အခန်း (၅၉၆-၅၉၇)
Vol. 37 Ch. 596-597
Chapter 596
တွင်းနက်မှ လွတ်မြောက်လာသူများ ၃
“ဝိုး... ဒီမှာ ရေကူးကန်တောင် ရှိတာပဲ”
တိုက်ခိုက်ရေးအဖွဲ့နှင့် ပါလာသော ရှားရှားက အံ့သြတကြီး ကြည့်နေစဉ် ကီကီက သူမ၏မျက်လုံးကို ချက်ချင်း လှမ်းပိတ်လိုက်သည်၊၊
“သွားကြစို့…သွားကြစို့… ဒီမှာ ဘာမှကြည့်စရာမရှိဘူး”
“ရှုချင်း… ကီကီ”
ထိုအချိန်တွင် ချန်ဆီရွှမ်၏ အသံက ဆက်သွယ်ရေး စက်မှ ထွက်ပေါ်လာသောကြောင့် သူတို့ နစ်ဦး ချက်ချင်း အပြင်သို့ ပြေးထွက်သွားကြသည်၊၊ အပြင်တွင်မူ ချန်ဆီရွှမ်သည် ဓားစာခံများ ထားရှိသော လှောင်အိမ်ရှေ့တွင် ရပ်နေသည်၊၊ ထောင့်တစ်နေရာတွင်မူ မျက်နှာနေလောင်ပြီး အရေခွံများကွာနေသော လူအိုကြီးတစ်ဦးသည် သံတိုင်များကို မှီရင်း သူတို့အား အံ့သြတကြီး ကြည့်နေသည်၊၊
ရှုချင်းလည်း ထိုလူကို မြင်သည်နှင့် မျက်နှာပျက်သွားပြီး...
“လူအိုကြီးမို”
၎င်းတို့ ရှေ့မှလူမှာမူ အနန္တရထားနှင့်အတူ ယူပေအာကာသလေဆိပ်တွင် အတူတိုက်ခိုက်ခဲ့ဖူးသော သံမဏိစွမ်းအားယာဥ်တန်းမှ မိုချန်းဇီ ခေါ် လူအိုကြီးမို….
…
ညနေ ၄ နာရီ ၅၀ မိနစ်၊၊
အာခီစိုင်းဘူတာတွင် အနန္တရထား၏ တွဲ ၂၇ တွဲလုံးကို ချိတ်ဆက်ပြီးသွားပြီ၊၊ တွဲအဆက်များတွင်လည်း သံချပ်ကာများ အပြည့်ဖုံးအုပ်ထားသည်၊၊ နေမင်းယာဉ်တန်းမှ ရရှိခဲ့သော တွဲများ၏ သံချပ်ကာသည်လည်း အတော်လေး ခိုင်ခံ့သဖြင့် လင်းရှန်သည် အတွင်းပိုင်းတံခါးများနှင့် အလုံပိတ်စနစ်များကိုသာ ဦးစားပေးဆောင်ရွက်ခဲ့သည်၊၊
သူသည် အဖွဲ့ဝင်များနှင့်အတူ လျှပ်စစ်စနစ်၊ ရေသန့်စင်စနစ်နှင့် လေဝင်လေထွက် စနစ်များကို ပြုပြင်ခဲ့ပြီး စွမ်းအင်သုံးတွဲ ၆ တွဲလုံးကို စနစ်ထဲ ထည့်သွင်းလိုက်သည်၊၊ လင်းရှန်သည် တွဲအတွင်းပိုင်း နေရာချထားမှုကို ပို၍အာြရုံစိုက်ထားသည်၊၊
လင်းရှန်သည် ရထားအတွင်းပိုင်း၌ ရှုပ်ပွနေသည်ကို မနှစ်သက်ပေ၊၊ ထို့ကြောင့် သူ၏ ထုတ်လုပ်မှု စွမ်းအားကို အသုံးပြု၍ နေထိုင်ရအဆင်ပြေရန်၊ လှုပ်ရှားရမြန်ဆန်ရန် ပြန်လည်ပြင်ဆင်လိုက်သည်၊၊ အများစုမှာမူ မိုနီကာ၏ ရထားမှ ဒီဇိုင်းများကို နမူနာယူထားခြင်းဖြစ်သည်၊၊ ကီကီတို့ ပြန်လာလျှင်မူ ရေဒါများ၊ အာရုံခံစနစ်များနှင့် တခြားလက်နက်ကြီးများကို တပ်ဆင်ခိုင်းရန် စီစဉ်ထားသည်၊၊ ကျန်ရှိသည်များကိုမူ လမ်းရောက်မှ လုပ်ရန်သာ….
