← Chapters

အခန်း (၈၆)

Vol. 6 Ch. 86

အခန်း (၈၆)

Vol. 6 Ch. 86

ထူးဆန်းသည်မှာ အချိန်အတော်ကြာအောင် ခေါက်ပြီးသည့်တိုင် မည်သူမျှ ရောက်မလာကြပေ။

တစ်မိသားစုလုံး အပြင်ထွက်သွားတာလားလို့ ရှောင်းကောထင်လိုက်မိသည်။ သူမသည် ကျွမ်းကျွမ်းအား တံခါးခေါက်တာရပ်ရန် ပြောလိုက်ပြီး မြည်းလှည်းအား မောင်းထွက်သွားလိုက်သည်။

ဤအချိန်ဆိုလျှင် သူတို့မိသားစုတွေ ဈေးသွားကြတာဖြစ်နိုင်သည်။

ကျွမ်းကျွမ်းသည် ရှောင်ယိအား မတွေ့လိုက်ရသည့်အတွက် အနည်းငယ်စိတ်ပျက်သွားသည်။

ရှောင်းကောတွင် အခြားဆိုင်သို့ သွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ လမုန့်ပုံစံခွက် ရှိလားဟု ရှောင်းကော မေးလိုက်သည့်အခါ သူဌေးက သူမကို ပုံစံခွက်တွေနှင့် ပြည့်နေသည့် အကန့်ဆီ ခေါ်သွားသည်။

“ဒါတွေပဲ။ မင်းကိုယ်တိုင် ရှာကြည့်ချင်လား?"

ရှောင်းကော လျှောက်သွားကာ သူမကြိုက်သည့် ပုံစံတွေနဲ့ စကားလုံးတွေအား ဖြည်းဖြည်းချင်းရွေးလိုက်သည်။

"ကျွမ်းကျွမ်း တစ်ခုခုလာရွေးလေ" ရှောင်းကော ကျွမ်းကျွမ်းကိုခေါ်လိုက်သည်။

ကျွမ်းကျွမ်းသည် ရှောင်းကောအတိုင်း အတုခိုးကာ ပုံစံခွက်မျာအား တစ်ခုချင်းစီ ရွေးယူသည်။ ပုံပန်းသွင်ပြင်အားဖြင့် ဤပုံစံတွေဟာ အလွန်လက်ရာမြောက်လှသည့် ဒီဇိုင်းတွေဖြစ်သည်။

ရှောင်းကောသည် ဟွားဟောက်ယွဲ့ယွမ် 1*နှင့် ဟွားခိုင်ဖုကွေ့ 2* ဟူ၍ ရိုက်နှိပ်ထားသည့် ပုံစံခွက်အားရွေးလိုက်သည်။ သူမသည် ပန်းဒီဇိုင်းနှင့် ပုံစံခွက်အချို့ကိုလည်း ရွေးချယ်ခဲ့သည်။ ကျွမ်းကျွမ်းကတော့ ကောင်းသည်ဟု သူထင်သည့်ဒီဇိုင်းအချို့ကို ရွေးချယ်ခဲ့သည်။

[1* ဟွားဟောက်ယွဲ့ယွမ် - အိမ်ထောင်ရေးကောင်းမွန်ပြီး ပျော်ရွှင်ရတဲ့ဘဝကို ရည်ညွှန်းပါတယ်

2 * ဟွားခိုင်ဖုကွေ့ - စည်းစိမ်ကြွယ်ဝပြီး ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ရည်ညွှန်းပါတယ်]

သူတို့တွေ ပုံစံခွက်များအား ဆိုင်င်ရှင်ထုပ်ပိုးပေးနိုင်ရန်ပေးလိုက်သည်။ ဆိုင်ရှင်လည်း ပုံစံခွက်များအား ယူလိုက်သည်။ စုစုပေါင်းပုံစံခွက် ၁၆ခုဖြစ်ကာ တစ်ခုစီလျှင် ကြေးဒင်္ဂါးပြားနှစ်ပြားစီ ကျသင့်သည်။ ရှောင်းကောသည် စုစုပေါင်း ကြေးဒင်္ဂါးသုံးဆယ်နှစ်ပြား ပေးချေခဲ့သည်။

ပုံစံခွက်တွေအား မြည်းလှည်းပေါ်တင်ပြီးနောက် ရှောင်းကောသည် ခရိုင်၏ အစည်ကားဆုံးနေရာသို့ မောင်းနှင်သွားလိုက်သည်။ ဤနေရာတွင် သတ္တုပန်းထိမ်ဆရာများစွာ ရှိသည်။ ရှောင်းကော ကြုံရာနေရာတစ်ခုဆီသွားလိုက်ကာ သူမလိုအပ်သည့် သံပြားအရွယ်အစားကို ပြောလိုက်သည်။

