← Chapters

Three methods of the chaotic sword pool

Vol. 68 Ch. 993

Three methods of the chaotic sword pool

Vol. 68 Ch. 993

အားလုံး အရောင်အဝါ ထွက်လာသည့်ဘက် လှည့်ကြည့်လိုက်ကြ၏။

ထိုစဉ်မှာပင် ကောင်းကင်နှင့်မြေကြီးသို့တိုင် ထိစပ်နေသည့် အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု ထွက်လာပါသည်။

မရေမတွက်နိုင်သော ထွင်းစာများလည်း ၎င်းအရှုပ်အထွေး နတ်ဘုရားအလင်းတန်း၏ ဘေးပတ်လည်တွင် ပေါ်လာ၏။

ထို နတ်ဘုရားအလင်းတန်းထဲတွင်ကား မိုရှန့် ...

လက်ရှိတွင် နတ်ဘုရားအလင်းတန်းများက သူ့ကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်နေကာ သူ့အရောင်အဝါလည်း တစထက်တစ ပိုပိုအားကောင်းလာနေပါသည်။

နောက်ဆုံး နတ်ဘုရားအလင်းတန်း သူ့ကိုယ်ထဲသို့ ဝင်သွားပြီး‌နောက်တွင်ကား မိုရှန့်ကိုယ်မှ အစွမ်းထက်သော အအရောင်အဝါတစ်ခု ရုတ်ချည်း ထွက်လာ၏။

သူ့မျက်လုံးများလည်း ဖြည်းဖြည်းချင်း ပွင့်လာသည်။

ထို လှုပ်ရှားမှုလေးနှင့်အတူ သူ့ကိုယ်မှ အရှုပ်အထွေးအစွမ်းများလည်း ထွက်လာသေး၏။

ချွှင်

သူ့ခေါင်းထက်တွင်လည်း အစွမ်းထက်သော အရှုပ်အထွေးဓားအရိပ်တစ်ခု စုစည်းအသွင်ပေါ်လာသည်။

ဒီအစွမ်းက

မိုရှန့် ခေါင်းမော့၍ တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူ လက်ကို အသာယမ်းလိုက်၏။

ချွှင်

ချက်ချင်းမှာပင် သူ့လက်ချောင်းထိပ်များမှ ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု ထွက်လာပါသည်။

၎င်း ဓားအလင်းတန်းက မြည်သံတစ်ချက်ပေးပြီး ပြန်ပျောက်ကွယ်သွား၏။

တခဏအကြာမှာပင် ခပ်လှမ်းလှမ်းရှိ တောင်ထိပ်တစ်ခု ပြားချပ်သွားသည်။

ထိုတိုက်ခိုက်မှု၏ အစွမ်းကို အာရုံခံမိသည်နှင့် မိုရှန့်၏ မျက်လုံးများ အရောင်လက်သွားကာ တအံ့တဩ ရေရွတ်လိုက်သည်။

ဒါ အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ အစွမ်းလား။ တကယ်ကို အံ့မခန်းပဲကွာ

လက်ရှိတွင် မိုရှန့်တစ်ယောက် အလွန်လည်း စိတ်လှုပ်ရှားနေပါ၏။

ထို့နောက်တွင် လူအုပ်၏ လေးစားအားကျသော အကြည့်ကို ခံယူရန် သူ လူအုပ်ဘက် လှည့်လိုက်သည်။

သို့သော် တဖက်မှ လူအုပ်မှာ သူ့ကို တစ်ချက်သာ လှမ်းကြည့်ပြီးနောက် အခြားတဖက်သို့ ခေါင်းများ အလျှိုလျှို ပြန်လှည့်သွားကြပါ၏။

ဟင် ဘာတွေဖြစ်နေတာလဲ

မိုရှန့် နားမလည်နိုင် ဖြစ်သွားရသည်။

သူ အရှုပ်အထွေးခန္ဓာကိုယ် တစ်ခုကို အောင်အောင်မြင်မြင် ရခဲ့သည့်အပြင် ဓားသိုင်းဖြင့်လည်း ဉာဏ်အလင်းပွင့်သွားခဲ့ပါသေး၏။

