အခန်း (၆၀၂-၆၀၃)
Vol. 37 Ch. 602-603
Chapter 602
သဲမုန်တိုင်းအတွင်း အပြင်းနှင်ခြင်း ၂
ဂျုံး ဂျုံး
ညကောင်းကင်သည် မှင်ရည်များ ဖိတ်စင်ထားသကဲ့သို့ မှောင်မိုက်နေသည်၊၊ ပေါင်းစည်းရထားကြီးသည် ရထားလမ်းပေါ်တွင် ဟိန်းဟောက်ကာ ရှေ့သို့ ပြေးနေသည်၊၊ နဂါးတောင် ၁ ၏ ရှေ့မီးကြီးများသည် သဲတံတိုင်းကြီးအတွင်းသို့ ချက်ချင်းပင် နစ်မြုပ်သွားသည်၊၊ သံမဏိပြားများသည် မုန်တိုင်းအောက်တွင် တဂျစ်ဂျစ်မြည်နေပြီး ရထားတွဲများကို မမြင်ရသော သတ္တဝါကြီးတစ်ကောင်က ဝါးမြိုနေသကဲ့သို့ ရှိနေသည်၊၊
နောက်မှ လိုက်ပါလာသော ယာဉ်တန်းများအတွင်းတွင် ဆူညံသံများ ပြည့်နှက်နေသည်၊၊ RV ယာဉ်တစ်စီးအတွင်း ဟူလုရှို့သည် ဆက်သွယ်ရေးစက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားနေသည်၊၊
“ငါတို့ မှီရဲ့လား… သူတို့ အရမ်းမြန်နေတယ်… မျက်ခြေပြတ်လို့ မဖြစ်ဘူး’’
“လောလောဆယ်တော့ မှီနေတယ်’’
ဆန်းချန်က တိုတိုတုတ်တုတ်ပြန်ဖြေသည်၊၊ ဤယာဉ်များသည် သာမန်ယာဉ်များ မဟုတ်ကြပေ၊၊ ပြန့်ပြူးသော ဂိုဘီလွင်ပြင်တွင် မြန်မြန်မောင်းနိုင်ကြသည်၊၊ သို့သော် တည်ငြိမ်မှုက ပြဿနာရှိသည်၊၊ ပေါင်းစည်းရထားကြီး၏ လက်ရှိအရှိန်ဖြင့်ဆိုလျှင် အနည်းငယ် လမ်းချော်သွားသည်နှင့် မုန်တိုင်းထဲတွင် လမ်းပျောက်သွားရန် သေချာသလောက် ရှိသည်၊၊
ထို့ကြောင့် ကားမောင်းသူများသည် အာရုံစူးစိုက်ထားကြပြီး ရှေ့ဆုံးမှယာဉ်ကို အမြဲစောင့်ကြည့်ကာ အဆက်အသွယ်မပြတ်အောင် လုပ်ဆောင်နေကြရသည်၊၊
မကြာမီပင် ရထားကြီးတစ်ခုလုံးသည် မြွေတောင်ကြားမှ ထွက်လာပြီး ကျယ်ပြန့်သော အာခီစိုင်း စွန့်ပစ်နယ်မြေထဲသို့ ဝင်ရောက်လာသည်၊၊ သဲနှင့်လေက ပြင်းထန်နေပြီး သံဘီးများက တဂျုံးဂျုံးမြည်နေကာ ရထားယာဥ်တန်း ၂၂ စုလုံးသည် ပုံမှန်အရှိန်သို့ ပြောင်းလဲလိုက်ကြသည်၊၊ လင်းရှန်သည် တစ်နာရီ ကီလိုမီတာ ၂၀၀ အထိ အရှိန်မမြှင့်သေးပေ၊၊ မုန်တိုင်းက ပြင်းထန်လွန်းလှသဖြင့် ထို့ထက်မြန်လျှင် အန္တရာယ်ရှိနိုင်သည်၊၊
မုန်တိုင်း မကြာခင် ပြီးဆုံးသွားရန်သာ သူတို့ မျှော်လင့်နေရသည်၊၊
ဤအချိန်တွင် လင်းရှန်က ယာဥ်တန်းခေါင်းဆောင်အားလုံးကို စွန့်ပစ်နယ်မြေ၏ အခြေအနေနှင့် တွင်းနက် နံပါတ် ၅ ရှိ မူမမှန်ခြင်းများကို ရှင်းပြလိုက်သည်၊၊ ချူယန်နှင့် စိတ်ချင်းဆက်သွယ်မိသည်ကိုမူ သူမပြောနိုင်သဖြင့် ဟူလုရှို့နှင့် လူအိုကြီးမိုတို့၏ ကြုံတွေ့ခဲ့ရမှုများ၊ တားမြစ်ပစ္စည်းများ၏ ကောလာဟလများကို ပေါင်းစပ်ကာ သူ၏ ကိုယ်ပိုင်ကောက်ချက်အဖြစ် ပြောလိုက်သည်၊၊ လင်းရှန်သည် သူ၏ ယန္တရားစွမ်းရည်ကို အသုံးပြု၍ အနီရောင်ကမ္ဘာ၏ Ai နှင့် စနစ်ချင်း ချိတ်ဆက်ခဲ့ဖူးသည်ကို သိထားကြသဖြင့် သူဘာကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို အားလုံးက ချက်ချင်း နားလည်သွားကြသည်၊၊
“ဒါဆို မင်းပြောချင်တာက...’’
