← Chapters

အခန်း (၈၀)

Vol. 6 Ch. 80

အခန်း (၈၀)

Vol. 6 Ch. 80

ရှောင်းကော၏ စကားကိုကြားပြီးနောက် အမျိုးသမီးယန် ပိုပြီးစိတ်သက်သာရာရသွားသည်။ သူမ ပြောလိုက်သည်။ “ဟုတ်တယ်။ သူ့ကိုလေလိုဆက်ဆံရမယ်။လျစ်လျူရှုထားလိုက်ရုံပဲ"

ကျွမ်းကျွမ်း သူမဆီ နွားများနှင့်အတူ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကော အမျိုးသမီးယန်၏ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

“အစ်မ ကျွမ်းကျွမ်းက ဒီတလော စကားပြောတာတွေ သင်ယူနေတာ။ သူ့ကို ဒီစကားတွေ မကြားမိစေနဲ့"

အမျိုးသမီးယန်လည်း သူမနားလည်ကြောင်းပြသရန် အမြန်ခေါင်းညိတ်လိုက်သည်။ ရှောင်းကော လက်ဖယ်လိုက်တော့ လည်ချောင်းထဲက ရိုင်းပြတဲ့စကားလုံးတွေကို မျိုချလိုက်သည်။

သုံးယောက်သား အတူတူ အိမ်ပြန်ကြပြီး အသီးသီး အိမ်သို့ ရောက်သည့်အခါ လမ်းခွဲလိုက်ကြသည်။

ရှောင်းကော မြည်းလှည်းအား အရှေ့မှသွားစေကာ ကျွမ်းကျွမ်းနှင့် ဘေးချင်းကပ် လျှောက်နေသည်။ ကျွမ်းကျွမ်းက ရှောင်းကောကို မော့ကြည့်လာပြီး သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"မေမေ၊ ခုနတုန်းက ဘာပြောနေကြတာလဲ?"

ကျွမ်းကျွမ်းသည် ခပ်ဝေးဝေးတွင် ရှိနေခဲ့တာဖြစ်သည်။ အမျိုးသမီးယန် ပါးစပ်လှုပ်တာကိုသာ သူမြင်နေရပေမယ့် သူမပြောနေသည်ကို သူ မကြားရပေ။ ခုနက အမျိုးသမီးယန် အနားမှာရှိ‌နေတုန်းက မေးဖို့သူရှက်နေခဲ့တာဖြစ်သည်။ အခု လမ်းမှာ သူတို့နှစ်ယောက်ပဲရှိတော့ ကျွမ်းကျွမ်းက အရင်ကတည်းက မေးချင်နေတဲ့မေးခွန်းကို အမြန်မေးလာသည်။

“ဘာမှမဟုတ်ဘူး"

ရှောင်းကော၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူမ စိတ်ထဲတွင်တော့ အော်ဟစ်နေမိသည်။ 'ကျွမ်းကျွမ်းရေ၊ ငါ့ကို လွှတ်ပေးပါဟ!'

အရင်တုန်းကတော့ ကျွမ်းကျွမ်းကို မလိမ်တတ်အောင် သူမ သင်ပေးခဲ့သည်။ သူမသာ ကျွမ်းကျွမ်းကို လိမ်ခဲ့ရင် အဆင်မပြေလောက်ပေ။ ထို့ကြောင့် သူမသည် အကြောင်းအရာကို အကြမ်းဖျင်းပြောပြရန် ကြိုးစားလိုက်သည်။

ဒါကိုမြင်တော့ ကျွမ်းကျွမ်းက မေးခွန်းတွေ ထပ်မေးချင်လာသည်။ သူ့အိတ်ကပ်ထဲမှာ သော့ရှိနေတာကြောင့် ရှောင်းကောက တံခါးအမြန်ဖွင့်ဖို့ ပြောလိုက်သည်။

