← Chapters

👑 Special Amnesty to Leave the Palace

Vol. 14 Ch. 137

👑 Special Amnesty to Leave the Palace

Vol. 14 Ch. 137

ကုတင်ပေါ်တွင် ဝမ့်ဝမ်ရုန်တစ်ယောက် အားအင်ချည့်နဲ့စွာ လှဲလျောင်းနေခဲ့သည်။ ချောင်းတွေလည်း မကြာခဏဆိုသလို ပြင်းပြင်းထန်ထန် ဆိုးနေခဲ့ပါသည်။

ယွဲ့လင်း ညွှန်ကြားချက်ကြောင့် ဝမ့်ဝမ်ရုန်ကို တော်ဝင်သမားတော်ချန်း အနုစိပ်စစ်ဆေးပေးခဲ့ပါသည်။ သို့သော် သူမျက်မှောင်ကြုတ်မိသည်။

သခင်မချန်၏ ပုံပန်းသဏ္ဌာန်ကိုကို အကဲခတ်ကြည့်ရသလောက်တော့ သူ့စိတ်ထဲ သံသယတချို့ဖြစ်နေမိသည်။ သို့သော် သွေးခုန်နှုန်းကို သေသေချာချာစစ်ကြည့်လိုက်သောအခါ သူ သံသယဖြစ်နေတာနှင့် တစ်ခုမှ မကိုက်ညီလှပါ။

ယခင်တုန်းက သခင်မချန်ထံ တခြားတော်ဝင်သမားတော်တွေလည်း ကြွရောက်ဖူးပြီး ဆေးတွေညွှန်းပေးခဲ့ဖူးသည်။ ထိုဆေးတွေကို သမားတော်ချန်း စစ်ကြည့်လိုက်သည်။ ဆေးတွေက ရောဂါကို အမြစ်ပြတ် မကုသနိုင်လျှင်တောင် အနည်းဆုံးတော့ ချောင်းဆိုးခြင်း၊ အင်အားချည့်နဲ့ခြင်း စသည့် လက္ခာတွေကို သက်သာစေသင့်သည်။

သို့သော်… သခင်မချန် ထိုဆေးတွေကို သောက်သုံးနေတာ လဝက်လောက်ကြာပါပြီ။ တိုးတက်လာသည့် လက္ခဏာ တစ်ခုမှ မမြင်ရပါ။

“သခင်မချန်”

တော်ဝင်သမားတော်ချန်းက အသေးစိတ် မေးမြန်းလိုက်ပါသည်။

“သမားတော်ဝမ်ညွှန်းထားတဲ့ ဆေးတွေကို ဒီရက်ပိုင်းထဲ သေသေချာချာ သောက်သုံးရဲ့လား”

ဝမ့်ဝမ်ရုန် ထိုမေးခွန်းကို ပြန်ဖြေဖို့ ပြင်လိုက်စဉ် ရုတ်တဘရက် ရင်တွေတုန်သွားပြီး ချောင်းတွေ ပြင်းပြင်းထန်ထန် ဆိုးလာပြန်သည်။

ဝမ့်ဝမ်ရုန်၏ ကျောကို ပုတ်ပေးရင်း ချန်ကျင်းမင် နာနာကျင်ကျင် ဝင်ပြောလိုက်ပါသည်။

“သခင်မကို ဆေးတိုက်ကျွေးရမယ့် ကိစ္စကို ဘယ်သူမှ လျစ်လျူမရှုရဲကြပါဘူး၊ တစ်ရက်ကို သုံးခါ အချိန်မှန်မှန် သောက်သုံးရတယ်၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ သခင်မ ကျန်းမာရေးလုံးဝ တိုးတက်မလာခဲ့ဘူး”

ချန်ကျင်းမင်၏ ခံ့ခံ့ညားညားမျက်နှာပေါ် ဝမ်းနည်းမှုအရိပ်အယောင်တွေ ပေါ်လာခဲ့ပါသည်။

ဝမ့်ဝမ်ရုန် စိတ်ပျော့သွားပြီး ချန်ကျင်းမင် လက်ကို နူးနူး ညံ့ညံ့ ဆုပ်ကိုင်လိုက်ပါသည်။

“သခင်ကြီး… အဲ့လောက်လည်း ဝမ်းမနည်းပါနဲ့… လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကို လာခဲ့ကြတာ၊ ဒီဘဝမှာ သခင်ကြီးရဲ့ ပြုစုယုယမှုကို ခံခဲ့ရတာနဲ့တင် ဒီသခင်မ ကျေနပ်လှပါပြီ၊ အခုသေရတော့မယ်ဆိုရင်တောင် ဘာနောင်တမှ မရှိတော့ဘူး”