ဟူလုရှို့၏ ခြေထောက်များ တုန်ရင်နေသည်၊၊
“အနီရောင်ကမ္ဘာက အကောင်တွေ တစ်ခုခုထပ်လုပ်လိုက်လို့… ငါတို့တွေ နောက်ထပ် ဝင်ရိုးစွန်းညနယ်မြေထဲ ရောက်သွားနိုင်တယ်ပေါ့’’
“ငါကတော့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို မယုံဘူး’’
ချီလီက တည်ငြိမ်စွာ ပြန်ဖြေသည်၊၊
“S-Class အဆင့် ကင်းထောက်တစ်ယောက် ဘာလုပ်နိုင်လဲဆိုတာ ငါတို့ မြင်ဖူးပြီးသားပဲ…. ဘာပဲဖြစ်ဖြစ်…ငါက ရထားတွေကို ပိုပြီး သဘောကျလာတယ်။ ဘာမှ စိတ်ပူစရာမလိုပါဘူး—အင်ဂျင်ကို အရှိန်ကုန်မြှင့်ပြီး ပေါ်လာတဲ့ ပြဿနာတိုင်းကို ဖြေရှင်းလိုက်တာပေါ့။ အဆိုးဆုံးအခြေအနေဆိုရင်တော့ ငါတို့ သေကြလိမ့်မယ်’’
နဂါးတောင် ၁ ပေါ်တွင် ရှီတိယွမ်နှင့် နန်ကျင်းတို့သည် လင်းရှန်ပေးပို့သော အချက်အလက်များကို အဖွဲ့များနှင့်အတူ ခွဲခြမ်းစိတ်ဖြာနေကြသည်၊၊ ရှီတိယွမ်က ဆက်သွယ်ရေးစက်ကို နှိပ်လိုက်သည်၊၊
“ဘာပဲဖြစ်ဖြစ်… မြန်မြန်သွားတာ အကောင်းဆုံးပဲ… ချွမ်းချန်ကို အရင်ရောက်အောင်သွားမယ်…. ပြီးမှ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ စဉ်းစားကြမယ်’’
အနန္တရထား၏ သတင်းအချက်အလက် စင်တာတွင် အဓိကအဖွဲ့ဝင်များ စုဝေးနေကြသည်၊၊ လင်းရှန်က ကြေညာလိုက်သည်၊၊
“ရထားကို မရပ်တော့ဘူး…တွဲအားလုံးရဲ့ အလင်းပိတ်လိုက်ကာပြားတွေကို ပိတ်ထားပါ… အပြင်ကို မကြည့်ကြနဲ့… ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ…. ပြေးမယ်…. နဂါးတောင်က ၁ က ရထားလမ်းနဲ့ မောင်းနှင်ပလက်ဖောင်းကို တာဝန်ယူလိမ့်မယ်… စိတ်ဝိညာဉ်လှိုင်းတန်ဖိုး မြင့်မားတဲ့သူတွေကို အလှည့်ကျတာဝန်ပေးထားဖို့ ကျုပ်အကြံပြုတယ်’’
“ကောင်းပြီ”
ရှီတိယွမ်က အော်ပြောသည်၊၊
“နန်ကျင်းနဲ့ ငါက အလှည့်ကျ တာဝန်ယူမယ်… ပြီးတော့ သူဌေးဟူ၊ ကပ္ပတိန်လု၊ ကပ္ပတိန်ရှဲ့၊ မင်းတို့အားလုံးလည်း သတိထားပြီး နောက်ကနေ ကပ်လိုက်ခဲ့ကြ’’
“နားလည်ပြီ’’
“လက်ခံရရှိပါတယ်’’
အရုဏ်မတက်သေးပေ၊၊ တင်းမာမှုများက လွှမ်းမိုးနေသည်၊၊ အနန္တရထားပေါ်တွင် လင်းရှန်က အားလုံးကို ပြောသည်၊၊
“ချွမ်းချန်ကို မရောက်မချင်း သတိအပြည့်ထားကြပါ…’’
အားလုံးက ခေါင်းညိတ်ကြသည်၊၊ လီယီနှင့် လျန်လေးတို့ ဇနီးမောင်နှံက အရင်ပြောသည်၊၊
“စိတ်မပူပါနဲ့ ကပ္ပတိန်လင်း…. နေထိုင်တွဲကို ကျွန်တော်တို့ တာဝန်ယူပါ့မယ်’’
“ကျွန်တော်တို့လည်း အတူတူပါပဲ’’