ကျွမ်းကျွမ်းက သော့ကိုင်ထားပြီး တံခါးကို အရင်ဖွင့်လိုက်သည်။ သူမနဲ့ အမျိုးသမီးယန်တို့ ဘာတွေပြောနေကြလဲဆိုတာ ရှောင်းကောကို ထပ်မေးဖို့ သူကြံနေသည်။

ဒါပေမယ့် အိမ်ပြန်ရောက်တာနဲ့ ရှောင်းကောက ကြက်တွေ၊ ဘဲတွေ၊ ခွေးပေါက်လေးတွေ၊ နွားတွေ၊ မြည်းတွေကို ကျွမ်းကျွမ်းအား အစာကျွေးခိုင်းလိုက်သည်။ သူ့မှာ အသက်ရှုဖို့ အချိန်မရှိလောက်အောင် အလုပ်များနေတော့သည်။

ပြီးတာနဲ့ ညစာစားချိန်ရောက်လာသည်။ ကျွမ်းကျွမ်း စားသောက်ပြီးတာနဲ့ ပန်းကန်တွေကို အမြန်ဆေးလိုက်သည်။

ပန်းကန်များဆေးကြောပြီးနောက် ရှောင်းကော အခန်းထဲဝင်လာကာ ကျွမ်းကျွမ်း ပြန်လှန်လေ့ကျင့်ပြီး သတ်ပုံခေါ်ကာရေးနိုင်ရန် စာအုပ်၊ စုတ်တံနှင့် စာရွက်တစ်ရွက်ကို ပြင်လိုက်သည်။

စာလေ့လာပြီးနောက် ရှောင်းကော ကျွမ်းကျွမ်းအား အိပ်ရာထဲ ပို့လိုက်သည်။ အိမ်ပြန်ရောက်ပြီးကတည်းက အနားမယူရသေးသည့် ကောင်လေးမှာ လျှင်မြန်စွာ အိပ်ပျော်သွားတော့သည်။

တစ်ညလုံး ကောင်းကောင်း အိပ်ပျော်သွားပြီးနောက် ကျွမ်းကျွမ်းတစ်ယောက် သူမေးချင်တဲ့ မေးခွန်းတွေကို အကြာကြီး မေ့သွားခဲ့သည်။ သူ့စာအုပ်တွေကိုဖွင့်ကာ သင်ခန်းစာအသစ်ကို စလေ့လာသည်။

ရှောင်းကော သက်ပြင်းတစ်ချက်ချလိုက်သည်။ ကလေးတွေက တကယ်ကို မေ့တတ်ကြတာဘဲ။သူမဘာသာသူမ ခပ်တိုးတိုးရေရွတ်ကာ မနက်စာချက်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။

ရှောင်းကော ထွက်သွားပြီးနောက် ကျွမ်းကျွမ်း ကူကယ်ရာမဲ့စွာ မော့ကြည့်ကာ သူမထွက်သွားသည့် ဦးတည်ရာဆီ တစ်ချက်ကြည့်လိုက်သည်။ "မေ့လိုက်ပါတော့။ မေမေက ဆက်မမေးစေချင်ဘူးဆိုမှတော့ မေ့ချင်ယောင်ဆောင်လိုက်တော့မယ်…”

မိခင်မေတ္တာနှင့် သားသမီးတစ်ယောက်ရဲ့ ကြင်နာမှုအပြည့်ဖြင့် နောက်ထပ်မနက်ခင်းတစ်ခုပြီးသွားခဲ့သည်။ အစာစားပြီးနောက် ကျွမ်းကျွမ်းအား စာလုပ်ရန် အိမ်တွင်ထားခဲ့ကာ အမျိုးသမီးယန်၏ အိမ်သို့ သူမကိုယ်တိုင် သွားလိုက်သည်။

ရှောင်းကောက အမျိုးသမီးယန်ဆီက အဝတ်အစားချုပ်နည်းသင်ယူရန် သူမတို့ ကြိုပြီး သဘောတူထားသည်။

ရှောင်းကော တံခါးခေါက်လိုက်တော့ ရှောင်းဟွားလာဖွင့်သည်။ သူမက နှုတ်ဆက်ပြီးနောက် ရှောင်းကောရဲ့နောက်ကို မျှော်တလင့်တကြီး ကြည့်လိုက်သည်။