ငွေပေးချေပြီးနောက် နောက်တစ်ဆိုင်သို့ သွားသည်။

မီးဖိုပြုလုပ်ရန် ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ပြီဖြစ်သည်။ သူမဝယ်ခဲ့သည့် နောက်ဆုံးပစ္စည်းမှာ ဘဲဥဆားငန် စိမ်ရည်အတွက် ဝိုင်ဖြူဖြစ်သည်။

သူမသည် ဝိုင်ဆိုင်တစ်ဆိုင်မှ ဝိုင်အိုးကိုဝယ်ကာမြည်းတွန်းလှည်းပေါ်တွင် ဂရုတစိုက်တင်လိုက်သည်။ သူမသည် ကျွမ်းကျွမ်းအား အိုးကို မပြုတ်ကျစေရန် သတိပေးလိုက်သည်။ ကျွမ်းကျွမ်းမှာ ဝိုင်အိုးနားတွင်ထိုင်ကာ အိုးအားဖက်ထားသည်။ သူက ခေါင်းညိတ်ကာ ရှောင်းကောကို စိတ်မပူရန်ပြောလိုက်သည်။ သူ သေချာပေါက် ဒါကိုဂရုစိုက်ရမယ်!

သူ့ကိုအပြည့်အဝ ယုံကြည်ထားတယ်လို့ ရှောင်းကောပြောလိုက်သည်။

သူတို့ပြန်ရောက်တဲ့အချိန်ဟာ စောနေသေးသည်။ သို့သော် ဖိုလုပ်ဖို့ ကျွမ်းကျွမ်းက စိတ်မရှည်ဖြစ်နေပေမဲ့ ရှောင်းကောကတော့ အလျင်မလိုနေပါချေ။

အခု ပိုအရေးကြီးတာက ဘဲဥကိုဆားရည်စိမ်ဖို့မှာ အနည်းဆုံး ရက် ၂၀ ကြာအောင် စိမ်ရတာကြောင့်ပင်။

ဆောင်းဦးလယ်ပွဲတော်မတိုင်င် ၂၃ ရက် ကျန်သေးသည်။ ရှောင်းကောအနေဖြင့် ဘဲဥများကို အမြန်စိမ်ထားရမည်။ အချိန်အရမ်းတိုလွန်းပါက ဘဲဥတွေဟာ အဆီဖြစ်နေသည့်အနှစ်တွေ မဖြစ်နိုင်တော့ပါချေ။

ရှောင်းကောသည် ဝိုင်ဖြူအိုးကို မီးဖိုချောင်ဆီ သယ်သွားလိုက်သည်။ ကျွမ်းကျွမ်းက သူမနောက်ကနေ လိုက်သွားသည်။ "မေမေ့ကို ဘဲဥတွေယူလာပေး"

ကျွမ်းကျွမ်းသည် ရှောင်းကော၏ စကားကိုကြားသည့်အခါ ပြန်အော်ဖြေလိုက်ပြီး စားပွဲဆီ ဘဲဥခြင်းယူလာရန် လှည့်လိုက်သည်။ ရှောင်းကော ဝိုင်ဖြူကို ဘေးတွင်ချထားလိုက်သည်။

"ကျွမ်းကျွမ်း၊ ရေနွေးတည်ပေးပါအုံး!"

ရှောင်းကောသည် သူမလိုအပ်သည်များကို ပြင်ဆင်လိုက်သည်။ ကျွမ်းကျွမ်း ရေနွေးတည်ပြီးနောက် ရှောင်းကောသည် ရေသုံးဆနှင့် ဆားတစ်ဆထည့်လိုက်သည်။ ဆားအားလုံးပျော်သွားသည့်အခါ၊ သူမသည် ကျွမ်းကျွမ်းအား ထင်းဖယ်ခိုင်းလိုက်သည်။

ကျွမ်းကျွမ်းလည်း ရှောင်းကော၏ ညွှန်ကြားချက်အတိုင်း ထင်းကို ဖယ်လိုက်သည်။ ရှောင်းကောသည် ဆားအားလုံးပျော်သွားကြောင်း သေချာစေရန် အိုးထဲရှိ ဆားရေကို ဇွန်းဖြင့်မွှေလိုက်သည်။ ထို့နောက် ဇွန်းကို ဘေးချလိုက်ပြီး ဆားရေအေးသွားအောင် စောင့်လိုက်သည်။

