← Chapters

အခန်း (၆၀၆-၆၀၇)

Vol. 37 Ch. 606-607

အခန်း (၆၀၆-၆၀၇)

Vol. 37 Ch. 606-607

Chapter 606

လူသားပုံသဏ္ဌာန်သတ္တဝါကြီး ၃

တစ်ချိန်တည်းမှာပင် လော့ယန်နှင့် 1130 စက်သေနတ်နှစ်လက်သည်လည်း ပြင်းထန်စွာ ပစ်ခတ်လိုက်ရာ သတ္တဝါ၏ ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားသည်။ အတွင်းပိုင်းရှိ မျက်လုံးအိမ်အမြုတေလုံးသည် ထွက်ပြေးရန် ကြိုးစားရင်း အသားစများကို ပြန်လည်စုစည်းနေသည်၊၊

ရွှစ်

လင်းရှန်က သံလိုက်တွန်းကန်စနစ် ပါဝင်သော အနက်ရောင်လှံရှည်ကို သဲမုန်တိုင်းကို ဖြတ်ကျော်ကာ ပစ်လွှတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းသည် မီတာရာပေါင်းများစွာ အကွာဝေးရှိ မျက်လုံးအိမ်အမြုတေလုံးကို ပစ်မှတ်ထားကာ ပြေးဝင်သွားသည်။ ထိုအမြုတေကို ထိတော့မည့် အချိန်တွင် အနက်ရောင်အသားစများက ကာကွယ်ရန် ရောက်ရှိလာသည်။

သတ္တဝါသည် ထိမှန်မည့်နေရာကို မာကျောအောင် လုပ်လိုက်သော်လည်း လင်းရှန်၏ လှံရှည်သည် အလွန်ပြင်းထန်သဖြင့် အသားစများကို ဖောက်ထွက်ကာ မျက်လုံးအိမ်ထဲသို့ စိုက်ဝင်သွားလေသည်။

အနက်ရောင်သွေးများ ပန်းထွက်လာသည်။ မျက်လုံးအိမ်အမြုတေလုံးသည် ထပ်မံ ထွက်ပြေးရန် ကြိုးစားသော်လည်း လင်းရှန်က လှံရှည်တွင် တပ်ဆင်ထားသော ချိတ်များကို အဝေးထိန်းစနစ်ဖြင့် ဖွင့်လိုက်ရာ ၎င်းမှာ ငါးမျှားချိတ်ဖြင့် မိနေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။

မျက်လုံးအိမ်များမှာ ပြင်းထန်စွာ လည်ပတ်နေပြီး အနက်ရောင်သွေးများမှာ စီးကျနေသည်။

“လင်းရှန်… သူ့ကို မလွတ်သွားစေနဲ့”

ကီကီက အော်ဟစ်လိုက်ရင်း ပြန်လည်စုစည်းရန် ကြိုးစားနေသော အသားစများကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လုရှင်းချန်ကလည်း ကီကီကို ဝိုင်းရံလာသော ပိုးကောင်များအား မီးတောက်များဖြင့် တားဆီးပေးထားသည်။

လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားကို အသုံးပြုလိုက်ရာ လျှပ်စစ်သံလိုက်အမြောက်နှစ်လက်က ထိုအလုံးကြီးဆီသို့ ချိန်ရွယ်လိုက်သည်။ ၎င်းတို့၏ စွမ်းအင်ကွင်းများမှာ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။

ဘွန်း ဘွန်း

အပြာရောင်စွမ်းအင်တန်းနှစ်ခု ပေါက်ကွဲထွက်လာသည်။ မျက်လုံးအိမ်အမြုတေသည် အန္တရာယ်ကို ခံစားမိသွားက မျက်လုံးအားလုံးက ထိုအလင်းတန်းများဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ဘန်း ဘန်း

အနက်ရောင် အသားစများက အမြုတေကို ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း သံလိုက်အမြောက်၏ အရှိန်အဟုန်မှာ မျက်လုံးအိမ်များကို ချက်ချင်းပင် ကြေမွသွားစေသည်။ အနက်ရောင်သွေးများနှင့် အသားစများ လေထဲတွင် လွင့်စင်သွားပြီး ထိုသတ္တဝါမှာ ထိန်းချုပ်မှုကင်းမဲ့ကာ အောက်ဘက်ရှိ ဂိုဘီသဲကန္တာရထဲသို့ ဥက္ကာခဲများကဲ့သို့ ပြုတ်ကျသွားသည်။

