← Chapters

👑 Above the Imperial Court

Vol. 14 Ch. 138

👑 Above the Imperial Court

Vol. 14 Ch. 138

တောင်းဆိုချက်ကို ယွဲ့လင်း ရုတ်တရက် သဘောတူလိုက်သည်။ ဘက်ပေါင်းစုံက အရာရှိအမတ်တွေအားလုံး ကြက် သေသေသွားခဲ့ကြပါသည်။

ဒီ… ဒီလောက်နဲ့ ပြီးသွားပြီလား….

ယွဲ့ဟွာလည်း ခေတ္တမှင်သက်သွားခဲ့သည်။ ထို့နောက် သူ့နှုုတ်ခမ်းထက် အေးစက်စက် အပြုံးတစ်ခုပေါ်လာခဲ့ပါသည်။ ယွဲ့လင်း သူ့ကို မျက်နှာလိုမျက်နှာရလုပ်သည့် သဘောဖြစ်မည်ဟု ယုံကြည်သည်။

သို့သော် ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပါပြီ။ သူနှင့် ယွဲ့လင်းတို့က ရန်သူတော်တွေဖြစ်ဖို့ ကံပါလာခဲ့တာဖြစ် သည်။ ဘာတွေပဲဖြစ်လာပါစေ သူ့ထီးနန်းကို ယွဲ့ဟွာရ အောင်သိမ်းပိုက်ပါမည်။

သူ့မျက်နှာထားကို ဖုံးကွယ်ဖို့အတွက် ယွဲ့ဟွာ ခေါင်းငုံ့ထားလိုက်ပါသည်။

ချန်ရွှမ်းယွီ အနောက်နန်းဆောင်ထဲ ရောက်ရှိကတည်းက သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နေသည်ဟု ချန်ကျင်းမင် ပြောဖူးသည်။ ထို့ကြောင့် အနောက်နန်းဆောင်ထဲ သူတို့သိချင်တာတွေလည်း မသိခဲ့ရပါ။

သို့သော် ယွဲ့ဟွာ ယုံကြည်ထားသည်။ ချန်ရွှမ်းယွီ နန်းတော်အပြင်ကို ပြန်ရောက်လာတာနဲ့တစ်ပြိုင်နက် သူမကိုပြန် လည်ထိန်းချုပ်နိုင်မည့် နည်းလမ်းတွေ ချန်ကျင်းမင်မှာ ရှိနေပါလိမ့်မည်။

ဧကန္တ ကျန်းကျီမြောင်ရဲ့အကြောင်းတွေကိုလည်း သူသိကောင်းသိရနိုင်သည်။ ဒါတွေကို တွေးရင်း ယွဲ့ဟွာ အနည်း ငယ် ဒေါသထွက်မိသွားသည်။

လင်းချင်ချင် ဘာတွေလုပ်နေတာလဲ!

ယွဲ့လင်းကို ပိုင်ပါတယ်ဆိုပြီး သူပဲ ပြောခဲ့တာမဟုတ်ဘူးလား ?

အခုထိ ဘာလို့ ဘာသတင်းမှ မကြားရသေးတာလဲ!

လင်းချင်ချင်ဘေးမှ အခြွေအရံဟွေ့ရှင်းတောင် ဘာသတင်းမှ မပေးပို့ခဲ့ပါ။

ဒီအနောက်နန်းဆောင်…

အစတုန်းက နန်းတော်ထဲမှာ ယွဲ့ဟွာ လူတွေနဲ့ ပြည့်နှက်နေခဲ့သည်။ ယခုတော့ ယွဲ့လင်းက သေချာစုံစမ်းစစ်ဆေးပြီး သူ့လူတွေကို တစ်ယောက်ချင်း ဖယ်ရှားနေလေပြီ။ ရှို့အန်းနန်းဆောင်၏အတွင်းအပြင်မှာပင် ယွဲ့လင်း၏လူတွေသာ ရှိနေတော့သည်။

နန်းတော်အတွင်းက သူ့လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ယွဲ့ဟွာ လုံးဝဆုံးရှုံးခဲ့ရသည်။ ချန်ရွှမ်းယွီကို ချန်ကျင်းမင် အမြန်ဆုံး ပြန်ထိန်းချုပ်နိုင်ပါစေဟုသာ ယွဲ့ဟွာ ဆုတောင်းနိုင်တော့သည်။