ထိုသို့သော အ‌ခြေနေမျိုးတွင် အားလုံး၏အာရုံက သူ့ထံ၌သာ ရဇိနေသင့်သည် မဟုတ်ဘူးလား။

ယခု လူများက အဘယ့်ကြောင့် သူ့ကို ကြည့်မနေရပါသနည်း။

သူ မနေနိုင်တော့ဘဲ မလှမ်းမကမ်းမှ လူတစ်ယောက်ကို လှမ်းကြည့်ကာ မေးလိုက်ပါ၏။

ဟေ့ ၊ မင်း ငါဘယ်သူလဲဆိုတာ သိလား

တဖက်လူ အံ့ဩသွားဟန် တူပြီးမှ ခေါင်းညိတ်ပြပါသည်။

သိပါတယ် ၊ သခင်လေးက ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းမှာပါတဲ့ မိုရှန့်လေ

သူ ထိုသို့ဖြေပြီးနောက် အခြားဘက်သို့ ပြန်လှည့်သွား၏။

မိုရှန့် မျက်နှာကြီး မဲ့သွားတော့သည်။

သို့သော် ထိုစဉ်မှာပင် မလှမ်းမကမ်း၌ ရှိနေသည့် ရင်းနှီးသော မျက်နှာတစ်ခုကို သူ တွေ့သွားပါ၏။

လီထျန်းယွမ်

မိုရှန့် အရောင်လက်နေသော မျက်လုံးများဖြင့် အော်ခေါ်လိုက်သည်။

လီထျန်းယွမ်က သူ့အသံကိုကြားပြီး လှည့်ကြည့်လာ၏။

မိုရှန့် ရယ်လိုက်သည်။

လီထျန်းယွမ် မင်းက ငါ့အစွမ်းကို အမြဲတမ်း မယုံကြည် ဖြစ်လာခဲ့တာ။ ဒါပေမယ့် အခုတော့ ငါ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံလိုက်နိုင်ပြီကွ။ ဒီတစ်သက်မှာတော့ မင်း ငါ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး

သူ ထိုသို့ပြောရင်း အရှုပ်အထွေးခန္ဓာကိုယ် ဆိုသည့်စကားကို သေချာပင် ကျယ်ကျယ်ပြောလိုက်သည်။

လီထျန်းယွမ် ခေါင်းညိတ်လိုက်၏။

အင်း

သူ ထိုသို့သာပြောပြီး အခြားဘက်သို့ ခေါင်းပြန်လှည့်သွားပါသည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မိုရှန့်တစ်ယောက် သွေးဆောင့်တက်သွားသလိုပင် ခံစားလိုက်ရပါ၏။

ဘာတွေဖြစ်နေပါသလဲ ..

အခြားသူများက သူ့အား ဂရုမစိုက်ကြသည်ကို သူ လက်ခံနိုင်သေးသော်လည်း လီထျန်းယွမ်မှာ သူ့အား ရန်သူတော်ကြီး တစ်ယောက်ဟု အမြဲသတ်မှတ်ထားခဲ့သူ ဖြစ်ပါသည်။

ယခု သူ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံပြီးချိန်တွင် လီထျန်းယွမ်က အဘယ့်ကြောင့် ယခုလို ဂရုမစိုက်ဘဲ နေနိုင်ရပါသလဲ ။

သူ တွေးရင်း ဒေါသလည်း ထွက်လာပါ၏။

လက်ရှိတွင် သူသည်လည်း ကောင်းကင်ဘုံသားတော်ကဲ့သို့ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာခဲ့လေပြီ ။

လူများက အဘယ့်ကြောင့် သူ့အား ဂရုမစိုက်ရပါသနည်း။

ထိုသူများ၏ အာရုံက ဘယ်ဆီ ရောက်နေပါသလဲ။

မိုရှန့် ထိုသို့တွေးပြီး အားလုံး ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းတွင်ကား လောထျန်းတစ်ယောက် တအံ့တဩဟန်ဖြင့် ဟင်းလင်းပြင်လက်စွပ်ကို လက်ထဲကိုင်ပြီး ရပ်နေပါ၏။

