Annihilation
Vol. 68 Ch. 992
မင်း ဘာပြောလိုက်တာ
ချူပန်းလင်၏ မျက်လုံးများ မျက်လုံးအိမ်မှ ကျွတ်ထွက်ကျမတတ် ဖြစ်သွားသည်။
တောင်တန်းနှင့်မြစ် အချုပ်အနှောင်သည် နျဲ့လင်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသေးသည်ဆိုပါက လက်ရှိ ၎င်းအချုပ်အနှောင်တွင် ကမ္ဘာငယ်တစ်ခု၏ ဖိအား ပါဝင်နေသည်ဆိုသည့် အဓိပ္ပါယ်ပါပင်။
လောထျန်းက ထိုဖိအားကိုပင် မမှုဘဲ အချုပ်အနှောင်အား လက်ဖြင့်ကိုင်မြှောက်၍ ကစားနေနိုင်ပါသလား။
သူ့ရဲ့အစွမ်းက ကမ္ဘာငယ်ရဲ့ဖိအားထက်ကို သာနေတာများလား
ဝူကျန့် တုန်တုန်ယင်ယင် မေးလိုက်၏။
ဒါ .. မဟုတ်သေးဘူး
ချူပန်းလင်ကလည်း ပြောသည်။
ဝူကျန့် သူ့ဘက်လှည့်ကြည့်လိုက်ရာ ချူပန်းလင်က တံတွေးကို ခက်ခက်ခဲခဲမြို၍ ဆက်ပြောပါသည်။
သူ့ရဲ့အစွမ်းက ကမ္ဘာငယ်ထက်ကို အများကြီး ပိုသာတယ်
ဘယ်လို ၊ ကောင်းကင်ဘုံသားတော်ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကတောင် အဲ့လောက်မဟုတ်ဘူးလေ။ ဒီတိုင်းဆို သူက ကောင်းကင်ဘုံသေားတော်နဲ့ လက်ရည်တူနေတာလား
ဝူကျန့် အသံတုန်တုန်ဖြင့် ဆက်ပြောလိုက်၏။
ချူပန်းလင်၏ ခန္ဓာကိုယ် ရုတ်တရက်တောင့်တင်းသွားသည်။
ထိုစဉ် နျဲ့လင်က ရုတ်တရက်ပြောပါသည်။
မင်းတို့နှစ်ယောက် စကားများမနေဘဲ ငါ့ကို လာကူကြစမ်းပါကွာ
ဟင်
သူတို့နှစ်ဦး ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြ၏။
လက်ရှိတွင် နျဲ့လင်မှာ ယခင်ထက် ပိုပိန်သွားပြီး သူ့ပါးစပ်နှင့် နှာခေါင်းမှလည်း သွေးများ စီးကျနေပါသည်။
ဒါ ..
ဝူကျန့် အံ့ဩသွားရသည်။
နျဲ့လင်က အံကြိတ်ကာပြော၏။
ငါ တောင်တန်းနဲ့မြစ် အချုပ်အနှောင်ရဲ့ တိုက်ခိုက်တာကို ခံနေရတယ်
ဒါဆို အဲ့ဒါကို ဆက်မထိန်းချုပ်ဘဲ မြန်မြန်လွတ်လိုက်လေကွာ
ချူပန်းလင် ပြောလိုက်သည်။
နျဲ့လင်က အံကြိတ်၍သာ ပြန်ပြောပါသည်။
ငါ တောင်တန်းနဲ့မြစ် အချုပ်အနှောင်ကို စိတ်ရှိတိုင်း မထိန်းချုပ်နိုင်သေးဘူးကွ ။ အချုပ်အနှောင်ကို သွားထိမှသာ ငါနဲ့ကြားက ဆက်သွယ်မှု ပြတ်နိုင်မှာ
ဒါဆို သွားထိလိုက်လေကွာ
ဝူကျန့် မျက်မှောင်ကြုံ့ရင်း ပြောသည်။
နျဲ့လင် အံကြိတ်လိုက်၏။
ငါ အချုပ်အနှောင်ကို ဒီဘက်ပြန်ဆွဲဖို့ ကြိုးစားပေမယ့် ဟိုကောင်လေးက ကိုင်ထားတော့ ပြန်ဆွဲမရဘူးကွ