အာခီစိုင်းမြို့ထဲတွင်မူ ပေါင်းစည်းရထားနောက်သို့ လိုက်ပါမည့် တခြားအဖွဲ့များလည်း အလုပ်ရှုပ်နေကြသည်၊၊ ထိုအချိန်တွင် ကင်းစောင့်နေသော အဖွဲ့ဝင်တစ်ယောက်က သတင်းပို့လာသည်၊၊
“ကပ္ပတိန်လင်း…. သူတို့ ပြန်လာကြပြီ”
လူများ အမြင့်သို့ တက်ကြည့်ကြသည့်အခါ လွင်ပြင်မှ ဖုန်တောများကြားမှ ပြန်လာသော အဖွဲ့များကို မြင်တွေ့ရသည်၊၊ ချန်ဆီရွှမ်တို့ အဖွဲ့သည် နောက်ဆုံးမှ ပေါ်လာခြင်းဖြစ်သည်၊၊ ၎င်းတို့ နီးကပ်လာသည့်အခါ ချန်ဆီရွှမ်၏ အသံကို ကြားလိုက်ရသည်၊၊
“လင်းရှန်… အားလုံး အဆင်ပြေတယ်၊၊ ကင်းမြီးကောက်ဂိုဏ်းရဲ့ စခန်းနှစ်ခုကို ရှာတွေ့ခဲ့တယ်၊၊ ပစ္စည်းတွေ အများကြီး ရခဲ့တယ်”
“ထိခိုက်ဒဏ်ရာရတာ ရှိလား”
“မရှိဘူး”
“ကောင်းပြီ” လင်းရှန် သက်ပြင်းချလိုက်နိုင်သည်၊၊
“ဒါပေမဲ့ ကန္တာရဓားပြတွေဆီက ဓားစာခံတချို့ကို ကယ်လာခဲ့တယ်၊၊ လူအိုကြီးမိုရဲ့ မိသားစုလည်း အထဲမှာ ပါတယ်”
“လူအိုကြီးမိုလား”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊ ထိုခပ်မိုက်မိုက်စတိုင်ဖြင့် ကောင်းဘွိုင်အဘိုးကြီးကို သူမှတ်မိနေသေးသည်၊၊ ယူပေဆိပ်ကမ်းတွင် လူချင်းကွဲသွားပြီးကတည်းက သတင်းမရတော့ခြင်းဖြစ်သည်၊၊ ဤနေရာတွင် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ၊၊
ဘူတာပလက်ဖောင်းတွင် လူများစုဝေးကာ ရရှိခဲ့သော ပစ္စည်းများကို စာရင်းပြုစုနေကြသည်၊၊ တစ်ဖက်တွင်မူ လင်းရှန်နှင့် ရှုချင်းတို့သည် လူအိုကြီးမိုတို့ကို သွားရောက်ကြည့်ရှုကြသည်၊၊
“ဒါ တကယ်ပဲ မင်းတို့လား”
လူအိုကြီးမို၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသော်လည်း ရထားကြီးကို မြင်သောအခါ မျက်လုံးများ ပြန်လည် တောက်ပလာသည်၊၊
“ကပ္ပတိန်လင်း၊ ဘုရားသခင်က ကောင်းချီးပေးတာပဲ၊ ဒီမှာ ပြန်ဆုံရလိမ့်မယ်လို့ မထင်ထားဘူး”
လင်းရှန်က သူတို့အတွက် အစားအသောက်နှင့် ရေပေးခိုင်းလိုက်သည်၊၊ လူအိုကြီးမို၏ မိသားစုလေးဦးတွင် သူ၏ချွေးမနှင့် မြေးနှစ်ဦး ပါဝင်သည်၊၊ မြေးကြီး မိုရှောင်ထန်းက ၁၀ နှစ်၊ မြေးမလေး ရှောင်လီက ၆ နှစ်သာ ရှိသေးသည်၊၊ ၎င်းတို့အားလုံးသည် ဒဏ်ရာများနှင့် စုတ်ပြတ်နေကြသဖြင့် အတော်လေး ဒုက္ခရောက်ခဲ့ပုံရသည်၊၊
“ကျေးဇူးတင်ပါတယ် ကပ္ပတိန်လင်း”
လူအိုကြီးမို၏ ချွေးမ စွန်းယုကျန်းက လင်းရှန်ပေးသော ရေကို ကျေးဇူးတင်စွာ လက်ခံပြီး ကလေးများကို အရင်တိုက်လိုက်သည်၊၊ သူတို့သည် အစားအစာများကို အငမ်းမရစားနေကြသည်၊၊
“လူအိုကြီးမို… ဘာတွေဖြစ်ခဲ့တာလဲ…. တခြား အဖွဲ့ဝင်တွေရော”
လင်းရှန်က မေးမြန်းလိုက်သည်၊၊
ရေသောက်ပြီး အားအင်အနည်းငယ် ပြန်လည်ရှိလာသောအခါ လူအိုကြီးမိုက နောင်တများဖြင့် ပြောပြသည်၊၊
“လွန်ခဲ့တဲ့ ရက်ပိုင်းက ငါတို့ တောင်ပေါ်လမ်းကို ယူပြီး ဝေမြစ်အတိုင်း လုံကျန်းကို သွားဖို့ လုပ်ကြခဲ့တယ်၊၊ ကျင်းဟိုင်ကို ပတ်ပြီး အာရုဏ်ဦးမြို့တော်ကို သွားမလို့ပဲ၊၊ ဒါပေမဲ့ ညဘက်မှာ သန္ဓေပြောင်း သတ္တဝါတွေနဲ့ တိုးပြီး တွင်းနက် အမှတ် ၅ ဘက်ကို ပြေးမိသွားခဲ့တယ်၊၊ မထင်မှတ်ဘဲ တွင်းနက်အမှတ် ၅ ရဲ့ အမှောင်ထုချဲ့ထွင်မှုက တစ်ညတည်းနဲ့ ကီလိုမီတာရာနဲ့ချီ တိုးလာပြီး ငါတို့ အမှောင်ထုထဲ ရောက်သွားတော့တာပဲ”
“ဝေမြစ်လား” ရှုချင်း မျက်မှောင်ကြုတ်လိုက်သည်၊၊
“အရှေ့ဘက်ကနေ အနောက်ဘက် လွင်ပြင်ထဲကို ဘယ်လို ရောက်လာတာလဲ”
“ဟုတ်တယ်” ကီကီလည်း စဉ်းစားမရဖြစ်နေသည်၊
“အကွာအဝေးအရဆိုရင် သုံးရက်လောက် မောင်းရင်တောင် ဒီကို မရောက်နိုင်ဘူး…. အမှောင်ထဲမှာဆိုရင် ပိုတောင် မဖြစ်နိုင်ဘူး”
“ကျွန်မတို့လည်း မသိဘူး...”
