အခန်း (၅၉၈-၅၉၉)
Vol. 37 Ch. 598-599
Chapter 598
လိုင်းအပြည့် ထုတ်ပြန်ချက် ၂
ဟူလုရှို့သည် သူ၏ ဇိမ်ခံကားထဲတွင် လဲလျောင်းနေရာမှ လင်းရှန် ခေါ်လိုက်သောအခါ ထထိုင်လိုက်ပြီး
“ကပ္ပတိန်လင်း…. မင်းပြောတဲ့ သံမဏိစွမ်းအားယာဉ်တန်းဆိုတာ မြေမျက်နှာပြင်မရွေး မောင်းနိုင်တဲ့ အကြီးစား RV နှစ်စီးပါတဲ့ အဖွဲ့လား’’
“ဟုတ်တယ်’’
ဟူလုရှို့၏ မျက်နှာက လေးနက်သွားပြီး
“ဒါဆိုရင် ငါမှတ်မိပြီ… ညမမှောင်ခင်က ယာဉ်တန်းတွေကြားထဲမှာ အဲဒီကားနှစ်စီးကို ငါမြင်လိုက်တယ်… ကားတွေကို သေချာပြင်ဆင်ထားတာပဲလို့တောင် တွေးခဲ့မိသေးတယ်’’
လင်းရှန်က ဤအကြောင်းကို အလေးအနက်ထားမှန်း သိသဖြင့် ဟူလုရှို့က သူမှတ်မိသမျှကို အသေးစိတ် ပြန်ပြောပြသည်၊၊
“အဲဒီအချိန်တုန်းက ငါတို့ ဝေမြစ်ကနေ တိတ်ဆိတ်မြို့တော်ကို သွားတဲ့လမ်းကို လိုက်နေတာ… လမ်းမှာ ယာဉ်တန်းတွေ ရာနဲ့ချီပြီး စုဝေးနေကြတယ်၊ အားလုံးက အဖွဲ့ကြီးနဲ့ လိုက်ရင် လုံခြုံမယ်လို့ တွေးထားကြတာပဲ”
ယာဉ်တန်းအားလုံး၏ ရည်မှန်းချက်မှာ တိတ်ဆိတ်မြို့တော်နောက်မှ လိုက်၍ ကျင်းဟိုင်သို့ သွားရန်ဖြစ်သည်၊၊ ထိုကဲ့သို့ ကြီးမားသော ယာဉ်တန်းကြီးနှင့်အတူ သွားခြင်းသည် ဘေးကင်းသည်ဟု ထင်ရသော်လည်း ညမှောင်လာသောအခါ လမ်းညွှန်စနစ်များနှင့် သံလိုက်အိမ်မြှောင်များအားလုံး အလုပ်မလုပ်တော့ပေ၊၊ ထို့အပြင် ထူးဆန်းသည့် သတ္တဝါများ၏ တိုက်ခိုက်မှုကြောင့် အရာအားလုံး ပရမ်းပတာဖြစ်ကုန်သည်၊၊ တိတ်ဆိတ်မြို့တော်ပင်လျှင် ဆူညံသောအသံကြီးနှင့်အတူ တောင်တန်းများကြားသို့ အတင်းဖိအားပေး၍ တိုးဝင်သွားသည်၊၊
ယာဉ်တန်းအားလုံးသည် ထိတ်လန့်တကြားနှင့် အရပ်မျက်နှာအနှံ့ ကစဥ့်ကလျားထွက်ပြေးခဲ့ကြရသည်၊၊ တိတ်ဆိတ်မြို့တော်၏ လျှပ်စစ်သံလိုက်အမြောက်များသည် ဆူညံစွာ တစ်ညလုံး ပစ်ခတ်နေသည်၊၊ ယာဉ်တန်းများစွာသည် အမှောင်ထဲတွင် အဆက်မပြတ် မောင်းနှင်နေကြသော်လည်း အာရုဏ်တက်ချိန်သည် ရောက်မလာခဲ့ပေ၊၊ လူအများစုသည် မသေဆုံးလျှင်တောင် လူစုကွဲကုန်ကြသည်၊၊
ထိုအချိန်တွင် ဟူလုရှို့သည် သူ၏ ယာဉ်တန်းက မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မသိတော့ပေ၊၊ အရာအားလုံးသည် ထူထပ်သော မြူနှင်းများကြားတွင် ပိတ်မိနေသည်၊၊ မြေအက်ကွဲကြောင်းများမှ မြူနှင်းများ ထွက်ပေါ်လာသည်မှာ သက်ရှိများကဲ့သို့ပင် ဖြစ်နေသည်၊၊ သူသည် ကားထဲတွင် ကြောက်လန့်တကြား ပုန်းနေစဉ် အဝေးမှ ဥသြဆွဲသံတစ်ခုကို ကြားလိုက်ရသည်၊၊ သို့သော် ၎င်းသည် သင်္ဘောဥသြဆွဲသံနှင့် မတူဘဲ ကြီးမားသော ပင်လယ်သတ္တဝါကြီးတစ်ကောင်၏ ညည်းတွားသံနှင့် ပိုတူသည်၊၊ အပြင်ဘက်မှ လရောင်သည်လည်း ရွံရှာဖွယ်ကောင်းစွာ အစိမ်းရောင်သန်းနေသည်၊၊