ထိုစကားကိုကြားမှ ကျန်နှစ်ယောက် အခြေအနေကို သဘောပေါက်သွားကြသည်။
တောက် ၊ လောထျန်း .. တောင်တန်းနဲ့မြစ် အချုပ်အနှောင်ကို ပြန်ပေးစမ်း
ဝူကျန့် အေးစက်စက်ပြောလိုက်၏။
တဖက်မှ လောထျန်းမှာ ထိုအသံကိုကြားမှ အတွေးနယ်ချဲ့နေရာမှ အသိပြန်ဝင်ပြီး ဝူကျန့်ဘက် လှည့်ကြည့်ပါသည်။
ပြန်ပေးရမယ် ဟုတ်လား
ဝူကျန့် အံကြိတ်လိုက်သည်။
ဟုတ်တယ်
လောထျန်း ခေါင်းညိတ်လိုက်၏။
ကောင်းပြီလေ ၊ ဒါဆိုလဲ ပြန်ပေးရမှာပေါ့
သူ့စကားကြောင့် အားလုံး အံ့ဩသွားကြပြန်ပါသည်။
လောထျန်းက အဘယ့်ကြောင့် ဤမျှ ပြောရဆိုရ လွယ်ကူနေမှန်း မည်သူမှ နားမလည်နိုင်ကြပါ။
လောမိသားစုဝင်များကမူ တဖက်လူများကို သနားစိတ် ဖြစ်လာကြပါ၏။
ထိုစဉ်မှာပင် လောထျန်းက တောင်တန်းနှင့်မြစ် အချုပ်အနှောင်ကို ကိုင်မြှောက်ကာ ပစ်လိုက်သည်။
၎င်းကို မြင်လိုက်ရသော နျဲ့လင်တစ်ယောက် ရုတ်တရက် သဘောပေါက်သွားပြီး ကြောက်လန့်တကြား အော်လိုက်၏။
မဖြစ်ဘူး
သို့သော် သူ့အော်သံက နောက်ကျလွန်းသွားခဲ့လေပြီ။
ဝှစ်
ဝုန်း
လောထျန်း ပြန်ပစ်လိုက်သော တောင်တန်းနှင့်မြစ် အချုပ်အနှောင်က နျဲ့လင်၏ ခေါင်းပေါ်တည့်တည့်သို့ ကျသွားတော့သည်။
နျဲ့လင်မှာ ဘာမှမတုန့်ပြန်လိုက်နိုင်မှာပင် ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်ပြီး သေသွားရရှာ၏။
လေထဲမှ သူ့ အသက်မဲ့ခန္ဓာကိုယ် အောက်သို့ ပြုတ်ကျလာသည်။
ဝုန်း
တောင်တန်းနှင့်မြစ် အချုပ်အနှောင်မှာလည်း မသေမျိုးစွမ်းအင် အထောက်အပံ့ကို မရတော့သဖြင့် ဖိအားများ ဆုံးရှုံးသွားသည်။
သို့တိုင် လောထျန်းပစ်လိုက်သည့်အားက ကြောက်စရာ ကောင်းလွန်းနေသဖြင့် ခပ်လှမ်းလှမ်းမှ တောင်ဆယ်လုံးကျော်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖိခြေပစ်ပြီးမှသာ နောက်ဆုံးရပ်သွား၏။
လက်ရှိတွင် ဝူကျန့်နှင့် ချူပန်းလင်တို့ နှစ်ယောက်မှာလည်း မျက်နှာအလွန်ပျက်နေလေပြီ။
သူတို့ထဲမှ နောက်တစ်ယောက်က အချိန်တိုလေးအတွင်း ထပ်သေသွားခံ့ပြန်ပြီ မဟုတ်ပါလား။
လောထျန်းအား သတ်မည်ဟု ပေးထားခဲ့သည့် ကတိက ယခုကဲ့သို့ ဖြစ်လာခဲ့သတဲ့လား
ထိုစဉ် ချူပန်းလင်က ရုတ်တရက် မျက်မှောင်ကြုံ့လိုက်သည်။
ဝုန်း
သူ့အနောက်ဘက်တွင် သောင်းနှင့်ချီသော ကိုယ်ပွားပုံရိပ်များ ရုတ်ချည်းပေါ်လာ၏။