ဘုန်း

ဧရာမ အနက်ရောင် အသားပုံကြီးသည် သဲထဲသို့ ကျသွားကာ ဖုန်မှုန့်များ ထသွားစေသည်။ အချို့သော အသားစများမှာ တွန့်လိမ်လှုပ်ရှားနေသော်လည်း သိပ်မကြာခင် ကြေမွသွားလေသည်။ အနက်ရောင်အသားလွှာ၏ အောက်တွင်မူ ထောင်ပေါင်းများစွာသော လူသေအလောင်းများဖြင့် ပြုလုပ်ထားသည့်နှယ် ကြောက်မက်ဖွယ်ကောင်းသော အသားမျှင်များကို တွေ့ရသည်။ လေထုထဲတွင်လည်း ညှီစော်နံသော သွေးနံ့များ ဖုံးလွှမ်းသွားသည်။

“ပစ်မှတ် ကျသွားပြီ”

ကီကီက အော်ပြောလိုက်သည်။

သို့သော် လင်းရှန် အမောပင် မဖြေရသေးမီ ရထား၏ နောက်ဘက် အဝေးတစ်နေရာတွင် အနက်ရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ရုတ်တရက် ဆက်သွယ်ရေးစနစ်မှ ယာဉ်တန်းခေါင်းဆောင်တစ်ဦး၏ တုန်လှုပ်ချောက်ချားနေသောအသံက ထွက်ပေါ်လာသည်၊၊

“ငါတို့ ရထားတွဲတစ်ခု ထိသွားပြီ… လူတွေ အများကြီး သေကုန်ပြီ… ရထားတွဲက ပြုတ်ထွက်တော့မယ်”

လူတိုင်း၏ စိတ်ဓာတ်များ ချက်ချင်းပင် ကျဆင်းသွားသည်။ ဤအရှိန်ဖြင့် ရထားတွဲတစ်ခု လမ်းချော်သွားပါက ရထားတစ်စင်းလုံး မှောက်သွားနိုင်ပေသည်။

“အဲဒီကောင်ကို အမြန်ဆုံး အပြတ်ရှင်းကြ… ပစ်အားအကုန်သုံး… အတွင်းထဲမှာ မျက်လုံးအိမ်အမြုတေရှိတယ်…အချိန်ကိုက် ပစ်နိုင်ရင် ပြီးပြီ”

ပထမသတ္တဝါကြီးကို နှိမ်နင်းပြီးနောက် လင်းရှန်က အဖွဲ့သားအားလုံးကို အမြန်ဆုံး ညွှန်ကြားလိုက်သည်။ ထိုအချိန်တွင် အနန္တရထားပေါ်ရှိ လျှပ်စစ်သံလိုက်အမြောက်နှစ်လက်သည် နဂါးတောင် ၁ နှင့် နောက်ဘက်ယာဉ်တန်းများကို ပစ်အားကူပေးရန် ပြင်ဆင်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း အားနည်းချက်ကို သိရှိသွားသောအခါ နဂါးတောင် ၁ သည် အားဖေး၏ လေဆာတန်းနှင့်အတူ ပစ်အားကို ညှိလိုက်ပြီး တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်။

“သောက်ကျိုးနည်း… ချွဲကျိနေတဲ့ အကောင်ပဲ”

ရှီတိယွမ်က သတ္တဝါတစ်ကောင်ကို သတ်ပြီးနောက် ကျိန်ဆဲလိုက်သည်။

“ဖာ့ခ်… ဒီပိုးကောင်တွေက ပိုများလာပြီ… ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်”

“အားလုံး သတိထားကြ… ကန္တာရပုရွက်ဆိတ်တွေ လာနေပြီ”

ကံကြမ္မာ-သက်ရှည်ယာဉ်တန်းမှ ဆန်းချန်သည် ပင့်ကူခြေထောက်ပါသော ပိုးကောင်ကို ပစ်ချပြီးနောက် အော်ပြောလိုက်သည်။

ကပ်ဘေးများ တစ်ခုပြီးတစ်ခု ဆိုက်ရောက်လာသကဲ့သို့ပင်၊၊ စွန့်ပစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ ကန္တာရပုရွက်ဆိတ်များ၏ ရွေ့လျားလာသောအသံမှာ မုန်တိုင်းတစ်ခုကဲ့သို့ နီးကပ်လာသည်။

လင်းရှန်နှင့် ယာဉ်တန်းခေါင်းဆောင် အားလုံး၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြသည်။ ဤအချိန်တွင် ကန္တာရပုရွက်ဆိတ်များ ပေါ်လာခြင်းသည် လူတိုင်းကို ယာဉ်များအတွင်းသို့ ပြန်ဝင်ရတော့မည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

