Sword Punishment
Vol. 68 Ch. 994
ဓားစိတ်ဆန္ဒကိုသာ စိတ်ရင်းနဲ့ တောင်းဆိုရင် အသိမှတ်ပြုတာကို ခံရနိုင်ချေ ရှိတယ်ဗျ
အဘိုးအို ရှင်းပြလိုက်သည်။
လောထျန်း မျက်နှာတစ်ချက် မဲ့သွားကာ မေးပါ၏။
ဒုတိယနည်းကရော ဘာလဲဗျ
သူ ထို ဓားစိတ်ဆန္ဒရှေ့၌ ဒူးမထောက်နိုင်ပါချေ။
အဘိုးအိုက သူ့စကားကိုကြားပြီး ချက်ချင်းပြန်ပြောပါသည်။
ဒုတိယနည်းကတော့ စတေးတာပဲ
စတေးတာ .. ဟုတ်လား
လောထျန်း အံ့ဩသွားရသည်။
အဘိုးအို အချိန်အတန်ငယ်ကြာ တိတ်သွားပြီးမှ စကားဆက်ပါ၏။
ရှေးဟောင်းမှတ်တမ်းစာအုပ်ေတွထဲမှာ မှတ်ထားတာတော့ နတ်ဆိုးတစ်ကောင်က သက်ရှိစိတ်ဝိဉာဉ်တွေကို ယဇ်ပူဇော်စတေးပြီးတော့ အရှုပ်အထွေးဓားရေကန်က ဓားစိတ်ဆန္ဒကို ရခဲ့ဖူးတယ်တဲ့။ ဒါပေမယ့် အဲ့နည်းက ရက်စက်လွန်းရာ ကျတဲ့အတွက် ဒီတစ်ကြိမ် အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲ ရောက်လာတဲ့သူတွေထဲမှာ အဲ့နည်းကိုသုံးမယ့်သူ မရှိလောက်ဘူး
လောထျန်း ခေါင်းညိတ်ပြကာ ဆက်မေးလိုက်သည်။
တတိယနည်းကရော
အဘိုးအိုက မျက်နှာတည်ဖြင့် ပြန်ပြောပါ၏။
တတိယနည်းကတော့ လူတွေ အသုံးအများဆုံး နည်းပေါ့ဗျာ ။ ဒီနည်းကတော့ အရှုပ်အထွေးဓားရေကန်ရဲ့ အပြစ်ပေးတာကို ခံယူတာပဲ
အတိုချုံ့ပြောရရင်တော့ ဒီ အရှုပ်အထွေးဓားရေကန်ထဲက ဓားစိတ်ဆန္ဒတွေက သခင်လေးကို တိုက်ခိုက်ကြမှာ။ အဲ့ တိုက်ခိုက်မှုကို တစ်ကြိမ် ခံတိုင်းမှာလဲ ဓားစိတ်ဆန္ဒနည်းနည်းက ကိုယ်ပေါ် ကျန်နေခဲ့လိမ့်မယ်။ တိတိကျကျ ပြောရရင်တော့ ကိုယ်သာ လုံလောက်တဲ့အထိ တောင့်ခံနိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဓားစိတ်ဆန္ဒကို ရမှာပေါ့ဗျာ
တစ်ခုတော့ ရှိတယ်ဗျ ။ ဒီနည်းက အောင်မြင်နိုင်ချေ များသလောက် အန္တရာယ်လဲ အများဆုံးပဲ။ သေချာသာ သတိမထားရင် ဓားစိတ်ဆန္ဒကြောင့် အသက်ဆုံးတဲ့အထိ ဖြစ်သွားနိုင်တယ်
လောထျန်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်မေးပါသည်။
တကယ်ကြီးကို အဲ့နည်းသုံးခုပဲ ရှိတာလား
သူ အမှန်တကယ်လည်း နားမလည်နိုင်နေပါ ။
