← Chapters

The Perfect Plan

Vol. 68 Ch. 988

The Perfect Plan

Vol. 68 Ch. 988

ထိုတခဏ၌ အားလုံးက သူ့အား ထူးဆန်းသည့် မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်ကြသည်။

သို့သော် ချောင်ချီလျိုကမူ လူအုပ်၏အကြည့်ကို နားမလည်ဘဲ အားလုံးက သူ့စကားများကို လေးစား၍ကြည့်နေသည်ဟု အထင်ရောက်နေပါ၏။

သူ အလွန်လည်း စိတ်အေးလက်အေး ရှိနေပါသည်။

အမှန်တွင် ချောင်ချီလျို၏ ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်လှသည့်တိုင် ပါရမီရှင်အစစ်နှင့် ယှဉ်လျှင်မူ များစွာ အစွမ်းပိုနိမ့်ပါ၏။

သူ့အပေါင်းသင်းများ ကြားထဲတွင် ထူးခြားပြီး အစွမ်းထက်မနေပါ။

ယခု သူ့ရှေ့တွင် ရှိနေကြသည့် အစွမ့်နိမ့်ကျင့်ကြံသူအုပ်ကို ကြည့်ရင်း ချောင်ချီလျိုတစ်ယောက် စိမ်ချမ်းသာနေသည်မှာ မဆန်းပါချေ။

ထိုစဉ်

သခင်လေး

အသံတစ်သံ ထွက်လာ၏။

အားလုံး အသံလာရာဘက် ခေါင်းလှည့်ကြည့်လိုက်ကြသည်။

လောပိုင်ပါလား

လောထျန်းမှာ ထိုသူကို မြင်သည်နှင့် သူတို့ လောမိသားစုမှ လောပိုင်ဟုခေါ်သည့် လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းမှတ်မိလိုက်သည်။

လောပိုင်က ပျံသန်းနေရာမှ လောထျန်းရှေ့သို့ ဆင်းသက်လိုက်ပြီး ပြောပါသည်။

သခင်လေး ၊ အားလုံး အဆင်ပြေနေကြတာ တော်သေးတာပေါ့ဗျာ

လောပိုင် ၊ မင်း ခုနက ဘယ်ရောက်နေတာလဲ

ဘေးတွင်ရှိသော လောပန်းက မေး၏။

လောပိုင်က လက်ယမ်း၍ ပြန်ပြောပါသည်။

လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ပါဦးကွာ ။ သခင်လေး ၊ ကျုပ် သခင်လေးအတွက် ရတနာတစ်ခု ပြစရာရှိတယ်ဗျ

သူ ပြောပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ မသေမျိုးကိုးပါး သစ်သီးကို ထုတ်ယူလိုက်သည်။

ထို မသေမျိုးသစ်သီး ပေါ်လာသည်နှင့် သိပ်သည်းလှသော အရှုပ်အထွေးအစွမ်းတစ်ခု ရုတ်ချည်း ထွက်လာသည်။

မသေမျိုးကိုးပါးသစ်သီး .. မဟုတ်သေးဘူး ၊ အရှုပ်အထွေးအစွမ်းတွေ ပါနေတဲ့ မသေမျိုးကိုးပါးသစ်သီးပဲ ...

တစ်ယောက်က မနေနိုင်ဘဲ တအံ့တဩ ရေရွတ်၏။

မသေမျိုးကိုးပါးသစ်သီးက အဲ့လောက် မရှားဘူးဆိုပေမယ့် အရှုပ်အထွေးအစွမ်း ပါဝင်နေတဲ့ သစ်သီးကတော့ မတူတော့ဘူး ။ ဒါ တကယ့်ကို ထိပ်တန်းအဆင့် အခွင့်ကောင်းကြီးပဲ

ထိုတခဏ၌ ဘေးပတ်လည်မှ လူများ၏ အကြည့်က ပိုစူးရဲလာသလို ...

