Fighting four prodigies alone
Vol. 68 Ch. 990
ထိုစဉ် တဖက်မှ လောထျန်းမှာ အူကြောင်ကြောင်မျက်နှာလေးဖြင့် ကြည့်လျက် ...
ဘာတွေ ဖြစ်နေပါသလဲ
ဒီတိုင်းသာ ဘေးမှရပ်ကြည့်နေသော သူက ဘယ်လိုလုပ်ပြီး အရှုပ်ထဲ ဝင်ပါမိသွားပါသလဲ
ထို့အပြင် ထိုသုံးယောက်က လောထျန်းကို သတ်ချင်သည်ဟုပြောပြီး အခြားသူများအား ကြည့်နေပါ၏။
လောထျန်း မနေနိုင်တော့သဖြင့် ဘေးမှလူဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
တဆိတ်လောက် ၊ ကျုပ် တစ်ခုလောက် မေးလို့ရမလား
ဘာမေးမလို့လဲ
ထိုလူက မြန်မြန်ပြန်ဖြေ၏။
လောထျန်း လေထဲမှ လူသုံးယောက်အား လက်ညိုးထိုးပြလိုက်သည်။
အဲ့သုံးယောက်က စိတ်မှနှံ့ကြရဲ့လား
တဖက်လူ ခေတ္တမျှ ငြိမ်သွားပြီးမှ ခေါင်းယမ်း၍ ပြန်ပြောသည်။
အဲ့လိုတော့ .., မကြားမိပါဘူး
ထိုစဉ် နျဲ့လင်က အေးစက်စက်အသံဖြင့် ပြောလာ၏။
လောထျန်း ၊ ရူးချင်ယောင် ဆောင်မနေစမ်းပါနဲ့ကွာ ။ ရှေ့ထွက်လာပြီးတော့ ငါတို့သုံးယောက်နဲ့ သူသေကိုယ်သေ လာတိုက်ခိုက်စမ်းပါ။ မတိုက်ခိုက်ရဲဘူး ဆိုရင်လဲ ဒူးထောက်ပြီးတော့ ငါတို့ကို အရိုအသေပေးလိုက်။ အဲ့ကျရင် မင်းကိုသနားပြီးတော့ မင်းရဲ့ကျင့်ကြံခြင်းကိုပဲချိုးဖျက်ပြီး ခြေတွေလက်တွေ ရိုက်ချိုးရုံနဲ့ ကျေနပ်ပေးမယ်
ထိုစကားကို ကြားချိန်တွင် လောထျန်း မျက်မှောင်ကြုံ့သွားပါသည်။
ဝီ
သူ လေထဲသို့ ချက်ချင်းပျံတက်လိုက်၏။
ဟင် .. သခင်လေး ၊ ဘာဖြစ်လို့လဲ
သူ့ကိုမြင်သည့် လောဟွေ့က တအံ့တဩမေးသည်။
လောထျန်း လက်ကာပြလိုက်၏။
မင်းတို့အားလုံး နောက်ဆုတ်နေကြ
လောပန်းက တီးတိုးပြောပါသည်။
အကိုထျန်းကိုယ်တိုင် ဘာမှဝင်လုပ်စရာ မလိုပါဘူးဗျာ ၊ အဲ့ကောင်တွေကို ကျုပ်တို့ ကိုင်တွယ်နိုင်ပါတယ်
လောထျန်း ထေါင်းယမ်းလိုက်သည်။
ဒီကောင်တွေက ငါ့ကို စော်ကားတဲ့စကား ပြောနေကြတာလေ။ ဒီတော့ ငါကိုယ်တိုင်မှ ထွက်မတိုက်ရင် ငါ့ကို အားလုံးက အထင်သေးစရာအဖြစ် မြင်သွားနိုင်တယ်
လောဟွေ့တို့သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဦးညွှတ်၍ နောက်ဆုတ်နေလိုက်ကြ၏။
ဟင် ၊ မင်းက ဘာဖြစ်လို့ ထွက်ပြေးနေတာလဲ
၎င်းကိုမြင်သော နျဲ့လင်က ဒေါသတကြီး ပြောပါသည်။