လော့ယန်နှင့် ရှုချင်းတို့က ပြန်ပြောသည်၊၊
ထို့နောက် အားလုံး ကိုယ့်နေရာကိုယ်ပြန်သွားကြသည်၊၊ လင်းရှန်လည်း 1130 CIWS တစ်ခု တည်ဆောက်ရန် တွဲအမှတ် ၁၂ သို့ သွားခဲ့သည်၊၊
အနန္တ ရထားတွင် လက်ရှိတွင် လက်နက်စခန်းသုံးခု ရှိသည်၊၊ တွဲအမှတ် ၂ ရှိ လျှပ်စစ်သံလိုက်အမြောက်အပြင် တွဲအမှတ် ၁၂ ရှိ တပ်ဆင်ခုံမှာ အသုံးမပြုရသေးဘဲ ရှိနေသည်၊၊ လော့ယန်နှင့် ရှောင်ပိုင်တို့က ထိုနေရာတွင် နေထိုင်ကြသည်၊၊ မနေ့က လင်းရှန်သည် အမိုးပေါ်ရှိ လက်နက်စင်ကို ပြင်ဆင်ထားပြီးဖြစ်ရာ ယခု သေနတ်တပ်ဆင်ရန်သာ လိုတော့သည်၊၊
ယခုအချိန်အထိ အနန္တ ရထားတွင် သံလိုက်အမြောက်နှစ်လက်နှင့် CIWS တစ်လက်ရှိသော်လည်း အလယ်ပိုင်းမှာ ကာကွယ်ရေးအားနည်းနေဆဲဖြစ်သည်၊၊ သံလိုက်အမြောက်နှင့် 1130 တို့မှာ တာဝန်ချင်း မတူကြပေ၊၊ များပြားသော ရန်သူအုပ်စုများ သို့မဟုတ် လျင်မြန်သော ထူးဆန်းသည့် သတ္တဝါများနှင့် ရင်ဆိုင်ရပါက တန်စတင်အူတိုင်ပါသော .၅၀ဘီအမ်ဂျီ ကျည်များကို အသုံးပြုသည့် CIWS ကသာ ကာဗွန်အခြေခံခြိမ်းခြောက်မှုများကို ချေမှုန်းနိုင်မည်ဖြစ်သည်၊၊
အစောပိုင်းက ချူယန်နှင့် စကားပြောခဲ့ရခြင်းမှာ သူတို့ကြားတွင် အကြာဆုံးနှင့် အနီးကပ်ဆုံး စကားပြောဆိုမှု ဖြစ်ခဲ့သည်၊၊ သို့သော် လင်းရှန်သည် လေထဲတွင် အန္တရာယ်အနံ့ကို ရနေဆဲဖြစ်ရာ တုံ့ဆိုင်းနေရန်အချိန်မရှိပေ၊၊
ချူယန်နှင့် တခြားသူ ၆ ယောက်မှာ ပိုင်လုယွမ် နက္ခတ်တာရာကြည့်စခန်းတွင် ဘာလုပ်နေကြသည်ဖြစ်စေ သို့မဟုတ် တွင်းနက်ထဲသို့ ဘာကြောင့် နက်နက်ရှိုင်းရှိုင်းဝင်သွားကြသည်ဖြစ်စေ… ထိုအရာများသည် လောလောဆယ်တွင် လင်းရှန်နှင့် မဆိုင်ပေ၊၊ သူတို့သည် လူသားမျိုးနွယ်ဘက်တွင် ရှိနေဆဲဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း သိထားရုံနှင့် လုံလောက်ပြီ ဖြစ်သည်၊၊ ထိုအသိစိတ်ချင်း ချိတ်ဆက်မှု၏ စစ်မှန်သောဆက်နွှယ်မှုကိုမူ လင်းရှန် တစ်ချိန်ချိန်တွင် ရှာဖွေတွေ့ရှိပါလိမ့်မည်၊၊
အလင်းစနစ်မြင်ကွင်းအောက်တွင် သူ၏လက်ထဲမှ ကုန်ကြမ်းပစ္စည်းများစွာ ပျံထွက်လာပြီး အနန္တရထား၏ ဒုတိယမြောက် 1130 ကာကွယ်ရေးစနစ်ကို စတင်တပ်ဆင်လိုက်သည်၊၊