ဝိုး ဒီလေးယောက်က တော်တော်ချမ်းသာကြတာပဲ

လောထျန်း အရောင်လက်နေသည့် မျက်လုံးများဖြင့် ရေရွတ်သည်။

ဟင် .. ဒီကောင့်ကို မြင်ဖူးသလိုပဲ။ အဲ့ဒါ ဟို ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းပဲ ရှိသေးတဲ့တစ်ယောက် မဟုတ်လား

‌မိုရှန့် လောထျန်းအား ချက်ချင်းမှတ်မိသွား၏။

သူ ပို၍လည်း ဒေါသထွက်သွားရပါသည်။

သူ အရှုပ်အထွေးခန္ဓာကိုယ် ရသွားသည်ကိုပင် လျစ်လျူရှုခံရသည်အထိ ထို ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူက ဘာတွေ စိတ်ဝင်စားစရာ ကောင်းနေပါသလဲ ။

သူ ထိုသို့တွေးပြီး မျက်မှောင်အနည်းငယ် ကြုံ့သွားကာ လောထျန်းရှေ့သို့ ပျံသန်းသွားလိုက်သည်။

ဟင်းလင်းပြင်လက်စွပ်များကို သိမ်းနေသည့် လောထျန်းမှာလည်း သူ့ရှေ့ရောက်လာသော မိုရှန့်ကို မော့ကြည့်ပါ၏။

မိုရှန့်က လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ရင်း ပြောလိုက်သည်။

ငါ အရှုပ်အထွေးခန္ဓာကိုယ် ကျင့်ကြံပြီးသွားပြီဆိုတာ မင်း သိလား

လောထျန်း အံ့ဩသွားဟန် တူပြီးမှ ထေါင်းညိတ်လိုက်ပါသည်။

သိတယ်လေ ၊ အဲ့ဒါ ဘာဖြစ်လို့လဲ

မိုရှန့်တစ်ယောက် လည်ချောင်းထဲ တစ်ခုခု တစ်နေသလို ခံစားလိုက်ရ၏။

ဘာဖြစ်လို့လဲ တဲ့လား

သူ့လို အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်ကို အဘယ့်ကြောင့် မည်သူမှ ဂရုမစိုက်ကြပါသနည်း။

ငါ အရှုပ်အထွေးခန္ဓာကိုယ် ကျင့်ကြံလိုက်နိုင်ပြီလို့ ပြောနေတယ်လေ

မိုရှန့် ဒေါသတကြီး ထပ်အော်လိုက်သည်။

လောထျန်း ခေါင်းညိတ်ပါ၏။

အင်းလေ ၊ ငါ တွေ့လိုက်သားပဲ

သူ ထိုသို့ပြောပြီးနောက် သူ့နောက်တွင် ရှိနေကြသော ထျန်းယွမ်ကမ္ဘာသားများဘက် လှည့်ကြည့်ပါသည်။

ကဲ အားလုံး ၊ ဆက်သွားကြစို့ဟေ့

ထိုသို့ပြောပြီးသည်နှင့် သူ လူအုပ်ကို ဦးဆောင်ကာ မိုရှန့်ဘေးမှ ဖြတ်သွားလိုက်သည်။

မိုရှန့်တစ်ယောက် ပိုပို၍ ဆွံ့အသွားရ၏။

ထိုကောင်က ဘာကောင်ပါလဲ ..

အဘယ့်ကြောင့် သူ့လို ပါရမီရှင်အစစ်တစ်ယောက်ကို လျစ်လျူရှုနေနိုင်ရပါသလဲ ..