အသက် ၃၀ ကျော်အရွယ် စွန်းယုကျန်းက ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့် ပြောသည်၊၊
“အစက ကျွန်မတို့ တိတ်ဆိတ်မြို့တော်နောက်ကို လိုက်နေတာ… ဒါပေမဲ့ လမ်းမှာ ထူးဆန်းတဲ့ မြူတွေနဲ့ တိုးပြီး အဖွဲ့တွေ ကွဲကုန်တယ်၊၊ မြူတွေထဲကနေ လွတ်လာတော့ ရုတ်တရက် သဲကန္တာရထဲ ရောက်နေတာပဲ”
“အဲဒီလိုနဲ့ ကန္တာရဓားပြတွေနဲ့ တိုးတယ်ပေါ့”
လင်းရှန်က ပြောလိုက်သည်၊၊
သူတို့ စကားကို ကြားသောအခါ လင်းရှန်သည် ဟူလုရှို့ ပြောခဲ့သည်ကို သတိရသွားသည်၊၊ ဟူလုရှို့၏ အဖွဲ့လည်း ဤသို့ပင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သောကြောင့် ဤသည်မှာ တိုက်ဆိုင်မှု မဟုတ်တော့ပေ၊၊
လုံကျန်းမှ အာခီစိုင်းအထိ အကွာအဝေးသည် စွန့်ပစ်နယ်မြေတစ်ခုလုံးထက်ပင် ပို၍ဝေးသေးသည်၊၊ ကားကို မနားတမ်း မောင်းနှင်ပါကပင် နှစ်ရက်၊ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်သည်၊၊ အမှောင်ထုထဲတွင် လမ်းမတွေ့ရဘဲ ဘယ်လိုလုပ် ဤမျှ မြန်မြန ရောက်ရှိလာမည်နည်း၊၊
လူအိုကြီးမိုက စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းညိမ့်ပြသည်၊၊
“ဒါ ငါ့အပြစ်ပါ… တိတ်ဆိတ်မြို့တော်နောက်ကို မလိုက်ခဲ့သင့်ဘူး...”
သူ၏ချွေးမနှင့် မြေးများကို ကြည့်ပြီး တခြားကားပေါ်မှ မိတ်ဆွေများ ပျောက်ဆုံးသွားသည်ကို တွေးမိသောအခါ သူ့၏လေသံတွင် နောင်တများ ပြည့်နှက်နေသည်၊၊
လင်းရှန်က စွန်းယုကျန်းကို ကြည့်လိုက်သည်၊၊ သူမ၏အဝတ်အစားများက စုတ်ပြတ်နေပြီး ကန္တာရဓားပြများ၏ နှိပ်စက်မှုကို ခံထားရမှန်း သိသာသည်၊၊ သို့သော် သူမသည် အသက်ရှင်သည်ကိုပင် ဝမ်းသာနေပုံရပြီး သူမ၏ကလေးများကိုသာ အာရုံစိုက်နေသည်၊၊
မြောင်လုက စွန်းယုကျန်းကို ဝတ်ဆင်ရန် အဝတ်အစားများ ယူပေးလိုက်သည်၊၊
“ကျေးဇူးတင်ပါတယ်”
စွန်းယုကျန်းက အဝတ်ကို ခြုံရင်း တည်ငြိမ်စွာ ပြောသည်၊၊
“တကယ်တော့ ဒါတွေက ဘာမှ မဟုတ်ပါဘူး… အခုလို အချိန်မှာ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်၊၊ ကလေးတွေ မမြင်ဖို့ပဲ လိုတာပါ”
ကလေးမလေးသည် ကြောက်လန့်တကြားနှင့် မုန့်ကို စားနေပြီး အကြီးကောင်ကမူ လူများကို သံသယဖြင့် ကြည့်ရင်း သူ့အမေကို ကာကွယ်ပေးရန် ကြိုးစားနေသည်၊၊
ဤမြင်ကွင်းကို ကြည့်ပြီး အနန္တရထားအဖွဲ့ဝင်များ၏ အမြင်များလည်း ပြောင်းလဲသွားကြသည်၊၊ ကမ္ဘာပျက်ကပ်တွင် အမျိုးသမီးများသည် အားနည်းသောအုပ်စုဖြစ်သည်၊၊ မိုနီကာကဲ့သို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်သူမှာ ရှားပါးလှသည်၊၊
လူအိုကြီးမို၏ မိသားစုသည် အတော်လေးဒုက္ခခံခဲ့ရခြင်းဖြစ်သည်၊၊ သူ၏သားသည်လည်း လမ်းတွင်ပင် သေဆုံးခဲ့သည်၊၊ လူအိုကြီးမို၏ မျက်နှာတွင်လည်း အရင်က ကောင်းဘွိုင်စတိုင်များ မရှိတော့ဘဲ အလွန်အိုမင်းသွားသလို ခံစားရသည်၊၊ သူ့မိသားစုကို မကာကွယ်နိုင်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေပုံရသည်၊၊
“ဘာမှမဖြစ်ဘူး… ရှောင်ထန်း… သူတို့က လူကောင်းတွေပါ၊ ကပ္ပတိန်လင်းက ငါတို့ကို ကယ်ခဲ့တာ၊၊ ဓားပြတွေကိုလည်း သူတို့ပဲ သတ်ပေးခဲ့တာ”
