← Chapters

အခန်း (၆၀၈-၆၀၉)

Vol. 37 Ch. 608-609

အခန်း (၆၀၈-၆၀၉)

Vol. 37 Ch. 608-609

Chapter 608

ပြေးကြ ၂

ပြင်းထန်သော အပူရှိန်အောက်တွင် မိုးကုပ်စက်ဝိုင်းမှာ တုန်ရီနေသည်။ တဂျုံးဂျုံး မြည်သံများနှင့်အတူ မွန်းစတားအကြွင်းအကျန်များ ပေကျံနေသော အနက်ရောင်သံချပ်ကာ ရထားခေါင်းကြီးသည် သဲကန္တာရကို ဖြတ်ကျော်ကာ အရှိန်ပြင်းစွာ မောင်းနှင်နေလေသည်။ ၎င်း၏နောက်တွင် သံမဏိမြွေကြီးတစ်ကောင်ကဲ့သို့သော ရထားတွဲများမှာလည်း တရကြမ်း လိုက်ပါနေကြသည်။

အနန္တရထားပေါ်တွင် ဝေးလ် 03E ဂတ်စ်တာဘိုင်အင်ဂျင်နှင့် ဝေလုံအဆင့် လျှပ်စစ်အင်ဂျင်နှစ်ခုလုံးမှာ အစွမ်းကုန်လည်ပတ်နေသည်။ ရထားပေါ်ရှိ လူတစ်ရာကျော်သည် စိုးရိမ်စိတ်များဖြင့် ရှိနေကြသည်။

ရထား၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်မြင့်မားသဖြင့် မိုးရေမြို့တွင် တွေ့ခဲ့ရသော A-Class အဆင့် ကပ်ပါးကောင်ကြီးများကိုပင် အလွယ်တကူ ခြေမှုန်းနိုင်သည်။ သို့သော် တွင်းနက်များနှင့် နီးကပ်လာလေလေ သတ္တဝါများသည် ပို၍ထူးဆန်းလာပြီး အန္တရာယ်ကြီးမားလာသည်။

“အဆင့်-၂ အထိ လျော့ကျသွားပေမယ့်… အမှတ်အသားကို ဖျက်လို့ မရသေးဘူး”

နံပါတ် (၁၂) တွဲရှိ လက်နက်စခန်းအတွင်း လော့ယန်၊ ရှောင်ပိုင်နှင့် အခြားအနန္တရထား၏ အဓိကအဖွဲ့ဝင်များ စုဝေးနေကြသည်။

သူမ၏ ဝတ်စုံပေါ်မှ သွေးများကို သုတ်ရင်း ရှုချင်းက ရေရွတ်လိုက်သည်။

“ဒီအခြေအနေနဲ့ အမှောင်ညထဲကို ဝင်သွားဖို့က အရမ်းအန္တရာယ်များတယ်”

“တခြားယာဉ်တန်းတွေလည်း ဒီလိုပဲ ဖြစ်မှာပါ”

ချန်ဆီရွှမ်က ပြောသည်။

“ဒါက စွန့်ပစ်နယ်မြေပဲ။ အမှတ်အသားကို ဖျက်ဖို့အတွက် သဲမုန်တိုင်းထဲကို ပြန်သွားဖို့ကတော့ မဖြစ်နိုင်ဘူး”

“ငါတို့ လုပ်နိုင်တာကတော့ ပြင်ဆင်ထားဖို့ပဲ ရှိတာပေါ့”

လင်းရှန်သည် နောက်ထပ် G3 လျှပ်စစ်သံလိုက်အမြောက်တစ်ခုကို ကြိုးစားတည်ဆောက်နေသည်။ အနန္တရထားသည် ဤအလယ်တွဲကို ထောက်ပံ့ရေးနှင့် လူအင်အားညှိနှိုင်းရေးအတွက် ရွေးချယ်ထားခြင်း ဖြစ်သည်။ ဘေးတွဲဖြစ်သော နံပါတ် (၁၃) တွဲ (လက်နက်တိုက်) တွင် PX-05 စက်ရုပ်များစွာသည် အလိုအလျောက် ကျည်ဆန်ထုတ်စက်များကို လည်ပတ်နေကြသည်။ ပူနွေးနေသေးသော ကျည်ဆန်အသစ်များမှာ တဖွဲဖွဲထွက်လာနေသည်။