“အဲ့လိုစကားတွေ မပြောပါနဲ့ သခင်မရယ်”

ချန်ကျင်းမင် မျက်ရည်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

တော်ဝင်သမားတော်ချန်း: “…”

ချန်ကျင်းမင်နှင့် ပတ်သတ်သည့် သတင်းတွေက နေရာတိုင်းမှာ ပြန့်နေပြီဖြစ်သည်။ သခင်မချန်တစ်ယောက် တည်းသာ မသိသေးတာဖြစ်ပြီး ခင်ပွန်းဖြစ်သူကို ရင်ဘတ်တစ်ခုလုံး ပုံအပ်ကာ ယုံကြည်နေဆဲဖြစ်သည်။

ချန်အိမ်တော်တစ်ခုလုံးကို ချန်ကျင်းမင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားမှန်းသိသာလှသည်။ သခင်မချန်ရှေ့မှာ ဘယ်အခြွေအရံကမှ ပါးစပ်မဟရဲကြပါ။

ထို့ပြင်…

အဲ့ဒီ သခင်မအန်း ဘယ်ရောက်သွားတာလဲ ?

ချန်ကျင်းမင်နောက်ကို သေတဲ့အထိ လိုက်မယ်လို့ ကြွေးကြော်နေခဲ့တာ မဟုတ်ဘူးလား ?

အခု မတွေ့ရပါလား ?

လူတစ်ကောင်လုံးကိုတော့ ချန်ကျင်းမင် ဖွက်ထားနိုင်မှာမဟုတ်ပါ။ သို့သော် ယခုအခြေအနေကို ကြည့်ရသလောက်တော့ သခင်မချန်က ဘာမှသိပုံမပေါ်ပေ။

ချန်ကျင်းမင်က သစ္စာရှိသော ခင်ပွန်းကောင်းအဖြစ် သရုပ် ဆောင်နေသည်။ သမားတော်ချန်း စက်ဆုပ်ရွံရှာမိသော် လည်း သူ့ရှေ့မှာတော့ ဘာမှပြောဖို့အစီအစဉ်မရှိပါ။

သခင်မချန်၏ကျန်းမာရေးကို အကဲခတ်ကြည့်ရသလောက် ထိုကိစ္စတွေကိုသာ ရုတ်တရက်သိသွားလျှင် ချက်ချင်း ရင်ကွဲနာကျပြီးသေသွားနိုင်ပါသည်။

သမားတော်ချန်းက ဝမ့်ဝမ်ရုန်၏သွေးခုန်နှုန်းများကို ဆက်လက် စစ်ဆေးခဲ့သည်။ သို့သော် ဘာသဲလွန်စမှ မရခဲ့ပေ။

“သမားတော်ချန်း… သခင်မရဲ့ အဖျားရောဂါအခြေအနေ ဘယ်လိုရှိလဲဟင်”

ချန်ကျင်းမင် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ပါသည်။

သမားတော်ချန်း ခေါင်းခါလိုက်ပါသည်။

“လောလောဆယ်တော့ ဘာမှ မသိနိုင်သေးဘူး သခင်ကြီးချန်၊ ဆေးရည် ကျိုစပ်တဲ့နေရာဆီ ကျုပ်ကို လိုက်ပြပေးလို့ရမလား”

“ကောင်းပါပြီ”

ချန်ကျင်းမင် တွန့်ဆုတ်မှုမရှိဘဲ လက်ခံခဲ့ပါသည်။

ထို့နောက် သမားတော်ချန်း ဂရုတစိုက် စစ်ဆေးခဲ့သည်။ ယခင်တုန်းက ဆေးအကျန်တွေဖြစ်စေ ယခုလက်ရှိ ကျိုစပ်နေသည့် ဆေးအသစ်တွေဖြစ်စေ ဘာပြဿနာမှ မရှိခဲ့ပါ။

ဝမ့်ဝမ်ရုန်က ဆေးကို ပုံမှန် သောက်သုံးနေပုံရပါသည်။

ဒါဖြင့်ရင် ဘာလို့ မသက်သာလာရတာလဲ…

သမားတော်ချန်း နားမလည်နိုင်တော့ပါ။ မူလ ဆေးညွှန်းထဲမှ ဆေးတချို့ကို အပြောင်းအလဲသာ လုပ်ပေးခဲ့ပြီး နန်းတော်ကို အစီရင်ခံဖို့ ပြန်သွားခဲ့ပါသည်။

