← Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

အမျိုးသမီးယန်၏ အကြံပြုချက်များအရ ရှောင်းကောသည် ပင်လုံးကြိုင်ကိတ် ၅၀၀ ဂရမ်နှင့် နှမ်းကွတ်ကီးများကို ဝယ်ယူခဲ့သည်။ ပင်လုံးကြိုင်လမုန့်တွေလည်း ရှိသည်ကိုမြင်‌သောအခါ သူမအနည်းငယ်ဝယ်ရန်ဆုံးဖြတ်လိုက်သည်။

ကျွမ်းကျွမ်း စားချင်သည့် သရေစာအချို့ကိုလည်း သူမဝယ်ခဲ့သည်။

"နောက်ထပ် ဘာလိုချင်သေးလဲ?"

ရှောင်းကော ကျွမ်းကျွမ်းအား မေးလိုက်သည်။ ရပြီဟု သူပြောကာ ခေါင်းယမ်းပြလိုက်သည်။ သူ ရွေးထားတာတွေ တချို့နှင့်လည်း လောက်သည်။

ဆိုင်ဝန်ထမ်းက သူတို့အတွက် မုန့်တွေအားထုပ်ပ်ိုးပေးသည်။ ရှောင်းကော ပင်လုံးကြိုင်ပန်းဝိုင်ရှိရာကိုရောက်လာပြီး အမျိုးသမီးယန်အား မေးလိုက်သည်။ "ဝိုင်က အရမ်းပြင်းလား?"

ရှောင်းကောဝယ်ကာ စမ်းကြည့်ချင်ပေမဲ့ အယ်လ်ကိုဟောပါဝင်မှုနှုန်း အရမ်းမြင့်နေမှာကို စိုးရိမ်သည်။ ဒါ့အပြင် သူမလည်း အများကြီး မသောက်နိုင်ပေ။

"စိတ်မပူနဲ့၊ သူတို့ ဝိုင်ရဲ့အရက်မှုနှုန်းကို စိတ်ကြိုက်ပြုပြင်လို့ရတယ်"

အမျိုးသမီးယန်က ပြောလာသည်။ ရှောင်းကောလည်း ထိုစကားကိုကြားသည့်အခါ ဝမ်းသာသွားသည်။ “အရမ်းကောင်းတယ်။ ကျွန်မ အိုးအသေးတစ်အိုးယူမယ်"

အမျိုးသမီးယန်နှင့် ရှောင်းကောတို့သည် အရက်ပါဝင်မှုနှုန်းနည်းသည့် ပင်လုံးကြိုင်ပန်းဝိုင်အိုးကို အသီးသီးယူကြသည်။ ဝန်ထမ်းကလည်း အသေအချာကိုအကြံပြုချက်တွေပေး၏။ ဝိုင်ဟာ ရနံ့ပြင်းသော်လည်း သောက်လိုက်ပါက အလွယ်တကူ မမူးနိုင်ကြောင်း သူကပြောသည်။

သူတို့ပိုက်ဆံရှင်းသည့်အခါ ရှောင်းကောသည် ပင်လုံးကြိုင်ပန်းဝိုင်အပါအဝင် စုစုပေါင်း ကြေးနီဒင်္ဂါး ၅၆ ပြားကို သုံးစွဲခဲ့သည်။

အမျိုးသမီးယန်မှာ သူမ၏ မိသားစုဝင်များပိုများသည်ကြောင့် ပစ္စည်းများများ ပိုဝယ်ရသည့်အတွက် ကြေးနီဒင်္ဂါး ၆၂ ပြားကျသင့်ခဲ့သည်။

မုန့်များ၏ စျေးနှုန်းဟာ အသား‌ဈေးနှုန်းနှင့်တူညီလုနီးပါးဟု ရှောင်းကော ခံစားမိသည်။

ဆိုင်ထဲမှနေ အိတ်ကြီးတစ်လုံးနှင့် ဝိုင်အိုးအသေးတစ်အိုးအားသယ်ကာ သူမမြည်းလှည်းပေါ် တင်လိုက်သည်။ ထို့နောက် အမျိုးသမီးယန် အကြံပြုထားသည့် အခြားလမုန့်ဆိုင်သို့ ရောက်လာကြသည်။