စွန်းယုကျန်း၏ စကားကို ကြားသောအခါ မာရှောင်ထန်း၏ မျက်လုံးများ ပြောင်းလဲသွားပြီး လင်းရှန်ရှေ့တွင် ဒူးထောက်လိုက်သည်၊၊
“ကျွန်တော့်ကို သေနတ်တစ်လက် ပေးပါ… ကျွန်တော်လည်း ဓားပြတွေနဲ့ ဖုတ်ကောင်တွေကို သတ်နိုင်ပါတယ်”
အားလုံးသည် ဤမြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြသည်၊၊
လင်းရှန်က ရှောင်ထန်းကို ထူပေးလိုက်ပြီး
“နောက်ကျရင် အခွင့်အရေး ရှိလာမှာပါ… ဒါပေမဲ့ အခု အချိန်မရောက်သေးဘူး”
ထို့နောက် လင်းရှန်က လူအိုကြီးမိုကို ပြောလိုက်သည်၊၊ “လူအိုကြီးမို… လောလောဆယ်တော့ ကျုပ်တို့ ရထားပေါ်မှာပဲ နားလိုက်ပါ၊၊ အခြေအနေတွေကို နောက်မှ အသေးစိတ်ထပ်မေးပါ့မယ်”
လူအိုကြီးမိုက သက်ပြင်းချလိုက်ပြီး
“အင်း... ငါရဲ့ အိုနေတဲ့ အရိုးတွေနဲ့ မင်းကို ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး”
စွန်းယုကျန်းလည်း ဝမ်းသာသွားပြီး သူမ၏ကလေးများကို ဆွဲကာ ပြောသည်၊၊
“ကျေးဇူးတင်ပါတယ်၊ ကျွန်မ... ကျွန်မတို့ကြောင့် ရှင်တို့ ဝန်မပိစေရပါဘူး… ကျွန်မက စွမ်းအားရှင်တစ်ယောက်ပါ… သိပ်မတော်ပေမဲ့ ပျံနိုင်ပြီး သေနတ်လည်း ပစ်တတ်ပါတယ်၊၊ ရှောင်ထန်းနဲ့ ရှောင်လီကလည်း ကူညီနိုင်ပါတယ်၊၊ သူတို့က အညစ်ပတ်ဆုံးနဲ့ အပင်ပန်းဆုံး အလုပ်တွေကို လုပ်နိုင်ပါတယ်”
“မင်းက ပျံသန်းနိုင်တဲ့ စွမ်းအားရှင်လား”
လင်းရှန် အံ့သြသွားသည်၊၊
ဝှစ်၊၊
စွန်းယုကျန်းက ဘာမှ ထပ်မပြောဘဲ သူမအနောက်မှ အဖြူရောင်တောင်ပံတစ်စုံကို ဖြန့်ပြလိုက်သည်၊၊ ထိုတောင်ပံများတွင် ဓားဒဏ်ရာများနှင့် သေနတ်ဒဏ်ရာများစွာ ရှိနေပြီး သွေးများလည်း ထွက်နေသည်၊၊
“ဒဏ်ရာတွေက အတော်ပြင်းတာပဲ… မြောင်လု၊ သူတို့ကို ဆေးကုပေးဖို့ ခေါ်သွားလိုက်”
လင်းရှန်က အမိန့်ပေးလိုက်သည်၊၊
ထိုအချိန်တွင် လင်းရှန် စိတ်ထဲ၌ စိုးရိမ်မှုတစ်ခု ဖြစ်ပေါ်လာသည်၊၊ ဟူလုရှို့နှင့် လူအိုကြီးမိုတို့ ပြောပြသော တွင်းနက်အမှတ် ၅ အကြောင်းသည် တိုက်ဆိုင်မှုမဟုတ်သည်မှာ သေချာလာသည်၊၊ ဤစွန့်ပစ်နယ်မြေထဲတွင် တစ်ခုခုတော့ ရှိနေပြီ ဖြစ်သည်၊၊
သို့သော် လင်းရှန်သည် လက်ရှိတွင် ထိုအရာများကို ခဏဘေးဖယ်ထားလိုက်သည်၊၊ အချိန်မဖြုန်းဘဲ လူများကို ရထားပေါ် တက်ခိုင်းလိုက်သည်၊၊ နောက်မှ ဟူလုရှို့ကို အသေးစိတ် ထပ်မံမေးမြန်းပြီး တခြားယာဉ်တန်းများနှင့် တိုင်ပင်ရမည်၊၊
Chapter 597
လိုင်းအပြည့် ထုတ်ပြန်ချက်၁
ညမှောင်လာသည်နှင့် လူတိုင်း၏ လှုပ်ရှားမှုများ၊ အသက်ရှူသံများအပါအဝင် အားလုံးတိတ်ဆိတ်သွားကြသည်၊၊
အနန္တရထားတစ်ခုလုံး မှောင်အတိကျသွား၏၊၊ အပြင်ဘက်ရှိ ယာဉ်တန်းများသည်လည်း အင်ဂျင်များကို ပိတ်၍ တင်းကျပ်စွာ ပိတ်ဆို့ထားကြသည်၊၊ အသက်ရှင်ကျန်ရစ်သူများသည် သံမဏိတွဲများအတွင်းရှိ ကျဉ်းမြောင်းသော လုံခြုံသောအခန်းများထဲတွင် စုဝေးကာ အပြင်ဘက်တွင် တိုက်ခတ်နေသော လေနှင့်သဲပွတ်တိုက်သံများကို ငြိမ်သက်စွာ နားစွင့်နေကြသည်၊၊
ဝူး... ဝူး...