ပထမတော့ ရှောင်းကောက သူမ ဘာလုပ်နေလဲမသိပေ။ သူမအိမ်ထဲဝင်တာ တစ်ဝက်လောက်ရောက်မှ သဘောပေါက်သွားသည်။

"ကျွမ်းကျွမ်းက အိမ်မှာ စာလုပ်နေတာ"

ဒါကိုကြားတော့ ရှောင်းဟွားက ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို ဆက်မကိုင်ထားတော့ပေ။ သူမက တံခါးကိုပိတ်လိုက်ပြီး ရှောင်းကောနှင့်အတူ အိမ်ထဲလိုက်ဝင်လာသည်။

“အစ်မယန် ကျွန်မရောက်ပြီ!"

ရှောင်းကော အခန်းတံခါးကိုမဖွင့်ခင် အိမ်ထဲမှာရှိတဲ့ သူတွေကြားအောင် အော်လိုက်သည်။

အမျိုးသမီးယန်က အထည်တွေကို ပြင်ဆင်ထားကာ ကုတင်ပေါ်တွင် တင်ထားသည်။ ရှောင်းကော ရောက်လာမှာကို သူမ စောင့်နေတာဖြစ်သည်။

ရှောင်းကောမှာ ကျွမ်းကျွမ်း၏ အင်္ကျီတစ်ထည်ကိုလက်ထဲတွင် ကိုင်ထားသည်။ အမျိုးသမီးယန်ဆီက မည်သို့ချုပ်ရမလဲ ကြည့်ပြီး မသေချာဖြစ်နေပါက ၎င်းအထည်အား ကိုးကားနိုင်သည်။

အမျိုးသမီးယန်ဟာ အမှန်တကယ်ကို အတွေ့အကြုံရှိသည့် စက်ချုပ်သမားဖြစ်သည်။ ရှောင်းကော အဆင့်များကို အတိုချုံးရှင်းပြပြီးနောက် သူမက လျင်မြန်စွာနားလည်သွားကာ မျဉ်းများကို ဆွဲလိုက်သည်။

ဒီတစ်ခါတော့ ရှောင်းကောတွင် ဘာမှ သိပ်လုပ်စရာ မရှိတော့ပေ။ အမျိုးသမီးယန်က အထည်တွေကို မြန်မြန်ညှပ်လိုက်ကာ လုပ်စရာကျန်တာကတော့ အပိုင်းအစတွေကို ချုပ်ဖို့ပင်။ ရှောင်းကောမှာ ပြန်ဖို့အလျင်မလိုသည်မို့ အမျိုးသမီးယန်အား စက်ချုပ်ရန် ကူညီပေးလိုက်သည်။ နှစ်ယောက်သား အတူထိုင်ကာ စကားစမြည်ပြောကြရင်း အချိန်ကလည်း မြန်မြန်ကုန်လာသည်။

အပေါ်ပိုင်းကို ချုပ်တဲ့အခါ ရှောင်းကောသည် အပ်နှင့်ချည်ကို ချလိုက်သည်။ ကျွမ်းကျွမ်း စာလုပ်တာပြီးလောက်ပြီပင်။ သူမ အမျိုးသမီးယန်အား နှုတ်ဆက်ကာ အိမ်ပြန်လိုက်သည်။

နောက်နေ့တွေမှာတော့ သူတို့နှစ်ယောက် အချိန်ရသည့်အခါ စုံကြပြီး အဝတ်အစားတွေ ချုပ်ကြသည်။ ရှောင်းကောသည် အမျိုးသမီးယန်ထံမှ နည်းစနစ်များစွာကို သင်ယူနိုင်ခဲ့သည်။

