← Chapters

👑 Caning

Vol. 14 Ch. 140

👑 Caning

Vol. 14 Ch. 140

ချန်ရွှမ်းယွီကို ဘာမှဆက်မပြောတော့ဘဲ အင်အားသုံးပြီး ဆွဲခေါ်ဖို့ ချန်ကျင်းမင် ကြိုးစားလိုက်သည်။

ဒီသမီးမိုက် ဘာကိုပဲလုပ်ဖို့ကြံရွယ်ထားပါစေ ဒီမှာပဲ အဆုံးသတ်ရမည်။

ချန်ရှုယိလည်း ကြိုတင်ပြင်ဆင်ထားပါသည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှောင်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ကြေညာလိုက်သည်။

“တန့်ဝမ်စည်တော်ကို တီးခတ်ပြီးတာနဲ့ မတရားမှုတစ်ခုရှိရင် ရုံးတော်ကနေ မဖြစ်မနေ စုံစမ်းစစ်ဆေးပေးရမယ်လို့ သိထားပါတယ်၊ စည်းမျဉ်းစည်းကမ်းကိုလည်း ကျွန်မ နားလည်တယ်၊ ရလဒ်က ဘာပဲဖြစ်ဖြစ် တိုင်ကြားသူက ကြိမ်ဒဏ် ၁၀ ချက် မလွဲမသွေ သင့်ခံရမယ်၊ ဒီအထိရောက်လာပြီဆိုတော့ ကျွန်မ ကြိမ်ဒဏ်ခံယူဖို့ အသင့်ပါပဲ၊ ချန်ရွှမ်းယွီကို ကြိမ်ဒဏ်ပေးတော်မူပါ!”

သူ့ ဘဝမှာ ဒီလောက်ထိ အသံကျယ်ကျယ်မပြောခဲ့ဖူးပါ၊ တစ်ကိုယ်လုံးက ခွန်အားတွေကိုသုံးပြီး ပထမဆုံးအကြိမ် ကြွေးကြော်ဖူးခြင်းဖြစ်သည်။

ချန်ရွှမ်းယွီ၏စကားလုံးတိုင်း ပဲ့တင်သံထပ်သွားခဲ့ပြီး အား လုံးတိတ်ဆိတ်သွားခဲ့ရသည်။ ရုံးတော်အရာရှိချုပ်လည်း ထိတ်လန့်သွားပြီး မျက်နှာဖြူဖပ်ဖြူ‌ရော်ဖြစ်သွားခဲ့သည်။

ချန်ရွှမ်းယွီမှာ ချန်မိသားစု၏သမီးဟူသည့် ဂုဏ်ပုဒ်တစ်ခုတည်း ရှိနေလျှင်တော့ ဖြေရှင်းရလွယ်ကူသည်။ သို့သော် ယခုမူ သူသည် အရှင်မင်းကြီး၏ကြင်ယာတော်လည်း ဖြစ်နေပြန်သည်။

ကြိမ်ဒဏ်ပေးခိုင်းရမယ်ဟုတ်လား!

သူ့မှာ အဲ့လိုလုပ်ဖို့ အာဏာရှိပါ့မလား!

အရူးမ တစ်ယောက်အားကြည့်နေသည့် အကြည့်မျိုးဖြင့် ချန်ရွှမ်းယွီကို ချန်ကျင်းမင်ကြည့်လိုက်သည်။ ခေါင်းမာ ပြတ်သားနေသည့် သူ့အသွင်ကို ကြည့်ရင်း ချန်ကျင်းမင် ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့သည်။

သူ့သမီးရဲ့ပုံစံအစစ်အမှန်ကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်မြင်လိုက်ရခြင်းပင်။

ချန်ရွှမ်းယွီ… ချန်ရွှမ်းယွီ!!!

“ကြင်ယာတော်ချန်”

ယွဲ့ဟွာ ဝင်ပြောလိုက်သည်။

“ရုံးတော်အရာရှိချုပ်ကို အခက်တွေ့အောင်မလုပ်ပါနဲ့၊ သခင်ကြီးချန်နဲ့ အိမ်ပြန်လိုက်သွားလိုက်ပါ!”

ထို့နောက် ယွဲ့ဟွာ မျက်လုံးဖြင့် အချက်ပြလိုက်ရာ ချန်ရွှမ်းယွီကို အတင်းအကြပ် ခေါ်ဆောင်သွားဖို့ အစောင့်တပ်သားနှစ်ယောက် ရောက်လာခဲ့သည်။

ထိုစဉ်…

“အရှင်မင်းကြီးရဲ့ အမိန့်တော်!!!”