ချန်ကျင်းမင်ကလည်း သမားတော်ချန်းကို နွေးနွေးထွေး ထွေးနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် သူ့မျက်လုံးများ ချက်ချင်းဆိုသလို မှောင်မိုက်သွားခဲ့သည်။

မင်းသားအန်းဟယ် ပေးထားသည့် ဆေးတွေက တကယ် အာနိသင်ရှိပါသည်။ တော်ဝင်သမားတော်ချန်းလို လူမျိုးကတောင် ဝမ့်ဝမ်ရုန် အဆိပ်သင့်နေသည့် အမှန်တရားကို မမြင်နိုင်ခဲ့ပါ။

ဒါဆို တခြားဘယ်သူမှလည်း သိနိုင်မှာ မဟုတ်တော့ပေ။

ဝမ့်ဝမ်ရုန်၏အဖျားရောဂါကို အသုံးချလို့ ပြီးသွားခါမှ သူမကို အဆုံးသတ်ခွင့်ပေးလိုက်ပါမည်။ ထို့နောက် ယူ ကျုံးမရ ဖြစ်အောင် ဝမ်းနည်းပြလိုက်ပြီး ဝမ့်မိသားစု၏ ထောက်ပံ့မှုကို ဆက်ယူရမည်။

ထိုအတွေးဖြင့် ချန်ကျင်းမင် နှုတ်ခမ်းထက် အေးစက်စက်အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အခန်းထဲကို ပြန်ဝင်လာသောအခါ ဝမ့်ဝမ်ရုန်က ပြင်းပြင်းထန်ထန်ချောင်းဆိုနေဆဲ ဖြစ်သည်။

ချန်ကျင်းမင် ခပ်သုတ်သုတ် ရောက်လာပြီး ဝမ့်ဝမ်ရုန်၏ ကျောကို ပွတ်ပေးလိုက်သည်။

အနည်းငယ်သက်သာသွားသောအခါ ချန်ကျင်းမင်၏ လက်ကိုဆွဲရင်း ဝမ့်ဝမ်ရုန် တိုးညှင်းစွာပြောလိုက်သည်။

“သခင်ကြီး… တော်ဝင်သမားတော်ချန်းတောင် လက် လျှော့သွားရပြီဆိုတော့ ကျွန်မ အချိန်သိပ်မကျန်တော့ဘူး ထင်တယ်၊ ဒီဘဝမှာ တခြားကြီးကြီးမားမား နောင်တရစရာတွေမရှိပေမယ့်…”

ဝမ့်ဝမ်ရုန် မျက်ရည်များ စီးကျလာပါသည်။

“ရွှမ်းယွီလေး အနောက်နန်းဆောင်ထဲ ရောက်ကတည်းက အခုချိန်ထိ စာလေးတစ်စောင်တောင် ရောက်မလာခဲ့ဘူး၊ လက်ရှိ အရှင်မင်းကြီးက မင်းဆိုးမင်းညစ်တစ်ပါးပဲ၊ ရွှမ်းယွီလေး အခု အရမ်းခက်ခက်ခဲခဲ နေထိုင်နေရမှာပဲ၊ သခင်ကြီးကိုလည်း အကြောင်းအရင်းမရှိဘဲ ရာထူးကနေ ဖြုတ်ချလိုက်ကြတယ်၊ အဲ့တာကြောင့် ရွှမ်းယွီလေး အခုဆို ဒုက္ခတွေ ပိုခံနေရလောက်ပြီ…ကျွန်မ… ကျွန်မ ရွှမ်းယွီလေးကို မစွန့်လွှတ်နိုင်ဘူး၊ ကျွန်မ မသေခင် ရွှမ်းယွီလေးကိုနောက်ဆုံးတစ်ခါလောက်တော့ တွေ့သွားချင်တယ်”

ချန်ကျင်းမင် သက်ပြင်းချလိုက်သည်။

“အရှင်မင်းကြီးက မင်းဆိုးမင်းညစ်ဆန်ပြိး အခု အာဏာ ကို အလွဲသုံးစား လုပ်နေတာ၊ သူ့ဖိနှိပ်မှုကြောင့် မင်းသားအန်းဟယ်တောင် အသက်မနည်းရှူနေတယ်၊ ရွှမ်းယွီကို နန်းတော်ထဲကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်လောက်ဘူး”

