← Chapters

အခန်း (၆၀၄-၆၀၅)

Vol. 37 Ch. 604-605

အခန်း (၆၀၄-၆၀၅)

Vol. 37 Ch. 604-605

Chapter 604

လူသားပုံသဏ္ဌာန်သတ္တဝါကြီး ၁

ဝူးးးး

လေငြိမ်သက်နေသော ဇုန်သည် ခဏသာကြာလိုက်ပြီးနောက် ပြင်းထန်သော သဲမုန်တိုင်းက တဖန်ဝါးမျိုသွားသည်၊၊ အရှိန်ပြင်းစွာ မောင်းနှင်နေသော ပေါင်းစည်းရထားကြီးသည် ရထားလမ်းပေါ်တွင် သံလမ်းနဲ့ ပြင်းထန်စွာ ထိခတ်နေလေသည်၊၊ ရထားခေါင်မိုးပေါ်တွင်မူ လုရှင်းချန်သည် တိုက်ခတ်နေသော လေပြင်းကို အံတုကာ ရပ်လျက် အဝေးတွင် လွင့်မျောနေသော အမည်းရောင်အရိပ်တစ်ခုကို စိုက်ကြည့်နေသည်။ ထိုဧရိယာတစ်ခုလုံး၏ ကောင်းကင်သည် မီးသွေးကဲ့သို့ မည်းနက်နေပြီး ကြောက်မက်ဖွယ်ကောင်းနေလေသည်။

ဒုန်း ဒုန်း

ပေါင်းစည်းရထား၏ ရထားတွဲတိုင်းသည် အဆင့်ဆင့် တိုက်ခိုက်ခံနေရသည်။ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများသည် ရထားတွဲတစ်ခုလုံးသို့ ရိုက်ခတ်နေပြီး ရထားတွဲအတွင်း၌လည်း ကြိမ်နှုန်းနိမ့်အသံများ မြည်ဟည်းနေသောကြောင့် မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။

လင်းရှန်သည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်စွမ်းအင်များ စုစည်းနေသည်ကို အာရုံခံမိလိုက်ရာ ၎င်း၏ ဖျက်ဆီးလိုသော အရှိန်အဝါမှာ ပိုပြင်းထန်လာသည်၊၊

“မီးတောက်… လော့ယန်… ငါတို့ အဲဒီကောင်ကို အပြတ်ရှင်းရအောင်”

“လာပြီ”

လင်းရှန်သည် Black Hwak တိုက်ပွဲဝင်ဝတ်စုံဖြင့် သဲမုန်တိုင်းကို ဖြတ်ကျော်လျက် ရထားခေါင်မိုးပေါ်သို့ တက်လာခဲ့သည်။ ထိုအချိန်မှာပင် လျှပ်စစ်သံလိုက်အမြောက်နှစ်လက်က တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်။

ဘွန်း ဘွန်း

အလွန်ပူပြင်းသော ကျည်ဆန်များသည် အပြာရောင်စွမ်းအင်တန်းများနှင့်အတူ အနက်ရောင် လူသားပုံသဏ္ဌာန်သတ္တဝါကြီးဆီသို့ ဦးတည်သွားပြီး ထိမှန်ပေါက်ကွဲသွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင်ပင် သဲမုန်တိုင်းထဲမှ တွန့်လိမ်နေသော အနက်ရောင် အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး နံပါတ် ၁၀ ရထားတွဲ၏ ခေါင်မိုးဆီသို့ ဦးတည်လာသည်၊၊

ချက်ချင်းပင် လင်းရှန်နှင့် မီးတောက်တို့သည် ရထားအလယ်တွဲဆီသို့ ဆန့်ကျင်ဘက်အရပ်မှ အပြေးအလွှား ရောက်ရှိလာကြသည်။

“မီးလျှံဓားသွား”

မီးတောက်က အော်ဟစ်လိုက်ရင်း သူ၏ တောက်လောင်နေသော မီးလျှံဓားဖြင့် အနက်ရောင် အလင်းတန်းကို ခုတ်ပိုင်းလိုက်သည်။

ဘစ်ဇ်—

လင်းရှန်၏ ယန္တရားဝတ်စုံမှ ဗို့အားမြင့် လျှပ်စစ်လှိုင်းများ ထွက်ပေါ်လာသည်။ သူသည် သူ၏လက်ဖဝါးကို ရှေ့သို့ဆန့်ထုတ်လိုက်ရာ မီတာအတော်များများ ကျယ်ဝန်းသော AT Field ဒိုင်းကာကြီး ပေါ်ထွက်လာသည်။