အအေးခံတာကို စောင့်ဆိုင်းနေစဉ်တွင် ရှောင်းကောသည် သူမနှင့်အတူ ဘဲဥများ၏ မျက်နှာပြင်ကို စစ်ဆေးရန် ကျွမ်းကျွမ်းအား‌ ခေါ်လိုက်သည်။ ဘဲဥမျက်နှာပြင်ပေါ်တွင် အမှုန်အမွှားတွေ ပါပါက အဝတ်စကိုရေစိမ်ပြီး ကြက်ဥခွံအား သန့်ရှင်းအောင် သုတ်လိုက်သည်။

ခြင်းတောင်းထဲတွင် ဘဲဥ အလုံးလေးဆယ်ကျော်လောက် ရှိပေမယ့် ရှောင်းကောကတော့ အားလုံးကိုမစိမ်ချေ။ သူမသည် ဘဲဥနှစ်ဆယ့်ငါးလုံးကိုသာ စိမ်ထားမည်ဖြစ်သည်။

ဘဲဥဆားငန်၏ အရသာအရှိဆုံးအပိုင်းမှာ ဘဲဥအနှစ်ဖြစ်သည်။ ဘဲဥအကာများမှာမူ ဆားငန်လွန်းသောကြောင့် ရှောင်းကော အမှန်တကယ် မစားနိုင်ပါချေ။

ရှောင်းကောသည် သန့်ရှင်းသည့် အိုးတစ်လုံးကို ရှာလိုက်ကာ အဝတ်ဖြင့် သုတ်လိုက်သည်။ သန့်ရှင်းသွားကြောင်းသေချာမှ ကျွမ်းကျွမ်းသည် ဘဲဥများကို အိုးထဲသို့ တစ်လုံးချင်းစီ ထည့်လိုက်သည်။

ကျွမ်းကျွမ်းမှာ ဘဲဥများ ကွဲသွားမည်ကို စိုးရိမ်စွာဖြင့် နှုတ်ခမ်းကို တင်းတင်းဖိထားသည်။ ဘဲဥတစ်လုံးကို အိုးထဲတွင် လုံလုံခြုံခြုံထည့်ပြီးသည့်နောက် နောက်တစ်လုံး ဆက်ထည့်သည်။

ဘဲဥများအား အိုးထဲထည့်သည့်တာဝန်ကို ကျွမ်းကျွမ်းဆီပေးထားပြီးနောက် ရှောင်းကောသည် ဆားငန်ရေအေးပြီလားဆိုတာ သွားစစ်ကြည့်သည်။ ထို့နောက် သူမဝယ်ထားသည့် ဝိုင်ဖြူအိုးကို ဖွင့်လိုက်သည်။

ခုနက ထည့်ထားသည့် ဆားပမာဏအရ ဆားနဲ့ ဝိုင်အချိုးဟာ ၁ ကနေ ၁.၅ ဖြစ်ရမည်။ ဝိုင်ဖြူထည့်ပြီးနောက်၊ ကျွမ်းကျွမ်းတစ်ယောက် ဘဲဥများထည့်တာပြီးသွားမှန်း သူမ တွေ့လိုက်ရသည်။ သူမလျှောက်သွားကာ အိုးကိုယူလိုက်သည်။

ကျွမ်းကျွမ်းက ရှောင်းကောကို ကူသယ်ချင်ပေမယ့် ရှောင်းကောက ခွင့်မပြုခဲ့ပါချေ။ အိမ်တွင် အိုးအသေးမရှိသဖြင့် ရှောင်းကောသည် အနည်းငယ် ပိုကြီးသည့်အိုးကိုသာ ရှာတွေ့ခဲ့သည်။

ရှောင်းကောအတွက်တောင် အိုးက တော်တော်လေးသည်။ ကျွမ်းကျွမ်းသာ အိုးအား သူ့လက်သေးသေးလေးတွေဖြင့် သယ်ပါက လွှတ်ချသွားမိနိုင်သည်။ အိုးပြုတ်ကျသွားတာက ကိစ္စသေးသေးလေးဆိုပေမယ့် သူ့လက်တွေ ခြေထောက်တွေကို ထိခိုက်မိရင်တော့ ပြဿနာက ကြီးသွားလိမ့်မည်။ ဒါကြောင့် သူ့အား အိုးကို သယ်ခိုင်းဖို့ကို မေ့ထားလိုက်တာ ပိုကောင်းသည်။