အမိန့်တော် သဝဏ်လွှာကို သယ်ဆောင်ရင်း လီသဲ့ဟွိုက် သုတ်သုတ်ပျာပျာ ရောက်လာခဲ့ပါသည်။

ရုံးတော်အရာရှိချုပ်လည်း ချွေးတွေကိုသုတ်လိုက်ပြီး အနည်းငယ် စိတ်အေးသွားခဲ့ရသည်။

အမိန့်တော်ရောက်လာတော့ ကောင်းတာပေါ့!

အနည်းဆုံးတော့ သူဘယ်လိုဆုံးဖြတ်ရမလဲ သိရလိမ့်မယ်!

ရုံးတွင်းရုံးပြင်ရှိ လူတွေအားလုံး ဒူးထောက်လိုက်ကြသည်။

“အရှင်မင်းကြီး အမိန့်ထုတ်ပြန်လိုက်သည်”

“ချန်ရွှမ်းယွီက ကျန်းရဲ့ ကြင်ယာတော်တစ်ပါးဖြစ်နေတာက ဒုတိယ၊ ယုံမင်းဆက်ရဲ့ တိုင်းသူပြည်သားဆိုတာက ပထမပါ၊ ဒါ့ကြောင့် ယုံမင်းဆက်ရဲ့ တိုင်းသူပြည်သားတစ်ယောက် ရရှိသင့်တဲ့ အခွင့်အရေးတိုင်းကို ရရှိစေရမယ်၊ ယုံမင်းဆက်ရဲ့ တိုင်းသူပြည်သားတစ်ယောက် လိုက်နာရမယ့် ဥပဒေကိုလည်း သူ လိုက်နာရမယ်၊ မြို့တော်တရား စီရင်ရေးရုံးအနေဖြင့် ဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်စေ!”

ရုံးတော်အရာရှိချုပ်လည်း ဖြူဖပ်နေသောမျက်နှာဖြင့် အမိန့်တော်ကို နာခံလိုက်ရသည်။

အရှင်မင်းကြီး ဆိုလိုသည့်အဓိပ္ပာယ်ကရှင်းပါသည်။ ကြင်ယာတော်ချန်ကို တကယ်ကြိမ်ဒဏ်ပေးရတော့မှာဖြစ် သည်။

ကြိမ်ဒဏ် ၁၀ ချက် ခံယူပြီးသောအခါ နန်းတော်၏ဝန် ကြီးဌာနပေါင်းစုံက ချန်အိမ်တော်အတွင်း ဝင်ရောက်ပြီး ဝမ့်ဝမ်ရုန်၏အဖျားရောဂါအကြောင်း စုံစမ်းစစ်ဆေးခွင့် ရှိသွားပြီဖြစ်သည်။ ဝန်ကြီးဌာနသုံးခုအတွင်း ဝါရင့် စုံစမ်းစစ်ဆေးသူတွေ အများကြီးရှိသည်။

ထိုလူတွေ စတင်လှုပ်ရှားပြီဆိုတာနဲ့ ချန်အိမ်တော်တစ်ခုလုံးကို အထက်အောက်လှန်ပြီး ရှာဖွေတော့မည်ဖြစ်သည်။ ဝမ့်ဝမ်ရုန်၏အဖျားရောဂါနောက်ကွယ်မှာ ဘယ်လိုလျှို့ ဝှက်ချက်မျိုးပဲ ရှိနေပါစေ ၎င်းတို့ရအောင် စုံစမ်းစစ်ဆေးပါလိမ့်မည်။

အရှင်မင်းကြီးလိုချင်တာ ဒါပဲ ဖြစ်မည်။

ယခု ချန်ရှုယိကလည်း တွန့်ဆုတ်မှုမရှိဘဲ အရှင်မင်းကြီးနဲ့ ပူးပေါင်းဆောင်ရွက်နေသည်။ မယ်တော်ဖြစ်သူအတွက် ကြိမ်ဒဏ် ၁၀ ချက်ကို လိုလိုလားလား ခံယူဝံ့သည်။

ချန်ရွှမ်းယွီကို ကြည့်ရင်း ရုံးတော်အရာရှိချုပ် မျက်လုံးထဲ လေးစားသွားမိသည်။ ထို့နောက် ယွဲ့ဟွာနှင့် ချန်ကျင်းမင်တို့ကိုကြည့်ကာ သူပြောလိုက်သည်။