“ငါတို့ ယာဉ်တန်းက အများကြီး ကျသွားပြီ… လူတွေလည်း သေကုန်ပြီ”

“ကန္တာရပုရွက်ဆိတ်တွေလာပြီဟ…. အရှိန်မြှင့်ကြ”

“သူတို့က ငါတို့ ကားတွေကို ဖောက်နေပြီ.. အထဲကို ဝင်လာပြီ… ငါ့လက်မောင်းထဲမှာ ပိုးကောင်…တစ်ကောင်… အား”

ဆက်သွယ်ရေးလိုင်းတစ်ခုလုံး ဗြောင်းဆန်သွားသည်။ မိနစ်နှစ်ဆယ်မပြည့်မီမှာပင်ပေါင်းစည်းယာဉ်တန်းတစ်ခုလုံးအကြီးအကျယ် ကပ်ဆိုက်နေေလသည်။ တောင်မင်းကို မြောက်မင်းက မကယ်နိုင်ခြင်းပင်….

“လင်းရှန်…. ဟိုမှာ”

ချန်ဆီရွှမ်သည် လင်းရှန်ဆီသို့ ပြေးလာပြီး ရထားလမ်းဘေးရှိ ဂိုဘီသဲကန္တာရကို ညွှန်ပြလိုက်သည်။ ထိုနေရာရှိ သဲများသည် အရည်ကဲ့သို့ လှုပ်ရှားနေပြီး ရထားလမ်းဆီသို့ လျင်မြန်စွာ တိုးဝင်လာသည်။

“ငါတို့ အပြင်မှာ ဆက်နေလို့ မရတော့ဘူး… ရထားတွဲတွေထဲမှာ ပုန်းရမယ်”

လင်းရှန်က အမိန့်ပေးလိုက်သည်။

ထို့ပြင် ရထားပေါ်ရှိ လက်နက်များအားလုံးကိုလည်း ပိတ်ထားရမည် ဖြစ်သည်။ အကယ်၍ ဖွင့်ထားပါက ကန္တာရပုရွက်ဆိတ်များက အထဲသို့ တိုးဝင်လာမည် ဖြစ်ပြီး အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

“အားလုံး ရထားတွဲတွေထဲ ပြန်ဝင်ကြ”

လင်းရှန်သည် အနန္တရထား အဖွဲ့သားများကို ဦးဆောင်ကာ ရထားထဲသို့ ပြန်ဝင်လိုက်သည်။ သံလိုက်အမြောက်များ၊ 1130 CIWS စနစ်များ၊ လေကြောင်းရန်ကာကွယ်ရေး အမြောက်များနှင့် အလိုအလျောက်စက်သေနတ်များအားလုံးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ခေါင်မိုးပေါ်ရှိ လက်နက်ပေါက်များ တစ်ခုပြီးတစ်ခုပိတ်သွားသည်။

လူတိုင်း အထဲတွင် ပုန်းနေစဉ် ပင့်ကူခြေထောက်ပါသော ပိုးကောင်များသည် ရထားခေါင်မိုးပေါ်သို့ ဝိုင်းအုံလာပြီး သံချပ်ကာများကို တဂျစ်ဂျစ်မြည်သံဖြင့် ကိုက်ဖြတ်နေကြရာ လူတိုင်းကို ကြက်သီးထသွားစေသည်။ တစ်ချိန်တည်းမှာပင် အညိုရောင်ပုရွက်ဆိတ်များသည် ပြတင်းပေါက်များနှင့် ရထားကိုယ်ထည်ပေါ်တွင် ဖုံးလွှမ်းသွားပြီး အတွင်းသို့ ဝင်ရန် အပေါက်များကို ရှာဖွေနေကြသည်။

ဘစ်ဇ်

ရထားတွဲတစ်ခုလုံး၏ Arc+ လျှပ်စစ်ကြိမ်နှုန်းမြင့်စနစ်များက တစ်ပြိုင်နက်တည်း အလုပ်လုပ်သွားသည်။ အပြင်ဘက်ရှိ ပိုးကောင်များသည် ချက်ချင်းပင် ပြာဖြစ်သွားပြီး ခြေထောက်များနှင့် အခွံများ မီးလောင်ကျွမ်းကာ ပြုတ်ကျကုန်သည်။

ဝုန်း ဝုန်း ဝုန်း

ထိုအချိန်မှာပင် သဲမုန်တိုင်းထဲမှ နောက်ထပ် အနက်ရောင်လူသားပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင် ပေါ်လာပြန်သည်။ ၎င်းမှာ ယခင်ကထက် ပိုမိုကြီးမားပြီး ရုပ်ဆိုးလှသည်။