ထိုစဉ်မှာပင် လောထျန်းက နျဲ့လင်တို့သုံးယောက်ရှေ့ ပျံသန်းရောက်လာ၏။
မင်းတို့က ငါ့ကို ရှာနေတာလား
လောထျန်း အေးစက်စက်အသံဖြင့် မေးလိုက်သည်။
ဟင် မင်းက ဘယ်သူလဲ
ချူပန်းလင် မျက်မှောင်ကြုံ့သွားကာ လောထျန်းအား ကြည့်လိုက်၏။
ရုတ်တရက်ပေါ်လာသော ဘယ်သူမှန်းမသိသည့် ကောင်လေးကြောင့် သူတို့သုံးယောက် မကျေမနပ်ဖြစ်နေကြသည်မှာ သိသာပါသည်။
ဆလာထျန်းမှာ သူတို့ကိုကြည့်ပြီး ခေတ္တမျှ ဆွံ့အသွားရပြီးမှ ပြန်ပြောလိုက်သည်။
မင်းတို့က ရောက်လာတည်းက ငါ့ကိုစိန်ခေါ်နေကြပြီးတော့ အခု ငါဘယ်သူမှန်းတောင် မသိကြဘူးလား
ထိုစဉ် ဘေးတွင်ရပ်နေသည့် ဝူကျန့်က ဦးဆုံးအသိဝင်လာပြီး ပြော၏။
မင်းက လောထျန်းလား
လောထျန်း ခေါင်းညိတ်လိုက်သည်။
အမှန်ပဲ
ဘာ ..
သူ့စကားကြောင့် နျဲ့လင်တို့သုံးယောက် မှင်သက်သွားကြ၏။
မင်းက လောထျန်း .. ဟုတ်လား ၊ မဖြစ်နိုင်တာ ။ မင်းသာ လောထျန်းဆိုရင် ဟိုကောင်က ဘယ်သူလဲ
နျဲ့လင် ပြောပြီး လောထျန်းနောက်တွင် ရှိနေသည့် လောပန်းဘက် လှမ်းကြည့်လိုက်သည်။
လောထျန်းက အေးဆေးပင် ပြန်ပြော၏။
အဲ့ဒါ ငါ့ရဲ့ ညီကိုဝမ်းကွဲတွေ
ကြားလိုက်ရသည့်စကားကြောင့် နျဲ့လင်တို့ သုံးယောက်သား မှင်သက်မိသွားကြပြန်ပါသည်။
ဝူကျန့်မှာ သူတို့သုံးယောက်ကို တစ်ချက်ဝေ့ကြည့်ရင်း စိတ်ပျက်လက်ပျက်ပုံဖြင့် ခေါင်းယမ်း၏။
ထိုသုံးယောက်မှာ လုံးဝ အားမကိုးရပါချေ။
ထိုစဉ် နျဲ့လင်က ဦးစွာ အသိဝင်လာပြီး အရှက်ပြေချောင်းဟန့်၍ ပြောသည်။
ကောင်းပြီလေ ၊ မင်းအခုလို ထွက်လာတော့လဲ ကောင်းသွားတာပေါ့။ ကဲ .. မင်း ငါတို့နဲ့ တိုက်ခိုက်ရဲလား
လောထျန်း အေးစက်စက်သာ ပြန်ပြောလိုက်၏။
ငါ့ဘက်က ကြောက်နေစရာ ဘာအကြောင်းရှိလို့လဲ
သူ ပြောပြီး တိုက်ခိုက်မည့်ပုံ ပြင်လိုက်ပါသည်။
ခဏနေဦး
ထိုစဉ် ချူပန်းလင်က ရုတ်တရက် အော်ပြော၏။
ဘာလို့လဲ
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
ချူပန်းလင် အသက်ပြင်းပြင်းရှိုက်လိုက်၏။
မင်း ဘာမူလမသေမျိုးလက်နက်မှ မသံုးဘဲနဲ့ တိုက်ခိုက်ရဲလား။ မင်း မတိုက်ရဲဘူးဆိုရင်လဲ ငါတို့က မင်းကို အခက်တွေ့အောင် မလုပ်ပါဘူးလေ ။ မင်းက အောက်ကမ္ဘာကနေလာတဲ့ ကောင်ဆိုတော့ ...