ယခုပြန်စဉ်းစားလျှင်ပင် ဟူလုရှို့ တစ်ကိုယ်လုံးအေးစိမ့်တတ်သွားသည်၊၊ ထိုညက သူတို့သည် ငရဲဘုံသို့ ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်၊၊ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တိုင်း တောင်များလောက် ကြီးမားသောအရိပ်ကြီးများကို တွေ့နေရသည်၊၊
ထို့ကြောင့် ဟူလုရှို့သည် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကားကို အမြန်ဆုံးမောင်းနှင်ရန် ဖြစ်သည်၊၊ ထူးဆန်းစွာပင် သူ၏ ယာဉ်တန်းသည် ထိုမြူများကြားမှ လွတ်မြောက်လာခဲ့ပြီး နေရောင်ခြည်ထွက်ပေါ်လာသောအခါ သူတို့သည် အနောက်ဘက်ဂိုဘီကန္တာရသို့ ရောက်ရှိနေကြသည်၊၊ သို့သော် ယာဉ်တန်း၏ တစ်ဝက်ခန့်မှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်၊၊
ကံကောင်းထောက်မစွာဖြင့် သူတို့တွင် ရိက္ခာကားများနှင့် လူအင်အားအချို့ ကျန်ရှိနေသေးသည်၊၊ သို့သော် ပြန်လည် ထူထောင်ရန် ကြိုးစားစဉ်မှာပင် ကန္တာရဓားပြများနှင့် တွေ့ခဲ့ရခြင်း ဖြစ်သည်…
“ယာဉ်တန်းတွေ အဲဒီလိုပဲ ပျောက်သွားတာလား… တကယ်ထူးဆန်းတယ်’’
ဟူလုရှို့၏ စကားကို ကြားပြီးနောက် ချီလီက မှတ်ချက်ပေးသည်၊၊
“လုံကျန်းရဲ့ မြောက်ဘက်မှာ တောအုပ်တွေ ရှိတယ်… အနောက်ဘက် ဂိုဘီကို ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး’’
“ဟုတ်တယ်…. တောင်တန်းတွေ၊ လျှိုမြောင်တွေကို ဖြတ်ကျော်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး’’
ရှီတိယွမ်က ဝင်ပြောသည်၊၊
“ရှင်တို့တွေ အချိန်နဲ့အာကာသာတွင်းထဲကိုများ ပြုတ်ကျသွားတာလား’’
မိုနီကာက နောက်ပြောင်လိုက်သော်လည်း မည်သူမျှ မရယ်နိုင်ကြပေ၊၊
လင်းရှန်သည် ချန်ဆီရွှမ်နှင့် ကီကီကို ကြည့်လိုက်သည်၊၊ အကယ်၍ ဟူလုရှို့တစ်ယောက်တည်း ပြောခြင်းဆိုလျှင် သူ ယုံကြည်ချင်မှ ယုံကြည်မည်ဖြစ်သော်လည်း လူအိုကြီးမိုနှင့် စွန်းယုကျန်းတို့၏ ပြောစကားများသည်လည်း ထပ်တူကျနေသည်၊၊
“ဒါဟာ သတိပေးချက်တစ်ခု ဖြစ်နိုင်တယ်’’
လင်းရှန်က လေးနက်စွာ ပြောလိုက်သည်၊၊
“အမှတ် (၅) တွင်းနက် ဇုန်က မတည်မငြိမ်ဖြစ်နေတယ်… ဖီးနစ်ကလည်း သူတို့ရဲ့ စောင့်ကြည့်ရေးစနစ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာ ဖြစ်နိုင်တယ်...’’
