Recruiting people
Vol. 68 Ch. 981
လောပန်း၏ ဒေါသကိုမြင်သည်နှင့် ချင်းရှောင်ရှန် ချက်ချင်းအကြံပေးလိုက်သည်။
အကိုလော ၊ စိတ်လျှော့ပါဦး
လောပန်းတစ်ယောက် အံကြိတ်၍ အချိန်အတန်ကြာ ဆဲရေးနေပြီးမှ ပြန်ငြိမ်သွားပါသည်။ ထို့နောက် သူ ချင်းရှောင်ရှန်ကိုကြည့်ကာ မေး၏။
ဒါနဲ့ အကိုချင်း ၊ အဲ့ကောင်ရဲ့နောက်ခံက ဘယ်လိုရှိလဲ
ချင်းရှောင်ရှန်က သူ သိထားသမျှ တဖက်လူအကြောင်း ချက်ချင်းရှင်းပြရှာသည်။
သူ့စကားကို ကြားပြီးနောက် လောပန်း နှုတ်ခမ်းမဲ့သွားကာ ဆက်သွယ်ရေး အဆောင်ကျောက်ပြားတစ်ခု ထုတ်လိုက်သည်။
အားလုံး နားထောင်ကြဟေ့ ။ ဒီမှာ ကောင်းကင်ဘုံသားတော်ရဲ့ နောက်လိုက်တွေထဲက နျဲ့လင်ဆိုတဲ့သူ ရီနေတယ်။ အဲ့ကောင်တွေအုပ်က အကိုထျန်းကို သတ်ဖို့ကြိုးစားနေကြတာတဲ့
သူ့စကားဆုံးသည်နှင့် ဆက်သွယ်ရေးအဆောင်ကျောက်ပြား အခြားတဖက်မှ ဆူဆူညံညံအသံများ ချက်ချင်းထွက်လာသည်။
ဘာကွ ၊အကိုထျန်းကို သတ်မယ် ဟုတ်လား။ ဒီကောင် ရူးနေပြီထင်တယ်
ချီး .. ဒီကောင် သေချင်နေတာပဲ။ သူ့နာမည်က နျဲ့လင် ဟုတ်လား ။ ဒီကောင့်ကိုတွေ့တာနဲ့ အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်ဦးမယ်
ခဏနေဦး ၊ အကိုထျန်းကို သတ်ချင်နေတာ နျဲ့လင်တစ်ယောက်တည်း မဟုတ်ဘူးမလား။ ကောင်းကင်ဘုံသားတော်ရဲ့ တခြားနောက်လိုက်တွေလဲ ပါသေးတယ်ဆို
အစောတည်းက ပြောပါတော့လားကွာ ။ ငါ ခုနက ကောင်းကင်ဘုံသားတော်ရဲ့ နောက်လိုက်ဆိုတဲ့ နှစ်ကောင်နဲ့ တွေ့ခဲ့သေးတယ်ကွ။ ငါက သူတို့ကို ဒီတိုင်းလွတ်ပေးလိုက်တာ ။ စောစောသာသိရင် အဲ့ကောင်တ္ကေို အပိုင်းပိုင်းလုပ်ပစ်မှာပေါ့
နေဦး ၊ ခုနလေးတင် ကောင်းကင်ဘုံသားတော်ရဲ့ နောက်လိုက်ဆိုတဲ့ သူတွေကို တွေ့ခဲ့သေးတယ် ။ ဒီကောင်တွေကို သတ်ပစ်ရမယ်
ဝုန်း .. ဝုန်း ... ဝုန်း ...