လင်းရှန်က တင်းမာသောအမူယာဖြင့် ပြောလိုက်သည်၊၊

“အဆိုးဆုံးကတော့ အဲဒီပိုးကောင်တွေပဲ။ သူတို့သာ မရှိရင်… ငါတို့ အဲဒီကောင်ကြီးကိုပဲ အာရုံစိုက်ပြီး ပစ်လိုက်လို့ ရတယ်”

ကီကီက လက်ပိုက်ကာ ခေါင်းညိမ့်လိုက်သည်။ “အဲဒီပိုးကောင်အုပ်ကြီးကြောင့် ကျွန်မတို့ လုံးဝ မျက်စိလည်သွားတာပဲ။ သဲမုန်တိုင်းလည်း ရှိသေးတယ်။ မဟုတ်ရင် ကျွန်မတို့ရဲ့ ပစ်အားအကုန်သုံးတာနဲ့ အဲဒီကောင်ကို သတ်နိုင်တယ်”

“ငါတို့ တောက်လျှောက်ပြေးနေရတာပဲ။ S-အဆင့် ဒါမှမဟုတ် နယ်မြေအပိုင်စားသတ္တဝါကြီးတွေကလွဲရင် ကျန်တဲ့ ခြိမ်းခြောက်မှုအများစုက မွန်းစတားဒီရေတွေပဲ”

လော့ယန်က သက်ပြင်းချလိုက်သည်။

“အဲဒီ သဲပုရွက်ဆိတ်တွေက တကယ်ရွံစရာကောင်းတယ်”

“ဟုတ်တယ်… အမြောက်ရော..သေနတ်ရော သုံးလို့လည်း မရဘူး…. ပုန်းနေရုံပဲ တတ်နိုင်တယ်”

လုချန်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။

ထောင့်တစ်နေရာမှ လုရှင်းချန်က အေးစက်စွာ ပြောလိုက်သည်၊၊

“ဒါက ဖြေရှင်းလို့ မရတာ မဟုတ်ပါဘူး။ တခြားအတွဲတွေကို ကာကွယ်ပေးဖို့သာ မလိုရင် ငါတို့ ရထားအခွံတစ်ခုလုံးကို မီးရှို့ပစ်လိုက်လို့ ရတယ်။ အဲဒီပုရွက်ဆိတ်တွေ အကုန်လုံး စက္ကန့်ပိုင်းအတွင်း သေသွားမှာပဲ”

ကီကီက မျက်လုံးလှန်ကြည့်လိုက်သည်၊၊

“သြော် သြော်... ဟုတ်တာပေါ့။ ပြီးရင် ငါတို့ပါ အဲဒီထဲမှာ အကင်ဖြစ်သွားမှာလေ”

“ဟုတ်တယ်... ပုရွက်ဆိတ်တွေ ငါတို့ကို မစားခင် ငါတို့အရင် ကျက်သွားမှာ”

ရှားရှားက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ကံကောင်းတာက ငါတို့မှာ Arc လျှပ်စီးလှိုင်းကြိမ်နှုန်းမြှင့်စက်တွေရှိနေတာပဲ။ အဲဒါတွေက ပိုပြီးတော့ အသုံးဝင်တယ်”

တာလို့ဘေးတွင် ရှိနေသော လျန်လေးသည် လူကောင်ကြီးသဖြင့် တိုက်ပွဲတစ်ခုလုံးတွင် ထိရောက်စွာ ဝင်မပါခဲ့ရသောကြောင့် စိတ်ပျက်နေသည်။ အကောင်ကြီးတွေကို သူတို့ လက်လှမ်းမမီသလို အကောင်သေးတွေကိုလည်း အကာကွယ်မပါဘဲ မထိရဲသဖြင့် အကျဉ်းသားများကဲ့သို့ ဖြစ်နေခဲ့ရသည်။

“ဒါတွေက အရမ်းနှေးတယ်။ ဒါတွေက ရထားမှာ ကပ်နေတဲ့ ထူးဆန်းတဲ့အရာတွေအတွက်ပဲ သုံးတာ”

သံလိုက်အမြောက်ကို တည်ဆောက်နေဆဲဖြစ်သော လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။

“ငါ နည်းလမ်းတွေ အများကြီး စဉ်းစားပြီးပြီ။ ဒါပေမဲ့ ဘာမှ သိပ်အဆင်မပြေဘူး”