ဆက်သွယ်ရေး ချန်နယ်တွင် တိတ်ဆိတ်သွားသည်၊၊
ဖီးနစ်၏ ခန့်မှန်းချက်အရ အချိန်တစ်နှစ်ကျော် ကျန်သေးသည်ဟု ဆိုသော်လည်း လင်းရှန်၏ စကားသာ မှန်ကန်ပါက သူတို့တွင် ထိုမျှ အချိန်မရှိတော့ပေ၊၊
အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်က
“ဆက်ပြီး ခန့်မှန်းနေလို့လည်း အပိုပဲ… အားလုံး ဒီည အနားယူကြပါ… အာရုဏ်မတက်ခင် နှစ်နာရီအလိုမှာ ကျုပ်တို့ထွက်ခွာကြမယ်’’
“နားလည်ပါပြီ’’
အားလုံးက သဘောတူကြသည်၊၊ ရေကလည်း နည်းနေပြီဖြစ်သလို တွင်းနက်ဇုန်ကလည်း ထူးဆန်းနေသဖြင့် အမြန်ဆုံးထွက်ခွာရန်သာ ရှိတော့သည်၊၊
ယာဉ်တန်းများနှင့် ညှိနှိုင်းပြီးနောက် လင်းရှန်သည် ရထား၏ အမာခံအဖွဲ့ဝင်များနှင့် အကျဥ်းရုံးဆွေးနွေးလိုက်သည်၊၊ ထိုအချိန်တွင် အလိုအလျောက် ကျည်ခွံဖိစက်ကြီးမှာလည်း ပြီးစီးသွားပြီ ဖြစ်သည်၊၊ ၎င်းသည် တွဲအမှတ် (၁၃) တွင် ခန့်ညားစွာ တည်ရှိနေသည်၊၊
ကျန်ရှိသည်မှာ ကုန်ကြမ်းပေးပို့သည့် ပတ်လမ်းများကို တပ်ဆင်ရန်သာ ဖြစ်သည်၊၊ ထို့နောက် စက်ရုပ်များကို အသုံးပြု၍ ကျည်ဆန်များကို ၂၄ နာရီပတ်လုံး ထုတ်လုပ်နိုင်မည် ဖြစ်သည်၊၊
အဓိကအခက်အခဲမှာ စွမ်းအင်နှင့် ဝါးမျိုရန်ပစ္စည်းများဖြစ်သည်၊၊ သို့သော် လောလောဆယ်တွင် စွမ်းအင်က ပြဿနာမရှိသလို ယိကျင်းမြို့မှ ရရှိထားသော ပစ္စည်းများလည်း အမြောက်အမြား ကျန်ရှိနေသေးသည်၊၊
အားလုံး ပြီးစီးသွားသောအခါ လင်းရှန်သည် မတ်တပ်ရပ်၍ စက်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်၊၊
“နောက်ဆုံးတော့ အလုပ်တစ်ခု ပြီးသွားပြီ…ကိုယ်တိုင် ကျည်ဆန်တွေ လုပ်နေစရာ မလိုတော့ဘူး’’
လင်းရှန်အတွက် ကျည်ဆန်များကို ကိုယ်တိုင်လုပ်ခြင်းသည် ပင်ပန်းသည်ထက် အချိန်ကုန်လွန်းခြင်း ဖြစ်သည်၊၊ ကျည်ခွံဖိစက်ကို တည်ဆောက်ရန် လေးနာရီခန့် ကြာမြင့်ခဲ့သည်၊၊ ယခုအခါ ကင်းစောင့်မည့်သူများလည်း ရှိနေပြီ ဖြစ်သဖြင့် လင်းရှန်သည် အစားအသောက် အနည်းငယ်စားပြီးနောက် အိပ်စက်ရန် တွဲအမှတ် (၁) သို့ သွားလိုက်သည်၊၊
သူသည် စီလန်မြို့မှ ထွက်လာကတည်းက ကောင်းကောင်းမအိပ်ရသေးပေ၊၊ သူ၏ ခန္ဓာကိုယ်သည် အလွန်ပင်ပန်းနေပြီ ဖြစ်သည်၊၊
သူ လဲလျောင်းလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားလေသည်၊၊
ချပ်... ချပ်...
အမှောင်ထဲတွင် နာရီလက်တံသွားနေသည့် အသံကို လင်းရှန် ကြားနေရသည်၊၊ သို့သော် သူ၏ နာရီမှာ ဒစ်ဂျစ်တယ်နာရီဖြစ်သဖြင့် ထိုအသံမျိုး မထွက်နိုင်ပေ၊၊
