← Chapters

အဆိပ်သင့်စေခြင်း

Vol. 55 Ch. 897

အဆိပ်သင့်စေခြင်း

Vol. 55 Ch. 897

ပီတာ၏ရုံးခန်းအတွင်းတွင် ပီတာသည် ဖုန်းကိုင်ထားရင်း စိတ်ပူပန်သော အမူအရာနှင့် လက်မှိုင်ချထားသော အမူအရာတို့ကို ပြသနေသည်။

"မစ္စတာ မိုက်ကယ်၊ ဟွာရှပြည်တွင်းမှာ Green Freshအုပ်စုဆိုတဲ့ ကုမ္ပဏီတစ်ခု ပေါ်လာတယ်။ အဲဒီကုမ္ပဏီက ကျွန်တော်တို့ရဲ့ဖောက်သည် အများကြီးကို လုယူသွားတယ်။ မဟုတ်ဘူး၊ တကယ် ပြောတာပါ။ သူတို့ ကုန်ပစ္စည်းတွေက တစ်ခုခု ထူးခြားနေလို့ ဒီဘက်က ဖောက်သည်တွေက အရူးအမူး လုဝယ်နေကြတာ။ မဟုတ်ပါဘူး မစ္စတာ မိုက်ကယ်၊ ကျွန်တော် ဆင်ခြေပေးနေတာ မဟုတ်ပါဘူး၊ ဒါ အမှန်တရားပါ။ ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ဖောက်သည်တွေကို ပြန်ဆွဲခေါ်ပါ့မယ်"

ပီတာသည် ပြောရင်းနှင့် နဖူးမှစီးကျလာသော ချွေးစေးများကို သုတ်လိုက်သည်။ ထို့နောက် ဆက်ပြောသည်။

"ပြီးတော့... မစ္စတာ မိုက်ကယ်၊ ကျွန်တော် နောက်ထပ် ကိစ္စတစ်ခု ထပ်တင်ပြစရာ ရှိသေးတယ်။ ဘရူးစ်က ဖောက်သည် အများကြီးကိုခေါ်ပြီး ပြိုင်ဘက်ကုမ္ပဏီဆီ တိုက်ရိုက်သွားပူးပေါင်းလိုက်ပြီ။ မဟုတ်ဘူး... L နိုင်ငံ မဟုတ်ပါဘူး၊ ဟွာရှပါ။ ဟုတ်တယ်... သူ အခု ဖောက်သည်တွေကို ခေါ်ဆောင်ပြီး ကျွန်တော်တို့ရဲ့ ဟွာရှပြိုင်ဘက်ကုမ္ပဏီ Green Freshအုပ်စုဆီ တိုက်ရိုက် သွားရောက် ပူးပေါင်းလိုက်ပြီ၊ အဲဒီမှာ ဒုဥက္ကဌ လုပ်နေတယ်"

"ကောင်းပါပြီ... ကျွန်တော် သိပါပြီ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

...

ဖုန်းပြောသည်မှာ မည်မျှ ကြာသွားသည် မသိ၊ နောက်ဆုံးတွင် ဖုန်းချလိုက်သည်။

ပီတာသည် ရင်ဘတ်အိတ်ကပ်ထဲမှ ပဝါတစ်ထည်ကို ထုတ်ယူကာ နဖူးမှ တရစပ်စီးကျနေသော ချွေးစေးများကို သုတ်လိုက်ပြီး ညည်းညူ ပြောဆိုလိုက်သည်။

"ဟွန့်... ငါ့ကို Green Freshအုပ်စု ပြုတ်ကျသွားအောင် လုပ်ခိုင်းနေတယ်။ ပြောတာတော့ လွယ်တာပေါ့။ သူများ ပိုင်နက်ထဲမှာ သူများကို နင်းခြေပစ်ဖို့ဆိုတာ ဘယ်လွယ်မလဲ၊ စိတ်ကူးယဉ်နေတာပဲ။ ပြီးတော့ တစ်ဖက်လူရဲ့ ဟွာရှနောက်ခံက သာမန် မဟုတ်ဘူး။ ငါတို့လို ပြည်ပအင်အားစုတွေက ဘယ်လောက်အင်အားကြီးကြီး ပြည်တွင်းအင်အားစုလောက် ဘယ်ရှိမလဲ"

ပီတာသည် အမှန်တကယ် မကျေမနပ် ဖြစ်နေသည်။

ဘရူးစ် အလုပ်ထုတ်ခံရပြီးနောက် ဟွာရှရုံးခွဲဥက္ကဌရာထူးကို ဆက်ခံခွင့်ရလိုက်စဉ်က မွှေးပျံ့သော ကိတ်မုန့်ကြီး တစ်လုံးရလိုက်သကဲ့သို့ ပျော်ရွှင်ခဲ့ပြီး ဘရူးစ်ကို အနိုင်ယူနိုင်ပြီဟု ထင်မှတ်ခဲ့သည်။

သို့သော် ဤအရာသည် ကိုင်ထားလျှင် လက်ပူလောင်စေသော အာလူးပူကြီးတစ်လုံးဖြစ်နေလိမ့်မည်ဟု ဘယ်သူထင်ထားပါ့မလဲ။

ဟွာရှပြည်တွင်း၌ ဤမျှအင်အားကြီးသော ပြိုင်ဘက်တစ်ဦးပေါ်ပေါက်လာသော်လည်း ရုံးချုပ်က မယုံကြည်သည့်အပြင် သူ အရည်အချင်း မရှိသဖြင့် ဆင်ခြေပေးနေသည်ဟုသာ ထင်မြင်နေကြသည်။