“နောက်တစ်ကောင်လား”

ကီကီက ထအော်လိုက်သည်။

“ဒါက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး… ဒါက ဘယ်အဆင့်ရှိတဲ့ သတ္တဝါလဲ…. သူတို့မှာ နယ်မြေသတ်မှတ်ချက် မရှိဘူးလား”

ရှုချင်း၏ မျက်နှာရှုံ့မဲ့နေသည်၊၊

လုရှင်းချန်၏ အနန္တလက်စွပ်သည် သူ၏ လက်ကောက်ဝတ်တွင် လျင်မြန်စွာ လည်ပတ်နေသည်။

“အစ်ကိုလင်း… ကျနော်တို့ နောက်ထပ် တစ်ကောင်ကို သတ်ရဦးမယ် ထင်တယ်”

ဝူးးးး

လင်းရှန်က ဒရုန်း အစင်း ၂၀ ကို အားပြန်သွင်းလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ စွမ်းအားရှင်များနှင့် စွမ်းအားဝတ်စုံရှိသူများသာ အပြင်သို့ ထွက်နိုင်ပေမည်။

လင်းရှန်လည်း ကီကီနှင့် လော့ယန်တို့ကို ခေါ်ရန် ပြင်နေစဉ် နန်ကျင်း၏ အသံက ဆက်သွယ်ရေးစနစ်မှ ထွက်ပေါ်လာသည်၊၊

“ကျွန်မတို့ သဲမုန်တိုင်းကို ဖြတ်ကျော်နိုင်ပြီ…. အားလုံး အရှိန်မြှင့်ကြ”

အနန္တရထား အဖွဲ့သားများ၏ မျက်နှာများ ချက်ချင်း ဝင်းပသွားသည်။

“ငါတို့ မုန်တိုင်းထဲက ထွက်လာပြီ”

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်”

နောက်ဘက်ရှိ ယာဉ်တန်းများမှ လူတိုင်းသည် ထိုမျှော်လင့်ချက်ကို အသက်သွေးကြောသဖွယ် ဆုပ်ကိုင်ထားလိုက်ကြသည်။

“ပစ်ခတ်မှုတွေကို ရပ်ပြီး အထဲမှာပဲ နေကြ… ပုရွက်ဆိတ်တွေကို အထဲဝင်မလာစေနဲ့…. ငါတို့ မုန်တိုင်းထဲက လွတ်တော့မယ်”

“တံခါးတွေ…. ပြတင်းပေါက်တွေ ပိတ်ထားကြ”

ကံကြမ္မာ-သက်ရှည်ယာဉ်တန်းဘက်တွင်… မျက်နှာတစ်ခုလုံး သွေးဆုတ်နေသော ဟုလုရှို့၏ အမိန့်ပေးသံက ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်၊၊

“သွား သွား သွား…. တောင့်ခံထားကြ”

လုကျောက်နှင့် ရှဲ့ကွမ်းတို့၏ ယာဉ်တန်းများမှာ အကြီးအကျယ် ဆုံးရှုံးခဲ့သော်လည်း ထိုသတင်းကို ကြားသောအခါ အားလုံး၏ စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာကြသည်။ ယာဉ်အားလုံး အရှိန်အကုန်မြှင့်ကာ ရှေ့တွင်ရှိသော ပိုးကောင်များကို တွန်းထိုးကာ ကန္တာရပုရွက်ဆိတ်များကြားမှ အပြင်းအထန်မောင်းနှင်လိုက်ကြသည်။

မကြာခင်မှာပင် အဝါရောင်သဲလေပွေများ ငြိမ်သက်သွားပြီး မြင်ကွင်းမှာလည်း ချက်ချင်းပင် ရှင်းလင်းသွားသည်။ နဂါးတောင် ၁ ဦးဆောင်သော ပေါင်းစည်းရထားကြီးသည် ပြင်းထန်သော သဲမုန်တိုင်းထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ မုန်တိုင်းထဲမှ ထွက်လာသည်နှင့် ခေါင်မိုးပေါ်ရှိ ပိုးကောင်များမှာလည်း တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကုန်လေသည်။ သဲပုရွက်ဆိတ်များမှာလည်း နောက်ဘက်ရှိ မြူခိုးများထဲတွင် ပျောက်ကွယ်သွားသည်။ ရထားပေါ်တွင်မူ တိုက်ပွဲ၏ အကြွင်းအကျန်များ ဖြစ်သော ပိုးကောင်အပိုင်းအစများသာ ကျန်ရစ်ခဲ့သည်။

ကောင်းကင်မှ ကြည့်လိုက်ပါက….