ထိုနည်းသုံးခုလုံးမှာ တစ်ခုမှ လိုက်လုပ်ချင်စရာမကောင်းဘူး မဟုတ်ပါလား။
တစ်နည်းက ဒူးထောက်ရပြီး ၊ နောက်တစ်နည်းက ယဇ်ပူဇော်ရကာ ကျန်တစ်နည်းက တိုက်ခိုက်သည်ကို ခံရမယ်တဲ့ ။
မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသလဲ ။
အဘိုးအို သက်ပြင်းချလိုက်သည်။
အတိအကျပြောရင်တော့ အဲ့နည်း သုံးခုထက် ပိုရှိပါသေးတယ်ဗျာ။ အရှုပ်အထွေးဓားစိတ်ဆန္ဒကို ရနိုင်မယ့် တခြားနည်းတွေ ရှိသေးတယ်
ဥပမာ မိုရှန့်လိုပေါ့ ။ သူ့လို ထူးခြားတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူတွေနဲ့ အင်မတန်မှကို ကံကောင်းတဲ့သူတွေဆိုရင် အရှုပ်အထွေးဓားစိတ်ဆန္ဒက လိုလိုလားလားနဲ့ သခင်အဖြစ် အသိမှတ်ပြုတာကို ခံရတတ်တယ်
ဒါပေမယ့် အဲ့လိုကိစ္စမျိုးက နှစ်တစ်သောင်းနေလို့ တစ်ခါဖြစ်ခဲပါတယ်ဗျာ ။ ဒါ့ကြောင့်မို့ အဲ့နည်းကို ပုံမှန်နည်းတွေလို သုံးလို့မရတာ
စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ကျုပ် သဘောပေါက်ပြီ
အဘိုးအို တစ်ချက်ရယ်လိုက်သည်။
ဒါဆို သခင်လေး အခု ဘယ်နည်းလမ်းကို သုံးပြီးတော့ အရှုပ်အထွေးဓားစိတ်ဆန္ဒကို ယူဖို့ စဉ်းစားထားလဲ
လောထျန်း ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ပြောလိုက်၏။
ကျုပ် ကံစမ်းကြည့်လိုက်မယ်ဗျာ
ဟင်
သူ့စကားကြောင့် အဘိုးအို မှင်သက်သွားပါသည်။
လောထျန်းက အေးဆေးပင် ဆက်ပြော၏။
မိုရှန့်တောင် လုပ်နိုင်သေးရင် ကျုပ်လဲ ရရင် ရမှာပေါ့ဗျာ
ဒါ ..,
အဘိုးအို ခဏတယမျှ အံ့ဩမှင်သက်နေပြီးမှ လောထျန်းပြောသည်မှာ အဓိပ္ပါယ်ရှိကြောင်း တွေးမိလိုက်ပါသည်။
လောထျန်း၏ အစွမ်းအစစ်က မည်မျှရှိသည်ကို သူ မသိသည့်တိုင် လောထျန်းမှာ ထူးခြားသည့်သူတစ်ယောက် မဟုတ်ပါလား။
သို့ဖြစ်ရာ ဓားစိတ်ဆန္ဒက သူ့အား သခင်အဖြစ် လိုလိုလားလား အသိမှတ်ပြုခြင်းကို ခံရကောင်း ခံရနိုင်ပါသည်။
ဤသို့ဖြင့် အားလုံး၏ အကြည့်အောက်မှာပင် လောထျန်းတစ်ယောက် အရှုပ်အထွေးဓားရေကန်ဘေးသို့ လျှောက်သွားလိုက်၏။
ဒီကောင်က ..
ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော မိုရှန့်တစ်ယောက် နှလုံးခုန်သံပင် ရုတ်တရက်မြန်သွားပါသည်။
လောထျန်းသည်လည်း သူကဲ့သို့ အရှုပ်အထွေးဓားစိတ်ဆန္ဒ၏ သခင်အဖြစ် အသိမှတ်ပြုခြင်းကို ခံရမည်လားဟုလည်း တွေးပူမိသွား၏။
ထိုစဉ် လောထျန်းက အရှုပ်အထွေးဓားရေကန် အစွန်မှနေ၍ ရေကန်ထဲမှ ဓားစိတ်ဆန္ဒများကို ကြည့်ရင်း မေးလိုက်သည်။
မင်းတို့ထဲက ရှေ့ထွက်ပြီးတော့ သခင်ကို အသိမှတ်ပြုချင်တဲ့သူ ရှိလား
သို့သော် သူ့စကားဆုံးသည့်တိုင် အရှုပ်အထွေးဓားရေကန်မှာ တိတ်ဆိတ်ငြိမ်သက်လျက် ...
ဘာမှ ဖြစ်မလာခဲ့ပါချေ။
ဟီးဟီး .. ကြည့်ရတာ ငါ အတွေးလွန်သွားတယ်နဲ့ တူတယ်
မိုရှန့် ၎င်းကိုကြည့်ပြီး ပြုံးလိုက်သည်။
တဖက်မှ လောထျန်းမှာလည်း မျက်နှာရဲသွားပြီး စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်ပါ၏။
ကြည့်ရတာ ငါ့ကံက ဒီတိုင်း ပုံမှန်ပဲနဲ့ တူပါတယ်
တဖက်မှ အဘိုးအိုကလည်း လောထျန်းကိုကြည့်ရင်း အိုးတို့အမ်းတမ်း ဆိုပါသည်။
သခင်လေး ၊ ကြည့်ရတာ ဒီနည်းက အလုပ်မဖြစ်ဘူးနဲ့တူတယ်
လောထျန်း ခေါင်းညိတ်လိုက်သည်။
အင်းလေ ၊ ဒါဆိုရင်တော့လဲ ဓားရေကန်ရဲ့ အပြစ်ပေးတာကို ခံဖို့ပဲ ရှိတော့တာပေါ့
ကျန်နည်းနှစ်ခုကိုမူ သူ လုံးဝ မလုပ်နိုင်ပါချေ။
ထိုစဉ် စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက ရုတ်တရက်ပြော၏။
သခင်ကြီး ၊ သေချာသတိထားပါဗျာ
ဟင် ၊ ကျုပ်က ဘာကို သတိထားရမှာလဲ
လောထျန်း ပြန်မေးလိုက်သည်။
တ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက တုန်တုန်ယင်ယင် ပြန်ပြော၏။
ဒီ အရှုပ်အထွေး ဓားအပြစ်ပေးခြင်း အစွမ်းက အရမ်းကို ကြောက်စရာကောင်းတယ်ဗျ။ အရှုပ်အထွေးဓားရေကန်ရဲ့ အလယ်နားကို ကပ်လေလေ ၊ အဲ့အစွမ်းက ပိုပြင်းလေပဲ။ ကျုပ်ဆိုရင် အဲ့ထဲမှာ သေတော့မလိုတောင် ဖြစ်ခဲ့သေးတယ်