တွဲအမှတ် ၁၃ တွင် ရှုချင်းတို့အဖွဲ့သည် အလိုအလျောက် ကျည်ခွံဖိစက်ကို အသုံးပြု၍ ကျည်ဖြည့်နေကြသည်၊၊ တွဲအမှတ် ၂၁ ရှိ 1130 တွင် အခြေခံကျည်ဆန်ခါးပတ်သုံးခုအထိ စုဆောင်းထားပြီး ဖြစ်သည်၊၊ သို့သော်လည်း ကျည်ခါးပတ်တစ်ခုမှာ ၇ စက္ကန့်သာ ခံမည် ဖြစ်သည်၊၊ ထို ‘၇ စက္ကန့်’ ဆိုသည်မှာ တကယ်ကို အရေးကြီးသော အချိန်ဖြစ်သည်၊၊ ၇ စက္ကန့်ကြာ ဆက်တိုက်ပစ်ခတ်မှုအောက်တွင် နှင်းတစ္ဆေများနှင့် နှင်းမွန်းစတားလှိုင်းကြီးများကိုပင် အမြစ်ပြတ်အောင်သုတ်သင်ပစ်နိုင်သည်၊၊
ရထားကြီးသည် ကျယ်လောင်စွာ ရှေ့သို့ ပြေးနေသည်၊၊ အပြင်ဘက်ရှိ သဲမုန်တိုင်းမှာ ကီလိုမီတာရာပေါင်းများစွာအထိ ရှည်လျားနေပုံရသည်၊၊ ၃ နာရီကြာသွားသည့်တိုင်အောင် ပတ်ဝန်းကျင်မှာ ဖုန်မှုန့်ဝါများနှင့် ဓားကဲ့သို့ ထက်ရှသော သဲမှုန်များသာ ရှိနေဆဲ ဖြစ်သည်၊၊
ယာဉ်တန်း၏ ရေဒီယိုမှလွဲ၍ ဆက်သွယ်ရေးလှိုင်းအားလုံးမှာ တိတ်ဆိတ်နေသည်၊၊ ပေါင်းစည်းရထားကြီးသည် စွန့်ပစ်နယ်မြေကို အလွန်တိတ်ဆိတ်စွာ ဖြတ်ကျော်နေသည်၊၊ နေ့နှင့်ည၊ အရှေ့နှင့်အနောက်ကိုပင် ခွဲခြား၍ မရတော့ပေ၊၊ ရထားတွဲများအတွင်းတွင် သံချပ်ကာပြားများကို သဲများ ပွတ်တိုက်သံနှင့် သံဘီးများ၏ တုန်ခါသံကိုသာ ကြားနေရသည်၊၊ ရထားလမ်းပေါ်တွင် မီးပွားများ လွင့်စင်နေသည်၊၊ လူ ၅ ထောင်ကျော်သည် ဤယာဉ်တန်းတွင် လိုက်ပါလာကြပြီး အရုဏ်မတက်မီ အမှောင်ဆုံးအချိန်တွင် သူတို့၏ အသည်းအသန် ထွက်ပြေးမှုကို စတင်ခဲ့ကြသည်၊၊ မည်သူမျှ စကားတစ်လုံးပင် မပြောရဲကြပေ၊၊
နံနက် ၉ နာရီ ၃၀ မိနစ်တွင် အရုဏ်တက်လာသည်၊၊
မှောင်မည်းနေသော သဲမုန်တိုင်းသည် ထူထပ်သော အဝါရောင်ကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွားသည်၊၊ နဂါးတောင် ၁ ၏ ထိန်းချုပ်ခန်းတွင် ရှီတိယွမ် ထိုင်နေသည်၊၊ အင်ဂျင်နီယာအဖွဲ့ဝင်အချို့မှာ ရထားလမ်း အာရုံခံကိရိယာများနှင့် ရေဒါများကို တင်းမာစွာ စိုက်ကြည့်နေကြသည်၊၊ မှန်တင်းပေါက်များမှတစ်ဆင့် ရှေ့ရှိ ရထားလမ်းကိုပင် မမြင်ရတော့ပေ၊၊ ရထားသည် စက်ပစ္စည်းများကိုသာ အားကိုး၍ မောင်းနှင်နေရခြင်း ဖြစ်သည်၊၊ လူတိုင်း၏ အာရုံကြောများ တင်းမာနေသည်၊၊ ဤကဲ့သို့ မြန်နှုန်းမြင့်ဖြင့် ၁၅ ကီလိုမီတာ ရှည်သော ယာဉ်တန်းကြီးကို မောင်းနှင်နေစဉ် ရထားလမ်းပျက်စီးနေခြင်း သို့မဟုတ် ကျောက်တောင်ပြိုကျခြင်းတို့ ရှိနေပါက ရထားလမ်းချော်သွားနိုင်သည်၊၊
ဒုန်း၊၊
တင်းမာမှု အမြင့်ဆုံးရောက်နေစဉ် နဂါးတောင် ၁ ၏ အလယ်ပိုင်းမှ ကြီးမားသော တိုက်မိသံကြီး ထွက်ပေါ်လာသည်၊၊ ရထားတစ်တွဲလုံးမှာ ပြင်းထန်စွာ တုန်ခါသွားသည်၊၊ အတွင်းဘက်တွင်မူ ကြီးမားသော အရာတစ်ခုခုက ရထား၏ အပြင်ဘက်ကို အားဖြင့် ဆောင့်လိုက်သကဲ့သို့ ကြားလိုက်ရသည်၊၊
