← Chapters

👑 Treasure Boy

Vol. 14 Ch. 131

👑 Treasure Boy

Vol. 14 Ch. 131

ယွဲ့ဟွာ၏ ပြောကြားချက်အရ

ယွဲ့လင်းမှာမွေးရာပါ ခန္ဓာကိုယ်အားနည်းသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျန်းမာရေးချွတ်ယွင်းနေကာ သက်တမ်းကြာကြာနေနိုင်မည့်လူ မဟုတ်ပါ။ ထို့ကြောင့် ယွဲ့ဟွာ နန်းတက်ချင်ပါက ဘာမှအပင်ပန်းခံစရာပင် မလိုပေ။ ယွဲ့လင်း နတ် ရွာစံသွားသည်နှင့် သူအလွယ်တကူနန်းတက်နိုင်ပါလိမ့် မည်။

ကျန်းကျီမြောင် အေးစက်စွာ ရယ်မောလိုက်ပါသည်။

[စနစ်၊ ရုပ်ရှင်ကို ဘာလို့ စိတ်ရှိတိုင်း ဖြတ်ညှပ်ကပ်လုပ်နေတာလဲ ? မွေးရာပါ ခန္ဓာကိုယ်အားနည်းတယ် ဟုတ်လား ? ယွဲ့လင်း အဆိပ်မိထားမှန်း ဒီလောက် သိသာနေတာကို!]

စနစ်က အနည်းငယ် ချောင်းဟန့်ကာ ရှင်းပြလိုက်ပါသည်။

“စနစ်ပိုင်ရှင်… ဒါ အဘက်ဘက်ကပြည့်စုံနေတဲ့ ဇာတ်လိုက်ဖြစ်တဲ့ ယွဲ့ဟွာရဲ့ ရှုထောင့်ကနေ ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ၊ အဲ့တာကြောင့် စာဖတ်သူရဲ့အမြင်မှာ ဇာတ်လိုက်က အမြဲတမ်းဖြောင့်မတ်မှန်ကန်ပြီး အရှိန်အဝါကြီးနေရမှာ မဟုတ်ဘူးလား ? အဲ့လိုအရာမျိုးတွေကို ရုပ်ရှင်ထဲမှာ ပေါ်တင်ထုတ်ပြောလို့ မဖြစ်ဘူးလေ”

ကျန်းကျီမြောင် မျက်မှောင်ကြုတ်မိသွားသည်။

[ယွဲ့ဟွာရဲ့ ရှုထောင့်က ကြည့်ရင်တော့ သူအာဏာရလာတာကိုပဲ မြင်နိုင်လိမ့်မယ်၊ ဒါပေမယ့် နောက်ကွယ်မှာ လျှို့ဝှက်လုပ်ဆောင်ခဲ့တဲ့ အရာတွေကို သိနိုင်မြင်နိုင်မှာ မဟုတ်ဘူး]

[အဲ့ဒီအရာတွေကိုသိနိုင်ဖို့ဆို အတင်းအဖျင်းစနစ်ကိုပဲ အားကိုးရမှာ!]

ကျန်းကျီမြောင် ဇာတ်လမ်း ၁၀၀% ဝယ်ယူနိုင်အောင် အလောတကြီး ကြိုးစားခဲ့ရခြင်းက ချန်ကျင်းမင်၏ လျှို့ဝှက်ချက်တွေကို သိနိုင်ဖို့ဖြစ်သည်။

သို့သော် ဇာတ်လမ်းဒီအထိ ရောက်လာတာတောင် ချန်ကျင်းမင်၏လျှို့ဝှက်ချက် ဘားတန်းက ၅၆ ရာခိုင်နှုန်းအထိသာ ပြည့်သေးသည်။ ၁၀၀ ရာခိုင်နှုန်းပြည့်ဖို့ဆို အတော်လေး လိုနေပါသေးသည်။

ရုပ်ရှင်ကိုပဲ ကျန်းကျီမြောင် မျှော်လင့်တကြီး ဆက်ကြည့်ရတော့သည်။ ချန်ကျင်းမင်နှင့် ပတ်သတ်သည့်ကိစ္စတွေ မကြာခင် ပါလာပါစေဟုလည်း ဆုတောင်းမိသည်။