ယွဲ့လင်း အမိန့်ထုတ်ပြန်ပြီးနောက် အားလုံး ငြင်းခုံနေတာ ရပ်တန့်သွားကြသည်။

ယွဲ့ဟွာကိုကြည့်လျက် ယွဲ့လင်း မိန့်လိုက်သည်။ “မင်းသားအန်းဟယ်၊ ချိုက်ထျဲ့ရွာကနေ သိမ်းပိုက်ရရှိလာတဲ့ စာအုပ် တွေထဲမှာ အဲ့ဒီပစ္စည်းတွေကိုယမ်းမှုန့်လို့ခေါ်တဲ့အကြောင်း ရေးသားထားတယ်၊ သေသေချာချာ အသုံးပြုနိုင်မယ် ဆိုရင် အဲ့ဒီယမ်းမှုန့်တွေရဲ့ စွမ်းအားက ကြောက်ခမန်းလိလိဆိုပဲ၊ အဲ့ဒီယမ်းမှုန့်တွေကို သုတေသနလုပ်ဖို့ မင်းသားအန်းဟယ်နဲ့ စစ်သူကြီး ဝူကျီးတို့ တာဝန်ယူထားရတာ မဟုတ်လား ? အခုအခြေအနေ ဘယ်လိုရှိလဲ”

ယွဲ့ဟွာ မျက်နှာအနည်းငယ်ပျက်သွားပြီး တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။

“လောလောဆယ်တော့ ဘာမှ တိုးတက်မှု မရှိသေးပါဘူး အရှင်မင်းကြီး”

“ဘာတိုးတက်မှမရှိသေးဘူး ဟုတ်လား”

ယွဲ့လင်း မျက်ခုံးပင့်ကာ မိန့်လိုက်သည်။

“ဧကန္တ သတိလွန်ကဲလွန်းတာကြောင့် ဖြစ်နိုင်တယ်”

ဝူကျီးကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

“ဝူကျီး နောက်တစ်ခါကျရင် ဘာကိုမှ သိပ်ဂရုမစိုက်ဘဲ သုတေသနလုပ်ပါ၊ မီးနဲ့ တို့ကြည့်တာတို့ ဖိအားများများပေးကြည့်တာတို့ လုပ်ကြည့်ပေါ့၊ မင်းသားအန်းဟယ် အနားမှာရှိနေသရွေ့ ကြိုက်သလို ဆောင်ရွက်လို့ရတယ်၊ နားလည်ရဲ့လား”

ဝူကျီး ပြတ်ပြတ်သားသား အမိန့်နာခံလိုက်ပါသည်။

ယွဲ့ဟွာ: “???”

အဲ့လိုတွေ လျှောက်လုပ်ရင် အကုန်မသာပေါ်ကုန်မှာပေါ့!

ယွဲ့ဟွာ မျက်နှာ အလွန်ရှုံ့မဲ့သွားပါသည်။ ယွဲ့လင်းကမူ အလွန်ယုတ်မာသည်။ ဝူကျီးတို့ကို မှန်ကန်သည့် ယမ်းမှုန့်အသုံးပြုနည်းများ သင်ကြားပေးဖို့ သူ့လက်ကို တွန်းအားပေး အကြပ်ကိုင်နေခြင်းဖြစ်ပါလိမ့်မည်။။ သူ ဒါမျိုး လက်သင့်မခံနိုင်ပါ။

သို့သော်… ဝူကျီးနှင့်တခြားသူများသာ ယွဲ့လင်းခိုင်းသည့်အတိုင်း အဆင်အခြင်မဲ့ စမ်းသပ်လိုက်လျှင်…

ယွဲ့ဟွာတစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူ့အသက်က အရာရာထက် ပိုတန်ဖိုးရှိပါသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်လိုက်ရသည်။

ဒီကမ္ဘာကြီးထဲမှာ ယမ်းမှုန့်ထုတ်လုပ်နည်းကို သိရှိတာ သူတစ်ယောက်တည်းသာရှိသည်။ ယွဲ့လင်း အသုံးပြုနည်း သိသွားလျှင်ပင် ဒီတစ်သုတ်ကုန်သွားသည်နှင့် ယွဲ့ဟွာ ထပ်ထုတ်လုပ်ပေးမည်မဟုတ်ချေ။

လျှို့ဝှက်နေရာတစ်ခု ထပ်ရှာဖွေပြီး ယမ်းမှုန့်ထုတ်လုပ်ရေးကို သူ့ဖာသာ သူ ပြန်လည်စတင်ပါမည်။

“ပြီးတော့…”

ယွဲ့လင်း ပြုံးလိုက်သည်။

“သတင်းကောင်းနောက်တစ်ခု ရှိသေးတယ်”

ယွဲ့ဟွာ ရင်တုန်သွားပြန်သည်။ ယွဲ့လင်းအတွက် သတင်း ကောင်းက သူ့အတွက် သတင်းဆိုးဖြစ်မှာသေချာသလောက် ရှိသည်။