Chapter 603
သဲမုန်တိုင်းအတွင်း အပြင်းနှင်ခြင်း ၃
ရှီတိယွမ်က ဆက်သွယ်ရေးစက်ကို နှိပ်လိုက်ပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်၊၊
“ဘာဖြစ်တာလဲ’’
“ဘော့စ်… အပြင်မှာ တစ်ခုခု ရှိနေတယ်’’
တွဲအမှတ် ၂၀ မှ သတင်းပို့လာသည်၊၊
ဒုန်း၊၊
နောက်ထပ် တိုက်မိသံတစ်ခု၊၊ ယခုတစ်ကြိမ်မှာ နေထိုင်တွဲတစ်ခုဖြစ်သော တွဲအမှတ် ၃၈ တွင် ဖြစ်သည်၊၊ အဖွဲ့ဝင်များ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်၊၊ လက်နက်ကိုင်ဆောင်ထားသူ အားလုံး ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်၊၊ တစ်ခုခု သို့မဟုတ် သတ္တဝါတစ်ကောင်က ရထားတွဲ၏ သံချပ်ကာကို လာဆောင့်နေသည်ကို သူတို့ ခံစားမိသည်၊၊
“အားဖေး’’
နန်ကျင်းဘက်တွင်လည်း သူမသည် အားဖေး၊ ရှောင်ချင်းတို့နှင့်အတူ ထိုတွဲဆီသို့ ပြေးသွားသည်၊၊ အားဖေးက စင်္ကြံတွင် ရပ်နေရင်း အနောက်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောသည်၊၊
“အဲဒီမှာ... မွန်းစတားတစ်ကောင်’’
တီ... တီ... တီ...၊၊
တစ်ချိန်တည်းမှာပင် အနန္တ ရထား၏ တွဲအမှတ် ၃ အတွင်းရှိ သွေးကပ်ဘေးပန်း၏ စိုက်ပျိုးရေးဖန်အိမ်မှ အလင်းရောင်သတိပေးစနစ်က မြည်လာသည်၊၊ အလုပ်တွင် အာရုံစိုက်နေသော တင်းကျန်းရီသည် ချက်ချင်းပင် ခေါင်းမော့ကြည့်ကာ ဆက်သွယ်ရေးစက်ကို လှမ်းယူလိုက်သည်၊၊
“ကျွန်မတို့ အမှောင်အမှတ်အသား အလုပ်ခံလိုက်ရပြီ… အဆင့် ၃ပဲ’’
တွဲအမှတ် ၁၃ တွင် လင်းရှန်သည် ဒါရိုက်တာတင်းထံမှ သတင်းစကားရရှိချိန်မှာပင် ရထားတွဲ၏ ဘေးဘက်မှ ကြီးမားသော ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်၊၊
ဒုန်း၊၊
နေမင်းရထားမှ မန်းဂနီးစ် သံမဏိသံချပ်ကာပြားမှာ အတွင်းဘက်သို့ ချိုင့်ဝင်သွားသည်၊၊ ကျည်ကာမှန်အချို့လည်း ကွဲအက်သွားသည်၊၊ လင်းရှန် 1130 ကို တပ်ဆင်နေသည့် နောက်ဆုံးအချိန်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်၊၊
သူက အော်ပြောလိုက်သည်၊၊
“လော့ယန်”
လော့ယန်သည် သူ၏ စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ ရှေ့သို့ ပြေးထွက်လာသည်၊၊ သူက ကွဲအက်နေသောမှန်များကို ဖယ်ရှားလိုက်ပြီး နီရဲလာသော မျက်လုံးများဖြင့် သံချပ်ကာကြားမှ သဲမုန်တိုင်းကို စိုက်ကြည့်လိုက်သည်၊၊
ဘစ်ဇ်...