တောက် ၊ ဒီကောင်ကွာ .. အတင့်ရဲလိုက်တာ

မိုရှန့် ဒေါသအလွန်ထွက်လာပါတော့၏။

သို့သော် ထိုစဉ်မှာပင် သူ့ဘေးသို့ လူတစ်ယောက်ရုတ်တရက်ရောက်လာကာ ပြောပါသည်။

အကိုမို ၊ မြန်မြန်နာက်ဆုတ်ရအောင်ဗျာ

မိုရှန့် ထိုသူအား လှည့်ကြည့်လိုက်ရာ ယင်‌ေလွ့ဟုခေါ်သည့် သူ့မိတ်ဆွေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာလည်း ချင်းယွမ်ဒေသ ပါရမီရှင်စာရင်း၌ ပါဝင်သူပါပင် ။

ယင်လွေ့ပါလား ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ ။ ဘာဖြစ်လို့ အားလုံးက ..

မိုရှန့် မည်သို့မှ နားမလည်နိုင်ဘဲ ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူ အရှုပ်အထွေးဓားစိတ်ဆန္ဒအား မသန့်စင်ခင်မှာပင် အားလုံးက သူ့အား မနာလိုအားကျမှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသေးပါ၏။

ယခု သူ ပိုပြီး အစွမ်ထက်လာချိန်မှ သူ့အား အဘယ့်ကြောင့် ဂရုမစိုက်ကြတော့ပါသနည်း။

ယင်လွေ့က သူ့စကားကိုကြားပြီး မျက်နှာအနည်းငယ်ပျက်သွားကာ ပြန်ပြောပါသည်။

ဒါတွေအားလုံးက ဟိုဘီလူးကောင်ကြောင့် ...

သူ ပြောကာ ခပ်လှမ်းလှမ်းရှိ လောထျန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

ဘီလူးကောင် ဟုတ်လား ၊ အဲ့တစ်ယောက်လား

မိုရှန့် မျက်မှောင်ကြုံ့သွားသည်။

ရှူး .. တိုးတိုး ..

ယင်လွေ့က မိုရှန့်၏ ပါးစပ်ကို မြန်မြန်လှမ်းပိတ်၏။

မင်း ဘာလုပ်တာလဲကွ

မိုရှန့် မကျေမနပ် ဖြစ်သွားပုံဖြင့် သူ့လက်ကိုဖယ်ပြီး ပြန်မေးသည်။

ယင်လွေ့က သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် ပြန်ပြောသည်။

အကိုမို စကားပြောတာ သတိထားရမယ်ဗျ ။ အဲ့တစ်ယောက်ကို သွားရှုပ်လို့ မဖြစ်ဘူး

မိုရှန့် မျက်နှာမဲ့သွားသည်။

အခု ငါ့မှာ အရှုပ်အထွေးခန္ဓာကိုယ် ရှိနေပြီလေ ။ ဘာကိစ္စကြောင့် သူ့ကို ကြောက်နေရမှာလဲ

ယင်လွေ့ ခေါင်းညိတ်လိုက်၏။

အဲ့တစ်ယောက်က အရှုပ်အထွေးခန္ဓာကိုယ်ထက် အများကြီးပိုပြီးတော့ အန္တရာယ်များတယ်ဗျ

ဘာပြောလိုက်တယ် ။ အရှုပ်အထွေးခန္ဓာကိုယ်ထက်တောင် ပိုအန္တရာယ်များသေးတယ် ဟုတ်လား ။ မင်း ကိုယ့်ကိုကိုယ် ဘာပြောနေတယ်ဆိုတာရော သိရဲ့လားကွာ

မိုရှန့်က လှောင်ပြုံးဖြင့် ဆိုသည်။

ယင်လွေ့ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။

အကိုမိုက ခုနတုန်းက အရှုပ်အထွေးဓားစိတ်ဆန္ဒကို သန့်စင်တဲ့နေရာမှာပဲ အာရုံစိုက်နေတော့ အဲ့တစ်ယောက် လုပ်သွားတာတွေကို မမြင်လိုက်ရလို့ ...