အရာအားလုံးကို ကျွမ်းကျွမ်းအား စိတ်ရှည်လက်ရှည် ရှင်းပြပြီးနောက် ရှောင်းကောသည် အိုးကို မီးဖိုပေါ်သို့ တင်ကာ ဇွန်းဖြင့် အိုးထဲသို့ ဆားငန်ရေကို စတင်ထည့်လိုက်သည်။

ရေအားလုံး ထည့်ပြီးနောက် ဘဲဥတွေလည်း လုံလုံလောက်လောက်မြုပ်သွားပြီဖြစ်သည်။ ရှောင်းကောက ကျွမ်းကျွမ်းကို စားပွဲပေါ်ရှိ ဖယောင်းစက္ကူနှစ်ပိုင်းနှင့် အနီရောင် အဝတ်စတွေကို ယူလာခိုင်းလိုက်သည်။

ဖယောင်းစက္ကူနှင့် အနီရောင်အ၀တ်စကို အိုးနှုတ်ခမ်းတွင်ထားလိုက်သည်။ တင်းတင်းကျပ်ကျပ် ဖိလိုက်သဖြင့် အဖုံးသည် အိုးနှုတ်ခမ်းတွင် တင်းတင်းကျပ်ကျပ် ပိတ်သွားသည်။ ဖယောင်းစက္ကူနှင့် အဝတ်စတွေဟာ လေလုံစေရန် အထောက်အကူပေးသည်။

ကျွမ်းကျွမ်းမှာ ရှောင်းကော အိုးရွေှ့တာကို ကူညီချင်နေသေးသည်။ ရှောင်းကောက ပြုံးကာ သူ့အားစမ်းကြည့်ခွင့်ပြုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အိုးကိုမရွှေ့နိုင်ပါချေ။ အိုးထဲတွင် ဘဲဥတွေဘဲရှိလျှင်တောင် မဖြစ်နိုင်ပါချေ။ ယခု တွင် ရေအများကြီးထည့်ထားသည်ကြောင့် အိုးအား ရွှေ့ရသည်မှာပိုခက်လိမ့်မည်။

ကျွမ်းကျွမ်းက စမ်းကြည့်ဖို့ စိတ်အားထက်သန်နေသည်။ သူက ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် အိုးကိုပိုက်လိုက်သည်။ သူအသက်ပြင်းပြင်းရှူလိုက်ကာ သုံးအထိ ရေတွက်လိုက်သည်။ ထို့နောက် သူ့ပေါင်ပေါ်ရှိ ခွန်အားကိုသုံးကာ အားစိုက်ထုတ်လိုက်သည်။

ရှောင်းကောသည် ကျွမ်းကျွမ်းအိုးကို လွှင့်ပစ်ရန် ပြင်ဆင်နေသည်ကို ကြည့်ကာ အလေးအနက်မထားလိုက်ပေ။ ဒီလိုကလေးတစ်ယောက်က လေးလံတဲ့အိုးကို သယ်သွားနိုင်မတဲ့လား?

ရှောင်းကောကို ပြုံးရယ်သွားစေတာကတော့ အိုးက အမှန်တကယ်ကို မြေပြင်ပေါ်မှ ကြွသွားသည်။

ရှောင်းကော၏ မျက်လုံးတွေ အံ့အားသင့်စွာဖြင့် တဖြည်းဖြည်း ကျယ်လာသည်။ နောက်ဆုံးတွင် ကျွမ်းကျွမ်းသည် မတ်တပ်ရပ်လိုက်သည်။

ကျွမ်းကျွမ်းသည် သူ့ခြေထောက်တွေကို ဖြောင့်ဖြောင့်တန်းတန်း ရပ်ထားနိုင်သော်လည်း အလေးချိန်အောက်တွင် တုန်ရီနေသည်။

ရှောင်းကော သတိပြန်ဝင်လာကာ သူ့ဆီမှ အိုးကို အမြန်ယူလိုက်သည်။ အိုးက သူ့လက်ထဲ မရှိတော့တာကိုမြင်တော့ ကျွမ်းကျွမ်းသက်ပြင်းချလိုက်သည်။

"မေမေ၊ ဘယ်လိုလဲ?"