ဘန်း

အနက်ရောင် အလင်းတန်းသည် လုရှင်းချန်၏ မီးလျှံဓားကြောင့် နှစ်ခြမ်းကွဲသွားပြီး ကျန်ရှိသော အပိုင်းအစများမှာ လင်းရှန်၏ ဒိုင်းကာနှင့် ထိမှန်ကာ မီးခိုးများအဖြစ် လွင့်စင်သွားသည်။ အလင်းတန်းထိမှန်သွားသော ရထားလမ်းဘေးရှိ ကျောက်ဆောင်များမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားရာ ၎င်းမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဘန်း ဘန်း

လော့ယန်၏ မျက်လုံးများသည် ထိုသတ္တဝါ၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ အနက်ရောင် အလင်းတန်းများမှာ မီးခိုးဗုံးကဲ့သို့ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ သဲဝဲဂယက်ကို ပြိုကွဲသွားစေသည်၊၊

ရှေ့ဘက်တွင်မူ နဂါးတောင် ၁ မှ ထွက်ပေါ်လာသော လေဆာတန်းသည် ကောင်းကင်ကို ဖြတ်သန်းသွားကာ လေထုပင် ပုံပျက်သွားသည်၊၊

ထိုနေရာမှာ နန်ကျင်းနှင့် အားဖေးတို့ ရှိနေသောနေရာဖြစ်ပြီး သူတို့သည် ပြင်းထန်သော တိုက်ပွဲတွင် ပိတ်မိနေကြသည်။

ချွမ်း

ရုတ်တရက် နဂါးတောင် ၁ သည် စောင်းသွားပြီး အနန္တရထား၏ နောက်တွဲနှင့် ချိတ်ဆက်ထားသော ချိတ်မှာ ပြုတ်ထွက်သွားလေသည်။

ဘုရင်မ မိုနီကာရထားမှ လျှပ်စစ်သံလိုက်အမြောက်များနှင့် မီးတောက်သေနတ်များသည် ကောင်းကင်ကို အဆက်မပြတ် ပစ်ခတ်နေသည်၊၊ မိုနီကာ၏ အသံလှိုင်းဓားသွားသည် တောင်ကုန်းတစ်ခုလုံးကို ဖြတ်တောက်လိုက်၏။ သူတို့၏ နောက်တွင် ဂျိုကာယာဉ်တန်းနှင့် နောက်ထပ် ကမ္ဘာပျက်ကပ်ရထားတွဲဆယ်ခုကျော်တို့သည်လည်း ရထားခေါင်းမှ အမြီးအထိ ပစ်ခတ်မှုများ ပြုလုပ်နေကြရာ ရထားယာဥ်တန်းတစ်ခုလုံးသည် ရှေ့တန်းစစ်မျက်နှာတစ်ခုအလားပင်၊၊

ဝူးးးး

လော့ယန်က ခေါင်းကို ပစ်ခတ်ပြီးနောက် ထိုသတ္တဝါကြီးမှာ အမှောင်ကျူးကျော်မှု စွမ်းအင်များပါဝင်သော အော်သံကြီးကို ထပ်မံထုတ်ဖော်လိုက်သည်။ သံလိုက်အမြောက်နှစ်လက်သည် ဝဲလည်နေသော သဲများထဲသို့ ဆက်တိုက်ပစ်ခတ်နေသည်။

တစ်ချိန်တည်းမှာပင် နံပါတ် ၂ ရထားတွဲမှ ငွေရောင်ဓားသွား ရာပေါင်းများစွာသည် ကောင်းကင်သို့ ပျံတက်သွားသည်။ ကီကီသည် လေထဲတွင် ဝဲပျံနေပြီး သူမ၏ ပတ်ပတ်လည်တွင် လေနှင့်အတူ လွင့်မျောနေသော ဓားသွားနှစ်ရာရှိနေသည်။

“အဲဒီကောင်က သွေးမထွက်ဘူး… သဲတွေနဲ့ လုပ်ထားသလိုပဲ… သူ့ခေါင်းကို ဖြတ်လိုက်ရင်တောင် သေမယ့်ပုံ မရဘူး”