“မင်းသားအန်းဟယ်၊ အရှင်မင်းကြီးက အမိန့်ထုတ်ပြန်လိုက်ပြီ၊ ချန်ရွှမ်းယွီက ကြီးမြတ်တဲ့ ယုံမင်းဆက်ရဲ့တိုင်း သူပြည်သားတစ်ယောက်ဖြစ်လို့ ယုံမင်းဆက်ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ၊ ကြိမ်ဒဏ်ပေးဖို့ ပြင်ဆင်ရပါတော့မယ်”

ယွဲ့ဟွာ မျက်နှာအလွန်ပျက်သွားပြီး အံကြိတ်ကာ ပြောလိုက်ပါသည်။

“ဒါဆို ဒီအရှင်မင်းသားလည်း ဘေးကနေ စောင့်ကြည့်နေရတာပေါ့၊ ကြင်ယာတော်ချန်က ကြိမ်ဒဏ်ခံယူဖို့ လာခဲ့တာဆိုတော့ အရာရှိချုပ်လည်း ကြိမ်ဒဏ်ကို လျှော့ပေါ့ခြင်းမရှိဘဲ ဥပဒေနဲ့အညီ ပေးမယ်လို့ မျှော်လင့်ပါတယ်”

အပြစ်ဒဏ်ကို ယွဲ့ဟွာ သေသေချာချာစောင့်ကြည့်ဖို့ ကြံ ရွယ်ထားသည်။ ကြိမ်ဒဏ်ပေးသူများက ဟန်ပြသာရိုက်နှက်ခြင်းဆိုလျှင် ယွဲ့ဟွာ ချက်ချင်းပြဿနာရှာရပါလိမ့် မည်။

ချန်ရှုယိ တည်ငြိမ်စွာပြောလိုက်သည်။

“သာမန်တိုင်းသူပြည်သားတစ်ဦးလိုပဲ ဒီကြင်ယာတော် ပြစ်ဒဏ်ခံယူမှာပါ”

“ကောင်းပြီလေ! ကြင်ယာတော်ချန် ဘယ်လောက်ထိ အရိုးမာနိုင်မလဲ စောင့်ကြည့်ကြသေးတာပေါ့”

ယွဲ့ဟွာ လမ်းဖယ်ပေးလိုက်သည်။

ရုံးတော်အရာရှိချုပ် အံကြိတ်ကာ အမိန့်ပေးလိုက်သည်။

“ကြိမ်ဒဏ်ပေးဖို့ အသင့်ပြင်စေ!”

သိပ်မကြာလိုက်ဘဲ ရေမီးကြိမ်တံကို ထုတ်လာခဲ့ကြသည်။ ကြိမ်တံကထိပ်ပိုင်းမှာ အနက်ရောင်ဖြစ်ပြီး အောက်ပိုင်းမှာ အနီရောင်ဖြစ်ကာ ဥပဒေမှာ ပုဂ္ဂိုလ်ရေးရာခံစားချက် မပါ ဝင်ကြောင်းပြသဖို့အတွက် ရေမီးကြိမ်တံဟု အမည်ပေးထားခြင်းဖြစ်သည်။

ထို့နောက် ပြစ်ဒဏ်ခံယူရမည့် ခုံပေါ်တွင် ချန်ရွှမ်းယွီ လှဲလျောင်းလိုက်ပါသည်။

ဒီနေ့ သူမရဲ့ ဆုံးဖြတ်ချက်ကို‌ နောင်တမရခဲ့ပါ။ သို့တိုင် ကြိမ်ဒဏ်ခံယူရမည့်အချိန်မှာတော့ အနည်းငယ်ကြောက် ရွံ့မိပါသည်။

သူ မျက်လွှာချလိုက်ပြီး အံကြိတ်ထားလိုက်သည်။ ဘယ်သူမှ ကိုယ့်ကံကြမ္မာကိုယ် အလွယ်တကူမပြောင်းလဲနိုင်ပါ။ အရာရာအတွက် အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ကိုသာ အားကိုးနေလို့မဖြစ်ပေ။ မိခင်ဖြစ်သူနှင့် သူမကိုယ်အတွက် ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ပါ။

ယွဲ့ဟွာအကြည့်မှာ အဆိပ်ပြင်းသော မြွေပွေးတစ်ကောင်လိုပင်။ ကြိမ်ဒဏ်ပေးသူတွေသာ နည်းနည်းလောက် သက် ညှာလိုက်ပါက သူ ချက်ချင်းကန့်ကွက်မည်ဖြစ်သည်။