အချို့ဆိုလျှင် အလစ်ချောင်းပြီး လုယူရန် အကြံအစည်ဖြင့် လောထျန်းတို့ လူအုပ်နားလေးသို့ပင် ပိုတိုးကပ်လာကြပါ၏။

တဖက်မှ လောပိုင်ကမူ ထိုအရာများကို ဂရုစိုက်ဟန် မတူဘဲ မသေမျိုးသစ်သီးအား မြှောက်၍ ဆက်ပြောပါသည်။

သခင်လေး ၊ ဒီ မသေမျိုးသစ်သီးက အဖိုးတန်ရတနာတစ်ခုနဲ့ တူတယ်ဗျ ။ ကျုပ် ဒါကို သခင်လေးကိုပေးဖို့အတွက် လူတွေအများကြီးကြားထဲက ယူလာခဲ့တာ

လူတွေအများကြီး ဟုတ်လား

လောထျန်း အံ့အားသင့်သွား၏။

လောပိုင်က ခေါင်းညိတ်၍ ဆက်ပြောသည်။

ဟုတ်တယ်ဗျ ။ အစကတော့ ဒီ မသေမျိုးသစ်သီးကို လိုချင်ကြတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျုပ် လူတစ်ယောက်တည်းနဲ့ပဲ ယှဉ်ပြိုင်ခဲ့ရတာ။ ကျုပ် အဲ့ကောင်ကို အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ ရွေ့လျားသိုင်းကွက်က ထူးဆန်းလွန်းတော့ ကျုပ် သူထွက်ပြေးတာကို မတားနိုင်ခဲ့ဘူး ...

လောပိုင် ပြောနေရင်း ဒေါသထွက်လာပုံပါပင်။

သို့သော် သူ ချက်ချင်း မျက်နှာထားကိုပြန်ထိန်း၍ ပြောပါသည်။

သခင်လေး ၊ ဒီ မသေမျိုးသစ်သီးကို ယူလိုက်ပါ

လောထျန်း ၎င်းကိုတစ်ချက်ကြည့်ကာ ခေါင်းယမ်းလိုက်ပါ၏။

မင်းတွေ့ခဲ့တဲ့ အခွင့်ကောင်းကို ကိုယ်တိုင်အတွက်ပဲ သိမ်းထားပါကွာ

လောပိုင်တစ်ယောက် အိုးတို့အမ်းတမ်း ဖြစ်သွားသည်။

ကျေး .. ကျေးဇူးတင်ပါတယ် သခင်လေး

သူ ပြောပြီး မသေမျိုးကိုးသွယ်သစ်သီးအား ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်လိုက်၏။

ချောင်ချီလျိုမှာ ၎င်းကိုမြင်ပြီး အံ့ဩလွန်း၍ မျက်လုံးပြူးနေရှာပါသည်။

အရှုပ်အထွေးအစွမ်းများ ပါဝင်နေသည့် မသေမျိုးကိုးပါးသစ်သီးကို လောထျန်းက ငြင်းလိုက်သည် မဟုတ်ပါလား ...

သူ တံတွေးကို ခက်ခက်ခဲခဲမြိုချကာ လောပိုင်အား ပြောလိုက်၏။

ညီလေး ၊ ဘာမှစိတ်မပူနဲ့ ။ မင်းနဲ့ မသေမျိုးသစ်သီးကို ပြိုင်လုခဲ့တဲ့သူ ရောက်လာရင် ငါ မင်းကို ကာကွယ်ပေးမယ် ။ အဲ့ကောင်ကိုရော ရှင်းပေးမယ်ကွာ

ဟင်

သူ့စကားကြောင့် လောပိုင် အံ့ဩသွားရကာ ချောင်ချီလျိုအား လူထူးဆန်းတစ်ယောက်သဖွယ် ကြည့်လိုက်သည်။