သူ ထိုစကားအား လောထျန်းအနေဖြင့် မူလမသေမျိုးလက်နက် သုံးလာမည်စိုးသောကြောင့် လှည့်ကွက်သုံး ပြောလိုက်ခြင်းပါပင်။
သို့သော် လောထျန်းက ခေါင်းညိတ်ပြပါသည်။
ကောင်းပြီလေ ၊ ကိစ္စမရှိပါဘူး
သူ အစောတည်းကလည်း မူလမသေမျိုးလက်နက် သုံးရန် မရည်ရွယ်ထားပါချေ။
ထိုသို့ပြောပြီးနောက် သူ ထပ်လှုပ်ရှားရန် ပြင်လိုက်ပြန်၏။
ခဏလေး
ထိုစဉ် ဝမ်ချန်းက လေသံမာမာဖြင့် အော်ပြောလာပြန်သည်။
ဘာဖြစ်ရပြန်ပြီလဲ
လောထျန်း မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
ဝမ်ချန်းက ဘေးဘီသို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ပြောသည်။
မင်း မသေမျိုးအသီအမံပုံကြမ်းတွေရော မသုံးဘဲ တိုက်ခိုက်ရဲလား
လောထျန်းသည် မသေမျိုးအစီအမံပုံကြမ်း ပညာရှင်တစ်ယောက်မှန်း သူသိထားသည် မဟုတ်ပါလား။
ထို့အပြင် လောထျန်းအား မသေမျိုးအစီအမံဧကရာဇ်ဟု ခေါ်ကြသည်ကိုလည်း သူကြားဖူးထားပါ၏။
သို့ဖြစ်ရာ လောထျန်းက မသေမျိုးအစီအမံပုံကြမ်းများ သံုးပြီး တိုက်ခိုက်လာလျှင် သူတို့အတွက် အခက်တွေ့နိုင်ပါသည်။
လောထျန်းက ခေါင်းညိတ်၍သာ ပြန်ပြောပါ၏။
ရတယ် မသုံးဘူး
ခဏလေးနေပါဦး
ထိုစဉ် နျဲ့လင်က ထပ်ပြောလာသည်။
လောထျန်း၏ မျက်နှာကြီး ပုပ်သိုးသွားကာ ဒေါသတကြီး အော်လိုက်တော့၏။
မင်းတို့ဟာက ပြီးရောပြီးဦးမှာလား ။ ပြောစရာရှိတာကို အခု တစ်ခါတည်း အကုန်ပြောကြ
နျဲ့လင် နှုတ်ခမ်းမဲ့လိုက်ပြီးမှ အေးစက်စက်အကြည့်ဖြင့် ဆိုသည်။
ငါ တစ်ခုလောက် အကြံပေးချင်လို့ပါ ၊ မင်းရဲ့ ဟင်းလင်းပြင်လက်စွပ်ကို ခုတည်းက တခြားသူတစ်ယောက်ဆီ ပေးထားလိုက်ပါလား
ချူပန်းလင်နှင့် ကျန်လူများမှာလည်း သူ့စကား၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။
လောထျန်းက အရှုပ်အထွေးကျောက်ရိုင်းများစွာကို ရထားသည်ဟု သူတို့ထားကြားသည် မဟုတ်ပါလား။
ခန့်မှန်းရသလောက်ဆိုလျှင် ထိုကျောက်ရိုင်းတုံးများက သူ့ ဟင်းလင်းပြင်လက်စွပ်ထဲ၌ ရှိနေနိုင်ပါသည်။
ထို ထိပ်သီးရတနာများမှာ အရှုပ်အထွေးဓားရေကန်၏ ဓားစိတ်ဆန္ဒနှင့် ယှဉ်နိုင်ပါ၏။
သို့ဖြစ်ရာ သူတို့ တိုက်ခိုက်နေရင်း ထွက်လာသည့်အစွမ်းကြောင့် ၎င်းဟင်းလင်းပြင်လက်စွပ် မတော်တဆ ထိခိုက်မိသွားလျှင် နှမျောစရာကောင်းလွန်းလှပါသည်။