ဆက်သွယ်ရေးအဆောင်ကျောက်ပြားမှ ထွက်လာသော အသံပေါင်းစုံကြောင့် ချင်းရှောင်ရှန်တစ်ယောက် မှင်သက်မိနေပါတော့သည်။
ပျောင်ပိုင်မြို့က သူတွေက ... တကယ်ကိုထူးခြားကြတာပဲ
သူ တီးတိုးရေရွတ်လိုက်၏။
ထို့နောက် သူ တစ်ခုကို ရုတ်တရက်သတိရသွားကာ မေးလိုက်သည်။
ဒါနဲ့ ၊ကိုလောပန်းက နျဲ့လင်နံ့တောင် လက်ရည်တူနေတာဆိုတော့ အကိုလောထျန်းနဲ့ ယှဉ်ကြည့်ရင်ရော ဘယ်လိုအခြေနေရှိလဲ
လောပန်း၏ မျက်နှာထား ချက်ချင်းအေးစက်သွားကာ ချင်းရှောင်ရှန်အား ခပ်စိမ်းစိမ်းကြည့်လိုက်သည်။
နောက်နေတာလားဗျာ ။ ကျုပ်ကို အကိုလောထျန်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်ခိုင်းနေတာလဲ ။ အကိုလောထျန်းသာ တကယ်လုပ်မယ်ဆို ကျုပ် တစ်ချက်လေးတောင် မလှုပ်လိုက်ရဘဲ သေသွားမှာပေါ့
ဘယ်လို .. သခင်လေးလောထျန်းက တကယ်ကြီး အဲ့လောက်အစွမ်းထက်တာလား
ချင်းရှောင်ရှန် အံ့ဩတုန်လှုပ်သွားရပါသည်။
ထိုတခဏ၌ သူ နောင်တလည်း ကြီးစွာရသွား၏။
လောထျန်းသာ ဤမျှအစွမ်းထက်သည်ကို သူ ကြိုသိခဲ့ပါက ယခုလောက်ထိ တောင့်ခံမိခဲ့မည် မဟုတ်ပါချေ။
ဘာဒုက္ခမှလည်း ခံစရာလိုလိုက်မည် မထင်ပါ။
ဟူး ... ငါ သခင်လေးလောထျန်းရဲ့ အစွမ်းကို လုံးဝ နားမလည်နိုင်သေးပါလား
ချင်းရှောင်ရှန် စိတ်ထဲမှ မချိတင်ကဲ ရေရွတ်မိလိုက်၏။
ထိုစဉ် တောင်တန်းတစ်နေရာ၌ ...
နျဲ့လင်တစ်ယောက် ရုတ်တရက်ပေါ်လာသည်။
သူ နောက်သို့တစ်ချက်လှည့်၍ လောပန်း ကျန်နေခဲ့သည့်ဘက်သို့ ကြည့်ကာ အသံလွှင့် အဆောင်ကျောက်ပြားကို ချက်ချင်းထုတ်လိုက်သည်။
ဝီ
အသံလွှင့် အဆောင်ကျောက်ပြား ချက်ချင်း အသက်ဝင်လာ၏။
ထို့နောက် ပုံရိပ်ယောင်သုံးခု တဖြည်းဖြည်း အသွင်ပေါ်လာသည်။
မင်းတို့သုံးယောက် ဘယ်မှာလဲ
နျဲ့လင် အေးစက်စက်အသံဖြင့် မေးလိုက်သည်။
နျဲ့လင် ၊တွေ လောနေတာလဲကွ။ ငါတို့တွေ မင်းကိုသာသွားမှာ ကြောက်လို့လား
ဝမ်ချန်းက အပြုံးဖြင့် ပြန်မေးသည်။
နျဲ့လင် ၊ ဘာလို့ အဲ့လောက်ဒေါသထွက်နေရတာလဲ။ အရှုံးကို လက်မခံနိုင်ဘူးလား
ချူပန်းလင်ကလည်း အပြုံးဖြင့်ပြော၏။
မင်း ပြောစရာရှိတာကို မြန်မြန်ပြောစမ်းကွာ ။ လောထျန်းကို အမဲလိုက်ရဦးမယ်
ဝူကျန့်မှာလည်း စိတ်မရှည်ပံုဖြင့် မျက်နှာကြီး အေးစက်နေပါသည်။
နျဲ့လင်က သူ့ရှေ့မှသုံးယောက်ကိုကြည့်ပြီး လှောင်ပြုံးပြုံး၏။
လျှောက်ပြောမနေကြစမ်းနဲ့ကွာ ။မင်းတို့ အခြေနေဘယ်လိုရှိလဲ
ဝမ်ချန်းက အပြုံးဖြင့် ပြန်ပြောသည်။
ငါ ခုနက ထျန်းယွမ်ကမ္ဘာသားတွေနဲ့ တွေ့ခဲ့သေးတယ်ကွ။ ဒီကောင်တွေက လောထျန်း ဘယ်မှာရှိမှန်း မသိကြလို့ ငါ သူတို့ကို သတ်လိုက်တယ်
ချူပန်းလင်ကလည်း မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။
ငါလဲ လူနည်းနည်းနဲ့ တွေ့ခဲ့သေးတယ်။ ဒါပေမယ့် ဒီကောင်တွေက အားနည်းလွန်းတော့ သတ်ရမှာ လက်သနလို့ သူတို့ထဲက နည်းနည်းလောက်ကိုပဲ ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တာ
တဖက်မှ ဝူကျန့်ကမူ ဘာစကားမှမဆိုဘဲ အေးစက်စက် မျက်နှာထားဖြင့်သာ ရှိနေသဖြင့် အခြေအနေဘာမှမထူးကြောင်း ကျန်သုံးယောက် နားလည်လိုက်ကြ၏။
