← Chapters

👑 Divine Medicine

Vol. 15 Ch. 141

👑 Divine Medicine

Vol. 15 Ch. 141

ယွဲ့လင်းလည်း အားလပ်သည်နှင့်တစ်ပြိုင်နက် တော်ဝင်သမားတော်များစွာကို ခေါ်ဆောင်ပြီး မောက်လန်နန်းဆောင်းသို့ အလျှင်အမြန်ကြွမြန်းလာခဲ့သည်။ ချန်ရှုယိ၏ ဒဏ်ရာတွေကို လူတွေ ဝေဖန်ရှုတ်ချကြတော့မည်ဖြစ်မှန်း သိသဖြင့် သမားတော်တွေကို ခေါ်ဆောင်လာရခြင်းဖြစ်သည်။

ထို့ပြင် ဒဏ်ရာများသည် ခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်သဖြင့် အမျိုးသမီးသမားတော်များကို အဓိကထား ခေါ်ဆောင်လာခဲ့သည်။

သမားတော်တွေ အများကြီးရှိနေလေရာ ချန်ရှုယိ ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်သလဲဆိုသည်အား သတင်းပြန့်သွားမည်မှာ သေချာသည်။ သို့သော် ယွဲ့လင်း ဂရုမစိုက်ပေ။

ချန်ရှုယိကို အနောက်နန်းဆောင်သို့ ပြန်လည်သယ်ဆောင်လာသောအခါ သတိလစ်မေ့မျောနေဆဲဖြစ်ပြီး အဖျား တက်နေသဖြင့် တစ်ကိုယ်လုံးပူခြစ်နေသည်။ နှုတ်မှလည်း ကယောင်ကတမ်းတွေ ပြောနေလေသည်။

သူမအား ထိုသို့သောပုံစံမျိုးဖြင့် မြင်လိုက်ရသောအခါ ကျန်းကျီမြောင် အလွန်စိတ်ဖိစီးသွားခဲ့ပါသည်။

စနစ်စတိုးဆိုင်မှ လိမ်းဆေးကို သူမ အစောကြီးကတည်းက ဝယ်ယူပြီးသွားပြီဖြစ်သည်။

ဒဏ်ရာသက်သာ လိမ်းဆေး: ၁၀ မှတ်

ကုသမှုကာလက ခုနစ်ရက်ဖြစ်သည်။ ခန္ဓာကိုယ်ပြင်ပရှိ ဒဏ်ရာတိုင်းကို ဒီလိမ်းဆေးက ကုသပေးနိုင်ပါလိမ့်မည်။ ပထမဆုံး ရက်မှာပင် သိသိသာသာ တိုးတက်လာလိမ့် မည်။ သုံးရက်အကြာတွင် ပြဿနာကြီးကြီးမားမားမရှိတော့ဘဲ ခုနစ်ရက်အကြာတွင်တော့ ရာနှုန်းပြည့်ပြန်ကောင်းသွားပါလိမ့်မည်။

တော်ဝင်သမားတော်ကြီးများ ရှိနေသဖြင့် ကျန်းကျီမြောင် စိတ်လိုက်မာန်ပါ မလုပ်နိုင်သေးဘဲ စိတ်ပူပန်စွာဖြင့် စောင့်နေရပါသည်။

[စစ်စရာရှိတာ မြန်မြန်စစ်ကြပါ! သမားတော်တွေ ထွက်သွားမှ ရွှမ်းယွီနဲ့ နှစ်ယောက်တည်းရှိနိုင်မယ့် အချိန်ကို ရှာရမယ်၊ စနစ်က ပေးထားတဲ့ လိမ်းဆေးကို သုံးလိုက်တာနဲ့ ရွှမ်းယွီ ချက်ချင်းအနာသက်သာသွားမှာ]

ယွဲ့လင်း မျက်ခုံးလှုပ်သွားသည်။

မြောင်မြောင်က ဒဏ်ရာတွေပါ ကုသပေးနိုင်တယ်ပေါ့!