ဟို .. ကျေးဇူးတင်ပါတယ်

ထို့နောက်တွင် သူ ဘာပြန်ပြောရမှန်း မသိသဖြင့် ယဉ်ကျေးစွာဖြင့်သာ လက်ဝါးနှစ်ဖက်ဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ချောင်ချီလျိုက မျက်နှာမော်ချီထားပြီး အပြုံးဖြင့် ဆိုပါ၏။

အဲ့လောက် ကိစ္စသေးသေးလေးအတွက် ကျေးဇူးတင်စရာ မလိုပါဘူးကွာ

သို့သော် သူ့စိတ်ထဲမှ အတွေးမှာကား ..

ဟီး ဟီး .. ဒီ အောက်ကမ္ဘာက ကောင်လေးတွေက မသေမျိုးကိုးပါးသစ်သီးဆိုတာ ဘာမှန်းတောင် သိတဲ့ပုံမပေါ်ဘူး။ အဲ့တော့ သူတို့အတွက် နည်းနည်းလေး လုပ်ပေးလိုက်တာနဲ့ သူတို့ငါ့ကို ကျေးဇူးတင်သွားကြမှာ။ အဲ့ကျရင် အပေါ်ကမ္ဘာမှာရှိတဲ့ ရှားပါးရတနာနည်းနည်းလောက် သုံးပြီး မသေမျိုးကိုးပါးသစ်သီးနဲ့ လဲရမယ်

မသေမျိုးကိုးပါးသစ်သီးကို ရပြီးသွားရင်တော့ ချက်ချင်း တည်နေရာရွှေ့ပြောင်းပြီး ကျင့်ကြံရမယ်ကွာ။ အဲ့ဒါကိုသာ သန့်စင်လိုက်နိုင်လို့ကတော့ ငါ အရှုပ်အထွေးခန္ဓာကိုယ် ရနိုင်မှာ

ကောင်းကင်ဘုံသားတော်နဲ့ မိုရှန့်တို့ကို ယှဉ်နိုင်တဲ့ အရှုပ်အထွေးခန္ဓာကိုယ် ရတော့မှာကွ။ အဲ့ကျရင် ကမ္ဘာကြီးက ငါတို့ ပါရမီရှင်သုံးယောက်အတွက် တိုက်ပွဲကွင်းပြင်ကြီး ဖြစ်သွားပြီ

ချောင်ချီလျိုမှာ ထိုသို့တွေးပြီး အကွက်ကျလှသည့် သူ့ အကြံအတွက် သူ့ကိုယ်သူ ပြန်ဂုဏ်ယူနေပါ၏။

ထိုစဉ် ရှေ့တွင်ရပ်နေသော လောပိုင်က ခေါင်းကုတ်ရင်း တွေးပါသည်။

ဒီလူက ဘာဖြစ်လို့ အရူးတစ်ယောက်လို ပြုံးနေရတာလဲ ။ သွားရေတွေတောင် ကျနေလိုက်သေးတယ် ... ထားပါလေ .. ဘယ်လိုလူလဲ မသိပါဘူး

ထိုစဉ် ..

အကိုထျန်း

အခြားအသံတစ်သံ ထပ်ထွက်လာကာ လူအုပ်တစ်အုပ်ကို ဦးဆောင်လာသည့် လောဟွေ့တစ်ယောက် အရှုပ်အထွေးဓားရေကန်နား ရောက်လာသည်။

လောဟွေ့ ၊ မင်းနောက်က ဘယ်သူတွေလဲ

သူ ရောက်လာသည်နှင့် လောထျန်းက ဆီးကြို၍မေးလိုက်သည်။

လောဟွေ့က ဒေါသတကြီး ပြန်ပြောပါ၏။

ပြောမနေပါနဲ့ဗျာ ၊ ကျုပ် တိုက်ခိုက်ဖို့တန်တဲ့ ပြိုင်ဘက်တစ်ယောက်ကို တွေ့ခဲ့တယ်။ ကျုပ် သူ့ကို သတ်ဖို့ကြိုးစားခဲ့ပေမယ့် ဒီကောင်က ထွက်ပြေးသွားခဲ့တယ်ဗျ ...