ရှောင်းကော လှည်းပေါ်မှ ဆင်းလိုက်သည်။ ဆောင်းဦးလယ်ပွဲတော်တွင် ထပ်ဝယ်စရာမလိုတော့ရန်အတွက် သူမပိုဝယ်ထားချင်သည်။

ကလေးတွေလည်း လှည်းပေါ်မှ ဆင်းကြသည်။ ကျွမ်းကျွမ်းသည် ကျွမ်းကျွမ်းစားတာ တစ်ခုခုရှိမရှိ ကြည့်ခွင့်ပေးလိုက်သည်။ သူလိုချင်တာမှန်သမျှ ယူဖို့သူမပြောလိုက်သည်။ ခဏနေကျလျှင် သူမငွေပေးချေလိုက်မည်။

ကျွမ်းကျွမ်းတစ်ယောက် ဆိုင်အ၀င်ဝမှစကာ ပျော်ရွှင်စွာဖြင့် ဈေးဝယ်ထွက်တော့သည်။ အရသာရှိမည့်ပုံပေါ်သည့်တစ်ခုခုကိုမြင်တိုင်း သူ ရှောင်းကောအား ပြောပြသည်။

ရှောင်းကောနှင့် အမျိုးသမီးယန်တို့လည်း မတူညီသည့်လမ်းကြောင်းဖြင့် သူတို့အတွက် လမုန့်များကို စတင်ရွေးချယ်ကြသည်။

ဆိုင်ဝန်ထမ်းက ဘေးနားကနေလိုက်လာကာ ကျွမ်းကျွမ်း ရွေးထားသမျှအား ထုပ်ပိုးပေးသည်။

ရှောင်းကော လိုက်ပတ်ကြည့်လိုက်သည်။ လမုန့်များအားလုံးအား နာမည်တပ်ထားပေးသည်။ ပဲနှစ်လမုန့်၊ အစေ့အဆံငါးမျိုးလမုန့်၊ နှမ်းနက်လမုန့်၊ နှင်းဆီလမုန့်၊ သစ်ကြားသီးလမုန့်...

ဆိုင်တစ်ဝိုက်တွင် လိုက်ပတ်ကြည့်ပြီးသည့်နောက် ရှောင်းကောသည် ကြက်ဥနှစ်လမုန့်ကို ရှာမတွေ့ခဲ့ပေ။ သူမအကြိုက်ဆုံးက အနှစ်အစာသွပ်ထားတာဖြစ်ပေမဲ့ ဒီမှာ မရောင်းပေ။

အခြားရွေးချယ်စရာမရှိသဖြင့် ပဲနှစ်နှင့် သစ်ကြားသီးလမုန့်အနည်းငယ်ကိုသာ သူမဝယ်လိုက်သည်။ အစေ့အဆံလမုန့်ကလွဲကာ တခြားအရသာ လမုန့်နှစ်ပိုင်းကိုလည်း ဝယ်လိုက်သည်။ ရှောင်းကောသည် အစေ့အဆံများကို မကြိုက်သော်လည်း ကျန်အရာများကို မြည့်ကြည့်ရန် ဆန္ဒရှိသည်။