Arc လျှပ်စီးလှိုင်းကြိမ်နှုန်းမြှင့်စက်များ လျှပ်စစ်ဓားသွားများ ဒါမှမဟုတ် သူ မတည်ဆောက်ရသေးတဲ့ အပူချိန်မြင့်ပလာစမာစက်များသည် ကြီးမားသည့် ခြိမ်းခြောက်မှုတွေအတွက်သာဖြစ်သည်။ ကန္တာရပုရွက်ဆိတ်များနှင့် ပိုးကောင်သေးသေးလေးများအတွက်ကတော့ တကယ်ကိုခေါင်းကိုက်စရာပင်။

“ငါ ကြယ်သ‌ေင်္ဘာက နည်းပညာတစ်ခုကို မှတ်မိတယ်”

ကီကီက ပြောသည်။

“ဒါက ရုပ်ပိုင်းဆိုင်ရာ ဒိုင်းကာမဟုတ်ဘူး။ လျှပ်စစ်ဓာတ်ပြုအမှုန်တန်းတွေနဲ့ စွမ်းအင်မြင့် အိုင်းယွန်းတွေကို လွှဲဖယ်ဖို့အတွက် သုံးတာ။ ဖြစ်နိုင်တာက...”

“ဪ... ဟုတ်ပြီ။ လျှပ်စစ်ဓာတ်အားစက်ကွင်း ဂျင်နရေတာပဲ”

လော့ယန်က ဝမ်းသာအားရ ပြောလိုက်သည်။

လင်းရှန်က ခါးသီးစွာ ပြုံးလိုက်ပြီး

“ငါတို့ ကြယ်တသ‌ေင်္ဘာတွေ မောင်းနေတာဆိုရင်တော့ ဟုတ်တာပေါ့။ အဲဒီအချိန်ကျရင် ငါက ပုရွက်ဆိတ်တွေကို ဘာလို့ စိတ်ပူနေမှာလဲ”

“ဟေး...” ကီကီက ပခုံးတွန့်ပြလိုက်သည်။

“မရှိတာထက် ရှိတာက ပိုကောင်းပါတယ်။ ဒီနယ်မြေကနေ ထွက်သွားရင် ပုရွက်ဆိတ်တွေက ရပ်သွားမှာပါ”

“ချွမ်းချန်မြို့က သဲကန္တာရထဲမှာပဲ ရှိနေသေးတယ်။ သူတို့ ရပ်မှာ မဟုတ်ဘူး... လုလင်ကို ကျော်နိုင်မှ ဖြစ်မယ်”

လီယီက ဝင်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အခြေနေက တအားကြီးမဆိုးရွားတာ ကံကောင်းတယ်။ ရှေ့မှာရှိတဲ့ လမ်းကိုပဲ အာရုံစိုက်ရအောင်။ ဒီညကတော့ တကယ်ကို ခက်ခဲလိမ့်မယ်”

လင်းရှန်သည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ရှုချင်းနှင့် တာလို့ကို ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက် ကျည်ဆန်ထုတ်တာကိုပဲ အာရုံစိုက်ပါ။ ၁၂.၇ နဲ့ ၃၀ မီလီမီတာ ကျည်တွေကိုပဲ အဓိကထုတ်ပါ။ အနည်းဆုံး အခြေခံအုပ်စု ၅ စုစာလောက်ပေါ့… အပိုတွေကို တခြားယာဉ်တန်းတွေကို ပေးလိုက်ပါ။ ပြီးတော့ ငါတို့ဆီက ရှင်းဟွာ-၂၆ ရိုင်ဖယ်တွေနဲ့ ကျည်ဆန်တွေ အားလုံးကိုလည်း တခြားယာဉ်တန်းလေးတွေကို ပေးလိုက်ပါ”

သူ့တွင် လက်နက်များ ပိုနေ၍ ပေးခြင်းမဟုတ်ပေ။ အဓိကက ရထားပေါ်မှာရှိတဲ့ လူတိုင်းသည် တစ်လှေထဲ စီးနေ၍ဖြစ်လို့ပင်။ အကယ်၍ အားနည်းသည့် ယာဉ်တန်းများသာ ပျက်စီးသွားရင် လမ်းကြောင်းက ပြတ်တောက်သွားမည်ဖြစ်ပြီး ဖိအားများက နှစ်ဆတိုးလာလိမ့်မည်။ ယခုအချိန်တွင် လူတိုင်းသည် တိုက်ပွဲဝင်နိုင်သည့် သန္ဓေပြောင်းစွမ်းအားရှင်များဖြစ်ကြသည်။ လူ့အသက်သည် ကျည်ဆန်များထက် ပိုပြီး တန်ဖိုးရှိလေသည်။

