← Chapters

Ancestor Dharma

Vol. 68 Ch. 985

Ancestor Dharma

Vol. 68 Ch. 985

အချိန်ကိုက်ပဲကွာ ၊ချူပန်းလင်တို့ကောင်တွေရဲ့အစွမ်း ဘယ်လိုရှိတယ်ဆိုတာ စမ်းကြည့်ကြတာပေါ့

ဝမ်ချန်း အပြုံးဖြင့် ပြောလိုက်သည်။

ချူပန်းလင်နှင့် နျဲ့လင်တို့ နှစ်ယောက်လုံးက ‌လောထျန်းနှင့် လက်ရည်တူသည်ဟု ပြောခဲ့ကြသည် မဟုတ်ပါလား။

အကယ်၍ သူသာ လောထျန်းအား အနိုင်ရပြီး သတ်နိုင်ခဲ့လျှင် ....

ထိုအတွေးဖြင့် ဝမ်ချန်းတစ်ယောက် တိုက်ခိုက်ချင်စိတ်များ နှိုးကြွလာ၏။

ပြိုင်ဘက်က အစွမ်းထက်တဲ့သူဆိုတော့ ငါ့ရဲ့ အစွမ်းပြည့်ကို သုံးရမယ်

သူ ဆံုးဖြတ်ချက်ချကာ လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။

ဝုန်း

သူနှင့် ဆို‌ဒ်တူအရွယ်တူ ပုံရိပ်ယောင်တစ်ခု အနောက်ဘက်တွင် ချက်ချင်းစုစည်းလာ၏။

ဘိုးဘေးတွေရဲ့ နတ်ဘုရားတားမြစ်ချက်က ငါ့ကို ကူညီပေးခဲ့ပြီ

ဝမ်ချန်းအော်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။

သူ့နောက်မှ ပုံရိပ်ယောင်ကလည်း အလားတူပင် ရွေ့လျားသွားကာ ရှေ့ရှိ လောဟွေ့အား ထိုးလိုက်၏။

ဘာကြီးလဲဟ

တဖက်မှ ထျန်းယွမ်ကမ္ဘာသားများအားလုံး ထိုမြင်ကွင်းကိုကြည့်ပြီး မျက်နှာထားများ ပြောင်းကုန်ကြသည်။

၎င်းပုံရိပ်ယောင်မှ ထွက်နေသည့် ဖိနှိပ်အရောင်အဝါမှာ အမှန်တကယ် ကြောက်မက်ဖွယ်ရာကေုင်းလှပြီး ..

တိုက်ပွဲကို ဘေးမှကြည့်နေရုံဖြင့်ပင် ဖိနှိပ်အစွမ်းကို ခံစားနေရပါသည်။

ထိုသို့သော လက်သီးချက်ကို မည်သူက ခံနိုင်ပါမည်လဲ ...

ထိုစဉ်မှာပင် လောဟွေ့၏ ဓားချက်က လက်သီးနှင့် ထိပ်တိုက်တွေ့သွားကြ၏။

ချွှမ် ...

ဝမ်ချန်းက ၎င်းကိုကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြံုးပြီး လှောင်ပြောင်စကားဆိုရန် ပြင်ပါသည်။

သို့သော် ထိုစဉ်မှာပင် ..

ခွပ် ...

ပုံရိပ်ယောင်ထံမှ အက်ကွဲသံအချို့ ထွက်လာပါ၏။

ဘယ်လိုဖြစ်ပြီး

ဝမ်ချန်းတစ်ယောက် အလွန်တုန်လှုပ်သွားရတော့သည်။

၎င်း ပုံရိပ်ယောင်သိုင်းကွက်မှာ သူ တတ်ထားသမျှ သိုင်းကွက်များထဲမှ အစွမ်းအထက်ဆုံးတစ်ခုဖြစ်ပါ၏။

