နေရာအနှံ့ ပွင့်လန်းခြင်း
Vol. 54 Ch. 876
ရှောင်လင်းယွီ စိုက်ပျိုးရေးဧရိယာချဲ့ထွင်ရန် စီစဉ်ချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ နေရာခုနစ်ခုကို ဗဟိုပြုကာ ပတ်ဝန်းကျင်အရပ်ဒေသများသို့ ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခဲ့သည်။
တိုတောင်းလှသော အချိန်နှစ်ဝက်အတွင်းမှာပင် ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် ဆိုင်များသည် နေရာအနှံ့အပြားတွင် ပွင့်လန်းလာခဲ့သည်။
မြို့တော်အဆင့်နှင့်အထက် မြို့တိုင်းတွင် ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်ရှိကြပြီး ချမ်းသာကြွယ်ဝသော ခရိုင်အဆင့် မြို့အများအပြားတွင်လည်း ထိုကဲ့သို့ စူပါမားကတ်များရှိကြသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဆင်းရဲနွမ်းပါးသော မြို့အချို့ကို ယာယီအားဖြင့် ထည့်သွင်းစဉ်းစားခြင်း မပြုသည်မှလွဲ၍ တစ်နိုင်ငံလုံးရှိ မြို့ပေါင်း သုံးလေးရာခန့်တွင် ထောင်ယွမ်ရွာ Green Freshအုပ်စုပိုင် စူပါမားကတ်များသည်လည်း သုံးလေးရာခန့် ရှိလာခဲ့ပြီဖြစ်သည်။ အချို့သော ဖွံ့ဖြိုးပြီး မြို့ကြီးများတွင်ဆိုလျှင် ဆိုင်ခွဲနှစ်ဆိုင်အထိ ဖွင့်လှစ်ထားလေသည်။
သို့သော် ဆိုင်တစ်ဆိုင်ချင်းစီ၏ ကုန်ပစ္စည်းဖြန့်ဖြူးမှုပမာဏကို နေ့စဉ် ကန့်သတ်ထားသည်။ ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ ဤပမာဏသာဖြစ်သည်။
မှန်ပါသည်... မရောင်းရသည့်ကိစ္စကိုမူ ထည့်သွင်းစဉ်းစားရန်ပင် မလိုအပ်ချေ။
လက်ရှိတွင် ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်၏ ကျော်ကြားမှုသည် လူတိုင်းသိသည့်အဆင့်သို့ မရောက်သေးသော်လည်း လူချမ်းသာများအတွက်မူ မသိမဖြစ် သိထားရမည့်အရာဖြစ်လာသည်။
ထောင်ယွမ်ရွာမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားဖူးပါက လူချမ်းသာ စံချိန်မမီဟုပင် ဆိုရပေမည်။
ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်များသည် အဆင့်မြင့် ဈေးကွက်၏ အမှတ်တံဆိပ်ကြီးတစ်ခုဖြစ်လာခဲ့သည်။
စိုက်ပျိုးရေး ဧရိယာ ခုနစ်ခုသည်လည်း ခရီးသွားလည်ပတ်စရာ အပန်းဖြေစခန်းများ ဖြစ်လာကြသည်။
ထောင်ယွမ်ရွာ Green Freshအုပ်စုပိုင် အပန်းဖြေစခန်းတိုင်းတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသဖြင့် ခြံတိုင်းသည် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး နေ့စဉ် လာရောက်လည်ပတ်သူ မပြတ်ချေ။
ခြံတိုင်းတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသော်လည်း ထိုခြံများအားလုံးတွင် တူညီသော အချက်တစ်ချက် ရှိနေပြန်သည်။ ထိုအရာမှာ - အစားအသောက်တန်းပင်ဖြစ်သည်။
မှန်ပါသည်... အစားအသောက်တန်းဖြစ်၏။
အပန်းဖြေစခန်း ခုနစ်ခုစလုံးတွင် အစားအသောက်တန်း တစ်ခုစီ ရှိကြသည်။ အစားအသောက် ပြုလုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများသည် အခြေခံအားဖြင့် ခြံမှ ထွက်ရှိသော ပစ္စည်းများသာ ဖြစ်သည်။ သို့သော် ရံဖန်ရံခါတွင် ပင်လယ်စာကဲ့သို့သော ပြင်ပပစ္စည်းများလည်း ပါဝင်တတ်သည်။
အကြောင်းကတော့ ပင်လယ်စာသည် ပင်လယ်ထဲမှသာထွက်ရှိနိုင်ပြီး ဤခြံများ၌ ကိုယ်တိုင် မွေးမြူနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ရှောင်လင်းယွီကိုယ်တိုင် ပင်လယ်ပြင်တစ်နေရာကို ကန်ထရိုက်ယူကာ ပင်လယ်ပြင်ကို ပိုင်းခြားသတ်မှတ်ထားခြင်း မရှိပါက မဖြစ်နိုင်ပေ။
.....
