Onw shot shatters mountains and rivers
Vol. 68 Ch. 983
ချူပန်းလင်က သူ့ကိုတိုက်ခိုက်လာသည့် တဖက်လူ အထင်သေးစွာကြည့်ကာ ပြောသည်။
ပုရွက်ဆိတ်လေးတစ်ကောင်က သစ်ပင်ကြီးတစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစားနေတယ်ပေါ့လေ
သူပြောပြီး လက်တစ်ချောင်းထုတ်၍ တဖက်လူထံ ညွှန်လိုက်၏။
မသေမျိုးသခင်ကြီးအဆင့် အစွမ်း တမဟုတ်ချင်း ထွက်လာသည်။
၎င်းကိုကြည့်နေသော ခပ်လှမ်းလှမ်းမှလူများ ခေါင်းယမ်းကာ သက်ပြင်းချကုန်ကြ၏။
ဟူး ... ဟိုကောင်က တကယ့်ကို အရူးပဲကွာ ။ ချူပန်းလင်ကိုမှ သွားပြီး တိုက်ခိုက်ရတယ်လို့
အဲ့လက်ချောင်း တစ်ချောင်းတည်းနဲ့ သူ အစအနတောင် ကျန်မှာမဟုတ်ဘူး
ဘယ်တတ်နိုင်မလဲကွာ ၊ တဖက်လူက ချူပန်းလင် ဖြစ်နေတာကိုး
အားလုံး သက်ပြင်းချပြီး ချူပန်းလင်ဘက် လှည့်ကြည့်လိုက်ကြသည်။
ချူပန်းလင်၏ သိုင်းကွက်က မည်မျှဆန်းကြည်သည်ကို သူတို့ မြင်ချင်သည်မဟုတ်ပါလား ...
သို့သော် လူများ ထိုသို့ မျှော်လင့်တကြီး ကြည့်လိုက်ချိန်တွင် ....
အွတ် ...
တဖက်လူငယ်၏ လှံက ချူပန်းလင်၏ အကာအကွယ်အရောင်အဝါကို ဖြတ်၍ လက်ချောင်းကို ထိုးဖောက်ထွက်သွားပါ၏။
ထိုတခဏ၌ လက်ချောင်းပြတ်တစ်ခု လေထဲလွင့်သွားကာ သွေးများလည်း ပန်းထွက်လာသည်။
အင် ...
ရှေ့မှမြင်ကွင်းကြောင့် အားလုံး မှင်သက်မိကုန်ကြ၏။
ချူပန်းလင်ရဲ့ လက်ချောင်း ပြတ်သွားတာလား
တကယ်ကြီးလား ... ဟိုကောင်က ဘယ်သူလဲ ။ သူ .. ဘယ်လိုလုပ်ပြီးတော့ ချူပန်းလင်ရဲ့ လက်ချောင်းကို ဖြတ်လိုက်နိုင်တာလဲ
ကြည့်ရတာ ချူပန်းလင် သတိလက်လွတ်ဖြစ်သွားလို့ အငိုက်မိသွားတာနဲ့တူတယ် ။ မဟုတ်ရင် အဲ့လိုဖြစ်စရာအကြောင်း မရှိဘူးလေ
ထိ နောက်ဆုံးစကားကို အားလုံး သဘောတူကြဟန် တူပါသည်။
ချူပန်းလင်ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်က သတိလွတ်ပြီး အငိုက်မိမှာသာလည်း ဘယါသူမှန်းမသိသော လူတစ်ယောက်လက်ချက်ဖြင့် ထိုသို့သောဒဏ်ရာမျိုး ရမည်မဟုတ်ပါလား ..