ထို့နောက် ကြိမ်တံကို ပထမဆုံးအကြိမ် မြှောက်လိုက်လေပြီ။

-

ဖုန့်ယီနန်းဆောင်တွင်…

ကျန်းကျီမြောင်လည်း ရင်တုန်သွားခဲ့သည်။ ကြိမ်ဒဏ်ပေးမည့် နေရာသို့ သူမကိုခေါ်သွားဖို့ ယွဲ့လင်းအား တောင်းဆိုချင်ခဲ့သည်။ သူနှင့် ယွဲ့လင်းတို့ အတူတူကြွမြန်းလာပါက အနည်းဆုံးတော့ ကြိမ်ဒဏ်ပေးသူတွေလည်း သက်ညှာကြမှာ သေချာပါသည်။

သို့သော် ချန်ရွှမ်းယွီက သူတို့ကို မလာဖို့တားခဲ့သည်။

သူမက ကြီးမြတ်သည့် ယုံမင်းဆက်၏တိုင်းသူပြည်သားတစ်ဦးဖြစ်သည်။ တရားမျှတမှုကိုလိုချင်လျှင် သူမလည်း ယုံမင်းဆက်၏ ဥပဒေအတိုင်းခံယူရမည်ဖြစ်သည်။

အထူးအခွင့်အရေးတွေ မလိုချင်ပါ။ မျှတသည့် စီရင်မှုကိုသာ လိုချင်သည်။ စနစ်မှပြသသည့် Meteor Garden ကို ကြည့်ရှုပြီးနောက် ချန်ရွှမ်းယွီ ဒီလိုခံယူချက်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ချန်ရွှမ်းယွီ အလွန်ခေါင်းမာနေသဖြင့် ကျန်းကျီမြောင်လည်း ဘာမှမတတ်နိုင်ဘဲ ခွင့်ပြုပေးခဲ့ရသည်။

သို့သော် သူမ စိတ်ပူမိတာတော့ အမှန်ပင်။ ထို့ကြောင့် စနစ်စတိုးဆိုင်မှ ‘အမြင်ဖလှယ်ခြင်း အဆောင်’ကို ဝယ်ယူခဲ့သည်။ အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ယခင်တစ်ခေါက်ကလိုပဲ ယွဲ့ဟွာကို ပစ်မှတ်ထားလိုက်ပါသည်။

ထို့ကြောင့် ယွဲ့ဟွာ မြင်ရသမျှကို ကျန်းကျီမြောင် မြင်နေရသည်။ ခုံပေါ်မှာ မတ်မတ်ဆန့်ထားသည့် ချန်ရွှမ်းယွီ၏ ကျောပြင်ကို ကျန်းကျီမြောင်မြင်နေရပါသည်။ ချန်ရွှမ်းယွီက ခွန်အားပျော့ညံ့သူဖြစ်မှန်း သိသာသည်။ သို့သော် ယခုအချိန်မှာတော့ သူရဲကောင်းတစ်ဦးသဖွယ်ရဲဝံ့နေသည်။

ကျန်းကျီမြောင် မြင်နေရသည့် မြင်ကွင်းများကို အနောက်နန်းဆောင် ကိုယ်လုပ်တော်တွေ အားလုံးလည်းမြင်နေရပြီး စိတ်လက်မသက်မသာဖြစ်နေကြရသည်။

ချန်ရွှမ်းယွီ၏ကျောပြင်ပေါ်သို့ ပထမဆုံးကြိမ်ချက် ကျရောက်လာခဲ့သည်။ ခန္ဓာကိုယ်အနည်းငယ် တုန်ယင်သွားသော်လည်း အံကြိတ်ကာ အော်သံလုံးဝမထွက်ခဲ့ပေ။

ဒုတိယတစ်ချက် ကျရောက်လာသောအခါ သူမ နဖူးပေါ် ချွေးသီးချွေးပေါက်တွေ စီးကျလာခဲ့သည်။ သို့သော် အံကိုတော့ မြဲမြဲကြိတ်ထားဆဲဖြစ်သည်။

ထို့နောက် သုံးချက်မြောက်… လေးချက်မြောက်…

ယွဲ့ဟွာ စူးစူးဝါးဝါး စိုက်ကြည့်နေသဖြင့် အနောက်နန်းဆောင် ကိုယ်လုပ်တော်များအားလုံးလည်း ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

ချန်ရွှမ်းယွီ အလွန်ခေါင်းမာနေခဲ့သည်။ သူမ အလွန်နာ ကျင်နေမှန်း သိသာသော်လည်း အော်သံလုံးဝမထွက်ဘဲ နှုတ်ခမ်းကို သွေးထွက်သည်အထိသာကိုက်ထားသည်။

