← Chapters

Chaotic sword pool

Vol. 68 Ch. 986

Chaotic sword pool

Vol. 68 Ch. 986

ဟင် .. ဒါက

နျဲ့လင် ဓားသံထွက်လာသည့်ဘက် လှမ်းကြည့်ရင်း မျက်နှာကြီးတည်သွားသည်။

သူ့ဘေးမှ ချူပန်းလင်မှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

ဒါ .. အရှုပ်အထွေးဓားရေကန်လား ။ ဒဏ္ဍာရီကျော် အရှုပ်အထွေးဓားရေကန် ပေါ်လာတာလား

သူ့အသံမှာလည်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေပါသည်။

အရှုပ်အထွေးဓားရေကန် ဟုတ်လား ၊ အဲ့ဒါ ဘာလဲ

ဝမ်ချန်းက နားမလည်ဟန်ဖြင့် မေးသည်။

ချူပန်းလင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။

မင်းတို့တွေ ဘာမှ မလေ့လာထားကြဘူးလားကွာ။ အရှုပ်အထွေးဓားရေကန်ဆိုတာ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ ရှိတဲ့ အကောင်းဆုံး အခွင့်ကောင်းတွေထဲက တစ်ခုပဲကွ။ အဲ့ရေကန်ထဲမှာ အရှုပ်အထွေး ဓားစိတ်ဆန္ဒတွေနဲ့ ပြည့်နေတာ။ကံကောင်းပြီး အရှုပ်အထွေးဓားစိတ်ဆန္ဒကိုသာ ရလိုက်ရင် ဓားသိုင်းနဲ့ တာအိုအဆင့်ကို ရောက်မယ့်အပြင် အရှုပ်အထွေးခန္ဓာကိုယ်ကိုပါ ကျင့်ကြံနိုင်မှာ

သူ့စကားကိုကြားပြီး အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။

အဲ့ဒါကရော အရှုပ်အထွေးခန္ဓာကိုယ်ကို ရစေတာလား

ဝမ်ချန်းက တအံ့တဩဆို၏။

ချူပန်းလင်က သူ့အား တစ်ချက်လှမ်းကြည့်သည်။

အဲ့ဒါထက် ပိုသေးတယ် ။ ဓားအစွမ်းနဲ့ တာအိုအဆင့်ကို ရောက်တဲ့ အရှုပ်အထွေးခန္ဓာကိုယ်က တိုက်ခိုက်ရေးအစွမ်းမှာ သာမာန် အရှုပ်အထွေးခန္ဓာကိုယ်တွေထက် အများကြီး ပိုသာတယ်

ဟင်

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ငါတို့ သွားကြည့်ကြမလား

ဝမ်ချန်းက လေသံတိုးတိုးဖြင့် စပြောလာသည်။

သို့သော် သူ့စကားပင် ကောင်းကောင်းမဆုံးသေးမှီ အမြဲလိုလို တိတ်နေခဲ့သည့် ဝူကျန့်က ရုတ်တရက်ထပြောပါသည်။

ဟို လောထျန်းကို သွားမသတ်ကြတော့ဘူးလား

ဝမ်ချန်း မျက်မှောင်ကြုံ့လိုက်၏။

လောထျန်းက ဘာကောင်မှ မဟုတ်ပါဘူးကွာ။ သူ ငါတို့လက်က မလွတ်နိုင်ပါဘူး ။ ငါတို့လေးယောက်သာ စုနေရင် သူ့ကို အချိန်မရွေး သတ်လို့ရတယ်။ ဒါပေမယ့် အရှုပ်အထွေးဓားရေကန်ကတော့ အမြဲတမ်းရှိနေမှာ မဟုတ်ဘူးလေ

ဝူကျန့်က မျက်နှာသေဖြင့်သာ ပြန်ပြောသည်။

သူ့ကိုသတ်ဖို့ သခင်ကြီး ထျန်းရှန့်ကျီကိုယ်တိုင် အမိန့်ထုတ်ထားတာလေ

ကောင်းကင်ဘုံသားတော်၏ အမည်ကို ကြားသည်နှင့် ဝမ်ချန်းတစ်ယောက် ဘာပြန်ပြောရမည် မသိတော့ပါချေ။ သူ ကူကယ်ရာမဲ့စွာဖြင့်သာ နျဲ့လင်နှင့် ချူပန်းလင်တို့အား ကြည့်လိုက်သည်။

နျဲ့လင်က မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြောပါ၏။

ခဏနေဦး ၊ လောထျန်း နေရာရွှေ့တာကို ငါ အာရံုခံမိတယ်။ ကြည့်ရတာ သူလဲ အရှုပ်အထွေးဓားရေကန်ကို သွားနေတဲ့ပုံပဲ