“သခင်ကြီး… ကျွန်မ တောင်းပန်ပါတယ်၊ နည်းလမ်းတစ် ခုခုရှာပေးပါ၊ အရှင်မင်းကြီးက ရွှမ်းယွီကို နန်းတော်ထဲကနေ ထွက်ခွင့်မပေးဘူးဆိုရင် ကျွန်မကို နန်းတော်ထဲဝင်ခွင့်ပေးပြီး ရွှမ်းယွီလေးနဲ့ နောက်ဆုံးတစ်ခေါက်လောက် တွေ့ခွင့် ပေးပါ”

ပြောပြောဆိုဆိုနဲ့ ဝမ့်ဝမ်ရုန် ချောင်းတွေ ပြင်းပြင်းထန်ထန် ဆိုးလာခဲ့ပြန်ပါသည်။

ချန်ကျင်းမင် မျက်လုံးများ အရောင်လက်သွားပြီး နူးညံ့စွာ ပြောလိုက်သည်။

“စိတ်ချပါ သခင်မ၊ သခင်မရဲ့ ဆန္ဒတွေ ပြည့်ဝနိုင်ဖို့ ဒီသခင်ကြီး အသက်ကိုတောင် စတေးဝံ့ပါတယ်”

“သခင်ကြီးလည်း ပင်ပန်းလှပြီ”

ဝမ့်ဝမ်ရုန် တောင်းတောင်းပန်ပန်ပြောလိုက်သော်လည်း နောင်တတော့ မရမိပေ။

သူမအတွက် ချန်ကျင်းမင်နှင့် ရွှမ်းယွီတို့ နှစ်ယောက်စလုံးက တန်းတူညီမျှအရေးပါသည်။ သူ နောင်တတွေနဲ့ ထွက်မသွားချင်ပါ။ ထို့ကြောင့် သမီးဖြစ်သူကို ရအောင် တွေ့သွားရမည်။

ဝမ့်ဝမ်ရုန်ကို အနည်းငယ် နှစ်သိမ့်ပေးပြီးနောက် ချန်ကျင်းမင် အခန်းထဲမှ ပြန်ထွက်လာခဲ့ပါသည်။ သူ့မျက်လုံးများ ချက်ချင်း အေးစက်သွားခဲ့သည်။

ချန်ရွှမ်းယွီ အနောက်နန်းဆောင်ထဲ ရောက်ရှိသွားက တည်းက သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည်ဟူသော ခံစားချက်မျိုးရနေပါသည်။ ထိုခံစားချက်ကို ချန်ကျင်းမင် အလွန်မုန်းတီးသည်။ ကျေးဇူးကန်းသည့် သမီးကိုရအောင်တွေ့ပြီး သူ့ထိန်းချုပ်မှုအောက် ပြန်သွတ်သွင်းဖို့ အချိန်တန်ပါပြီ။

-

နောက်တစ်နေ့မနက် ညီလာခံတွင်…

ချန်ကျင်းမင် ရာထူးမှ ဖြုတ်ချခံလိုက်ရပြီဖြစ်သဖြင့် ညီလာခံကိုတက်ရောက်ခွင့် မရှိတော့ပါ။ သို့သော် ညီလာခံစတင်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ချန်မိသားစု၏အရေးကိစ္စကို စတင်အစီရင်ခံလေသည်။

“အရှင်မင်းကြီး… ချန်ကျင်းမင်ရဲ့ ကြင်ယာတော်ပြင်းပြင်း ထန်ထန်ဖျားနာနေပြီး အချိန်လည်း သိပ်မကျန်တော့ဘူးလို့ ဒီငယ်သား ကြားသိရပါတယ်၊ အဲ့တာကြောင့် သူ့သမီးလေးဖြစ်တဲ့ အရှင်မင်းကြီးရဲ့ ကြင်ယာတော်ချန်ရှုယိကို နောက်ဆုံး တစ်ခါလောက်တွေ့သွားချင်တယ်လို့ တောင်းဆိုထားပါတယ်”

ထိုလူစကားမဆုံးခင် တစ်စုံတစ်ယောက်က ဖြတ်ပြောလိုက်ပါသည်။

“အဓိပ္ပာယ်မရှိတာ! ကြင်ယာတော်တစ်ပါး အနောက်နန်းဆောင်ထဲ ရောက်သွားတာနဲ့ တော်ဝင်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ! နန်းတော်ထဲကနေ အကြောင်းအရင်းမရှိ ထွက်ခွာခွင့် လုံးဝမရှိဘူး!”