ထိုစဉ်မှာပင် ချူပန်းလင်သည်လည်း အသိပြန်ဝင်ကာ ကောင်လေးနှင့် ခပ်ဝေးဝေးသို့ အမြန်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်မှ မသေမျိုးစွမ်းအင်လည်း အသက်ဝင်လာကာ သူ့လက်ချောင်းပြတ်က အကောင်းတိုင်း ပြန်ဖြစ်သွား၏။
မျိုးမစစ်ကောင် ၊ မင်းကများ ငါ့ကို အရူးလာလုပ်ချင်နေတယ်ပေါ့လေ။ မင်း မှားသွားပြီကွ ။ ငါ မင်းကို အခွင့်ရေးနောက်တစ်ကြိမ် ပေးမယ်မထင်နဲ့
ဝုန်း
ချူပန်းလင်၏ အော်သံနှင့်အတူ သူ့အရောင်အဝါလည်း ပေါက်ကွဲထွက်လာသည်။
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ပေါ်လာသဖြင့် အနီးနားတွင် ရှိနေသူအားလုံး ကျောရိုးထဲတိုင် ချမ်းစိမ့်သွားကြ၏။
ဒါ .. ချူပန်းလင်ရဲ့အစွမ်းလား ၊ ကြောက်စရာကောင်းလိုက်တာကွာ
ဟုတ်ပါ့ကွာ ။ ချူပန်းလင်သာ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ရင် ဟိုကောင့်ကြောင့် ဒဏ်ရာရစရာ အကြောင်းကိုမရှိဘူး
ခုက ပိုတောင်ကောင်းသွားတယ်ကွာ။ ချူပန်းလင်ရဲ့ အစွမ်းပြည့်ကို မြင်ရတော့မှာဆိုတော့ ဒီခရီးက အလကားမဖြစ်တော့ဘူးပေါ့
အစွမ်းကုန်သုံးမှာ ဟုတ်လား ... ဟား ဟား ... နောက်များနေသလားကွာ ။ ချူပန်းလင်ရဲ့ အစွမ်းနဲ့ဆို ဟိုကောင် တစ်ကွက်တောင် ခံနိုင်ပါ့မလား
ဒါလဲ ဟုတ်တာပဲ
အားလုံး ထင်ရာပြောလိုက်ကြသည်။
ထိုစဉ် ချူပန်းလင်က မလှမ်းမကမ်းမှ မသေမျိုးကိုးပါး သစ်ပင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် တဖက်လူငယ်ဘက် ကြည့်၍ပြော၏။
ကောင်လေး ၊ ငါ့ကို အားနည်းတဲ့သူကို အနိုင်ကျင့်ပါတယ်ဆိုပြီး မစွပ်စွဲနဲ့နော်။ ငါ ဒီမှာပဲနေပြီး မင်းကို သိုင်းကွက်သုံးကွက် တိုက်ခိုက်ခွင့်ပေးမယ်
အမှန်တွင်ကား ချူပန်းလင်တစ်ယောက် ထိုစကားမျိုး ပြောနေခြင်းမှာ စိတ်သဘောထား ဖြောင့်မတ်လွန်း၍ မဟုတ်ပါ။
တဖက်လူငယ်အား မသေမျိုးကိုးပါးသစ်ပင်နှင့် ခပ်ဝေးဝေးသို့ မျှားခေါ်လိုသောကြောင့်သာ ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် ထိုစကားမျိုး ပြောလိုက်ခြင်းက သူ့ဂုဏ်သိက္ခာအတွက်လည်း ကောင်းသည်မဟုတ်ပါလား။
ကျောက်တစ်တံုးဖြင့် ငှက်နှစ်ကောင်အား သတ်ရသလိုပါပင် ...
သို့သော် တဖက်လူငယ်ကမူ သူ့စကားကို ကြားသည်နှင့် မျက်နှာကြီးစူပုတ်သွားကာ လက်ထဲမှလှံဖြင့် ချက်ချင်းလှမ်းပစ်သည်။
ဝှစ် ...
ချူပန်းလင် မျက်မှောင်ကြုံ့လိုက်၏။
ဒီလှံပဲလား ၊ ဒီတစ်ခေါက်တော့ မရတော့ပါဘူး ...
ဝုန်း
အသံကျယ် တစ်သံနှင့်အတူ ချူပန်းလင်တစ်ယောက် နောက်လွင့်သွား၏။
ဝုန်း
သူာလေထဲရှိနေစဉ်၌ သူ့ကိုယ်မှ အကာအကွယ်အရောင်အဝါက နောက်တစ်ကြိမ် ပြိုကွဲသွားသည်ကိုလည်း ချူပန်းလင် သိလိုက်ရသည်။
ထို့နောက်တွင် လှံချက်က သူ့ကိုယ်ထဲ ထိုးစိုက်ဝင်လာသည်။
ဒဏ်ရာမှာ သိပ်မနက်လှသည့်တိုင် ချူပန်းလင် အလွန်အံ့ဩတုန်လှုပ်သွားပါ၏။
မဖြစ်နိုင်တာ ... ပထမတစ်ခေါက်က ငါ သတိလက်လွတ်ဖြစ်သွားလို့ ဒဏ်ရာရတာကို လက်ခံလို့ရသေးတယ်။ အခုတစ်ခေါက်က ဘယ်လိုဖြစ်ပြီးတော့...