ဂိုဘီကန္တာရပေါ်မှ လေတိုက်သံသည် ရပ်တန့်သွားခြင်းမရှိပေ၊၊ သဲနှင့် ကျောက်ခဲများသည် ယာဉ်များ၏ သံချပ်ကာပြားများကို တရှဲရှဲမြည်အောင် ပွတ်တိုက်သွားပြီး ဓာတ်ဆီပုံးများနှင့် သံပုံးများသည် အာခီစိုင်း၏ လမ်းမများ သို့မဟုတ် စွန့်ပစ်နယ်မြေမှ လေတိုက်ရာသို့ ဆူညံစွာ လိမ့်ပါသွားကြသည်၊၊ အဝေးတွင်မူ ကုန်းမြင့်များ၏ အရိပ်အယောင်ကိုသာ ခပ်ရေးရေးမြင်နေရ၏၊၊ ကွင်းပြင်ကျယ်ကြီးထဲတွင် ရောက်နေသော်လည်း ထိုအမှောင်ထုထဲမှ မည်သည့်အရာမျာ ထွက်ပေါ်လာမည်ကို မည်သူမျှ မသေချာကြပေ၊၊ ထိုအခိုက်အတန့်တွင် အချိန်ပင် ရပ်တန့်သွားသယောင် ထင်ရသည်၊၊
ချန်ဆီရွှမ်သည် လင်းရှန်၏ ဘေးတွင် ထိုင်ချလိုက်ပြီး သူ့ကို အသာအယာမှီထားသည်၊၊ လင်းရှန်သည် ယန္တရားနှလုံးသားကို အသုံးပြု၍ ရထားပြင်ပကမ္ဘာကို အကဲခတ်နေသလို ကျည်ခွံဖိစက်ကို တပ်ဆင်သည့် အလုပ်ကိုလည်း လုပ်ဆောင်နေဆဲဖြစ်သည်၊၊
သူတို့သည် ယနေ့တွင် ရထားကို ပြန်လည်ပြင်ဆင်ပြီးစီးခဲ့သည်၊၊ ဖြတ်သန်းသွားသော ကန္တာရပုရွက်ဆိတ်များသည် လင်းရှန်အတွက် အဓိကစိုးရိမ်စရာမဟုတ်တော့ပေ၊၊ သူအမှန်တကယ် စိုးရိမ်သည်မှာ ကောင်းကင်မှ ဇောက်ထိုးကျနေသော ပိုးကောင်ခြေထောက်များပင်ဖြစ်သည်၊၊ ၎င်း၏ တည်ရှိမှုသည် သံမဏိသံချပ်ကာများပင် မခံနိုင်လောက်သည့် ငရဲမှ လာသော ကြောက်မက်ဖွယ် အရှိန်အဝါမျိုးရှိနေသည်၊၊
ထိုအရာသည် မည်သို့သော မွန်းစတားမျိုးဖြစ်သည်ကို သူ မသိသော်လည်း ၎င်းမှ ထွက်ပေါ်နေသော ဖိအားသည် စီလန်မြို့ရှိ S-Class ပင်လယ်ဖြူကောင်ထက် မလျော့သော ကြောက်မက်ဖွယ်ရာအငွေ့အသက်မျိုးဖြစ်သည်၊၊
အသက်ရှင်ကျန်ရစ်သူများသည် ညဘက်တွင် တိတ်ဆိတ်စွာနေထိုင်ခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်၊၊ အဘယ်ကြောင့်ဆိုသော် ည၏ ပထမပိုင်းတွင် တစ်စုံတစ်ရာမဖြစ်ပွားခဲ့ပါက ဒုတိယပိုင်းသည်လည်း အေးဆေးစွာ ကုန်ဆုံးလေ့ရှိသောကြောင့် ဖြစ်သည်၊၊ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူများသည် အာရုဏ်မတက်မီ တစ်နာရီ သို့မဟုတ် နှစ်နာရီအလိုတွင် ထွက်ခွာရန် ဆန္ဒရှိကြသည်၊၊ ၎င်းသည် ခရီးသွားရန် ဘေးကင်းသော အချိန်ကို ပေးစွမ်းနိုင်သလို တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါကလည်း နေ့အလင်းရောင် ရရှိရန် မဝေးတော့သောကြောင့် ဖြစ်သည်၊၊
လင်းရှန်သည် ယနေ့ညသည်လည်း မနေ့ညကကဲ့သို့ ကန္တာရပုရွက်ဆိတ်များဖြတ်သန်းသွားမည်ဟု ထင်မှတ်ထားခဲ့သည်၊၊ သို့သော် မိနစ်နှစ်ဆယ်၊ သုံးဆယ်ခန့် စောင့်ဆိုင်းပြီးနောက်တွင် အပြင်ဘက်သည် ထူးဆန်းစွာ တိတ်ဆိတ်နေသည်၊၊ သူသည် အမှောင်ထဲတွင် ချန်ဆီရွှမ်ကို ကြည့်လိုက်သည်၊၊ သူတို့နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြသည်၊၊
“ဒီညက... တကယ်ကို တိတ်ဆိတ်နေတာပဲ’’