“သိပြီ... ကျွန်မတို့ အခုပဲ လုပ်လိုက်မယ်”

ရှုချင်းနှင့် တာလို့က ချက်ချင်း ခေါင်းညိမ့်လိုက်ကြသည်။

“နဂါးတောင် (၁) မှာလည်း ကျည်ဆန်ထုတ်စက်တွေ ရှိတယ်။ သူတို့မှာ လူအင်အားရှိပေမယ့် ကိရိယာတွေ မရှိဘူး”

လင်းရှန်က ဆက်ပြောကာ သူ၏ အတွေးများကို ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ရှီတိယွမ်နှင့် နန်ကျင်းတို့ထံ ပြောပြလိုက်သည်။

“အစ်ကိုရှီ... ကျုပ်တို့ သဲဓားပြတွေဆီက ကယ်လာတဲ့လူတွေက အသုံးဝင်နိုင်တယ်။ တကယ်လို့ အစ်ကို မကိုင်တွယ်နိုင်ရင် တခြားယာဉ်တန်းတွေကို ခွဲပေးလိုက်ပါ။ ကျုပ်တို့ ဒီပြဿနာကနေ လွတ်အောင်အရင်သွားရမယ်။ အဲဒီနောက်ပိုင်းကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်”

“ဟူး... ငါလည်း အဲဒါကို ပြောမလို့ပဲ”

ရှီတိယွမ်က ညည်းတွဲကာ ပြန်ဖြေလိုက်သည်။

“လူတစ်ရာကျော်ဆိုတော့ ကိုင်တွယ်ရတာ မလွယ်ဘူး။ ငါ အချို့ကို ထားခဲ့ပြီး ကျန်တဲ့သူတွေကို တခြားယာဉ်တန်းတွေကို ပို့ပေးလိုက်မယ်။ ဪ... မိုနီကာကလည်း အမျိုးသမီးတစ်ဒါဇင်လောက် လိုချင်တယ် မဟုတ်လား”

“ပြဿနာမရှိပါဘူး။ ကျွန်မ သူတို့အတွက် အတွဲတစ်တွဲ ပြင်ထားပြီးသားပါ”

မိုနီကာ၏ အသံ ထွက်ပေါ်လာသည်။

“ငါ့ကိုလည်း ၁၀ ယောက်လောက် ပေးပါ။ မတိုက်ခိုက်နိုင်တာက ကိစ္စမရှိဘူး... စိတ်မပျော့တဲ့သူတွေ ဖြစ်ဖို့ပဲ လိုတယ်”

ချီလီက သူ၏ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“ငါတို့က အရှိန်ပြင်းပြင်းနဲ့ မောင်းနေတာလေ။ သူတို့ကို ဘယ်လိုသွားပို့မလဲ။ ပျံသန်းနိုင်တဲ့သူတစ်ယောက်ယောက်က သွားပို့ရမှာလား”

တစ်ယောက်က မေးလိုက်သည်။

လင်းရှန်က ကီကီကို လှမ်းကြည့်လိုက်သည်။ ကီကီက သက်ပြင်းချလိုက်ပြီး

“အင်းလေ... ကျွန်မပဲပေါ့”

“လျန်လေး... မင်း သွားပြီးတော့ ရထားစနစ်တွေကို လှည့်ပြီး စစ်ဆေးပေးဦး”

လင်းရှန်က ဆက်လက် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

“ရှားရှား...” လင်းရှန်က သူမကို ကြည့်လိုက်သည်။

“မင်းရဲ့ ဆယ်လီက ဒီည ထွက်ရလိမ့်မယ်။ မင်းရဲ့ လက်နက်အသစ်ကို စမ်းပေးဖို့ ငါအချိန်မရလိုက်ဘူး။ ဒါကြောင့် ညမရောက်ခင် ကြိုတင်စစ်ဆေးထားပါ”