သူ အလွန်တုန်လှုပ်နေပါတော့သည်။
ထိုစဉ်မှာပင် တဖက်လူငယ်က ထူးဆန်းသော ရွှေ့ကွက်ပုံစံဖြင့် သူ့ထံ တိုးဝင်လာပါသည်။
သေစမ်း
လူငယ် အော်ပြီး လှံဖြင့် ထပ်ထိုးလာပြန်၏။
ဒါ .. ချုပ်နှောင်စေ
ချူပန်းလင် တုန်လှုပ်သွားရပြန်ကာ လက်ဝါးဖြင့် ချက်ချင်းပြန်ခုခံလိုက်ရသည်။
ဝုန်း
သူထုတ်လိုက်သော လက်ဝါးချက်က တောင်တန်းများနှင့် မြစ်များအဖြစ်သို့ တမဟုတ်ချင်း ပြောင်းသွားကာ ပြိုင်ဘက်အား ဖိနှိပ်လာသည်။
တောင်တန်းနဲ့မြစ် နတ်ဘုရားလက်ဝါးလား ... တောင်တန်းနဲ့မြစ် မသေမ်ျုးဧကရာဇ်ရဲ့ သမိုင်းဝင် လက်ဝါးကြီးကို ချူပန်းလင် တတ်ထားတာလား
ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းက သူတွေက တကယ်ကို ဘီလူးတွေပဲ ။ ဒီလိုသိုင်းကွက်ကိုတောင် တတ်ထားကြတယ်
ဒီတိုင်းဆို တိုက်ပွဲရလဒ်က သိသာနေပါပြီကွာ
ဟုတ်တယ် ၊ ဟိုကောင်လေးက ဘယ်လောက်ပဲအစွမ်းထက်ထက် မသေမျိုးဧကရာဇ်တစ်ယောက်ရဲ့ သိုင်းကွက်ကိုတော့ ဘယ်ယှဉ်နိုင်မှာလဲ
အားလုံးမှာ အစောက ချူပန်းလင်ပြောသွားခဲ့သည့် ပြိုင်ဘက်အား သိုင်းကွက်သုံးကွက် ပေးတိုက်ခိုက်မည်ဆိုသော စကားကိုလည်း သတိမရကြတော့ပါချေ။
ချူပန်းလင်သည်လည်း တဖက်လူအား သတ်ရန်ရည်ရွယ်ချက်ဖြင့် သူ့ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည့် သိုင်းကွက်ကို ထုတ်သုံးလိုက်ခြင်းပါပင် ။
အမှန်တွင်မူ သူ ထိုသိုင်းကွက်အား နျဲ့လင်တို့နှင့် ယှဉ်ပြိုင်နေချိန်၌ သံုးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယခုလို တခြားသူတစ်ယောက်အပေါ် ထုတ်သုံးရလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။
ကောင်လေး ၊ ငါ့ရဲ့ ဒီသိုင်းကွက်နဲ့ သေရမှာ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်နော်။ ဘာမှလဲ ကြိုးစားမနေနဲ့တော့ ၊ မသေမျိုးဧကရာဇ်တစ်ယောက်ရဲ့ သိုင်းကွက်ဆိုတာ မင်းခုခံနိုင်တဲ့အရာ မဟုတ်ဘူး
ချူပန်းလင်ပြောပြီး အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။
သို့သော် ထိုစဉ်တွင် ...
ကောင်းကင်ဘုံလှံသိုင်း ၊ ပထမအကွက်
တောင်တန်းနှင့် မြစ်များ၏ ဖိနှပ်မှုအောက်မှ စူးရှရှ ၊ အေးစက်စက် အသံတစ်သံ ထွက်လာပါသည်။
ထို့နောက်
ဝေါင်း
နဂါးဟိန်းသံတစ်သံလည်း ထွက်လာ၏။
တစ်ချိန်တည်းမှာပင် အားလုံးရင်ထဲ၌ ကြောက်စရာ ဖိအားကြီးတစ်ခုကို ခံစားလိုက်ကြရသည်။
ဟင် .. ဒီ ဖိနှိပ်အရောင်အဝါက...
မသေမျိုးဧကရာဇ်တစ်ယောက်ရဲ့ လက်ဝါးအစွမ်းက အဲ့လောက်ပြင်းတာလား
အားလုံး တုန်လှုပ်နေကြတော့၏။
ထိုစဉ်တွင်
ဝုန်း
နားကန်းမတတ် မြည်သံကျယ်ကြီးနှင့်အတူ ချူပန်းလင် ထုတ်ထားသော တောင်တန်းနှင့်မြစ် လက်ဝါးသိုင်းက ရုတ်ချည်း ပြိုကွဲသွား၏။
ထို့နောက်တွင် နဂါးတစ်ကောင်နှင့်တူသော လှံစိတ်ဆန္ဒတစ်ခုက ချူပန်းလင်ထံ တိုးဝင်လာသည်။
ဘယ်လိုဖြစ်ပြီး
အံ့ဩမှုကြောင့် ချူပန်းလင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူ့သိုင်းကွက်က ရန်သူ့လက်ချက်ဖြင့် ဤမျှ အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါ။
ထို့အပြင် .. အစောက ကြောက်မက်ဖွယ်ဖိအားကြီးကရော ဘာပါလဲ
သူ အစွမ်းကုန် ချက်ချင်းထုတ်လိုက်သော်လည်း ဘေးသို့ အနည်းငယ်လေးသာ ရှောင်လိုက်နိုင်ပါ၏။
ထိုသို့ရှောင်လိုက်သည့် အချိန်မှာလည်း မဆိုစလောက်လေး နောက်ကျသွားခဲ့ပါသည်။
ဝုန်း
ထိုတခဏမှာပင် လှစိတ်ဆန္ဒက သူ့ပုခုံးထဲ ထိုးဖောက်ဝင်သွားတော့သည်။
ချူပန်းလင်၏ လက်ပြတ်တစ်ဖက် လေထဲလွင့်သွားသည်။
ဘာတွေ ....