“နည်းနည်း ထပ်စောင့်ကြည့်ရအောင်’’
လင်းရှန်က တိုးတိုးလေး ပြောလိုက်သည်၊၊
“တစ်နာရီအတွင်း ဘာမှမဖြစ်ရင် ငါတို့ လုံခြုံသွားပြီလို့ ပြောလို့ရတယ်’’
အမှောင်အမှတ်အသားမှ ရရှိသော ငြိမ်သက်ခြင်းအနေထားသည် အသက်ရှင်ကျန်ရစ်သူများအတွက် အလွန်ကျိုးရှိနေသည်၊၊ သူတို့ စီလန်မြို့မှ ထွက်ခွာလာပြီးကတည်းက ရံဖန်ရံခါ တွေ့ရသော ဖုတ်ကောင်များမှလွဲ၍ မည်သည့် ထိတ်လန့်ဖွယ်ထူးဆန်းသတ္တဝါများ၏ တိုက်ခိုက်ခြင်းကိုမျှ မခံရသေးပေ၊၊ သူတို့အတွက် အန္တရာယ်အရှိဆုံး အခိုက်အတန့်မှာ ယိကျင်းမြို့အနီးတွင် ဖြစ်ပြီး ထိုစဉ်က ဖုတ်ကောင်သိုးထိန်းနှင့် အမှတ်မထင် တွေ့ခဲ့ရသည်၊၊
“ယာဉ်တန်းတွေအားလုံး အခြေအနေ သတင်းပို့ပါ’’
လင်းရှန်က စုပေါင်းယာဉ်တန်း ချန်နယ်ခလုတ်ကို နှိပ်၍ ပြောလိုက်သည်၊၊
“ပုံမှန်ပဲ’’ ရှီတိယွမ်က ပြန်ဖြေသည်၊၊
“အားလုံး အဆင်ပြေပါတယ်’’ ချီလီက ချက်ချင်း ဝင်ပြောသည်၊၊
“သတင်းပို့စရာ မရှိပါဘူး’’ မိုနီကာ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်၊၊
“ကပ္ပတိန်လင်း ဒီဘက်မှာ အားလုံး အိုကေတယ်’’
ထိုအသံမှာ ထူးထူးခြားခြား တက်ကြွနေသော ဟူလုရှို့၏ အသံဖြစ်သည်၊၊
မကြာမီတွင် အာရုဏ်ဦးယာဥ်တန်း၊ အာခီစိုင်းညီနောင်များယာဥ်တန်းနှင့် သူတို့ အစ်ကိုဂျေထံမှ ကယ်တင်ခဲ့သော လေပြင်းယာဥ်တန်းအပါအဝင် ယာဉ်တန်းအားလုံး သတင်းပို့ကြသည်၊၊ ဘာပြဿနာမျှ မရှိပေ၊၊
ညမှောင်လာသည်မှာ တစ်နာရီကျော်သွားပြီ ဖြစ်သည်၊၊ လင်းရှန်သည် နောက်ဆုံးတွင် အနည်းငယ် စိတ်အေးသွားပြီး ပြောလိုက်သည်၊၊
“မီးတွေ ဖွင့်လိုက်တော့’’
ယနေ့ညသည် နောက်ထပ် ဘေးကင်းသော ညတစ်ည ဖြစ်ပုံရသည်၊၊
ကလစ်... ကလစ်... ချက်ချင်းဆိုသလိုပင် ယာဉ်တန်းခေါင်းဆောင်အားလုံးသည် သက်ပြင်းချလိုက်ကြပြီး မီးဖွင့်ရန် အမိန့်ပေးလိုက်ကြသည်၊၊ ရာနှင့်ချီသောတွဲများ တစ်ခုပြီးတစ်ခုမီးလင်းလာသည်၊၊ ထိုအလင်းရောင်သည် ကန့်လန့်ကာများကို ဖြတ်၍ အပြင်ပရှိ ဂိုဘီကန္တာရထဲသို့ အလင်းဟပ်နေကာ မှောင်မည်းနေသော ရထားကြီးကို အသက်ဝင်လာစေသည်၊၊
လူများသည် ပြန်လည် လှုပ်ရှားလာကြသည်၊၊ အချို့က ချက်ပြုတ်ရန် မီးမွှေးကြပြီး ရိက္ခာများကို ရေတွက်ကာ ယနေ့ရရှိသော အောင်မြင်မှုကို အောင်ပွဲခံနေကြသည်၊၊ အချို့ကမူ လက်နက်များကို ပြင်ဆင်ကြပြီး မနက်ဖြန်၏ မသေချာမှုများအတွက် တိုက်ခိုက်ရေးပညာများကို ဆွေးနွေးနေကြသည်၊၊
အနန္တရထားပေါ်တွင်မူ ပို၍ အလုပ်များနေသည်၊၊ လက်နက်နှင့် ကျည်ဆန်များကို ခွဲဝေပေးနေသည်၊၊ လော့ယန်နှင့် လျန်လေးတို့သည် ယနေ့အစောပိုင်းတွင် ယုတန် ပြုလုပ်ထားသော arc+ လျှပ်စစ်သေနတ်များနှင့် ကင်းစောင့်စောင့်ကြည့်ရေးစနစ်များကို တပ်ဆင်ရန် အဖွဲ့ကို ဦးဆောင်နေကြသည်၊၊ ဤကိရိယာများသည် ရထားတစ်ခုလုံးအတွက် မဟုတ်ဘဲ အဓိကနေရာများအတွက်သာဖြစ်သည်၊၊