ဟင်

ဝမ်ချန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

ချူပန်းလင်က ရုတ်တရက်အသိဝင်လာပုံဖြင့် ပြော၏။

ဟုတ်သားပဲ .. အရှုပ်အထွေးဓားရေကန်က အားလုံးရဲ့အာရုံကို ဆွဲခေါ်နိုင်မှာဆိုတော့ လောထျန်းကလဲ ဒီအခွင့်ကောင်းကို လက်လွတ်ခံမှာမဟုတ်ဘူး

ဝမ်ချန်း ရယ်လိုက်သည်။

အဆင်ကိုသင့်နေတာပဲကွာ ၊ ငါတို့လဲ အရှုပ်အထွေးဓားရေကန်ကို သွားကြရအောင်လေ။ အဲ့မှာ လောထျန်းကိုတစ်ခါတည်း သတ်ပြီး အခွင့်ကောင်သလေးတွေလဲ ရှာလို့ရတာပေါ့လ

အမှန်ပဲ ၊ အဲ့အကြံကောင်းတယ်

နျဲ့လင်ကလည်း အပြုံးဖြင့် ဆိုသည်။

ထို့နောက် သူတို့သုံးယောက်လုံး ဝူကျန့်အား လှည့်ကြည့်လိုက်ကြ၏။

တခဏကြာပြီးမှ ဝူကျန့်က ပြောပါသည်။

အဲ့လိုဆိုရင်တော့ ငါ့ဘက်ကလဲ ငြင်းစရာ မရှိပါဘူး

ထိုစကားကိုကြားမှ ကျန်သုံးယောက် သက်ပြင်းကိုယ်စီ ချနိုင်သွားပါသည်။

ကဲ သွားကြစို့

ဝုန်း

ထိုသို့ ပြောကြပြီးနောက် သူတို့လေးယောက်သား လေထဲပျံတက်ကာ အရှုပ်အထွေးဓားရေကန် ရှိသည့်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်ကြသည်။

အခြားတဖက် ၊ အရှုပ်အထွေးဓားရေကန်၌ ...

ဟင်းလင်းပြင် လေထုတစ်ခု ပြိုကွဲသွားကာ အရှုပ်အထွေး မဟာတာအိုအစွမ်း ထွက်လာပြီး ၎င်းမှ ရေကန်တစ်ခု စီးဆင်းလာပါ၏။

ရေကန်အတွင်း ဖွာထွက်နေသော ရေမှုန်များကြားတွင်လည်း ဓားရေးပြနေကြသည့် အရိပ်များ ခပ်ရေးရေး ရှိနေသည်။

သို့သော် ထိုအရိပ်များကို သေချာကြည့်လိုက်ပါက ဘာမှ မရှိတော့ပါချေ။

သို့တိုင် ရေကန်မှ ထွက်နေသော အရှုပ်အထွေးဓားစိတ်ဆန္ဒမှာ အသက်ရှူပင် မှားစရာကောင်းလှပါ၏။

ထိုစဉ် ရေကန်အပြင်ဘက်၌ လူငယ်လေးတစ်ယောက် ရှိနေပြီး ရှေ့မှ အရာများအားလုံးကို စိတ်လှုပ်ရှားစွာ ကြည့်နေပါသည်။

မိုရှန့် ၊ အဲ့ဒါ ဓားပါရမီရှင် မိုရှန့်ပဲကွ။ သူ အရှုပ်အထွေးဓားရေကန်ကို ဖွင့်နိုင်ခဲ့တာလား

ဟုတ်တယ် ၊ သူပဲ ဖြစ်ရမယ်။ ငါကြားထားတာတော့ အရှုပ်အထွေးဓားရေကန်က အမြဲတမ်းဖွင့်တာ မဟုတ်ဘူးတဲ့။ အရှုပ်အထွေးဓားရေကန်ရဲ့ အသိမှတ်ပြုတာကို ခံရတဲ့သူတစ်ယောက်က အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်လာမှ ပွင့်တာလို့ ပြောတယ်

အခု မိုရှန့်က သဘာဝဓား သန္ဓေလောင်းကို ရထားတဲ့သူဆိုတော့ .. သူ့လိုလူတစ်ယောက်က အရှုပ်အထွေးဓားရေကန်ကို ဖွင့်နိုင်တာ သဘာဝကျပါတယ်