လော့ယန်၏ ရေဒါသည် လေထဲတွင် လွင့်မျောနေသော သဲလူသားပုံသဏ္ဌာန်ကို ပုံဖော်လိုက်သည်။ သူတို့၏ တိုက်ခိုက်မှုကြောင့် ရရှိထားသော ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်လာပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်အပိုင်းအစများ ပြန်ဆက်သွားကြသည်။ လျှပ်စစ်သံလိုက်အမြောက်များသည် ထိရောက်မှု မရှိသလို ဖြစ်နေသည်။

၎င်းကို မြင်သောအခါ လင်းရှန်သည် ဆွဲငင်အားမှန်ဘီလူးကို သုံးရန် အစီအစဉ်ကို ဖျက်လိုက်သည်။ သူက ဆက်သွယ်ရေးစနစ်မှတစ်ဆင့် အမိန့်ပေးလိုက်သည်၊၊

“သူ့မှာ အားနည်းချက်မရှိရင်လည်း အမှုန့်ဖြစ်သွားအောင် ပစ်ကြ”

ကျည်ဆန်များ ကုန်ဆုံးသွားမည် ဖြစ်သော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ ထိုအနက်ရောင် အလင်းတန်းသည် အခြားရထားတွဲတစ်ခုကို ထိမှန်သွားပါက အကျိုးဆက်မှာ အလွန်ဆိုးရွားပေလိမ့်မည်။

“သတိထား… နောက်ထပ် လာနေပြန်ပြီ”

နဂါးတောင် ၁ ပေါ်မှ ရှီတိယွမ်၏ အသံ ထွက်ပေါ်လာသည်။

ဘန်းးး

Meteor-3 စနိုက်ပါသေနတ်သံသည် လေထုကို ဖြတ်သန်းသွားသည်။ ရထားနောက်တွဲ ခေါင်မိုးပေါ်မှ ချန်ဆီရွှမ်သည် အဖြူရောင်စွမ်းအားဝတ်စုံဖြင့် ရှေ့သို့ ပြေးထွက်လာသည်။ သူ၏ မြင်ကွင်းတွင် သတိပေးချက်များ လင်းလက်နေသည်။

“လင်းရှန်… လော့ယန်… ပစ်မှတ်က သုံးနာရီ၊ ကိုးနာရီနဲ့ တစ်ဆယ့်တစ်နာရီအရပ်မှာ ရှိနေတယ်”

ဆွစ် ဆွစ် ဆွစ်—

သဲထဲမှ တိုးဝှေ့လာသော အသံများ ထွက်ပေါ်လာသည်။ လော့ယန်က နောက်ဘက်သို့ ပစ်ခတ်လိုက်သည်။

ဘစ်ဇ်

ပေါက်ကွဲမှုမှာ မီတာအနည်းငယ်အကွာတွင် ဖြစ်ပွားခဲ့ပြီး သူ့ကို လေထဲသို့ လွင့်စင်သွားစေသည်။ သူ၏ စွမ်းအားဝတ်စုံက တုံ့ပြန်မှုစနစ်ကြောင့် သူသည် လေထဲတွင် တစ်ပတ်လှည့်ကာ ရထားခေါင်မိုးအစွန်းပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။

ထို့နောက်တွင်မူ ပုပ်ဟောင်သောအနံ့ဆိုးနှင့်အတူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အသားအပိုင်းအစများကို မြင်လိုက်ရသည်။ ရထားခေါင်မိုးပေါ်သို့ တွားသွားတက်လာသည့်အရာက… ပင့်ကူခြေထောက်များပါသော ပိုးကောင်ကြီးဖြစ်ပြီး ၎င်း၏ ဝမ်းဗိုက်တွင် ဥများတွဲလောင်းကျနေသည်။ ချွန်ထက်သော အစွယ်များဖြင် ပါးစပ်ကြီးသည် ပေါက်ကွဲမှုကြောင့် တစစီဖြစ်ကာ သဲမုန်တိုင်းထဲသို့ ပြုတ်ကျသွားသည်။

ထိုသို့သော သတ္တဝါများသည် အရပ်မျက်နှာအသီးသီးမှ ပေါ်ထွက်လာပြီး ရထား၏ ဘေးဘက်နှင့် ခေါင်မိုးများပေါ်သို့ ခုန်တက်လာကြသည်။ ၎င်းတို့သည် အလွန်မြန်ဆန်ပြီး ခြေထောက်များမှာ လွှသွားများကဲ့သို့ လည်ပတ်နေသည်။ ချန်ဆီရွှမ်သည် ၎င်းတို့ထဲမှ နှစ်ကောင်ကို ပစ်ချလိုက်သော်လည်း ၎င်းတို့၏ ဥများ ပေါက်ကွဲသွားကာ လက်မအရွယ် အခွံမာ အကောင်ငယ်လေးများနှင့် အနက်ရောင် အရည်များပန်းထွက်လာသည်။ ထိုအကောင်ငယ်လေးများသည် လေထဲတွင် ပျံသန်းကာ လူများဆီသို့ တိုးဝင်လာကြသည်။

