← Chapters

နာမည်ပျက်ပြီး ဒေါသထွက်လွန်း၍ သွေးအန်ခြင်း

Vol. 54 Ch. 874

နာမည်ပျက်ပြီး ဒေါသထွက်လွန်း၍ သွေးအန်ခြင်း

Vol. 54 Ch. 874

အမှန်တရား ပေါ်ပေါက်လာပြီးနောက် ဖိအားပေးမှုများကြောင့် မစ္စတာကျန်းနှင့် မစ္စစ်ကျန်းတို့သည် အရှက်ရခြင်းနှင့် စိတ်နာခြင်းတို့ကို သည်းခံပြီး သမီးဖြစ်သူအား ကျောင်းသားဆရာအားလုံး၏ရှေ့မှောက်တွင် ရှောင်လင်းယဲ့ကို တောင်းပန်ခိုင်းရန် သဘောတူလိုက်ရသည်။

ဒါတင်မကသေးပါဘူး။ ကုန်းထျန်းဟောက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေး၊ ဂုဏ်သိက္ခာ ထိခိုက်နစ်နာကြေး၊ ကုမ္ပဏီဆုံးရှုံးမှု စသည်တို့အတွက် စုစုပေါင်း ယွမ် ၁၀ သန်း ပေးလျော်ရန် တောင်းဆိုလိုက်သည်။

သာမန်လူများအတွက် ယွမ် ၁၀ သန်းဆိုသည်မှာ မတန်တဆ တောင်းဆိုခြင်းဖြစ်သော်လည်း ရှောင်လင်းယဲ့၏ လက်ရှိတန်ဖိုးနှင့် တွက်ချက်လိုက်လျှင် ထိုပမာဏမှာ အဆန်းမဟုတ်ပေ။ ရှေ့နေများကလည်း သေချာတွက်ချက်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ကျောင်းအတွင်းတွင် အမျိုးမျိုးသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ရှောင်လင်းယဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ခဲ့ပြီးနောက် ကျန်းရှုယွီ၏ဂုဏ်သိက္ခာမှာမူ မြောင်းထဲရောက်သွားကာ နာမည်ပျက်ပြီး ဘဝပျက်သွားသည်ဟု ဆိုရပေမည်။

"ကျွတ်... ကျွတ်... ကျန်းရှုယွီက ဒီလောက် ရက်စက်တဲ့သူ ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး" တစ်စုံတစ်ယောက်က အာမေဋိတ်သံဖြင့် ပြောလိုက်သည်။ "ရှောင်လင်းယဲ့ကို ဒုက္ခရောက်စေချင်လွန်းလို့ ကိုယ့်နာမည်ပျက်တာတောင် ဂရုမစိုက်တော့ဘူး"

"ဟားဟား... သူက နာမည်ပျက်မှာ မကြောက်တာ မဟုတ်ဘူး။ နင် မကြားမိဘူးလား။ ရှောင်လင်းယဲ့ရဲ့နောက်ခံကို သူသိနေလို့လေ။ ရှောင်လင်းယဲ့ရဲ့နောက်ခံက Imperial Palaceအုပ်စုလေ။ Imperial Palaceအုပ်စုဆိုတာ တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံး ကုမ္ပဏီပဲ။ ကုမ္ပဏီပိုင်ရှင်ကလည်း နိုင်ငံရဲ့အချမ်းသာဆုံး သူဌေးပဲ။ ရှောင်လင်းယဲ့က အဲဒီသူဌေးကြီးရဲ့ ယောက်ဖအရင်းခေါက်ခေါက်လေ။ ပြီးတော့ သူ့အစ်မ ရှောင်လင်းယွီကလည်း ဘီလီယံချီတန်တဲ့ ကုမ္ပဏီကို တည်ထောင်ထားတာ။ စဉ်းစားကြည့်... ရှောင်လင်းယွီရဲ့ တစ်ဦးတည်းသော မောင်လေးဆိုတော့ သူ့အဆင့်အတန်းက ဘယ်လောက်မြင့်မလဲ။ ဒါကြောင့် ကျန်းရှုယွီက သူ့နာမည်ဂုဏ်သိက္ခာကို အရင်းပြုပြီး ရှောင်လင်းယဲ့ကို ရည်းစားဖြစ်လာအောင် ဖိအားပေးချင်တာ"