ရှောင်းကောသည် သူမအမှာစာထဲမှ အစေ့အဆံလမုန့်ကို ဖယ်လိုက်မလို့ လုပ်လိုက်ပေမဲ့ ၎င်းအား မစားဖူးသည့် ကျွမ်းကျွမ်းကို တွေးလိုက်မိသည်။ နောက်ဆုံးတော့ သူမ တစ်ပိုင်းဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ရှောင်းကော ပိုက်ဆံအရင်ရှင်းလိုက်သည်။ ဒီတစ်ခါတော့ သူမ တော်တော်များများ ဝယ်လာခဲ့သည်။ စုစုပေါင်း အထုပ်နည်းနည်းပါးပါးပါသည်။ အားလုံးပေါင်း ယွမ်နှစ်ဆယ်ခန့်လောက် ကုန်ကျမည်ဟု ရှောင်းကောခန့်မှန်းလိုက်သည်။ အဆုံးတွင် နောက်ဆုံးကျသင့်ငွေမှာ ကြေးနီဒင်္ဂါးခြောက်ဆယ်ဖြစ်သည်။

ငွေပေးချေပြီးနောက် ရှောင်းကောသည် အမျိုးသမီးယန်အား ဘေးတွင် စောင့်နေလိုက်သည်။ အမျိုးသမီးယန်လည်း အများကြီးဝယ်ထားသည်။ ငွေရှင်းပြီးသည့်နောက် သူမတို့အဖွဲ့လည်း မြည်းလှည်းပေါ်သို့ ပြန်တက်ကာ နေရာယူကြသည်။ မုန့်တွေဝယ်ပြီးသွားတော့ သူတို့တွေ ရှန့်ချယ်လမ်းကနေ ထွက်လာကြကာ သူတို့မကြာခဏရောက်‌လေ့ရှိသည့် ဈေးဆီ ရောက်လာသည်။

ဆောင်းဦးလယ်ပွဲတော် နီးလာသည်ကြောင့်ဖြစ်မည် လမ်းပေါ်တွင် အစားအသောက်မျိုးစုံကို ရောင်းချနေကြသည့် နောက်ထပ်ကုန်သည် အများအပြားလည်းရှိနေသည်။

လူများလွန်းတာကြောင့် ရှောင်းကောအတွက် မြည်းလှည်းအား ရှေ့ကိုဆက်မောင်းရန် ခက်ခဲလှသည်။ ထို့ကြောင့် သူမသည် အမျိုးသမီးယန်နှင့် ဈေးအဝင်ဝတွင် မြည်းလှည်းကိုရပ်ကာ လမ်းလျှောက်သွားရန် ဆွေးနွေးလိုက်သည်။

အမျိုးသမီးယန်လည်း အဆင်သင့်သဘောတူလိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူမတို့နှစ်ဦးမှာ အိမ်မှ ခြင်းတောင်းကြီးတစ်လုံး ယူလာမိတာကြောင့်ပင်။ မဟုတ်ပါက သူမတို့ဝယ်ထားသည်များအား သယ်ရန် သယ်စရာမရှိလောက်ပေ။

သူမတို့သည် မုန့်များအား ခြင်းတောင်းထဲသို့ထည့်ကာ ကျောပေါ်တွင် လွယ်လိုက်ကြသည်။

နှစ်ယောက်သား ကလေးများအားဈေးသို့ ခေါ်သွားကြသည်။ နှစ်ယောက်စလုံးဝယ်စရာတွေ အမျိုးမျိုးရှိတာကြောင့် ဈေးထဲဝင်သည်နှင့် ခွဲသွားကြကာ ပြီးသည့်အခါမည်သည့်အချိန်တွင် ပြန်ဆုံကြမလဲဆိုတာ စီစဉ်လိုက်သည်။

ရှောင်းကော အမျိုးသမီးယန်အား နှုတ်ဆက်လိုက်သည်။ သူမသည် ကျွမ်းကျွမ်း၏ လက်ကို ဆုပ်ကိုင်ထားကာ စျေးပတ်ပတ်လည်တွင် ရောင်းချနေသည့် ပစ္စည်းများကို လိုက်ကြည့်သည်။ လမ်းလျှောက်လာရင်း လိုအပ်သည်များကို လိုက်ရှာကြည့်သည်။