အချိန်တွေကုန်တာမြန်သည်။ ရွာရှိလူတော်တော်များများဟာ လယ်ကွင်းတွေတွင် အလုပ်စလုပ်ကြသည်။ လူတွေဟာ စပါးပြောင်းနှံတွေအား အိတ်တွေ အိတ်တွေဖြင့် သယ်လာကြသည်။ လူတိုင်း ပြုံးနေကြသည်။ ဒီလိုရိတ်သိမ်းမှုဖြင့်ဆိုလျှင် သူတို့အနေဖြင့်တစ်နှစ်ပတ်လုံး စိတ်ပူစရာ မလိုတော့ပေ။

ရှောင်းကော လယ်ကွင်းများအား ကြည့်ရန် သွားလိုက်သည်။ သူမ၏ လယ်ဧရိယာတစ်ဝိုက်သည် ဗလာကျင်းသွားပြီဖြစ်သည်။ ယခုတွင်တော့ မထိရ‌သေးသည့် သူမနှင့်ဆိုင်သည့် လယ်ကွက်သာ ကျန်တော့သည်။

ရှောင်းကောသည် မနက်ဖြန်တွင် ရိတ်သိမ်းရမည်ဟု တွေးလိုက်သည်။

အဲ့ဒီလိုအတွေးနှင့်အတူ သူမ နောက်နေ့တွင် စောစောထရမည်ပင်။ အိမ်မှာ အိတ်နှစ်လုံးရှိပေမယ့် အသုံးမပြုတာကြာပြီဖြစ်သည်။

အဲ့ဒါတွေက ယခင်က ကောက်ပဲသီးနှံများ စိုက်ပျိုးရာတွင် အသုံးပြုခဲ့သည်ဟု ရှောင်းကော သူမဘာသာသူမထင်လိုက်သည်။ သို့ပေမယ့် ၎င်းတို့အားအသုံးမပြုတာ ကြာပြီဖြစ်သည့်အတွက် ပျက်စီးနေလောက်မလားဟု တွေးမိသည်။

သူမ အိတ်များကို အစွမ်းကုန် ဆွဲကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ ၎င်းတို့ဟာ ကောင်းနေသေးပုံရကာ ဆက်လက်အသုံးပြုနိုင်သေးသည်။ ဒါမှ အသစ်ဝယ်ရသည့် ဒုက္ခကို ကယ်တင်နိုင်မည်ပင်။

သူမသည် အိတ်များအား ထုတ်ကာ လှည်းပေါ်တင်လိုက်ပြီး မသွားမီ အဝတ်အစားနှင့် ဖိနပ်ဟောင်းများအား ရှာလိုက်သည်။ မနက်ဖြန် လယ်ထဲတွင် အလုပ်လုပ်ပါက ဝတ်သွားရမည်။

အရာအားလုံး ထုပ်ပိုးပြီးသည့်အခါ ရှောင်းကောသည် အိမ်ထဲသို့ဝင်ကာ အနားယူရန် ပြင်ဆင်လိုက်သည်။စောစော နားကာ နံနက်စောစောတွင် လယ်ထဲသို့ သွားရမည်။

နောက်နေ့မနက်တွင်တော့ ကျွမ်းကျွမ်းက သူမနှင့်အတူ လိုက်ချင်ပေမဲ့ ရှောင်းကောက လိုက်ခွင့်မပေးပေ။ ကျွမ်းကျွမ်းက သူမကို အချိန်အတော်ကြာ အသနားခံခဲ့ပေမဲ့ ရှောင်းကောက အလျှော့မပေးခဲ့ပါချေ။ နောက်ဆုံးမှာတော့ ရှောင်းကော မြည်းလှည်းကို လယ်ထဲသို့ မောင်းသွားချိန်မှာ ကျွမ်းကျွမ်းတစ်ယောက်ကတော့ အိမ်မှာဘဲကျန်နေရစ်ခဲ့တော့သည်။

ဂျုံက ပထမဆုံး ရိတ်သိမ်းရမည့် သီးနှံဖြစ်သည်။ ရှောင်းကောသည် လယ်ထဲသို့ဆင်းကာ သူမ၏ ဘောင်းဘီအား ခြေကျင်းဝတ်များ ဖုံးသည်အထိ ဖြန့်ချလိုက်သည်။ သူမ၏ အရေပြားအစိတ်အပိုင်းများ မထိနိုင်ကြောင်း သေချာမှ သူမသည် ပိုပြီး စိတ်အေးသွားသည်။