သူ မျက်လုံးဖွင့်လိုက်သောအခါ အလင်းရောင်ကြောင့် မျက်စိကျိန်းသွားသည်၊၊ သူ့ရှေ့တွင် အလွန်သန့်ရှင်းပြောင်လက်နေသော စင်္ကြံလမ်းကြီးတစ်ခု ရှိနေသည်၊၊ ၎င်းသည် အဆင့်မြင့်သုတေသနဌာနတစ်ခုနှင့် တူနေသည်၊၊
လင်းရှန်သည် သူ့လက်ကို ပြန်ကြည့်လိုက်မိသည်၊၊ အရာအားလုံးသည် တကယ်ကဲ့သို့ ခံစားနေရသော်လည်း ဤနေရာသည် အစစ်အမှန် မဟုတ်နိုင်ကြောင်း သူ သိနေသည်၊၊
ထိုစင်္ကြံလမ်းတွင် လူသူမရှိဘဲ တိတ်ဆိတ်နေသည်၊၊ ထိုစဉ် အနားရှိ တံခါးတစ်ခု ပွင့်လာပြီး လက်တစ်ဖက်က သူ့ကို ဆွဲသွင်းလိုက်သည်၊၊ ထို့နောက် တံခါးကို ပြန်ပိတ်လိုက်သည်၊၊
ခနအကြာတွင် စင်္ကြံလမ်း၌ လူတစ်စု ပြေးသွားသံကို ကြားလိုက်ရသည်၊၊
အခန်းထဲတွင် အလင်းရောင်မှိန်နေသည်၊၊ လင်းရှန်သည် တံခါးတွင် ကပ်လျက် ရှိနေပြီး သူ့ရှေ့တွင် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်၊၊
ချူယန်၊၊
သူမသည် သုတေသီတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်၊၊ သူမ၏ မျက်လုံးများမှာ အေးစက်နေဆဲ ဖြစ်သည်၊၊
“နင် ဒီမှာ ဘာလုပ်နေတာလဲ’’
လင်းရှန်က ပုခုံးတွန့်လိုက်ပြီး
“မင်းက ဒီလိုပဲအမြဲမေးနေတယ်… ငါကိုယ်တိုင်လည်း အဖြေကို သိချင်နေတာ…’’
“မဟုတ်ဘူး… ဒီတစ်ခါတော့ မတူဘူး’’
“ငါ့ကို ကူညီပါ’’
ချူယန်က သူ့ကို သေချာကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောသည်၊၊
“ဘယ်လို’’
“ငါ့နောက်ကို လိုက်ခဲ့’’
ထို့နောက် သူမသည် တံခါးကို ဖွင့်၍ အပြင်သို့ ထွက်သွားသည်၊၊ လင်းရှန်လည်း သူမနောက်မှ လိုက်သွားသည်၊၊
လင်းရှန်၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသည်၊၊ ဤမိန်းကလေးကို သူ ပထမဆုံးအကြိမ် ထိတွေ့နိုင်ခြင်း ဖြစ်သည်၊၊ သို့သော် သူသည် ဤနေရာတွင် အစစ်အမှန် ရှိနေခြင်း မဟုတ်သဖြင့် ထိတွေ့နိုင်ရန် မဖြစ်နိုင်ပေ၊၊
သို့သော် အရာအားလုံးမှာ အစစ်အမှန်ကဲ့သို့ ဖြစ်နေသည်၊၊ လင်းရှန်သည် ယန္တရားနှလုံးသားကို အသုံးပြုရန် ကြိုးစားကြည့်သည်၊၊
၎င်းသည် အလုပ်လုပ်သည်၊၊ သို့သော် ထူးဆန်းသည်မှာ စနစ်မြင်ကွင်းမှာ ပေါ်မလာပေ၊၊
“ငါတို့ ဘယ်ကို သွားနေတာလဲ’’
ချူယန်က သူ့ကို ရုံးခန်းတစ်ခုထဲသို့ ခေါ်သွားသည်၊၊ ထိုရုံးခန်းမှာ အလွန်ခမ်းနားသည်၊၊ သူမသည် ကွန်ပျူတာတွင် တစ်ခုခုကို အမြန်ရိုက်နှိပ်နေသည်၊၊
“မင်းက တစ်ခုခုကို ခိုးနေတာလား’’
“ဟုတ်တယ်’’ ချူယန်က ပြတ်သားစွာ ဖြေသည်၊၊
လင်းရှန်လည်း အံ့အားသင့်သွားသည်၊၊ သူမသည် သူလျှိုတစ်ယောက်ကဲ့သို့ ပြုမူနေသည်၊၊ သူသည် စားပွဲပေါ်ရှိ နာမည်ကတ်ပြားကို ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်၊၊
“ဂျူးလိယပ် လစ်...’’