အကောင်တစ်ကောင်သည် လင်းရှန်၏ လက်မောင်းသို့ ပြေးဝင်လာသည်။ ချက်ချင်းပင် ၎င်းသည် စွမ်းအားဝတ်စုံ၏ အဆက်များထဲသို့ တိုးဝင်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသည်။

ဝီ

စွမ်းအားဝတ်စုံမှ လျှပ်စစ်လှိုင်းများ ထွက်ပေါ်လာပြီး ထိုအကောင်များကို ပြာဖြစ်အောင် လုပ်လိုက်သည်။

၎င်းကို မြင်သောအခါ လင်းရှန်က အော်ဟစ်လိုက်သည် -

“စွမ်းအားဝတ်စုံမရှိတဲ့သူတွေ အထဲမှာပဲ နေကြ… ပြတင်းပေါက်တွေကို ပိတ်ထားပြီး အဲဒီပိုးကောင်တွေကို သတိထားကြ”

“သူတို့ရဲ့ ဥအရည်တွေက သံမဏိကိုတောင် တိုက်စားနိုင်တယ်”

ရှုချင်းက နောက်ထပ် အကောင်တစ်ကောင်ကို ပစ်ချရင်း အော်ပြောလိုက်သည်။ ဥအရည် ထိမှန်သွားသော နေရာများတွင် မီးခိုးများ ထွက်လာပြီး သတ္တုများကို တိုက်စားနေသည်။

ဝီး ဝီး ဒက် ဒက် ဒက် ဒက်

1130 CIWS စက်သေနတ်များနှင့် ဂတ်တလင်သေနတ်များသည် ရထား၏ ဘေးနှစ်ဖက်လုံးမှ ပစ်ခတ်လိုက်ကြသည်။

“မီးတောက်လက်သီး”

လုရှင်းချန်သည် မီးတောက်တံတိုင်းကြီးကို ဖန်တီးကာ နံပါတ် ၁၀ ရထားတွဲ၏ ရှေ့နှင့်နောက်ကို ကာကွယ်ပေးလိုက်သည်။

ရွှပ် ရွှပ် ရွှပ်

အနန္တရထား၏ အရှေ့ဘက်တွင်မူ ကီကီသည် သူမ၏ ဓားသွား ၂၀၀ ကို ဝဲဂယက်တစ်ခုကဲ့သို့ လည်ပတ်စေကာ ရောက်လာသော ပိုးကောင်များကို အပိုင်းပိုင်းဖြတ်တောက်လိုက်သည်။

“အဖွဲ့ခွဲပြီး ရထားတွဲတွေကို ကာကွယ်ကြ”

လင်းရှန်က အမိန့်ပေးလိုက်သည်။

ရှုချင်း၊ လုချန်၊ မြောင်လု၊ လီကွမ်းဝမ်၊ အာမင်နှင့် လိုလိုတို့သည် အထီးကျန်ဝံပုလွေ စွမ်းအားဝတ်စုံများဖြင့် ရထားခေါင်မိုးပေါ်သို့ တက်လာကြသည်။ စွမ်းအားရှင်များဖြစ်ကြသော လျန်လေးနှင့် တာလို့တို့သည် အလိုအလျောက်တံခါးများကို ဖွင့်လိုက်ကြသည်။ လူတိုင်းသည် ရထားကြီးတစ်ခုလုံးကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်နေကြသည်။

ဝူး ဝူး

လင်းရှန်၏ နောက်တွင် လျှပ်စီးသိန်းငှက် ဒရုန်းအစင်း ၂၀ သည် ပျံသန်းနေပြီး ရန်သူများကို အလိုအလျောက် ပစ်ခတ်နေသည်။ လင်းရှန်သည် သူ၏ အနက်ရောင်လှံရှည်ကို လူသားပုံသဏ္ဌာန် သတ္တဝါကြီးဆီသို့ ပစ်လွှတ်လိုက်ကာ စွမ်းအင်အရင်းအမြစ်ကို စကင်ဖတ်လိုက်သည်။