ရုပ်ရှင်ထဲတွင် မိန်းကလေးပေါင်းများစွာနဲ့ ယွဲ့ဟွာ ချစ် ကြိုက်ခဲ့သည်။ ထိုမိန်းကလေးတွေတိုင်းက ပါရမီကိုယ်စီရှိကြပြီး ထူးချွန်ပြောင်မြောက်ကြသူများဖြစ်သော်လည်း ယွဲ့ဟွာနဲ့ ဆုံလိုက်တာနဲ့တစ်ပြိုင်နက် ချစ်စိတ်မွှန်ပြီး တွေးခေါ် နိုင်စွမ်း လျော့နည်းသွားကြသည်။

ထို့အပြင် ယွဲ့ဟွာ ကိုယ်လုပ်တော် ဘယ်နှယောက်ပဲ ထားရှိခဲ့ပါစေ ထိုမိန်းကလေးများက တစ်ယောက်နဲ့တစ်ယောက် မုန်းတီးခြင်းမရှိဘဲ ညီအစ်မတွေလို အလွန်ရင်းနှီးချစ်ခင်ခဲ့ကြပါသည်။

သုံးနှစ်ကြာသောအခါ…

ယွဲ့ဟွာ၏အာဏာက အဆမတန်ကြီးမားနေပြီဖြစ်ပြီး သူ့အတွက် အရာရာအသင့်ဖြစ်နေပါပြီ။

ယွဲ့လင်း ခန္ဓာကိုယ်ကလည်း ပိုပိုပြီး အင်အားချည့်နဲ့လာခဲ့သည်။ နတ်ရွာမစံသေးသော်လည်း နန်းတွင်းရေးရာကိစ္စတွေကို စီမံနိုင်စွမ်း မရှိတော့ပါ။

ထိုအခါ ယွဲ့ဟွာက ရင်ခွင်ပိုက်မင်းသားတစ်ပါးသဖွယ် ဖြစ်လာခဲ့ပြီဖြစ်သည်။ နန်းတော်အတွင်းမှာ ‘သူ့ဘက်ပါလျှင် ကြီးပွားမည်၊ သူ့ကိုဆန့်ကျင်လျှက် ပျက်သုဉ်းရမည်’ဟူ၍ ထုတ်ပြောစရာမလိုဘဲ အားလုံး နားလည်နေကြပါပြီ။ ကောင်းကင်ကြီးကို လက်တစ်ဖက်ဖြင့် ဖုံးကာထားသူဖြစ်သည်။

ထို့ကြောင့် နန်းတော်ထဲတွင် ယွဲ့ဟွာမှာ ဘုရင်တစ်ပါးနှင့်မခြားနားတော့ပေ။

ထိုအချိန်တုန်းက ယွဲ့လင်းကို ရုတ်တရက် နတ်ရွာစံသွားအောင်လုပ်ဖို့ ယွဲ့ဟွာ အစီအစဉ်မရှိခဲ့သေးပါ။ ယွဲ့လင်းကို ရုပ်သေးရုပ်တစ်ရုပ်လိုပင် သူအသုံးချခဲ့သေးသည်။ သူဂုဏ်သတင်းမွှေးဖို့ လိုအပ်လာသည့်အခါ ယွဲ့လင်းအား အမျက်‌ဒေါသထွက်လာစေအောင် ကြံစည်ပြီး လူအများအမြင်မှာ မင်းဆိုးမင်းညစ်တစ်ပါးသဖွယ်ဖြစ်အောင် ဖန်တီးခဲ့သည်။ ထိုအခါ ယွဲ့ဟွာကို ထောက်ခံအားပေးသည့် အရာရှိအမတ်တွေလည်း တိုးပွားလာခဲ့ပါသည်။

အားလုံးက ယွဲ့လင်းကိုပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ဖို့ ယွဲ့ဟွာအား တိုက်တွန်းခဲ့ကြသည်။