“အဲဒီနာမည်က ရင်းနှီးနေသလိုပဲ’’
သူသည် ယခင်က မှတ်ဉာဏ်များ ပြန်စဉ်းစားလိုက်သည်၊၊ ထို့နောက် စင်္ကြံလမ်းတွင် တွေ့ခဲ့သော ဆိုင်းဘုတ်ကို သတိရသွားသည်၊၊
[မြေအောက် အဆင့် ၅၊ ဗဟိုစမ်းသပ်ရေးဇုန်]
ချူယန်က သူ့ကို ကြည့်လိုက်ပြီး
“နင်က အတော်လေး ပါးနပ်တာပဲ’’
“မဟုတ်ဘူး... ဒီနေရာက မှိုမျှင်တွေ ဖုံးလွှမ်းနေရမှာ မဟုတ်လား၊ အားလုံး ထွက်ပြေးသွားကြပြီ မဟုတ်လား’’
ချူယန်၏ လက်ချောင်းများ ရပ်တန့်သွားသည်၊၊
“နင် ဒီကို ရောက်ဖူးတာလား’’
“မင်း မသိဘူးလား…ဖုတ်ကောင်သိုးထိန်းရှိလို့ မှိုမျှင်တွေ မလှုပ်ရှားခင်အထိ မြေအောက်မှာ ပုန်းနေဖို့ မင်းပဲ ပြောခဲ့တာလေ’’
ချူယန်က မျက်တောင်ခတ်လိုက်ပြီး
“နင် ဘာတွေ ပြောနေတာလဲ…. ငါတို့ နောက်ဆုံးတွေ့တာ ယူပေမြို့မှာ မဟုတ်လား’’
“နေဦး’’
လင်းရှန် တုန်လှုပ်သွားသည်၊၊
“ငါတို့ ဘယ်နှစ်ကြိမ် တွေ့ခဲ့ဖူးလဲ’’
“ဒီတစ်ခါ အပါအဝင်လား’’
“ဟုတ်တယ်’’
“လေးကြိမ်’’
လင်းရှန် ဇဝေဇဝါ ဖြစ်သွားသည်၊၊
Chapter 599
လိုင်းအပြည့် ထုတ်ပြန်ချက် ၃
“ကျိအန်းမြို့မှာ နှစ်ကြိမ်… ယူပေမှာ တစ်ကြိမ်၊ ပြီးတော့ အခုတစ်ကြိမ်…. တခြားနေရာမှာ မတွေ့ခဲ့ဘူးဆိုတာ သေချာလား’’
“သေချာတယ်’’ ချူယန်က ပြတ်သားစွာ ပြောသည်၊၊
“ဒါဆိုရင် ဒီနေရာက...’’
ဒိုင်း ဒိုင်း ဒိုင်း၊၊
စကားမဆုံးမီ အပြင်ဘက်မှ သေနတ်သံများ ထွက်ပေါ်လာသည်၊၊ ချူယန်သည် ကွန်ပျူတာမှ အချက်အလက်များကို ရယူပြီးသွားသည်၊၊
“သွားကြမယ်”
လုံခြုံရေးများ ရောက်လာကြပြီ ဖြစ်သည်၊၊ ချူယန်သည် စာအုပ်စင်မှ လျှို့ဝှက်တံခါးကို ဖွင့်၍ ဝင်သွားသည်၊၊ လင်းရှန်လည်း နောက်မှ လိုက်သွားသည်၊၊
သူတို့သည် ဓာတ်လှေကားတစ်ခုဆီသို့ ရောက်ရှိလာကြသည်၊၊ လင်းရှန်သည် ဤနေရာကို မှတ်မိသည်၊၊ ယခင်က ကီကီတို့နှင့်အတူ ဖြတ်သန်းခဲ့ဖူးသော နေရာဖြစ်သည်၊၊
သူသည် အချိန်ခရီးသွားခဲ့ခြင်းလား၊၊
ဘာကြောင့် ဂရေ့စ်က ချူယန်ရဲ့ ပုံစံနှင့် တူနေရတာလဲ၊၊
ဘာကြောင့် သူက ချူယန်ကို ထိတွေ့နိုင်ရတာလဲ၊၊
သံသယများက သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည်၊၊
သေနတ်သံများ ထပ်မံထွက်ပေါ်လာသည်၊၊ လင်းရှန်သည် သူ၏ ကာကွယ်ရေးစွမ်းရည်ကို အသုံးပြုရန် ကြိုးစားသော်လည်း အလုပ်မလုပ်ပေ၊၊ သူသည် ကျည်ဆန်များကို ရှောင်ရင်း ဓာတ်လှေကားထဲသို့ ပြေးဝင်လိုက်သည်၊၊
ဓာတ်လှေကားတံခါး ပိတ်သွားသည်၊၊ ချူယန်သည် သူမ၏ အပေါ်အင်္ကျီကို ချွတ်လိုက်သောအခါ အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို တွေ့လိုက်ရသည်၊၊ သူမ၏ လက်နှင့် ခြေထောက်များသည် ယန္တရားများဖြစ်နေသည်၊၊ သူမ၏ ဆံပင်အတုကို ချွတ်လိုက်သောအခါ ငွေရောင် ဆံပင်ရှည်များကို တွေ့လိုက်ရသည်၊၊
သူမသည် ယခင်က တွေ့ခဲ့ဖူးသော ချူယန်နှင့် လုံးဝ မတူတော့ပေ၊၊
“ငါ အခု နင်ဘယ်သူလဲဆိုတာ သိပြီ…. လင်းရှန်…. အနန္တရထားရဲ့ ကပ္ပတိန်… ဖီးနစ်မဟာမိတ်’’
ချူယန်က ဆက်ပြောသည်၊၊
“စိတ်မပူပါနဲ့… ငါလည်း ဖီးနစ်ကပဲ’’
“မင်းက ဘယ်သူလဲ… ငါတို့ အခု ဘယ်မှာလဲ… ဘာလို့ ငါ့အိပ်မက်ထဲမှာ ခဏခဏပေါ်လာရတာလဲ’’
လင်းရှန်က မေးခွန်းများစွာ မေးလိုက်သော်လည်း ဓာတ်လှေကားသည် မြေအောက်သို့ အလွန် လျင်မြန်စွာ ဆင်းနေသည်ကို သတိပြုမိလိုက်သည်၊၊
-၈၅၊ -၈၆၊ -၈၇...