လှံရှည်သည် သတ္တဝါ၏ ခန္ဓာကိုယ်ကို သဲမှုန့်များအား ဖြတ်သန်းသွားသကဲ့သို့ အလွယ်တကူ ဖောက်ထွက်သွားသည်။

Chapter 605

လူသားပုံသဏ္ဌာန်သတ္တဝါကြီး ၂

ဝုန်း ဝုန်း ဝုန်း

လူသားပုံသဏ္ဌာန် သတ္တဝါကြီး၏ ဦးခေါင်းမှာ ထပ်မံ ပေါက်ကွဲသွားသော်လည်း ပြန်လည်ကောင်းမွန်လာကာ အနန္တရထားဆီသို့ ဆက်လျှောက်လာသည်။

လေထုအတွင်းမှ ဖိအားလှိုင်းကြီးသည် သဲမုန်တိုင်းအတွင်းမှ ထွက်ပေါ်လာပြီး လူတိုင်းကို ရိုက်ခတ်သွားသည်။

“သတိထားကြ”

သူ၏ လှံရှည်ကို ပြန်သိမ်းလိုက်ရင်း လင်းရှန် ဇဝေဇဝါဖြစ်သွားသည်။ ထိုသတ္တဝါမှာ အသွေးအသားနှင့် ဖွဲ့စည်းထားပုံ မရသော်လည်း ပျံသန်းနိုင်၊ ပြေးနိုင်သည်မှာ ယုတ္တိမရှိပေ။

“သူ့ကို အပိုင်းပိုင်းဖြစ်အောင် ပစ်ကြ”

ကီကီနှင့် လုရှင်းချန်တို့သည် လေထဲသို့ ပျံတက်သွားပြီး ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ 1130 စက်အမြောက်များသည် ကျည်ဖြည့်ပြီးနောက် သဲမုန်တိုင်း၏ ဗဟိုဆီသို့ ချိန်ရွယ်လိုက်ကြသည်။

“နတ်ဘုရားအင်ပါယာမီးတောက်”

လုရှင်းချန်၏ အနန္တလက်စွပ်သည် သူ၏လက်ထဲတွင် လည်ပတ်နေသည်။ အပြာရောင်မီးတောက်များ ထွက်ပေါ်လာကာ ကောင်းကင်ကိုပင် လောင်ကျွမ်းနိုင်သော ဧရာမ မီးလုံးကြီးဖြစ်သွားပြီး အနက်ရောင် အရိပ်ကြီးကို ထိမှန်သွားသည်။

ဗုန်း

ထိုမီးတောက်ကြီးသည် သဲမုန်တိုင်းကို လွင့်စင်သွားစေပြီး မြေပြင်ကို လောင်ကျွမ်းစေသည်။ ထိုအလင်းရောင်အောက်တွင် မြေကြီးထဲမှ ထွက်လာသော ပိုးကောင်များနှင့် အနက်ရောင် လူသားပုံသဏ္ဌာန် သတ္တဝါကြီးက ပြန်တိုက်ခိုက်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။

“ဟမ့်”

ခရမ်းရောင်ဆံပင်များ လွင့်မျောနေကာ တလက်လက်ဖြစ်နေသော မျက်လုံးများဖြင့် ကီကီသည် တစ်ကိုယ်လုံးကို စိတ်စွမ်းအင်ဒိုင်းကာဖြင့် ကာကွယ်ကာ သူမ၏ လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ငွေရောင်ဓားသွား ၂၀၀ သည် ကျည်ဆန်များကဲ့သို့ ပြေးထွက်သွားကာ သဲနှင့် မီးများကို ဖြတ်သန်းလျက် ပွတ်တိုက်မှုကြောင့် နီရဲတောက်လောင်နေသည်။

ရွှစ်—

သတ္တုများကို ဖြတ်တောက်လိုက်သော ကြောက်မက်ဖွယ်အသံကြီး ထွက်ပေါ်လာပြီး ဓားသွားလှိုင်းကြီးသည် ထိုသတ္တဝါကို အပိုင်းပိုင်းဖြတ်တောက်လိုက်သည်။ သံလိုက်အမြောက်များနှင့် 1130 စက်အမြောက်များကလည်း ဝိုင်းဝန်းပစ်ခတ်ကြရာ သတ္တဝါကြီးသည် တစ်စစီများဖြစ်သွားလေသည်၊၊