နှစ်ဝက်အတွင်းမှာပင် ထောင်ယွမ်ရွာ Green Freshအုပ်စုသည် ဟွာရှ တစ်ဝန်းလုံးရှိ အဆင့်မြင့် စိုက်ပျိုးရေး ထွက်ကုန်နှင့် လယ်ယာထွက်ကုန် ဈေးကွက်တစ်ခုလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သည်။ ထို့အပြင် ရောင်းမလောက် ဖြစ်နေသဖြင့် ကြိုတင်မှာယူ၍ မရနိုင်ဘဲ နေ့စဉ် လူလွှတ်ကာ တန်းစီစောင့်ဆိုင်းရသည့်အခြေအနေဖြစ်နေသည်။
အာဏာရှိ၊ ငွေရှိသော သူဌေးကြီးများ၏ အိမ်များသည် ထောင်ယွမ်ရွာ Green Freshအုပ်စုမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်၊ ဆန်၊ စားသုံးဆီ၊ သစ်သီး စသည်တို့ကို စားသောက်ရန် အသားကျနေပြီ ဖြစ်ရာ အခြားနေရာမှ ပစ္စည်းများကို စားလိုက်ရပါက ဖယောင်းကို ဝါးစားနေရသကဲ့သို့ အရသာမရှိ ဖြစ်နေကြတော့သည်။
သို့သော် သူတို့ကဲ့သို့သော မိသားစုများပင်လျှင် နေ့စဉ် ဝယ်ယူစားသောက်နိုင်ခြင်း မရှိကြပေ။ အိမ်တွင် ကလေးနှင့် သက်ကြီးရွယ်အို ရှိသူများက ဆူပူအော်ဟစ်လာကြသဖြင့် သဘာဝကျစွာပင် လူအချို့၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
သူတို့သည် စူပါမားကတ်များသို့ ကြိုတင်မှာယူချင်ကြသော်လည်း အုပ်စု၏ စည်းကမ်းချက်အရ အထူးကိစ္စရပ်များမရှိပါက မည်သည့်ကြိုတင်မှာယူမှုကိုမျှလက်မခံဘဲ စားချင်လျှင် တန်းစီဝယ်ရမည်ဟု သတ်မှတ်ထားသည်။
ဤမျှ မျက်နှာမထောက်ထားခြင်းက လူများကို မပျော်မရွှင်ဖြစ်စေသည်မှာ အမှန်ပင်။ ဤသို့ မပျော်ရွှင်ကြရာမှ အချို့လူများက ပြဿနာရှာရန် ကြံစည်ကြတော့သည်။
သို့သော် အနည်းငယ်မျှ စုံစမ်းကြည့်လိုက်သည်နှင့် သို့မဟုတ် သတင်းများကို ကြည့်လိုက်သည်နှင့် ထောင်ယွမ်ရွာ Green Freshအုပ်စု၏နောက်ခံမှာ မည်သူဖြစ်ကြောင်း သိရှိသွားကြလေသည်။
ဟဟ... စားစရာ တစ်လုပ်အတွက်နှင့် ထိုကဲ့သို့ ထိပ်တန်းအာဏာရှိသူများကို သွားရောက်ပြစ်မှားမိခြင်းမှာ တန်ဖိုးနှင့်ထိုက်တန်မှုမရှိသော ကိစ္စပင်ဖြစ်သည်။
ထို့ကြောင့် ဉာဏ်ရှိသူ မည်သူမဆို ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ် သို့မဟုတ် Green Freshအုပ်စုကို သွားရောက် ပြဿနာရှာရဲကြမည် မဟုတ်ပေ။
မှန်ပါသည်... မိမိကိုယ်ကို အာဏာရှိသည်၊ ငွေရှိသည်ဟု ထင်မှတ်ကာ စူပါမားကတ် အသေးစားလေးတစ်ခုကို မျက်လုံးထဲ၌ အဖက်မလုပ်သော အမြော်အမြင်မရှိသည့် လူအချို့လည်း ရှိကောင်း ရှိပေလိမ့်မည်။ နောက်ဆက်တွဲ အကျိုးဆက်ကိုမူ ကိုယ်တိုင်သာ ခံစားကြရပေမည်။