သူ ပြော၍ မဆုံးသေးခင်မှာပင် တဖက်မှ လောထျန်းမှာ အရှုပ်အထွေးဓားရေကန်ဘေးသို့ ရောက်သွားခဲ့လေပြီ။

ဟင် .. ဒီကောင်ကရော အရှုပ်အထွေးဓားရေကန်ကို စိန်ခေါ်မလို့လား

မိုရှန့်က ၎င်းကိုကြည့်ပြီး လှောင်ပြံုးဖြင့် ဆိုပါ၏။

မင်းရဲ့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနဲ့များ အရှုပ်အထွေးဓားရေကန်ရဲ့ အသိမှတ်ပြုတာကို ခံချင်သေးတာလားကွာ။ စိတ်ဝင်စားစရာပဲကွာ .. မင်းပြောတဲ့ ဘီလူးကောင်က ဘယ်လိုရှိလဲဆိုတာ ကြည့်ရသေးတာပေါ့

ထိုစ‌ဉ် တဖက်မှ လောထျန်းက အရှုပ်အထွေးဓားရေကန်ရှေ့ ရပ်ကာ ရေကန်ထဲမှ ဓားစိတ်ဆန္ဒများကို အံ့ဩနေပုံဖြင့် ကြည့်လိုက်သည်။

အဘိုးအိုတစ်ယောက်က ရုတ်တရက် လောထျန်းဘေးသို့ ရောက်လာပြီး ပြောပါ၏။

သခင်လေး ၊ အရှုပ်အထွေးဓားရေကန်ကို စိန်‌ေခါ်ချင်လို့လား

လောထျန်း ခေါင်းညိတ်ပြကာ ပြန်မေးလိုက်သည်။

ဟုတ်တယ်ဗျ ၊ အဲ့ဒါကို ဘယ်လိုလုပ်ရတာလဲ

အဘိုးအိုမှာ လောထျန်း၏ မျက်နှာသေးမှုကို လိုချင်နေမှန်း သိသာသည့် မျက်နှာပေးဖြင့် ပြောပါ၏။

ဒီအရှုပ်အထွေးဓားရေကန်က အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာရှိတဲ့ ထိပ်တန်းအခွင့်ကောင်းတွေထဲက တစ်ခုပဲ။ ပုံမှန်ဆိုရင်တော့ ဒီက အရှုပ်အထွေးဓားစိတ်ဆန္ဒတွေရဲ့ အသိမှတ်ပြုတာကို ခံနိုင်တဲ့နည်း သုံးနည်းရှိတယ်

လောထျန်း စိတ်ဝင်တစား ဆက်မေးလိုက်သည်။

သုံးမျိုး ဟုတ်လား ၊ အဲ့ဒါ ဘာတွေလဲဗျ

အဘိုးအိုက မုတ်ဆိတ်ကို တစ်ချက်သပ်ပြီး ပြန်ပြော၏။

ပထမနည်းကတော့ တိုက်ရိုက်တောင်းဆိုတာပဲ

တောင်းဆိုတာ ဟုတ်လား

လောထျန်း နားလည်ပုံမရဘဲ ပြန်မေးလိုက်သည်။

အဘိုးအို ခေါင်းညိတ်ပြ၏။

ဟုတ်တယ်ဗျ ။ ဒီ အရှုပ်အထွေးဓားရေကန်ထဲက ဓားစိတ်ဆန္ဒတွေက အင်မတန်မောက်မာကြတယ်။ အဲ့တော့ သူတို့ရဲ့ အသိမှတ်ပြုတာကို ခံရဖို့ စိတ်ရင်းနဲ့ တောင်းဆိုတာက အရိုးရှင်းဆုံးနည်းပဲ

သူ ပြောပြီး အရှုပ်အထွေးဓားရေကန်ဘေးသို့ လက်ညိုးညွှန်ပြလိုက်ပါသည်။

လောထျန်း သူ ညွှန်ပြရာသို့ ကြည့်လိုက်ရာ ရေကန်ဘေး၌ ဒူးထောက်နေကြသည့် လူအချို့ကို တွေ့လိုက်ရပါ၏။

ဒီလူတွေအားလုံးက ဓားစိတ်ဆန္ဒတွေရဲ့ အသိမှတ်ပြုတာကို ခံရပြီးတော့ ဓားသိုင်းရဲ့ အနှစ်ကို ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်းဆိုနေကြတာ

အဘိုးအို စကားဆက်သည်။

All Chapters