ယခုအခါ ပီတာသည် ယခင်က ဘရူးစ် ရုံးချုပ်၏ယုံကြည်မှုကို မရရှိခဲ့ဘဲ အလုပ်ထုတ်ခံခဲ့ရစဉ်ကခံစားချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။

သို့သော် ပီတာနှင့် ဘရူးစ်၏စိတ်နေသဘောထားနှင့် ကိုယ်ကျင့်တရားသည် လုံးဝကွာခြားသည်။

ဤလူသည် ယုတ်မာကောက်ကျစ်ပြီး ရည်မှန်းချက် အောင်မြင်ရန်အတွက် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုတတ်သူဖြစ်သည်။

"ကြည့်ရတာ သာမန်နည်းလမ်းနဲ့ Green Freshအုပ်စုကို ဖြိုချဖို့ မဖြစ်နိုင်ဘူးပဲ" ပီတာ တီးတိုးရေရွတ်လိုက်သည်။ "သာမန် မဟုတ်တဲ့ နည်းလမ်းတွေ သုံးမှရတော့မယ်"

ဟွမ်လင်းအုပ်စုသည် ဟွာရှ ဈေးကွက်သို့ ဝင်ရောက်လာသည်မှာ နှစ်ပေါင်း ၂၀၊ ၃၀ ခန့် ရှိနေပြီ ဖြစ်သည်။ လက်ရှိတွင် ဖောက်သည်များ အလုခံရပြီး ဆုံးရှုံးမှုကြီးမားနေသော်လည်း နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အုတ်မြစ် ရှိနေသေးသဖြင့် ချက်ချင်း ဒေဝါလီခံရမည် မဟုတ်ပေ။

သို့သော် ဟွမ်လင်းအုပ်စုတွင် အုတ်မြစ်အနည်းငယ်ရှိသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဘရူးစ်က တာဝန်ယူခဲ့သဖြင့် လျှို့ဝှက်ချက်များနှင့် အရင်းအမြစ် အများအပြားသည် ဘရူးစ်လက်ထဲတွင် ရှိနေသည်။

သူကမူ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာရှိသေးသဖြင့် လူရှာပြီး ကိစ္စလုပ်ခိုင်းမည် ဆိုလျှင်ပင် ဘယ်သူ့ကို ရှာရမှန်း မသိပေ။

သို့သော် စကားပုံ တစ်ခု ရှိသည်... 'ပိုက်ဆံရှိရင် တစ္ဆေကိုတောင် ကြိတ်ဆုံကြိတ်ခိုင်းလို့ ရတယ်' တဲ့။

ပိုက်ဆံက တကယ် ကောင်းတဲ့အရာပဲ။

စဉ်းစားမိသည်နှင့် ပီတာ ဖုန်းတစ်ကောလ် ခေါ်လိုက်တော့သည်။

.....

ရှန်ဟိုင်းမြို့၊ ထောင်ယွမ်ရွာ Green Freshစူပါမားကတ်...

ရုတ်တရက် လူအုပ်စုတစ်စုသည် လက်နက်မျိုးစုံ ကိုင်ဆောင်ကာ စူပါမားကတ်အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။

လုံခြုံရေးခေါင်းဆောင်ကမြင်သည်နှင့် ပြဿနာဖြစ်တော့မည်ကိုသိသဖြင့် လူစုပြီး စူပါမားကတ် ရှေ့တွင် တားဆီးလိုက်သည်။

"ခင်ဗျားတို့ ဘာလုပ်ကြတာလဲ"

လုံခြုံရေး ခေါင်းဆောင်က သူတို့ကို တားဆီးပြီး အသံကျယ်ကြီးဖြင့် မေးလိုက်သည်။

သံတုတ်ကိုင်ဆောင်ထားသော အရပ်ရှည်ရှည် ထွားထွားနှင့် အမျိုးသား တစ်ဦးသည် မီးခိုးရောင် စွပ်ကျယ်အင်္ကျီ ဝတ်ဆင်ထားပြီး ဘယ်ဘက် လက်မောင်းတွင် နဂါးစိမ်းတက်တူးထိုးထားသည်။

သူသည် ရှေ့ဆုံးမှရပ်နေပြီး မျက်လုံးများ နီရဲကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာလုပ်ရမလဲ၊ ငါတို့က ဒီစူပါမားကတ်ကို ဖျက်ဆီးမလို့လေ။ ဒီစူပါမားကတ်က လူသတ်တဲ့ ဆိုင်ပဲ။ ငါ့ရဲ့ အသက် ၈၀ အရွယ် အဘွားက မင်းတို့ဆိုင်က ဟင်းသီးဟင်းရွက်တွေ စားပြီး အဆိပ်သင့် သေသွားပြီကွ"

"ဘာ..."

ဘေးနားမှ လူအုပ်ကြီး အံ့သြသွားကြသည်။

ဘာပဲပြောပြော ဒီစူပါမားကတ်က ဖွင့်လှစ်ချိန်ကစပြီး အမြဲတမ်း နာမည်ကောင်း ရရှိထားတာလေ။ ပြီးတော့ သူတို့ ပစ္စည်းတွေက ရောဂါပျောက်ကင်းစေတယ် ဆိုပြီး နာမည်ကြီးတာ။ လူအဆိပ်သင့် သေတယ်ဆိုတာ အခုမှ ပထမဆုံး ကြားဖူးတာပဲ။

***

All Chapters