ဝုန်း

ထူးဆန်းသည့် သတ္တဝါ၏ စွမ်းအင်ကြောင့် မီးတောက်များ ပေါက်ကွဲထွက်လာသည်။ လူတိုင်း စွမ်းအားဝတ်စုံများဖြင့် ကာကွယ်လိုက်ကြသည်။ ထိုမီးတောက်ထဲမှ အနက်ရောင် အသားစများ လောင်ကျွမ်းနေသည်ကို ရေဒါတွင် မြင်နေရပြီး ၎င်းမှာ အနက်ရောင်ဒြပ်စင်များဖြင့် ဖွဲ့စည်းထားသည့်နှယ် ရှိနေသည်။

ချန်ဆီရွှမ်သည် Meteor-3 ကို ကိုင်ဆောင်ကာ အသားစကြီးများကို ဆက်တိုက်ပစ်ခတ်နေသည်။

သို့သော် သူမ၏ ဆင့်ကဲတိုးတတ်လာသော အမြင်အာရုံဖြင့် ကြည့်လိုက်သောအခါ ထိုအပိုင်းအစများသည် ကီကီ၏ စိတ်စွမ်းအင်ဖြင့် ဆွဲယူသကဲ့သို့ ပြန်လည်စုစည်းနေသည်ကို သတိထားမိလိုက်သည်။

သူမ မျက်မှောင်ကြုတ်သွားကာ ထိုအစုအဝေးဆီသို့ နောက်ထပ်သုံးချက် ဆက်တိုက်ပစ်လိုက်သည်။ ကျည်ဆန်များသည် လေနှင့် သဲများကို ဖြတ်သန်းသွားကာ လမ်းကြောင်းတစ်ခု ပွင့်သွားရာ မျက်လုံးအိမ်များဖြင့် ဖွဲ့စည်းထားသော အလုံးကြီးကို မြင်လိုက်ရသည်။ မျက်လုံးအိမ်တစ်ခုချင်းစီမှာ လည်ပတ်နေပြီး အနက်ရောင် အပိုင်းအစများကို ဆွဲအားတစ်ခုဖြင့် ပြန်လည်စုစည်းနေခြင်း ဖြစ်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသတ္တဝါသည် သူ၏ ခန္ဓာကိုယ်၊ ကျောရိုးနှင့် အသားများကို လူသားပုံသဏ္ဌာန် ပြန်လည်ဖန်တီးလိုက်သော်လည်း ၎င်းမှာ အလွန်ပင် ရုပ်ဆိုးလှသည်။

ထိုမြင်ကွင်းကြောင့် ချန်ဆီရွှမ်၏ မျက်လုံးများ ထက်ရှသွားကာ ဆက်သွယ်ရေးလိုင်းထဲသို့ အော်ပြောလိုက်သည်။

“တကယ့် ခန္ဓာကိုယ်အစစ်က ရင်ဘတ်ထဲမှာ… တစ်မီတာဝန်းကျင်လောက်ရှိတဲ့ အလုံးကြီးပဲ… လူသားပုံသဏ္ဌာန်က သံချပ်ကာလို ကာကွယ်ထားတယ်”

သူမသည် အဘယ်ကြောင့် ထိုသို့ နှိုင်းယှဉ်မိသည်ကို မသိသော်လည်း ၎င်းမှာ အလွန်ပင် မှန်ကန်လှသည်။

“ဘာ”

“ခွေးxxx”

“အဲဒါ ဘာကောင်ကြီးလဲ”

“ငါတို့ အဲဒီကောင်ရဲ့ အခွံကို ဖျက်စီးပြီး အမြုတေအူတိုင်ကို ပစ်ရမယ်”

“အားလုံး ပစ်ကြ”

ဆက်သွယ်ရေးလိုင်းပေါ်မှ ခေါင်းဆောင်အားလုံးက ပြင်းထန်စွာ တုံ့ပြန်လိုက်ကြသည်။

လင်းရှန်လည်း နားလည်သွားသည်။ ထိုသတ္တဝါ၏ လက်သည်းများသည် သဲဖြင့် လုပ်ထားသည်ဟု ဆိုရအောင်လည်း အလွန်ပင် သန်မာလွန်းသည်။ ၎င်းသည် ပြန်လည်တည်ဆောက်ချိန်တွင်သာ လေထဲတွင် ဝဲနေပြီး ခန္ဓာကိုယ် အပြည့်အစုံဖြစ်သွားချိန်တွင် ပြေးလွှားနေသည်မှာ ပုံသဏ္ဌာန်ပြောင်းလဲတိုင်း စွမ်းအင် အမြောက်အမြားကုန်ဆုံးနေသည်ကို ညွှန်ပြနေသည်။