“မြို့စားရှဲ့ အစီရင်ခံလိုက်ပါ”

ရှဲ့ချန်းကို ယွဲ့လင်း ကြည့်လိုက်သည်။

ရှဲ့ချန်း အမြန်ရှေ့ထွက်လာပြီး လျှောက်တင်လိုက်ပါသည်။

“အမိန့်တော်အတိုင်းပါ! ချူးဟယ်လင်းကို ဖမ်းဆီးလာတဲ့ တော်ဝင်အစောင့်တပ်ကို သူပုန်တစ်စုက အလစ်ဝင်တိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့သတင်း ဒီငယ်သားကြားခဲ့ရပါတယ်၊ ဒါ့ကြောင့် ဒီငယ်သားရဲ့ ကိုယ်ပိုင် ခြေလျှင်တပ်ကို မြို့တော်ကနေ အမြန်ဆုံးထွက်ခွာခိုင်းပြီး လမ်းကြောင်းမှာ ကြိုစောင့်ခိုင်းထားခဲ့ပါတယ်”

“မနေ့ညက သတင်းထူးရရှိခဲ့တယ်၊ အလစ်ဝင်တိုက်ဖို့ ကြံစည်တဲ့ သူပုန်တွေအားလုံးကို ခြေမှုန်းနိုင်ခဲ့ပါတယ် အရှင်မင်းကြီး၊ တပ်ဆုတ်သွားတဲ့ သူပုန်တချို့နောက်ကို ခြေရာခံလိုက်ကြည့်တော့ သူတို့ ခံတပ်စခန်းကိုပါရှာတွေ့ခဲ့ပြီး ရွှေငွေဘဏ္ဍာ မြောက်မြားစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်၊ ဒီ့အပြင် ယမ်းမှုန့်အနည်းငယ်ကိုလည်း ရှာဖွေ တွေ့ရှိခဲ့လို့ ဒီသူပုန်တွေက လောတိုင်းပြည်လက်အောက်ခံတွေ ဖြစ်မယ်လို့ သံသယဖြစ်မိပါတယ် အရှင်မင်းကြီး”

ရှဲ့ချန်း လေးနက်စွာ လျှောက်တင်လိုက်ခြင်းဖြစ်သည်။

ထိုအခါ ယွဲ့လင်း အမျက်ဒေါသထွက်သွားဟန်ဖြင့် မိန့်လိုက်သည်။

“လောတိုင်းပြည်ရဲ့ လွှမ်းမိုးမှုက မြို့တော်နားအထိပါ ရောက်ရှိလာပြီလား! ဒါကျန်းရဲ့ကုတင်ဘေးမှာ သူစိမ်းတွေ လာဟောက်နေတာနဲ့ အတူတူပဲ! ဒီအရေးကိစ္စကို လုံးဝ လျစ်လျူရှုထားလို့ မရဘူး!”

“မင်းသားအန်းဟယ်”

ယွဲ့ဟွာကို ယွဲ့လင်း ကြည့်လိုက်ပြန်သည်။

“စာလွှာတစ်စောင် အမြန်ဆုံးပြင်ဆင်ပါ! လောတိုင်းပြည်ဆီ ဝေဖန်ရှုတ်ချတဲ့ စာတစ်စောင် ကျန်း ပို့ဆောင်မယ်!”

ယွဲ့ဟွာ ကြက်သေသေသွားခဲ့သည်။

ဒီကိစ္စမှာ… လောတိုင်းပြည်ကလူတွေ တရားခံဖြစ်သွားတာလား ?

ယွဲ့ဟွာ ဝမ်းသာရမလား ဝမ်းနည်းရမလားမသိ ဖြစ်သွားရလေသည်။

“အမှန်ပါပဲ၊ဒီယုတ်ညံ့တဲ့ လောတိုင်းပြည်သားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသင့်တယ်! ဒီကောင်တွေကို သွေးအန်သွားရလောက်တဲ့အထိ ဝေဖန်ရှုတ်ချတဲ့စာလွှာကို ရေးသားပေးပါ မင်းသားအန်းဟယ်!”