“ဘာဖြစ်နေတာလဲ၊ ငါတို့က အောက်ကို ဆင်းနေတာလား’’
ချူယန်က သူ့ကို ကြည့်ပြီး မေးသည်၊၊
“နင် ငါ့ကို ဒီမှာ အရင်က တွေ့ဖူးတယ်လို့ ပြောတယ်… အဲဒါ တကယ်ပဲ ငါလား’’
“စက်ရုပ်တစ်ရုပ်လား’’ သူမက ထပ်မေးသည်၊၊
“ဟုတ်တယ်’’
ဓာတ်လှေကားသည် မြေအောက် ၉၉ ထပ်တွင် ရပ်သွားသည်၊၊
တံခါးပွင့်သွားသောအခါ အလင်းရောင်များ ထွက်ပေါ်လာသည်၊၊ လင်းရှန်အပြင်သို့ ထွက်လိုက်သောအခါ မိုးမျှော်တိုက်ကြီးတစ်ခု၏ ခေါင်မိုးပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်၊၊
၎င်းသည် အာရုဏ်ဦးမြို့တော်ကြီး ဖြစ်သည်၊၊ မြို့ကြီးမှာ ပျက်စီးခြင်းမရှိသေးဘဲ ပုံမှန်အတိုင်း လည်ပတ်နေသည်၊၊
“အခုတော့ နင် ဘာလို့ ဒီကို ရောက်နေရလဲဆိုတာ နားလည်ပြီလား’’
ချူယန်က မေးသည်၊၊
“ငါ ခန့်မှန်းလို့ရပြီ ထင်တယ်’’ လင်းရှန်က ပြန်ဖြေသည်၊၊
“ငါထင်တာ မမှားဘူးဆိုရင်…. ငါက အခု ဂျူးလိယပ်လစ်ရဲ့ အိပ်မက်ထဲကို ရောက်နေတာပဲ… နင်က သူ့စိတ်ထဲက တစ်ခုခုကို လာခိုးတာ မဟုတ်လား’’
ဤသည်မှာ အာကာသနှင့် အချိန်ကာလကို ကျော်ဖြတ်လာသော ခရီးစဉ်မျိုး မဟုတ်သည်မှာ အသေအချာပင်။ အစောပိုင်းက ကြုံတွေ့ခဲ့ရသော မြေပြင်၏ ထူးဆန်းအံ့သြဖွယ် အပြောင်းအလဲများနှင့် ချူယန်ကို ထိတွေ့၍ ရနေခြင်းတို့ကြောင့်…. သူမတွင် အသိစိတ်ကို အခြေခံသော သို့မဟုတ် နာမ်ပိုင်းဆိုင်ရာ စွမ်းရည်တစ်ခုခုရှိနေလိမ့်မည်ဟု လင်းရှန် အခိုင်အမာယုံကြည်နေသည်။ သို့သော်လည်း သူ၏ အသိစိတ်မှာ မည်သည့်အကြောင်းကြောင့် သူမနှင့် ထိုသို့ ဆက်နွယ်သွားသည်ကိုမူ သူကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
လင်းရှန်၏ စကားကို ကြားလိုက်ရသောအခါ အေးစက်စက်အမူယာဖြင့် လှပသော ချူယန်၏ မျက်နှာထက်တွင် အံ့သြသွားသည့် အရိပ်ယောင်တစ်ခုဖြတ်ပြေးသွားသည်။ ထို့နောက် သူမသည် လင်းရှန်ကို အသိအမှတ်ပြုသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။
“မဆိုးဘူး… ဒါကြောင့် နင့်ကို ဖီးနစ်က အသိအမှတ်ပြုခဲ့ကိုး… ဒါပေမဲ့ ဒါက ငါ့ရဲ့ စိတ်အာရုံနယ်ပယ်ပဲ’’
ရုတ်တရက် မြို့တော်ကြီး တစ်ခုလုံး တုန်ခါလာသည်၊၊ အဆောက်အအုံများ စတင်ပြိုကျလာသည်၊၊
“ငါတို့ စကားပြောတာ နောက်တစ်ခါ ပြတ်သွားပြန်ပြီ’’ လင်းရှန်က ညည်းတွားလိုက်သည်၊၊
“မဟုတ်ဘူး’’ ချူယန်က အလေးနက် ပြောသည်၊၊
“နင် အခုချက်ချင်း ဒီအိပ်မက်ထဲက မထွက်ရင် နင်ဘယ်တော့မှ နိုးလာတော့မှာ မဟုတ်ဘူး’’
“ဘယ်လို ထွက်ရမှာလဲ’’
ချူယန်က အောက်ခြေရှိ ရေအိုင်တစ်ခုကို ညွှန်ပြလိုက်သည်၊၊
“အဲဒီ ရေအိုင်ထဲကို ခုန်ချလိုက်’’
တုန်ခါမှုများက ပို၍ပြင်းထန်လာသည်၊၊ မိုးမျှော်တိုက်ကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါနေသဖြင့် လင်းရှန်မှာ မနည်းအားယူ၍ ရပ်နေရသည်၊၊