ကျွမ်းကျွမ်းက တခစ်ခစ်ရယ်လိုက်ပြီး ရှောင်းကောကို မော့ကြည့်ကာ သူ့မျက်လုံးများက ချီးမွမ်းပေးရန် တောင်းခံနေသည်။

ရှောင်းကောမှာ ကျွမ်းကျွမ်းလောက်လေးသည့် အိုးကိုဖက်လိုက်ကာ အနည်းငယ်ဘာလုပ်ရမှန်းမသိသလို ခံစားလိုက်ရသည်။

ကျွမ်းကျွမ်းက တကယ်ကို လေးလံသည့်အိုးကို မနိုင်ခဲ့သည်။

"မဆိုးပါဘူး!" ရှောင်းကောက ပြောလိုက်သည်။ “ဒါပေမဲ့ အနာဂတ်မှာ သားရဲ့ခန္ဓာကိုယ် အလေးချိန်ထက် ပိုလေးတဲ့ အရာတွေကို ရွှေ့ခွင့်မပြုဘူး။ အားလုံးဘဲ။ သား ထိခိုက်သွားလိမ့်မယ်!"

ရှောင်းကောသည် ကျွမ်းကျွမ်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တော့ သူက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ အခုလေးတင် သူခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။

"အခု သားခြေထောက်တွေ အားနည်းနေပြီလား?"

သူ့အမှားကို ဝန်ခံလိုက်တာ မြင်တော့ ရှောင်းကောနှလုံးသားမှာ ပျော့ပျောင်းသွားသည်။

"ဟုတ်တယ်၊ ဟုတ်တယ်!"

ကျွမ်းကျွမ်း သူ့လက်တွေကို ပွတ်သပ်လိုက်သည်။ တကယ် အားနည်းနေတယ်လို့ ခံစားရသည်။ သူ ရှောင်းကောကို မော့ကြည့်လိုက်ကာ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာ သိချင်စိတ်ဖြင့် စောင့်နေသည်။

ရှောင်းကော ပြုံးကာအိုးကို အရိပ်ရသည့် နေရာဆီ ယူသွားလိုက်သည်။ ထို့နောက် သူမက ကျွမ်းကျွမ်းအား ရှင်းပြလိုက်သည်။ “လူတစ်ယောက်က အရမ်းပင်ပန်းလွန်းတဲ့ဟာ တစ်ခုခုကို လုပ်တဲ့အချိန် ဒါမှမဟုတ် အရမ်းလေးလံတဲ့ တစ်ခုခုကို သယ်၊ မ တဲ့အခါကျရင် လက်မောင်းပေါ်က အရွတ်တွေကို ဆွဲသလိုဖြစ်တတ်တယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့လက်မောင်းတွေက အားနည်းလာပြီး နောက်နေ့တွေမှာ နာကျင်ကိုက်ခဲလာနိုင်တယ်”

ရှောင်းကော၏ စကားကိုကြားသည့်အခါ ကျွမ်းကျွမ်း အနည်းငယ် ကြောက်လန့်သွားသည်။ အခုလေးတင် သူအားအရမ်းသုံးမိတာကြောင့် ခြေထောက်တွေတုန်နေသည်။

“ဒါပေမယ့် လက္ခဏာတွေက တစ်ရက် နှစ်ရက်အတွင်း ပျောက်သွားမှာပါ။ အဆင်ပြေတယ်”

ရှောင်းကော ထပ်ပြောလိုက်တော့ ကျွမ်းကျွမ်း သက်ပြင်းချလိုက်သည်။ 'သူ ထပ်ပြီးမကြွားဝါသင့်တော့ဘူး။'

ကျွမ်းကျွမ်း ရှောင်းကောကို လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ကာ နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့ ကတိပေးလိုက်သည်။

နေ့လယ်စာစားပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းကို နေ့ခင်းတစ်ရေး အိပ်ခိုင်းလိုက်သည်။ သို့ပေမဲ့ ဒီကလေးက တကယ် စိတ်အားထက်သန်နေကာ ရှောင်းကောနှင့်အတူ မီးဖိုလုပ်ချင်တယ်လို့ ပြောလာသည်။

ရှောင်းကော သူ့ကို တခြားနည်းဖြင့် ဆွဲဆောင်ဖို့ ကြိုးစားပေမဲ့ ကျွမ်းကျွမ်းက ငြင်းဆန်ဆဲပင်။ သူဟာ ရှောင်းကောနှင့် မီးဖိုလုပ်ရန် စိတ်အားထက်သန်နေသည်။ ရှောင်းကောမှာ သဘောတူဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ကျွမ်းကျွမ်း လှည့်ပတ်ကြည့်လိုက်ကာ အုတ်ခဲတွေကို ပျော်ရွှင်စွာဖြင့် ရွှေ့လိုက်သည်။

ရှောင်းကော ကောင်လေးကို ကြည့်လိုက်သည်။ ဒီကလေးက တကယ်ခေါင်းမာတာပဲ...

All Chapters