Chapter 609

ပြေးကြ ၃

ရှားရှားက လေးနက်စွာ ခေါင်းညိမ့်ပြသည်။

“သိပြီ အစ်ကိုလင်း။ အကိုလော့ယန်တို့က ကျွန်မကို ကူညီပေးလိမ့်မယ်”

“မြောင်လု... လူအိုကြီးမိုတို့ အဖွဲ့ကို သွားကြည့်ပေးပါ။ ပြီးတော့ ချန်ဆီရွှမ်... ရေဒီယိုလှိုင်းတွေက ဘာထူးသေးလဲ”

ချန်ဆီရွှမ်က ခေါင်းခါပြလိုက်သည်။

“ဘယ်လှိုင်းနှုန်းမှာမှ အသံမကြားရဘူး၊၊ ဒါက တကယ်ကို ထူးဆန်းတယ်။ ရှင် စောစောက ပြောတဲ့အရာနဲ့ ပတ်သက်နေမှာကိုပဲ စိုးရိမ်တယ်”

လော့ယန် မျက်မှောင်ကြုတ်သွားသည်။

“သီအိုရီအရဆိုရင် ဒီလို ပွင့်လင်းတဲ့နေရာမှာ ဖီးနစ်ကမ္ဘာလုံးဆိုင်ရာ ရေဒီယိုလှိုင်းကို ဖမ်းလို့ရသင့်တယ်။ ဒါပေမဲ့ ယိကျင်းမြို့က ထွက်လာကတည်းက ငါတို့ ဘာမှ မကြားရတော့ဘူး... အာခီစိုင်းနားမှာ သူဌေးဟူရဲ့ အရပ်သားလှိုင်းတစ်ခု ကြားလိုက်ရတာကလွဲရင်ပေါ့”

“ကပ္ပတိန်လင်း”

လော့ယန်၏ စကားကို လင်းရှန် စဉ်းစားနေစဉ်မှာပင် ဟူလုရှို့၏ အသံက ချန်နယ်မှတစ်ဆင့် ထွက်ပေါ်လာသည်။

“တစ်ခုခုမှားနေပြီ။ ရေဒီယိုလှိုင်းနှုန်းတွေ အားလုံးမှာ အသံတစ်မျိုးထဲ ထွက်နေတယ်။ ဝေမြစ်မှာ ငါတို့ ကြုံခဲ့ရတာနဲ့ အတူတူပဲ”

“ဘာတွေဖြစ်ခဲ့တာလဲ။ အသေးစိတ်ပြောပြပါဦး”

ထိုစကားကြောင့် ယာဉ်တန်းခေါင်းဆောင်အားလုံး နားစွင့်လိုက်ကြသည်။

“အင်း...”

ဟူလုရှို့က သူ၏ ကားရှေ့ခန်းတွင် ထိုင်ကာ ခေါင်းကုတ်ရင်း စဉ်းစားနေသည်။

“ဘယ်လှိုင်းနှုန်းမှာမှ ဘာမှ မကြားရဘူး။ ငါက အဆင့်-၂ ထူးဆန်းတဲ့ သွေးပဲစေ့နဲ့ အားဖြည့်ထားတဲ့ အမှောင်ရေဒီယိုကို သုံးနေတာတောင် လေသံတွေပဲ ကြားရတယ်။ တခြားယာဉ်တန်းတွေလည်း သတိထားမိကြတယ်။ ပြန်စဉ်းစားကြည့်ရင် ဒါက နံပါတ် (၅) တွင်းနက်ဇုန်ရဲ့ မတည်ငြိမ်မှုနဲ့ ပတ်သက်နေမလားပဲ”

လင်းရှန်၏ စိတ်ထဲတွင် လေးလံသွားသည်။

“တခြားထူးဆန်းတာတွေရော ရှိသေးလား။ သတိပေးချက်တွေ ဘာတွေရော”

“သတိပေးချက်လား...” ဟူလုရှို့ ခဏစဉ်းစားလိုက်သည်။

“မရှိဘူး။ မှောင်သွားတယ်… ပြီးတော့ ငါတို့ လမ်းပျောက်သွားတယ်”

ထို့နောက် သူ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

“ဪ... ဟုတ်သားပဲ။ ညက ပုံမှန်ထက် ငါးမိနစ်လောက် စောပြီး မှောင်သွားတယ်။ အဲဒါက ထူးဆန်းတာလားတော့ မသိဘူး”

“ငါးမိနစ် စောမှောင်တာလား။ ၁၈:၄၀ မှာလား”