ယခု ထိုသိုင်းကွက်ကို သုံးသုံးချင်းမှာပင် ပျက်စီးသွားတော့မယ်တဲ့လား

ဒီလောထျန်းက .. တကယ်ကြီး အဲ့လောက်အစွမ်းထက်တာလား

ဝမ်ချန်း စိတ်ထဲမှ တုန်လှုပ်စွာ ရေရွတ်မိလိုက်သည်။

ထိုစဉ် တဖက်မှလောဟွေ့က အော်ပြော၏။

ကောင်းကင်ဘုံ ဓားသိုင်း

ဝုန်း

အော်သံနှင့်အတူ သူ့လက်ထဲရှိ ဓားဆီမှ တောက်ပသော အလင်းတန်းတစ်ခု တိုးထွက်လာသည်။

ဝုန်း ...

ထိုအချိန်တွင် .. ဝမ်ချန်း၏ ပုံရိပ်ယောင်မှာလည်း တောင့်မခံနိုင်တော့ဘဲ .. ပြိုကွဲသွားတော့သည်။

မဖြစ်နိုင်တာ

ဝမ်ချန်းတစ်ယောက် သူ့မျက်လုံးသူ မယုံနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွား၏။

၎င်းပုံရိပ်ယောင် ထိခိုက်သွားပါက ပြန်လည်ပြင်ဆင်ရန် အချိန်များစွာ ယူရသလို အားလည်း များစွာစိုက်ထုတ်ရပါသည်။

သူ တဖက်လူ၏ အစွမ်း မည်မျှရှိသည်ကို စမ်းသပ်ချင်စိတ်သာ ရှိခဲ့သော်လည်း .. ယခုတွင်မူ သူ့ပုံရိပ်ယောင်က ပျက်စီးသွားခဲ့ရလေပြီ ။

မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသလဲ

ဝမ်ချန်းတစ်ယောက် သူ့ပုံရိပ်ယောင်ကို အလျင်စလို ပြန်သိမ်းကာ နောက်သို့ အသည်းအသန် ဆုတ်သွားလိုက်သည်။

ကောင်လေး ၊ မင်းက တော်တော်ယုတ်မာတာပဲ

သူ လောဟွေ့အား ဒေါသတကြီး တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်လှည့်ထွက်ရန် ပြင်လိုက်၏။

ဤမျှလောက် ထိခိုက်ထားချိန်တွင် သူ လောဟွေ့အား တစ်ယောက်တည်းရင်ဆိုင်ရန် မဝံ့တော့ပါ။

လက်ရှိ အရေးကြီးဆုံးမှာ ထွက်ပြေးရန်ပင်။

ပြန်လာခဲ့စမ်း

လောဟွေ့က တဖက်လူ ထွက်သွားသည်ကို မြင်သည်နှင့် ဒေါသတကြီးအော်ကာ လက်ထဲမှဓားဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်လိုက်သည်။

သို့သော် သူတို့ချင်း အလွန်ဝေးနေသဖြင့် ထိုတိုက်ခိုက်မှုအားလုံးကို ဝမ်ချန်း ရှောင်တိမ်းနိုင်ခဲ့ပါ၏။

လောဟွေ့ ဘာမှမတတ်နိုင်ဘဲ ဝမ်ချန်း ထွက်ပြေးသွားသည်ကိုသာ ကြည့်နေလိုက်ရပါသည်။

ချီး .. ဒါ ငါအသုံးမကျလို့ ဖြစ်ရတာ။ သခင်လေးသင်ပေးတဲ့ ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက်ကိုသာ တတ်ထားရင် ဒီကောင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး

လောဟွေ့ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ဘေးမှ လူများမှာကား သူ့ကိုကြည့်ပြီး ဆွံ့အလျက် ...

ကြောက်စရာကောင်းလှသည့် ပြိုင်ဘက်အား တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်ကိုပင် မကျေနပ်နိုင်သေးသည့် လောဟွေ့ကိုကြည့်ရင်း သူတို့ အမှန်တကယ် နားမလည်နိုင်ကြတော့ပါချေ။

ပျောင်ပိုင်မြို့သားများမှာ အမှန်တကယ် ဘီလူးကြီးများပင် ...