"ဟားဟား... အစတုန်းကတော့ ရှောင်လင်းယဲ့ကို ရုပ်ချော၊ အရည်အချင်းရှိတဲ့ တောသားလေးလို့ပဲ ထင်ထားတာ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူဌေးသား ဖြစ်သွားပါရောလား"

"ဟုတ်တယ်။ ရှောင်လင်းယဲ့က တော်တော်နေတတ်တာပဲ။ ငါတို့နဲ့ အတန်းဖော်ဖြစ်တာ ဒီလောက်ကြာပြီ။ သူ့အိမ်က ဒီလောက်ချမ်းသာမှန်း မသိခဲ့ရဘူး"

ဘီလီယံရာချီဆိုတဲ့ ပမာဏက သူတို့လို ကျောင်းသားတွေ လှမ်းမမီနိုင်တဲ့ အနေအထားပါ။ သူတို့ ဘွဲ့ရပြီး ရုံးဝန်ထမ်းလုပ်ရင်တောင် တစ်နှစ်ကို ယွမ် သိန်းဂဏန်း၊ သန်းဂဏန်းလောက်ပဲ ရမှာ။ အင်ပါယာတက္ကသိုလ်က ဘွဲ့ရတာတောင် အလုပ်ကောင်းကောင်းရဖို့ ခက်ခဲပြီး တစ်လကို ၂၊ ၃ ထောင်လောက်နဲ့ အောက်ခြေသိမ်း အလုပ်တွေပဲ လုပ်ရနိုင်တာ။

"ရှောင်လင်းယဲ့က ဘွဲ့ရရင် အလုပ်ရှာစရာတောင် မလိုဘူး။ သူ့အိမ်က ကုမ္ပဏီမှာ လုပ်လုပ်၊ ယောက်ဖ ကုမ္ပဏီမှာလုပ်လုပ်ရနေပြီ" ပြောလိုက်သူ၏မျက်လုံးထဲတွင် အားကျမှုများ ယှက်သန်းနေသည်။ "ရှောင်လင်းယဲ့က ဘာလို့ ဒီလောက် ကံကောင်းရတာလဲ။ ရုပ်ချော၊ အရည်အချင်းရှိတာအပြင် အိမ်ကလည်း ချမ်းသာသေးတယ်။ ပိုက်ဆံအတွက်လည်း ပူစရာမလို၊ အလုပ်အတွက်လည်း ပူစရာမလိုဘူး"

"ဟုတ်တယ်။ လူ့ဘဝက ထူးဆန်းတယ်နော်။ တချို့ကျတော့ ဘာမဆို ရှိနေတယ်။ ငွေ၊ ရုပ်ရည်၊ ပညာ အကုန်ပြည့်စုံနေတယ်။ ဘာလို့ တချို့ကျတော့ ကံကောင်းလွန်းရတာလဲ"

"ဟုတ်တယ်။ ဘာလို့လဲ" ကျောင်းသားအများအပြားက ထောက်ခံလိုက်ကြသည်။

ကမ္ဘာကြီးက မတရားသလိုပါပဲ။ တချို့က မွေးကတည်းက အကုန်ပြည့်စုံနေပြီး ဘာမှ ပူပန်စရာမလိုဘူး။ တချို့ကျတော့ မွေးကတည်းက ကံဆိုးမှုတွေနဲ့ ကြုံတွေ့နေရတယ်။

ဒါပေမဲ့ ဘယ်လိုဘဝပဲဖြစ်ဖြစ် ကိုယ့်ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။

တစ်ယောက်က ရဲရင့်စွာ ပြောလိုက်သည်။ "ငါ ဒုတိယမျိုးဆက်သူဌေး မဖြစ်နိုင်ရင် ပထမမျိုးဆက်သူဌေး (ကိုယ်တိုင်ထူထောင်သူ) ဖြစ်အောင်လုပ်မယ်။ ဒါမှ ငါ့သားသမီးတွေက ဒုတိယမျိုးဆက် သူဌေးတွေ ဖြစ်လာမှာ"