သို့သော် ယွဲ့ဟွာက ဆက်တိုက်ဆိုသလို ငြင်းဆန်ခဲ့သည်။ ပုန်ကန်သည့် လုပ်ရပ်မျိုး သေသည်အထိ လုပ်မှာမဟုတ်ကြောင်း ဖြောင့်မတ်စွာ ပြောဆိုခဲ့သည်။ ထို့ကြောင့် လူတိုင်းရင်ထဲမှာ ယွဲ့ဟွာအတွက် အမှတ်တွေ ပိုတိုးလာခဲ့သည်။

ထို့ကြောင့် ယွဲ့လင်းကို အချိန်မတိုင်ခင် ယွဲ့ဟွာ လုပ်ကြံသတ်ဖြတ်ဖို့ မလိုခဲ့ပါ။ အဖျားရောဂါကြောင့် သူ့ဖာသာသူ နတ်ရွာစံသွားမည့်အချိန်ကိုသာ စောင့်ဖို့လိုအပ်သည်။

သို့သော်… ယွဲ့လင်း ရုတ်တရက်နတ်ရွာစံရမည့်အချိန်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျန်းကျီမြောင် ခါးမတ်သွားခဲ့ကာ အလွန်စိတ်ဝင်စားသွားသည်။

ဘာလို့လဲ…

ယွဲ့လင်း ဘာကြောင့် နတ်ရွာစံသွားရတာလဲ ?

ဒီလုပ်လိုက်ခြင်းအားဖြင့် ညီအစ်ကို မောင်နှမအားလုံးကို သတ်ဖြတ်ခဲ့သည့်အတွက် ယွဲ့ဟွာ အောင်ပွဲရခံနီးမှ တစ်တိုင်းပြည်လုံးရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရနိုင်သည်။ ထို့နောက် ယွဲ့ဟွာ နန်းတက်ပြီး သိပ်မကြာလိုက်ဘဲ မယ်တော်ကြီးပါ ရုတ်တရက် နတ်ရွာစံသွားမှာဖြစ်သည်။

သို့သော် ထိုလူတွေ အားလုံး နတ်ရွာစံရသည့် အကြောင်းအရင်းများက အလွန် သာမန်ဆန်နေပါသည်။ ညီအစ်ကို မောင်နှမတွေကြားထဲ တောင်ပိုင်းဒေသမှာရှိနေသည့် မင်းသမီးအကြီးဆုံးကလွဲပြီး တခြားသူတွေအားလုံး အချိန်တိုအတွင်း ရုတ်တရက် သေဆုံးသွားကြသည်။ ထို့ကြောင့် တိုင်းသူပြည်သားတွေအကြား သံသယတွေ ထွက်ပေါ်လာတာ မဆန်းပါ။

ယွဲ့ဟွာ ဒီလောက်ထိ စိတ်ရှည်ခဲ့ပြီးမှ ရူးသွပ်သည့် လုပ်ရပ်ကို ရုတ်တရက်မလုပ်ခဲ့သင့်ပါ။ ဒီကိစ္စမှာ အလွန်ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခုရှိနေနိုင်သေးသည်။

ရုပ်ရှင်ထဲက ကုတင်ပေါ်မှာ လှဲလျောင်းရင်း နောက်ဆုံးထွက်သက်ကို ခက်ခက်ခဲခဲ ရှူရှိုက်နေရသည့် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ကာ ယွဲ့လင်း မျက်လွှာချလိုက်ပါသည်။

ဒါ သူရဲ့ မူလ ဇာတ်သိမ်းပေါ့…

ဖြစ်နိုင်ပါတယ်…

မြောင်မြောင် ပေါ်မလာခင်တုန်းက ယွဲ့လင်း ကြိုးစားခဲ့ပါသည်။ သူ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ ယွဲ့ဟွာကို နည်းနည်းလေးတောင် အနိုင်မယူနိုင်ခဲ့ပါ။ ကံတရား၏ ရှေ့မှောက်မှာ ယွဲ့လင်းက ပုရွက်ဆိတ်တစ်ကောင်သာသာ ဖြစ်သည်။

ရုပ်ရှင်ထဲက ယွဲ့လင်းလည်း အများကြီး ကြိုးစားခဲ့လောက်သည်။ သို့သော် သူ့ကြိုးစားမှုတွေ အရာမထင်ခဲ့ပါ။ သေခါ နီးဆဲဆဲအချိန်မှာ သူ့နှလုံးသား ပြာလိုဖြူဆုပ်နေလောက်သည်။