အားလုံး တုန်လှုပ်သွားကြတော့သည်။
ဘာတွေဖြစ်နေပါသလဲ
အမှန်ဆိုလျှင် ချူပန်းလင်က ရန်သူအား ဖိခြေပစ်ရမည် မဟုတ်ဘူးလား ..
ယခု အဘယ့်ကြောင့် ရလဒ်က ထိုသို့ ဖြစ်လာပါသနည်း ။
တဖက်လူငယ်က သုံးကြိမ်သာ တိုက်ခိုက်ရသေးပြီး ပထမတစ်ကြိမ်တွင် ချူပန်းလင်၏ လက်ချောင်းတစ်ချောင်း ပြတ်သွားခဲ့ရပါသည်။
ဒုတိယတစ်ကြိမ်တွင်လည်း ချူပန်းလင်၏သွေးများ လေထဲပန်းထွက်သွားခဲ့ပါ၏။
ယခု တတိယတစ်ကြိမ်တွင်လည်း သူ့လက်တစ်ဖက် ပြတ်သွားခဲ့ရပြန်ပါသည်၊
တဖက်လူငယ်က ဘယ်လိုဘီလူးမျိုးပါလဲ
ထိုစဉ် တဖက်မှ ချူပန်းလင်သည်လည်း အသိပြန်ဝင်လာပြီး ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထုတ်လွှတ်လိုက်သည်။
ချက်ချင်းမှာပင် လက်ပြတ်က အကောင်းတိုင်း ပြန်ဖြစ်သွား၏။
သို့သော် ထိုနည်းဖြင့် ဒဏ်ရာကို ကုသခြင်းမှာ ကိုယ်ထဲမှ မသေမျိုးစွမ်းအင် အများအပြားကို ကုန်ခမ်းစေပါသည်။
ချူပန်းလင်တစ်ယောက် ရှေ့မှလူငယ်ကို အသည်းအသန် စိုက်ကြည့်နေရင်း တစ်ခုကို သတိရသွားပုံဖြင့် တုန်တုန်ယင်ယင်ပြောသည်။
မူလမသေမျိုးလက်နက် .., သန့်စင်ပြီးသား ... မင်းရဲ့ မျိုးရိုးနာမည်က လော လား...
တဖက်လူငယ်က အေးစက်စက်ပြန်ပြော၏။
ဟုတ်တယ်
ချူပန်းလင် မျက်နှာအနည်းငယ်ပျက်သွားကာ စိတ်ထဲမှကြိတ်၍ ဆဲရေးလိုက်သည်။
ချီးကွာ .. ဘယ်လောက်တောင် ကံဆိုးပြီးတော့ လောထျန်းနဲ့မှ လာတိုးမိနေရတာလဲ။ ဟိုမျိုးမစစ်ကောင် နျဲ့လင်က တော်တော်လိမ်တတ်တာပဲ။ သူ ပြောတော့ မူလမသေမျိုးလက်နက် ရှိထားတဲ့လောထျန်းနဲ့ လက်ရည်တူတူပဲတဲ့ ။ အခု ဒီကောင်က နျဲ့လင်ထက် အများကြီး ပိုအစွမ်းထက်တယ်
မဖြစ်ဘူး ၊ ဒီတိုင်းဆက်သွားလို့ကတော့ ငါ မသေရင်တောင် ဒဏ်ရာဆိုးဆိုးရွားရွားရမှာ။ အခု အရင်နောက်ဆုတ်လိုက်တာ ကောင်းမယ်
ချူပန်းလင် ထိုသို့တွေးကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက်တွင် သူ့ဘေး၌ ထောင်ပေါင်းများစွာသော ကိုယ်ပွားပုံရိပ်များ ပေါ်လာကာ နေရာစုံသို့ ထွက်ပြေးလိုက်ကြသည်။