ထို့ကြောင့် ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်များသည် နေရာတိုင်းတွင် ချောမွေ့စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ထောင်ယွမ်ရွာ Green Freshအုပ်စု၊ အပန်းဖြေစခန်း ခုနစ်ခု၊ စူပါမားကတ် ၃၁၈ ဆိုင်နှင့် အခြားသော စက်ရုံများ အားလုံးပေါင်းလိုက်ပါက စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးသည် ဘီလီယံ တစ်ရာကျော်အထိ ရှိနေပြီ ဖြစ်သည်။
ထောင်ယွမ်ရွာ Green Freshအုပ်စုသည် တစ်ဟုန်ထိုးပင် နိုင်ငံလုံးဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပြီး ရှောင်လင်းယွီသည် အုပ်စု၏ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ရှောင်လင်းယွီသည်လည်း တစ်ဟုန်ထိုးပင် နိုင်ငံ၏အချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။
ဇနီးမောင်နှံနှစ်ဦးတွင် တစ်ဦးက နိုင်ငံ၏အချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ဦးက နိုင်ငံ၏အချမ်းသာဆုံး အမျိုးသမီးဖြစ်လေရာ...
ဤငွေများသည် မိသားစုတစ်စုတည်းထဲသို့ စုပြုံရောက်ရှိနေသည် မဟုတ်လား။
လူချင်းယှဉ်ကြည့်လျှင် ဒေါသထွက်စရာပင် ကောင်းလှတော့သည်။
ယခင်က ကုန်းထျန်းဟောက်ဆိုသူကို နယ်ပယ်အသီးသီးမှ လူများက နာမည်သာ ကြားဖူးကြပြီး လူကို မမြင်ဖူးခဲ့ကြချေ။
ယခုတွင် ရှောင်လင်းယွီ၏ကျော်ကြားမှု မြင့်တက်လာခြင်းနှင့်အတူ လူရှေ့သူရှေ့ ထွက်ပေါ်လာမှုများ များပြားလာသောကြောင့် သူမ၏နောက်ကွယ်မှ အမျိုးသားသည်လည်း ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် Green Freshအုပ်စု၏ သူဌေးမသည် နိုင်ငံ၏အချမ်းသာဆုံး သူဌေးနှင့် လက်ထပ်ထားကြောင်း တစ်နိုင်ငံလုံးရှိ ပြည်သူများ သိရှိသွားကြလေသည်။
အစပိုင်းတွင် လူအများက ထိုအချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုသူမှာ ထိပ်ပြောင်နေသည့် လူကြီး သို့မဟုတ် အသက်အရွယ် တစ်ခုရှိနေပြီဖြစ်သော သက်လတ်ပိုင်းအရွယ်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် သတင်းဓာတ်ပုံများကို လှန်လှောကြည့်ရှုကာ သူဌေးမ၏ဘေးတွင်ပါလာသော အမျိုးသားကို ရှာတွေ့လိုက်ကြချိန်တွင်မူ အမျိုးသမီး ပရိသတ်များ အော်ဟစ်အားကျသွားခဲ့ကြသည်။ ထိုအမျိုးသားက အလွန် ချောမောခန့်ညားပြီး ငယ်လည်း ငယ်ရွယ်နေသည်။