သေခါနီးဆဲဆဲဖြစ်နေသည့် သူ့ကိုယ် သူ ယွဲ့လင်းကြည့်လိုက်သည်။ ကုတင်ပေါ်မှာ သားသတ်ရုံထဲ ဆွဲထည့်ခံရတော့မည့် နွားတစ်ကောင်လိုလှဲလျောင်းနေသည်။ မြောင်မြောင်မရှိသည့် ဘဝမှာ သူ ဒီလို ဇာတ်သိမ်းခဲ့တာသေချာသည်။

ရုပ်ရှင် မိနစ် ၃၀ သာ ကျန်တော့သည်။

ယွဲ့ဟွာလက်ထဲ အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်နေပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ စွမ်းအားအကြီးမားဆုံးလူဖြစ်လာခဲ့သည်။

ထိုစဉ် ထင်မှတ်မထားသည့် အပြောင်းအလဲ တစ်ခုဖြစ်ပေါ်လာခဲ့သည်။ နှောင်းဧကရာဇ်မင်းကြီး၏တံဆိပ်ပြားကို သယ်ဆောင်ထားသည့် မိန်းကလေးတစ်ယောက် မြို့တော်သို့ ရောက်ရှိလာခဲ့လေသည်။

ထိုမိန်းကလေးက သူ့ကိုယ် သူနှောင်းဧကရာဇ်မင်းကြီး၏ ပျောက်ဆုံးသွားသော ရင်သွေးဖြစ်သည်ဟု ဆိုခဲ့ပါသည်။ မြို့စားကြီးက ပထမတော့ သူ့ကို အရူးမတစ်ယောက်ဟု ထင်ခဲ့သော်လည်း တံဆိပ်ပြားကို မြင်သွားခဲ့လေသည်။

ထိုတံဆိပ်ပြားမှာ တစ်ချိန်တုန်းက နှောင်းဧကရာဇ်မင်းကြီး အလွန်သဘောကျ မြတ်နိုးခဲ့သည့် ကျောက်စိမ်းဆွဲပြားလေးဖြစ်နေသည်။ မြို့စားကြီးလည်း လျစ်လျူမရှုဝံ့တော့ဘဲ အထက်သို့ ချက်ချင်းတင်ပြခဲ့သည်။

ထိုမိန်းကလေးကို ယွဲ့ဟွာရှေ့မှောက်သို့ ပို့ဆောင်ခဲ့သည်။

ပထမတော့ ယွဲ့ဟွာလည်း ထိုကိစ္စကို သိပ်အရေးမစိုက်ခဲ့ပေ။ သို့သော် ထိုမိန်းကလေးကို မြင်သောအခါ သူ့လူယုံတော် ချန်ကျင်းမင် မျက်နှာအတော်လေး ပျက်သွားမှန်း ယွဲ့ဟွာ သတိထားမိသွားသည်။

ထို့ကြောင့် ယွဲ့ဟွာ ရင်ထဲ သံသယတွေဖြစ်ပေါ်လာခဲ့သည်။ ထိုမိန်းကလေးကို နန်းတော်အတွင်းမှာ ခေတ္တ လက်ခံထားလိုက်ပြီး လျှို့ဝှက် စုံစမ်းခဲ့သည်။ သို့သော် ဘာမှမသိရသေးခင် မယ်တော်ကြီးက ထိုအမျိုးသမီးကိုဆင့်ခေါ်လိုက်သည်ဟူသည့် သတင်း ယွဲ့ဟွာကြားခဲ့ရသည်။ ထို့အပြင် သူမကို လာရောက်ခေါ်ဆောင်သွားသူက တခြားသူမဟုတ်ဘဲ ယွဲ့ချန်း ဖြစ်နေခဲ့ပါသည်။

ချန်ကျင်းမင် မျက်နှာအလွန်ပျက်သွားခဲ့ပြန်သည်။ ဒီတစ် ခါတော့ ချန်ကျင်းမင်ကို ယွဲ့ဟွာ ချက်ချင်းမေးမြန်းခဲ့သည်။

