိုက်ကောင်တွေက မူလမသေမျိုးလက်နက်ကိုပဲ အားကိုးကြတာလားကွ။ မင်းသာ အဲ့လောက်စွမ်းနေရင် မူလမသေမျိုးလက်နက်ကို အားမကိုးဘဲ တိုက်ခိုက်လေ

တဖက်လူငယ်က သူ့စကားကိုကြားပြီး လှောင်ပြုံးဖြင့် ဆိုပါသည်။

မင်းလဲ အဲ့လောက်စွမ်းနေရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ငါနဲ့တူသွားအောင် ဖိနှိပ်ထားလိုက်လေ။ အဲ့ကျရင် ငါလဲ မူလမသေမျိုးလက်နက် မလိုတော့ဘူးပေါ့

နျဲ့လင် မျက်မှောင်ကြုံ့လိုက်သည်။

ငါ့ကို ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ထားခိုင်းရအောင် မင်းကိုယ်မင်း ဘာထင်နေလဲကွ

ကောင်လေးက ပြန်ပြော၏။

ဒါဆိုလဲ ဘာလို့အပိုတွေ ပြောနေသေးတာလဲ ၊ ဆက်တိုက်ကြတာပေါ့

ဝုန်း

သူပြောကာ နျဲ့လင်အား ထပ်တိုက်ခိုက်လိုက်သည်။

၎င်းကိုမြင်သော နျဲ့လင်ကလည်း မျက်မှောင်သာကြုံ့ပြီး ဘာစကားမှမဆိုဘဲ ဆက်တိုက်ခိုက်လိုက်၏။

သိုင်းကွက်ရာကျော် တိုက်ခိုက်ပြီးနောက်တွင်ကား နျဲ့လင်တစ်ယောက် ပြိုင်ဘက်၏အလစ်ကို အခွင့်ကောင်းယူ၍ ထိုသူအနောက်ဘက်သို့ လှစ်ခနဲရောက်သွားသည်။

ဟား ဟား .. အောက်ကမ္ဘာက အမှိုက်ကောင်လေး ၊ မင်း ငါနဲ့ ဒီအဆင့်ထိ တိုက်ခိုက်နိုင်တာ ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်တယ်ကွ။ သေလိုက်တော့

သူ ပြောပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။

သူ့လက်ဝါးချက်က ပြိုင်ဘက်အား သတ်နိုင်လိမ့်မည်ဟုလည်း သူ ယုံထားပါ၏။

သို့သော်

ဝီ

ထိုစဉ်တွင် ကောင်လေး၏ ခန္ဓာကိုယ် နောက်ကျောဘက်မှ နတ်ဘုရားအလင်းတန်းတစ်ခု လက်လာပါသည်။

ဝုန်း

၎င်းနတ်ဘုရားအလင်းတန်းက နျဲ့လင်၏ သိုင်းကွက်အား တားလိုက်၏။

တဖက်လူငယ်မှာလည်း သေဖို့နေနေသာသာ ၊ဒဏ်ရာပင်မရဘဲ ရှေ့သို့တစ်ချက် ယိုင်သွားရုံသာ ....

ဘယ်လိုဖြစ်ပြီးတော့ .....

ထိုမြင်ကွင်းကြောင့် နျဲ့လင်တစ်ယောက် မှင်သက်မိသွားသည်။

ထို့နောက်တွင် သူ မျက်မှောင်ကြုံ့သွားကာ တအံ့တြသ ပြောလိုက်၏။

သေချာသန့်စင်ပြီးသား မူလမသေမျိုးလက်နက် နှစ်ခုတောင် ရှိတာပဲ။ တစ်ခုက တိုက်ခိုက်ဖို့အတွက် ၊ နောက်တစ်ခုက ကာကွယ်ဖို့အတွက် ။ ဒါ ....

သူ မျက်နှာလည်း ပျက်သွားတော့သည်။

မူလမသေမျိုးလက်နက် တစ်ခုတည်းကိုပင် သူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရချိန်၌ နောက်လက်နက်တစ်ခု ထပ်ရှိနေသည် မဟုတ်ပါလား ။

ဒီလောထျန်းက အကွက်တော့ စုံသားပဲ။ မဖြစ်ဘူး ၊ အဲ့ မူလမသေမျိုးလက်နက်တွေကို ငါ့အစွမ်းနဲ့ ဖျက်ဆီးလို့မရဘူး။ အဲ့တော့ ဒီမှာအချိန်ကုန်ခံမယ့်အစား ဟိုကောင်တွေကိုပါ လှမ်းခေါ်လိုက်မယ်။ ငါတို့လေးယောက် ပေါင်းပြီးတိုက်ခိုက်ရင်တော့ မူလမသေမျိုးလက်နက်တောင် သူ့ကို ကယ်နိုင်မှာမဟုတ်ပါဘူးကွာ

ထို့နောက်တွင် နျဲ့လင်က ဉာဏ်ကောင်းသူတစ်ယောက်ပီပီ တဖက်လူကို တစ်ချက်ကြည့်ကာ လှောင်ပြုံးဖြင့်ဆို၏။