ထိုစဉ် တဖက်မှ ဝမ်ချန်းမှာ တစ်စက္ကန့်လောက်အတွင်း မိုင်တစ်ထောင်ခန့် ပြေးပြီးသွားမှ သူ့နောက်တွင် မည်သမှလိုက်မလာမှန်း စိတ်ချပြီး ခဏရပ်ရဲပါ၏။

တောက် .. ဒီကောင်က ဘယ်လိုလဲကွာ ။ ဘာလို့ အဲ့လောက်တောင် အစွမ်းထက်နေရတာလဲ

လောဟွေ့၏ ဓားချက်ကို ပြန်တွေးမိကာ ဝမ်ချန်းတစ်ယောက် ကျောရိုးထဲထိတိုင် အေးစိမ့်သွားသလို ..

သူ ပုံရိပ်ယောင်သိုင်းကွက်အား အစောတည်းက ထုတ်သုံးခဲ့၍သာ တော်ပါသေး၏။

အကယ်‌၍ သူသာ တဖက်လူကို လျှော့တွက်ပြီး အစွမ်းပြည့်မသုံးခဲ့ပါက ၎င်းဓားချက်က သူ့အား မသတ်နိုင်ဘူးဆိုလျှင်ပင် ဒဏ်ရာအပြင်းထန်ရအောင် လုပ်နိုင်မည်မှာ သေချာလှပါသည်။

ဟမ့် .. ဒီလောထျန်းဆိုတဲ့ အယုတ်တမာကောင်က မူလမသေမျိုးလက်နက်ကို အားကိုးပြီးလုပ်ရဲနေတာ။ အဲ့ မူလမသေမျိုးလက်နက်ကြောင့်သာ မဟုတ်ရင် ခုနက ငါသူ့ကို လွယ်လွယ်လေး သတ်လိုက်နိုင်မှာ

ဝမ်ချန်း တွေးကာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

သို့သော် မကြာခင်မှာပင် သူ မျက်မှောင်ပြန်ကြုံ့သွား၏။

ဒါပေမယ့် နျဲ့လင်နဲ့ ချူပန်းလင်က သူ့ကို ယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောတာလေ။ ဆိုတော့ သူတို့နှစ်ယောက်ရဲ့အစွမ်းက ငါ့ထက်သာတယ်ဆိုတဲ့ သဘောလား

ချီးကွာ .. ဘယ်လိုကြောင့် သူတို့ကိုပါ ရှုံးနေရတာလဲ။ ဒီတိုင်းသာဆို အနာဂါတ်မှာ ငါ့အတွက်ရာထူးကလဲ သိပ်စိတ်မချရတော့ဘူး

ဝမ်ချန်းရင်ထဲ ကူကယ်ရာမဲ့ခံစားချက်တို့ ဝင်လာတော့သည်၊

နျဲ့လင်တို့နှစ်ယောက်ကို ရှုံးမည့်အစား လောထျန်းကိုသာ ရှုံးလိုက်ချင်စိတ်လည်း ဖြစ်လာပါ၏။

သူ ထိုသို့‌‌တွေးနေချိန်မှာပင် ဆက်သွယ်ရေးအဆောင်ကျောက်ပြားက အရောင်လက်လာပါသည်။

ဟင်

ဝမ်ချန်း အံ့အားသင့်သွားကာ ၎င်းကို ဖွင့်လိုက်၏။

ဝမ်ချန်း ၊ မင်းအခု ဘာလုပ်နေတာလဲ

ဆက်သွယ်ရေးအဆောင်ကျောက်ပြားတဖက်မှ နျဲ့လင်နှင့် ကျန်နှစ်ယောက်အသံ ထွက်လာသည်။

ငါ .. ခုနက လောထျန်းနဲ့ တိုးမိသေးတယ်

ဝမ်ချန်း အံကြိတ်၍ ပြန်ဖြေလိုက်သည်။

ဘယ်လို .. လောထျန်းနဲ့ တွေ့ခဲ့တယ်။ တိုက်ရော တိုက်ခိုက်ခဲ့ကြသေးလား

နျဲ့လင်က မေးသည်။

ဟုတ်တယ်၊ ဆိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ

ချူပန်းလင်ကလဲ စိုးရိမ်ပုံဖြင့် မေးပါသည်။

ဝူကျန့်သည်လည်း စကားမဆိုသည့်တိုင် သူ့ပုံရိပ်ယောင်က ဝမ်ချန်းအား သေချာစိုက်ကြည့်နေပါသည်။