“ယွဲ့ချန်းရဲ့လုပ်ရပ်ကို ကြည့်ရသလောက်တော့ သူတစ်ခုခုသိထားတာဖြစ်ရမယ်၊ ဝန်ကြီးချန်လည်း တစ်ခုခု သိထားတာရှိရင် အခုချက်ချင်း ထုတ်ပြောလိုက်တာ ပိုကောင်းမယ်နော်၊ မဟုတ်ရင် သူတို့ဘက်က ခြေတစ်လှမ်းသာသွားတာနဲ့ ကျုပ် အရေးနိမ့်သွားနိုင်တယ်”

ချန်ကျင်းမင် ခါးသီးစွာ ပြုံးလိုက်ပြီး လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟဝန်ခံခဲ့လေသည်။

ကျန်းကျီမြောင် နားထောင်ရင်း မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့သည်။

ဒီချန်ကျင်းမင်က… တော်တော် ခြေရှုပ်တဲ့လူပါလား!

ချန်ကျင်းမင်၏ပြောပြချက်အရ ယခင်တုန်းက နှောင်းဧကရာဇ်မင်းကြီး အရပ်သားဟန်ဆောင်ကာ တိုင်းပြည်တခွင် ခရီးလှည့်လည် သွားလာခဲ့ဖူးသည်။ ထိုအချိန်တုန်းက သူ့အား ဧကရာဇ်မင်းကြီးမှန်း မသိခဲ့သည့် ချန်ကျင်းမင်နှင့် တွေ့ဆုံကာ မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြသည်။

ထို့နောက် ခွေးသွေးလှည့်ကွက်မျိုးဖြင့် သူတို့နှစ်ယောက်စလုံး အမျိုးသမီးတစ်ဦးတည်းကို ချစ်မိသွားခဲ့ကြသည်။ ထိုအမျိုးသမီးက ယခင်မင်းဆက်၏မင်းသမီးတစ်ပါးဖြစ်ပါသည်။ ယခင်မင်းဆက်၏အကြွင်းအကျန်များကို သူမ ဦးဆောင်ရင်း ပုန်ကန်ဖို့ ကြံစည်နေတာဖြစ်သည်။

အကြောင်းအရင်းတစ်ခုခုကြောင့် နှောင်းဧကရာဇ်မင်း ကြီး၏ သရုပ်မှန်ကိုသိသွားပြီး ထိုအမျိုးသမီးက လုပ်ကြံသတ်ဖြတ်ဖို့ကြံခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပါ။ ထို့နောက် သူမကို နှောင်းဧကရာဇ်မင်းကြီး အကျဉ်းချခဲ့သည်။

ထို့နောက်… ထိုအမျိုးသမီးနဲ့ နှောင်းဧကရာဇ်မင်းကြီးတို့် ချစ်ကြိုက်သွားခဲ့ကြလေသည်။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိလွန်းသဖြင့် သေအတူရှင်မကွာဖြစ်ခဲ့ကြသည်။

ထို့နောက်… ချန်ကျင်းမင်လည်း ထိုအမျိုးသမီးကို ချစ်မိသွားခဲ့သည်။ သို့သော် ချန်ကျင်းမင် ထိုခံစားချက်ကို ရင်ထဲမှာသာ မျိုသိပ်ထားခဲ့ပြီး တစ်ခါမှဖွင့်မပြောခဲ့ပါ။။

ထိုအမျိုးသမီး၏သရုပ်မှန်ကို လူသိရှင်ကြားဖြစ်စေလို့မရသလို နှောင်းဧကရာဇ်မင်းကြီးနဲ့လည်း ပွင့်ပွင့်လင်းလင်း ချစ်မြတ်နိုးလို့မရခဲ့ပေ။

နောက်တော့ သူတို့သုံးဦး မြို့တော်ကို ပြန်လည်ရောက်ရှိလာခဲ့ကာနှောင်းဧကရာဇ်မင်းကြီးမှ သူ့ကိုယ် သူ ဧကရာဇ်မင်းတစ်ပါးဖြစ်မှန်း ဝန်ခံလျက် ထိုအမျိုးသမီးကို ချန်ကျင်းမင်၏စောင့်ရှောက်မှုအောက်တွင် ထားခဲ့သည်။

