← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

အိမ်ကနေမထွက်လာခင် ရှောင်းကော မြည်းလှည်းပေါ်တွင် တံစဉ်ကို တမင်တကာ ယူလာခဲ့သည်။ အိမ်တွင် မြက်တွေ သိပ်မကျန်တော့သည့်အတွက် အပြန်လမ်းတွင် မြက်ရိတ်ရန် သုံးလို့ရသည်။

“မေမေ၊ သား မည်းနက်ကြီးနဲ့ ဖြူသေးကို အရင်သွားထုတ်လိုက်အုံးမယ်"

သူတို့တွေ အိမ်နဲ့ သိပ်မဝေးတော့တာကို ကျွမ်းကျွမ်းမြင်လိုက်သည်။ သူ့မေမေက သူ့ကို တံစဉ်မထိခိုင်းတော့ သူ့ဘာသာသူ နွားတွေကို သွားပြန်ခေါ်ထုတ်လာဖို့ ဆုံးဖြတ်လိုက်သည်။

ရှောင်းကော သဘောတူလိုက်ပြီး ကျွမ်းကျွမ်းကို ပြန်ခွင့်ပြုလိုက်သည်။ သူမ မြက်ရိတ်တဲ့နေရာက အိမ်နဲ့ သိပ်မဝေးပေ။ နွားတွေကို သူ့ဘာသာသူ သွားခေါ်တာကအဆင်ပြေသည်။

ကျွမ်းကျွမ်း အိမ်ပြန်သွားတာကိုမြင်တော့ ရှောင်းကော မြက်တွေကို ဆက်ရိတ်သည်။ တစ်ချို့လူတွေက ရှောင်းကောကို ဖြတ်သွားတဲ့အခါ နှုတ်ဆက်ကြသည်။ ရှောင်းကောမှာ လူတိုင်းရဲ့နာမည်တွေကို မမှတ်မိပါ‌ချေ။ သူမနှင့် ယခင်က အဆက်အဆံရှိဖူးသည့် လူအချို့ကိုသာ မှတ်မိသည်။

ယခင်က အရင်ခန္ဓာကိုယ်ပိုင်ရှင်က အပြင်သိပ်မထွက်သည့်အတွက် လူတော်တော်များများ မသိကြပေ။ ဒါက ရှောင်းကောနှင့် ပိုတူသည်။ သူမနှင့် အဆက်အဆံရှိသည့်သူမှာ အမျိုးသမီးယန်သာဖြစ်သည်။

ရှောင်းကောကို တစ်ယောက်ယောက်က လာနှုတ်ဆက်သရွေ့ သူမက ရပ်ကာ ပြန်တုံ့ပြန်လိမ့်မည်။

"ရှောင်းကော!"

ကုန်းပြီး မြက်ရိတ်နေသည့် ရှောင်းကောမှာ ဘယ်သူလဲဆိုတာ မော့ကြည့်စရာမလိုဘဲ သိနေသည်။

"အစ်မ!"

အမျိုးသမီးယန်က ရှောင်းကောဘေးနားကို လျှောက်သွားကာ မြက်တွေနှင့် ပြည့်နေသည့် လှည်းကို ကြည့်လိုက်သည်။ သူမက မေးလာသည်။ “ဒီနေ့ နင့်ကိုရှာဖို့နင်တို့အိမ်ကို ငါသွားခဲ့သေးတယ်။ ဒါပေမယ့် နင်အိမ်မှာ မရှိဘူးလား?"

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ကျွန်မ အခုမှပြန်ရောက်တာ"

ရှောင်းကောက သူတို့ဘယ်ကိုသွားတယ်ဆိုတာ မပြောခဲ့သလို အမျိုးသမီးယန်ကလည်း ဆက်မမေးချေ။ သူမက ရွာရှိအစည်းအဝေးအကြောင်း ရှောင်းကောအား ပြောပြလိုက်သည်။

"ရွာမှာ အစည်းအဝေးရှိတာလား?"

ရှောင်းကောက သိချင်စိတ်ဖြင့် အမျိုးသမီးယန်အားမေးလိုက်သည်။ "ရွာမှာ ဘာကိစ္စရှိလို့လဲ?"