လောထျန်း ခေါင်းညိတ်လိုက်သည်။
ကျုပ် နားလည်ပါပြီ
သူ ပြောပြီး အရှုပ်အထွေးဓားရေကန်ထဲသို့ ေခြတစ်လှမ်း လှမ်းလိုက်၏။
တစ်ပြိုင်နက်တည်း နီးပါးမှာပင်
ချွှင်
လောထျန်းအနီးတွင် ရှိနေသော ဓားစိတ်ဆန္ဒနှစ်ခုက လောထျန်းရောက်လာသည်ကို အာရုံခံမိသည့်အလား ဓားအလင်းတန်း နှစ်ခုအဖြစ် အသွင်ပြောင်းပြီး သူ့ထံ တိုးဝင်လာ၏။
၎င်းဓားအလင်းတန်းနှစ်ခုမှ ထွက်နေသည့် အစွမ်းမှာလည်း ကြောက်မက်ဖွယ်ကောင်းလှကာ လေထုတစ်ခုလုံး ချက်ချင်းတုန်ခါသွားသည်။
ဟင် .. နောက်နေတာများလားကွာ
တစ်ယောက်က အသံတုန်တုန်ဖြင့် ရေရွတ်၏။
အဲ့ဒါ ဓားအပြစ်ပေးခြင်းအစွမ်းလား ။ ရေကန်အစွန်းနားလေးက အစွမ်းတောင်မှ မသေမျိုးသခင်ကြီးအဆင့် ထိပ်ဆုံးအစွမ်းနဲ့ ယှဉ်လို့ရနေပြီ
အားလုံး ထိုသို့ အံ့ဩနေကြစဉ်မှာပင် ဓားအလင်းတန်းနှစ်ခုက လောထျန်းအား ရိုက်ခတ်လာပါသည်။
ချွှင် ချွှင်
ကျွတ်ဆတ်ဆတ် အသံနှစ်သံ မြည်သွားကာ လောထျန်း၏ အကာအကွယ် အအရောင်အဝါကြောင့် ၎င်းဓားအလင်းတန်းနှစ်ခု ပြိုကွဲသွားပြီး မီးပွင့်များ ထွက်လာ၏။
ဟင် .. ဒါက ..
ထို တိုက်ခိုက်မှုနှစ်ခုမှ ဓားစိတ်ဆန္ဒအပိုင်းအစနှစ်ခု အမှန်တကယ် ကျန်နေခဲ့သည်ကို တွေ့ပြီး လောထျန်း အနည်းငယ် အံ့ဩသွားပါသည်။
သို့သော် ထိုအပိုင်းစလေးများမှာ အလွန်သေးငယ်လှပါ၏။
သူ့ စိတ်ဝိဉာဉ်အစွမ်းသည်သာ အားကောင်းမနေခဲ့ပါက ၎င်းကို အာရုံခံမိမည်ပင် မဟုတ်သည်အထိ သေးငယ်ပါသည်။
ကြည့်ရတာ တကယ်အလုပ်ဖြစ်တဲ့ပုံပဲ ။ ဒါပေမယ့် နှေးတာတော့ တော်တော်နှေးတာ ။ ရှေ့ဆက်ဆိုးတာ ကောင်းမယ်ထင်တယ်
လောထျန်း ထိုသို့တွေးပြီး အရှုပ်အထွေးဓားရေကန် အလယ်ဆီသို့ ခြေတစ်လှမ်း ထပ်တိုးလိုက်ပါသည်။
ဝီ ...
လောထျန်း လှုပ်ရှားသွားသည်နှင့် အနီးနားတွင် ရှိနေကြသော ဓားစိတ်ဆန္ဒများလည်း လှုပ်ခတ်သွားကြပါ၏။
ချွှင် .. ချွှင် .. ချွှင် ..