ဆောင်းဦးလယ်ပွဲတော်ကြောင့် လူအများအပြား ဈေးဝယ်ထွက်ကြသည်။ ရှောင်းကောသည် ကျွမ်းကျွမ်းအား သူမ လက်ကိုမလွှတ်ဘဲ တင်းတင်းကိုင်ထားရန် သတိပေးလိုက်သည်။

ကျွမ်းကျွမ်းက အရမ်းနာခံသည်။ သူသည် ရှောင်းကောလက်အား အချိန်တိုင်းတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

ရှောင်းကော ရောက်ကတည်းက ဝယ်ရန်တွေးထားသည့် ဝက်သားကို ဝယ်လိုက်သည်။

ယခု အိမ်တွင် ဟင်းသီးဟင်းရွက်များ အညှောက်ပေါက်နေပြီဖြစ်တာကြောင့် သူမ ဝယ်စရာမလိုပေ။ သို့သော် သူမအသားတချို့ ဝယ်ရမည်။

သူမ ယခင်က သွားဖူးသည့် ဆိုင်သို့သွားကာ ဝက်သားငါးကီလိုဂရမ် ဝယ်လိုက်သည်။ ဝက်နံရိုးတွေက တော်တော် လတ်ဆတ်နေတာကိုမြင်တော့ နောက်ထပ် ဝက်နံရိုးငါးကီလိုဂရမ် ဝယ်လိုက်သည်။

ဆိုင်ရှင် ဝက်နံရိုးလှီးနေသည်အား စောင့်နေစဉ် မတူညီသော အသားတစ်မျိုးကို ရောင်းချနေသည့် ဘေးရှိနောက်ထပ်ဆိုင်တစ်ဆိုင်ရှိနေသည်ကို ရှောင်းကော တွေ့လိုက်သည်။

"သူဌေး၊ ဒါက ဆိုင်အသစ်လား? အဲ့ဒါက သိုးသားလား?”

သူဌေးက မော့ကြည့်လာကာပြုံးရင်း ရှင်းပြလာသည်။ "ဟုတ်တယ်။ ဒီမနက်ကတင် သတ်ထားတဲ့ သိုးသားပဲ”

ရှောင်းကော အနီးကပ်ကုန်းကာသေချာကြည့်လိုက်သည်။ တကယ် လတ်ဆတ်သည်။ “ကျွန်မကို သိုးသားငါးကစ်တီ ပေးပါ”

ရှောင်းကောသည် အသားနှင့်အဆီညီမျှသည့် အသားတစ်ပိုင်းကို ရွေးချယ်လိုက်သည်။ ချင်းအန့်မင်ပြန်လာလျှင် သူ့အတွက် သိုးသားသီတံ လုပ်ပေးရန် ကြံရွယ်လိုက်သည်။

သူဌေးက ရှောင်းကောအတွက် အားလုံးကို အမြန်ထုပ်ပိုးပေးကာ ခြင်းတောင်းထဲ ထည့်ပေးလိုက်သည်။ သူဌေးက ဖယောင်းစက္ကူကို သုံးထားသည့်အတွက် မုန့်တွေကိုပေသွားမှာကို စိုးရိမ်စရာမလိုတော့ပေ။

ရှောင်းကော ခြင်းတောင်းအား ကျောတွင်လွယ်ကာ ကျွမ်းကျွမ်းနှင့်အတူ ဆက်လက်လျှောက်လာသည်။ လမ်းတွင် ပဲပိစပ်ရောင်းသည့် လူတစ်ယောက်နှင့် သူမတိုးသည်။ ရှောင်းကော ဖြတ်သွားတော့ ၎င်းတို့တွေဟာ အခြောက်ခံထားသည့် အဝါရောင်ပဲပိစပ်တွေ ဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူမ ပဲနို့လုပ်ရန် စိတ်ကူးလိုက်သည်။ သူမ ပဲနို့မသောက်ရတာကြာပြီဖြစ်သည်။ အိမ်ပြန်ရောက်လျှင် ပဲနို့ကြိတ်ရန် သူမဆုံးဖြတ်လိုက်သည်။