“အရင်ဆုံး သူ့အသားတွေကို ဖျက်ဆီးပစ်”

ဒက် ဒက် ဒက်

အနန္တရထားပေါ်မှ သေနတ်သံများ ပြင်းထန်နေကာ ပိုးကောင်လှိုင်းလုံးကြီးကို နှိမ်နင်းနေသည်။

“ကီကီ၊ လော့ယန် သူ့ကို ဒီအတိုင်းလေး ထိန်းထားပေး… ငါ့ရဲ့ တတိယလှိုင်းကို စောင့်”

ယန္တရားနှလုံးသားကို အသုံးပြုလျက် လင်းရှန်သည် 1130 စက်သေနတ်များအတွက် တတိယအကြိမ် ကျည်ဖြည့်ရန် ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဒရုန်းများသည် ပိုးကောင်များကို လိုက်လံ ပစ်ခတ်နေပြီး သူ၏ ယန္တရားအမြောက်သည် မိုနီကာနှင့် ဂျိုကာယာဉ်တန်းများကို ကူပစ်ပေးနေသည်။

ဘစ်ဇ် ဘစ်ဇ် ဘစ်ဇ်

လေထုထဲတွင် အေးစက်သောတုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ လင်းရှန် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ထိုသတ္တဝါကြီးမှာ ယခုတစ်ခေါက်တွင် ရှေ့သို့ တိုးမလာသည်ကို သတိထားမိလိုက်သည်။ အနက်ရောင်မြူခိုးများသည် သဲထဲတွင် ပျံ့နှံ့နေသည်။

ထူးဆန်းသည့် သတ္တဝါသည် ၎င်း၏ အလင်းတန်းကို နောက်တစ်ကြိမ် အသုံးပြုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဖာ့ခ်… သေစမ်း…. သူ့ခေါင်းကို ပစ်ချလိုက်တော့”

လင်းရှန် အော်လိုက်သည်။

လော့ယန်နှင့် ကီကီတို့လည်း တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်၊၊ သံလိုက်အမြောက်နှစ်လက်သည် ဝဲလည်နေသော သဲမုန်တိုင်းဆီသို့ ချိန်ရွယ်ကာ အပြာရောင်အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။

“ကပ္ပတိန်လင်း… ဒီကောင်က ပုန်းနေတယ်”

လော့ယန်က စိုးရိမ်တကြီး ပြောလိုက်သည်။ သူ၏ လေဆာအလင်းတန်းများက လွဲချော်နေသည်။

ကီကီ၏ ငွေရောင်ဓားသွားများသည် သဲမုန်တိုင်းထဲတွင် ပြင်းထန်စွာ လည်ပတ်နေသော်လည်း ထိုသတ္တဝါရှိသည့်နေရာကို အတည်မပြုနိုင်ပေ။ ထိုသတ္တဝါ နောက်ဆုတ်သွားသည်နှင့်အမျှ ကောင်းကင်ကြီးသည် မှောင်မိုက်လာသည်။

တီ တီ တီ

သူတို့၏ စွမ်းအားဝတ်စုံများက ပစ်မှတ်မှာ ဝေးကွာသွားပြီး စွမ်းအင်ဖြည့်တင်းနေကြောင်း ပြသနေသည်။

“ကျွန်မတို့ သူ့ကို ချိန်လို့မရဘူး…. သူက နောက်ဆုတ်သွားပြီး စွမ်းအင်ပြန်ဖြည့်နေတယ်”

ချန်ဆီရွှမ်၏ အမူယာက လေးနက်နေသည်၊၊

သူမ၏ တင့်ဖျက်ကျည်ဆန်များနှင့် သံလိုက်အမြောက်များက ၎င်းကို ထိမှန်နေသော်လည်း စွမ်းအင်စုစည်းမှုကို မတားဆီးနိုင်ပေ။ ထူးဆန်းသည့် သတ္တဝါသည် ပထမတစ်ခေါက်ကို သင်ခန်းစာယူသွားပုံရသည်။ ယခုအခါ ၎င်းသည် သဲမုန်တိုင်းထဲတွင် ကိုယ်ယောင်ဖျောက်နေလေသည်။