သို့သော် သူ စကားပင်မဆုံးသေးမီ ချောင်ချီလျိုက ဖြတ်ပြောပါသည်။

ဟင် .. နောက်ပြိုင်ဘက်တစ်ယောက်လား ။ ဘာမှစိတ်မပူနဲ့ ငါ မင်းကိုရော ကာကွယ်ပေးမယ်။ မင်းရဲ့ရန်သူကိုလဲ ရှင်းပေးမယ်ကွာ

ဟင်

လောဟွေ့ အံ့အားသင့်သွားပြီး အူကြောင်ကြောင်မျက်နှာလေးဖြင့် ကျန်လူများနှင့် လောထျန်းအား ကြည့်လိုက်သည်။

ချောင်ချီလျိုအား လောထျန်း၏ နောက်လိုက်အသစ်ဟုလည်း ထင်သွားပါ၏။

သို့သော် လောထျန်းမှာလည်း သူ့နည်းတူပင် တအံ့တဩ ဖြစ်နေရှာပါသည်။

လက်ရှိတွင် ဘေးနားမှ လူအုပ်မှာလည်း လောထျန်းတို့လူစုအား မသိမသာ ပတ်လည်ဝိုင်းထားကာ အချိန်မရွေး တိုက်ခိုက်တော့မလို ...

သို့သော် ထိုအချိန်တွင် ..

ဝှစ်

ခပ်လှမ်းလှမ်းကောင်းကင်ယံမှ လေကိုခွင်း၍ လာနေသော အသံတစ်သံ ထွက်လာပါ၏။

ထို့နောက် ကြောက်မက်ဖွယ် အရောင်အဝါလေးခု ရုတ်တရက်ထွက်လာသည်။

ဟင် .. ဘယ်သူလဲကွ ၊ မောက်မာလိုက်တာ

၎င်းအရောင်အဝါကို အာရုံခံမိသည်နှင့် အားလုံး မျက်မှောင်ကြုံ့သွားကြ၏။

လက်ရှိ အရှုပ်အထွေးဓားရေကန်ရှေ့တွင် ရောက်နေကြသူများ အားလုံးမှာ လူများ၏ အာရုံစိုက်ခြင်းကို သိပ်မခံလိုကြ၍ သူတို့၏ အရောင်အဝါများကို ထိန်းချုပ်ဖုံးကွယ်ထားကြပါသည်။

ထိုသို့ အခြေအနေမျိုးတွင် အသစ်ရောက်လာသူက မောက်မာလွန်းနေသည် မဟုတ်ပါလား။

ထိုစဉ် လောပိုင် ၊ လောပန်းနှင့် လောဟွေ့တို့မှာလည်း အရောင်အဝါများ ထွက်လာသည့်ဘက် လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများ ပြူးကုန်ကြကာ ပြိုင်တူနီးပါး အော်လိုက်ကြ၏။

အဲ့ဒါ သူပဲ

ဟင် ဘယ်သူက ဘာဖြစ်လို့လဲ

ဘေးတွင်ရှိနေသော လောထျန်း မေးလိုက်သည်။

လောပန်းက ဦးစွာ စပြော၏။

အစောနက သခင်လေးချင်းကို သတ်ဖို့ကြိုးစားခဲ့တဲ့သူက အဲ့တစ်ယောက်ပေါ့ဗျာ

ကျုပ်ဆီကနေ မသေမျိုးကိုးပါးသစ်သီးကို ယူဖို့ကြိုးစားခဲ့တဲ့သူကလဲ အဲ့ထဲက တစ်ယောက်ပဲ

ကျုပ်လက်ကနေ ထွက်ပြေးသွားတဲ့သူကလဲ အဲ့ထဲမှာ ပါတယ်ဗျ

ကျန်နှစ်ယောက်လည်း ပြောလိုက်ကြ၏။

လောထျန်းတစ်ယောက် သူတို့စကားကိုကြားပြီး မျက်မှောင်ကြုံ့သွားကာ သူ့မျက်လုံးများထဲတွင်လည်း လူသတ်အရိပ်အငွေ့တို့ ဖျတ်ခနဲလက်သွားသည်။