ရှောင်းကော ပဲ ငါးကစ်တီဝယ်လိုက်သည်။ တစ်ကစ်တီလျှင် ကြေးနီဒင်္ဂါးနှစ်ပြား ကျသင့်သည်။

ဆိုင်ရှင်မှ ပဲစေ့တွေအား ထည့်နေစဉ် ရှောင်းကောသည် သူမ၏ သင်ကြားရေး ထိရောက်မှုရှိမရှိသိနိုင်ရန် ကျွမ်းကျွမ်း၏ ရေတွက်ခြင်းစွမ်းရည်ကို စမ်းသပ်ဖို့လဲ မမေ့ပေ။

“ကျွမ်းကျွမ်း၊ တစ်ကစ်တီကို ကြေးနီဒင်္ဂါးနှစ်ပြားကျတယ်။ မေမေက ငါးကစ်တီဝယ်တယ်။ အဲ့ဒီတော့ မေမေက ဘယ်လောက်ပေးရမှာလဲ?"

ကျွမ်းကျွမ်းက မျက်မှောင်ကြုတ်ကာ သူမကိုမကိုင်ထားသည့် သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူက တစ်ခုချင်းစီပေါင်းလိုက်သည်။ ရှောင်းကော သင်ပေးခဲ့သည့် ရိုးရှင်းသည့် တွက်ချက်မှု‌တွေကိုသုံးကာ နောက်ဆုံးတွင် သူအဖြေရသွားသည်။

“ မေမေ၊ ကြေးဒင်္ဂါးဆယ်ပြား ပေးရမယ်!"

ကျွမ်းကျွမ်းသည် နောက်ဆုံးအဖြေအား ရှောင်းကောကို ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

ရှောင်းကော မတုံ့ပြန်ခင်မှာ ဆိုင်ရှင်က ပြောလာသည်။

"မင်းက တော်တော် ဉာဏ်ကောင်းတဲ့ ကလေးပဲ! အရမ်းငယ်ပေမယ့် အကုန်လုံးတွက်ချက်တတ်နေပြီ"

ရှောင်းကော မျက်လုံးတွေ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။ ရှောင်းကောက ဂုဏ်ယူစွာဖြင့် ကျွမ်းကျွမ်းအစား သူဌေးအား ကျေးဇူးတင်လိုက်ကာ ကြေးဒင်္ဂါးဆယ်ပြားပေးလိုက်သည်။ သူမသည် ကျွမ်းကျွမ်းနှင့်အတူ မထွက်သွားခင် ပဲပိစပ်များအားခြင်းတောင်းထဲတွင် ထည့်လိုက်သည်။

လမ်းတလျှောက်တွင် သူမလိုအပ်တာတွေအား မတွေ့တော့သဖြင့် အိမ်ပြန်ရန်ပြင်ဆင်လိုက်သည်။

ရှောင်းကော မြည်းလှည်းပေါ်တွင် အမျိုးသမီးယန်အား စောင့်နေလိုက်သည်။ ကျွမ်းကျွမ်း ဗိုက်ဆာမှာစိုးသည်ကြောင့် သူမ မုန့်တစ်ထုပ်ဖောက်ကာ သူအရင်စားထားဖို့ ပေးလိုက်သည်။

ကျွမ်းကျွမ်း နှုတ်ခမ်းသပ်လိုက်ကာ မုန့်အားပါးစပ်ထဲသို့ စိတ်အားထက်သန်စွာ သွပ်ထည့်လိုက်သည်။ မကိုက်ခင် သူရပ်လိုက်သည်။

"မေမေ၊ စား!"

ကျွမ်းကျွမ်း မုန့်အား ရှောင်းကောကို ပေးလိုက်သည်။ သူ ဘယ်လောက်ပဲ စားချင်နေပါစေ သူ့အမေကို အရင်စားခွင့်ပေးရမည်!