ဟင် .. အဲ့ဒါ ချူမိသားစုရဲ့ ကိုယ်ပွားပုံရိပ်သိုင်းကွက်လား ။ သူက လောထျန်းကို ကိုယ်ပွားပုံရိပ်သိုင်းကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားနေတာလား
ဒါပေမယ့် အဲ့လိုတိုက်ခိုက်ဖို့ ကိုယ်ပွားပုံရိပ်တွေ များလွန်းနေသလိုပဲ
အားလုံး တအံ့တဩ ဖြစ်နေစဉ်မှာပင်
ဝှစ်
ထိုသောင်းနှင့်ချီသည့် ကိုယ်ပွားပုံရိပ်များက အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြ၏။
၎င်းကိုမြင်သော လောပိုင်က ဒေါသတကြီး ရေရွတ်သည်။
လာပြန်ပြီ ဒီအကွက်
သူ အစောပိုင်းက ချူပန်းလင်နှင့် တိုက်ခိုက်ခဲ့စဉ်တွင်လည်း ချူပန်းလင်က ထိုအကွက်ကို သုံးပြီး ထွက်ပြေးသွားခဲ့ပါသေး၏။
ထိုစဉ်က များလှသည့် ကိုယ်ပွားပုံရိပ်များကြောင့် ရန်သူအစစ်ကို သူ မရှာနိုင်ဘဲ ရန်သူ ထွက်ပြေးသွားသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရပါသည်။
ယခုလည်း လောထျန်းတစ်ယောက် သူ့လိုအလားတူပြဿနာမျိုး ကြုံရပြန်လေပြီ။
သို့သော် လောထျန်းက သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်ပါ၏။
ထို့နောက်တွင်
ဝှစ်
လောထျန်း၏ပုံရိပ် လှစ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ... ချူပန်းလင်၏ ကိုယ်ပွားပုံရိပ်များထဲမှ တစ်ခုရှေ့၌ ရုတ်တရက်ပြန်ပေါ်လာသည်။
ဟင် .. ဒီကောင်ကလဲ ကိုယ်ပွားပုံရိပ်တွေ ဖန်တီးနိုင်တာလား
ချူပန်းလင် အံ့ဩတုန်လှုပ်သွား၏။
ထိုစဉ်မှာပင် လောထျန်း လှုပ်ရှားလိုက်ပါသည်။
ဝှစ် ... ဝှစ် ...
ချူပန်းလင်၏ ကိုယ်ပွားပုံရိပ်များ တစ်ခုပြီးတစ်ခု ပြိုကွဲသွားကာ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း ကိုယ်ပွားပုံရိပ် တစ်ဝက်ခန့် ဖျက်ဆီးခံလိုက်ရ၏။
ချူပန်းလင်မှာလည်း ထိုစဉ်မှ ဘာဖြစ်နေသည်ကို ရိပ်စားမိသွားတော့သည်။
မဟုတ်ဘူး .. ဒါ ကိုယ်ပွားပုံရိပ် မဟုတ်ဘူး ။ သူသွားတာ မြန်လွန်းနေတာ
သူလှုပ်ရှားတာ မြန်လွန်းလို့ နောက်မှာ ကိုယ်ပွားပုံရိပ်လိုမျိုး ကျန်နေခဲ့တာ ။ ခဏလေးအတွင်းမှာတောင် အဲ့လိုပုံရိပ်တွေ သောင်းနဲ့ချီ ကျန်ခဲ့တာဆိုတော့ ဒီကောင် လူမှ ဟုတ်သေးရဲ့လား
သူ အလွန်လည်း တုန်လှုပ်သွားရသည်။
သို့သော် သူ အံ့ဩ၍ မဆုံးသေးခင်မှာပင် လောထျန်းက သူ့ခန္ဓာကိုယ်အစစ်ရှေ့သို့ ရောက်လာခဲ့ပါ၏။
ခဏလေး ...