တချို့ဆို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့နေကြပြီး သူတို့၏ နီမြန်းနေသည့် မျက်ဝန်းများကို ကျန်းကျီမြောင် မမြင်အောင် ဖုံးကွယ်နေရသည်။ တချို့ကမူ ပိုပြီးစူးစူးရှရှစိုက်ကြည့်ခဲ့ကြသည်။ ချန်ရွှမ်းယွီ သူ့ရဲ့ကံကြမ္မာအတွက် ဘယ်လို ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့သလဲဆိုတာကို သူမတို့ အမှတ် ရနေချင်သောကြောင့်ပင်။

တိတ်ဆိတ်ငြိမ်သက်မှုများအကြား ချန်ရွှမ်းယွီ ကြိမ်ဒဏ် ၁၀ ချက်ကို ခံယူခဲ့သည်။

ချန်ရွှမ်းယွီ၏ပါးလွှာနူးညံ့သော အဝတ်စများ သွေးနီရောင်ပြောင်းနေပြီဖြစ်သည်။ သေသေသပ်သပ် ထုံးထားသည့် ဆံထုံးလည်း ပြန့်ကျဲကာ ရှုပ်ပွနေခဲ့ပါပြီ။

ချန်ရွှမ်းယွီ၏ပုံစံသည် အလွန်ကြည့်ရဆိုးနေပါလိမ့်မည်။ အရှင်မင်းကြီး၏ကြင်ယာတော်တစ်ပါး ဖြစ်ပါလျက်နှင့် ယခုလို စုတ်စုတ်ပြတ်ပြတ်ပုံစံမျိုးဖြင့် တိုင်းသူပြည်သားတွေအရှေ့မှာ တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်သည်ဟု လူတွေဝေဖန်ရှုတ်ချကြမည်ကို ကျန်းကျီမြောင် မြင်ယောင်နေပါပြီ။

သို့သော် ကျန်းကျီမြောင်ကမူ ယခုအချိန်မှာ ချန်ရွှမ်းယွီ အလွန်လှပနေသည်ဟု ခံစားမိသည်။ ရင်နာစရာ ကောင်းလောက်အောင်လှပလွန်းသည်။

ကြိမ်ဒဏ်ပေးသူများ ရေမီးကြိမ်တံကိုပြန်လည်သိမ်း ဆည်းသွားကြပြီဖြစ်သည်။ ချန်ရွှမ်းယွီ ခက်ခက်ခဲခဲ ပြောလိုက်ပါသည်။

“ဒီကြင်ယာတော်… ကြိမ်ဒဏ်ခံယူပြီးပါပြီ! မိခင်ကြီးရဲ့ အရေးကိစ္စကို…”

ရုံးတော်အရာရှိချုပ်ကြီးမှ မျက်စိမျက်နှာ မကောင်းစွာဖြင့် ဖြတ်ပြောလိုက်ပါသည်။

“သေသေချာချာ စုံစမ်းစစ်ဆေးလိုက်ပါ့မယ်၊ အခြားအမှုကိစ္စတွေထက်ကို ဦးစားပေးဆောင်ရွက်ပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်…”

ကျေးဇူးတင်စကားပြောဆိုပြီးနောက် ချန်ရွှမ်းယွီ သတိ လစ်သွားလေတော့သည်။

“ကြင်ယာတော်ချန်ကို နန်းတော်ထဲပြန်ပို့ဆောင်လိုက်ပါ”

ရုံးတော်အရာရှိချုပ် အမိန့်ပေးလိုက်သည်။

ကျန်းကျီမြောင်လည်း ချက်ချင်းမတ်တပ်ရပ်လိုက်သည်။

ဟုတ်တယ် အနောက်နန်းဆောင်ဆီ မြန်မြန်ပြန်ခေါ်လာခဲ့!

စနစ်စတိုးဆိုင်ထဲက ဆေးဝါးကို ကျန်းကျီမြောင် ဝယ်ယူပြီးသွားပါပြီ။ ဒီဆေးနဲ့သာဆို ချန်ရှုယိ အမြန်ဆုံးပြန်သက်သာသွားလိမ့်မည်။

ကျန်းကျီမြောင် ပြောလိုက်သည်။

“ချန်ရှုယိဘက်က ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပြီးလောက်ပြီ၊ သူ့အခြေအနေအတွက် ဒီမိဖုရား စိုးရိမ်ပူပန်လို့ မောက်လန်နန်းဆောင်မှာ သွားစောင့်ကြိုနေတော့မယ်၊ အားလုံး…”

“ဒီကိုယ်လုပ်တော်တို့လည်း အတူတူ လိုက်ခဲ့ပါ့မယ်”

ကိုယ်လုပ်တော်များအားလုံး တစည်းတလုံးတည်း ခေါင်း ငြိမ့်လိုက်ကြလေသည်။

All Chapters