အနက်ရောင် သံချပ်ကာများပါသော ဧရာမယာဉ်တန်းကြီးသည် သဲမုန်တိုင်းငရဲထဲမှ လွတ်မြောက်လာသော နဂါးတစ်ကောင်ကဲ့သို့….

လေပြင်းများကို တွန်းလှန်လျက် တောက်ပသော နေရောင်ခြည်အောက်ရှိ ဂိုဘီ စွန့်ပစ်နယ်မြေထဲသို့ တဂျုံးဂျုံးမြည်သံဖြင့် ခုတ်မောင်းသွားလေသည်၊၊

Chapter 607

ပြေးကြ ၁

၂၀၆၉ ခုနှစ် စက်တင်ဘာလ ၆ ရက်။ ကမ္ဘာပျက်ကပ်နေ့ပြီး ရက်ပေါင်း ၁၀၀ မြောက်။

နဂါးတောင် (၁) နှင့် အနန္တရထား ဦးဆောင်သော ပူးပေါင်းယာဉ်တန်းသည် အာခီစိုင်းမှ အရှေ့ဘက်သို့ ထွက်ခွာလာပြီး ကျယ်ပြောလှသည့် စွန့်ပစ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့လေသည်။

နံနက် ၁၀ နာရီ ၂ မိနစ်တွင် နေရောင်ခြည်သည် ဂိုဘီသဲကန္တာရအလယ်တည့်တည့်တွင် အဖြူရောင်သံပူချောင်းတစ်ချောင်းကဲ့သို့ ထိုးစိုက်ကျရောက်နေပြီး ပူပြင်းလှသော အလင်းတန်းများ ဖြာထွက်နေသည်။ ယာဉ်တန်းသည် သံချေးရောင်ကျောက်စရစ်ခဲကွင်းပြင်များကို ဖြတ်ကျော်ကာ အရှိန်ပြင်းစွာ မောင်းနှင်နေပြီး ဘီးများသည် သံလမ်းပေါ်တွင် တဂျိန်းဂျိန်း မြည်ဟည်းနေသည်။ လမ်းဘေးဝဲယာရှိ ဆားငန်မြေရိုင်းများမှာ အပူရှိန်ကြောင့် တုန်ခါနေပြီး အဝေးရှိ ကျောက်တိုင်များသည် ဖယောင်းများ အရည်ပျော်ကျနေသကဲ့သို့ပင်၊၊

အာခီစိုင်းတွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်တွင် ယာဉ်တန်းတစ်ခုလုံး တိုက်ပွဲမှ ထိခိုက်ဒဏ်ရာများပြည့်နှက်နေသည်။ တွဲများစွာသည် မီးခိုးများ အူထွက်နေပြီး မွန်းစတားများ၏ ခြေလက်အစိတ်ပိုင်းများနှင့် သွေးညှီနံ့များက နေရာအနှံ့ ပျံ့နှံ့နေသည်။ အနက်ရောင်သွေးများကြောင့် သံမဏိများသည် သံချေးတက်ကာ မီးခိုးများထွက်နေသဖြင့် တိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ဖော်ပြနေသည်။ ကံကောင်းသည်မှာ တိုက်ပွဲမှာ မကြာရှည်ဘဲ တွဲအများစုမှာ သံချပ်ကာအကာအကွယ်များ ရှိနေခြင်းပင် ဖြစ်သည်။ မွန်းစတား၏ ဥများမှ ထွက်လာသော အက်ဆစ်များမှာ တွဲများကို ဖောက်၍ တိုက်စားနိုင်ခြင်းမရှိသော်လည်း ထိုသတ္တဝါကြီး၏ အနက်ရောင်အလင်းတန်း ထိမှန်သွားသော ရထားတွဲများမှာမူ လုံးဝပျက်စီးသွားခဲ့ရလေသည်။

ယာဉ်တန်း၏ အနောက်ဘက်တွင် ရထားတွဲအချို့မှာ စုတ်ပြတ်သတ်နေပြီး အမိုးများနှင့် ဘေးနံရံများမှာ ပွင့်ထွက်နေကာ သံချပ်ကာများ၏ သုံးပုံနှစ်ပုံမှာ ပျက်စီးသွားခဲ့သည်။ အတွဲတစ်တွဲမှာ ဘီးတစ်ဝက်ခန့် မရှိတော့သော်လည်း သံလမ်းကို ကုပ်ထားဆဲဖြစ်ပြီး မီးပွားများ တဖွားဖွား လွင့်စဉ်ကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ခုတ်မောင်းနေသည်။ မြင်ကွင်းမှာ တကယ့်ကို သွေးပျက်စရာပင်ဖြစ်သည်။