ရှဲ့ချန်းကလည်း ထောက်ခံလိုက်ပါသည်။

ယွဲ့လင်းနှင့် ရှဲ့ချန်းတို့၏အတိုင်အဖောက်ညီမှုကို ကြည့်ရင်း နန်းတွင်းအရာရှိများ မျက်နှာအနည်းငယ် ပြောင်းလဲသွားကြသည်။

မိဖုရားကြီး၏အတွေးသံကို ကြားထားတာကြောင့်သာ မဟုတ်လျှင် သူတို့လည်း တရားခံကိုလောတိုင်းပြည်ဟုသာ ထင်မှတ်သွားလောက်သည်။

ထို့ကြောင့်… အရာရှိအမတ်တွေလည်း သရုပ်ဆောင်မှု စတင်လေတော့သည်။

“ဒီသူပုန်တွေကို ကြိုးကိုင်တဲ့လူက တော်တော် ယုတ်ညံ့တာပဲ၊ အသေဆိုးနဲ့ သေပါစေလို့ ငါကျိန်စာတိုက်တယ်!”

အမတ်တစ်ယောက်က ခက်ထန်စွာပြောလိုက်သည်။

“ဒါဆို ဒီကောင်တွေ မျိုးမပွားနိုင်ပါစေနဲ့လို့ ငါလည်း ကျိန်စာတိုက်တယ်!”

“လောတိုင်းပြည်က ကောက်ကျစ်ယုတ်မာလိုက်တာ! နောက်ကွယ်က ကြိုးကိုင်သူတွေ ငရဲကြီး ၁၈ ထပ်မှာ ထာဝရ ဝဋ်ဒုက္ခ ခံစားရပါစေ!”

အရာရှိအမတ်များ တစ်ယောက်ပြီးတစ်ယောက် ကျိန်စာတိုက်ကြလေသည်။

ယွဲ့ဟွာ: “…”

သူ့မျက်နှာ အတော်လေးဖြူရော်နေပါပြီ။ သို့သော် အမတ်များက လောတိုင်းပြည်ကို ကျိန်ဆဲနေကြတာဖြစ်သဖြင့် သူနှင့် မသက်ဆိုင်လောက်ပါ…

ယွဲ့လင်းမျက်နှာပေါ် မသိသာသော အပြုံးတစ်ခုပေါ်လာပြီး လေးလေးနက်နက် မိန့်ကြားလိုက်ပါသည်။

“ကောင်းပြီ ဝန်ကြီးတို့၊ အဲ့လောက်ထိ ဒေါသထွက်စရာမလိုပါဘူး၊ ဒီလိုအရေးကိစ္စမျိုးကို မင်းသားအန်းဟယ်လက်ထဲ ယုံယုံကြည်ကြည် အပ်ထားလို့ရတယ်၊ လောတိုင်းပြည်ကလူတွေ ခေါင်းမဖော်နိုင်တဲ့အထိ သူ ဝေဖန်ရှုတ်ချပေးပါလိမ့်မယ်၊ မင်းသားအန်းဟယ်က ဘာပညာရည်မှမရှိဘဲ ဟိတ်ဟန်လုပ်နေတဲ့လူလို့ အားလုံးက စွပ်စွပ်စွဲစွဲပြောနေကြတာ၊ ဒါပေမယ့် မင်းသားအန်းဟယ်ကို ကျန်း ယုံကြည်တယ်၊ ဒီတစ်ခါ ကန့်ကွက်နေတဲ့ ပါးစပ်တွေ ပိတ်သွားအောင် အစွမ်းထုတ်ပြလိုက်ပါ ပဉ္စမညီတော်”

ယွဲ့ဟွာကို ယွဲ့လင်းမျှော်လင့်တကြီး ကြည့်လိုက်သည်။ ယွဲ့ဟွာကမူ မှိုင်တွေတွေ ခေါင်းညိတ်လိုက်လေသည်။

“ဘာတွေ အစီရင်ခံစရာရှိသေးလဲ”

ယွဲ့လင်း မေးလိုက်သည်။

ထိုစဉ် ရှစ်ယိုချန်း ရှေ့ထွက်လာခဲ့သည်။

“အရှင်မင်းကြီး! ဒီငယ်သား အစီရင်ခံစရာရှိပါတယ်!”

“ဪ ဝန်ကြီးရှစ်ပါလား ? အစီရင်ခံစေ”

ယွဲ့လင်း အပြုံး ပိုမိုနက်ရှိုင်းသွားလေသည်။

ရှစ်ယိုချန်းထံ ယွဲ့ဟွာ ခြိမ်းခြောက်သည့် အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။

ရှစ်ယိုချန်းကမူ မမြင်ချင်ယောင် ဆောင်လိုက်ပါသည်။ တစ်ချိန်တုန်းက ယွဲ့ဟွာထံမှာ အမှုထမ်းခဲ့ဖူးသော်လည်း သူ ငတုံးမဟုတ်ပေ။

လက်ရှိအခြေအနေမှာ ယွဲ့လင်းဘက်သို့ ကူးပြောင်းချင်ပါက သူ့အစွမ်းအစကို သက်သေပြမှဖြစ်ပါမည်။