ရှောင်လင်းယွီကိုယ်တိုင်ကလည်း အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ရာ ချောမောသော အမျိုးသားတစ်ဦးနှင့် လက်ထပ်လိုက်ခြင်းမှာ နတ်ဖက်တဲ့စုံတွဲဟုပင် ဆိုရပေမည်။
သူတို့၏ကလေးများကလည်း ချစ်စရာကောင်းပြီး လှပလွန်းနေကြသည်။
ဇနီးမောင်နှံနှစ်ဦး တစ်ယောက်လျှင် ကလေးတစ်ယောက်စီ လက်ဆွဲထားသည်ကို မြင်ရခြင်းက တကယ့်ကို ပျော်ရွှင်မှုတစ်မျိုးပင်ဖြစ်သည်။
လူသိများ ထင်ရှားလာခြင်းကြောင့် ကုန်းထျန်းဟောက်သည်လည်း သူ့အထောက်အထားကို ဖုံးကွယ်မထားတော့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူ့ဇနီးနှင့် သားသမီးများကို တစ်ကမ္ဘာလုံးက သိရှိသွားစေရန် ဆန္ဒရှိနေသည်။
ထိုသို့ဆိုလျှင် မည်သူမျှ သူတို့ကို မကြံစည်ရဲတော့ပေ။
လူသိများ ထင်ရှားလာသည်နှင့်အမျှ ထောင်ယွမ်ရွာမှ ထွက်ခွာသည်နှင့် သူတို့၏လုံခြုံရေးအတွက် ကုန်းထျန်းဟောက်က လုံခြုံရေး ဝန်ထမ်းများစွာ စီစဉ်ပေးထားသည်။ သာမန်လူများက သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိထားသော်လည်း မတော်တဆမှုများကို ကာကွယ်ရန်အတွက် ဖြစ်သည်။
ကုန်းထျန်းဟောက်၏ပံ့ပိုးမှုကြောင့် သူမ၏ စီးပွားရေး လုပ်ငန်းများသည် အလွန် ချောမွေ့စွာ တိုးတက်လာခဲ့ပြီး အာဏာရှိ၊ ငွေရှိသူများက ပြဿနာ လာမရှာရဲကြပေ။ သေးမွှားသော ပြဿနာများကိုမူ ရှောင်လင်းယွီ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်လေသည်။
မသိလိုက်မဘာသာနှင့်ပင် ထောင်ယွမ်ရွာ Green Freshသစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ်များသည် နိုင်ငံ၏အကြီးဆုံး အထူးပြုစူပါမားကတ်များ ဖြစ်လာခဲ့သည်။
.....
F နိုင်ငံမှ နိုင်ငံတကာ ဟွမ်လင်း စိုက်ပျိုးရေးလုပ်ငန်းစုသည် နိုင်ငံတကာတွင် ကျော်ကြားသော လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်ဖြန့်ဖြူးသော ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးရေးကုမ္ပဏီလည်းဖြစ်သည်။
ဤအုပ်စု၏ နိုင်ငံတကာဈေးကွက်သည် အဆင့်မြင့် ဇိမ်ခံကုန်ပစ္စည်းရောင်းချသည့် လမ်းကြောင်းဖြစ်ပြီး နိုင်ငံအသီးသီးမှ တော်ဝင်မိသားစုများ သို့မဟုတ် ကမ္ဘာ့ထိပ်တန်း သူဌေးကြီးများကို သီးသန့် ရောင်းချခြင်းဖြစ်သည်။
ထိုနေ့တွင် ဟွမ်လင်းအုပ်စု၏ ဥက္ကဌ ရုံးခန်း၌...