မက်မွန်ပွင့်ရွာဟာ အခြားရွာများနှင့် မတူကြောင်း အမျိုးသမီးယန်ထံမှ သူမသိခဲ့ရသည်။ အခြားရွာများတွင် ရက်အနည်းငယ်ကြာတိုင်း အစည်းဝေးများ ပြုလုပ်ကြသော်လည်း မက်မွန်ပွင့်ရွာတွင်တော့ အစည်းအဝေးက မရှိသလောက်ပင်ဖြစ်သည်။

“အတိအကျပဲ။ ဒီနေ့ နေ့လည်ကပဲ အကြောင်းကြားလာတယ်။ အစ်မ နင့်ကို လာရှာပေမဲ့ နင်က အိမ်မှာ မရှိဘူးဆိုတော့ အစ်မဘာသာ သွားလိုက်တာ"

အမျိုးသမီးယန် စကားပြောနေတုန်း၊ ကျွမ်းကျွမ်းက နွားတွေနဲ့အတူ ရောက်လာပြီး သူမကို နှုတ်ဆက်လိုက်သည်။ ရှောင်းကောက သူ့ကို အဝေးကြီး လျှောက်မသွားဖို့ သတိပေးလိုက်သည်။ သူမ မြက်ရိတ်ပြီးသည်နှင့် အတူတူ ပြန်ကြမည်။

ကျွမ်းကျွမ်းက သူမကို ပြန်တုံ့ပြန်လိုက်ကာ နွားတွေကို ခေါ်သွားသည်။

"နွားတွေ တော်တော် ကြီးလာတာပဲ"

အမျိုးသမီးယန်က ဘေးမှာရပ်ကာ ကျွမ်းကျွမ်း နွားတွေ ခေါ်သွားတာကို ကြည့်နေသည်။

“တကယ်တော့ သူတို့က ကြီးထွားနှုန်း အရမ်းမြန်တာ”

ရှောင်းကောလည်း နွားတွေ ကြီးထွားနှုန်း အလွန်မြန်ကြောင်း ပြောလိုက်သည်။ စားလိုက်သောက်လိုင်နှင့် ကောင်းကောင်း ကြီးထွားလာကြသည်။ အဲ့ဒါက ကောင်းတဲ့အရာပင်!

ရှောင်းကော သူတို့ပြောနေတဲ့ကိစ္စကို သတိပြန်မရခင် နှစ်ယောက် စကားစမြည် ပြောဖြစ်ကြသည်။ သူမ အမြန်ရပ်လိုက်ပြီး ဘာဖြစ်လို့လဲဆိုတာ မေးလိုက်သည်။ “ရွာမှာ အစည်းအဝေးလုပ်တာ၊ ဘာအတွက်လုပ်တာလဲ?"

ဒါကို အမျိုးသမီးယန် ကြားတော့ ပြောလာသည်။ “စပါးရိတ်သိမ်းဖို့ ပြောကြတာ။ လယ်ကွင်းတွေမှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီ မဟုတ်လား? ငါတို့ရွာမှာ ယောက်ျားလေးတွေ သိပ်မရှိဘူးလေ၊ အိမ်ထောင်စုအများစုမှာဆို မိန်းကလေးတွေချည်းပဲလေ။ အကူအညီလိုရင် တခြားရွာက လူကို ကောက်ရိတ်ဖို့ ငှားလို့ရတယ်တဲ့။ မြေတစ်ဧကကို ကြေးဒင်္ဂါး ၁၀ ပြားကျတယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က အကူအညီလိုပြီး ငှားရမ်းချင်တဲ့သူ အရေအတွက်ကို ယူမလို့"

ရှောင်းကော နားထောင်ရင်းဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ‌တော့ အကူအညီမလိုပါ‌ချေ။ သူမမြေကွက်က သေးသေးလေးဆိုတော့ ကောက်ပဲသီးနှံရိတ်သိမ်းဖို့ သူမ အချိန်ယူလို့ရသည်။

"ဟေး အစ်မတို့မိသားစုရော တစ်ယောက်ယောက်ကို ငှားလိုက်လား?"

ရှောင်းကောရဲ့မေးခွန်းကို အမျိုးသမီးယန် ကြားတဲ့အခါ သူမက ခေါင်းခါလိုက်ပြီး ပြောလာသည်။ “ဟင့်အင်း၊ မငှားဘူး ငါတို့မှာ မြေတွေ အများကြီးရှိပေမယ့် သီးနှံအများကြီး မစိုက်ထားဘူးလေ။ ရှောင်းဟူ၊ ရှောင်းဟွား နဲ့ ငါ့ယောက္ခမရယ်နဲ့ဆို လေးယောက် လွယ်လွယ်လေး လုပ်လို့ရတယ်"

ရှောင်းကော အဲဒါကို တွေးကြည့်လိုက်တော့ အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရသည်။ မိသားစုတိုင်းဟာ သူတို့အတွက် လုံလောက်အောင် စိုက်ပျိုးလေ့ရှိသည်။ အိမ်တွင်မိသားစုဝင်ပိုများတဲ့ သူတွေအနေဖြင့် ကောက်ပဲသီးနှံများကို ကိုယ်တိုင်ရိတ်သိမ်းနိုင်သည်။ အကူအညီအတွက် ငွေကို ဘယ်သူကများ သုံးမှာတဲ့လဲ?