စွမ်းအင်တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာသည်၊၊ အပြင်ဘက် သဲဝဲကတော့ကြီးထဲသို့ အနီရောင်အလင်းတန်းတစ်ခုက ပေါက်ကွဲသွားသည်၊၊ မုန်တိုင်းသံထက် ပို၍ စူးရှသော အော်သံတစ်ခုက လေထုကို ဖြတ်သန်းသွားပြီး အမှောင်စွမ်းအင်လှိုင်းတစ်ခု ဝင်ရောက်လာရာ ရထားတွဲအတွင်းရှိ မီးလုံးများမှာ တဖျတ်ဖျတ် ဖြစ်သွားသည်၊၊
“ဒါက ထူးဆန်းတဲ့ သတ္တဝါပဲ’’
လော့ယန်၏ ဝတ်စုံအတွင်းရှိ ဇီဝအာရုံခံကိရိယာမှာ ရူးသွပ်စွာ လည်ပတ်နေသည်၊၊ အပြင်ဘက် သဲမုန်တိုင်းအတွင်းမှ သတိပေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်၊၊
ဝူး...၊၊
တွဲအမှတ် ၂ နှင့် ၆ ရှိ လျှပ်စစ်သံလိုက်အမြောက်များက နေရာယူလိုက်ကြသည်၊၊ တွဲအမှတ် ၂၁ ရှိ ၁၁၃၀ နှင့် ဂတ်တလင်း သေနတ်များစွာကိုလည်း ကီကီ ၏ ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်က စတင်လည်ပတ်လိုက်သည်၊၊
“အပြင်မှာ အကောင်ကြီးတစ်ကောင် ရှိနေတယ်… ပြီးတော့ တစ်ကောင်တည်း မဟုတ်ဘူး’’
ချက်ချင်းပင် ထိခိုက်မှုသတိပေးချက်က ယာဉ်တန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်၊၊ လင်းရှန် ဆက်သွယ်ရေးစက်ကို နှိပ်လိုက်သည်၊၊
“သူဌေးဟူ၊ ကပ္ပတိန်လု…. ညာဘက်ခြမ်းကို ကြည့်ထား… တစ်ခုခုလာနေပြီ’’
“အား...’’
ဟူလုရှို့၏ မျက်နှာဖြူလျော်သွားသည်၊၊ ဦးဆောင်ယာဉ်ပေါ်တွင် ဆန်းချန်က arc+ လျှပ်စစ်ရိုင်ဖယ်နှစ်လက်ကို မလိုက်ပြီး စွမ်းအင်လှိုင်းများ အားသွင်းလိုက်ရာ လက်မောင်းနှစ်ဖက်လုံး လင်းထိန်သွားသည်၊၊
“ဦးတည်ချက် တစ်နာရီမှာ… ပစ်မှတ်အကြီးကြီးပဲ… ပစ်ဖို့ပြင်ထား’’
ဘွန်း…
အနန္တ ရထားပေါ်တွင် လျှပ်စစ်သံလိုက်အမြောက်နှစ်လက်သည် ပြင်းထန်သောသဲများကြားတွင် တိကျစွာ လည်ပတ်သွားသည်၊၊ ရေဒါက ပစ်မှတ်ကို ဖမ်းလိုက်သည်၊၊ အမြောက်ကြီးများ မြင့်တက်လာပြီးနောက်… ဘစ်ဇ် လျှပ်စစ်တန်းနှစ်ခုက ကောင်းကင်ကို ခွဲသွားသည်၊၊
အိုင်ယွန်းပေါက်ကွဲမှုသည် သဲမုန်တိုင်းအတွင်း ပျောက်ကွယ်သွားသည်၊၊ ပျံ့လွင့်နေသော သဲများကြားတွင် လင်းရှန်သည် မြေပြင်ကို တုန်ခါစေလောက်သည့် ကြီးမားသော ခြေသံများကို ကြားလိုက်ရသည်ဟု ထင်လိုက်သည်၊၊ အမည်းရောင် အရိပ်ကြီးတစ်ခုက မုန်တိုင်းအတွင်းမှ အမြန်ပြေးလာနေသည်၊၊
ကီကီ၏ သတင်းအချက်အလက်စင်တာရှိ ကင်းစောင့်စနစ်တွင် သတိပေးချက်တစ်ခု တက်လာသည်၊၊ မီတာပေါင်းများစွာ ကြီးမားသော လက်သည်းတစ်ခုက ရထားတွဲများဆီသို့ ကုတ်ဆွဲလာသည်၊၊