“ဟုတ်တယ်။ ငါ အဲဒီတုန်းကတောင် ‘ဒီနေ့ ဘာလို့ ဒီလောက်‌မှောင်တာ စောနေလဲ’ ဆိုပြီးတော့ ညည်းမိသေးတယ်”

“ဒါကို ဘာလို့ စောစောက မပြောတာလဲ”

ချီလီက ဟောက်လိုက်သည်။

“ဒါဆိုရင် ဒီနေ့လည်း နေက ပိုစောပြီး ဝင်သွားနိုင်တာပေါ့”

“ငါ... ငါလည်း မသိဘူးလေ။ ဒါမျိုး မြင်ဖူးတာ ဒါပထမဆုံးပဲ။ ပြီးတော့ ပိုထူးဆန်းတာက အမှောင်ထုက အမည်းရောင်မဟုတ်ဘူး။ အပြာရင့်ရောင် ဖြစ်နေတာ…. အခုပြန်တွေးရင်တောင် ကြောက်ဖို့ကောင်းတယ်”

ရှီတိယွမ်က လေးနက်စွာ ပြောလိုက်သည်၊၊ “စောစောထွက်လာခဲ့တာ မှန်သွားပြီ။ လင်းပြောတာ မှန်လိမ့်မယ်။ ဒါက တားမြစ်ပစ္စည်းနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်။ စွန့်ပစ်နယ်မြေက ထင်သလောက်မရိုးရှင်းဘူး။ ညမှောင်လာတာနဲ့ ဘယ်သူမှ သတိမလွတ်ကြအောင်နေပါ”

ဝီ... ဝီ... ဝီ...

ထိုအချိန်တွင် ဟူလုရှို့က လင်းရှန်ထံ သီးသန့်မက်ဆေ့ခ်ျ ပို့လိုက်သည်။

“ကပ္ပတိန်လင်း... ဒါက ငါပေးလိုက်တဲ့ ငွေကျည်ဆန်နဲ့ ပတ်သက်နေမလား”

လင်းရှန်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသည်။

“တကယ်လို့ အဲဒါနဲ့ ပတ်သက်နေရင်… ခဗျား အာခီစိုင်းစခန်းကနေ ထုတ်လွှင့်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်သားပဲ” ဟူလုရှို့က ပြန်ဖြေသည်။

သို့သော် လင်းရှန်က ဆက်ပြောလိုက်သည်၊၊

“ဒါပေမဲ့ တားမြစ်ပစ္စည်းတွေဆိုတော့ မပြောတတ်ဘူး။ ကျုပ်တို့ တစ်လှမ်းချင်းစီပဲ သွားကြတာပေါ့။ ခဗျားပြောတဲ့ ကောင်းကင်က အပြာရင့်ရောင်ဖြစ်သွားတာက တစ်ညလုံးပဲလား”

ကမ္ဘာပေါ်တွင် လေထုကြောင့် ညကောင်းကင်ယံမှာ အပြာရင့်ရောင်ဖြစ်တတ်သော်လည်း ဟူလုရှို့ပြောပြသည့်အရာက ထူးဆန်းနေသည်။

“ညနက်ပိုင်းကိုတော့ ငါ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ မတွေ့ခင်အထိတော့ အဲဒီအရောင်ကို မှတ်မိနေတုန်းပဲ။ အဲဒါက ကြည်လင်တဲ့အပြာရောင်မဟုတ်ဘူး။ မျက်လုံးထဲမှာ အရောင်တစ်မျိုး ဖိုတိုရှော့လုပ်ထားသလိုမျိုးပဲ။ ဘယ်လိုပြောပြရမှန်း မသိဘူး... တကယ်ထူးဆန်းတယ်...”

ဟူလုရှို့က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

သို့သော် လင်းရှန်၏ စိတ်ထဲတွင် ချူယန် သတိပေးခဲ့သည်ကို ပြန်ကြားယောင်မိသွားသည်၊၊

“တားမြစ်ပစ္စည်းတွေကို လူသားတွေရဲ့ အမြင်နဲ့ နားလည်ဖို့ မကြိုးစားနဲ့။ မြင်ရင်လည်း မကြည့်နဲ့။ နားလည်ဖို့ ကြိုးစားရင် အဲဒါက ယုတ္တိဗေဒတွေ အားလုံးနဲ့ ဆန့်ကျင်နေလိမ့်မယ်။ အဲဒါကို ဖော်ပြဖို့ မကြိုးစားနဲ့။ ခွဲခြမ်းစိတ်ဖြာဖို့ မကြိုးစားနဲ့”

“ပြီးတော့ အရေးကြီးဆုံးက... ကောင်းကင်ကို လုံးဝ မကြည့်ပါနဲ့”

“ကောင်းကင်ကို မကြည့်နဲ့...”