အာရုဏ်ဦးယာဉ်တန်း၊ အာခီစိုင်း ညီနောင်များယာဥ်တန်း၊ ကံကြမ္မာ-သက်ရှည်ယာဥ်တန်း၊ လေပြင်းယဥ်တန်းနှင့် အခြားယာဉ်တန်းများမှ ယာဉ်အစီးရေ တစ်ဒါဇင်ကျော်နှင့် လူပေါင်းတစ်ရာကျော် ဆုံးရှုံးခဲ့ရသည်။

သို့သော် ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိပေ။ ယာဉ်တန်းတစ်ခုလုံး အရှိန်အကုန်မြှင့်ကာ ရှေ့သို့ ဆက်ချီသွားနေရသည်။

ညအမှောင်ကျဖို့ ကိုးနာရီပင် မလိုတော့ပေ။

ညမရောက်ခင် ချွမ်းချန်သို့ ရောက်အောင် သွားရမည် ဖြစ်သော်လည်း စွန့်ပစ်နယ်မြေကို ဖြတ်ကျော်ရန် ကီလိုမီတာ ၂၀၀၀ ကျော် ကျန်ရှိနေသေးသည်။ ထိုကဲ့သို့ ဖိအားများကြားတွင် မည်သူမျှ ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် ငိုကြွေးရန် သို့မဟုတ် နောက်ကျကျန်ရစ်ရန် အချိန်မရှိကြပေ။

တဂျိန်းဂျိန်း မြည်သံများမှာ နာရေးခေါင်းလောင်းသံနှင့် တူနေသည်။ သံလမ်းကြားရှိ ကျောက်မှုန်များမှာ ဖုန်မှုန့်များအဖြစ် ကြိတ်ချေခံရကာ ရွှေရောင်အပူရှိန်များကြားတွင် လွင့်ပျံနေသည်။

“ငါ တွဲချိတ်တွေကို ပြန်ပြင်ပြီးပြီ။ အခုပဲ စမောင်းကြတော့”

ပျက်စီးနေသော နောက်တွဲများအနီးတွင် လင်းရှန်နှင့် ကီကီတို့အဖွဲ့ ရှိနေသည်။ သူတို့၏ တာဝန်မှာ ပျက်စီးမှုများကို ပြုပြင်ရန်သာမက ထိုပျက်စီးနေသော အတွဲများကြောင့် ယာဉ်တန်းတစ်ခုလုံး အန္တရာယ်မဖြစ်စေရန် ကာကွယ်ရန်လည်း ဖြစ်သည်။

ထိုပျက်စီးနေသော အတွဲမှာ အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသော နှင်းဆီယာဉ်တန်း၏ အတွဲဖြစ်သည်။ နေထိုင်တွဲတစ်ခုမှာ အနက်ရောင်အလင်းတန်းကြောင့် တစ်ဝက်ခန့် ပြတ်တောက်သွားခဲ့သည်။ အတွင်းရှိ လူတစ်ဒါဇင်အနက် သုံးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများသည် ဒဏ်ရာများကို ကုသရန်ပင် အချိန်မရဘဲ ကျန်ရှိနေသည်များကို အမြန်ဆုံး ကယ်တင်နေကြရသည်။ ကီကီက သူမ၏ စိတ်စွမ်းအားကို သုံးကာ အတွဲကို ခွဲထုတ်လိုက်ပြီး လင်းရှန်က ဖယ်ရှားရန် ပြင်ဆင်လိုက်သည်။ ထို့နောက် နောက်တွဲတစ်ခုကို အရှိန်မလျှော့ဘဲ အမြန်ဆုံး ပြန်လည်ချိတ်ဆက်လိုက်သည်။

လင်းရှန် နှင့် ကီကီတို့အတွက် ဤအလုပ်များမှာ ပုံမှန်အလုပ်ကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်း”

“အားလုံး မြန်မြန်လုပ်ကြ”

“ကောင်းမကောင်းရွေးမနေနဲ့ အကုန်ယူခဲ့ကြ”