သူမရဲ့ခြေကျင်းဝတ်တွေသာ ပေါ်နေပါက ဂျုံရွက်တွေနှင့် သေချာပေါက် ရှလိမ့်မည်ပင်။

လယ်ကွက်အဆုံးသို့ ရောက်သောအခါ၊ ရှောင်းကောသည် လယ်ရိတ်ဓားအားမြှောက်ကာ ဂျုံပင်တွေပေါ်လွှဲယမ်းလိုက်သည်။ ဂျုံပင်များ တစ်ခုပြီးတစ်ခု လဲကျသွားသည်။ ရှောင်းကောသည် အတန်းတိုင်းသွားကာ ဂျုံရိုးပင်များအား အပုံသေးသေးပုံလိုက်သည်။

မီတာအနည်းငယ်တိုင်းတွင် ဂျုံပုံကြီးတစ်ခုရှိသည်။ ဤနည်းဖြင့်ဆိုပါက အပင်များအား စုရာတွင် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

ရှောင်းကောတစ်ယောက် သူမအား တစ်စုံတစ်ယောက်က အော်ခေါ်လိုက်သည့်အသံကိုကြားတဲ့အချိန် သူမရိတ်နေတာ တစ်ဝက်တစ်ပျက်သာ ရှိသေးသည်။ သူမခေါင်းကိုမော့ကာ ချွေးတွေသုတ်လိုက်ပြီး မျက်လုံးမှေးကျဉ်းကာ ကြည့်လိုက်သည်။ သူမ သိပ်မမြင်ရပါချေ။ နေရောင်က တောက်ပလွန်းနေသည်။

ရှောင်းကော လက်မြှောက်ကာ နေရောင်ကာလိုက်သည်။ အကြည့်တွေထဲ နေရောင်မဝင်နိုင်တော့တာကြောင့် ဘယ်သူလဲဆိုတာကို သူမ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"အစ်ကို!"

ချင်းအန့်မင်သည် လှည်းအား အဝေးမှ မောင်းလာသည်။ ရှောင်းကော သူ့အား ဝမ်းသာအားရ အော်ခေါ်လိုက်ပြီး သူ ဘာလို့ ရုတ်တရက် ပြန်ရောက်လာသလဲဆိုတာကို သိချင်မိသွားသည်။

ချင်းအန့်မင် ကြိုးအား တင်းလိုက်သည်။

လှည်းက ဘေးနားတွင် မှန်မှန်ရပ်သွားသည်။ ချင်းအန့်မင်သည် လှည်းပေါ်မှ ဆင်းကာ ရှောင်းကော၏ နံဘေးသို့ တံစဉ်တစ်ချောင်းနှင့်အတူ ရောက်လာသည်။

“ဘာလို့ ကောက်နှံတွေကို ကိုယ်တိုင်ရိတ်နေတာလဲ! ငါ့ကိုပြောသင့်တယ်လေ!"

သူမကို အပြစ်တင်နေပုံရသော်လည်း သူ့မျက်လုံးတွေထဲတွင် စိုးရိမ်မှုတွေအပြည့်ပင်။

“ဟင်းး၊ ညီမက ဘာမှသိပ်လုပ်ရတာ မဟုတ်ဘူးလို့ထင်လို့ပါ။ ညီမ ဘာသာ လုပ်လို့ရပါတယ်။ အစ်ကိုသာ ခေါက်ဆွဲဆိုင်မှာ နေ့တိုင်းလုပ်နေရတာ ပင်ပန်းနေလိမ့်မယ်!"