ချူပန်းလင် စကားပြောရန် ကြိုးစားလိုက်သည်။
သို့သော်
အွတ်
လောထျန်းက လက်ဝါးဖြင့် ရိုက်လိုက်သည့်အတွက် သူ့ခေါင်း ပေါက်ကွဲထွက်သွားပါတော့၏။
ဝှစ်
လောထျန်းက နောက်ကိုယ်ပွားပုံရိပ် တစ်ခုရှေ့သို့ ဆက်ပျံသန်းသွားသည်။
သို့သော် ချူပန်းလင်၏ ခန္ဓာကိုယ်အစစ် ပြိုကွဲသွားသည်နှင့် ထိုကိုယ်ပွားပုံရိပ်များမှာလည်း လေထုထဲ လွင့်ပါးပျောက်ကွယ်သွားကြပါတော့၏။
ချူပန်းလင် သေသွားခဲ့လေပြီ။
ဟင် ၊ ဘာဖြစ်သွားတာလဲ ။ ငါ ခန္ဓာကိုယ်အစစ်ကို သတ်လိုက်မိတာလား ။ နေဦး .. ဘယ်ဟာက ခန္ဓာကိုယ်အစစ်လဲ
လောထျန်းတစ်ယောက် သူ့ရှေ့မြေပြင်မှ သွေးအိုင်ကိုကြည့်ရင်း တအံ့တဩ ဖြစ်လျက် ...
တခဏအကြာမှ သူ ခေါင်းယမ်း၍ ရေရွတ်လိုက်သည်။
ထားပါလေ ၊ ဘယ်လိုနေနေ သေသွားပြီပဲဟာ ။ အခု နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ်
သူ ပြောပြီး ဝူကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။
တဖက်မှ ဝူကျန့်တစ်ယောက် ကျောရိုးထဲထိတိုင် အေးစိမ့်သွားပါ၏။
သူ တုန်လှုပ်လွန်း၍ လေထဲမှ ပြုတ်ကျတော့မလိုပင် ဖြစ်သွားသည်။
အခြေနေများက အဘယ့်ကြောင့် ယခုလို ဖြစ်လာခဲ့ရပါသနည်း။
သို့သာ် လောထျန်း၏အကြည့်ကို မြင်ပြီးနောက်တွင် ဝူကျန့် ပြန်တည်ငြိမ်သွားပါသည်။
လောထျန်း
သူ တစ်လုံးချင်းပြောပြီး နတ်ဆိုးအရောင်အဝါကို ထုတ်လွှတ်လိုက်သည်။
ငါကလဲ သိုင်းသမားတစ်ယောက် ဖြစ်တဲ့အတွက် ဘာနောင်တမှ မရှိဘဲ ကောင်းကောင်းတိုက်ခိုက်ဖို့ပဲ မင်းကို တောင်းဆိုချင်တယ်။ ဒီတော့ မင်းရဲ့ အစွမ်းကုန်သုံးပြီး ငါ့ကို တိုက်ခိုက်ဖို့ မျှော်လင့်ပါတယ်
လက်ရှိတွင် လောထျန်းနှင့် ရင်ဆိုင်ရမည်ကို သူ့စိတ်အေးသွားသလိုလည်း ရုတ်ချည်း ခံစားနေရ၏။
အစွမ်းကုန်သုံးရမယ် ဟုတ်လား
လောထျန်း တဖက်လူကိုကြည့်ပြီး မျက်ခုံးပင့်သွားသည်။
ဝူကျန့် ခေါင်းညိတ်ပြပါ၏။
ဟုတ်တယ် ၊ အဲ့ဒါ ငါ နောက်ဆုံးတောင်းဆိုချင်တာပဲ
သူ သေရန် အသင့်ပြင်ပြီးသား ဖြစ်သောကြောင့်လည်း ထိုစကားကို ပြောနေနိုင်ခြင်းပါပင်။
လောထျန်းက ခေတ္တမျှ စဉ်းစားနေပြီးနောက် ခေါင်းယမ်းပါသည်။
မဖြစ်ဘူးကွ
ဘာဖြစ်လို့လဲ
ဝူကျန့် ဒေါသတကြီး ပြန်ပြောလိုက်၏။
သူ သေခါနီး နောက်ဆုံးတောင်းဆိုမှုကိုပင် တဖက်လူက အဘယ့်ကြောင့် မလိုက်လျောရမှန်း ဝူကျန့် နားမလည်နိုင်ပါ။
လောထျန်းက အေးဆေးသာ ပြန်ပြောပါသည်။
ငါ့အစွမ်းကုန် သုံးလိုက်ရင် ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်က ခံနိုင်မှာမဟုတ်ဘူးကွ
မင်း ဘာပြောလိုက်တာ
သူ့စကားကြောင့် ဝူကျန့် မှင်သက်မိသွားသည်။
ထိုစဉ်မှာပင် လောထျန်းက သူရှိရာဘက်သို့ လက်ဖျောက်တစ်ချက် တီးလိုက်ပါ၏။
ဝှစ် ..