မြောင်မြောင်် အသုံးပြုသည့် ထူးထူးဆန်းဆန်းပစ္စည်းတွေက ဘယ်ကမှန်းမသိ ရောက်ရှိလာတတ်သည်။ ထိုပစ္စည်းတွေကို ရရှိဖို့အတွက် မြောင်မြောင်လည်း တန်ဖိုးတစ်ခုခု ပေးဆပ်နေရတာဖြစ်နိုင်ပါသည်။

ထိုတန်ဖိုးက ဘာမှန်း ယွဲ့လင်း မသိသော်လည်း မြောင်မြောင် ဆုံးဖြတ်ချက်ချပြီးသားဖြစ်သဖြင့် သူမ၏အနစ်နာ ခံမှုကို အလကားမဖြစ်စေရပါ။

“အမျိုုးသမီးသမားတော်နှစ်ဦး အထဲဝင်ပြီး ချန်ရှုယိရဲ့ ဒဏ်ရာတွေကို စစ်ဆေးလိုက်ပါ၊ ကျန်တဲ့သူတွေ ဝင်စရာမလိုဘူး၊ သူတို့ပြန်ပြောပြတာကို နားထောင်ပြီး ဆေးသာ ညွှန်းပေးလိုက်”

ယွဲ့လင်း အမိန့်ပေးလိုက်သည်။

ယွဲ့လင်းထံ ကျန်းကျီမြောင် ခိုးကြည့်လိုက်သည်။

[အရှင်မင်းကြီးက ချန်ရှုယိကို တော်တော်အပိုင်စီးတာပဲနော်]

သို့သော်လည်း ထိုသည်မှာ ရှေးခေတ်ဖြစ်သည်။ ဆရာဝန်တွေက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အားလုံးကို ခန္ဓာတစ်ခုသာမြင်ကြောင်း ကျန်းကျီမြောင် မပြောလိုတော့ပါ။ လက်ရှိခေတ်နှင့် ကိုက်ညီမှုမရှိပေ။ ထို့ကြောင့် ယွဲ့လင်း၏ အမိန့်ကအဓိပ္ပာယ်ရှိလှသည်။

သို့သော်လည်း ယွဲ့လင်း၏ကျောရိုးကမူ ချက်ချင်းတောင့် တင်းသွားခဲ့လေသည်။ ကျန်းကျီမြောင်အား နားလည်ရခက်သော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

ချန်ရှုယိကို… အပိုင်စီးတယ်ဆိုတာ ဘာကိုပြောတာလဲ ?

အဲ့လိုမဟုတ်ဘူး! အဲ့လို လုံးဝ မဟုတ်ဘူး!

ကျန်းကျီမြောင်ကို ယွဲ့လင်း ဝမ်းနည်းစွာကြည့်လိုက်သည်။ သူမလည်း ပြန်လှည့်ကြည့်လာပြီး သူဘယ်လောက် သနားစရာ ကောင်းသလဲဆိုတာကို မြင်သွားစေဖို့မျှော်လင့်သည်။

သို့သော် ကျန်းကျီမြောင် မျက်လုံးများက တံခါးဆီမှာသာရှိနေပြီး သူ့ထံတစ်ချက်လေးမျှပင် လှည့်မကြည့်တော့ပါ။

ယွဲ့လင်း မေးချင်မိသည်။

ငါနဲ့ ချန်ရှုယိအကြား ဘယ်သူ့ကို ပိုမေတ္တာရှိတာလဲ ?

သို့သော် ချန်ရှုယိ၏အခြေအနေမှာ အရေးပေါ်ဖြစ်နေသဖြင့် ယွဲ့လင်းလည်း စိတ်ပူမိသည်။ ထို့ကြောင့် ဒီတစ်ခါတော့ သူ သည်းခံလိုက်မည်သာ။

ခဏကြာတော့ အမျိုးသမီးသမားတော်နှစ်ဦး ပြန်ထွက်လာကြပြီး တခြားတော်ဝင်သမားတော်များနဲ့ ဆွေးနွေးခဲ့ကြသည်။

ထိုစဉ် ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်လေသည်။

“အရှင်မင်းကြီး၊ ချန်ရှုယိအတွက် ဒီမိဖုရား စိတ်ပူလို့ ခဏလောက် ဝင်ကြည့်လို့ရမလား”

“ရတယ်”

ယွဲ့လင်း ခေါင်းညိတ် သဘောတူလိုက်သည်။

ကျန်းကျီမြောင်လည်း အခန်းထဲ သုတ်သုတ်ပျာပျာ ဝင်လာခဲ့လေသည်။ အခန်းထဲရောက်တာနဲ့ တစ်ပြိုင်နက် စနစ်စတိုးဆိုင်မှ ဝယ်ယူထားသည့် လိမ်းဆေးကို ထုတ်လိုက် တော့သည်။