ထိုအမျိုးသမီးနဲ့ နှောင်းဧကရာဇ်မင်းကြီးတို့ အပြန်အလှန်ချစ်ကြည်နူးခဲ့ကြစဉ် ချန်ကျင်းမင်ကမူ ဒုတိယဇာတ်လိုက်သာ ဖြစ်ခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီးက ယခင် မင်းဆက်အကြွင်းအ ကျန် ပုန်ကန်သူတွေကို ဖမ်းဆီးပြီး ချက်ချင်း ကွပ်မျက်ခဲ့သည်။ ထိုအမျိုးသမီးသိသွားသောအခါ နှောင်းဧကရာဇ်မင်းကြီးကို အပြစ်တင်ကာ ငိုယိုသောင်းကျန်းခဲ့ပါသည်။ ပုန်ကန်သူတွေ လက်နက်မချတာကြောင့်သာ ဒီလိုလုပ်ခဲ့ရတာဖြစ်မှန်း နှောင်းဧကရာဇ်မင်းကြီး သေချာရှင်းပြခဲ့သည်။

ထို့နောက် ထိုအမျိုးသမီးက ချန်ကျင်းမင်ထံ သွားရောက်ငိုယိုပြီး ရင်ဖွင့်ခဲ့လေသည်။

ချန်ကျင်းမင် အခွင့်အရေးတစ်ခု ရလာပြီဟု ထင်ခဲ့သည်။ သို့သော် ရက်ပိုင်းတောင် မခံလိုက်ဘဲ ထိုမိန်းကလေးက နာကျည်းချက်များကိုမေ့သွားပြီး နှောင်းဧကရာဇ်မင်းကြီးနှင့် ပြန်လည် အဆင်ပြေသွားခဲ့ပြန်သည်။

သို့သော် ထိုအမျိုးသမီးကို နှောင်းဧကရာဇ်မင်းကြီးက ဖမ်းဆီးထားသည်ဟု ရဲဘော်ရဲဘက်များက ထင်သွားကြပြီး သူမအားသက်စွန့်ဆံဖျား လာရောက်ကယ်ဆယ်ခဲ့ကြသည်။။ သို့သော် ထိုအမျိုးသမီးကတော့ မချစ်သင့်သည့်လူကို ချစ်မိသွားပြီဖြစ်ကြောင်း၊ သူ ဒီကထွက်သွားဖို့မဖြစ်နိုင်တော့ကြောင်းပြောပြခဲ့ကာ ရဲဘော်ရဲဘက်များကို လက်လျှော့ခိုင်းခဲ့ပါသည်။

ထို့ကြောင့် ရဲဘော်ရဲဘက်တွေလည်း စိတ်ဓာတ်ကျစွာပြန် လာခဲ့ရတော့သည်။ သို့သော် အပြန်လမ်းတွင် ၎င်းတို့ကို နှောင်းဧကရာဇ်မင်းကြီးဖမ်းမိသွားပြီး နာနာကျင်ကျင် နှိပ်စက်ကာ ကွပ်မျက်ခဲ့ပြန်သည်။

ထိုအခါ အမျိုးသမီးလည်း ရင်ကွဲနာကျကာ ငိုကြွေးလျက် ချန်ကျင်းမင်ထံ ရင်လာဖွင့်ပြန်သည်။

ရက်ပိုင်းလောက်ကြာတော့ နှောင်းဧကရာဇ်မင်းကြီးကို သူမ ခွင့်လွှတ်လိုက်ပြန်သည်။

ဒီလိုနဲ့ သံသရာတွေ အကြိမ်ကြိမ်လည်နေခဲ့ပြီး နောက်ဆုံးတော့ ချန်ကျင်းမင် စိတ်ရူးပေါက်သွားခဲ့ကာ ချစ်ခြင်းမေတ္တာမှ အငြှိုးတရားအဖြစ် ပြောင်းလဲသွားခဲ့လေတော့ သည်။

All Chapters