“အတော်လေး ပါးနပ်တဲ့ အကောင်ပဲ”

“အစ်ကိုလင်း”

လုရှင်းချန် ပြေးလာသည်။

“ကျွန်တော် သဲမုန်တိုင်းထဲမှာ လမ်းကြောင်းဖွင့်ပေးမယ်… အဲဒီအချိန်ကျရင် အကုန်လုံးတိုက်ကြ”

“လုပ်လိုက်တော့”

လင်းရှန်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။ သဲမုန်တိုင်းထဲတွင် ပုန်းနေသော ထိုအကောင်မှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။ အကယ်၍ ၎င်းသာ နောက်ထပ် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပါက ရထားကြီးသည် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“မီးတောက်…နင်လမ်းဖွင့်လိုက်တာနဲ့ ငါ သူ့ကို ဖမ်းချုပ်ထားမယ်…. ကျန်တဲ့သူတွေက ရင်ဘတ်ထဲက အမြုတေကို ပစ်ကြ”

ကီကီ မာန်သွင်းလိုက်သည်။ သူမသည် ဓားသွားများအားလုံးကို ပြန်သိမ်းကာ လေထဲသို့ ပျံတက်ပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်သည်။

ဘုန်း

ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ အနက်ရောင် အလင်းတန်းသည် ယခင်ကထက် ပိုမိုပြင်းထန်ပြီး အမှောင်စွမ်းအင်များ ပါဝင်နေကာ လူတိုင်းကို စိမ့်တတ်သွားစေသည်။

သို့သော် ထိုအချိန်မှာပင် သဲမုန်တိုင်းထဲမှ အနက်ရောင်မြူခိုးများ အမြောက်အမြားထွက်ပေါ်လာသည်ကို လူတိုင်း သတိပြုမိလိုက်သည်။ တစ်ချိန်တည်းမှာပင် နားကွဲလုမတတ် စူးရှသောအော်သံကြီး ပေါ်ထွက်လာသည်။

အနက်ရောင်ဒီရေများ တိုးဝင်လာသကဲ့သို့ သဲမုန်တိုင်းတစ်ခုလုံး မည်းမှောင်သွားကာ အလင်းရောင်ပင် ပျောက်သွားသည်။ လင်းရှန်မျက်နှာပျက်သွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်၊၊

“တိုက်ကြတော့”

“နတ်ဘုရားကောင်းကင်မီးတောက် ဆင်းသက်ခြင်း”

လုရှင်းချန်သည် မီးလုံးကြီးတစ်ခုကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားပြီး လေထဲတွင် အရှိန်အဟုန်ဖြင့် လည်ပတ်လိုက်သည်။ သူသည် မီးတောက်ဝဲဂယက်ကြီးကို ထုတ်လွှတ်လိုက်ရာ နီရဲသော မီးတောက်လှိုင်းကြီးမှာ ကောင်းကင်မှ ကျဆင်းလာကာ သဲမုန်တိုင်းထဲတွင် လမ်းကြောင်းတစ်ခုဖြစ်ပေါ်သွားစေသည်။ အပူလှိုင်းများကြောင့် သဲပွင့်များသည် ကောင်းကင်သို့ လွင့်ပျံကုန်သည်။

ထိုအချိန်တွင် အနက်ရောင် အလင်းများကို စုစည်းနေသော ဧရာမသတ္တဝါကြီးသည် သဲများကြားမှ ပြန်လည်ပေါ်ထွက်လာသည်။ ထိုအခွင့်အရေးကို အသုံးချကာ ကီကီသည် သူမ၏ ငွေရောင်ဓားသွားများကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ သူမ၏ ဘယ်ဘက်လက်မှ စိတ်စွမ်းအင်ဖြင့် သတ္တဝါ၏ လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး ညာဘက်လက်ဖြင့် ဓားသွားလှိုင်းများကို အသုံးပြုကာ ၎င်း၏ ခြေလက်များနှင့် ဦးခေါင်းကို အလွှာလိုက် ဖြတ်တောက်လိုက်သည်။ ၎င်း၏ ကြီးမားသော ဖိအားကြောင့် ဓားသွားအချို့ ပျက်စီးသွားသော်လည်း အသားစများနှင့် သတ္တုချင်းထိတွေ့မှုကြောင့် မီးပွားများ လွင့်စင်နေသည်။

All Chapters