သူမပိုပြောလေ အပြစ်ရှိသလို ပိုပြီးခံစားလာရလေပင်။ ချင်းအန့်မင်၏ မကျေနပ်သည့် အမူအရာကိုမြင်လိုက်ရတော့ ရှောင်းကော ပြောနေတာရပ်လိုက်သည်။ ချင်းအန့်မင် သူမအပေါ် နောက်တစ်ကြိမ် ဒေါသဖြစ်မှာကို သူမစိုးရိမ်သည်။

“အစ်ကို…”

ချင်းအန့်မင်က ဘာမှ မပြောပေ။ သူသည် ရှောင်းကောအား သူမအတိုင်းထပ်တူညီသည့်အကြည့်ဖြင့် ကြည့်နေသည်။

ရှောင်းကော စောင့်လေလေ၊ သူမတွင် အပြစ်ရှိသလို ခံစားလာရလေလေပင်။ 'မေ့လိုက်ပါ ငါ့အမှားကို ဝန်ခံလိုက်တော့မယ်!'

"အစ်ကို၊ ညီမ မှားသွားပါတယ်။ အနာဂါတ်မှာ ဘာပဲဖြစ်ဖြစ် အစ်ကို့ကို လာရှာပါမယ်။ ညီမ ကတိပေးတယ်!"

ချင်းအန့်မင် နှာမှုတ်လိုက်သည်။ ချင်းအန့်မင်၏ သဘောထား ပျော့ပျောင်းလာသည်ကို တွေ့မြင်လိုက်ရသဖြင့် ရှောင်းကောလည်း သူ့သဘောထားပြောင်းလဲလာတာကို ချက်ချင်းအသုံးချကာ ချင်းအန့်မင် ထရပ်ပြီး မပြောလာခင်အထိ ကတိတွေပေးကာ စကားကောင်းကောင်းလေးတွေ ပြောနေလိုက်သည်။ "အလုပ်စလိုက်ကြရအောင်"

ချင်းအန့်မင်သည် လယ်ကွက်ထဲရှိ ကောက်ပဲသီးနှံများအကြောင်း တွေးနေခဲ့တာဖြစ်သည်။ ရိတ်သိမ်းချိန်နီးနေပြီဖြစ်သဖြင့် သူသည် ရူယီထံမှ နားရက်တစ်ရက်ယူကာ တစ်ချက်ကြည့်ရန် ပြန်လာခဲ့တာဖြစ်သည်။

မနက်အစောကြီး ဆိုင်မှ ပစ္စည်းတွေသည့်လှည်းကို သူမောင်းလာကာ ရွာဝင်ပေါက်ကို ရောက်လာသည်။ အိမ်ရှေ့တွင် ကောက်နှံတွေစစ်ချနေသည့် လူတစ်ယောက်ကို သူတွေ့လိုက်ပြီး နေရာတိုင်းတွင် ရိတ်သိမ်းထားသည့် ကောက်နှံထုပ်တွေ ရှိနေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် လှည်းအား အမြန်မောင်းကာ အိမ်ပြန်လာခဲ့သည်။

အိမ်ထဲသို့ဝင်လိုက်သည်နှင့် ခြံဝင်းထဲတွင် စာအုပ်ဖတ်နေသည့် ကျွမ်းကျွမ်းကို သူတွေ့လိုက်ရသည်။

တံခါးဖွင့်သံကြားတော့ ကျွမ်းကျွမ်းက ရှောင်းကော ပြန်လာပြီဟု ထင်တာပင်။ သူ အမြန်ကြည့်လိုက်ကာ သူ့အမေအား ခေါ်တော့မည့်အချိန် သူ့ဦးလေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူစာအုပ်ကို ချက်ချင်းချလိုက်ကာ သူ့နား ပြေးသွားလိုက်သည်။

ကျွမ်းကျွမ်းအား မေးကြည့်ပြီးသည့်နောက် ရှောင်းကောတစ်ယောက် လယ်ထဲတွင် ရှိနေကြောင်း သူသိလိုက်ရသည်။ သူလည်း ခြံဝင်းထဲရှိ တံစဉ်တစ်ချောင်းအားယူကာ အမြန်လာခဲ့တာဖြစ်သည်။

All Chapters