တချို့ကတော့ အဆိုးမြင်စိတ်ဖြင့် ညည်းတွားကြသည်။ "ငါ့မိဘတွေ ဘာလို့ မချမ်းသာတာလဲ။ သူတို့သာ ချမ်းသာရင် ငါ ဒီလိုဆင်းရဲတဲ့ဒုက္ခကို ခံစားစရာမလိုဘူး"

ရှောင်လင်းယဲ့ ချမ်းသာကြောင်း သတင်းထွက်ပေါ်လာခြင်းက လူအများ၏အမြင်ကို ပြောင်းလဲစေခဲ့သည်။ ဒီလောက်ချမ်းသာတဲ့သူတောင် ဒီလောက် ကြိုးစားနေတာ၊ ငါတို့လို သာမန်လူတွေက ဘာလို့ မကြိုးစားဘဲ နေရမှာလဲ။

ထို့နောက် ကျောင်းတစ်ခုလုံး၏လေထုမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကျောင်းသားအများစုသည် ပိုမိုကြိုးစားလာကြသည်။

ကျောင်းအုပ်ကြီးလီနှင့်ဆရာများသည် အစပိုင်းတွင် အံ့သြသွားကြသော်လည်း နောက်ပိုင်းတွင် ဝမ်းသာသွားကြသည်။ ကျောင်းသားတွေကြိုးစားလာရင် နိုင်ငံအတွက် လူတော်လူကောင်းတွေ ထွက်ပေါ်လာမှာ သေချာတယ်လေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရှုယွီ၏နာမည်မှာ လုံးဝ ပျက်စီးသွားပြီး လူတိုင်း ဝိုင်းဆဲသော ပစ်မှတ် ဖြစ်လာသည်။ စိတ်ပုတ်တဲ့ မိန်းမ၊ မိန်းမယုတ်၊ မြွေပွေးမ စသဖြင့် နားထောင်ရခက်သော စကားလုံးများဖြင့် အပြောခံရသည်။

ကျန်းရှုယွီသည် ထိုကိစ္စပြီးကတည်းက ကျောင်းမလာတော့ဘဲ အိမ်တွင်သာ ပုန်းနေသော်လည်း အပြင်လောက၏လှောင်ပြောင်မှုများကို မရှောင်လွှဲနိုင်ပေ။ မြို့တော်ရှိ တက္ကသိုလ် ဖိုရမ်များနှင့် လူမှုကွန်ရက်များတွင် သူမအကြောင်းပြောဆိုနေကြသည်။

ကျန်းရှုယွီသည် သူမအခန်းထဲတွင်ထိုင်ရင်း ကွန်ပျူတာဖန်သားပြင်ပေါ်မှ စာများကို ကြည့်နေသည်။ သူမ၏မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေသည်။

"ရှောင်လင်းယဲ့၊ နင် စောင့်နေလိုက်။ ဒီနေ့ ငါခံရတဲ့ အရှက်တရားအတွက် နောင်တစ်ချိန်ကျရင် အဆထောင်ချီ ပြန်ပေးဆပ်စေရမယ်" ကျန်းရှုယွီ အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

ဒီတစ်ခါ လုပ်ကြံမှု မအောင်မြင်ရုံသာမက ကိုယ့်နာမည်ပါပျက်စီးပြီး မိဘများကိုပါ ဒုက္ခရောက်စေခဲ့သည်။

လျော်ကြေးငွေ ယွမ် ၁၀ သန်း ပေးရရုံသာမက မိသားစု ၃ ယောက်လုံး ကျန်းမိသားစု အိမ်မကြီး (ပင်မမိသားစု) သို့ ခေါ်ယူခြင်းခံရပြီး လက်ရှိ အိမ်ထောင်ဦးစီး သခင်လေးကျန်း၏ ဆူပူကြိမ်းမောင်းခြင်းကိုခံလိုက်ရသည်။ ထို့နောက် ပြစ်ဒဏ်အနေဖြင့် သူတို့၏လုပ်ငန်းအများအပြားကို ပြန်သိမ်းယူလိုက်သည်။