နံပါတ် (၁၂) တွဲတွင် လင်းရှန်သည် တစ်ယောက်တည်း ထိုင်ကာ သံလိုက်အမြောက်ကို တည်ဆောက်ရင်း ထိုစကားများကို ပြန်စဥ်းစားနေမိသည်။ သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

ကမ္ဘာပျက်ကပ်နေ့ကတည်းက ကောင်းကင်သည် အန္တရာယ်၏ ပြယုဂ်ဖြစ်လာခဲ့သည်။

ကျိအန်းမြို့အပေါ်က လွင့်မျောနေသော အလောင်းကြီး၊ တာ့လိုတောင်ပေါ်က မိုးပျံဂျယ်လီဖစ်ကြီးတွေ၊ ဒါမှမဟုတ် စီလန်မြို့အပေါ်က တိမ်တိုက်တွေကြားက ပင်လယ်ဖြူကောင်... ဟန်ရှန်းတောင်ကြားတွင် မဟာလင်းယုန်ယာဥ်တန်းနှင့် နေမင်းယာဥ်တန်းတို့ဖြင့် ပူးပေါင်း၍ သတ်ဖြတ်ခဲ့သော မီးအိမ်-ခေါင်း မိုးပျံသတ္တဝါ... အားလုံးက ကောင်းကင်သည် လူသားများအတွက် နောက်ဆုံး ခြိမ်းခြောက်မှုအဖြစ် ဖော်ပြနေကြသည်။

ကမ္ဘာပျက်ကပ်နေ့တွင်ဝင်ရောက်လာသော ဝင်ရိုးစွန်းညသည် လူသားများနှင့် ကမ္ဘာပတ်လမ်းကြောင်းကြားက ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်သည်။ ပူးပေါင်းအာကာသစခန်း ပျောက်ကွယ်သွားပြီး ဂြိုဟ်တုအားလုံး အဆက်အသွယ်ပြတ်သွားသည်။ ဖီးနစ်အဖွဲ့နှင့် အဖွဲ့ချုပ်တို့သည် ကြယ်‌သ‌ေင်္ဘာများ တည်ဆောက်ရန် ကြိုးစားနေကြသည်မှာ သေချာသော်လည်း ယခုအချိန်ထိ အောင်မြင်သည့် သတင်းတစ်ခုမျှ မကြားရသေးပေ။

လူအများစုအတွက် ကောင်းကင်သည် မြေပြင်ထက်ပင် ပို၍ မျှော်လင့်ချက်မဲ့နေသည်၊၊

ယခုအချိန်ထိ ဖက်ဒရယ်နှင့် ဖီးနစ်သည် လူသားများအတွက် လက်တွေ့ကျသည့် ရှင်သန်နိုင်မည့်လမ်းစကို ရှာမတွေ့သေးပေ။

ဖက်ဒရယ်က ခံတပ်များထဲသို့ ဆုတ်ခွာပြီး မြေအောက်မြို့တော်တွေ အလျင်စလိုတည်ဆောက်ခြင်းဖြင့် ကာကွယ်ရန် ရွေးချယ်ခဲ့ပြီး… ဖီးနစ်ကတော့ ဝင်ရိုးစွန်းညမတိုင်မီ အဖြေရှာရန် အားလုံးကို ကယ်တင်ပြီး ဆုတ်ခွာခဲ့သည်၊၊

သို့သော် ဤဖြေရှင်းနည်းများသည် မည်သည့်နေရာတွင် အဆုံးသတ်မည်ကို မည်သူမျှ မသိပေ။ လင်းရှန်၏ အမြင်တွင် လူသားများသည် အလွန်နုနယ်လွန်းသည်။ ရက်ပေါင်း ၁၀၀ အတွင်း အဆင့်မြင့်စွမ်းအားရှင်တွေ ဖြစ်လာခဲ့ကြသော်လည်း အမှောင်ထုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်သေးပေ။