မိုရှန့်အား ခပ်လှမ်းလှမ်းမှ ကြည့်နေသည့် လူအုပ်က တစ်တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းရှိ မိုရှန့်တစ်ယောက် ထူးဆန်းသော အရာတစ်ခုကို ကြံုတွေ့လိုက်ရပါ၏။

ချွှင်

သူ့ကိုယ်ထဲမှ ဓားသံတစ်သံ ရုတ်တရက် ထွက်လာသည်။

ထို့နောက်တွင် သူ့ကိုယ်က တလက်လက်တောက်နေသည့် ဓားတစ်လက်အဖြစ် ချက်ချင်းပြောင်းသွားကာ ကောင်းကင်ယံသို့ ဓားအလင်းတန်းတစ်ခု ထိုးတက်သွားသည်။

ဝီ ...

ထို့နောက် သူ့ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခုလည်း ထွက်လာပြီး ကောင်းကင်နှင့်မြေကြီး တုန်ခါသွား၏။

ဟင် .. သူ ကျင့်ကြံခြင်းအဆင့် တက်သွားတာလား

မိုရှန့်က အရှုပ်အထွေးဓားရေကန်ကို ကြည့်ရင်းနဲ့တောင် မသေမျိုးသခင်ကြီးအဆင့်ကို ရောက်သွားခဲ့တာလား။ တကယ်ကို အံ့ဩစရာပါပဲကွာ

ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းမှာ သူ အဆင့်နှစ်ရမှာ သေချာသွားပြီ

အားလုံး တအံ့တဩ ဆိုလိုက်ကြသည်။

မိုရှန့်သည် ထိုမျှအဆင့်ထိ အစွမ်းထက်လာမည်မှန်း အားလုံး မျှော်မှန်းထားပြီးသား ဖြစ်သည့်တိုင် ယခုလောက်မြန်မြန် ဖြစ်သွားလိမ့်မည်ဟုမူ ထင်မထားခဲ့ကြပါချေ။

ထိုစ‌ဉ် အရှုပ်အထွေးအရောင်အဝါကြောင့် ရောက်လာသည့် လီထျန်းယွမ်မှာ မိုရှန့်က ကျင့်ကြံခြင်းအဆင့် အရင်တက်သွားသည်ကို ကြည့်ကာ စိတ်ထဲမှ ဆဲရေးလိုက်ပါ၏။

သူသည် ယခင်တည်းကလည်း မိုရှန့်နှင့် မယှဉ်နိုင်ခဲ့သလို ယခု မိုရှန့်က ပိုမြင့်သည့်အဆင့်သို့ပင် ရောက်သွားခဲ့လေပြီ။

သူတို့ကြားမှ ကွာဟချက်က ပိုကြီးလာပြီလား

သူ ထိုသို့ စိတ်ဓာတ်ကျနေစဉ်တွင်

ချွှင်

အရှုပ်အထွေးဓားရေကန်အတွင်းမှ ဓားသံတစ်သံ ရုတ်တရက်ထွက်လာ၏။

ဟင်

အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။

ထိုစဉ်မှာပင် အရှုပ်အထွေးဓားရေကန်ထဲမှ ဓားစိတ်ဆန္ဒတစ်ခု တိုးထွက်လာ၏။

ချွှင်

၎င်းဓားစိတ်ဆန္ဒက မြည်သံတစ်သံပေးကာ မိုရှန့်ဆီသို့ တိုက်ရိုက်တိုးဝင်သွားသည်။

ဟင် ဒါက

အားလုံး ၎င်းကိုမြင်ကာ မှင်သက်ကုန်ကြ၏။

ထို့နောက်တွင်မူ တစ်ယောက်က ဘာဖြစ်နေသည်ကို ရိပ်စားမိကာ တအံ့တဩပြောသည်။

အဲ့ဒါ အရှုပ်အထွေးဓားစိတ်ဆန္ဒပဲ

ဘယ်လို .. အရှုပ်အထွေးဓားရေကန်ထဲကနေ အရှုပ်အထွေးဓားစိတ်ဆန္ဒ သူ့အလိုလို ထွက်လာတာလား

လူအုပ်၏ တအံ့တဩ ပြောစကားများကြားမှာပင် အရှုပ်အထွေးဓားစိတ်ဆန္ဒက မိုရှန့်ရှေ့သို့ ကျလာပါသည်။

မိုရှန့်၏ မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာကာ သူ့ကိုယ်မှ သဘာဝဓား သန္ဓေလောင်းခန္ဓာကိုယ်ကလည်း အသက်ဝင်လာ၏။