အမျိုးသမီးသမားတော်များက ချန်ရှုယိ၏အဝတ်အစားများကို ဖြတ်တောက်သွားခဲ့သဖြင့် အောက်က ဒဏ်ရာတွေ အထင်းသားပေါ်နေပါသည်။ ကျောနဲ့ တင်ပါးတွေအားလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

ချန်ရှုယိတစ်ယောက် ကုတင်ပေါ်မှာ မှောက်ခုံလှဲအိပ်နေပြီး မျက်လုံးများကို တင်းတင်းကြပ်ကြပ်မှိတ်ထားကာ ရံဖန်ရံခန် ကယောင်ကတမ်းတွေပြောနေသည်။

ထို့ကြောင့် ကျန်းကျီမြောင် ဆေးလိမ်းပေးဖို့ ပိုလွယ်ကူသွားခဲ့သည်။ သူ ဆေးပုလင်းကိုထုတ်လိုက်ပြီး ချန်ရှုယိ၏ ဒဏ်ရာတွေအားလုံးအပေါ် ခပ်ပါးပါးလေး လိမ်းပေးလိုက်သည်။

စနစ်က အတော်ကပ်စေးနဲပြီး သေသေချာချာ တွက်ချက်ထားပုံရသည်။ ဆေးပမာဏကိုကြည့်ခြင်းအားဖြင့် လူတစ်ယောက်တည်းသာ အသုံးပြုနိုင်မည့် ပမာဏဖြစ် သည်။ ခုနစ်ရက်ခန့်ကြာပြီးနောက် ဆေးကုန်သွားမည်မှာ သေချာသည်။

ချန်ရှုယိ ရီဝေနေပြီး ကျောပြင်ပေါ်မှာ မီးတောက်လိုပူပြင်းသည့် နာကျင်မှုကိုခံစားနေရသည်။ သို့သော် သူမ ကျောပြင် တစ်ခုလုံးအေးမြသွားသလို ရုတ်တရက် ခံစားလိုက်ရပြီး စိတ်တွေလည်းကြည်လင်သွားခဲ့ပါသည်။

သူ့ မျက်လုံးတွေ ဖွင့်ကြည့်လိုက်သောအခါ သူမကို ဂရုတ စိုက်ဆေးလိမ်းပေးနေသည့် ကျန်းကျီမြောင်အား မြင်လိုက်ရလေသည်။ မိဖုရားကြီး သူ့အား နီမြန်းသောမျက်လုံးများဖြင့် ဆေးလိမ်းပေးနေတာဖြစ်ပြီး အချိန်မရွေးမျက်ရည် ကျတော့မည့်ပုံစံမျိုးဖြစ်နေခဲ့သည်။

ချန်ရှုယိ ရင်ခွင်ထဲ နွေးထွေးသောခံစားချက်တစ်ခုဖြစ်ပေါ် လာခဲ့သည်။ ကျန်းကျီမြောင်ကို နှစ်သိမ့်ပေးချင်မိသော် လည်း အဖျားကမကျသေးသဖြင့် စကားသေသေချာချာ မပြောနိုင်သေးချေ။

ခဏကြာတော့ ဆေးသည် ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားခဲ့သည်။ နာကျင်မှုတွေ သက်သာသွားရုံသာမကဘဲ အဖျားပါ ကျသွားသဖြင့် ချန်ရှုယိ အံ့အားသင့်ခဲ့ရသည်။ ထိုအခါမှသာ ပထမဆုံး စကားတစ်ခွန်းကို ပြောနိုင်ခဲ့သည်။

“အရှင်မ… ဒီ…ဒီကြင်ယာတော် ဘာမှမဖြစ်ပါဘူး”

စိုးရိမ်ပူပန်နေသော မျက်နှာထားကို ချက်ချင်းဖျောက်ကာ ကျန်းကျီမြောင် ပျော်ရွှင်နေသောအပြုံးဖြင့် ပြောလိုက်သည်။

“သတိရလာပြီလား!”

[ခွေးစနစ်က ကပ်စေးနဲပေမယ့် သူ့ဆီက ပစ္စည်းတိုင်း အာနိသင်တကယ်ရှိတာပဲ!]