လင်းရှန်၏ ယန္တရားနှလုံးသားက အစွမ်းကုန်လည်ပတ်နေသည်။ သူ၏ ဘယ်ဘက်လက်က သံလိုက်အမြောက်ကို ဆက်လက်တည်ဆောက်နေပြီး ညာဘက်လက်က ထုတ်လုပ်ရေးစင်တာမှ ကုန်ကြမ်းများကို ယူကာ ထုတ်လုပ်ရေးတွဲသို့ ပို့ဆောင်ပေးနေသည်။ ကျန်ရှိသော အဖွဲ့ဝင်များသည်လည်း အလုပ်များကာ စိုးရိမ်စိတ်များ ရှိနေကြသည်။

ညနေ ၄ နာရီ ၄၀ မိနစ်တွင် ညအမှောင်မကျမီ နှစ်နာရီပင် မလိုတော့ချိန်တွင် အနန္တရထား၏ တတိယမြောက် G3 လျှပ်စစ်သံလိုက်အမြောက်ကို အပြီးသတ်နိုင်ခဲ့သည်၊၊

လင်းရှန်အတွက် တစ်ရက်တည်းတွင် ကြီးမားသော လက်နက်နှစ်ခုကို တည်ဆောက်ခဲ့ခြင်းမှာ ယခုပထမဆုံးအကြိမ် ဖြစ်သည်။ နံပါတ် (၁၂) တွဲသည် ရထား၏ အလယ်တွင် ရှိသဖြင့် အနီးကပ်နှင့် အဝေးပစ်လက်နက်နှစ်မျိုးလုံး တပ်ဆင်ထားသော တစ်ခုတည်းသောရထားတွဲဖြစ်လာခဲ့သည်။ ၎င်းမှာ လက်နက်တွဲများ၊ အရင်းအမြစ်တွဲများနှင့် အနီးရှိ နေထိုင်တွဲများကို ကာကွယ်ရန်အတွက် ဖြစ်သည်။

ယခုအချိန်တွင် သူ၏ အာကာသထဲပျော်ဝင်ခြင်းထဲရှိ ကုန်ကြမ်းများမှာ ၃၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ လင်းရှန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် လျှပ်စီးသိန်းငှက် ၂၀၀၀ ဒရုန်းအချို့ကို စတင်ထုတ်လုပ်လိုက်သည်။ ၎င်းတို့မှာ အလွန်မြန်ဆန်ပြီး အစွမ်းထက်သဖြင့် အလယ်လတ်စား ထူးဆန်းသည့် သတ္တဝါများကိုပင် ခြေမှုန်းနိုင်သည်။

သို့သော် ဒရုန်းများသည် PX-05 စက်ရုပ်ကဲ့သို့ပင် ရှုပ်ထွေးသဖြင့် ထုတ်လုပ်မှုက မမြန်လှပေ။ ကံကောင်းသည်မှာ ၎င်းတို့မှာ သေးငယ်သဖြင့် သူသည် အတွဲ (၃) သို့သွားကာ တင်းကျန်းရီကို သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

“ဒါရိုက်တာတင်း... ဘာထူးသေးလဲ”

လင်းရှန် ဝင်လာသောအခါ သွေးကပ်ဘေးပန်းမှာ အနီရောင်ဖျော့ဖျော့လင်းနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း မေးလိုက်သည်။

တင်းကျန်းရီက သူမ၏ တက်ဘလက်ကို ငုံ့ကြည်နေရာမှ မျက်နှာခွာလိုက်သည်၊၊

“သတင်းအသစ်ပထမတစ်ခုက ကျွန်မတို့ စီလန်မြို့က ထွက်လာကတည်းက လူတိုင်းရဲ့ ရှင်သန်မှုအခြေအနေတွေ ပိုကောင်းလာတာပဲ။ ဖီးနစ်ရဲ့ နောက်ဆုံးပေါ်စမ်းသပ်ကိရိယာတွေ မရှိသေးပေမယ့် ကျွန်မတို့ဆီမှာ ပိုပြီး အဆင့်မြင့်တဲ့ စွမ်းအားရှင်တွေရှိလာပြီဆိုတာ သေချာတယ်။ ဖြစ်နိုင်တာက ဖျက်ဆီးခြင်းအဆင့်တောင် ဖြစ်နိုင်တယ်”

All Chapters