အတွဲ၏ သံမဏိအခွံများမှာ သားရဲကြီးတစ်ကောင် ကိုက်ဖြတ်ထားသကဲ့သို့ ဖြစ်နေပြီး မီးလောင်ထားသော သတ္တုများမှာ ငါးကြေးခွံများကဲ့သို့ တွန့်လိပ်နေသည်။ နှင်းဆီယာဉ်တန်းမှ အဖွဲ့ဝင်များသည် ကျဆုံးသွားသော ရဲဘော်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအပါအဝင် အသုံးဝင်မည့်အရာမှန်သမျှကို အလုအယက် ကောက်ယူနေကြသည်။ ဤယာဉ်တန်းတွင် အမျိုးသားအနည်းငယ်သာ ပါဝင်ပြီး ခေါင်းဆောင်မှာလည်း အမျိုးသမီးဖြစ်သည်။ သူတို့ထဲမှ အများစုမှာ ကမ္ဘာပျက်ကပ်ကို ခန္ဓာကိုယ်ရောင်းစားကာ ရှင်သန်ခဲ့ကြသူများ ဖြစ်သည်။ အမျိုးသမီးတိုင်းမှာ လက်နက်များကိုယ်စီ ကိုင်ဆောင်ထားကြပြီး အချို့မှာ ကိုယ်တိုင်လုပ်လက်နက်များ ဖြစ်ကြသည်။ မကြာသေးမီက ယိကျင်းမြို့မှ စွမ်းအားဝတ်စုံအချို့နှင့် ထောက်ပံ့ရေးပစ္စည်းများကို ရရှိခဲ့သဖြင့် တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

လင်းရှန်သည် သူတို့အပေါ် အထင်မသေးပေ။ တကယ်တော့ သူတို့ကို လေးစားမိသည်။ ရှင်သန်ရန်အတွက် ခန္ဓာကိုယ်ကို ရင်းနှီးရခြင်းမှာ ဤကမ္ဘာတွင် ရှက်စရာမဟုတ်ပေ။ အရေးကြီးသည်မှာ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့ တိုက်ပွဲဝင်ခဲ့ကြခြင်းပင် ဖြစ်သည်။ ယခုအခါတွင်လည်း သူတို့သည် စုတ်ပြတ်နေသော ကိရိယာများဖြင့် အမှိုက်စလေးတစ်ခုမှအစ အသေးစိတ် ကောက်ယူနေကြသည်ကို မြင်တွေ့ရသည်။ အလောင်းတစ်ခု၏ ခြေထောက်တွင် ကျန်ရှိနေသော တိုက်ပွဲဝင်ဖိနပ်တစ်ဖက်ကိုပင် ဖြုတ်ယူကာ လည်ပင်းတွင် ဆွဲထားကြသည်။ သူတို့သည် သတိအပြည့်နှင့် ရှင်သန်နေကြရခြင်း ဖြစ်သည်။

“ခေါင်းဆောင်လင်း...”

စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး သွေးများပေကျံနေသော နှင်းဆီယာဉ်တန်းခေါင်းဆောင် ကျိဟုန်က လင်းရှန်ကို ကြည့်ကာ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကား ပြောလိုက်သည်။

လင်းရှန်က ခေါင်းငြိမ့်ပြကာ လူတိုင်းကို တွဲပေါ်မှ ဆင်းခိုင်းလိုက်သည်။ လင်းရှန်က ချိတ်ဆက်သည့်နေရာရှိ သံမဏိအစိတ်အပိုင်းများကို ဖြုတ်ယူကာ ဝါးမျိုပစ်လိုက်သည်။ ထို့နောက် ကီကီက ရထားတွဲကို စိတ်စွမ်းအားဖြင့် ရွှေ့ပြောင်းပေးလိုက်သည်။ နောက်တွဲတစ်ခု မရောက်လာမီ ချီလီက အရှိန်အနည်းငယ်လျှော့ကာ အတွဲနှစ်ခုကို သေသပ်စွာ ပြန်လည်ချိတ်ဆက်ပေးလိုက်သည်။

လင်းရှန်သည် ချိတ်ဆက်သည့်နေရာကို သံချပ်ကာအကာအကွယ်များဖြင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပေးလိုက်သည်။

ပျက်စီးသွားသော အတွဲကို လင်းရှန်က သူ၏ စွမ်းရည်ကို သုံးကာ ကုန်ကြမ်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သူတို့သည် အခြားပျက်စီးနေသော အစိတ်အပိုင်းများကို ဆက်လက်ပြုပြင်ရန် ထွက်ခွာသွားကြသည်။

“စောစောက ကောင်ကြီးက အနည်းဆုံးတော့ A-Class အဆင့်ပဲ မဟုတ်လား။ သောက်ကျိုးနည်း... အဲဒီလိုမျိုးကြီး မသေနိုင်တာကို ငါမြင်ဖူးတာ ဒါပထမဆုံးပဲ”