သူတို့အားလုံး လောထျန်းကို နာမည်ခံ၍ ဝမ်ချန်း၏အစွမ်း မည်သို့ရှိသည်ကို သိချင်နေကြသည်မှာ သိသာပါ၏။

ဝမ်ချန်း ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီးမှ အံကြိတ်ကာ ပြန်ပြောလိုက်သည်။

တိုက်ပွဲက သရေပဲ ။ သူ့ရဲ့ မူလမသေမျိုးလက်နက်ကြောင့်သာ မဟုတ်ရင် ကျုပ် သူ့ကိုနိုင်မှာသေချာတယ်

ထိုစကားကို ကြားသောအခါ နျဲ့လင်နှင့် ကျန်လူများ မျက်နှာထား အနည်းငယ်ပြောင်းသွားကြပါ၏။ သို့သော် မည်သည့်စကားမှ မဆိုကြပါ။

ဝမ်ချန်းတစ်ယောက်မှာမူ စိတ်မအေးနိုင် ဖြစ်သွားရပါ၏။

အဘယ့်ကြောင့်ဆိုသော် အ‌ေစာကတိုက်ပွဲတွင် သူ ရှုံးခဲ့သည်မှာ သိသာလှသည်မဟုတ်ပါလား။

အချိန်အတန်ငယ်ကြာပြီးနောက်တွင် နျဲ့လင်က သက်ပြင်းချ၍ ပြောပါသည်။

ကဲ .. ဒီလောထျန်းက ငါတို့ လွယ်လွယ်လေး သတ်လို့ရတဲ့ သူတစ်ယောက်တော့ မဟုတ်ဘူးကွ။ ငါတို့အားလုံး လူစုံမှပဲ သူ့ကို ရှင်းကြရအောင်

ချူပန်းလင်ကလည်း ခေါင်းညိတ်သည်။

အမှန်ပဲ ၊ ငါတို့အားလုံးပေါင်း အစွမ်းနဲ့ဆို သူ ဘာမှမတတ်နိုင်ပါဘူး

ဝမ်ချန်း အံကြိတ်ကာ ခေါင်းညိတ်လိုက်၏၊

ထိုစဉ် တလျှောက်လုံး တိတ်နေခဲ့သည့် ဝူကျန့်က ရုတ်တရက်ပြောသည်။

ငါ မင်းပြောထားတဲ့နေရာကို ရောက်နေပြီ။ မင်းတို့သုံးယောက်က ဘယ်တော့လာကြမှာလဲ

နျဲ့လင် အံ့ဩသွားပုံ ပေါ်ပြီးမှ ပြန်ပြော၏။

ခဏလေးစောင့် ၊ ငါ အဲ့နားလေးမှာ ရှိတယ်

ငါလဲ မကြာခင်ရောက်တော့မှာ

ချူပန်းလင်ကလည်း ဆိုသည်။

ထို့နောက် သူတို့သုံးယောက်လုံး ဝမ်ချန်းဘက် လှည့်ကြည့်ကြ၏။

ဝမ်ချန်း ခေတ္တမျှ မှင်သက်နေပြီးမှ ပြန်ပြောလိုက်သည်။

ငါ ခုချက်ချင်း ထွက်လာခဲ့မယ်။ အချိန် ဆယ့်ငါးမိနစ်လောက်ပဲ စောင့်

သူ ပြောကာ ဆက်သွယ်ရေးအဆောင်ကျောက်ပြားအား ချက်ချင်းပိတ်လိုက်သည်။

ဟမ့် .. လောထျန်း ၊ ခဏလေးပဲ စောင့်လိုက်ပါကွာ။ မင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်မယ်