မင်း ဘာပြောလိုက်တယ်
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
နျဲ့လင်က အပြုံးဖြင့် ပြန်ပြော၏။
ငါက အကောင်းပြောတာပါကွာ ။ တိုက်ပွဲကနေ နှစ်ဖက်လုံး အဆုံးရှုံးများမှာကို မဖြစ်စေချင်လို့ပါ။ ငါတို့လဲ ဟင်းလင်းပြင်လက်စွပ်တွေကို ဘေးမှာပဲ ချထားမှာပါ
သူ ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်ကို ချွတ်ကာ ကျန်လူများဘက် လှည့်ကြည့်လိုက်သည်။
ကျန်သုံးယောက်မှာလည်း အခြေအနေကြိ နားလည်စွာဖြင့် သူတို့၏ ဟင်းလင်းပြင်လက်စွပ်များကို ကိုယ်စီချွတ်လိုက်ကြ၏။
လောထျန်း သူတို့သုံးယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
မင်းတို့က ...
တဖက်မှ သုံးယောက်မှာကား သူတို့အဆိုကို လောထျန်း ငြင်းလိုက်မည်စိုးသည့်အလား လောထျန်း၏ ဟင်းလင်းပြင်လက်စွပ်ကို စူးစိုက်ကြည့်နေကြ၏။
သို့သော် လောထျန်းက ခေါင်းညိတ်၍သာ ပြန်ပြောပါသည်။
မင်းတို့က တကယ် စိတ်ထားကောင်းတာပဲ
ဟင်
တဖက်လူသုံးယောက် မှင်သက်မိကုန်ကြသည်။
လောထျန်းက ပြောပြီးသည်နှင့် ဟင်းလင်းပြင်လက်စွပ်ကို ချွတ်ကာ သူ့နောက်မှ လောပန်းဆီသို့ ပစ်ပေးလိုက်သည်။
ငါ့လက်စွပ်ကို ခဏသိမ်းထားကွာ
သူ ပြော၏။
တဖက်လူများသာ မပြောလာပါက သူ ထိုကိစ္စအား တွေးမိမည် မဟုတ်ပါချေ။
သူတို့ တိုက်ခိုက်နေစဉ်အတွင်း တဖက်လူများ၏ ဟင်းလင်းပြင်လက်စွပ်များ မတော်တဆ ပျက်စီးသွားပါက သူ့အတွက် ဆုံးရှုံးမှု ကြီးသွားပေမည်။
ဟုတ်ကဲ့
လောပန်းက ပြောပြီး ဟင်းလင်းပြင်လက်စွပ်ကို လှမ်းယူ၏။
ထိုစဉ်မှာ လူတစ်ယောက်၏ အသံကိုလည်း လောပန်း ကြားလိုက်ရသည်။
ဟာ မဖြစ်ဘူး
ဘာဖြစ်လို့ အဲ့လိုပြောတာလဲ
လောပန်း ထိုလူဘက်လှည့်ကြည့်၍ မေးလိုက်သည်။
ချောင်ချီလျိုက အံကြိတ်ကာ ပြန်ပြော၏။
ဒီကောင်တွေက ဟိုကောင်လေးဆီမှာ ရှိထားတဲ့ ရှားပါးရတနာတွေကို လိုချင်နေကြတာ အသိသာကြီးပဲလေ။ တကယ်လို့ ဟင်းလင်းပြင်လက်စွပ်ကိုသာ မချွတ်ထားရင် သူတို့ ဇွတ်ကြီး တိုက်ခိုက်မှာမဟုတ်တော့ နည်းနည်းပိုသက်သာဦးမှာ။ ဒါပေမယ့် အခု ဟင်းလင်းပြင်လက်စွပ်လဲ မရှိတော့ဘူးဆိုတော့ သူတို့ စိတ်ရှိသလို တိုက်ခိုက်ကြတော့မှာကွ။ ဟိုကောင်လေးတော့ သွားပြီ ..