အိမ်ထောင်စုတစ်စုစီတွင် အနည်းဆုံး လယ်လေးဧကမှ ငါးဧကအထိ ရှိကာ ကြေးဒင်္ဂါးဒါဇင်များစွာအထိ ရနိုင်သည်။ မြို့ကလူတွေအတွက်တော့ ဒါက များပြားလှသည့်ပမာဏမဟုတ်ပေ။ သို့သော် မက်မွန်ပွင့်ကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် ရွာသားများအတွက်မူ လုံလောက်ရုံမျှသာဖြစ်သည်။ အကူအညီငှားရမ်းရန် ကြေးနီဒင်္ဂါးပြား ဒါဇင်များစွာကို သူတို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ?

“ဒါဆို ဘယ်သူမှ မငှားကြဘူးပေါ့၊ ဟုတ်လား?"

ဘယ်သူမှ မငှားလောက်ကြောင်း ရှောင်းကော ခန့်မှန်းကြည့်လိုက်သည်။ မထင်မှတ်ပဲ အမျိုးသမီးယန်ရဲ့ နှုတ်ခမ်းက မဲ့သွားတာ တစ်ဘက်ကိုညွှန်ပြလိုက်သည်။

“အင်း၊ ရှိတာပေါ့။ အဲ့ဒီလိုလူတစ်ယောက်ပဲ ရှိတယ်လေ"

ရှောင်းကော အဲ့ဒီဘက်ကို ကြည့်လိုက်ရာ လူတစ်စု ဝန်းရံထားတဲ့ လီကျောက်ဒီကို တွေ့လိုက်ရသည်။

အမျိုးသမီးတစ်ဖွဲ့က သူမကို ဝိုင်းနေကာ အဆက်မပြတ် အော်ဟစ်ပြောဆိုနေကြသည်။ သူတို့ သူမကို ချီးကျူးနေကြသည်မှန်း ယောင်ဝါးဝါးကြားလိုက်ရသည်။

အမျိုးသမီးယန်က လီကျောက်ဒီကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ ရှောင်းကော အရမ်းသိချင်နေသွားသည်။ သူမ သိသလောက်တော့ လီကျောက်ဒီနှင့် အမျိုးသမီးယန် ကြားတွင် ပဋိပက္ခတွေ မရှိခဲ့ပါချေ။

လီကျောက်ဒီသည် သူမ ပတ်ဝန်းကျင်ရှိလူများ၏ မြှောက်ပင့်ပေးမှုကို ဂုဏ်ယူစွာဖြင့် ခံယူနေသည်။

"ကျောက်ဒီ နင် အရမ်းရက်ရောတာဘဲ။ ရွာထဲမှာ နင်တစ်ယောက်ဘဲ စာရင်းသွင်းတာ"

“ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ကျောက်ဒီ မှာ ပိုက်ဆံမပြတ်လပ်ဘူးလေ။ ကြေးဒင်္ဂါး ပြား ၃၀ က ဘာမှမဟုတ်ဘူး!"

"အမှန်ဘဲ။ ငါတို့ရဲ့ ကျောက်ဒီက အရာရှိမိန်းမဆိုတာ လူတိုင်းသိတယ်!”

လီကျောက်ဒီသည် ထိုစကားများကိုကြားသည့်အခါ သူမ၏ မျက်ခုံးတွေက ဆံပင်တွေအထိ တက်လုမတတ်ဖြစ်နေသည်။ သူမက ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။

ထိုအဖွဲ့သည် ရှောင်းကောနှင့် အမျိုးသမီးယန်တို့ဆီ လျှောက်လာကာ လီကျောက်ဒီ လှည့်ကြည့်လိုက်တော့ ရှောင်းကောကို ချက်ချင်း တွေ့လိုက်ရသည်။ သူမကို ရန်စချင်ပေမယ့် မပြောရသေးခင်မှာဘဲ ရှောင်းကော ဝတ်ထားတဲ့ အဝတ်အစားတွေကို သူမ တွေ့လိုက်ရသည်။ သူမမျက်နှာက ချက်ချင်း မည်းမှောင်သွားကာ မှင်များ ယိုထွက်လာတော့မတတ်ပင်။

သေစမ်း ချင်းရှောင်းကော! သူမ ဘာလို့ အဝတ်အစား အသစ်တွေ ဝတ်ထားတာလဲ? ပုံစံက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်! သူ့လိုမျိုး ဆင်းရဲတဲ့မုဆိုးမတစ်ယောက်မှာ အဝတ်အစားအသစ်ဝယ်ဖို့ ပိုက်ဆံဘယ်လိုလုပ်ရှိမှာလဲ?