စကားဆုံးသည်နှင့် သူ့ပုံရိပ် လှုပ်ရှားသွားကာ အစောပိုင်းက နျဲ့လင်ပေးထားခဲ့သည့် နေရာသို့ ဦးတည်ရွေ့လျားသွားတော့သည်။

သူ့ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ထိုနေရာသို့ရောက်ရန် ဆယ့်ငါးမိနစ်ပင် ကြာမည်မဟုတ်ချေ။

ဤသို့ဖြင့် သူ သွားပြီး ခပ်ဝေးဝေးကတည်းကပင် ကြိုရောက်နေနှင့်သည့် သုံးယောက်ကို မြင်လိုက်ရပါ၏။

ဝုန်း ..

ဝမ်ချန်း မြေပြင်သို့ ဆင်းသက်လိုက်သည့် အသံကျယ်တစ်သံနှင့်အတူ နျဲ့လင်တို့သုံးယောက် ထိုင်နေရာမှ ထရပ်လိုက်ကြသည်။

ဟင် ..

သူ မြေပြင်သို့ ရောက်သည်နှင့် တဖက်လူသုံးယောက်ကို ဝေ့ကြည့်ရင်း ဝမ်ချန်း အနည်းငယ် အံ့ဩသွားရသည်။

နျဲ့လင်နဲ့ ချူပန်းလင် ၊ မင်းတို့ရဲ့ အရောင်အဝါတွေက သိပ်မတည်ငြိမ်သလိုပဲ

သူ မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

တဖက်လူနှစ်ယောက် မျက်နှာထား အနည်းငယ်ပြောင်းသွားကြသည်။

ချူပန်းလင်က အံကြိတ်၍ ပြန်ပြော၏။

ဘာမှမဟုတ်ပါဘူး ၊ကျင့်ကြံရင်းနဲ့ မတော်တဆလေး နည်းနည်းဖြစ်သွားလို့ပါ

သူ အသည်းအသန် ထွက်ပြေးလာခဲ့ရသည့် အခြေအနေကို မည်သို့ အမှန်တိုင်း ပြောထွက်ပါမည်လဲ။

နျဲ့လင်ကလည်း သက်ပြင်းချကာ ပြန်ပြောပါသည်။

ဘယ်တ်နိုင်မလဲကွာ ၊ ငါ လောထျန်းနဲ့ သိုင်းကွက်ပေါင်းရာချီ တိုက်ခိုက်ခဲ့ရတာလေ။အဲ့တော့ ငါ့ရဲ့ မသေမျိုးအစွမ်းတွေလဲ လျော့ကုန်ပြီပေါ့

သူ့စကားမှာ အမှန်ပါပင် ။

သိုင်းကွက်ပေါင်း ရာချီတဲ့လား ...

ဝမ်ချန်းတစ်ယောက် ထိုစကားကို စိတ်ထဲမှကြိတ်၍ ပြန်ရေရွတ်ရင်း စရင်ထဲ လေးလံသွားပါ၏။

ကဲ .. အခု လောထျန်းက ဘယ်မှာလဲ။ သူ့ကို မြန်မြန်သတ်လိုက်ရအောင်

ထိုစဉ် ဝူကျန့်က စကားများစွာ မပြောချင်ပုံဖြင့် ပြောလာ၏။

ကျန်လူများလည်း နျဲ့လင်ဘက် လှမ်းကြည့်လိုက်ကြသည်။

နျဲ့လင် သူတို့ကိုကြည့်ကာ စကားပြောရန် ပြင်လိုက်၏။

သို့သော် ထိုစဉ်တွင် ...

ချွှင် ...

ခပ်စူးစူး ဓားသံတစ်သံကို သူတို့ ကြားလိုက်ရသည်။

All Chapters