နျဲ့လင် ဘနှုတ်ခမ်းတွန့်ရံုပြုံး၍ ပြောပါသည်။
ကြည့်ရတာ မင်းတို့အားလုံး အခြေနေမကောင်းကြဘူးပဲ
ဝမ်ချန်းက နှာခေါင်းရှုံ့၏။
ဘာလဲ ... မင်းက ထူးလို့လား
ကျန်ပုံရိပ်ယောင်များလည်း နျဲ့လင်အား ကြည့်လိုက်ကြသည်။
နျဲ့လင် တစ်ချက်ရယ်၏။
ဒါပေါ့ကွ .. ငါ လောထျန်းနဲ့ တွေ့ခဲ့တယ်
ဘာကွ
ကျန်သုံးယောက် မျက်နှာထားများ ချက်ချင်းပြောင်းကုန်ကြ၏။
ချီး ၊ မင်းကျမှ လောထျန်းနဲ့ တွေ့ခဲ့ရတယ်လို့ကွာ ။ မင်းကံကလဲ ကောင်းလိုက်တာ
ဝမ်ချန်းက မကျေမနပ် ဆိုသည်။
မင်း သူ့ကို သတ်ခဲ့လား
ချူပန်းလင်က မျက်မှောင်ကြုံ့ရင်း မေး၏။
ဝူကျန့်ကလည်း အေးစက်စက်ကြည့်လာသည်။
နျဲ့လင် ခေါင်းယမ်းပြလိုက်၏။
မသတ်ခဲ့ရဘူး
ဘယ်လို
ကျန်သုံးယောက် တအံ့တဩ ရေရွတ်လိုက်ကြသည်။
သူ့ကို ဘာလို့မသတ်ခဲ့တာလဲ
ချူပန်းလင်က မေးခွန်းထုတ်သည်။
နျဲ့လင် သက်ပြင်းချလိုက်သည်။
ငါ သူ့ကို မသတ်ချင်လို့ မဟုတ်ဘူး ၊ သတ်လို့မရတာ
မင်းစကားက ဘာအဓိပ္ပါယ်လဲ
ချူပန်းလင် အံ့ဩသွား၏။
ဝမ်ချန်းက တစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြောသည်။
အဲ့လောထျန်းဆိုတဲ့ကောင်က တအားအစွမ်းထက်လို့လား။ မင်း သူ့ကို ဘာမှမလုပ်လိုက်နိုင်ဘူးလား
ဝူကျန့်သည်လည်း ထုတ်မပြောသည့်တိုင် ထိုအတွေးမျိုး ရှိနေဟန်တူပါသည်။
နျဲ့လင် အံကြိတ်ကာ ပြော၏။
ဟမ့် ကျင့်ကြံခြင်းတစ်ခုတည်းနဲ့ဆိုရင် ငါ့လက်ချောင်းလေး တစ်ချောင်းတည်းနဲ့ သူ့ကို အကြိမ်ရေရာနဲ့ချီပြီးတော့တောင် ဖိခြေပစ်လိုက်လို့ရတယ်
တဖက်လူသုံးယောက် အံ့ဩသွားကြ၏။ ချူပန်းလင်က မေးသည်။
ဒါဆို ဘာဖြစ်လို့ မသတ်ခဲ့တာလဲ
နျဲ့လင် သက်ပြင်းချလိုက်သည်။
ဒီလောထျန်းဆိုတဲ့ကောင်ရဲ့အစွမ်းက သာမာန်လောက်ပဲ ဆိုပေမယ့် သူ့ဆီမှာ မူလမသေမျိုးလက်နက် နှစ်ခုတောင် ရှိတာကွ။ တစ်ခုက တိုက်ခိုက်ရေးလက်နက် နဲ့ နောက်တစ်ခုက ကာကွယ်ရေးလက်နက်။ နှစ်ခုလုံးကလဲ သန့်စင်ပြီးသားတွေ ။ အဲ့တော့ ငါ သူ့ကို အနိုင်ယူနိုင်ပေမယ့် သတ်တော့မသတ်နိုင်ဘူး
ဘယ်လို
ကျန်သုံးယောက် အံ့ဩသွားကြပြန်ပါသည်။
သန့်စင်ပြီးသား မူလမသေမျိုးလက်နက် နှစ်ခုတောင် ... မင်း သေရောသေချာရဲ့လားကွာ
ဝမ်ချန်းက တအံ့တဩ မေး၏။
နျဲ့လင် သူ့အား တစ်ချက်ကြည့်လိုက်သည်။
ငါက ဘာလို့မှားရမှာလဲ
ချူပန်းလင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
မူလမသေမျိုးလက်နက်တွေက အံ့မခန်း အစွမ်းထက်တာမှန်တယ်။ ဒါပေမယ့် အားနည်းချက်က အဲ့ဒါတွေကို သန့်စင်ဖို့ ခက်လွန်းတာပဲ။ မသေမျိုးဘုရင်တွေတောင်မှ အဲ့လိုလက်နက်တစ်ခုကို သန့်စင်ဖို့ အချိန်အကြာကြီး ယူရတတ်တာ။ ဒါတောင် လောထျန်းက အဲ့လိုလက်နက် နှစ်ခု သန့်စင်ထားနိုင်တာလား
ဝူကျန့်သည်လည်း အံ့အားသင့်နေပါ၏။
နျဲ့လင် သက်ပြင်းချလိုက်သည်။
သူ ဘယ်လိုလုပ်ခဲ့လဲဆိုတာတော့ ငါမသိပေမယ့် အဲ့ဒါ အမှန်တရားပဲကွ။ အဲ့တော့ ငါတို့သာ သူ့ကို တစ်ယောက်ချင်းတိုက်ခိုက်မယ်ဆိုရင် အနိုင်ယူဖို့ မခက်ပေမယ့် သတ်ဖို့ကျတော့ မလွယ်နိုင်ဘူး
မင်းဆိုလိုတာက ....