အောက်ကမ္ဘာက လောက်ကောင်လေး ၊ ခဏပဲ စောင့်ကြည့်လိုက်ပါကွာ

ထို့နောက် သူ လှစ်ခနဲ ပျောက်ကွယ်သွားသည်။

၎င်းကိုမြင်သော အ‌ဝေးမှလူအုပ်ကြီး တအံ့တဩ ဖြစ်သွားကြ၏။

မဖြစ်နိုင်တာ .. နျဲ့လင် ပျောက်သွားတာလား

ဟမ့် ၊ အဲ့လိုသွားတာ သဘာဝကျတာပေါ့ကွ။ ဟိုကောင့်ဆီမှာ မူလမသေမျိုးလက်နက် နှစ်ခုတောင်ရှိတာ မမြင်ဘူးလား။ အဲ့နှစ်ခုလုံးကလဲ သန့်စင်ပြီးသားတွေ

မူလမသေမျိုးလက်နက်တဲ့ .... အဲ့လိုရတနာမျိုးကိုသာ ငါပိုင်ရင် ဘယ်လောက်ကောင်းမလဲကွာ

မင်းအကြံကြိ ခုတည်းက လက်လျှော့လိုက်တာကောင်းမယ်နော် ။ အဲ့ဒါကိုသာ သွားခိုးလို့ကတော့ မင်း ချက်ချင်းတောင် သေသွားဦးမှာ

လူများ တစ်ယောက်တစ်ပေါက် ထပ်ပြောလိုက်ကြပြန်သည်။

ထိုစဉ် ချင်းရှောင်ရှန်နှင့် ကျန်လူများ အသိဝင်လာကာ တဖက်မှလူငယ်ထံသို့ အပြေးအလွှား သွားလိုက်ကြ၏။

အကိုလော ၊ အဆင်ပြေရဲ့လား

ချင်းရှောင်ရှန် အနားမရောက်ခင်ကတည်းက လှမ်းမေးလိုက်သည်။

လူငယ်က မူလမသေမျိုးလက်နက်ကို ပြန်သိမ်း၍ ပြောပါ၏။

ကျုပ် အဆင်ပြေပါတယ် ။ ဒါပေမယ့် အကိုချင်းက ဒဏ်ရာတွေနဲ့ အဆင်ပြေရဲ့လား

ချင်းရှောင်ရှန် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ကျုပ် လက်နှစ်ဖက်ပဲ ကျိုးသွားတာပါ။ ကျုပ်မှာ ဆေးလဲရှိနေတော့ မကြာခင် ပြန်ကောင်းမှာပါဗျ

သူ ပြောပြောဆိုဆိုပင် ဆေးလုံးအချို့ထုတ်၍ ချက်ချင်းသောက်လိုက်သည်။

လူငယ်မှာ ၎င်းကိုမြင်မှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချ၏။

ဒါနဲ့ ခုနကသူက ဘယ်သူလဲဗျ ။ သူက ဘာဖြစ်လို့ ကျုပ်ကိုရှာနေတာလဲ

ချင်းရှောင်ရှန် အံ့အားသင့်သွားသည်။

သူက အကိုလောကို ရှာနေတာ .. ဟုတ်လား ။ မဟုတ်ဘူး .. တကယ်တော့ သူက သခင်လေးလောထျန်းကို ရှာနေတာ

အင် ... ခုနက သူပြောတာ လောထျန်းကိုသတ်မယ်လို့ ပြောလိုက်တာလား။ လောပန်း မဟုတ်ဘူးပေါ့

လူငယ်မှာလည်း တအံ့တဩ ဖြစ်သွားပုံဖြင့် ခေါင်းကုတ်ရင်း ပြန်ပြော၏။

ချင်းရှောင်ရှန် ခေါင်းညိတ်လိုက်သည်။

လူငယ်လေး လောပန်း ခေတ္တမျှ မှင်သက်နေပြီးမှ ပြန်ပြော၏။

ဒါဆို ကျုပ် နားကြားမှားသွားတာပဲ။ ကျုပ် သူ့ကိုတောင် မသိဘဲနဲ့ သူက ကျုပ်ကို ဘာလို့သတ်ချင်နေရတာလဲလို့ တွေးနေတာ

သူ့စကားကြောင့် အားလုံး တိတ်သွားကြသည်။

ထိုစဉ် လောပန်းက ဒေါသတကြီး ထပ်ပြောလာ၏။

ခဏနေပါဦး ၊ ဒါဆို သူက ကျုပ်တို့အကိုကြီး လောထျန်းကို သတ်ချင်တယ်လို့ ပြောခဲ့တာပေါ့

အားလုံး ခေါင်းညိတ်ပြလိုက်ကြ၏။

လောပန်း ဒေါပိုထွက်သွားပုံရကာ အော်သည်။

ခွေးမသား ... မင်းကများ အကိုထျန်းကို သတ်ချင်တယ်ပေါ့လေ ။ ထပ်တွေ့လို့ကတော့ မင်းကို အပိုင်းပိုင်းဖြစ်သွားအောင် ဖြတ်ပစ်မယ်

All Chapters