ကျွမ်းကျွမ်း ဘာတွေးနေလဲဆိုတာ ရှောင်းကောပြောနိုင်သည်။ သူ့အမူအရာကြောင့် သူမရင်ထဲ နွေးထွေးသွားသည်။ သူမခေါင်းငုံ့ကာ အစွန်းနားအား‌ခပ်သေးသေးကိုက်လိုက်သည်။

"အမ်း..... ကျွမ်းကျွမ်း မေ့မေ့ကို ကျွေးသမျှအရသာရှိတယ်!"

ရှောင်းကောသည် ကျွမ်းကျွမ်းအား ချီးကျူးစကားဆိုရာတွင် မတွန့်တိုနေပေ။ ကောင်လေးက သူ့အမေကိုအရင်ပေးကိုက်လိုက်တဲ့ သူ့ကိုယ်သူ ကျေနပ်သွားသည်။

ကျွမ်းကျွမ်းက ရှောင်းကောကို ပိုစားစေချင်ပေမယ့် ရှောင်းကောက ငြင်းကာသူ့ကိုဘဲ စားခိုင်းလိုက်သည်။ ကျွမ်းကျွမ်းပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ!”

ကျွမ်းကျွမ်းတစ်ယောက် ရှောင်းကော အနားတွင်ထိုင်ကာ အရသာရှိသည့် ပင်လုံးကြိုင်မုန့်ကို စားနေစဉ် သူ့မျက်လုံးတွေက လခြမ်းကွေးသဏ္ဍာန်ကွေးတက်သွားသည်။

ရှောင်းကော ကျွမ်းကျွမ်းခေါင်းအား ချစ်စနိုး ပွတ်သပ်လိုက်သည်။ ဒီချစ်စရာလေးက အရမ်း ချစ်စရာကောင်းတာဘဲ!

ရှောင်းကော ဒီအကြောင်းကို ယခင်က ဖတ်ဖူးမိခဲ့သလိုပင်။ ကလေးက သူ့မိဘတွေကို တစ်ခုခု ကျွေးသည့်အခါ မိဘတွေအနေဖြင့် “ဖေဖေနဲ့ မေမေတို့ မစားဘူး၊ သား/သမီး ဘဲစား” လို့ပြောတာက မမှန်ပေ။ ကလေး၏ မျှဝေလိုသည့် ဆန္ဒဟာ ၎င်းအချိန်တွင် ပေါ်လွင်နေသည်။ အကယ်၍ ကလေး၏ ကမ်းလှမ်းချက်ကို ဆက်လက်ငြင်းဆိုနေပါက၊ ကလေးအနေဖြင့် မည်သည့်အစားအစားကိုမဆို မည်သူမျှ မစားလောက်ဟု ထင်သွားလိမ့်မည်ပင်။ ၎င်းအချိန်မှစကာ အရာရာတိုင်းအား သူကိုယ်တိုင်အတွက်သာ သိမ်းထားတော့မည်ပင်။ ကလေး၏ မျှဝေလိုသည့်ဆန္ဒဟာ တစ်ကိုယ်ကောင်းဆန်မှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ပင်။

ရှောင်းကောဟာ ကျွမ်းကျင်သူတွေက သီအိုရီတွေဖြင့် ရှင်းပြထားသည့် ဗီဒီယိုတွေကို ကြည့်ဖူးသော်လည်း သူမစိတ်ထဲ လုံးဝမထည့်ထားခဲ့ပေ။ သူတို့ပြောသည့် စကား အတိအကျကိုလည်း သူမ မမှတ်မိတော့ပေ။ သို့သော် ထူးဆန်းသည်မှာ သူမ ကျွမ်းကျွမ်း၏ မိခင်ဖြစ်လာပြီးကတည်းက ကျွမ်းကျင်ပညာရှင်များပြောပြခဲ့သည့် မိဘအုပ်ထိန်းမှုဆိုင်ရာ နည်းဗျူဟာအားလုံးကို သူမ မှတ်မိနေခြင်းဖြစ်သည်။

All Chapters