လီကျောက်ဒီ စကားပြောတာရပ်သွားတာကို မြင်တော့ တခြားလူတွေလည်း သိချင်စိတ်ဖြင့် သူမအကြည့်နောက်လိုက်ကာ ကြည့်လိုက်တော့ မြည်းလှည်းပေါ်ကနေစောင်းကာ သူတို့ကိုကြည့်နေတဲ့ ရှောင်းကောကို မြင်လိုက်ရသည်။

အဲ့ဒီခိုက်အတန့်တွင် သူမ၏အဝတ်အစားအသစ်ကိုလည်း တွေ့လိုက်ရသည်။ ပုံစံက တော်တော်ထူးခြားသည်။

"အဲဒီအဝတ်အစားတွေက ကြည့်ကောင်းလိုက်တာ"

တစ်ယောက်ယောက်က သူတို့အားလုံး တွေးနေတာတွေကို ထုတ်ပြောလာသည်။ အားလုံး တိတ်တိတ်လေး ခေါင်းညိတ် သဘောတူမိကြသည်။

လီကျောက်ဒီ မျက်လုံးပြူးကာ ခုနကပြောလိုက်သည့် အမျိုးသမီးအား စိုက်ကြည့်လိုက်သည်။ သူမ ဒါကိုမှတ်ထားမယ်!

ဘယ်သူမှ မပြောရဲတော့ပေ။ သူတို့ကိုယ်တိုင်ချုပ်ရန်အတွက် ရှောင်းကောရဲ့အဝတ်အစား ဒီဇိုင်းကိုတောင် မကြည့်ရဲတော့ပါချေ။ သို့ပေမယ့် လီကျောက်ဒီရဲ့အမူအရာကိုမြင်တော့ အဲ့ဒါက မတန်‌တော့ပေ။ သူ့အပေါ် စေတနာထားဖို့က ပိုအရေးကြီးသည်!

လူအုပ်စုက ခပ်မြန်မြန် သတိပြန်ဝင်လာကြသည်။ လူတစ်ယောက်က ဦးဆောင်ပြောလိုက်သည်နှင့် ရှုပ်ထွေးနေသည့် အငွေ့အသက်က ချက်ချင်းပြန်ရောက်လာသည်။

သို့သော်လည်း လီကျောက်ဒီ တစ်ယောက် ဆူပူအုံကြွနေမှုကို နားထောင်ရင်း သူမ ပိုလို့တောင် စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ ဒီအသံတွေက သူမကို လှောင်ပြောင်နေသလိုပင်။

ရှောင်းကောသည် စက္ကန့်နှင့်အမျှဘပြောင်းလဲနေသည့် လီကျောက်ဒီ၏ အမူအရာကို ကြည့်လိုက်သည်။ သူမ ရယ်ချင်နေပေမဲ့ တစ်ချိန်တည်းမှာဘဲ သူမကို ကြည့်ဖို့စိတ်မဝင်စားတော့ပါချေ။ သူမ အမျိုးသမီးယန်အား ဆွဲခေါ်ကာ သူမနှင့် စကားစမြည်း ပြောနေလိုက်သည်။ လီကျောက်ဒီ၏ အသံက သူမကိုလုံးဝ သက်ရောက်သည့်ပုံမပေါ်ချေ။

လီကျောက်ဒီတစ်ယောက် စိတ်ပျက်လက်ပျက်မျက်နှာဖြင့် ထွက်ခွာသွားသည်။ သူမနောက်ကလူတွေကလည်း သူမနောက်ကို လိုက်သွားကြသည်။ လမ်းကျဉ်းကျဉ်းလေးဟာ ချက်ချင်း ကျယ်လာကာ ပိတ်ဆို့သွားသည်။

အမျိုးသမီးယန်သည် ထွက်ခွာသွားသည့် လူများကို ဘေးတိုက်ကြည့်လိုက်သည်။ ရှောင်းကော ရယ်ကာ ပြုံးလိုက်သည်။ လီကျောက်ဒီ သူမကို ဘယ်လိုဆွခဲ့သလဲဆိုတာ သိချင်မိသွားသည်။ အမျိုးသမီးယန်က အများအားဖြင့် တက်တက်ကြွကြွရှိကာ တခြားသူများကို မျက်လုံးလှိမ့်ပြတာရှားသည်။

"ကောင်းပြီ၊ ရယ်နေတာ ရပ်လိုက်တော့!"