ဝမ်ချန်း သူ့အား ကြည့်လိုက်သည်။
နျဲ့လင် ဆက်ပြော၏။
ငါတို့အားလုံး အတူပေါင်းပြီးတော့ သူ့ကို သတ်ကြရအောင်
ချူပန်းလင် မျက်မှောင်ကြုံ့သွား၏။
ဘာမဟုတ်တဲ့ အမှိုက်ကောင်ကို သတ်ဖို့အတွက် ငါတို့လို ချင်းယွမ်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးနားမှာ ရှိနေတဲ့သူတွေက အတူပေါင်းပြီး တိုက်ခိုက်ရမှာလား
သူ ထိုသို့လုပ်ရန် ရှက်နေသည်မှာ သိသာပါ၏။
နျဲ့လင်က လှောင်ပြုံးဖြင့် ဆိုသည်။
ဒီကိစ္စကို ကောင်းကင်ဘံုသားတော်ကိုယ်တိုင် အမိန့်ပေးထားတာဆိုတာ မမေ့ကြနဲ့နော်။ မင်းတို့က ကောင်းကင်ဘုံသားတော်ကိုယ်တိုင် သူ့ကိုသွားသတ်ရအောင် လုပ်ချင်နေတာလား
ကောင်းကင်ဘုံသားတော် ဆိုသည့်စကားကိုကြားသည်နှင့် ကျန်သုံးယောက်လုံး မျက်နှာထားများ နည်းငယ်ပြောင်းသွားကြသည်။
ကောင်းပြီ ၊ ငါ သဘောပေါက်ပြီ။ ဒါဆိုလဲ အတူပေါင်းပြီး တိုက်ခိုက်ကြတာပေါ့ကွာည
ဝမ်ချန်း သက်ပြင်းချလိုက်၏။
ကျန်နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။
နျဲ့လင်သည်လည်း စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်ပါသည်။
ကဲ ... ဒါဆို ငါ့ဆီ မြန်မြန်လာခဲ့ကြ။ ငါ လောထျန်းကို အမှတ်အသား လုပ်ထားပြီးသား ။ ငါတို့ လူစုံတာနဲ့ သူ့ကိုသွားသတ်ကြမယ်
ကောင်းပြီ
ကျန်လူများလည်း ပြောပြီး သူတို့၏အရိပ်များ ပျောက်ကွယ်သွားကြ၏။
ထိုအချိန်မှသာ နျဲ့လင် သက်ပြင်းချနိုင်သွားပြီး ကျန်သုံးယောက် ရောက်အလာကို စောင့်နေလိုက်ပါသည်။
အခြားတဖက် ၊ ချူပန်းလင် ရှိသည့်နေရာ၌ ...
ဆက်သွယ်ရေး အဆောင်ကျောက်ပြားကို သိမ်းပြီးသည်နှင့် နျဲ့လင်ပေးထားခဲ့သော တည်နေရာ အမှတ်အသားအတိုင်း သူ အမြန်သွားလိုက်သည်။
ဟမ့် ... မူလမသေမျိုးလက်နက် နှစ်ခုတောင်တဲ့ ။ ငါ့ဆီမှာတောင် တစ်ခုပဲရှိတာ ၊ အဲ့တစ်ခုကလဲ ငါနဲ့ မလိုက်ဖက်ဘူး ။ အဲ့ကောင်ကို သတ်ပြီးသွားရင် သူ့ရဲ့ မူလမသေမျိုးလက်နက်တွေ ယူမယ်ကွာ
သူ ပျံသန်းနေရင်းလည်း တွေးလိုက်၏။
သို့သော် ထိုစဉ်တွင် ...
ဟမ် ...
မလှမ်းမကမ်းမှ ထွက်ပေါ်လာသော သိပ်သည်းလှသည့် အရှုပ်အထွေးအအရောင်အဝါတစ်ခုကို သူ သတိထားမိသွားပါသည်။