ရှီတိယွမ်က ကပ္ပတိန်ဆက်သွယ်ရေးလိုင်းတွင် တိုက်ပွဲပျက်စီးမှု အစီရင်ခံစာကို တင်ပြပြီးနောက် ကျိန်ဆဲလိုက်သည်။

“လင်းသာ အချိန်မီ သတိမပေးခဲ့ရင် ငါတို့ ရှေ့ပိုင်းက အတွဲတွေ ဆုံးရှုံးသွားမှာ သေချာတယ်”

“ကပ္ပတိန်လင်း”

ဟုလုရှို့၏ အသံက ထွက်ပေါ်လာသည်၊၊

“အရှိန်ထပ်မြှင့်ဦးမှာလား။ ငါတို့ ကားယာဉ်တန်းတွေ မလိုက်နိုင်တော့ဘူး”

သဲမုန်တိုင်းမှ လွတ်မြောက်လာပြီးနောက် မြင်ကွင်းမှာ ပိုမိုရှင်းလင်းလာသဖြင့် ကားသမားများမှာ စိတ်အနည်းငယ် လျှော့နိုင်ခဲ့သော်လည်း ရထားက အရှိန်ထပ်မြှင့်လာပြန်သည်။ လမ်းကောင်းနေသေးသော်လည်း သံလမ်းပေါ်မှ ရထားနှင့် နှိုင်းယှဉ်လျှင် အဆင့်မြှင့်ထားသော အင်ဂျင်ကြီးများပင် မလိုက်နိုင်တော့ပေ။

“ညည်းညူမနေနဲ့။ သံလမ်းအတိုင်းသာ လိုက်ခဲ့။ ဒါက ချွမ်းချန်မြို့ကို သွားတဲ့ အနီးဆုံးလမ်းပဲ”

ရထားပြုပြင်မှုများကို အဆုံးသတ်ပြီးနောက် လင်းရှန်သည် အနန္တရထား၏ ပျက်စီးမှုများကို ဆက်ပြင်ပြီး သူ၏ အာကာသထဲပျော်ဝင်ခြင်းမှ ရရှိထားသော ကုန်ကြမ်းများကို သုံးကာ ကျည်ဆန်များကို အမြောက်အမြား ထုတ်လုပ်နေလေသည်။

“ငါတို့ ယာဉ်တန်းတွေအားလုံးမှာ အမှောင်အမှတ်အသားရှိနေတယ်။ ညမရောက်ခင် ဒီကနေ မထွက်နိုင်ရင် ငါတို့ တကယ်ဒုက္ခရောက်လိမ့်မယ်”

ချီလီက အဓိကအချက်ကို ထောက်ပြလိုက်သည်၊၊

“ဒါကြောင့် အရှိန်မလျှော့ကြနဲ့။ ပိုတောင် မြှင့်သင့်သေးတယ်။ အရင်လိုပဲ တန်းစီပြီးတော့ ကားကြီးတွေကို ရှေ့ကထားပြီး လေတိုးနှုန်းကို လျှော့ချကြ”

“ဒါဆိုရင်လည်း မတတ်နိုင်ဘူးပေါ့”

“အခြားနည်းလမ်းမရှိတော့ဘူးဆိုတော့လည်း..”

လုကျောက်က ရေရွတ်လိုက်သည်၊၊ သူနှင့် ဟူလုရှို့သည် ပြုပြင်ထားသော အကောင်းဆုံး ကားကြီးများကို ပိုင်ဆိုင်ထားသူများဖြစ်သည်။ သူသည် သူ၏ ယာဉ်တန်းကို အရှိန်ပြင်းစွာ မောင်းနှင်နိုင်ရန် လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းလိုက်သည်။

ဘုရင်မ မိုနီကာရထားတွဲတွင် မိုနီကာသည် တိုက်ပွဲဝင်ရန် အခြေနေများကို စစ်ဆေးနေပြီး ဆက်သွယ်ရေးစနစ်မှတစ်ဆင့် အစီရင်ခံလိုက်သည်၊၊

“သံလမ်းအာရုံခံကိရိယာတွေအပြင် ဒရုန်းကင်းလှည့်တာမျိုးတွေပါ လုပ်ဖို့ ကျွန်မ အကြံပြုချင်တယ်။ ဒီလောက်အရှိန်နဲ့ ရထားလမ်းချော်ရင်တော့ ဘယ်လိုမှ မတွေးဝံ့စရာပဲ”

“စိတ်မပူပါနဲ့။ ငါတို့ ဒရုန်းတွေက အပေါ်ကနေ အမြဲတမ်း စောင့်ကြည့်နေပါတယ်”

နန်ကျင်းက ပြန်ဖြေသည်။

All Chapters