ရှစ်ယိုချန်း တွန့်ဆုတ်မှုမရှိဘဲ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီးက အမှုဟောင်းတွေကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးဌာနသုံးခုကို တာဝန်ပေးထားပါတယ်၊ အစကတော့ အကြောင်းအမျိုးမျိုးကြောင့် ဘာတိုးတက်မှုမှ မရှိခဲ့ဘူး၊ သို့ပေမယ့် အမှုဟောင်းတွေကို စိစစ်ရင်း သံသယဖြစ်စရာကောင်းတဲ့အချက်တွေ ဒီငယ်သား မြင်တွေ့ခဲ့ပါတယ်၊ စိစစ်ကွပ်ကဲသူဖေးရဲ့ အမှုကိစ္စဖြစ်ပွားပြီးတော့ သူ့အစေခံ တော်တော်များများပျောက်ဆုံးသွားခဲ့တယ်လို့ သိရတယ်၊ အဲ့ဒီလူတွေ အခုဘယ်မှာ ရောက်နေသလဲဆိုတာ သံသယဖြစ်စရာကောင်းနေပါတယ်၊ အဲ့ဒီလူတွေကို တိုင်းပြည်အနှံ့ ဖမ်းဝရန်းထုတ်ခွင့်ပေးဖို့ အရှင် မင်းကြီးကို တောင်းဆိုပါတယ်၊ သူတို့တွေကိုသာ မြို့တော်ဆီ ပြန်ခေါ်လာနိုင်မယ်ဆိုရင် အမှုဟောင်းတွေအတွက် တိုးတက်မှုရှိလာနိုင်ပါတယ် အရှင်မင်းကြီး!”

ရှစ်ယိုချန်း လျှောက်တင်ပြီးနောက် အမှုတွဲစာရွက်များကို တင်ပြလိုက်ပါသည်။ ထိုစာရွက်များကို ယွဲ့လင်း မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ဒီရှစ်ယိုချန်းက အစွမ်းအစတော့ရှိသားပဲ…

ဒီလိုဆိုတော့လည်း သူ့ဘက်က အသုံးချပေးရတာပေါ့။

လီသဲ့ဟွိုက်က ထိုစာရွက်များကို ယူပြီး ယွဲ့လင်းထံ ဆက် သပေးလိုက်ပါသည်။ စာရွက်တွေကို လှန်လှောကြည့်ရင်း ယွဲ့လင်းတည်ငြိမ်စွာ မိန့်လိုက်သည်။

“ဒုဝန်ကြီးရှစ် အကြံပြုသလိုပဲ အဲ့ဒီလူတွေကို ရှာတွေ့တဲ့အခါ မြို့တော်ဆီ ချက်ချင်းခေါ်ဆောင်လာခဲ့ပါ”

ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

စိစစ်ကွပ်ကဲသူဖေး၏အမှုကိစ္စက လွန်ခဲ့သည့် နှစ် ၃၀ တုန်းက ကိစ္စဖြစ်သည်။ ယွဲ့လင်းဘာကြောင့် ရုတ်တရက်ကြီး ပြန်တူးဖော်နေရသလဲ သူ နားမလည်နိုင်ပါ။

ဒီကိစ္စက… သူနဲ့လည်း ဘာမှမဆိုင်သလိုပဲ…

သို့သော် ယွဲ့ဟွာ ဘာမှမပြောတော့ပါ။ ထိုအရေးကိစ္စတွေကို စီမံဆုံးဖြတ်ပြီးနောက် ညီလာခံအဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ယွဲ့ဟွာ ပြန်ထွက်လာသောအခါ ချန်ရွှမ်းယွီအကြောင်းကို စဉ်းစားမိနေဆဲဖြစ်သည်။

ဘေးမှလူတစ်ယောက်ကို ယွဲ့ဟွာ ညွှန်ကြားလိုက်သည်။

“နန်းတော်ဂိတ်ပေါက်မှာ သွားစောင့်နေ၊ နန်းတော်ထဲကနေ ချန်ရှုယိ ထွက်သွားတာကို မြင်တာနဲ့ နောက်ကနေထက် ကြပ်မကွာလိုက်ပြီး သေသေချာချာ စောင့်ကြည့်ထား၊ ပြီးရင် ငါ့ကို အကြောင်းထူးမှန်သမျှအစီရင်ခံ၊ နားလည်လား”

“ကောင်းပါပြီ အရှင်မင်းသား”

ထိုလူ တိုးညှင်းစွာ အမိန့်နာခံလိုက်သည်။

All Chapters