ချန်ရှုယိ မှင်သက်သွားခဲ့ပြီး ရုတ်တရက် ဝမ်းနည်းသွားခဲ့သည်။ အရှင်မက သူ့ရဲ့နတ်စွမ်းအင်တွေကို အသုံးပြုပြီး သူမအတွက် တစ်ခုခု လဲလှယ်ပေးခဲ့တာဖြစ်မည်။ သူမလို လူမျိုးနဲ့ တကယ်ထိုက်တန်ရဲ့လား ?

ချန်ရှုယိ မျက်လုံးများ နီမြန်းသွားခဲ့သည်။ သို့သော် ကျန်းကျီမြောင်ကို မမြင်စေချင်သဖြင့် မျက်နှာကို ဖွက်ထားလိုက်ပြီး ဗလုံးဗထွေးအသံဖြင့် ပြောလိုက်ပါသည်။

“အရှင်မရဲ့ ဘုန်းကံက ကောင်းကင်ဘုံတမျှ မြင့်မားလွန်းပါတယ်၊ အရှင်မရဲ့ဘုန်းကံကိုမျှဝေပေးခဲ့လို့ ဒီကြင်ယာတော် ရုတ်တရက် သက်သာသွားခဲ့တာပါ”

“ဒီလိုအချိန်မျိုးမှာတောင် အဲ့လိုစကားတွေ ပြောနိုင်သေးတယ်နော်”

ကျန်းကျီမြောင် ငိုရခက်ရယ်ရခက်ဖြင့် ပြောလိုက်ပါသည်။

ချန်ရှုယိ အနည်းငယ် ပြုံးလိုက်မိပါသည်။ သူမက အခြေ အနေနဲ့ အချိန်အခါကို ကြည့်ပြီး စကားကို လိုက်လျောညီထွေးဖြစ်အောင်ပြောတတ်သည်။ သို့သော် သူမဘဝမှာ ဒီစကားက အရိုးသားဆုံးနဲ့အမှန်ကန်ဆုံးပင်။

“သတိရလာပြီဆိုတော့ အရှင်မင်းကြီးနဲ့ အနောက်နန်းဆောင် ညီအစ်မတွေကို ဒီမိဖုရား သွားအကြောင်းကြားဦးမယ်၊ သူတို့ ကြင်ယာတော်ချန်အတွက် စိတ်ပူနေကြတာ”် ကျန်းကျီမြောင် ပြောလိုက်သည်။

ချန်ရှုယိလည်း ခေါင်းညိတ်လိုက်သည်။ ကျန်းကျီမြောင် ခေတ္တတွန့်ဆုတ်သွားပြီး အကြံပေးလိုက်လေသည်။

“ကြင်ယာတော်ချန်ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်၊ ဒီလအတွက်‌တော့ အပြင်မထွက်နဲ့ဘဲ နန်းဆောင်ထဲမှာပဲ သက်သက်သာသာ အနားယူပါ၊ ဒီမိဖုရားအတွက် အဲ့လိုလုပ်ပေးနိုင်မလား”

ကျန်းကျီမြောင်မှာ ရွေးချယ်စရာမရှိပါ။

[စနစ်ဆီက လိမ်းဆေးက အရမ်းအာနိသင်ရှိလွန်းနေတယ်၊ သုံးရက်အတွင်း အတော်လေးသက်သာပြီး ခုနစ်ရက်နေရင် အရှင်းပြန်ကောင်းသွားမှာ သေချာတယ်၊ ဒီအကြောင်းကို လူတွေသိသွားရင် ရှင်းပြရခက်လိမ့်မယ်၊ အကောင်းဆုံးကတော့ ရွှမ်းယွီကို နန်းဆောင်ထဲမှာ တစ်လလောက် တံခါးပိတ်နေခိုင်းလိုက်တာပဲ၊ တစ်လလောက်နေမှ သက် သာသွားတယ်ဆိုတာက ပိုယုတ္တိရှိတယ်လေ]

ချန်ရှုယိ မျက်လုံးများ ပိုမိုနီမြန်းသွားခဲ့သည်။ ဒီလို နတ်ဆေးဝါးမျိုးရရှိဖို့အတွက် အရှင်မ ဘယ်လိုတန်ဖိုးတွေ ပေးဆပ်ခဲ့ရသလဲ သူမ မသိနိုင်ပါ။ ထို့ကြောင့် မျက်လွှာချရင်း ခေါင်းညိတ်သဘောတူလိုက်ပါသည်။