အမျိုးသမီးယန်က ရှောင်းကောကို တံတောင်နဲ့တွတ်လိုက်ပြီး ဒေါသတကြီးဖြင့် သူမကို ကြည့်လိုက်သည်။

"သူ အစ်မကို ဘယ်လိုဆွခဲ့တာလဲ?"

ရှောင်းကော ရယ်လို့ပြီးသွားသည်။ သူမက အမျိုးသမီးယန်ကိုကြည့်ကာ လေးနက်စွာဖြင့် မေးလိုက်သည်။

“ဘာမှတော့ သိပ်မဟုတ်ပါဘူး။ ဒီနေ့နေ့လည်တုန်းကဘဲ...."

ယနေ့မွန်းလွဲပိုင်းတွင် လီကျောက်ဒီသည် အစည်းအဝေးလာမတက်သည့် ရှောင်းကောနှင့်ပတ်သက်တဲ့အကြောင်းတွေကို ဇာတ်လမ်းထွင်ပြောခဲ့သည်။ အမျိုးသမီးယန်မှာ သူမရဲ့ အပြုအမူကို သည်းမခံနိုင်တော့ဘဲ ရှောင်းကောဘက်ကနေ နေခဲ့သည်။ နောက်ဆုံးတွင်၊ လီကျောက်ဒီနှင့် အဖွဲ့တို့က အမျိုးသမီးယန်ထံမှ ဆူပူကြိမ်းမောင်းခံလိုက်ရကာ ထွက်ခွာသွားကြသည်။

ရှောင်းကော အဖြစ်အပျက်ကို ကြားလိုက်ရသည့်အခါ အရမ်းရင်ထဲ ထိသွားတော့သည်။ အမျိုးသမီးယန်က သူမအတွက်ကြောင့် လီကျောက်ဒီကို တကယ်ကြီး ကြိမ်းမောင်းခဲ့သည်။

"ကျေးဇူးတင်ပါတယ် အစ်မ"

ဒီလိုစစ်မှန်သည့်မေတ္တာအား စကားလုံးဖြင့် ဖော်ပြလို့မရဘူးဆိုတာ သူမသိသည်။

"ဟင်း! မင်း ငါ့ကို အပြင်လူလို ဆက်ဆံပြန်ပြီ!"

အမျိုးသမီးယန်က ရှောင်းကောဆီကနေ ကျေးဇူးတင်ခံချင်တာကြောင့် ဒါတွေပြောပြခဲ့တာမဟုတ်ပေ။ သူမ လီကျောက်ဒီကို ဒေါသထွက်ရုံပင်။

ရှောင်းကော ချိုသာစွာ ပြုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမကို ကျေးဇူးတင်ရမည်။

"အစ်မ နောင်ကျရင် သူတို့ကို ဂရုမစိုက်နဲ့တော့။ လီကျောက်ဒီက အဲ့ဒီလိုလူဘဲ။ ကျွန်မ ချင်းအိမ်မှာရှိတုန်းကဆို၊ သူက ကျွန်မနဲ့ အမြဲတမ်း ဆန့်ကျင်ဘက်လုပ်တာ။ နောင်ကျ၊ အစ်မ သူ့ကိုမြင်ရင် သူ့ကိုမရှိသလိုသာ သဘောထားလိုက်။ ဘယ်လိုပြောပြော သူကလျှာစောင်းဘဲထက်တာ ဘာမှလုပ်ရဲတာမဟုတ်ဘူး"

ရှောင်းကော ဒေါသထွက်နေတဲ့ အမျိုးသမီးယန်ကို နှစ်သိမ့်ပေးလိုက်သည်။ လီကျောက်ဒီက တကယ်ကို အဲ့ဒီလိုလူပင်။ ရှောင်းကော မှတ်မိတာတွေကို အခြေခံရလျှင် သူမဟာ စကားဘယ်လိုပြောရမလဲဆိုတာပဲ သိသည်။ သူမအနေဖြင့် ဘာကိုမှစည်းဘောင်လွတ် မလုပ်ရဲတာကြောင့် ရှောင်းကောက သူမအား ဘယ်သောအခါမှ အလေးအနက် မထားခဲ့ပါချေ။

All Chapters