အနန္တရထား၏ သံချပ်ကာအမိုးမှာ တိုက်ခိုက်မှုကြောင့် တုန်ခါသွားသည်၊၊ တွဲအမှတ် ၁၀ မှ ၁၂ အထိ ညာဘက်ခြမ်းရှိ Arc+ ကြိမ်နှုန်းမြင့်စက်များ နိုးထလာသည်၊၊ စူးရှသော အိုင်ယွန်းမီးပွင့်များက လေထုကို လောင်မြိုက်စေသည်၊၊ အနီးနားရှိ သဲများပင်လျှင် အရည်ပျော်ကာ နီရဲသော အရည်များဖြစ်သွားသည်၊၊
ထို့နောက် အနန္တရထားတစ်ခုလုံးမှာ တောင်ကြီးတစ်လုံးနှင့် တိုက်မိသကဲ့သို့ ယိမ်းထိုးသွားသည်၊၊ တွဲအချို့ ဘေးသို့ စောင်းသွားကာ သံမဏိချိတ်ဆက်များဆီမှ အသံများထွက်ပေါ်လာသည်၊၊
အနန္တ ရထားတင်မကဘဲ နဂါးတောင် ၁၊ ဂျိုကာယာဉ်တန်းနှင့် ပေါင်းစည်းယာဉ်တန်း၏ အလယ်ပိုင်းတို့မှလည်း အရေးပေါ်အခြေအနေများကို တစ်ပြိုင်နက်တည်း သတင်းပို့လာကြသည်၊၊
တွဲအမှတ် ၂ တွင် ကီကီ၏ မျက်နှာမှာ တည်ကြည်နေပြီး သူမသည် ကင်းစောင့်စနစ်ကို အသုံးပြုကာ အပြင်ဘက်မှ အမည်မသိ သတ္တဝါကို ခြေရာခံနေသည်၊၊
“သတိထား… လူသားပုံစံပဲ… အနည်းဆုံး မီတာ ၃၀ မြင့်တယ်’’
သူမက လှုပ်ရှားရန် ပြင်ဆင်လိုက်သည်၊၊
တွဲအမှတ် ၆ တွင် တာလို့နှင့် မီးတောက်တို့သည် အဆင်သင့်ဖြစ်နေကြလေပြီ၊၊
“ငါတို့ အနောက်မှာ မဟာမိတ်တွေရှိတယ်နော်… သူတို့ကို မီးမမြိုက်မိစေနဲ့ဦး’’
တာလို့က သတိပေးသည်၊၊
မီးတောက်က ခေါင်းညိတ်ပြသည်၊၊
တွဲအမှတ် ၁၃ တွင် ပျက်စီးနေသော မှန်တင်းပေါက်များမှ လေများ တိုးဝင်နေပြီး သဲများဝင်နေသည်၊၊ PX-05 စက်ရုပ်အချို့မှာ အသစ်တည်ဆောက်ထားသော 1130 ၏ ကျည်ဆန်ခါးပတ်ပိုင်းကို ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်သည်၊၊ လင်းရှန်၏ အမူအရာမှာ တင်းမာနေသည်၊၊ ဘယ်ဘက်လက်က တပ်ဆင်မှုကို အဆုံးသတ်နေပြီး ညာဘက်လက်မှာမူ ပစ်ခတ်ရန် အဆင်သင့်ဖြစ်နေသည်၊၊
“ကပ္ပတိန်လင်း… အဲဒီအကောင်လာနေပြီ’’
ဒုန်း၊၊
မြေပြင် တုန်ခါသွားသည်၊၊ ဧရာမသတ္တဝါကြီးသည် သဲမုန်တိုင်းအတွင်းမှ အရှိန်ပြင်းစွာ ထွက်ပေါ်လာပြီး အနန္တရထားဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်၊၊
ထိုအချိန်တွင် ပေါင်းစည်းယာဉ်တန်းမှ ရွေ့လျားနိုင်သော လက်နက်အားလုံးက ပစ်ခတ်လိုက်ကြသည်၊၊ မီးတောက်များက သဲမုန်တိုင်းကို ဖြတ်သန်းသွားကာ သဲနှင့် မီးတောက်များ ရောယှက်နေသော ငရဲကွင်းပြင်ကြီးသဖွယ် ဖြစ်သွားသည်၊၊
အမည်းရောင် အရိပ်ကြီးမှာ တွဲအမှတ် ၁၃ ဆီသို့ ပြေးဝင်လာစဉ်မှာပင်...