လောပန်းက သူ့အား ဘာစကားမှ မပြောချင်တော့ပုံဖြင့် မျက်စောင်းဖြင့်သာ ကြည့်နေလိုက်သည်။
ထိုစဉ် တဖက်မှ နျဲ့လင်တို့လူအုပ်မှာ လောထျန်းက ဟင်းလင်းပြင်လက်စွပ် ချွတ်လိုက်သည်ကို ကြည့်ပြီး အလွန်ပျော်နေကြပါ၏။
ကောင်းတယ်ကွာ ။ လောထျန်း ၊ ငါတို့ချင်းကြားမှာ ဘာရန်ညိုးမှ မရှိထားဘူးဆိုပေမယ့် မင်းက ကောင်းကင်ဘုံသားတော်ကို စော်ကားခဲ့တဲ့အတွက် မင်းကို အသက်ဆက်ရှင်ခွင့် မပေးနိုင်ဘူး ။ ခုလိုအချိန်မှာ မင်းအတွက် ဘာက အကောင်းဆုံးလဲဆိုတာကို သိမယ်လို့ မျှော်လင့်ပါတယ်။ ဒီတော့ ငါတို့ဘက်ကလဲ မင်းကို စာနာတဲ့အနေနဲ့ မြန်မြန်သတ်ပေးမယ်
နျဲ့လင်ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဝုန်း ..
ထိုတခဏ၌ သူ့အရောင်အဝါလည်း ပေါက်ကွဲထွက်လာ၏။
ဝုန်း .. ဝုန်း ... ဝုန်း ...
ကျန်သုံးယောက်ကလည်း သူတို့၏အရောင်အဝါများကို တစ်ပြိုင်နက်တည်းနီးပါး ထုတ်လွှတ်လိုက်ကြပါသည်။
ဒါ ... ဓမ္မခန္ဓာကိုယ်အစစ်လား ၊ ဖိနှိပ်အစွမ်းက အားပြင်းလိုက်တာကွာ
ဟိုလက်ဝါးသိုင်းမှာလဲ ဧကရာဇ်အစွမ်းတွေ ပါနေသလိုပဲ
နတ်ဆိုးအရောင်အဝါ .. အဲ့ဒါ ဝူကျန့်ရဲ့ ဝှက်ဖဲ နတ်ဆိုးအရောင်အဝါပဲကွ
ပါရမီရှင်လေးယောက် အတူတူပေါင်းပြီး တိုက်ခိုက်ရုံတင်မကဘူး ၊ သူတို့ရဲ့ အစွမ်းကုန်ပါ ထုတ်သုံးနေကြတာပဲ ။ အဲ့လောက်ကြီးလုပ်ဖို့ လိုလို့လားကွာ
ဟူး .. ဘယ်တတ်နိုင်မလဲကွာ။ ဟို လောထျန်းဆိုတဲ့ကောင်က မောက်မာလွန်းတာကိုး။ သူ ကောင်းကင်ဘုံသားတော်ကို စော်ကားလိုက်ကတည်းက သေလူဖြစ်သွားပြီလေ
အနီးနားမှလူများ ခေါင်းယမ်းကာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
လောထျန်းတစ်ယောက် သေလမ်းမှ လွတ်နိုင်ဖွယ်မရှိဟုလည်း သူတို့ မြင်နေပါ၏။
ထိုစဉ်မှာပင် ဝမ်ချန်းက ဒေါသမထိန်းနိုင်တော့ပုံဖြင့် ရှေ့သို့ ဝုန်းခနဲတိုးလာသည်။
လောထျန်း ၊ မင်း တော်တော်တုံးတာပဲကွ။ အခု မူလမသေမျိုးလက်နက် မသုံးဘဲနဲ့ ငါ့ရဲ့ ဓမ္မခန္ဓာကိုယ်အစစ်ကို ခံကြည့်လိုက်ပါဦး
သူ အသံကျယ်ဖြင့် အော်ရယ်ကာ တိုက်ခိုက်မည့်ပုံ ပြင်လိုက်၏။
သူ့နောက်တွင်လည်း ကြောက်မက်ဖွယ် ပုံရိပ်ယောင်တစ်ခု ...