“ကြီးမြတ်တဲ့ယုံမင်းဆက်က လောကကြီးကို တာဝန်ဝတ္တ ရားကျေပွန်မှုနဲ့ အုပ်စိုးတာ၊ သခင်မချန်ရဲ့ နောက်ဆုံး ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ အရှင်မင်းကြီး သက်ညှာပေးညလိုက်ရင် ပီတိဖြစ်စရာကောင်းတဲ့ သမိုင်းဝင်ပုံပြင်တစ်ပုဒ် ဖြစ်သွားမှာပဲ!”

“တာဝန်ဝတ္တရားကျေပွန်ရမယ် ဆိုတာနဲ့ပဲ အရှင်မင်းကြီးရဲ့ ခံယူချက်၊ နန်းတော်ရဲ့ ဥပဒေတွေကို ပြောင်းလဲရမယ်လို့ မဆိုလိုဘူးကွ!”

နှစ်ဖက်အဖွဲ့ အကြီးအကျယ် ငြင်းခုံကြလေသည်။

ယွဲ့လင်း ထိုစကားတွေကို စိတ်ဝင်တစား နားထောင်ရင်း မျက်ခုံးများလှုပ်သွားခဲ့သည်။

စိတ်ဝင်စားစရာပါလား…

နန်းတော်ထဲမှ ချန်ရှုယိထွက်ခွာမည့်ကိစ္စကို သူမိန့်ကြားဖို့ ကြံရုံရှိသေးသည်။ တစ်စုံတစ်ယောက်က သူ့ကို အကူအ ညီပေးလိုက်ပါသည်။

ဒါတွေက ယွဲ့ဟွာ ဘက်တော်သားတွေ ဖြစ်မှန်းသေချာသည်။

ယွဲ့ဟွာကိုယ်တိုင်ကလည်း ဖြောင့်မတ်စွဖြင့် လျှောက်တင်လိုက်လေသည်။

“အရှင်မင်းကြီး၊ သခင်မချန် အခုလို ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတာကြောင့် ချန်ရှုယိလည်း စိုးရိမ်ကြောင့် ကြမှုတွေ အပြည့်ရှိနေမှာပါ၊ နန်းတော်ထဲမှာပဲ ပိတ်လှောင်ထားမယ်ဆိုရင် အရှင်မင်းကြီးကို ကောင်းကောင်းအမှု ထမ်းနိုင်မှာ မဟုတ်ဘူး၊ နန်းတော်ကနေထွက်ခွာခွင့်ပေးပြီး သူ့မယ်တော်ကို နောက်ဆုံးတစ်ခေါက် တွေ့ဆုံခွင့်ပေးလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်၊ ဒါဆို ချန်ရှုယိလည်း အရှင်မင်းကြီးကိုကျေးဇူးတင်ပြီး ရှေ့လျှောက် ကောင်းကောင်းပြုစုနိုင်မှာဖြစ်သလို တိုင်းသူပြည်သားတွေကလည်း အရှင်မင်းကြီးရဲ့ကြင်နာမှုကို ချီးမြှောက်ကြပါလိမ့်မယ်”

ယွဲ့ဟွာကို ယွဲ့လင်း ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့်ကြည့်လိုက်သည်။ ယွဲ့လင်းဘက်မှ အမတ်တစ်ယောက်က ကန့်ကွက်ဖို့ပြင်လိုက်စဉ် ယွဲလင်း ရုတ်တရက် ရယ်မောလိုက်ပြီးမိန့်လိုက်ပါသည်။

“မင်းသားအန်းဟယ်ပြောတာ အဓိပ္ပာယ်ရှိပါတယ်၊ ဒါဆို ချန်ရှုယိကို နန်းတော်ကနေ ထွက်ခွာခွင့်ပေးမယ့် အထူးအမိန့်တော်ကို ဒီနေ့ပဲ ကျန်းထုတ်ပြန်မယ်”

နန်းတော်ကနေ ထွက်ခွာခွင့်ပေးမယ့် အထူးအမိန့်တော်တဲ့…

သို့သော် နန်းတော်မှထွက်ခွာပြီး ဘယ်ကိုသွားရမည်ဟူ ၍တော့ ယွဲ့လင်း အတိအကျ မပြောခဲ့ပါချေ။

All Chapters