ရှုချင်းနှင့် လုချန်တို့သည် တွဲအသီးသီးရှိ မျိုးဗီပြောင်းလဲသူများနှင့်အတူ စွမ်းအားဝတ်စုံ နည်းဗျူဟာများကို ဆွေးနွေးနေကြသည်၊၊ သူတို့တွင် စွမ်းအားဝတ်စုံ တပ်ရင်းတစ်ခုရှိသော်လည်း လူအများစုမှာ နည်းပညာနှင့် စိမ်းနေကြဆဲဖြစ်သည်၊၊ ထို့ကြောင့် ရှုချင်းနှင့် လုချန်တို့ပင်လျှင် ရထားပေါ်တွင် နာမည်ကြီးအမြွှာကျွမ်းကျင်သူများဖြစ်သော အာမင်နှင့် လိုလိုတို့ကို တိုင်ပင်နေရသည်၊၊
လော့ယန်နှင့် လျန်လေးတို့သည် စက်မှုပိုင်းဆိုင်ရာအလုပ်များတွင် ကူညီနိုင်တော့သောကြောင့် ကီကီသည် နောက်ဆုံးတွင် သူမအတွက် အချိန်ပိုရလာသည်၊၊ သူမ၏ အဓိကတာဝန်မှာ ဂရေ့စ်ကို စနစ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် ကူညီပေးရန်ဖြစ်သည်၊၊ တွဲအမှတ် (၁၃) သို့ လမ်းလျှောက်သွားစဉ် လင်းရှန်သည် ကျည်ခွံဖိစက်နှင့် အလုပ်ရှုပ်နေသည်ကို သူမ တွေ့လိုက်ရသည်၊၊
“လူအင်အား အလုံအလောက်ရှိတာ တကယ်ကောင်းတာပဲ… ကျွန်မတို့ ရထားကြီးက တကယ့် ခံတပ်ကြီးဖြစ်လာတော့မှာပဲ’’
ကီကီက ပြောလိုက်သည်၊၊
“ဒီလောက် မရိုးရှင်းဘူး’’ လင်းရှန်က ပြုံး၍ ပြန်ပြောသည်၊၊
လင်းရှန်၏ ဆိုလိုရင်းကို နားလည်သော ချန်ဆီရွှမ်က ကီကီကို ကြည့်ကာ
“ငါတို့ ကျိအန်းမြို့ကနေ စထွက်လာတုန်းက ထန်ဟိုင်ဆီက ရိက္ခာတွေ အများကြီးရခဲ့တာ မှတ်မိလား… အဲဒီတုန်းက ရှစ်ယောက်ပဲ ရှိတယ်… အဲ့တုန်းက လို့ဟွာနဲ့ ရှားရှားပါရင် ငါးယောက်ရှိတယ်… အဲဒီရိက္ခာက ခြောက်လစာ လောက်တယ်… အခုတော့ သံမဏ်မဟာမိတ်တစ်ထောင်ကျော်ကို ရှင်းပစ်နိုင်ခဲ့ပေမဲ့ သောက်ရေကတော့ တစ်ရက်ခွဲစာပဲ ကျန်တော့တယ်’’
ကီကီ၏ အပြုံးသည် ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွားသည်၊၊
“အဲဒီလို တွက်ကြည့်ရင်တော့... သိပ်အခြေနေမကောင်းဘူး”
လင်းရှန်က ဝင်ပြောလိုက်သည်၊၊
“အစားအစာက တကယ့်ပြဿနာမဟုတ်ဘူး…. ရေက အဓိကပြဿနာပဲ… ကန္တာရက ပူပြင်းခြောက်သွေ့နေတဲ့အချိန်မှာ… ရှိတဲ့ရေကပါ သောက်လို့မရတော့ဘူးဆိုရင် ငါတို့ အခက်တွေ့ရလိမ့်မယ်…. ဖီးနစ်က ရေထဲက အမှောင်ကျူးကျော်မှုကို စစ်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ပဲ မျှော်လင့်ရတော့မယ်… မဟုတ်ရင်တော့ ဒီနှစ်ကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး’’
“သိပ်ပြီး စိတ်မပူပါနဲ့’’
ကီကီက အားပေးလိုက်သည်၊၊
“ကျွန်မ တစ်ခုခုတော့ ရှာကြံနိုင်မှာပါ…. ရှင်တို့ နှစ်ယောက်က ဘာဖြစ်လို့ ကျွန်မတို့ကို ယုံကြည်မှု မရှိတာလဲ… လူသားတွေလည်း ဆင့်ကဲပြောင်းလဲနေတယ်ဆိုတာ မမေ့နဲ့ဦး… အမှောင်ကျူးကျော်မှုရဲ့ စွမ်းအားတွေကို ကျွန်မတို့ အသားကျသွားရင် ဒါက ကျွန်မတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်ဥ်ကို ပိုမြန်စေနိုင်တယ်’’