ထို့ကြောင့် ရက်ပိုင်းအတွင်းမှာပင် သူတို့မိသားစု၏ ပိုင်ဆိုင်မှုထက်ဝက်ကျော် လျော့နည်းသွားပြီး အမြတ်မရသော ကုမ္ပဏီအသေးလေးတစ်ခုသာ ကျန်ရစ်တော့သည်။ သနားစရာ ကောင်းလှသည်။

အစတုန်းက အိမ်မကြီးမှခေါ်သောအခါ သူတို့အတွက် တရားမျှတမှု ရယူပေးမည်ဟု ထင်မှတ်ခဲ့ကြသည်။ ကျောင်းအုပ်ကြီးရုံးခန်းတွင် ကုန်းထျန်းဟောက်ကို တွေ့လိုက်ရကတည်းက မစ္စတာကျန်းသည် အိမ်မကြီးထံ အကူအညီတောင်းခဲ့သည်။

အိမ်မကြီးဘက်ကလည်း ကူညီပေးမည်ဟု ပြောခဲ့သည်။ ကျန်းမိသားစုက ကိုယ့်လူကိုယ် ကာကွယ်တတ်သည်လေ။

အိမ်မကြီး၏အားပေးမှုကိုရထားသဖြင့် အစပိုင်းတွင် မစ္စတာကျန်းက ကုန်းထျန်းဟောက်ကို ရင်ဆိုင်ရဲခဲ့ခြင်းဖြစ်သည်။

သို့သော် အမှန်တရားပေါ်လာပြီး မစ္စတာကျန်း ရှေ့ဆက်မတိုးနိုင်ဖြစ်နေချိန်တွင် အိမ်မကြီးမှ လူများ လာရောက်ကူညီမည်ဟု မျှော်လင့်ခဲ့သော်လည်း ကိစ္စပြီးသည်အထိ ဘယ်သူမှ ပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူတို့ အရှက်ကွဲပြီး အထိနာခဲ့ရသည်။

အိမ်မကြီးသို့ရောက်သောအခါ သူတို့အတွက် လက်စားချေပေးမည်ဟု ထင်ခဲ့သော်လည်း ဆူပူခံရပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခံလိုက်ရသည်။ ဒါဟာ ကိုယ်ထွင်းတဲ့အတိုင်း ကိုယ်ကျတာပါပဲ။ ဇနီးသည်လည်းဆုံး၊ စစ်သည်လည်းရှုံး ဆိုသလို နှစ်ပါးသွားပြီ ဖြစ်သည်။

နောက်ပိုင်းမှ ကျန်းရှုယွီ စုံစမ်းသိရှိလိုက်ရသည်မှာ သူတို့၏သခင်လေးကျန်းသည် ကုန်းထျန်းဟောက်နှင့် သူငယ်ချင်းဖြစ်ရုံသာမက ရှောင်လင်းယွီနှင့်လည်း မိတ်ဆွေများ ဖြစ်နေကြခြင်းပင်။

ဒါကြောင့် ဒီတစ်ခါ သခင်လေးကျန်းက ရှောင်လင်းယွီအတွက် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ခြင်းဖြစ်သည်။

ဒီသတင်းကို ကြားလိုက်ရသောအခါ ကျန်းရှုယွီ ဒေါသထွက်လွန်းသဖြင့် နေရာတွင်ပင် သွေးအန်သွားသည်။ ထို့နောက် ရှောင်မောင်နှမနှစ်ယောက်ကို ကြီးမားသော တန်ဖိုးပြန်ပေးဆပ်စေရမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

ထို့နောက်တွင်တော့ ကျန်းရှုယွီအား မိသားစုက နိုင်ငံခြားသို့ ပို့လိုက်ပြီး နောက်ပိုင်းနှစ်များတွင် မြို့တော်၌ ပေါ်မလာတော့ပေ။

***

All Chapters