ချူယန်သည် အဆောက်အအုံ၏ အစွန်းဘက်သို့ လျှောက်သွားပြီး အောက်ဘက် အဝေးတစ်နေရာရှိ လမ်းမပေါ်မှ ရေအိုင်ငယ်တစ်ခုကို လက်ညှိုးညွှန်ပြသည်၊၊
‘’အောက်က ရေအိုင်ကို မြင်လား၊၊ အဲဒါကို ပစ်မှတ်ထားပြီး ခုန်ချလိုက်’’
‘’မင်း တကယ်ပြောနေတာလား၊၊ ငါ့ကို လာနောက်မနေနဲ့၊၊ ရုပ်ရှင်တွေထဲမှာ အိပ်မက်ထဲကနေ ခုန်ချတဲ့ အခန်းတွေ ငါမြင်ဖူးပါတယ်၊၊ ရေအိုင်ထဲကို ပစ်မှတ်ထားပြီး ခုန်ချရမယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူး’’
ချူယန်က တည်ငြိမ်သော မျက်နှာအမူယာဖြင့် သူ့ကို စိုက်ကြည့်နေသည်၊၊
‘’ငါတို့ -၉၉ မှာ ရောက်နေတာကို နင်မေ့သွားပြီလား’’
‘’အဲဒါ ဘာဖြစ်လဲ’’
‘’အဲဒါကြောင့် ငါတို့က အဲဒီရေအိုင်ရဲ့ အရိပ်ထဲမှာ ရှိနေတာပေါ့’’
သူမသည် လင်းရှန်၏ လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး အဆောက်အအုံပေါ်မှ ခုန်ချလိုက်သည်၊၊
‘’သောက်ကျိုးနဲ’’
အရိပ်ထဲကနေ... အောက်ဘက်ကိုလား၊၊
ကမ္ဘာကြီးသည် ပြောင်းပြန်ဖြစ်သွားသည်၊၊
ဝီး...
အရှိန်ပြင်းစွာ ပြုတ်ကျနေသည့် ခံစားချက်က ကုန်တင်ရထားတစ်စီးနှင့် တိုက်မိသကဲ့သို့ သူ့ကို ရိုက်ခတ်သွားသည်၊၊ လင်းရှန်၏ မျက်လုံးများမှာ ဝေဝါးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးကြေမွသွားသည်၊၊ ထိုမည်းမှောင်နေသော မိုးရေအိုင်သည် ထူးဆန်းသော အလင်းတန်းများဖြင့် လင်းလက်နေပြီး နားမလည်နိုင်သော ကမ္ဘာတစ်ခု၏ တံခါးပေါက်နှင့် တူနေသည်၊၊
လင်းရှန် အံတင်းတင်းကြိတ်ကာ အလိုလျောက်မျက်နှာကို လက်ဖြင့် ကာထားလိုက်မိသည်၊၊ မြေပြင်နှင့် ထိမိသည့် ခဏတွင် သူ၏ အာရုံကြောများ တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်သည် တစ်ခဏချင်း ပြောင်းလဲသွားသည်၊၊
မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ မှောင်မိုက်နေသော အခန်းတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့ရသည်၊၊ ကြမ်းပြင်ပေါ်တွင် စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသည့် အလောင်းများစွာ ပြန့်ကျဲနေသည်၊၊ အခန်းထဲတွင် လူ ၆ ဦး ရပ်နေပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်သည်၊၊ သူတို့ တစ်ဦးချင်းစီထံမှ စွမ်းအားများ ထွက်ပေါ်နေသည်၊၊ သူတို့သည် အဆင့်မြင့် ကိုယ်လုံးပြည့် ဖုံးအုပ်ထားသော သံမဏိမုဆိုးအဆင့် ၃ ဝတ်စုံနှင့် အထီးကျန်ဝံပုလွေအဆင့် ၃ ဝတ်စုံများ ဝတ်ဆင်ထားကြသည်၊၊ အခန်းအလယ်တွင် ကုလားထိုင်နှစ်လုံး ယှဉ်လျက်သားရှိနေသည်၊၊
တစ်လုံးတွင် ထူးခြားသောစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ချူယန် ထိုင်နေပြီး ကျန်တစ်လုံးတွင် လင်းရှန် ခုနက မြင်တွေ့ခဲ့ရသည့် လူဖြူအမျိုးသား ဂျူးလိယပ်စ် လစ်ထ် ထိုင်နေသည်၊၊