ထို‌အသစ်ရောက်လာသူ လေးယောက်မှာ ကောင်းကင်ဘုံသားတော်၏ လက်အောက်ခံများဖြစ်ကြောင်း သိသာလှပါပေသည်။

သို့သော် လောထျန်း ဘာမှမပြောရသေးခင်မှာပင် ..

ဟား ဟား ၊ ကိုယ့်လူတို့ စိတ်အေးအေးသာ ထားကြပါကွာ ။ အဲ့ကောင်တွေကို ငါပဲ ကိုင်တွယ်လိုက်မယ်

ချောင်ချီလျိုက ရုတ်တရက် ထရယ်၍ ပြောပါ၏။

ဟင်

အားလုံး၏အကြည့်က သူ့ထံ ရောက်သွားကြသည်။

ချောင်ချီလျိုက အပြုံးဖြင့် ထပ်ပြော၏။

ဘာမှ စိတ်မပူကြနဲ့ ၊ ငါ ခဏနေ ပြန်လာခဲ့မယ်

သူ ပြောကာ လေထဲ ပျံတက်လိုက်သည်။

တစ်ချိန်တည်းတွင် သူ့ခေါင်းထဲ၌ ..

ကောင်းတယ်ကွာ ၊ ငါက ဘာမှမလုပ်ပြလိုက်ရမှာ စိုးရိမ်နေတာ။ အခုတော့ ကွက်တိပဲ ၊ ဒီပွဲမှာ သူတို့ မနိုင်တဲ့ကောင်တွေကို ငါ ရှင်းပေးလိုက်ရင် ငါ့ကို မသေမျိုးကိုးပါးသစ်သီး မပေးစရာ အကြောင်းမရှိလောက်ဘူး ..

ဟု တွေးနေပါ၏။

ချောင်ချီလျို ထိုအတွေးဖြင့် လက်တစ်ချက်ယမ်းလိုက်သည်။

ချွှင်

သူ့လက်ထဲ၌ ဓားရှည်တစ်လက် ပေါ်လာ၏။

ထို့နောက်တွင် သူ့လက်ထဲမှ ဓားရှည်ကို ရန်သူများဘက် ရွယ်၍ အေးစက်စက် ပြောလိုက်ပါသည်။

ရပ်ကြစမ်း ၊ ချောင်ချီလျိုလို့ခေါ်တဲ့ မသေမျိုးဓားပိုင်ရှင် ၊ ငါက ဘာမဟုတ်တဲ့သူတွေကို မသတ်ဘူး ။ မင်းတို့နာမည်တွေ ပြောကြ

သူ ထိုစကားများအား လူများ၏ အထင်ကြီးလေးစားမှုကို လိုချင်သောကြောင့် ပြောလိုက်ခြင်းပင် ။

တဖက်မှ လူလေးယောက်မှာလည်း အံ့ဩသွားကြပုံဖြင့် ရုတ်ချည်း ရပ်သွားကြ၏။

တခဏကြာပြီးနောက် .. သူတို့လေးယောက်လုံး တစ်လှည့်စီ ပြောလာကြသည်။

ငါ့နာမည်က နျဲ့လင်

ငါက ချူပန်းလင်

ငါက ဝမ်ချန်း

ငါက ဝူကျန့်

ချောင်ချီလျို ..........

All Chapters