ချွှင်

ထို့နောက်တွင် အရှုပ်အထွေးဓားစိတ်ဆန္ဒက မြည်သံတစ်သံ ထပ်ပေး၍ မိုရှန့်၏ ခန္ဓာကိုယ်ထဲ ဝင်သွားပါတော့သည်။

ဘယ်လိုဖြစ်ပြီးတော့

၎င်းကိုမြင်ပြီး အားလုံး တုန်လှုပ်သွားကြပြန်၏။

အရှုပ်အထွေးဓားစိတ်ဆန္ဒက သူ့အလိုလို ထွက်လာတာမဟုတ်ဘဲ သခင်ကို အသိအမှတ်ပြုတာ ဖြစ်နေပါလား

ဒါ .. အရှုပ်အထွေးဓားစိတ်ဆန္ဒက ကိုယ်ထဲ ဝင်သွားပြီဆိုတော့ အဲ့ဒါကိုသာ ပြီးအောင်သန့်စင်လိုက်နိုင်ရင် မိုရှန့် ဓားသိုင်းနဲ့ တာအိုအဆင့်ကို ရောက်ပြီးတော့ အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းနိုင်မယ့် အခွင့်ရေး ရသွားမှာပေါ့

အရှုပ်အထွေးခန္ဓာကိုယ် ဟုတ်လား ၊ ကောင်းကင်ဘုံသားတော်အပြင် ဒုတိယ အရှုပ်အထွေးခန္ဓာကိုယ် ပေါ်လာတော့မှာပေါ့

အဲ့လိုသာဆို မိုရှန့်တစ်ယောက် မသေမျိုးဘုရင်အဆင့်ကို ရောက်ပြီးသွားတာနဲ့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက် ဖြစ်လာတော့မှာပေါ့

ဒီတိုင်းဆို ချင်းယွမ်ဒေသမှာ အဲ့လိုအစွမ်းမျိုးနဲ့ အစွမ်းထက်ကျင့်ကြံသူ သုံးယောက်တောင် ဖြစ်တော့မှာပေါ့။ ဒါလောင်မသေမျိုးဘုရင်ရယ် ၊ ကောင်းကင်ဘုံသားတော်ရယ် ၊ မိုရှန့်ရယ် ...

‌ဒါဆို ကျုပ်တို့ ချင်းယွမ်ဒေသက ဒေသကြီးကိုးခုထဲမှာ အစွမ်းအထက်ဆုံး ဖြစ်လာတော့မှာပေါ့

အရှုပ်အထွေးခန္ဓာကိုယ်ရော ၊ သဘာဝဓား သန္ဓေလောင်းခန္ဓာကိုယ်ရော ပိုင်ဆိုင်ထားတဲ့ မိုရှန့်နဲ့ ကောင်းကင်ဘုံသားတော်နဲ့မှာ ဘယ်သူက အစွမ်းပိုထက်မလဲ မသိဘူး ....

ထိုစကားကို ကြားသည်နှင့် ဘေးလူများအားလုံး အသံတိတ်သွားကြသည်။

သူတို့၏ အတွေးထဲတွင်လည်း ထို ပါရမီရှင်နှစ်ယောက်၏ အနာဂါတ်အကြောင်းကို တွေးမိသွားကြပါသည်။

ထိုသို့ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက် အစွမ်းယှဉ်ပြိုင်မှုကို သူတို့ ကြုံခဲ့ဖူးပါ၏။

သို့သော် အရှုပ်အထွေးခန္ဓာကိုယ်ချင်း တစ်ပြိုင်တည်း တွေ့ကြသည်ကမူ ယခုက ပထမဆုံးပင်။

တဖက်မှ ကျင့်ကြံခြင်းအဆင့်‌တက်နေသော မိုရှန့်ကို ချောင်း၍ အလစ်တိုက်ခိုက်ရန် ကြံစည်နေသည့် လီထျန်းယွမ်မှာလည်း ၎င်းကို‌တွေ့ပြီး ပြန်ငြိမ်သွားပါသည်။

တဖက်လူနှင့် သူမှာ အဆင့်အလွန်ကွာသွားပြီ ဆိုသည့်အချက်ကိုလည်း လက်ခံကာ စိတ်ထဲမှ သက်ပြင်းရှည်ကြီး ကြိတ်ချလိုက်ပါ၏။

ထိုစဉ်မှာပင် ... လူအုပ်နှင့် မလှမ်းမကမ်းသို့ လောထျန်းတစ်ယောက် သူ့လူအုပ်နှင့်အတူ ရောက်လာပါသည်။

သူတို့ ဘာတွေလုပ်နေကြတာလဲ

လောထျန်း ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး တအံ့တဩ မေးလိုက်၏။

All Chapters