ချက်ချင်းမှာပင် ဓားသံများ မြည်လာကာ လောထျန်းထံ တိုးဝင်လာကြပါသည်။
သခင်လေး ၊ သတိထားနော်
အကိုထျန်း
အရှုပ်အထွေးဓားရေကန်ဘေးတွင် ရှိနေသော လူအုပ်ထံမှ အလန့်တကြား ရေရွတ်သံများ ပြိုင်တူထွက်လာ၏။
သို့သော် လောထျန်း ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ သူ့ထံ တိုးဝင်လာကြသည့် ဓားစိတ်ဆန္ဒများ အားလုံးက သူ့ အကာအကွယ် အအရောင်အဝါကြောင့် ပြိုကွဲသွားကြကာ မီးပန်းများသဖွယ် ဖြစ်နေသည်ကို မြင်လိုက်ရပါသည်။
အင်း ၊ အရှုပ်အထွေးဓားစွမ်းအင်တွေ စုစည်းတဲ့နှုန်းက တကယ်လဲ သိသိသာသာ တိုးလာတာပဲ။ ဒါပေမယ့် အဲ့လောက်နဲ့ မလုံလောက်သေးဘူး
လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။
လက်ရှိ ဓားစိတ်ဆန္ဒစုစည်းနှုန်းနှင့် ဆိုလျှင် ပြီးပြည့်စုံသော ဓားစိတ်ဆန္ဒတစ်ခုရရန် ဆယ်ရက်မှ ဆယ့်ငါးရက်ခန့်ပင် ကြာနိုင်ပါသည်။
၎င်းမှာ နှေးလွန်းလှပါ၏။
သူ ဤနေရာ၌ ထိုမျှလောက် အကြာကြီးနေပြီး တိုက်ခိုက်မခံနိုင်ပါ။
အထဲကို ပိုဝင်လေလေ ၊ ဓားစိတ်ဆန္ဒက ပိုအစွမ်းထက်လေလို့ မင်းပြောခဲ့တာ မဟုတ်လား
လောထျန်း တိုက်ခိုက်ခံနေရင်းမှ အရှုပ်အထွေးဓားရေကန် အပြင်ဘက်တွင် ရှိနေသည့် စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
အင် .. ဟုတ်ပါတယ်
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက အူကြောင်ကြောင်ပြန်ဖြေ၏။
လောထျန်းက ဓားစိတ်ဆန္ဒကို လုံးဝမမှုဘဲ နေနသည် မဟုတ်ပါလား ။
ကောင်းပြီ ၊ ဒါဆိုရင် ကျုပ် ရှေ့ဆက်တိုးလိုက်မယ်
လောထျန်း ပြောပြီး ရှေ့ပြန်လှည့်သွားသည်။
အားလုံးမှာကား ထိုမြင်ကွင်းကိုကြည့်ပြီး အံ့ဩမှင်သက်လျက် ...
သူ နည်းနည်း အလျင်စလို မနိုင်လွန်းဘူးလားကွာ
ဟုတ်ပ ၊ အရှုပ်အထွေးဓားရေကန်ရဲ့ ဓားအပြစ်ပေးခြင်းအစွမ်းက အဲ့လောက်အန္တရာယ်များတာကို
မဟုတ်မှလွဲရော ဓားအပြစ်ပေးခြင်းအစွမ်းက တကယ်ကြောက်စရာ မကောင်းဘဲနဲ့ ဒီတိုင်း နာမည်ကြီးရုံသက်သက်ပဲလား
ဟမ့် ၊ အဲ့လိုဆိုရင် ငါ ကြိုးစားကြည့်လိုက်ဦးမယ်ကွာ
ငါရောပဲ
ရှေ့ကဖယ်စမ်းဟေ့
ဘေးဘီမှ လူအုပ်ကြီး အရှုပ်အထွေးဓားရေကန်ထဲသို့ ခပ်မြန်မြန်ဝင်လိုက်ကြသည်။
သို့သော်
ဝုန်း
သူတို့ ရေကန်ထဲ ခြေချသည်နှင့် မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး .. ဓားအလင်းတန်းများ တိုးထွက်လာပါ၏။
ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းမှာပင် အရှုပ်အထွေးဓားရေကန်ထဲ ဝင်သွားသူများထဲမှ ၉၀% ကျော်ခန့် ပြန်ပြေးထွက်လာကြပါတော့သည်။
ထိုသို့ ပြေးရင်းလွှားရင်းလည်း လူများစွာပင် အသက်ဆုံးခဲ့ရပါ၏။
ရေကန်ထဲ ကျန်နေခဲ့သည့် ၁၀%ခန့်သော လူများမှာလည်း ဒဏ်ရာကိုယ်စီ ရလျက် ...
ဟင် .. ဒီ ဓားစိတ်ဆန္ဒက အဲ့လောက်အစွမ်းထက်တာလား
တစ်ယောက်က တုန်တုန်ယင်ယင် ဆိုရှာသည်။