ထိုအခါမှ ကျန်းကျီမြောင်လည်း သက်ပြင်းချနိုင်ပြီး အခန်းထဲမှ ပြန်ထွက်လာနိုင်ပါသည်။ သမားတော်တွေက ဆေးညွှန်း ရေးသားပြီးပြီဖြစ်ကာ ဆေးဝါးတွေ စတင်ကျိုစပ်နေပြီဖြစ်သည်။ ထိုဆေးတွေကလည်း ဒဏ်ရာအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မည်။ အန္တရာယ်မရှိသဖြင့် ကျန်းကျီမြောင် ဘာမှဝင်ပြောစရာမလိုတော့ပါ။

ချန်ရှုယိ သတိပြန်လည်လာပြီဖြစ်ကြောင်း ကျန်းကျီမြောင် ကြေညာလိုက်သောအခါ အားလုံးစိတ်သက်သာရာရသွားခဲ့ကြသည်။ အထူးသဖြင့် အစိုးရိမ်ဆုံးဖြစ်နေခဲ့သည့် ကြင်ယာတော်အန်းလည်း ရုတ်တရက် စိတ်အေးသွားခဲ့သည်။

မိဖုရားကြီးက နတ်ဘုရားတစ်ပါး ပြန်ဝင်စားလာတာဖြစ်ပါသည်။ ဒီကိစ္စမှာ မိဖုရားကြီး ဝင်ရောက် ကူညီပေးခဲ့မှန်း သိသာသည်။ ရွှမ်းယွီအတွက် ဘာမှ စိတ်ပူစရာ မလိုအပ်တော့ပေ။

-

မင်းသားအန်းဟယ် စံအိမ်တွင်…

ယွဲ့ဟွာလည်း နောက်ဆုံးရသတင်းကို ရရှိခဲ့သည်။ ချန်ရှုယိ၏ဒဏ်ရာများက အလွန်ပြင်းထန်သည်။

ထိုကြိမ်ဒဏ် ၁၀ ချက်က ကျိန်းသေပေါက်စစ်မှန်ပြီး သက် ညှာခြင်း မရှိခဲ့လောက်ပါ။ ယွဲ့ဟွာ မျက်နှာမှောင်မိုက်သွားခဲ့သည်။ ယွဲ့လင်း ရက်စက်တာက ကိစ္စမရှိသော်လည်း ထိုရက်စက်မှုကို ချန်ရွှမ်းယွီ လိုလိုလားလား ခံယူခဲ့တာက တော့ ပြဿနာ ရှိသွားပါပြီ။

ယခု သူမ မယ်တော်ရဲ့ အဖျားရောဂါကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက်နဲ့ ကြိမ်ဒဏ် ၁၀ ချက်ကို ကြိတ်မှိတ်ခံယူခဲ့သည်။ လူတွေအများကြီး မျက်မြင်သက်သေရှိသဖြင့် သူတို့သေချာပေါက် တွေးမိကြလိမ့်မည်။။

အနောက်နန်းဆောင်အတွင်းမှ ကြင်ယာတော်တစ်ပါးက ငြိမ်းငြိမ်းချမ်းချမ်း သက်တောင့်သက်သာ နေနိုင်သည့်ဘဝကို စွန့်လွှတ်ပြီး မြို့တော်တရားစီရင်ရေးရုံးရှေ့မှာ တရားမျှတမှုကို လာရောက်တောင်းဆိုခဲ့သည်။ ထို့ကြောင့် နောက်ကွယ်မှာ သံသယဖြစ်စရာတွေ တကယ်ရှိနေလိမ့် မည်ဟု အားလုံးထင်နေကြလောက်ပါပြီ။

စုံစမ်းစစ်ဆေးသည့်အခါ သက်သေတစ်ခုခုကို ရှာတွေ့သွားခဲ့ပါက ချန်ကျင်းမင်၏ ကံကြမ္မာကတော့….

သူ့ဘေးမှ ကြော့ရှင်းလှပသည့် အမျိုးသမီးကို ယွဲ့ဟွာ လှည့်မေးလိုက်ပါသည်။

“စစ်ယောင် ပြဿနာမရှိနိုင်တာ သေချာရဲ့လား”

All Chapters