ဥက္ကဌမိုက်ကယ်သည် အရောင်းအစီရင်ခံစာတစ်စောင်ကို ကြည့်ရှုရင်း မျက်မှောင်များ ပိုမို ကြုတ်လာခဲ့သည်။
ထို့နောက် သူက "ဘုန်း" ခနဲ အသံမြည်အောင် အစီရင်ခံစာကို သူ့ရှေ့မှ အမျိုးသားတစ်ဦးရှေ့သို့ ပစ်ချလိုက်ပြီး မာထန်သောအသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ။ ဟွာရှဘက်က ရောင်းအားစုစုပေါင်းက မနှစ်က ၆၀ ရာခိုင်နှုန်းရှိရာကနေ အခု ၂၀ ရာခိုင်နှုန်းထိ ဘာလို့ကျသွားရတာလဲ။ ဆုံးရှုံးမှုတန်ဖိုးက ဘီလီယံချီနေပြီ။ ပြီးတော့ ဒီ ၃၊ ၄ နှစ်အတွင်း ဟွာရှက ရောင်းအားစုစုပေါင်းက တစ်နှစ်ထက်တစ်နှစ် လျော့လာပါလား"
"ဘရူးစ်... ခင်ဗျားသာ ကျွန်တော်သဘောကျလောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူးဆိုရင် ခင်ဗျားရဲ့ ဟွာရှဒေသဆိုင်ရာဥက္ကဌ ရာထူးကနေ တန်းပြီးဆင်းလိုက်တော့"
ဟွာရှသည် လူဦးရေများသကဲ့သို့ နယ်မြေကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်း ကြိုက်နှစ်သက်သော သူဌေးများလည်း ပေါများသည်။ အဓိကအချက်မှာ ဟွာရှသားများသည် မျက်နှာလိုမျက်နှာရ လုပ်တတ်ကြပြီး နိုင်ငံခြားအထင်ကြီးသည့် ရေစီးကြောင်းပြင်းထန်သည်။ သူတို့အများစုမှာ နိုင်ငံခြားမှ လမင်းက ဟွာရှထက် ပိုဝိုင်းသည်၊ လေထုက ဟွာရှထက် ပိုချိုမြိန်သည်ဟု ထင်မြင်နေကြသူများ ဖြစ်သည်။
ထို့ကြောင့် လက်ထဲတွင် ငွေအနည်းငယ်ရှိလာသည်နှင့် အများစုက နိုင်ငံခြားသို့ သွားရောက်လည်ပတ်လိုကြပြီး နိုင်ငံခြားပစ္စည်းများကို ဝယ်ယူလိုကြသည်။
အာဏာရှိ၊ ငွေရှိသော သူဌေးများသည်လည်း ထိုနည်းလည်းကောင်းပင်။
သူတို့ ဟွမ်လင်းအုပ်စုသည် လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန် ကဏ္ဍတွင် နံပါတ်တစ် အမှတ်တံဆိပ်ဖြစ်ပြီး ဟွာရှဈေးကွက်တစ်ခုလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားကာ နှစ်စဉ် ဟွာရှ၌ ရောင်းရငွေ စုစုပေါင်းမှာ ဘီလီယံ ၃၀၊ ၄၀ ခန့် ရှိလေသည်။
သို့သော် ယခုနှစ်ပိုင်းတွင် ဟွာရှ၌ ရောင်းအားစုစုပေါင်းမှာ ဆက်တိုက် ကျဆင်းနေလေသည်။
***