ဂျောက်၊၊ ဝီ...၊၊
လင်းရှန်၏ 1130 စနစ်သစ်မှာ နောက်ဆုံးတပ်ဆင်မှုပြီးစီးသွားသည်၊၊ ကျည်ဆန်မော်တာများ လည်ပတ်သွားသည်၊၊ အမိုးပေါက် ပွင့်သွားပြီး 1130 CIWS နေရာယူလိုက်သည်၊၊ သေနတ်ပြောင်းမှာ အပူရှိန်ကြောင့် နီရဲနေဆဲဖြစ်သော်လည်း စတင်ပစ်ခတ်နေပြီ ဖြစ်သည်၊၊
ဝီး...၊၊
သံမဏိမုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်၊၊ 30 မီလီမီတာ ပြောင်း ၁၁ ခုမှာ တစ်စက္ကန့်လျှင် ၁၆၆ တောင့်နှုန်းဖြင့် ရူးသွပ်စွာ လည်ပတ်နေသည်၊၊ တန်စတင်အူတိုင်ပါသော ကျည်ဆန်များမှာ နတ်ဘုရားလှံများကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ရထားအမိုးပေါ်တွင် နီရဲသော အလင်းတန်းတစ်ခုကို ဖန်တီးလိုက်သည်၊၊
ဧရာမသတ္တဝါကြီးသည် ထိုပစ်ခတ်မှုနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရသည်၊၊ လေထဲသို့ မြှောက်လိုက်သော ၎င်း၏ ဧရာမလက်သည်းကြီးမှာ တစ်စက္ကန့်လျှင် ၁၁၅၀ မီတာ အရှိန်ဖြင့် ပျံသန်းလာသော ကျည်ဆန်များကြောင့် ချက်ချင်းပင် အမှုန်အမွှားဖြစ်ကာ ပျက်စီးသွားသည်၊၊
နာကျင်စွာ အော်ဟစ်သံတစ်ခုက ရထား၏ သံမဏိကြမ်းပြင်ကို တုန်ခါစေသည်၊၊ ၎င်း၏ လက်သည်းပျောက်ကွယ်သွားမှုကြောင့် သတ္တဝါကြီးမှာ သိသိသာသာ နာကျင်သွားပုံရသည်၊၊ သို့သော် လင်းရှန်နှင့် လော့ယန်တို့သည် ထိုအကောင်ကို မောင်းထုတ်နိုင်ပြီဟု ထင်လိုက်ချိန်တွင် အပြင်ဘက်ရှိ သဲမုန်တိုင်းမှာ သိသိသာသာ ပို၍ မည်းမှောင်လာသည်၊၊
အဝေးရှိ ကောင်းကင်ကြီးမှာ လိပ်ခေါက်နေသကဲ့သို့ ဖြစ်ပေါ်လာပြီး လေထုထဲတွင် တွင်းနက်ငယ်လေးတစ်ခု ဖြစ်ပေါ်လာကာ အဝါရောင် အခိုးအငွေ့များကို အမှောင်ထုအတွင်းသို့ ဝါးမြိုပစ်နေသည်၊၊
လင်းရှန်နှင့် လော့ယန်တို့သည် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်၊၊ ထိုဧရာမသတ္တဝါကြီးမှာ တစ်ခုခုကို စတင်လှုပ်ရှားနေခြင်း ဖြစ်သည်၊၊
“မီးတောက်လက်သီး’’
ဝုန်း၊၊
ဧရာမ မီးလုံးကြီးတစ်ခုသည် အဝါရောင်သဲဝဲကြီးအတွင်း ပေါက်ကွဲသွားသည်၊၊ လေနှင့်အတူ လွင့်ပါလာသော မီးတောက်လှိုင်းများက လျင်မြန်စွာ ပြန့်ကားသွားသည်၊၊ မီတာရာပေါင်းများစွာ ကျယ်သော နီရဲသည့် မီးတောက်တိမ်တိုက်ကြီးတစ်ခု ပွင့်ထွက်လာသည်၊၊ အလွန်ပူပြင်းသော လေထုက မုန်တိုင်းအတွင်း ခဏတာ ငြိမ်သက်သောနယ်မြေတစ်ခုကို ဖန်တီးပေးလိုက်သည်၊၊
ထိုအချိန်တွင် လင်းရှန်၊ လော့ယန်နှင့် အနန္တရထားအဖွဲ့ဝင်များနှင့် အမိုးပေါ်တွင် ရပ်နေသော လုရှင်းချန်တို့အားလုံး မြင်လိုက်ရသည်၊၊
ညာဘက်ခြမ်း ဂိုဘီလွင်ပြင်တွင်...
အမည်းရောင်… ခြောက်ကပ်နေသော လျှပ်စစ်များတဖျတ်ဖျတ်ထွက်နေသော ဧရာမလူသားပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင်ဖြစ်သည်၊၊ ပျက်စီးသွားသော ၎င်း၏ ညာဘက်လက်သည်းမှာ ထူးဆန်းသော စွမ်းအင်များဖြင့် ပြန်လည်ဖြစ်ပေါ်လာနေသည်၊၊ ပိုဆိုးသည်မှာ ထိုအကောင်သည် ရွေ့လျားနေသော ရထားဘေးတွင် လေထဲ၌ ပျံသန်းလျက် အရှိန်ချင်းကိုက်ညှိပြီး လိုက်ပါနေခြင်းဖြစ်သည်၊၊
၎င်း၏ ဦးခေါင်းခွံ အလယ်တွင် ဟောင်းလောင်းအပေါက်ကြီးတစ်ခုရှိပြီး ယခုအချိန်တွင် ထူထပ်သော အမည်းရောင်မြူခိုးများ စုစည်းနေသည်၊၊
ထိုအရာသည် အနန္တရထားဆီသို့ ပစ်မှတ်ထားနေသည်၊၊