စွမ်းအင်တန်းတစ်ခုက ဝူကျန့်ဆီသို့ ချက်ချင်းတိုးဝင်လာသည်။
သွေးများ နေရာအနှံ့ ပြန့်ကျဲသွား၏။
ဝူကျန့် သေသွားရလေပြီ။
ဝူကျန့်၏ ခန္ဓာကိုယ် လေထဲမှ ပြုတ်ကျလာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်လွန်း၍ အပ်ကျသံကိုပင် ကြားရတော့မတတ် ...
မကြာသေးခင် အချိန်လေးကပင် အားလုံး၏ လောထျန်းအပေါ်ကြည့်သည့် အကြည့်မှာ သေရတော့မည့် ကံဆိုးသူမောင်ရှင်ကို ကြည့်သလိုဖြစ်နေခဲ့ပါသေးသည်။
သို့သော် လက်တွေ့တွင် ချင်းယွမ်ဒေသ ပါရမီရှင်စာရင်း ထိပ်ပိုင်း၌ ရှိနေသူလေးယောက်ကသာ သေဆုံးသွားရမည်ဟု ဘယ်သူ ထင်ထားပါမည်လဲ။
ထို့ထက်ပိုဆိုးသည်မှာ ထိုလေးယောက်ကို သတ်ရန်အတွက် လောထျန်းအနေဖြင့် အစွမ်းကုန်ပင် သုံးစရာမလိုလိုက်ခြင်း ဖြစ်ပါသည်။
သူ အေးအေးဆေးဆေး တိုက်ခိုက်နေရင်းဖြင့်ပင် တဖက်လူလေးယောက်လုံး သေသွားခဲ့ရပါ၏။
လောထျန်းက အဲ့လောက်တောင် အစွမ်းထက်တာလား
သူ့အစွမ်းက လက်ရှိ ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းက သူတွေအားလုံးထက် ပိုသာတာသေချာတယ်။ ဟို ကောင်းကင်ဘုံသားတော်က လွဲလို့ပေါ့ကွာ
ငါတော့ ကောင်းကင်ဘုံသားတော်တောင် သူ့ပြိုင်ဘက် ဖြစ်နိုင်မယ်မထင်ဘူး
လျှောက်ပြောမနေနဲ့။ကောင်းကင်ဘုံသားတော်က အရှုပ်အထွေးခန္ဓာကိုယ် ရှိတဲ့အပြင် သူ့ရဲ့ ကျင့်ကြံခြင်းကလဲ မသေမျိုးဘုရင်အဆင့်ကို ရောက်ထားပြီးပြီလေ။ လောထျန်းနဲ့ အကွာကြီးပဲကွ
မင်းပြောတာလဲ ဟုတ်သားပဲ
လူအုပ်၏ ပွက်လောရိုက်နေသော စကားသံများကြားမှာပင် အရှုပ်အထွေးဓားရေကန်ဘေးမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်း ထွက်လာ၏။