ထို ပုံရိပ်ယောင်ဆီမှ ခပ်မှိန်မှိန် ဧကရာဇ်အရောင်အဝါတစ်ခုလည်း ထုတ်လွှတ်လာပါသည်။
ဟင် .. ဝမ်ချန်းက မသေမျိုးဧကရာဇ်အဆင့်နီးပါး ပုံရိပ်ယောင်ကို ထုတ်သုံးနေတာလား
မမသေမျိုးဧကရာဇ်အဆင့်နီးပါး ဟုတ်လား ၊ မဖြစ်ဘူးဟေ့ မြန်မြန်ဘေးဖယ်နေကြ ။ မဟုတ်ရင် တိုက်ခိုက်နေတဲ့ကြားထဲ ငါတို့ပါ ရောပါသွားမယ်
ဒေါသထွက်စရာ ကောင်းလိုက်တာကွာ ။ ဒီ ဝမ်ချန်းဆိုတဲ့ကောင်က ငါတို့ကိုပါ သတ်ဖို့ ကြိုးစားနေတာလား
လူအုပ်ကြီး အော်ဟစ်ရင်း ထွက်ပြေးလိုက်ကြသည်။
သို့သာ် ဝမ်ချန်းမှာ ထိုလူများကို အာရုံထဲတွင်ပင် မရှိပါချေ။
သူ့မျက်လုံးထဲ၌ လောထျန်းတစ်ယောက်တည်းကိုသာ မြင်နေပါ၏။
လောထျန်း ၊ သေစမ်းကွာ
သူ့အော်သံနှင့်အတူ ဓမ္မပုံရိပ်ယောင်က လောထျန့်ရှေ့ ပေါ်လာကာ အသေတိုက်ခိုက်မည့်ပုံ ပြင်လိုက်ပါသည်။
သို့သော်
နားငြီးလိုက်တာကွာ
လောထျန်းက ထိုတစ်ခွန်းသာပြောပြီး လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။
ရွှေရောင်လက်ဝါးကြီးတစ်ဖက် တမဟုတ်ချင်း ပေါ်လာကာ ဝမ်ချန်းအား ဖမ်းဆုပ်လိုက်သည်။
ဟင် .. ဒီကောင်က ဘာလုပ်မလို့လဲ။ ဒီလိုအချိန်မှာ ထိပ်တိုက် တိုက်ခိုက်ဖို့ ကြိုးစားတာက ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ ဘာထူးမှာလဲကွာ
ဟုတ်တယ် ၊ အဲ့ဒါ မသေမျိုးဧကရာဇ်အဆင့်နီးပါး ဓမ္မပုံရိပ်ယောင်လေ
အဝေးမှကြည့်နေသော လူအုပ်ထံမှ အော်ဟစ်သံများ ထွက်လာသည်။
လောထျန်း၏ လုပ်ရပ်မှာ ရထားလုံးကြီးတစ်ခုကို တားရန်ကြိုးစားနေသည့် နှံကောင်လေးတစ်ကောင်နှင့် တူသည်ဟုလည်း သူတို့ မြင်နေပါသည်။
၎င်းမှာ ကိုယ့်ကိုကိုယ် သတ်သေသည်နှင့် မခြားပါချေ။
ထိုစဉ်မှာပင် လောထျန်း၏ ကောင်းကင်ဘုံလက်ဝါးနှင့် ဝမ်ချန်း၏ ဓမ္မပုံရိပ်ယောင်တို့ ထိပ်တိုက်တွေ့သွားကြသည်။
ထို့နောက် ..
အွတ် ..
ကောင်းကင်ဘုံလက်ဝါးကြီး အသာအယာ ညှစ်လိုက်ရုံဖြင့်..
ဝမ်ချန်းတစ်ယောက် သေသွားပါတော့၏။