ချူယန် လှုပ်ရှားလာသည်၊၊ သူမသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကုလားထိုင်မှ ထရပ်သည်၊၊ ကျန် ၆ ဦးစလုံး သူမဘက်သို့ လှည့်လာပြီး တစ်ယောက်က ချက်ချင်း မေးလိုက်သည်၊၊
‘’ခေါင်းဆောင်… ဘယ်လိုလဲ…အဆင်ပြေရဲ့လား’’
‘’အားလုံး ပြီးသွားပြီ’’
ချူယန်၏ အသံမှာ အေးစက်နေသည်၊၊ သူမသည် အခန်းထောင့်တွင် တိတ်ဆိတ်စွာ ရပ်နေသော လင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်၊၊
‘’ပစ္စည်းကို ယူကြ၊၊ ထွက်ခွာဖို့ အချိန်တန်ပြီ’’
‘’ဟုတ်ကဲ့ပါ’’
၆ ယောက်လုံး ချက်ချင်း လှုပ်ရှားလိုက်ကြပြီး အခန်းထဲမှ ထွက်သွားကြရာ လင်းရှန်နှင့် ချူယန်တို့ နှစ်ဦးသာ ကျန်ရစ်ခဲ့သည်၊၊
ချူယန်ကလွဲ၍ ကျန်လူများမှာ သူ ရှိနေသည်ကို မသိကြကြောင်း လင်းရှန် ချက်ချင်း သတိပြုမိသည်၊၊
သူသည် ကြမ်းပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်ပြီးနောက် အသက်ရှင်လျက် ရှိနေသေးသော်လည်း ထိန်းချုပ်ခံထားရကာ သတိလစ်နေသော ဂျူးလိယပ်စ် လစ်ထ်ကို ကြည့်လိုက်သည်၊၊
လစ်ထ်၏ ဝတ်စုံမှာ အဆင့်မြင့်ဆုံး ဖြစ်သည်၊၊ သူ၏ ရင်ဘတ်တွင် အပြာရောင်တြိဂံပုံ စွမ်းအင်ရင်းမြစ်တစ်ခု လင်းလက်နေသည်၊၊ သူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး ပညာတတ်တစ်ဦးနှင့် တူသည်၊၊
လင်းရှန် အခန်းကို ကြည့်လိုက်ရာ မြေအောက်ခိုလှုံနေရာတစ်ခု ဖြစ်ဟန်တူသည်၊၊ ဟိုလိုဂရမ်စနစ်မြင်ကွင်းများတွင် စမ်းသပ်ခံများဟု သတ်မှတ်ထားသည့် အသက်ရှင်ကျန်ရစ်သူစာရင်းများပေါ်နေသည်၊၊
‘’လင်းရှန်၊၊ ယန္တရားစွမ်းအားရှင်၊၊ သြဂုတ် ၁၁ ရက်တွင် ယူပေဆိပ်ကမ်း တက်ဓာတ်လှေကားကို ပြုပြင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၃ သောင်းကို ကယ်တင်ရန် ဆွဲငင်ခြင်းအစီစဥ်ကို အဆိုပြုခဲ့သည်၊၊ သြဂုတ် ၃၀ ရက်တွင် စီလန်မြို့ ခံတပ်စီမံကိန်းတွင် ပါဝင်ခဲ့ပြီး ဖီးနစ်နှင့်အတူ အထူးလက်နက်များကို အသုံးပြု၍ ကမ္ဘာပျက်ကပ်စတင်ကတည်းက လူသားတို့၏ ပထမဆုံး S-Class အဆင့် ပင်လယ်ဖြူကောင်မွန်းစတားကို သတ်ဖြတ်နိုင်ခဲ့သည်...’’
ချူယန်သည် သူ၏အနားမှ ဖြတ်လျှောက်သွားရင်း ဟဲလ်မက်ကို ချွတ်လိုက်ကာ သူ့ကို အကဲခတ်သည့် မျက်လုံးများဖြင့် ကြည့်သည်၊၊
‘’စီလန်မြို့မှာ နင်လုပ်ခဲ့တာတွေက သူရဲကောင်းဆန်တယ်၊၊ အဲဒါက တစ်ကမ္ဘာလုံးက အသက်ရှင်ကျန်ရစ်သူတွေကို မျှော်လင့်ချက်နဲ့ သတ္တိတွေ ပေးခဲ့တယ်၊၊ ဒါပေမဲ့ အဲဒါက တွင်းနက်တွေရဲ့ မတည်ငြိမ်တဲ့ ပြန့်ကျယ်လာမှုကိုလည်း ဖြစ်စေခဲ့တယ်’’
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်၊၊
‘’S-Class အဆင့်သတ္တဝါကို သတ်လိုက်လို့လား’’