လင်းရှန် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ရယ်မောလိုက်သည်၊၊
“အဲဒီလိုလည်း တွေးလို့ရတာပဲ’’
“ဟီး… ဒါပေါ့’’
ထိုစဉ် နန်ကျင်း၏ အသံသည် ဆက်သွယ်ရေး ချန်နယ်မှ ထွက်ပေါ်လာသည်၊၊
“ကပ္ပတိန်လင်း… ကျွန်မတို့ ကယ်လာတဲ့လူတွေကို စစ်ဆေးပြီးသွားပြီ…. သူတို့တွေက မကြာခင်သေးခင်က စွန့်ပစ်နယ်မြေမှာ ကန္တာရဓားပြတွေရဲ့ ဖမ်းတာ ခံခဲ့ရတဲ့ ယာဉ်တန်းအသေးစားလေးတွေက လူတွေပဲ… အကြာဆုံး အဖမ်းခံထားရတဲ့သူက ခြောက်ရက်ပဲ ရှိသေးတယ်… အဲဒါကို ကြည့်ရင် ဓားပြတွေက သုံ့ပန်းတွေကို အပတ်တိုင်း စုဆောင်းပြီး ရောင်းစားနေကြတာဖြစ်မယ်…. ယောက်ျား၊ မိန်းမ၊ ကလေး မရွေးဘူး’’
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး
“သူတို့ကို ဝိညာဉ်လှိုင်းတန်ဖိုးအရ ဈေးဖြတ်ပြီး စွမ်းအားရှင်သုတေသနအတွက် ရောင်းစားတာ ဖြစ်နိုင်တယ်… ဒါမှမဟုတ် တခြားအကြောင်းရင်းတစ်ခုခုရှိနိုင်တယ်...’’
လင်းရှန်သည် လူအိုကြီးမိုနှင့် ပတ်သက်၍ သူ၏ သံသယများကို အခြားယာဉ်တန်းခေါင်းဆောင်များကို ဝေမျှလိုက်သည်၊၊ လူအိုကြီးမိုတို့အဖွဲ့သည် ဝေမြစ်ဘက်မှ ဝင်လာပြီး အနောက်ဘက် ဂိုဘီကန္တာရသို့ ရောက်ရှိလာကြောင်း သိရသောအခါ အားလုံးတုန်လှုပ်သွားကြသည်၊၊ အဘယ်ကြောင့်ဆိုသော် ထိုခရီးအကွာအဝေးကို တစ်ညတည်းဖြင့် မည်သည့်ယာဉ်နှင့်မျှ မရောက်နိုင်သောကြောင့် ဖြစ်သည်၊၊
“ဒါက တကယ် ထူးဆန်းတယ်… သူတို့တွေက တွင်းနက်ထဲကို တစ်စုံတစ်ယောက်ရဲ့ ဆွဲခေါ်ခြင်း ခံရတာလား… ဒါမှမဟုတ် အချိန်နဲ့ အာကာသတွေ ဖောက်ပြန်နေတာလား’’
ရှီတိယွမ်က ရေရွတ်လိုက်သည်၊၊
“တစ်ညတည်းနဲ့ အနောက်ဘက် ဂိုဘီကို ရောက်လာတာလား… သူတို့ကားတွေမှာ ပလာစမာတွန်းကန်စက်တွေ တပ်ထားလို့လား’’
ချီလီက အေးစက်စွာ ပြောသည်၊၊
မိုနီကာက ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး
“ဒါက သူတို့ကိုယ်တိုင် လုပ်တာမဟုတ်ရင် တွင်းနက်ထဲက ထူးဆန်းတဲ့ အရာတစ်ခုခုကြောင့်ပဲ ဖြစ်ရမယ်… ကျွန်မတို့ ထူးဆန်းတာတွေ အများကြီးတွေ့ခဲ့ဖူးတယ်…. လူအိုကြီးမိုတို့အဖွဲ့ အသက်ရှင်နေတာက သူတို့တွေ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ မတွေ့ခဲ့ဘဲ... ပိုပြီး ထူးဆန်းတဲ့ အရာတစ်ခုခုနဲ့ တွေ့ခဲ့လို့ပဲ ဖြစ်ရမယ်’’
သူမ၏ စကားကို အားလုံးက လက်ခံကြသည်၊၊ အဘယ်ကြောင့်ဆိုသော် လူအိုကြီးမိုတို့၏ လက်နက်အင်အားနှင့်ဆိုလျှင် ထူးဆန်းသည့် သတ္တဝါများနှင့် တိုက်ရိုက်တွေ့ပါက အသက်ရှင်နိုင်စရာ အကြောင်းမရှိသောကြောင့် ဖြစ်သည်၊၊ ၎င်းတို့ အမှောင်ထဲမှ ထွက်လာနိုင်ခြင်းနှင့် အမှောင်အမှတ်အသားမရှိခြင်းတို့က သက်သေပြနေသည်၊၊
“သူဌေးဟူ… ခဗျားမြင်ခဲ့တာတွေကို ပြောပြပါဦး’’
လင်းရှန်က ဟူလုရှို့ကို မေးလိုက်သည်၊၊